KhineZar The one who loves learning 📚 and sleeping 😴 — a mom, a wife, and a woman driven by purpose and passion through every chapter of life.

Subscribe to my latest updates:
https://khinezar.substack.com/

မနေ့ညက Google Developer Group APAC team နဲ့အကူအညီနဲ့  Data Tech ရဲ့ Build with AI MMDT event လေးစတင်ခဲ့ပါပြီ ဒီနေ့မှာလည်...
02/05/2026

မနေ့ညက Google Developer Group APAC team နဲ့အကူအညီနဲ့ Data Tech ရဲ့ Build with AI MMDT event လေးစတင်ခဲ့ပါပြီ ဒီနေ့မှာလည်း ပါဝင်တက်ရောက်သူများအတွက် Workshop Session ၂ခုရှိပါမယ် ကိုယ်တိုင် Organizer အဖြစ်ရော Trainer အဖြစ်ရောအားဖြည့်ပေးထားပါတယ်

MMDT ရဲ့ ပထမဦးဆုံး "Build with AI MMDT" event ကြီးကို မနေ့က အောင်အောင်မြင်မြင်နဲ့ စတင်နိုင်ခဲ့ပါတယ်။🎉

ဒီ event က သုံးရက်တာ online ကနေ ကျင်းပမယ့် event ဖြစ်ပါတယ်။

လျှောက်ထားသူ ၁၇၇ ဦးအထိ ရှိခဲ့ပြီး အဲ့ဒီအထဲကမှ လက်ရှိ ပြည်တွင်းမှာရှိနေတဲ့ လူငယ်တွေကို ဦးစားပေး ပီးရွေးချယ်ခဲ့ပါတယ်။ စုစုပေါင်း အယောက် ၇၀ ရွေးချယ်တဲ့ အထဲကမှ ပထမဆုံးနေ့မှာ ၆၂ ယောက် ပါဝင်တက်ရောက်ပေးခဲ့ကြပါတယ်။ Event ကို စိတ်ဝင်တစားနဲ့ တက်ရောက်လာပေးကြတဲ့ သူတွေကိုလည်း ကျေးဇူးတင်ပါတယ်။

ဒီနေ့ နဲ့ နောက်နေ့တွေမှာလည်း ပိုပြီး စိတ်လှုပ်ရှားစရာကောင်းတဲ့ လက်တွေ့လေ့ကျင့်ခန်းတွေ လုပ်ရဖို့ရှိတာမို့လို့ အားလုံးနဲ့ အတူတူပြန်ဆုံချင်ပါတယ်။ ဒီသုံးရက်တာလေးကို အတူတူတက်တက်ကြွကြွနဲ့ လေ့လာသင်ယူရင်းနဲ့ ရင်ခုန်စရာ AI project တွေ အတူတူ ဖန်တီးကြပါမယ်။

၅လပိုင်း ၁ ရက် ၂ ရက် ၃ ရက်မှာ Myanmar Data Tech နဲ့အတူ Build with AI event လေးကိုကူညီပေးသွားပေးပါမယ် Google ရဲ့ နည်းပညာတ...
26/04/2026

၅လပိုင်း ၁ ရက် ၂ ရက် ၃ ရက်မှာ Myanmar Data Tech နဲ့အတူ Build with AI event လေးကိုကူညီပေးသွားပေးပါမယ် Google ရဲ့ နည်းပညာတွေသုံးပြီးအတူတူ Workshop လေးအတူတူလုပ်ရအောင်ဖိတ်ခေါ်ချင်ပါတယ် 😍

MMDT Team က အသစ် subscriber လက်ခံကတာဒီနေ့နောက်ဆုံးပါနော် စိတ်ပါဝင်စားရင်လျောက်ထားလို့ရပါတယ်
15/04/2026

MMDT Team က အသစ် subscriber လက်ခံကတာဒီနေ့နောက်ဆုံးပါနော် စိတ်ပါဝင်စားရင်လျောက်ထားလို့ရပါတယ်

အားလုံးမင်္ဂလာပါ ခိုင်ဇာ့ဆီအမြဲတမ်း MMDT Community မှာ Subscriber ဘယ်လိုလုပ်ရမလဲဆိုတာမျိုးအမြဲလာမေးလေ့ရှိကြပါတယ်
MMDT Community က subscriber based community တစ်ခုဖြစ်ပြီးတစ်နှစ်ကို၂ခါcohort တွေဖွင့်ပေးပါတယ် ၄လပိုင်းနဲ့ ၁၀လပိုင်းမှာပါ ၂၀၂၆ရဲ့ ပထမတစ်ခေါက်cohort အတွက်က ၄လပိုင်း၁ ရက်နေ့ကတည်းကစဖွင့်ပေးထားပါတယ် ကိုယ်ကအသစ်အနေနဲ့ subscriberဖြစ်ချင်တယ်ဆိုရင် MMDT Website ကို သွားပြီး Subscriber Request Formကနေတစ်ဆင့် register လုပ်လို့ရပါတယ် Website link လည်း comment မှာထည့်ပေးထားပါတယ် registerလုပ်ပြီးတာနဲ့အီးမေးတစ်စောင်ဝင်မှာမို့ အဲ့ထဲမှာရေးထားတဲ့အချက်အလတ်တွေအတိုင်းဆက်လုပ်ပေးရင် member အဖြစ်ဝင်လို့ရမှာဖြစ်ပါတယ် အကယ်လို့အကြောင်းအမျိုးမျိုးကြောင့်အီးမေးမရောက်ခဲ့ရင်တစ်ရက်လောက်စောင့်ပေးပါနောက်နေ့မှာအီးမေးထပ်ဝင်လာမှာမို့ အဲ့တိုင်းဆက်လုပ်ပေးရင်ရပါတယ်

အရင်member အဟောင်းတွေကတော့community telegram မှာကြေငြားထားတဲ့ telegram bot လေးကနေတစ်ဆင့် ကိုယ်ကသက်တမ်းကုန်ခါနီးဆိုရင်သတ်တမ်းတိုးလို့ရပါတယ် တစ်ခုခုကြောင့်အဆင်မပြေဖြစ်ခဲ့တာမျိုးရှိရင် [email protected] ကိုပို့ပြီးစုံစမ်းနိုင်ပါတယ် လက်ရှိမှာ ၄လပိုင်း ၁၅ ရက်နေ့အထိပဲဖွင့်ပေးထားတာမျိုး စိတ်ဝင်စားတ​ယ်ဆို register လုပ်လို့ ရပါတယ်

MMDT မှာဘာတွေလုပ်လေ့ရှိလည်းဆိုတာကတော့ဒီကနေ ကြည့်လို့ရပါတယ် https://www.facebook.com/photo?fbid=1366269352213471&set=a.471911694982579

မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူးအခါသမယကနေ စတင်ပြီး အတာသင်္ကြန်ရေနှင့်အတူ အေးချမ်းပျော်ရွှင်ပြီး တစ်နှစ်တာလုံးစိတ်ချမ်းသာက...
14/04/2026

မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူးအခါသမယကနေ စတင်ပြီး အတာသင်္ကြန်ရေနှင့်အတူ
အေးချမ်းပျော်ရွှင်ပြီး တစ်နှစ်တာလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့
Women in AI - Myanmarအဖွဲ့သားများမှ နှစ်သစ်ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် 💛

မင်္ဂလာရှိသော မြန်မာ့နှစ်သစ်ကူးအခါသမယကနေ စတင်ပြီး အတာသင်္ကြန်ရေနှင့်အတူ
အေးချမ်းပျော်ရွှင်ပြီး တစ်နှစ်တာလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာပါစေလို့
Women in AI Myanmar အဖွဲ့သားများမှ နှစ်သစ်ဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်ရှင် 💛

အားလုံးမင်္ဂလာပါ ခိုင်ဇာ့ဆီအမြဲတမ်း MMDT Community မှာ Subscriber ဘယ်လိုလုပ်ရမလဲဆိုတာမျိုးအမြဲလာမေးလေ့ရှိကြပါတယ်MMDT Com...
04/04/2026

အားလုံးမင်္ဂလာပါ ခိုင်ဇာ့ဆီအမြဲတမ်း MMDT Community မှာ Subscriber ဘယ်လိုလုပ်ရမလဲဆိုတာမျိုးအမြဲလာမေးလေ့ရှိကြပါတယ်
MMDT Community က subscriber based community တစ်ခုဖြစ်ပြီးတစ်နှစ်ကို၂ခါcohort တွေဖွင့်ပေးပါတယ် ၄လပိုင်းနဲ့ ၁၀လပိုင်းမှာပါ ၂၀၂၆ရဲ့ ပထမတစ်ခေါက်cohort အတွက်က ၄လပိုင်း၁ ရက်နေ့ကတည်းကစဖွင့်ပေးထားပါတယ် ကိုယ်ကအသစ်အနေနဲ့ subscriberဖြစ်ချင်တယ်ဆိုရင် MMDT Website ကို သွားပြီး Subscriber Request Formကနေတစ်ဆင့် register လုပ်လို့ရပါတယ် Website link လည်း comment မှာထည့်ပေးထားပါတယ် registerလုပ်ပြီးတာနဲ့အီးမေးတစ်စောင်ဝင်မှာမို့ အဲ့ထဲမှာရေးထားတဲ့အချက်အလတ်တွေအတိုင်းဆက်လုပ်ပေးရင် member အဖြစ်ဝင်လို့ရမှာဖြစ်ပါတယ် အကယ်လို့အကြောင်းအမျိုးမျိုးကြောင့်အီးမေးမရောက်ခဲ့ရင်တစ်ရက်လောက်စောင့်ပေးပါနောက်နေ့မှာအီးမေးထပ်ဝင်လာမှာမို့ အဲ့တိုင်းဆက်လုပ်ပေးရင်ရပါတယ်

အရင်member အဟောင်းတွေကတော့community telegram မှာကြေငြားထားတဲ့ telegram bot လေးကနေတစ်ဆင့် ကိုယ်ကသက်တမ်းကုန်ခါနီးဆိုရင်သတ်တမ်းတိုးလို့ရပါတယ် တစ်ခုခုကြောင့်အဆင်မပြေဖြစ်ခဲ့တာမျိုးရှိရင် [email protected] ကိုပို့ပြီးစုံစမ်းနိုင်ပါတယ် လက်ရှိမှာ ၄လပိုင်း ၁၅ ရက်နေ့အထိပဲဖွင့်ပေးထားတာမျိုး စိတ်ဝင်စားတ​ယ်ဆို register လုပ်လို့ ရပါတယ်

MMDT မှာဘာတွေလုပ်လေ့ရှိလည်းဆိုတာကတော့ဒီကနေ ကြည့်လို့ရပါတယ် https://www.facebook.com/photo?fbid=1366269352213471&set=a.471911694982579

လာမဲ့ လေးလပိုင်း ၁၆ ရက်နေ့မှာ Mercari က ခိုင်ဇာတို့ team နဲ့  JMUG - Jamf Macadmin User Group တို့ ပူးပေါင်းပြီး Mercari...
30/03/2026

လာမဲ့ လေးလပိုင်း ၁၆ ရက်နေ့မှာ Mercari က ခိုင်ဇာတို့ team နဲ့ JMUG - Jamf Macadmin User Group တို့ ပူးပေါင်းပြီး Mercari Inc ရုံးချုပ်မှာပဲ meet up လေးတစ်ခုလုပ်ဖို့ ရှိပါတယ် အဓိကကတော့ဆွေးနွေးမဲ့အကြောင်းအရာတွေကတော့ ဂျပန်လိုပဲလုပ်မှာဖြစ်ပြီးGuest အနေနဲ့ Workbrew ကုမ္ပဏီကပါတာမို့ တစ်ချို့ session ကတော့ အင်္ဂလိပ်လိုဖြစ်ပါမယ် in person event မို့လို လူဉီးရေလည်းကန့်သတ်ချက်ရှိပြီး registeration ကြိုလုပ်ထားဖို့လည်းလိုပါမယ်
စိတ်ပါဝင်စားသူတွေက comment မှာပေးထားတဲ့ link ကနေ လျောက်ထားလို့ရပါတယ် ပွဲနေ့မှာခိုင်ဇာလည်းရှိမှာဖြစ်သလို IT Team ကလူတွေလည်းရှိမှာမို့ Mercari ရဲ့ Security Division နဲ့ IT Division လူတွေနဲ့တိုက်ရိုက်တွေ့ပြီးလက်ရှိအလုပ်လုပ်ကိုင်နေတာတွေကိုမေးမြန်းလို့ရသလို လက်ရှိ ဖွင့်ထားတဲ့ Opening Position တွေနဲ့ပတ်သက်ပြီးလည်းမေးလို့ရတာမို့ စိတ်ပါဝင်စားရင်တက်ရောက်ဖို့ဖိတ်ခေါ်ပါတယ်

ဒီအပတ်မှာတော့ Women in AI Myanmar မှာ မပိုးပိုးမြင့်ဆွေရဲ့ vibe coding workshop လေးရှိပါမယ်
20/03/2026

ဒီအပတ်မှာတော့ Women in AI Myanmar မှာ မပိုးပိုးမြင့်ဆွေရဲ့ vibe coding workshop လေးရှိပါမယ်

WAI Myanmar မှ နည်းပညာကို စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်သည့်
“Vibe Coding Workshop” ကို
မကြာမီ ကျင်းပပြုလုပ်​တော့မှာ ဖြစ်ပါတယ်။

အဆိုပါ Workshop တွင် ဦးဆောင်ဆွေးနွေးပေး
သွားမည့်သူမှာ Ma Poe Poe Myint Swe ဖြစ်ပါတယ်။ Ma Poe သည် nyantrace.ai ၏ Founder တစ်ဦးဖြစ်ပြီး လက်ရှိတွင် New York University (NYU) တွင် Management of Technology မဟာဘွဲ့ကို တက်ရောက်နေသူဖြစ်ပါတယ်။ ဒါ့အပြင် NYU တွင် Teaching Assistant (TA) အဖြစ်လည်း တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။

Ma Poe သည် Tech Lead အဖြစ် အတွေ့အကြုံရှိသည့်အပြင် AI Agent Governance နယ်ပယ်တွင် စွန့်ဦးတီထွင်သူတစ်ဦးလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Agentic Systems နှင့် AI Use Cases များကို လက်တွေ့ကျကျ စမ်းသပ်အသုံးချနေသော
နည်းပညာကျွမ်းကျင်သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒါ့ကြောင့် Vibe Coding နှင့် ပတ်သက်၍ စိတ်ဝင်စားသူ မည်သူမဆို တက်ရောက်လေ့လာနိုင်ပါသည်။

ဤ Workshop သို့ တက်ရောက်ရန်အတွက်
မည်သည့်အခကြေးငွေမျှ ပေးသွင်းရန် မလိုပါရှင်။

📅 Date : 24 March, 2026(Tuesday)
⏰️ Time : 8:00 pm ( MMT)
📍 Platform : Zoom

တက်​ရောက်လိုသူများ​သည် ​အောက်ပါ link မှ
တစ်ဆင့် စာရင်းသွင်းကာ တက်​ရောက်နိုင်ပါသည်။

🔗 https://forms.gle/ytFqCuSqersMbGyv8

Note : WAI Myanmar content များကို အခြား social media platform များတွင် ခွင့်ပြုချက်မရဘဲ ကူးယူ ဖော်ပြခွင့်မရှိပါရှင်။

Women in AI - Myanmar 🇲🇲 Welcome to our new Ambassador, and congratulations! 🎉🎊🍾 We’re excited to see the new activities...
13/03/2026

Women in AI - Myanmar 🇲🇲 Welcome to our new Ambassador, and congratulations! 🎉🎊🍾 We’re excited to see the new activities ahead.

International Women day !!!!!!
08/03/2026

International Women day !!!!!!

Happy International Women's Day 2026!🥳

WAI Myanmar ဟာ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ နိုင်ငံပေါင်း (၁၅၀) ကျော်မှာ နည်းပညာနယ်ပယ်က အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးနေတဲ့ Women in AI (WAI) Global Community ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ 🌍🤝

WAI Myanmar သည် အမျိုးသမီးများဦးဆောင်ပြီး နည်းပညာဗဟုသုတ​များကို လူတိုင်းဆီသို့​ရောက်​အောင် မျှ​ဝေ​ပေးလျက်ရှိ​သော အဖွဲ့အစည်းဖြစ်ပါတယ်။ နည်းပညာနယ်ပယ်မှာ အမျိုးသမီး​တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ရင်း၊ တစ်ဖက်ကလည်း အားလုံးအတွက်လိုအပ်တဲ့ နည်းပညာ အသိအမြင် ​တွေကို စဥ်ဆက်မပြတ် မျှ​ဝေ​ပေးသွားမှာ ဖြစ်ပါတယ်။

ဒီနှစ် International Women's Day ရဲ့ ဆိုတဲ့ theme အတိုင်း WAI team ဆီက မျှ​ဝေမှု (Give) တိုင်းဟာ လူတိုင်းအတွက် တိုးတက်မှု အခွင့်အလမ်း ​(Gain) တွေဖြစ်လာ​စေဖို့ ဆု​တောင်းလိုက်ပါတယ်။

ဒါ​ကြောင့်မို့လို့ ဒီနှစ်မှာတော့ WAI Myanmar Team က တစ်နှစ်ပတ်လုံးမှာ ပြန်လည်မျှဝေခြင်းဖြင့် ပါဝင်ဖြည့်တင်းပေးသွားပါမယ်ရှင် ပထမဆုံး လက်​ဆောင်တစ်ခုအ​နေနဲ့ပြန်လည်မျှ​ဝေ​ပေးချင်တာက​တော့ နည်းပညာနောက်ခံရှိသူဖြစ်စေမရှိသူဖြစ်စေ မည်သူမဆိုပါဝင်လေ့လာနိုင်မဲ့ “Vibe Coding Workshop” တစ်ခုပြုလုပ်သွားဖို့ရှိပါတယ် registration အတွက် အသေးစိတ်ကို ဆက်လက်​စောင့်ကြည့်​ပေးဖို့ ဖိတ်​ခေါ်ပါတယ်ရှင်။

ပြီးခဲ့တဲ့စနေနေ့က  Tokyo မှာ "Mid Career Job Hunting in Japan [IT engineer]" ခေါင်းစဉ်နဲ့ မြန်မာလူငယ်တွေအတွက် အတွေ့အကြုံ...
04/03/2026

ပြီးခဲ့တဲ့စနေနေ့က Tokyo မှာ "Mid Career Job Hunting in Japan [IT engineer]" ခေါင်းစဉ်နဲ့ မြန်မာလူငယ်တွေအတွက် အတွေ့အကြုံများ ဝေမျှခွင့်ရခဲ့ပါတယ်။ 🇯🇵

တက်ရောက်လာကြတဲ့သူတွေအချင်းချင်း အတွေ့အကြုံတွေ ဖလှယ်ခွင့်ရတဲ့အတွက်ရော၊ ဗဟုသုတတွေ ဝေမျှခွင့်ရတဲ့အတွက်ပါ တကယ့်ကို အကျိုးရှိတဲ့ ပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။ စီစဉ်ပေးသူများနှင့် တက်ရောက်သူအားလုံးကို ကျေးဇူးတင်ပါတယ်။

Presentation Slide တွေကို comment မှာလင့်လေးထည့်ပေးထားပါတယ်

ဒီနှစ် international women day ရဲ့ theme ကတော့  rights, justice and action for all women and girls လို့ရှာကြည့်တဲ့အခါတွေ...
27/02/2026

ဒီနှစ် international women day ရဲ့ theme ကတော့ rights, justice and action for all women and girls လို့ရှာကြည့်တဲ့အခါတွေ့ရပါတယ်နှစ်တိုင်းလည်း international women day အတွက် WAI Myanmar Team နဲ့ MMDT တို့ အစီအစဉ်လေးတွေလုပ်ပေးဖြစ်ပါတယ် ဒီနှစ်အတွက်တော့ထူးထူးခြားခြားအနေနဲ့ တီချယ်မျိုးနဲ့တိုင်ပင်ပြီး ပြိုင်ပွဲလေးလုပ်ပေးဖြစ်ပါတယ် အရမ်းကြီးမခက်တဲ့ပြိုင်ပွဲမို့ စိတ်ပါဝင်စားသူတွေက ဒီကနေကြည့်လို့ရပါတယ်

https://www.facebook.com/share/p/1CLVdTTu1N/?mibextid=wwXIfr

ဆုရရှိတဲ့သူတွေကို MMDT website မှာ ဂုဏ်ပြုဖော်ပြပေးမှာဖြစ်ပြီး အပိုဆုအနေနဲ့လည်း တစ်နာရီစာ mentorship session လေးလည်းရရှိမှာဖြစ်ပါတယ် ဒီပြိုင်ပွဲရဲ့ ထူးခြားချက်ကတော့.. ပြိုင်ပွဲ၀င် ပိုစတာ (တစ်ခုလျှင် တစ်သောင်းနှုန်းနဲ့ ) အရေအတွက်နဲ့ ညီမျှတဲ့ မြန်မာငွေပမာဏကို ဆရာမ မျိုးသီတာက စိုက်ထုတ်ပြီး မြန်မာနိုင်ငံက ကလေးလူငယ်တွေကို ပြန်လည် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

ပြိုင်ပွဲ၀င် poster ၁၀၀ ပြည့်ခဲ့မယ်ဆိုရင် မြန်မာငွေ ၁၀ သိန်း +​နောက်ထပ် ၅ သိန်း — စုစုပေါင်း ၁၅ သိန်းကို လိုအပ်နေတဲ့ နေရာက ကလေးသူငယ်တွေကို ထမင်းကျွေး ကုသိုလ်ယူသွားမှာဖြစ်လို့ စိတ်ပါဝင်စားသူများအချိန်မှီလျောက်ထားနိုင်ဖို့ဝေမျှပေးလိုက်ရပါတယ်

住所

Adachi-ku, Tokyo

アラート

KhineZarがニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

共有する