05/26/2026
Toronto မှာ ကလေးတစ်ယောက် Coyote အကိုက်ခံရပါတယ်။
ဒါဟာကြုံတောင့်ကြုံခဲ ဖြစ်စဉ်ပါ။
Toronto တစ်ဝိုက်မှာ Coyote တွေ၊ Fox တွေ ဟာ လူတွေနဲ့ ယှဉ်တွဲနေထိုင်ကြတာ ကြာပါပြီ။ သူ့စည်းနဲ့ သူနေကြတာပါ။
ဒီ နေရာမှာ စိတ်ဝင်စားစရာ ကောင်းတာက ကနေဒါသားတွေရဲ့ Comment တွေပါ။
ဖတ်ကြည့်ပါ။
တောရိုင်းတရိစ္ဆာန်ဟာ လူတွေကို သက်သက် ရန်မမူကြောင်း၊ Coyotes တွေ ကလေးမွေးတဲ့ ရာသီဖြစ်လို့ သူ့အသိုက်နား လာတဲ့ လူတွေကို သူတို့ကလေးတွေကို ကာကွယ်တဲ့ အနေနဲ့ ကိုက်တာသာဖြစ်နိုင်ကြောင်း၊
Coyote တွေဟာ ရုတ်တရက်ဆို ခွေးနဲ့ အသွင်တူတာကြောင့် ခွေးချစ်တဲ့ ကလေးတွေဟာ ၊ အိမ်မွေးခွေးနဲ့ အသွင်တူတာကြောင့် ရုတ်တရက် ပြေးသွားကိုင်ဖို့ ကြိုးစားတာကြောင့် ကိုက်တာဖြစ်နိုင်ကြောင်း စသည်ဖြင့် ရေးသားကြပါတယ်။
ဒီ comment တွေကို လိုက်ဖတ်ရင်း အတွေးတစ်ခု ဝင်မိပါတယ်။
ကျွန်တော်မွေးဖွား ကြီးပြင်းရာ မြန်မာပြည် ဒေသ တစ်နေရာမှာ ဒါမျိူးဖြစ်ခဲ့ရင် လူတွေ ဘာလုပ်ကြမှာလဲပေါ့။
ရပ်ကွက်ထဲက ကာလသားတွေစုပြီး Coyote တွေကို သွားရှာ သတ်ကြမှာလား?
လူကို ကိုက်တဲ့ တောခွေးဆိုပြီး သက်ဆိုင်သူတွေကို သွားရှင်းဖို့ ဖိအားပေးကြမှာလား ။
ဟိုတစ်လောက ဇာတိမြို့တူတဲ့ မိတ်ဆွေတစ်ဦးနဲ့ High Park ပန်းခြံမှာ တွေ့ရင်း ပြောဖြစ်မိပါတယ်။ ကနေဒါမှာသာ Canada Goose တွေ ပန်းခြံတွေမှာ လွပ်လပ်စွာ လမ်းသလား နေနိုင်ကြတာ၊ တို့များ မြန်မာပြည်မှာဆို ဟင်းအိုးထဲရောက်ကြပြီလို့။
လှည်းတန်းက လမ်းဘေးအကင်ဆိုင်မှာ ကနေဒါဘဲကင်ဆိုပြီး လုပ်ကြမှာလား ပေါ့….
ကျွန်တော်တို့ဘဲ မကောင်းမြင်စိတ် များတာလားတော့ မပြောတတ်ပါ။ အာဇာနည် ဗုဒ္ဓဘာသာ အမျိုးသား တိုင်းပြည်လို့ ငယ်ငယ်က သီချင်းကို အော်ဆိုခဲ့ပေမယ့်
နည်းနည်းတော့ လွဲနေသလားလို့ပါ…
ကျွန်တော့် မိတ်ဆွေက ပြောရှာပါတယ်။ အကုသိုလ်များလို့ နောက်ဘဝ “ ခွေး” ဖြစ်ရင်တောင် မြန်မာပြည်မှာတော့ ခွေး မဖြစ်ချင် ပါဘူးတဲ့…
လွတ်လပ်စွာ သဘောထား ကွဲလွဲနိုင်ကြပါတယ် ခင်ဗျ။
ဒီမိုကရေစီဆိုတာ မတူတဲ့ အမြင်တွေကို ရန်မထောင်ဘဲ နားထောင်ရခြင်းပါဘဲ။
A young child was bitten in the head by a coyote during an attack at Bruce Boyd Parkette in Markham on Sunday evening.
York Regional Police said the child, believed to be five or six years old, was taken to hospital with minor injuries after the 7:30 p.m. incident. Officers tried to track the coyote, but lost sight of it after it retreated into the woods.
Police say this is not the only recent coyote attack in the area. Last week, a 16-year-old girl was bitten near Mingay and Bur Oak avenues and was also taken to hospital with minor injuries.
The City of Markham says several coyote encounters have been reported around local parks and trails, with incidents concentrated near McCowan Road and 16th Avenue. Residents, pedestrians, and pet owners are being told to stay alert, keep distance from wildlife, and avoid feeding or approaching coyotes.