Custom-Built House -注文住宅

Custom-Built House -注文住宅 We would mainly share knowledge about some custom-built housing in Japan by Japanese and Foreign Architects.

And we also would like to contribute some living style in Japan for Foreign Workers especially Myanmar.

Hokkaido အပေါ်က Russia ပိုင်နက်ကျွန်း နားမှာ ငလျင် Magnitude 8 (震度2)လှုပ်သွားလို့ ပစိဖိတ်သမုဒ္ဓရာဘက် ဂျပန်ကမ်းခြေတလျှောက...
30/07/2025

Hokkaido အပေါ်က Russia ပိုင်နက်ကျွန်း နားမှာ ငလျင် Magnitude 8 (震度2)လှုပ်သွားလို့ ပစိဖိတ်သမုဒ္ဓရာဘက် ဂျပန်ကမ်းခြေတလျှောက် ဆူနာမီ သတိပေးချက် ထုတ်ထားပါတယ်။

အားလုံးသတိထားလို့ရအောင်ပါ

ဂျပန်မှာလည်း မြေကွက်ပိုင်ရမယ်ပိုက်ဆံလည်း အများကြီးမကုန်ချင်ဘူးကားလမ်းဘေးလည်းဖြစ်ရမယ်ပတ်ဝန်းကျင်ကလည်း စိမ်းစိုနေရမယ်သင့်အ...
21/07/2025

ဂျပန်မှာလည်း မြေကွက်ပိုင်ရမယ်
ပိုက်ဆံလည်း အများကြီးမကုန်ချင်ဘူး
ကားလမ်းဘေးလည်းဖြစ်ရမယ်
ပတ်ဝန်းကျင်ကလည်း စိမ်းစိုနေရမယ်

သင့်အတွက် ဒီမြေကွက်လေးလာပါပြီ
ယန်း ၁၇၅သောင်း၇၀၀၀တည်းပါ(မြန်မာငွေ သိန်း၅၃၀)

🫠🫠🫠🫠

ဂျပန်နိုင်ငံရဲ့ သစ်သားအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ပစ္စည်း tools ( 道具)လေးတွေပါ။အပိုင်း (၁)ပုံတခုချင်းစီ ထေ...
05/07/2025

ဂျပန်နိုင်ငံရဲ့ သစ်သားအိမ်ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အသုံးပြုတဲ့ ပစ္စည်း tools ( 道具)လေးတွေပါ။

အပိုင်း (၁)

ပုံတခုချင်းစီ ထောက်ဖတ်ပေးပါဗျ။

ဂျပန်နိုင်ငံရဲ့ဆောက်လုပ်ရေးလုပ်ငန်းခွင်နဲ့ ပတ်သက်တဲ့ ဗဟုသုတများကို ဝေမျှပေးမှာမလို့ like & follow လေး လုပ်ထားလို့ရပါတယ်ဗျ။

木造သစ်သားအိမ်က ကြောက်တဲ့ ခြ(シロアリ)✅သစ်သားအိမ်ဆိုတော့ ခြမစားဘူးလား?ဂျပန်နိုင်ငံဟာ 湿気လို့ခေါ်တဲ့ စိုထိုင်းစမြင့်မားတာကြောင့်...
28/06/2025

木造သစ်သားအိမ်က ကြောက်တဲ့ ခြ(シロアリ)

✅သစ်သားအိမ်ဆိုတော့ ခြမစားဘူးလား?

ဂျပန်နိုင်ငံဟာ 湿気လို့ခေါ်တဲ့ စိုထိုင်းစမြင့်မားတာကြောင့် ခြတွေ အသက်ကောင်းကောင်းရှင်သန်နိုင်ပါတယ်။ ထို့အတွက် 木造သစ်သားအိမ်တွေမှာ ခြမတက်နိုင်အောင် အမျိုးအမျိုးကာကွယ်ကြပါတယ်။

✅ခြမစားနိုင်အောင် 木造သစ်သားအိမ်မှာ ဘာတွေလုပ်ကြလဲ?

防蟻液体(シロアリကြောက်က်တဲ့အရည်ကို) ၃နေရာမှာဖြန်းပါတယ်။

၁) 基礎 Foundations ရဲ့အောက်မှာ 砕石လို့ခေါ်တဲ့ ကျောက်စရစ်အမာတွေ ခင်းရပါတယ်။ အဲ့ကျောက်ကစရစ်ကို シロアリကြောက်တဲ့ 防蟻(ぼうぎ)လို့ အရည်ကိုဖြန်းပါတယ်။ဖြန်းပြီးနောက် 防湿シートလို့ခေါ်တဲ့ မြေကြီးထဲကနေ စိုထိုင်းစတွေ တက်မလာအောင် ပလတ်စတစ်အရွက်ကို ခင်းပါတယ်။မြေကြီးထဲကနေ シロアリခြတွေ အပေါ်တက်မလာအောင်ပါ။

၂) 土台(どだい) လို့ခေါ်တဲ့ အိမ်ရဲ့ အောက်ခြေတိုင်တွေကို 防蟻အရည်ဖြန်းပါတယ်။ မြေကြီးထဲကနေ ခြတွေတက်လာရင်တောင် အိမ်တအိမ်ရဲ့ အရေးကြီးဆုံးအောက်ခြေတိုင်တွေကို ခြမစားသွားအောင်ပါ။

၃) အိမ်ရဲ့ထောက်တိုင်ဖြစ်တဲ့ column တိုင်တွေကို မြေကြီးကနေ 1mမီတာအမြင့်ထိ 防蟻အရည်ကိုဖြန်းပါတယ်။ အိမ်ထဲထိခြရောက်လာခဲ့ရင်တောင် အပေါ်ကိုမကုူးသွားအောင်ပါ။

✅シロアリ保証က ဘယ်နှစ်နှစ်ရလဲ?

ဂျပန်နိုင်ငံက ၁၉၇၁ နောက်ပိုင်းဆောက်တဲ့ 木造သစ်သားအိမ်တိုင်းမှာ မဖြစ်မနေပြုလုပ်ဖို့ 建築基準法ဆိုတဲ့ rule တခုပြဌာန်းလာပါတယ်။ ပုံမှန်အားဖြင့် 防蟻အရည်ရဲ့သက်တမ်းက ၅နှစ်ကျော်ခံတာကြောင့် ၅နှစ်တခါ 防蟻အရည်ကို ဖြန်းရတယ်လို့ ဆိုပါတယ်။ ဆောက်လုပ်ပြီးတဲ့ အိမ်တွေမှာတော့ column တိုင်တွေကို မမြင်နိုင်တော့တာကြောင့် အိမ်အောက်ကိုဝင်ပြီး 土台beam တွေကို ဖြန်းခြင်းဖြင့် အိမ်သက်တမ်းရှည်အောင်လုပ်ကြပါတယ်။ တချို့ maker တွေမှာတော့ ၁၀-၁၅-၂၀ နှစ်ထိပေးတဲ့ シロアリ保証 insurance တွေရှိကြပါတယ်။

🪏🪏🪏အဆုံးထိ ဖတ်ရှုပေးလို့ ကျေးဇူးတင်ပါတယ်။ ဂျပန်နိုင်ငံရဲ့ သစ်သားလုံးချင်းအိမ်နဲ့ ပတ်သက်တဲ့ ဗဟုသုတတွေ ဖော်ပြပေးဦးမှာမလို့ like & share လုပ်ထားလို့ရပါတယ်ဗျ🪏🪏🪏

木造住宅 ဂျပန်နိုင်ငံက သစ်သားအိမ်ဆိုတာ木造住宅ဂျပန်နိုင်ငံက သစ်သားအိမ်ဆိုတာ မြန်မာမှာလို သစ်သားတိုင်တွေကို မြေကြီးထဲစိုက်ပြီး သစ...
24/06/2025

木造住宅 ဂျပန်နိုင်ငံက သစ်သားအိမ်ဆိုတာ

木造住宅ဂျပန်နိုင်ငံက သစ်သားအိမ်ဆိုတာ မြန်မာမှာလို သစ်သားတိုင်တွေကို မြေကြီးထဲစိုက်ပြီး သစ်သားချည်းပဲ ဆောက်ကြတာလားဆိုပြီး လာမေးကြလေ့ရှိပါတယ်။

အဓိကအားဖြင့် ဂျပန်နိုင်ငံက 木造သစ်သားအိမ်တွေမှာ အပိုင်း(၃)ပိုင်း ခွဲနိုင်ပါတယ်။
၁) 基礎 (きそ)Foundations
၂) 内装 (ないそう)Interior
၃) 外装 (がいそう)Exterior ဆိုပြီးပါ။

၁) 基礎 Foundations
ငလျင်များတဲ့ တိုင်းပြည်ဖြစ်တဲ့အတွက် 基礎ကို RC concrete နဲ့ လူနေအိမ်တခုအတွက် လိုအပ်တဲ့ 地盤反力မြေဆီလွှာပင့်အား(30kN) ရတဲ့နေရာမှာ(သို့) 30kN ရအောင် pile construction လုပ်ငန်းကို ဆောင်ရွက်ပြီး အပေါ်က သစ်သားအိမ်ကို ဆောက်လုပ်ရပါတယ်။ များသောအားဖြင့် Foundation အမြင့်ကို မြေလွှာကနေ 400m ဝန်းကျင်ဖြင့်ထားရှိပြီး ထိုသို့ အမြင့်တခုထားရှိခြင်းအားဖြင့် သဘာဝဘေးအန္တရာယ်ဖြစ်တဲ့ မိုးများပြီးရေကြီးရေလျှံခြင်းမှ အထိုက်အလျောက် ကာကွယ်ပေးခြင်း၊ ပတ်ဝန်းကျင်မှ ဖုန်အစရှိတဲ့ အမှိုက်သရိုက်များ အိမ်တွင်းသို့ ဝင်ရောက်မှုကို အတော်အသင့်တားဆီးပေးခြင်း၊ Foundations အတွင်းပိုင်းတွင် M&E ပိုက်လိုင်းများကို ထည့်သွင်းနိုင်ခြင်းဖြင့် maintenance အပိုင်းမှာ လွယ်ကူစေခြင်းစတဲ့ အကျိုးကျေးဇူးများရရှိနိုင်မှာ ဖြစ်ပါတယ်။

၂) 内装 Interior
Interior အပိုင်းမှာတော့ အလွန်အမင်း ပူပြင်း/ အေးမြတဲ့တိုင်းပြည်ဖြစ်တဲ့အတွက် heat insulation အပိုင်းကို အဓိက လုပ်ဆောင်ကြပါတယ်။ အသုံးပြုတဲ့ ပစ္စည်း အရည်အသွေးပေါ်မူတည်ပြီး insulation level တွေ ကွာခြားသွားပါတယ်။ အဲ့တာပြီးမှာပေါ့ အပေါ်က Plasterboard များနှင့် အတွင်းနံရံများကို ကပ်ကာ မီးဘေးကူးဆက်ခြင်းမှ အချိန်အပိုင်းအခြားတခု ကြာရှည်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

၃) 外装 Exterior
အပြင်ပိုင်းမှာတော့ 木造သစ်သားအိမ်ဖြစ်တဲ့အတွက် ရေနဲ့ထိတွေ့လို့မရတဲ့အတွက် waterproofing စနစ်ကို အဓိက လုပ်ဆောင်ရပါတယ်။ သစ်သားတိုင်များကို 透湿防水シートလို့ခေါ်တဲ့ ရေစိုခံတဲ့ ပလတ်စတစ်ရွက်ကို ကပ်ပြီး အပေါ်မှာ မီးဘေးဒဏ်ကို အချိန်တခုထိ ခံနိုင်တဲ့ 外装材 Exterior Wall တွေကို ကပ်ရပါတယ်။

———————-

အထက်မှာဖော်ပြထားခဲ့တာတော့ ဂျပန်နိုင်ငံရဲ့ လုံးချင်းသစ်သားအိမ်များရဲ့ အခြေခံတည်ဆောက်ပုံတွေပါ။ နောက်လည်း သစ်သားအိမ်များနဲ့ ပတ်သက်တဲ့ ဗဟုစုတရဖွယ်များကို ဖော်ပြပေးမှာဖြစ်လို့ like & follow လုပ်ထားလို့ရပါတယ်ဗျ



#木造住宅

ဂျပန်နိုင်ငံရဲ့ site engineer (施工管理)ဆိုတာ ?Site engineer (施工管理)တယောက်ဆိုတာ အဓိကအားဖြင့် အလုပ်(၅)မျိုးကို အဓိက လုပ်ဆောင်ရ...
20/06/2025

ဂျပန်နိုင်ငံရဲ့ site engineer (施工管理)ဆိုတာ ?

Site engineer (施工管理)တယောက်ဆိုတာ အဓိကအားဖြင့် အလုပ်(၅)မျိုးကို အဓိက လုပ်ဆောင်ရတယ်လို့ မှတ်သားနိုင်ပါတယ်။ Alphabet နဲ့ဆို QCDSE လို့ မှတ်နိုင်ပါတယ်။

၁) Q = Quality、品質管理(ひんしつかんり)
Quality Control, QC ဆိုတာ စက်ရုံကထုတ်တဲ့ပစ္စည်းတင်မဟုတ်ပဲ မိမိတို့ site မှာ ပြီးသွားတဲ့ process တခုချင်းစီကို သတ်မှတ်ထားတော့ အရည်အသွေးပြည့်မှီလား designer drawings နဲ့ ကိုက်ညီနေရဲ့လားဆိုတာ အမြဲစစ်ဆေးပေးနေရပါတယ်။

၂) C = Cost、 原価管理(げんかかんり)
原価管理ဆိုတာကတော့ project တခုမစခင် သတ်မှတ်ထားတဲ့ ငွေပမာဏတခုရှိပြီး အဲ့ငွေပမာထဲကအတိုင်း sub-contractors တွေဆီကို ငွေပေးချေမှုပမာဏ၊ project ရဲ့ အခြေအနေအရ ပိုကုန်ကျတဲ့ငွေပမာဏကို သိရလျင်(追加金額)ကိုစောလျင်စွာ 発注လုပ်နိုင်ဖို့ဆိုတဲ့ process တခုပဲဖြစ်ပါတယ်။

၃) D = Delivery、 工程管理(こうていかんり)
Project တခုမစခင်မှာ process တခုချင်းစီက ဘယ်လောက်ကြာနိုင်မလဲ၊ process တခုပြီးတာနဲ့ နောက် process က ဘယ်ချိန်ဝင်နိုင်မလဲ အစရှိတဲ့ schedule များကို sub-contractors များနဲ့ ညှိနှိုင်းပြီး 工程ဆိုတဲ့ Delivery Date ကိုသတ်မှတ်ရပါတယ်။ ထို့အတူ project စ run တဲ့အချိန်မှာလည်း သတ်မှတ်ထားတဲ့ ကာလအတွင်း ပြီးစီးနေမှု ရာသီဥတုပရောဂကြောင့် project က နှောင့်နေးနေပါကလည်း customer နဲ့ ညှိနှိုင်းဆောင်ရွက်မှုကို လုပ်ရပါတယ်။

၄) S = Safety、 安全管理(あんぜんかんり)
Site Engineer တယောက်ရဲ့ တာဝန်ထဲမှာ အရေးကြီးဆုံး လုပ်ဆောင်မှုတခုဖြစ်ပါတယ်။ ဘယ်လောက်ပဲ 工程管理အစရှိတဲ့နေရာမှာ ထူးချွန်နေပါတယ် safety ပိုင်းမှာ အားနည်းရင် site engineer ဆိုပြီး သတ်မှတ်လို့မရဘူးဆိုပြီး အထက်လူကြီးများထံမှ မှတ်သားဖူးပါတယ်။ project အတွင်းမှာ လှုပ်ရှားနေကြတဲ့ labor များ အန္တရာယ်ကင်းဖို့အပြင် ပတ်ဝန်းကျင်မှာ နေထိုင်နေကြတဲ့ သူများအတွက်လည်း ဘေးကင်းစေဖို့ စဉ်းစားပေးရပါတယ်။

၅) E = Environment、環境管理(かんきょうかんり)
ဒါက နောက်ပိုင်းနှစ်တွေမှာ ဂျပန်ဆောက်လုပ်ရေးကုမ္ပဏီများ အားစိုက်လုပ်ဆောင်လာကြတဲ့ အပိုငိးတခုဖြစ်ပါတယ်။ project တခုကြောင့် ဘေးပတ်ဝန်းကျင်ကို ထိခိုက်စေနိုင်မယ့် ဆူညံသံများ၊ ဘေးပတ်ဝန်းကျင်ကို တုန်ခါစေမှုများ၊ ရေဆိုးများ၊ လေထုညစ်ညမ်းစေမှုများကို တတ်နိုင်သလောက်လျှော့ချစေနိုင်ဖို့ကို စိမံခန့်ခွဲပေးရပါတယ်။

ဒါကတော့ ကျနော့် အတွေ့အကြုံနဲ့ ဖတ်ထားတဲ့စာတွေထဲက ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်။ မိတ်ဆွေတို့ရဲ့ သတိတရဖြစ်ရပ်များရှိလျင်လည်း မျှဝေပေးကြပါဦး။

နောက်လည်း ဂျပန်နိုင်ငံရဲ့ ဆောက်လုပ်ရေးလုပ်ငန်းနဲ့ ပတ်သက်ပြိး တင်ဆက်ပေးမှာဖြစ်လို့ page ကို like & follow လုပ်ထားလို့ရပါတယ်ဗျ။


#施工管理

ဂျပန်မှာ ပစ္စည်းပျောက်တိုင်း ပြန်ရသတဲ့လားဂျပန်မလာခင်က ဂျပန်နိုင်ငံဆိုတာ ပိုက်ဆံအိတ်ပျောက်ရင်တောင် ပိုက်ဆံအပြည့်နဲ့ ရဲစခန...
18/06/2025

ဂျပန်မှာ ပစ္စည်းပျောက်တိုင်း ပြန်ရသတဲ့လား

ဂျပန်မလာခင်က ဂျပန်နိုင်ငံဆိုတာ ပိုက်ဆံအိတ်ပျောက်ရင်တောင် ပိုက်ဆံအပြည့်နဲ့ ရဲစခန်းမှာ သွားထုတ်ရင် ပြန်ရတတ်တယ် ဘာညာနဲ့ အွန်လိုင်းက စာတွေဖတ်ပြီး ဒီတိုင်းပြည်၊ ဒီလိုမျိုးတွေ ကောင်းလိုက်တာဆိုပြိး အထင်ကြီးမိတာပေါ့။ မိမိကိုယ်တိုင်လည်း စက်ဘီးကို သော့မခတ်ပဲ ထားခဲ့မိတာ ဘယ်နှစ်ခါမှန်းမသိကို စက်ဘီးက မပျောက်တော့ အရမ်းအထင်ကြီးတာပေါ့။

ဟိုတလောကတင် site ထဲမှာ ပစ္စည်းပျောက်တာတွေ များလို့ ダミーカメラ(CCTV ကင်မရာ ပုံစံတူ) ကိုတပ်တယ်လို့ တင်မိရုံရှိပါသေးတယ်။ ဒီနေ့ ကိုယ့် site ထဲမှာရှိတဲ့ heat pump ၄လုံးအခိုးခံလိုက်ရပါတော့တယ်။ ကိုယ့် site မတိုင်ခင်က အလုံး၁၀၀နီးပါး အခိုးခံရတော့ အဲ့ကတည်းက မမိတဲ့ သူခိုးက ပိုအရဲတင်းလာပြီး site တိုင်းပတ် လက်သရမ်းတော့တာပေါ့။

သူခိုးခိုးခံရမှန်း စစချင်းသိတဲ့အချိန် အရင်ဆုံးရဲကို အကြောင်းကြားပြီး 被害届(ရာဇဝတ်မှုခံရကြောင်းတိုင်ကြားလွှာ) ကိုအရင်ထပ်ရတာပေါ့။ ကိုယ်က ကာယကံရှင်ဖြစ်ကြောင်း ရဲစခန်းကို ဖုန်းဆက်တော့ ချက်ချင်း ကိုရွှေရဲသားကြီးတွေ ရောက်ချလာပါတယ်။

ဖြစ်စဉ်ကို အသေးစိတ်မေးပြီး ဘယ်နေ့နောက်ဆုံး တပ်ထားတာတွေ့ခဲ့လဲ၊ နောက်ဆုံးမြင်တာ ဘယ်သူလဲ ဘာညာပေါ့။ ဇာတ်ကားထဲ မြင်ဖူးတဲ့ အတိုင်းပေါ့။ အဲ့တာတွေပြီး ကိုယ့်မှာ သူခိုးခိုးခံရတော့ ဘေးပတ်ဝန်းကျင်မှာ ရှိတဲ့ အိမ်တွေကို မေးပြီး CCTV တပ်ထားလား၊ တပ်ထားရင် အဲ့ CCTV record ကြည့်လို့ရမလား၊ site ထံမှာ မင်္သကာစရာလူစိမ်းမြင်မိလား မေးမယ်ထင်နေတာ ၊ ကိုရွှေရဲသားကြီးတွေခမျာ ပေကြိုးတွေထုတ် site အကျယ်အဝန်း လမ်းအကျယ်ကို အကျအနတိုင်းကြတာဗျာ။ အော် သူခိုးက အဲ့တာတွေများတွက်ပြီး ဝင်လာပါ့မလားလို့ စိတ်ထဲတွေးမိသေး၊ ဘေးပတ်ဝန်းကျင်တော့ သူတို့ပြီးရင် မေးမှာပဲလေဆိုပြီး တွေးမိတာပေါ့။ ပေကြိုးနဲ့တိုင်းပြီး ဓာတ်ပုံ တဖြတ်ဖြတ်ရိုက်ပြီးတဲ့နောက်မှာတော့ ဆိုင်ကယ်လေးခွစီးပြီး ကိုရွှေရဲသားကြီးတို့မှာ ချွေးလေးတသုတ်သုတ်နဲ့ ပြန်သွားပါလေရော။

အော်…..ဘာမဆ်ိုစာအုပ်ကြီးအတိုင်းလုပ်ရင် တာဝန်ကျေပြီထင်တဲ့ ဒင်းတို့ကြောင့် အလုံး၁၀၀လောက်အခိုးခံရတာတောင် ခုထိ စောင်သူခိုးက မမိသေးတာလို့ပဲ စိတ်ထဲက ရေရွတ်မိပါတော့တယ်။




တယ်။

防犯ダミーカメラဆိုတာဒီနေ့ရုံးကလုပ်တဲ့ site တွေမှာ ပစ္စည်းတွေ အခိုးခံနေရလို့တဲ့ site တွေမှာ CCTV ကင်မရာ(防犯カメラ) တပိရမယ်ဆိုတဲ့။ ဒီ...
12/06/2025

防犯ダミーカメラဆိုတာ

ဒီနေ့ရုံးကလုပ်တဲ့ site တွေမှာ ပစ္စည်းတွေ အခိုးခံနေရလို့တဲ့ site တွေမှာ CCTV ကင်မရာ(防犯カメラ) တပိရမယ်ဆိုတဲ့။ ဒီက လူလည်ကြီးကလည်း CCTV ဆိုတော့ အမြဲစောင့်ကြည့်နေမှာ၊ ငါတို့ဘာသာပဲ တပ်ရမှာဆိုတော့ တကယ်ကောလုပ်လို့ရပါ့မလားဆိုပြီး စိတ်တွေပူနေတာပေ့ါ။ ပစ္စည်းကိုကြည့်လိုက်တော့ 防犯ダミーカメラဆိုပြီးရေးထား၊ ဪ အသစ်အဆန်းပါလေဆိုပြီး site မှာ ကိုယ့်ဘာသာ သွားတပ်တာပေါ့။ အမယ်… တပ်ပြီးတော့ လွယ်လှချည်လားပေါ့။ အထက်လူကြီးကိုတောင် ရိုက်ထားတဲ့ data တွေ ဖုန်းနဲ့ဘယ်လိုကြည့်ရမလဲ သွားမေးတော့မလို့။

သေချာရှာကြည့်တော့မှ ダミーカメラဆိုတာ ကင်မရာအတုတဲ့။ ဘာပုံမှ မရိုက်ထားဘူးတဲ့။ ကင်မရာမှာ မီးလေးမှိတ်တုတ်၊ မှိတ်တုတ် လင်းပြီး CCTV တပ်ထားချင်ယောင်ဆောင်နေတာတဲ့။ သူခိုးမြင်ပြီး ကင်မရာတပ်ထားတယ်ဆိုပြီး လာမခိုးအောင်တပ်ကြတာတဲ့။

တတ်လည်းတတ်နိုင်ပါပေ့ ကိုဂျပန်တွေရယ်။

တော်သေးတာပေါ့ အထက်လူကြီးကိုသွားမမေးခင် ရှာကြည့်မိလို့။ မိနစံတို့လည်း ကိုယ့်လိုမခံရအောင် ဗဟုသုတအနေနဲ့ တင်ပေးလိုက်ရပါတယ်။

ဂျပန်မှာ သတိထားမိတဲ့အရာဂျပန်မှာ site engineer လုပ်သက်လေး ၄နှစ်ကျော်လာတော့ အပြင်သွားဖြစ်ရင် သူတို့ရဲ့ နည်းပညာကို ကိုယ့်ရဲ...
12/06/2025

ဂျပန်မှာ သတိထားမိတဲ့အရာ

ဂျပန်မှာ site engineer လုပ်သက်လေး ၄နှစ်ကျော်လာတော့ အပြင်သွားဖြစ်ရင် သူတို့ရဲ့ နည်းပညာကို ကိုယ့်ရဲ့မတောက်တခေါက် မျက်လုံးလေးနဲ့ ကြည့်မိပါတယ်။

ဒီအလုပ်အသွားအပြန် လျှောက်နေရတဲ့ ဘူတာနားကလူသွားလမ်း/ကားလမ်းက ကျောက်တုံးတွေမှာဆိုရင် ကားလမ်းမလို့ ဖြစ်သလိုခင်းထားတာမဟုတ်ပဲ ကျောက်တုံးရဲ့ joint(メジ)တွေဟာ တခုနဲ့တခု တန်းနေတာကိုတွေ့ရမှာပါ။ တနေရာမှ လွဲမနေပဲ လမ်းအစ အဆုံး joint(メジ)တွေ တဖြောင့်တည်းဖြစ်နေတာတွေ့ရမှာပါ။

ပါးစပ်က မူလီလိုရစ်သလောက် လက်ကလည်း စေ့စပ်သေချာတဲ့ ဂျပန်လူမျိုးတွေရဲ့ နည်းပညာတွေထဲက တခုပေါ့။

မိနစံတို့လည်း သတိထားမိတာရှိရင် ကွမ်မန့်ပေးလို့ရပါတယ်ဗျ



#

မေး : ဂျပန်က အိမ်တွေ ဘယ်လောက်ကျဉ်းလဲ ဖြေ : 👇👇👇(တိုကျိုမှာက ဘူတာနားနီးရင် မြေစျေးက စျေးကြီးတော့ ဆောက်လို့ရတဲ့နေရာမှာ ကပ်ပ...
01/06/2025

မေး : ဂျပန်က အိမ်တွေ ဘယ်လောက်ကျဉ်းလဲ
ဖြေ : 👇👇👇

(တိုကျိုမှာက ဘူတာနားနီးရင် မြေစျေးက စျေးကြီးတော့ ဆောက်လို့ရတဲ့နေရာမှာ ကပ်ပြီး ဆောက်ကြရပါတယ်၊ အိမ်အဝင်ဝတင် ၄ပေမပြည့်တပြည့်ပဲရှိတာပါ)

石膏ボード( Dry Wall)Drywall (石膏ボード、せっこうぼーど)ဆိုတာ ဂျပန်နိုင်ငံရဲ့ ယနေ့ခေတ် 建築construction တွေမှာ အရေးအပါဆုံးပစ္စည်းတခု ဖြစ်နေ...
07/05/2025

石膏ボード( Dry Wall)

Drywall (石膏ボード、せっこうぼーど)ဆိုတာ ဂျပန်နိုင်ငံရဲ့ ယနေ့ခေတ် 建築construction တွေမှာ အရေးအပါဆုံးပစ္စည်းတခု ဖြစ်နေပါတယ်။ အိမ်၊ ဆိုင်ခန်း၊ ဆေးရုံ အစရှိသည်ဖြင့် အခန်းဖွဲ့စည်းရာမှာ drywall ကို အသုံးပြုပြီး အပေါ်ယံအချောကိုတော့ နံရံကပ်စက္ကူ၊ အိမ်သုတ်ဆေး၊ cement စသည်ဖြင့် အချောကိုင်ပြီး အသုံးပြုကြပါတယ်။

➡️Drywall ကိုဘယ်လိုလုပ်ကြသလဲ?

Drywall ကို အတွင်းပိုင်း gypsum (ဂျစ်ပဆင်ကျောက်) ဖြင့်ပြုလုပ်ပြီး မျက်နှာပြင် ၂ဖက်လုံးကို စက္ကူဖြင့်ကပ်ထားကာ တဖက်ကို အချောမျက်နှာပြင်အဖြစ်ထားရှိပြီး နံရံကပ်စက္ကူအစရှိသည်ဖြင့် ကပ်ကြတာဖြစ်ပါတယ်။ နံရံ၊ မျက်နှာကြပ် အစရှိသည်ဖြင့် အတွင်းပိုင်းမှာသုံးပါတယ်။ အပြင်ပိုင်း ရေစိုတဲ့နေရာမှာ သုံးလို့ရမပါဘူး။ သူရဲ့အားနည်းချက်က ရေထိတာနဲ့ ပျော့ပြဲလွယ်ပြီး မီးလောင်ဒဏ်ခံနိုင်တဲ့ဆိုတဲ့(စက္ကန့်ပိုင်း) သူ့ရဲ့အားသာချက်က ပျောက်ပျက်သွားတတ်လို့ပါ။

➡️Drywall ကိုဘယ်လိုနေရာမျိုးမှာသုံးလဲ?

Drywall ဟာ မီးလောင်ဒဏ်ခံတာမဟုတ်ပဲ မီးဘေးသင့်တဲ့အခါ စက္ကန့်ပိုင်းအတွင်း မီးကူးစက်မှုကို နှောင့်နှေးစေပြီး အခန်းအတွင်းမှ လူများ ထွက်ပြေးချိန်ရဖို့ဆိုတဲ့ အကြောင်းနဲ့ ဂျပန်နိုင်ငံရဲ့ construction rules မှာထည့်သွင်းတာပဲဖြစ်ပါတယ်။ အိမ်တအိမ်နဲ့တအိမ် အရမ်းကပ်နေတဲ့ တိုကျိုမြို့တွင်းက သစ်သားအိမ်များမှာတော့ Drywall ကို အတွင်းပိုင်း မျက်နှာကြပ်၊ နံရံမှာ ၂ထပ်ကပ်တာ 準防火ဆိုပြီး သတ်မှတ်ကြပါတယ်။

➡️ Drywall ဘယ်နှစ်မျိုးရှိလဲ?

Drywall မှာ thickness 9.5, 12.5, 15mm ဆိုပြီး အများဆုံး၃မျိုးအသုံးပြုလေ့ရှိကြပါတယ်။ size အားဖြင့် 3x6(910x1820mm) , 3x8(910x2424mm), 3x10(910x3030mm) ဆိုပြီးရှိပါသေးတယ်။

ထို့အပြင် drywall ကို 耐火တခုတည်းသာမဟုတ်ပဲ
1) 耐火性 မီးဒဏ်ခံနိုင်တဲ့ drywall
2) 防水性 ရေစိုဒဏ်ခံနိုင်တဲ့ drywall
3) 遮音性 အသံလုံတဲ့ drywall စသည်ဖြင့်အမျိုးအစား များ ရှိပါတယ်။

➡️ Drywall ကိုဘယ်လိုစွန့်ပစ်လဲ ?

မီးဒဏ်ခံနိုင်တဲ့ drywall ဖြစ်တဲ့အတွက် အလွယ်တကူ အိမ်သုံးစွန့်ပစ်ပစ္စည်းများနှင့်အတူ စွန့်ပစ်လို့မရပါဘူး။ construction ပစ္စည်းများကို စွန့်ပစ်ဖို့လက်ခံတဲ့ လိုင်စင်ရ စွန့်ပစ်ပစ္စည်း center (産業廃棄物処理業者)များတွင် သွားရောက် စွန့်ပစ်ရပါတယ်။

住所

Onojo-shi, Fukuoka
8160922

営業時間

月曜日 09:00 - 17:00
火曜日 09:00 - 17:00
水曜日 09:00 - 17:00
木曜日 09:00 - 17:00
金曜日 09:00 - 17:00
土曜日 09:00 - 17:00
日曜日 09:00 - 17:00

電話番号

+818078386796

ウェブサイト

アラート

Custom-Built House -注文住宅がニュースとプロモを投稿した時に最初に知って当社にメールを送信する最初の人になりましょう。あなたのメールアドレスはその他の目的には使用されず、いつでもサブスクリプションを解除することができます。

事業に問い合わせをする

Custom-Built House -注文住宅にメッセージを送信:

共有する

カテゴリー