Aung Brothers Construction

  • Home
  • Aung Brothers Construction

Aung Brothers Construction Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Aung Brothers Construction, Construction Company, .

ရပ်ကွက်ကြီး ၁၇ အနီးစခန်း၊ ငွေပင်လယ်လမ်း မြေအကျယ် ၄၀/၈၀ ပေါ်မှာ တာဝန်ယူစတင်ဆောက်လုပ်နေပါပြီ။လိုအပ်တာများရှိရင် အကြံပေးကြပ...
14/08/2026

ရပ်ကွက်ကြီး ၁၇ အနီးစခန်း၊ ငွေပင်လယ်လမ်း မြေအကျယ် ၄၀/၈၀ ပေါ်မှာ တာဝန်ယူစတင်ဆောက်လုပ်နေပါပြီ။

လိုအပ်တာများရှိရင် အကြံပေးကြပါဦးဗျာ

#ကိုယ်ချင်းစာစိတ်ဖြင့်အလုပ်လုပ်သည်

  မှ တာဝန်ယူ ဆောက်လုပ်ပေးမည့်  #ပြင်ဦးလွင်၊  #အနီးစခန်း၊  #ငွေပင်လယ် မှ တထပ်တိုက်လေးပေါ့။  #ကိုယ်ချင်းစာစိတ်ဖြင့်အလုပ်လု...
09/08/2026

မှ တာဝန်ယူ ဆောက်လုပ်ပေးမည့် #ပြင်ဦးလွင်၊ #အနီးစခန်း၊
#ငွေပင်လယ် မှ တထပ်တိုက်လေးပေါ့။

#ကိုယ်ချင်းစာစိတ်ဖြင့်အလုပ်လုပ်သည်

#အိမ်ခြံမြေ
#ပြင်ဦးလွင် #အနီးစခန်း

ဆေးသုတ်နည်းစနစ် ************************************************(မူရင်းရေးသားသူအား လေးစားစွာ ခရစ်ဒစ်ပေးပါသည်)အကောင်းဆုံး...
07/08/2026

ဆေးသုတ်နည်းစနစ်
************************************************
(မူရင်းရေးသားသူအား လေးစားစွာ ခရစ်ဒစ်ပေးပါသည်)
အကောင်းဆုံး အိမ်သုတ်ဆေးကို ရွေးချယ်နိုင်ဖို့ ဆေးသုတ်နည်းစနစ်ကို သိဖို့လိုပါတယ်။ ဆေးသုတ်နည်းစနစ်တွေ အများကြီးရှိပါတယ်။

**အသုံးများတဲ့ ဆေးသုတ်နည်းစနစ်တွေကတော့

၁.နိုင်ငံတကာမှာ ကျင့်သုံးတဲ့ ဆေးသုတ်နည်းစနစ် နှင့်
၂. Local ( မြန်မာ ) မွာ အသုံးပြုကြသည့် ဆေးသုတ်နည်းစနစ် တို့ဖြစ်ပါတယ်။

အင်တာနက်တွေမှာ ဆေးသုတ်နည်းစနစ်တွေကို ရှာဖတ်လေ့လာမယ်ဆိုရင် ဆေးသုတ်ရာတွေ အဆင့် ( 7 ) ဆင့် အသုံးပြုကြတာကို တွေ့ရပါတယ်။

**အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။

2 - ပထမဆုံး Sealer အောက်ခံဆေးကို သုံးတယ်။

3- Putty ပတ်တီးရိုက်တယ်

4- နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

5- Sealer အောက်ခံဆေး ပြန်သုတ်တယ်။

6- ဆေးသား Paint ကို သုတ်တယ်။

7 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြပေးတဲ့ နည်းလမ်းက နိုင်ငံတကာမှာ အသုံးမ်ားတဲ့ နည်းလမ်းတွေဖြစ်ပြီး ကျွမ်းကျင်တဲ့ ဆေးဆရာ အတော်များများက Quality ကောင်းတဲ့ ဆေးသားရရှိအောင် အသုံးပြုကြတဲ့ နည်းလမ်းတွေဖြစ်တယ်။

မြန်မာမှာတော့ ဆေးသုတ်လုပ်ငန်းမှာ Local ဆေးသုတ်နည်း (6)ဆင့်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။

** အဲဒါတွေကတော့

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်

2 - Putty ပတ်တီးရိုက်တယ်

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ ပတ္တီး နှစ်ခါရိုက်တယ်။

4 - Sealer အောက်ခံဆေး သုတ်တယ်။

5 - ဆေးသား Paint ကို သုတ်တယ်။

6 - ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ်တာပေါ့။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။

ပြည်တွင်းဆေးသုတ်နည်းစနစ်မှာတော့ာ နိုင်ငံတကာ ဆေးသုတ်နည်းစနစ်မှာသုံးတဲ့ အောက်ခံဆေး မခံဘဲ ပတ္တီး တစ်ခါတည်း ရိုက္တာပါ။
ဘက်ဂျတ်အခြေအနေကြောင့် ပြည်တွင်းဆေးသုတ်နည်းစနစ်ကိုဘဲ အသုံးများကြတာတွေ့ရပါတယ်။ Sealer အကြောင်းကို ရှင်းပြပေးထားပါတယ်။

ဆေးသုတ်နည်းစနစ် နှင့် အဆင့်ဆင့်တွေကို နားလည်ပြီး အဆင့်တိုင်းမှာ လိုအပ်တဲ့ဆေးတွေကို အသုံးပြုပေးရမှာဖြစ်တယ်။ အချို့သော အိမ်ရှင်တွေက အပေါ်ဆုံးမှာ သုတ်တဲ့ဆေး Paint သုတ်တာလောက်ဘဲ နားလည်ကြတယ်။

ပြည်တွင်းနည်းကို အသုံးပြုပြီး ဆေးသုတ်မယ်ဆိုရင်တောင် အနည်းဆုံး အိမ်သုတ်ဆေး ပစ္စည်းသုံးမျိုးလိုပါတယ်။ ပတ္တီး ၊ အောက်ခံဆေး၊ ဆေး Paint တို့ဖြစ်ပါတယ်။အိမ်သုတ်ဆေးလုပ်ငန်းက လွယ်ပြီး အကုန်အကျနည်းတဲ့ လုပ်ငန်းတော့ မဟုတ်ပါဘူး။ ပိုသုံးနိုင်ရင် ပိုကောင်းတဲ့ ဆေသား နှင့် ဝန်ဆောင်မှုတွေကို ရှိမှာဖြစ်တယ်။

ဆေးသုတ်တော့မယ်ဆိုရင် ဆေးသုတ်မယ့်နေရာကို အပူချိန်တိုင်းတာ၊ အစိုဓာတ်တိုင်းတာ ၊ အျခား လုပ်စရာတွေလဲ လုပ်ဖို့လိုပါသေးတယ်။ ဒီအကြောင်းတွေကိုတော့ နောက်မှထပ်ရှင်းပြပေးပါမယ်။

အခုတော့ အဆင့် တစ်ခုချင်းစီကို နည်းနည်း အသေးစိတ်လေး ရှင်းပြပေးချင်တယ်။

1 - အရင်ဆုံး ဆေးသုတ်မယ့် နေရာကို သန့်ရှင်းအောင် ရှင်းလင်းပေးရမယ်။ ဆေးသုတ်မယ့်နေရာက ညစ်ပတ်နေရင် ဒါမှမဟုတ် အဆီ အစွန်းအထင်းတွေရှိနေရင် အဲပေါ်မှာ ဆေးတစ်ခါတည်းသုတ်လို့မရပါဘူး။ သုတ်မိရင်တောင် ဆေးသားတွေ ရက်ပိုင်းအတွင်းဘဲ အကုန်ပြန် ကွာကျပါလိမ့်မယ်။

ဒါကြောင့် အမြဲတမ်းဆေးသုတ်မယ့်နေရာကို ဆေးဆရာတွေ လမ်းညွှန်ချက်အတိုင်း သန့်ရှင်းအောင်လုပ်ပေးဖို့လိုပါတယ်။

2- Putty ပတ်တီးရိုက်တယ် (ဒီနေရာမှာ ပတ်တီးရိုက်ပြီးတိုင်းကော်ပတ်မဖြစ်မနေစားရမှာပါ)
ဆေးသုတ်မယ့်နေရာတွေကို သန့်ရှင်းရေးလုပ်ပြီးရင်တော့ Putty ပတ္တီး ရိုက်လို့ရပါပြီ။ ပတ်တီးရိုက်ရတဲ့ အဓိက ရည်ရွယ်ချက်က အပေါ်ဆေး Paint သုတ်တဲ့အခါ (Putty Help smooth surface to colour over )ညီညာသပ်ရပ်တဲ့ ဆေးသားရရှိအောင်ဖြစ်ပါတယ်။ အုတ်နံံရံတွေကို ပတ်တီးရိုက်ပေးခြင်းဖြင့် ဆေးသားအတွက်လိုအပ်တဲ့ ညီညာသည့် မျက်နှာပြင်ကို ရရှိစေပါတယ်။

3 - နောက်ထပ် Putty ပြန်ရိုက်တယ်။ Step 2မွာ ရိုက္ထားတဲ့ ပတ်တီးခြောက်ပြီးရင် နောက်ထပ် ပတ်တီးတစ်ခါပြန်ရိုက်ပေးရပါတယ်။ ရည်ရွယ်ချက်ကတော့ ပိုညီညာတဲ့ဆေးမျက်နှာပြင်ရရှိအောင်ပါ။ ပထမရိုက်တဲ့ ပတ္တီးက အများအားဖြင့် အုတ်နံရံတွေရဲ့ မညီညာတဲ့ ချိုင့်ခွက်မျက်နှာပြင်တွေကို ညီညာအောင်လုပ်ပေးပါတယ်။ ဒုတိယ ထပ်ရိုက်တဲ ပတ္တီးကေတာ့ ပတ္တီးကို ပြန်အချောကိုင်ပေးတာဖြစ်ပါတယ်။ ပိုပြီး ညီညာတဲ့ မျက်နှာပြင်ကို ရှိစေပါတယ်။

4 - Sealer အောက်ခံဆေး သုတ်ပေးတယ်။ အောက်ခံဆေးသုတ်ပေးတဲ့ ရည်ရွယ်ချက်ကတော့ အပေါ်ဆုံးမှာ သုတ်မယ့် ဆေးသား Paint တွေ စွဲကပ်အားကောင်းအောင်ပါ။ အချို့နံရံအဟောင်းတွေကို ဆေးသုတ်ရင် ဆေးသားစွဲကပ်အားမကောင်းတာတွေ့ရပါတယ်။ အောက်ခံဆေး Sealer ကို အသုံးပြုခြင်းဖြင့် သုတ်လုက်တဲ့ ဆေးသား Paint တွေ နံရံတွေမှာ စွဲကပ်အားကောင်းစေပါတယ်။ ( Sealer allow the paint to stick to wall or substrate )

5 - ဆေးသား Paint ကို သုတ်တယ်။ Sealer အောက်ခံဆေးသုတ်ပြီးရင်တော့ ဆေးသား Paint ကို သုတ်လို့ရပါပြီ။ လက်နှင့်ကိုင်တွယ်လို့ရပြီး မြင်နိုင်သည့်ဆေးသား Paint ကို သုတ်လို့ရပါပြီ။ ကိုယ်ကြိုက်တဲ့ Paint ကို ရွေးချယ်အသုံးပြုပေးလို့ရပါတယ်။ ဆေးရွေးချယ်ရာတွေ အရောင် နှင့် ဆေးအမျိုးအစားကို အဓိက ရွေးချယ်ပေးရပါတယ်။

အိမ်သုတ်ဆေးအထဲမှာ အမျိုးအစားအများကြီးရှိပါတယ်။ အတွင်းဆေး ၊ အပြင်ဆေး၊ ရာသီဥတုဒဏ်ခံနိုင်သည့်ဆေး ၊ အပူဒဏ် လျှော့ချပေးသည့်ဆေး ၊ အစွန်းအထင်း ဆေးကြောရန်လွယ်ကူစေသည့်ဆေး ၊ အနံမပြင်းသည့်ဆေး ၊ အလွန်ချောမွေ့သည့်ဆေးသားပိုင်ဆိုင်စေသည့်ဆေး ၊ အလှဆင်သည့် ဗြုတ်ဆေး ၊ သံထည်တွေအသုံးပြုသည့်ဆေး ၊ မှုတ်ဆေး စသည်ဖြင့် ရွေးချယ်စရာဆေးအများကြီးရှိပါတယ်။ ဆေးသုတ်မယ့် နေရာ အခြေအနေပေါ်မူတည်ပြီး အသင့်တော်ဆုံး ဆေးတွေကို ရွေးချယ်ပေးဖို့လိုပါတယ်။

Paints ဆေးသုတ်ရာတွင် အကောင်းဆုံးဆေးသားရနိုင်ရန် အသုံးပြုပေးရမယ့် ဆေးသုတ်နည်းလမ်းအများကြီးရှိပါတယ်။ အသုံးများတဲ့နည်းလမ်းကတော့ W နဲ့ V ပုံစံဆေးသုတ်နည်းတို့ဖြစ်ပါတယ်။

6- ဆေးသား Paint ကို ပြန်သုတ်တယ်။ ဆေးသား Paint နှစ်ခါ သုတ္တာပါ။ ပထမသုတ်တဲ့ဆေးက အုတ်နံရံတွေထဲ စြဲကပ္တာ စိမ့်ဝင်တာတို့ရှိတာကြောင့် အမြဲတမ်းဆေးကို နှစ်ကုတ်သုတ်ပေးဖို့လိုပါတယ်။ ပထမ တစ်ကုတ်ခြောက်ပြီး နောက်တစ်ကုတ်ကို သုတ်တာဖြစ်ပါတယ်။ ပိုကောင်းတဲ့ ဆေးသား Quality ကို ရရှိစေပါတယ်။

လိုအပ်သည်များဖြည့်စွက်အသုံးပြုနိင်ပါစေ
__________________

နောက်နေ့တွေမှာလဲ အိမ်ခြံမြေ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေ စုစည်းတင်ဆက်ပေးသွားမှာမို့ like and share လေးလုပ်ထားကြပါနော် ❤️❤️
🏡🏡🏡 😍🏡🏡
စိတ်ကူးထဲကအိမ်လေးတွေ အကောင်အထည်ပေါ်လာစေဖို့
ကျွန်တော်တို့ရဲ့ Brothers Construction Company မှ လူကြီးမင်းတို့စိတ်ကူးထဲက အိမ်ကလေးကို
အတိအကျတာဝန်ယူပုံဖော်ပြီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျ 😍😍

Brothers Construction Company
Contact: 09400409394, 0943077215, 09788244177 , 09403747783

အဆောက်အဦ အခေါ်အဝေါ်တချို့ - ပုဂံဦးတင်====================================(မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်)၁။...
07/08/2026

အဆောက်အဦ အခေါ်အဝေါ်တချို့ - ပုဂံဦးတင်
====================================
(မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်)

၁။ အဆောက်အဦ ဆောက်ရန် တောများကို ရှင်းလင်းခြင်း၊ မြေညှိခြင်းများကို "တီကျင်းသည်" ဟူ၍ခေါ်သည်။

၂။ အဆောက်အဦ ဆောက်ရန် အပိုင်းအခြား အလားအလာ သတ်မှတ်သည်ကို "မြေစံနစ်သည်" ဟု ခေါ်သည်။

၃။ အဆောက်အဦ ဆောက်မည့် နေရာတွင် မှတ်တိုင်ကလေးများ စိုက်သည်ကို "ပန္နက်ချသည်" ဟူ၍ ခေါ်သည်။

၄။ ပန္နက်ရိုက်ရန် ကြိုးဆွဲသည်ကို "ပန်းလည်ချသည်" ဟူ၍ခေါ်သည်။

၅။ တိုင်စိုက်ရန်သော်၎င်း အုတ်မြစ်ချရန်သော်၎င်း တွင်းတူးသည်ကို "တွင်းဝန်းသည်" ဟူ၍ ခေါ်သည်။

၆။ စိုက်သောသစ်ကို "ယပ်သစ်" ဟု ခေါ်သည်။ စိုက်တိုင် ဆိုလိုသည်။

၇။ စိုက်သောတိုင်များတွင် အလယ်ကတည်သော အရှည်ဆုံးသော မြေစိုက်တိုင်ကို "ကွန်းတိုင်" ဟူ၍၎င်း "ကွန်းစဉ်တိုင်" ဟူ၍၎င်း ခေါ်သည်။
ကွန်းစဉ်တိုင် လက်ဦးစိုက်သည်ကို "ကွန်းတည်သည်" ဟူ၍ ခေါ်သေးသည်။ (အဝှန်ဂဏန်း ၄၁၅ မှာပါသော ကွန်းတည်အကြောင်း ကြည့်။)
ကွန်းစဉ်ခန်းမှာလည်း အများဆုံး ကိုးခန်းသာ ထားလေ့ရှိသည်။ ကိုးခန်းထက်ပိုသော အဆောက်အဦများမှာ စာတွေ့လည်း မရှိ၊ ကိုယ်တွေ့လည်း မသိမမြင်ဘူးပေ။

ကွန်းတိုင် ပြင်ဘက်ကျသော တိုင်ကို "သည်မ" ခေါ်သည်။

သည်မ ပြင်ဘက်ကျသော တိုင်ကို "သည်ရံ" ခေါ်သည်။

သည်ရံ ပြင်ဘက်ကျသော တိုင်ကို "သည်ထွေး" ခေါ်သည်။

ကွန်းနှစ်ခန်းသာ ပါသော အဆောက်အဦများက တိုင်များမှာလည်း အသီးအသီး အမည်ပေးလျက် ရှိသည်။

|| တိုင် မည်။ || တည်ရာ အရပ်။ ||
-------------------|-------------------
| ၁။ ဘုမ္ဘိ ............| အနောက်မြောက်
| ၂။ ကြငှန်းဖို. ......| မြောက်
| ၃။ စုံပင်လယ် .....| အရှေ့မြောက်
| ၄။ ဥရူ ...............| အရှေ့တောင်
| ၅။ ကြငှန်းမ .......| တောင်
| ၆။ သပြေ ...........| အနောက်တောင်

ထိုတိုင်များမှာ ကဗျာများတွင် ပါဝင်စပ်ဆိုလေ့ ရှိသည်။ ပြသာဒ်များတွင် အလယ်ဗဟိုချက် ထုပ်အထက်က မြေစိုက်မဟုတ်ပဲး (မ)တည်သော တိုင်ကို "ပိန္နဲးတိုင်" ခေါ်သည်။
ဘုရားစေတီ စသော ကျောက်အုတ်နှင့် လုပ်သော အဆောက်အဦများတွင် အလယ်မဏ္ဍိုင်ကို "ကံ့ကူဆံထုံး" ခေါ်သည်။
၎င်းပြင် ကျောက်အုတ် အဆောက်အဦများတွင် မြေစိုက် မဟုတ်ပဲး အဆောက်အဦအမြင့် သုံးပုံနှစ်ပုံလောက်က စ၍ မတည်သော တိုင်ကိုလည်း "ပိန္နဲးတိုင်" ပင်ခေါ်သည်။

၈။ မြေစိုက်တိုင်များတွင် မြေဝင် မြေအတွင်းက ထည့်သော ကန့်လန့်ကို "ထိပ်" ဟူ၍ ခေါ်သည်။

၉။ တိုင်များကို ဖောက်၍ အောက်ကလျှိုသော ပျဉ်ပြားကို "ယက်မ" ဟု ခေါ်သည်။
ထိုယက်မမှာ ယခုအခါကဲ့သို့ ကပ်၍ ရိုက်လေ့ မရှိ။ ဖောက်၍ ထိုးမှသာ တာရှည်ခိုင်သည် ဟူ၍ အယူရှိသည်။ ကပ်၍ ရိုက်သော ယက်မပါသော အဆောက်အဦများမှာ ယာယီဟူ၍ အယူရှိကြသည်။

၁၀။ ယက်မ အထက်တွင် တင်သော သစ်သားကို "ဆင့်" ဟူ၍ ခေါ်သည်။
(၁) မှတ်ကစ (၁၀) မှတ်ထိ အလုပ်များမှာ သံဟူ၍ မပါသေး။ သစ်သားလျှင် သစ်သားချင်း အံကျအောင် လုပ်ဆောင်ရသည်။ သံရိုက်၍သော်၎င်း ဇာဝီ ဝက်အူ စသော မူလမူလီ သွယ်၍သော်၎င်း လုပ်ဆောင်ရသည်ထက် အလုပ်ခက်သည်။ လရက် ကြန့်ကြာစွာ တာရှည်လုပ်ရသည်။

၁၁။ ဆင့်ပေါ်တွင် စီ၍ခင်းသော ပျဉ်ပြားကို၊ ဝါးကို "ကြမ်း" ဟူ၍ ခေါ်သည်။

၁၂။ ကြမ်းပေါ်တွင် တဆင့်တင်၍သော်၎င်း ပိတ်ဆီး၍သော်၎င်း ထည့်တပ်သော ပျဉ်ပြားကို "ခါးပန်း" ဟူ၍ ခေါ်သည်။

၁၃။ ကြမ်းဆင့် အနိမ့်အမြင့်ရှိသော နေရာတွင် ကာကွယ်ပိတ်ဖုံးသော သစ်သားကို "မောင်းမလယ်" ဟူ၍ ခေါ်သည်။

၁၄။ အကာ ကာရံရန် တန်းရိုက်သော ပျဉ်ပြားကို "ကျွဲနံ" ခေါ်သည်။

၁၅။ ကာသော အကာကို "နံရံ" ဟူ၍၎င်း၊ "ကဲလား" ဟူ၍၎င်း၊ "ထရံ" ဟူ၍၎င်း ဒေသန္တရအလိုက် ရှေးက ခေါ်ကြသည်။

၁၆။ တံခါးပေါက် အကြီးအငယ်များတွင် တံခါးထည့်ရန် ထည့်တပ်သော သစ်သားကို "ခေါင်းစီးခေါင်းခံ" ခေါ်သည်။
သည်ကဲ့သို့ ခေါင်းစီးခေါင်းခံ ထည့်သည့်အတွက် သံအသုံးပြုရသည့်အရာ လွန်စွာနည်းပါးသည်။ တခါးတစုံလုံးမှ ရွက်ဖုံးအတွင်း သုံးချက် လေးချက်လောက်သာ သံပါသည်။

အဆောက်မဦများတွင် မြေဝင်ကစ ထုပ်လျောက်ထိ အပိုင်းကို "အောက်ဝါ" ဟူ၍ ခေါ်သည်။
ထုပ်လျှောက်စ၍ အမိုးအဆုံးထိ အပိုင်းကို "အထက်ဝါ" ဟူ၍ ခေါ်သည်။

အမိုးလုပ်ရန် တိုင်များတွင် တိုင်ထိပ်က အနံလိုက် ကန့်လန့်ထည့်တပ်သော သစ်သားကို "ထုပ်" ခေါ်သည်။
၎င်းထုပ်ပေါ်တွင် အလျားလိုက် ထည့်သော သစ်သားကို "လျောက်" ခေါ်သည်။

လျောက်နှင့် ထုပ်ကို မလှုပ်ရှားအောင် ဆက်သွယ်တွယ်ကပ်သော အနံနှင့် အလိုက်သင့် ထည့်သော သစ်သားကို "ဒိုင်း" ခေါ်သည်။

အလယ်ခေါင်လျှောက် အောက်က အလျားလိုက်၊ လျှောက်နှင့်ထုပ် မလှုပ်ရှားရအောင် ဆက်သွယ် တွယ်ထောက်သော သစ်သားကို "ကျားမော့" ခေါ်သည်။

ထုပ် လျောက် ဒိုင်း ကျားမော့များမှာလည်း သစ်သားလျှင် သစ်သားချင်း၊ ဖောက်ထွင်း တွယ်ကပ် ဆက်စပ် ထည့်ကပ်ရသောကြောင့် သံကို အသုံးပြုရသည့်အရာ မပါသေး။
ထိုကဲ့သို့ လုပ်ရသည့် အတွက်၊ အဆက် မပါရသောကြောင့် လုံးချောသစ်သား ရှည်ရှည်များလည်း များစွာ ပိုမို အသုံးပြုရသည်။ မမှီတတ်သော နေရာများမှာ ယခုအခါကဲ့သို့ ဆက်တပ် တွယ်ကပ် အသုံးပြုခွင့် မရ။

ထိုကဲ့သို့ ဖြစ်၍၊ လောကီသင်ကေတ လောကစာရီ ခေါ်သော စာစောင်များမှာ၊ တိုင်ဆက် ထုပ်ဆက် လျောက်ဆက် ပါသော အဆောက်အဦများကို "မီးကူ" ဟူ၍ ခေါ်ကြောင်း၊ အိမ်များ ကျောင်းများတွင် ရှင်လူတို့ မနေကောင်းဟု ပညတ် သတ်မှတ်ကြသည်။

၎င်းပြင်လည်း ပြင်းထန်စွာလာသော မိုးသက်မုန်တိုင်း လေပွေမုန်တိုင်း ခေါ်သော ကျလေကြီးများ တိုက်တိုးသောအခါ သံမပါသည့်အတွက် ပျက်စီးလွယ်သည်။ ထုပ်လျောက်ကစ၍့ ဆောင်ပုံတခုလုံး လေတိုက်သဖြင့် လွင့်စင်ပါသည် အရာများစွာ ရှိဘူးသည်။.....

အထက်ဝါအတွက် ခေါ်ဝေါ်ပုံအကြောင်း။

၎င်းးပြင် အထက်ဝါအတွက် ခေါ်ပုံမှာလည်း များစွာ ကျယ်ဝန်းသည်။ ထုပ်ပျံလျောက်ပျံပါသော ဆောင်ပုံ၊ မပါသော ဆောင်ပုံ၊ စကြောဆောင်ပုံ၊ နှစ်ထပ်ဆောင်ပုံ၊ စမ္ပယ်ထပ်ဆောင်ပုံ၊ သုံးထပ်ဆောင်ပုံ၊ လေးထပ်ဆောင်ပုံ၊ ဟူ၍ မူလဆောင်ပုံ အမျိုးများလည်း ခွဲခြားထားသေးသည်။

သုံးထပ်ဆောင်ပုံ ဟူသမျှမှာ ကျောင်းဖြစ်စေ အိမ်ဖြစ်စေ နန်းဖြစ်စေ "ဇေတဝန်ဆောင်" ဟူ၍ ခေါ်လေ့ရှိသည်။

ဆိုခဲ့သော နှစ်ထပ်ကစ၍ လေးထပ်ထိ ဆောင်ပုံများတွင် စမြင်ခံ အမိုးတထပ် တိုး၍ထည့်လျှင်၊ နှစ်ထပ်သည် သုံးထပ်ယောင် သုံးထပ်လိုလို။ ထိုနည်းအားဖြင့် လေးထပ်သည် ငါးထပ်ယောင် ငါးထပ်လိုလို ထင်ရအောင် ဆောင်ပုံများ လုပ်ဆောင်လေ့ရှိသည်။

အောက်ဝါမှာသော်၎င်း အထက်ဝါမှာသော်၎င်း အခုအခံ အတွယ်အကပ်ကလေးများ ထည့်တပ်သည်ကို နေရာအလိုက် ထိုက်သက်ရာ ခေါ်ဝေါ်လေ့ရှိသည်မှာ အောက်ပါအတိုင်း အမည်များ ခွဲခြားမှတ်သားသည်။

၁။ "ဖား"
၂။ "နွား"
၃။ "ကုလားတက်" ဟူ၍ ခွဲခြားသည်။

တခုနှင့်တခု အဆက်အစပ်ကြားက ညီမျှအောင် လုပ်ဆောင် ခုခံသော သစ်သားကို "ဖား" ဟူ၍ ခေါ်လေ့ရှိသည်။

ဝတ္ထုကြီးကြီးများ မလျှောမကျအောင် အောက်က မူလဝတ္ထုကို အပေါက်မဖောက် မထွင်းပဲး၊ သံရိုက်၍ဖြစ်စေ စို့နှက်၍ ဖြစ်စေ တွယ်ကပ် ခုခံထားသော သစ်သားကို "နွား" ဟူ၍ ခေါ်လေ့ရှိသည်။

အလတ်စား အငယ်စားဖြစ်သော ဝတ္ထုများ မလျှောမကျအောင် အောက်က မူလဝတ္ထုကို ဖောက်ထွင်း ရိုက်နှက် ခုခံ တပ်ထားသော သစ်သားကို "ကုလားတက်" ဟူ၍ ခေါ်လေ့ရှိသည်။

(မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း။ ပဉ္စမတွဲ။)

#ရှေးစာကဗျာများ

ဒေါက်တာတင့်ဆွေ

နောက်နေ့တွေမှာလဲ အိမ်ခြံမြေ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေ စုစည်းတင်ဆက်ပေးသွားမှာမို့ like and share လေးလုပ်ထားကြပါနော် ❤️❤️
🏡🏡🏡 😍🏡🏡
စိတ်ကူးထဲကအိမ်လေးတွေ အကောင်အထည်ပေါ်လာစေဖို့
ကျွန်တော်တို့ရဲ့ Brothers Construction Company မှ လူကြီးမင်းတို့စိတ်ကူးထဲက အိမ်ကလေးကို
အတိအကျတာဝန်ယူပုံဖော်ပြီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျ 😍😍

Brothers Construction Company
Contact: 09400409394, 0943077215, 09788244177 , 09403747783

■ ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို  ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်...
05/08/2026

■ ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်။

ပြင်ဦးလွင်မြို့နယ်ရှိ တိုးချဲ့ရပ်ကွက်ကြီး၁၁ခုအား မြေငှားဂရန်ခွင့်ပြုခြင်းကို ၅နှစ်စီမံချက်ဖြင့် ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တတိယအကြိမ်၊ မန္တလေးတိုင်းဒေသကြီးလွှတ်တော်၏ တတိယပုံမှန်အစည်းအဝေးကျင်းပသည့် ဒုတိယနေ့ သြဂုတ်လ၅ရက်တွင် "ပြင်ဦးလွင်မြို့တွင် တိုးချဲ့ဖွဲ့စည်းသည့် ရပ်ကွက်ကြီး(၁၁)ခုအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ဂရန်ထုတ်ပေးရန် အစီစဉ်ရှိ၊မရှိ နှင့်စပ်လျဉ်းသည့်မေးခွန်းကို ပုသိမ်ကြီးမြို့နယ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အမှတ်(၂)ဦးပိုအေးက မေးမြန်းခဲ့ခြင်းဖြစ်သည်။

မေးခွန်းနှင့်ပတ်သက်ပြီး မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းစိုးက " ပြင်ဦးလွင်မြို့နယ်သည် ရပ်ကွက်ကြီး ၂၁ရပ်ကွက် ကျေးရွာအုပ်စု၃၇အုပ်စု စုစုပေါင်း ၅၈အုပ်စုဖြင့် ဖွဲ့စည်းထားရှိပြီး ရပ်ကွက်ကြီး ၂၁ရပ်ကွက်အနက် ရပ်ကွက်ကြီး ၁မှ ၁၀ အထိ ရပ်ကွက်ကြီး ၁၀ခုသည် မူလမြို့မြေများဖြစ်သောကြောင့် ဂရန်ထုတ်ပေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ကျန် ရပ်ကွက်ကြီး၁၁မှ ရပ်ကွက်ကြီး ၂၁ထိသည် ၂၀၀၆ခုနှစ်မှသာ တိုးချဲ့ဖွဲ့စည်းခဲ့သည့်ရပ်ကွက်များဖြစ်သဖြင့် အဆိုပါနေရာများတွင် ၆၄လက်မ တစ်မိုင်စကေးဖြင့် မြို့ကွက်မြေပုံကွက်စိပ်၊ ကွက်ကျဲမြေတိုင်းတာခြင်းလုပ်ငန်းများကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၂၁၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍနှစ်အတွက် ရပ်ကွက်ကြီး ၁၂၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ရပ်ကွက်ကြီး ၁၁၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၁၈နှင့် ရပ်ကွက်ကြီး ၁၉၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွက် ရပ်ကွက်ကြီး ၁၄ တို့ကို ၅နှစ်စီမံချက်ဖြင့် နှစ်စဉ်တိုင်းတာဆောင်ရွက်ပေးလျက်ရှိကြောင်း၊ မြို့မြေတိုင်းတာခြင်းလုပ်ငန်း ဆောင်ရွက်ရန် ကျန်ရှိနေသေးသည့် ရပ်ကွက်၌လည်း ဘဏ္ဍာရေးနှစ်အလိုက် လျာထားတင်ပြ၍ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ အဆိုပါ မြို့ကွက်မြေပုံ ကွက်စိပ်၊ ကွက်ကျဲမြေတိုင်းတာခြင်းလုပ်ငန်းများတိုင်းတာဆောင်ရွက်ပြီး မြေမျိုးပြောင်းလဲပြင်ဆင်တိုင်းတာခြင်းလုပ်ငန်းများဆောင်ရွက်ပြီးပါက မြေငှားဂရန်လျှောက်ထားလိုသူများအနေဖြင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့လျှောက်ထားနိုင်ကြောင်းနှင့် အဆိုပါမြေငှားဂရန်လျှောက်ထားလာမှုအပေါ် မြေယာဥပဒေ၊ လုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်၍ ပြည့်စုံမှန်ကန်ပါက မြေဧရိယာဧကအလိုက် စိစစ်ထောက်ခံတင်ပြခြင်း၊ မြေငှားဂရန်ခွင့်ပြုခြင်းများ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း " ပြန်လည်ဖြေကြားခဲ့သည်။

လက်ရှိ ပြင်ဦးလွင်မြို့နယ်ရှိ မြေယာကွင်းဆင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်ပြီး မေးမြန်းခဲ့ရာ " ကျွန်တော် ကွင်းဆင်းစစ်ဆေးချက်အရတော့ လတ်တလော ကွက်စိပ်၊ ကွက်ကျဲ ထိုးမထားသေးဘူး။ ဆက်လက်အကောင်အထည်မဖော်ဘူးဆိုရင်တော့ မေးခွန်းတွေ ထပ်မေးသွားမယ်။ ပြင်ဦးလွင်က မြို့ငယ်သလောက် မြေယာရှုတ်ထွေးမှုအများကြီးရှိတယ်။ ပြည်သူများရဲ့ မြေယာပိုင်ဆိုင်မှုအတွက် ဂရန်ထုတ်ပေးဖို့မေးရတဲ့ရည်ရွယ်ချက်က ပိုင်ဆိုင်တဲ့သူတွေအတွက် တရားဝင်အထောက်အထား၊ လုံခြုံရေးနှင့် တရားဝင်မှုအတွက် ရချင်လို့ပါပဲ" ဟု မေးခွန်းမေးမြန်းခဲ့သည့် ဦးပိုထွေးက ဖြည့်စွက်ပြောကြားခဲ့သည်။

ပြင်ဦးလွင်မြို့တွင် ထပ်တိုးချဲ့သည့် ရပ်ကွက်ကြီး ၁၁မှ ၂၁အထိ ရပ်ကွက်ကြီး ၁၁ခုလုံးတွင် ဂရန်ချထားပေးမှုလုံးဝမရှိသေးကြောင်းလည်း သိရသည်။
#အိမ်ခြံမြေ #ပြင်ဦးလွင် #မေမြို့ #𝐏𝐲𝐢𝐧𝐎𝐨𝐋𝐰𝐢𝐧

#ပြင်ဦးလွင်မြို့နယ် #တိုးချဲ့ရပ်ကွက်ကြီး
Crd;

လန  ဆိုတဲ့ စကားရပ် ကို သုံးနေကြတာလေးတွေ့လို့ပါလန ၃၉ - လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ကို ၂၀၁၂ အထိ အဲဒီ ဥပဒေ ပုဒ်မလေး...
29/07/2026

လန ဆိုတဲ့ စကားရပ် ကို သုံးနေကြတာလေးတွေ့လို့ပါ
လန ၃၉ - လယ်ယာမြေကို အခြားနည်း အသုံးပြုခွင့်ကို ၂၀၁၂ အထိ
အဲဒီ ဥပဒေ ပုဒ်မလေးနဲ့ ရှိခဲ့တာမှာ
၂၀၁၂ နောက်ပိုင်းမှာ

လယ-၃၀(က) နဲ့ လယ-၃၀(ခ) ဆိုပြီး
ပြင်ဆင်ခဲ့ပါတယ်

၃၀(က) က လယ်ကို အခြားနည်း ဖြစ်ပြီး
၃၀(ခ) ဆိုတာ ယာ / ဥယျာဥ် ကို ချ‌ေပးတဲ့ အခြားနည်း ဖြစ်ပါတယ်

​အခြားနည်းတွေမှာ ခေါင်းစဥ်အမျိုးမျိုး ရှိကြပါတယ်

လူန - လူနေ ထိုင်ခွင့် ​လုံးဝမဟုတ်ပါ

ဂိုထောင် အခြားနည်းဆိုရင်
ဂိုထောင်ပဲ လုပ်ရပါမယ်
စာသင်ကျောင်းဆို စာသင်ကျောင်း

အိမ်ယာ စီမံကိန်းဆိုမှ
ပိုင်းရောင်းလို့ရတာပါ

ဒါလေး ဖြန့်ဝေခွင့်ပြုပါတယ်
လန- လူနေ ​ဆိုတဲ့ စကားရပ်
လုံးဝ မဟုတ်ပါ
Crd;

💁🏻‍♂️ RC အကြောင်းသိကောင်းစရာများ===========================🧑🏻‍💻𝗥𝗖 ရဲ့ အရှည်ကောက်ဟာ 𝗥𝗲𝗶𝗻𝗳𝗼𝗿𝗰𝗲𝗱 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 ဖြစ်ပြီး မြန်မာလိ...
25/07/2026

💁🏻‍♂️ RC အကြောင်းသိကောင်းစရာများ
===========================

🧑🏻‍💻𝗥𝗖 ရဲ့ အရှည်ကောက်ဟာ 𝗥𝗲𝗶𝗻𝗳𝗼𝗿𝗰𝗲𝗱 𝗖𝗼𝗻𝗰𝗿𝗲𝘁𝗲 ဖြစ်ပြီး မြန်မာလို သံကူအားဖြည့်ကွန်ကရစ်လို့ သုံးနှုန်းတာ တွေ့ဖူးပါတယ်။ ကွန်ကရစ်ထဲမှာ သံမဏိချောင်းတွေ ထည့်သွင်းသွန်းလောင်းတဲ့ ကွန်ကရစ်အမျိုးအစားလို့ အဓိပ္ပာယ်ရပါတယ်။

🧑🏻‍💻ခရစ်တော်မပေါ်မီ နှစ်ပေါင်းများစွာကတည်းက ရောမလူမျိုးတွေဟာ Vesuvius မီးတောင်ကရတဲ့မီးတောင်ပြာနဲ့ ဖောက်ထုံးနဲ့ရောပြီး Pozzolana လို့ခေါ်တဲ့ အင်္ဂတေတစ်မျိုးကို အဆောက်အဦးတွေဆောက်လုပ်ရာမှာ အသုံးပြုခဲ့တယ်လို့ အထောက်အထားတွေအရ တွေ့ရှိရပါတယ်။

🧑🏻‍💻အင်္ဂတေကို အဆောက်အဦးဆောက်လုပ်ရာမှာ သမိုင်းတစ်လျှောက် ပုံစံအမျိုးမျိုးနဲ့ အသုံးပြုခဲ့ကြပါတယ်။ နှစ်ကာလကြာလာတာနဲ့အမျှ အင်္ဂတေသွန်းလုပ်တဲ့နည်းစနစ်တွေ အဆင့်ဆင့်တိုးတက်ပြောင်းလဲလာခဲ့ပေမယ့် အားနည်းချက်တစ်ခုကတော့ရှိနေပါသေးတယ်။ အဲဒါကတော့ အင်္ဂတေဟာ ဖိနှိပ်ခံနိုင်အား (Compression Strength) အလွန်ကောင်းပေမယ့် ဆွဲဆန့်ခံနိုင်အား (Tensile Strength) အလွန်နည်းပါးခြင်းပါပဲ။ ဆိုလိုတာကတော့ အင်္ဂတေတုံးတစ်တုံးကို အားနဲ့ဖိနှိပ်ချမယ်ဆိုရင် အတိုင်းအတာတစ်ခုအထိ မကွဲမကြေနိုင်ပေမယ့် သားရေပင်လိုဆွဲဆန့်လိုက်ရင်တော့ အလွယ်တကူကြေမွပျက်စီးသွားတတ်ပါတယ်။ ဒါကြောင့် ဒီပြဿနာကိုဖြေရှင်းဖို့အတွက် အင်္ဂတေလောင်းတဲ့အချိန်မှာ စတီးချောင်းလို Tensile Strength ကောင်းတဲ့အရာတစ်ခုကို ထည့်သွင်းတည်ဆောက်လာကြပါတယ်။ ဘာအားသာချက်ရသလဲဆိုတော့ ကွန်ကရစ်ရဲ့ အားသာချက်ဖြစ်တဲ့ Compression Strength နဲ့ စတီးရဲ့အားသာချက်ဖြစ်တဲ့ Tensile Strength နှစ်ခုစလုံးကို ပေါင်းစည်းပေးလိုက်သလိုဖြစ်သွားပါတော့တယ်။

🧑🏻‍💻𝗥𝗖 ကို ပထမဦးဆုံးစတင်တည်ဆောက်ခဲ့တာကတော့ Jean-Louis Lambot ပဲဖြစ်ပါတယ်။ Lambot ဟာ သူ့ရဲ့ ကွန်ကရစ်လှေငယ်လေးတွေတည်ဆောက်ရာမှာ ခံနိုင်ရည်အားပိုမိုကောင်းမွန်စေဖို့ သံချောင်းတွေ၊ သံဇကာတွေ ထည့်သွင်းတည်ဆောက်ခဲ့တယ်လို့ အထောက်အထားတွေအရတွေ့ရှိရပါတယ်။ သူကတော့ သမိုင်းမှာ 𝗥𝗖 ကို ပထမဆုံး တည်ဆောက်အသုံးပြုခဲ့သူလို့ အမည်တွင်ပါတယ်။ ဒါပေမယ့် သူ့ရဲ့နာမည်က သိပ်မတွင်ကျယ်ခဲ့ပါဘူး။ 𝗥𝗖 ကို အဆောက်အဦးတည်ဆောက်ရာမှာ ပထမဦးဆုံး စတင်အသုံးပြုခဲ့သူကတော့ ပြင်သစ်လူမျိုး François Coignet ပါပဲ။ အထောက်အထားတွေနဲ့ စွယ်စုံကျမ်းတွေမှာ Coignet ရဲ့နာမည်ကသာ ပိုပြီးအရာတွင်ခဲ့ပါတယ်။ ဒါပေမယ့် သူလည်း 𝗥𝗖 ရဲ့ အသုံးဝင်ပုံ၊ အားသာချက်တွေကိုသိလို့ဆိုတာထက် ပါရီမြို့ Charles Michles အရပ် ခြံအမှတ် ၇၂ မှာ သူဆောက်နေတဲ့ လေးထပ်တိုက်ကလေး ပုံမပျက်သွားအောင်ဆိုပြီးတော့ ကွန်ကရစ်ထဲ စတီးချောင်းတွေ ထည့်သွင်းတည်ဆောက်ရာက 𝗥𝗖 သမိုင်းအစပြုခဲ့တာပဲဖြစ်ပါတယ်။

🧑🏻‍💻၁၈၅၄ ခုနှစ်မှာ အင်္ဂလိပ်ဆောက်လုပ်ရေးသမား William B. Wilkinson က ကွန်ကရစ်ရဲ့ Compression Strength အားသာချက်နဲ့ Steel ရဲ့ Tensile Strength အားသာချက်နှစ်ခုကိုပေါင်းစည်းဖို့ရည်ရွယ်ချက်နဲ့ 𝗥𝗖 ကို ပထမဆုံးစတင်အသုံးပြုခဲ့ပါတယ်။ Coignet က ၁၈၅၃ မှာ ဆောက်လုပ်ခဲ့တာဖြစ်လို့ Wilkinson ထက် တစ်နှစ်စောပါတယ်။ အဲဒီကနေစပြီးတော့ Steel ထုတ်လုပ်တဲ့နည်းပညာတွေ အဆင့်မြင့်လာသလို 𝗥𝗖 တွေလည်း ပိုမိုအဆင့်မြင့်လာကြတာ ဒီနေ့အထိပါပဲ။

#မူရင်းတင်သူအား‌ေလးစားစွာ creditပေးပါသည်။

နောက်နေ့တွေမှာလဲ အိမ်ခြံမြေ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေ စုစည်းတင်ဆက်ပေးသွားမှာမို့ like and share လေးလုပ်ထားကြပါနော် ❤️❤️
🏡🏡🏡 😍🏡🏡
စိတ်ကူးထဲကအိမ်လေးတွေ အကောင်အထည်ပေါ်လာစေဖို့
ကျွန်တော်တို့ရဲ့ Brothers Construction Company မှ လူကြီးမင်းတို့စိတ်ကူးထဲက အိမ်ကလေးကို
အတိအကျတာဝန်ယူပုံဖော်ပြီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျ 😍😍

Brothers Construction Company
Contact: 09400409394, 0943077215, 09788244177 , 09403747783

PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ? ====================================(မူရင်းရေးသားသူအား လေးစားစွာ credit ပ...
25/07/2026

PAE စနစ် နဲ့ အိမ်ဆောက်တယ်ဆိုတာ ဘယ်လိုမျိုးလဲ ?
====================================
(မူရင်းရေးသားသူအား လေးစားစွာ credit ပေးပါသည်)

PAE ဖြင့် အိမ်ဆောက်ခြင်း ဆောက်လုပ်ရေးလောကမှာ လက်ရှိ လူသုံးများ လူသိများနေတဲ့ PAE စနစ် ရဲ့အကြောင်းကို အိမ်ဆောက်လုပ်မယ့် အိမ်ပိုင်ရှင်တွေအတွက် ဗဟုသုတအဖြစ် ဖော်ပြပေးလိုက်ပါတယ်။

PAE စနစ်ဆိုတာဟာ ကန်ထရိုက်စနစ်တွေထဲက တစ်ခုဖြစ်ပြီးတော့ အလွယ်ဆုံးနဲ့အရှင်းဆုံးပြောရမယ်ဆိုရင် PAE စနစ် နဲ့အိမ်ဆောက်တယ်ဆိုတာ အိမ်တစ်လုံးဆောက်လုပ်ရာမှာပါ၀င်တဲ့ ပန်းရံ၊ လက်သမား၊ မီးသမား ၊ ဆေးသုတ်သမား အစရှိတဲ့ အခန်းကဏ္ဍအသီးသီးအတွက် အသေးစားပုတ်ပြတ်စနစ်တွေကို စုပေါင်းထားတာပဲဖြစ်ပါတယ်။...
PAE ရဲ့အဓိပ္ပါယ်
--------------------
PAE ဆိုတာက "Plinth Area Estimate (PAE)" ဆိုတဲ့ စကားလုံးရဲ့ အတိုကောက်ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ အဆောက်အဦတစ်ခုကို ဆောက်လုပ်ရာမှာ အဆောက်အဦရဲ့ဧရိယာပေါ်မှာ အခြေပြုပြီး ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်ခြင်း ဖြစ်ပါတယ်။

PAE ဆိုတာ ဆောက်လုပ်ရေးဆိုင်ရာ လုပ်ငန်းသုံး စကားလုံး အသုံးအနှုန်းတစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်မှာ တော့ PAE ဆိုတာကို စျေးတန်းသတ်မှတ်ချက် တခုအနေနဲ့ အသုံးပြုလာကြပြီး အိမ်ရှင်နဲ့ ကန်ထရိုက်၊ ကန်ထရိုက်နဲ့ အလုပ်သမားကြားမှာ သင့်တင့်မျှတအောင် စျေးညှိနှိုင်းဖို့အတွက် အသုံးပြုနေကြပြီပဲ ဖြစ်ပါတယ် …. ...
PAE ကို ဘယ်နေရာမှာ စတင်အသုံးပြုခဲ့တာလဲ
--------------------------------------------------------
တကယ်တော့ PAE Rate ဆိုတာကို မူလပထမက စာသင်ကျောင်းနဲ့ ဆေးရုံလို ပုံသေတွက်ချက်လို့ရတဲ့ ဧရိယာကြီးမားပြီး ရိုးရှင်းတဲ့ဒီဇိုင်းနဲ့ အစိုးရပရောဂျက်လိုအဆောက်အဦတွေကို တင်ဒါချပေးတဲ့နေရာမှာ စတင်သုံးစွဲခဲ့ရာကနေ နောက်ပိုင်းမှာ ကန်ထရိုက်ဆောက်လုပ်ရေးလောကကိုပါ ရောက်ရှိလာပြီး သာမန် ပုဂ္ဂလိကအဆောက်အဦးတစ်ခု ဆောက်တော့မယ်ဆိုရင်ပါ PAE Rate နဲ့ စျေးစကားပြောတာတွေ လုပ်လာကြပြီပဲဖြစ်ပါတယ် …. အရပ်စကားနဲ့ပြောရမယ်ဆိုရင်တော့ ပုတ်ပြတ်စနစ်တစ်မျိုးပဲဖြစ်ပါတယ်… ...
PAE က အိမ်ဆောက်ရာမှာပါ ဘာလို့အသုံးတွင်ကျယ်လာတာလဲ
------------------------------------------------------------------------
PAE ဆိုတာက အင်ဂျင်နီယာပညာရပ်ဆိုင်ရာအသုံးအနှုန်းဆိုပေမယ့် ဆောက်လုပ်ရေးလောက ကန်ထရိုက်လောကမှာ အင်ဂျင်နီယာတွေချည်းပဲ မဟုတ်တော့ဘဲ အလွှာအသီးသီးကလူတွေ ၀င်ရောက်လုပ်ကိုင်လာတဲ့အချိန်မှာ ကုန်ကျစရိတ်အသေးစိတ် Detailed Estimate ကို အင်ဂျင်နီယာတွေလို အတိအကျ တွက်ချက်ဖို့ ခက်ခဲလာပါတယ်။

ဒါကြောင့် အင်ဂျင်နီယာတစ်ယောက်ဆောက်ထားတဲ့ အိမ်တလုံးရဲ့ ပုံစံ၊ သုံးထားတဲ့ PAE Rate၊ အပြီးသတ်ကုန်ကျစရိတ်စတာတွေကို နမူနာယူပြီး ကန်ထရိုက်တွေက ကိုယ် ၀န်ဆောင်မှုပေးနိုင်တဲ့စျေးနဲ့ အလျှော့အတင်းပြုလုပ်ကာ အလုပ်လက်ခံလာကြ၊ စျေးစကားပြောလာကြတဲ့အတွက် အခုနောက်ပိုင်းမှာ အရမ်းတွင်ကျယ် လာတာဖြစ်ပါတယ်။...
PAE Rate ဆိုတာကရောဘာလဲ?
----------------------------------------
အများနားလည်အောင်ပြောရမယ်ဆိုရင်တော့ PAE Rate ဆိုတာကတော့ အဆောက်အဦတစ်ခုရဲ့ တစ်ပေပတ်လည် ဧရိယာမှာ ကျသင့်မယ့် ကုန်ကျစရိတ်ကို ခန့်မှန်းတွက်ချက်မှုပဲ ဖြစ်ပါတယ်။ အဲဒီ PAE Rate ကိုပဲ ကန်ထရိုက် တစ်ဦးနဲ့တစ်ဦးသတ်မှတ်ထားတဲ့ပမာဏတော့ မတူညီကြပါဘူး။

ဥပမာ PAE Rate တပေပတ်လည် ကျပ်နှစ်သောင်းနဲ့ အလျား ပေ ၂၀ × အနံ ပေ ၃၀ အကျယ်အ၀န်းရှိတဲ့အိမ်ကိုဆောက်မယ်ဆိုရင် အဲ့ဒီအိမ်ရဲ့တန်ဖိုးက ကျပ် သိန်း (၁၂၀) ကျသင့်မှာ ဖြစ်ပါတယ်။ PAE Rate နှစ်သောင်းခွဲနဲ့ဆောက်မယ်ဆိုရင် တော့ သိန်း (၃၀) လောက်ထပ်ဆောင်းကုန်ကျသွားမှာ ဖြစ်ပါတယ်။

PAE Rate လို့ဆိုရာမှာလည်း အိမ်တလုံးရဲ့အကြမ်းထည်သီးသန့် PAE Rate နဲ့ အိမ်သုတ်ဆေး၊ ရေပိုက်သွယ်တန်းမှုစနစ်၊ လျှပ်စစ်မီးသွယ်တန်းမှုစနစ်၊ ကြမ်းခင်းနဲ့ မျက်နှာကြက်တွေပါ ပါ၀င်တဲ့ အချောထည်အထိ အပြီးအစီး PAE Rate ဆိုပြီးလည်း ကွဲပြားပါတယ်။ ဒါ့အပြင် ဆောက်လုပ်သူက ပစ္စည်း၀ယ်ပေးပြီး လက်ခကိုပဲ ရှင်းပေးတဲ့ Labour PAE နဲ့ ကန်ထရိုက်ဖြစ်သူက ပစ္စည်းရောလက်ခပါအပြီးအစီးတာ၀န်ယူရတဲ့ PAE ဆိုပြီးလည်း အမျိုးမျိုးကွဲပြားနေတာကိုလည်း မြင်တွေ့ရပါတယ်….....
PAE စနစ်ရဲ့ အားသာချက်
--------------------------
အရင်က အိမ်တစ်လုံးဆောက်မယ်ဆိုရင် ပေစားကျင်းစားနဲ့အလုပ်လုပ်ရတာဖြစ်ပါတယ်။ အုတ်စီတဲ့လူက တစ်ကျင်းကို ဘယ်လောက်နှုန်း၊ ပုံဆင်ပုံရိုက်လက်သမားအဖွဲ့က တစ်ကျင်းကို ဘယ်လောက်နှုန်းစသဖြင့် အလုပ်အပ်ရတဲ့အခါမှာ အိမ်တစ်လုံးရဲ့ ကုန်ကျစရိတ်ကို ကြိုတင်ခန့်မှန်းဖို့ မလွယ်ကူပါဘူး… အိမ်မဆောက်ခင်လုပ်ရမယ့်အခြေခံအဆင့်တွေက များပြားသလို လိုက်လံချိတ်ဆက်ရမယ့် အဖွဲ့တွေကလည်း ပန်းရံ၊ လက်သမား၊ ဆေးသုတ်သမား စသဖြင့် များပြားလှပါတယ်။

ခုခေတ်အနေအထားအရ အင်ဂျင်နီယာသို့မဟုတ် တခြား ပညာရှင်တယောက်က အိမ်တစ်လုံးဆောက်ရာမှာပါ၀င်မယ့် အဖွဲ့တွေကို စုစည်းပြီး ကန်ထရိုက်တာ အနေနဲ့ ရပ်တည်လာတဲ့အခါ အိမ်ရှင်အနေနဲ့ ကိုယ်လိုချင်တဲ့ အိမ်ပုံစံနဲ့ဒီဇိုင်းကို နမူနာပြလိုက်ရုံနဲ့ အိမ်ရဲ့တန်ဖိုးကုန်ကျစရိတ်အပြီးအစီးကို PAE နဲ့ အနီးစပ်ဆုံးတွက်ချက်လာနိုင်ပါတယ်။

ဒါ့အပြင် PAE နဲ့တွက်ချက်မှုစနစ်က တွက်ရချက်ရလွယ်ကူတဲ့အပြင် PAE Rate နဲ့စကားပြောတဲ့အခါမှာ လူတိုင်းသဘောပေါက်လွယ်တဲ့အတွက် အိမ်ရှင်နဲ့ ကန်ထရိုက်ကြား၊ ကန်ထရိုက်နဲ့ လေဘာကန်ထရိုက် ကြားထဲမှာပါ သုံးရတာ အဆင်ပြေစေတဲ့ အတိုင်းအတာစနစ်တခု ဖြစ်လာပါတယ်။

အိမ်ဆောက်လုပ်မယ့်သူ အနေနဲ့လည်း ကိုယ်သုံးနိုင်တဲ့ငွေနဲ့ အပြီးအစီးကျသင့်မယ့် တန်ဖိုးကို အလွယ်တကူ ချိန်ထိုးလို့ရနိုင်ပြီး ကန်ထရိုက်တယောက်နဲ့တယောက်ရဲ့ မတူညီတဲ့ PAE Rate တွေထဲကမှ ကိုယ်မှန်းထားတဲ့ငွေနဲ့ ကိုယ်လိုချင်တဲ့ပုံစံကို အနီးစပ်ဆုံးဖြစ်အောင် တည်ဆောက်ပေးနိုင်မယ့် အဖွဲ့ကို ရွေးချယ်ငှားရမ်းပြီး မိမိစိတ်တိုင်းကျအိမ်ကို ဆောက်လုပ်လာနိုင်ပါတယ်။...
PAE နဲ့ အိမ်ဆောက်မယ်ဆိုရင် သိထားသင့်တဲ့အချက်များ
------------------------------------------------------------------
PAE နဲ့ တွက်ချက်ပြီး စျေးနှုန်းသတ်မှတ်ပြောဆိုတဲ့စနစ်ဟာ ပုံမှန်အတိုင်းဆိုရင်တော့ အိမ်တစ်လုံးရဲ့အကျယ်အ၀န်းဧရိယာကို သတ်မှတ်ထားတဲ့ PAE Rate နဲ့မြှောက်လိုက်ရုံနဲ့ အိမ်တန်ဖိုးထွက်လာတယ်ဆိုပေမယ့် အဲဒီအိမ်မှာ ဘယ်လိုအတန်းအစားရှိတဲ့ ပစ္စည်းတွေကို ထည့်သုံးမယ်ဆိုတာကလည်း သတိထားစရာအချက်တစ်ချက်ဖြစ်လာပါတယ်။
ကန်ထရိုက်တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းခွဲ (၁၅၀၀၀)၊ နောက်တစ်ယောက်ရဲ့ PAE Rate က ကျပ်တစ်သောင်းရှစ်ထောင် (၁၈၀၀၀) ဆိုတာမျိုး နှိုင်းယှဉ်စရာဖြစ်လာခဲ့ရင် တစ်သောင်းခွဲကန်ထရိုက်က စျေးသက်သာပေမယ့် အိမ်ဆောက်ရာမှာ သူ ထည့်သုံးပေးမယ့်ပစ္စည်းနဲ့ တစ်သောင်းရှစ်ထောင်ကန်ထရိုက် သုံးပေးမယ့်ပစ္စည်းက အတူတူပဲလား၊ ဘာတွေကွာခြားသလဲဆိုတဲ့အချက်က အိမ်ဆောက်သူသေချာဂရုစိုက်သင့်တဲ့အချက်ပဲဖြစ်ပါတယ်

PAE တွက်ချက်မှုစနစ်ကို အသုံးပြုမယ်ဆိုရင် သတိထားရမယ့်အချက်များ
------------------------------------------------------------------
ကိုယ်တိုင်က PAE Rate နဲ့တွက်ချက်ယူပြီး အိမ်ဆောက်ပေးတာမျိုးကို သဘောကျနှစ်ခြိုက်လို့ အိမ်ဆောက်တော့မယ်ဆိုရင် အထက်မှာပြောပြသွားခဲ့သလိုပဲ PAE Rate အနည်းအများကိုပဲ ကြည့်ပြီး ရွေးချယ်ဖို့မသင့်တော်ပါဘူး။ အိမ်တစ်အိမ်ဆောက်တော့မယ်ဆိုရင် နာမည်ရှိတဲ့ ခိုင်မာတဲ့ ကန်ထရိုက်တွေကို အရင်စုံစမ်းဖို့လိုပါမယ်။

စျေးစုံစမ်းရာမှာလည်း ကိုယ်ဆောက်ချင်တဲ့အိမ်ဒီဇိုင်း၊ ကိုယ်ဆောက်မယ့် မြေအကျယ်အ၀န်းကို ကန်ထရိုက်ကို ပြောပြပြီး အဲဒီ့အိမ်ထဲမှာ အခန်းဘယ်နှစ်ခန်းဖွဲ့ချင်တယ်၊ ဘယ်လိုဆေးမျိုး သုတ်ချင်တယ်၊ ဘယ်လိုကြွေပြားမျိုးသုံးချင်တယ်၊ အိမ်သာဘိုထိုင်တပ်မယ်ဆိုရင်လည်း ဘယ်နိုင်ငံထုတ်ကို အသုံးပြုချင်တယ်ဆိုတာကအစ အသေးစိတ်ပြောပေးနိုင်ရင် အကောင်းဆုံးပါပဲ။ အဲဒီအချက်အလက်တွေအတိုင်းပါ၀င်တဲ့အိမ်ကို ကန်ထရိုက်အနေနဲ့ PAE Rate ဘယ်လောက်နဲ့ ဆောက်ပေးနိုင်မလဲဆိုပြီး စျေးနှုန်းအရင်တွက်ခိုင်းသင့်ပါတယ်။

ကန်ထရိုက်ကဆောက်ပေးနိုင်တဲ့ PAE Rate က ကိုယ်သတ်မှတ်ထားတာထက် များနေရင် ဘယ်နေရာမှာ လျှော့လို့ရလဲဆိုပြီး အသေအချာပြန်ပြီး ညှိနှိုင်းတိုင်ပင်တာမျိုး လုပ်ရပါမယ်။

ဒါမှမဟုတ် ကိုယ်မှန်းထားတဲ့ နှုန်းထားနဲ့ ထပ်တူညီတဲ့ကန်ထရိုက်ဆီမှာပဲ အလုပ်အပ်မယ်ဆိုရင်လည်း စာချုပ်ထဲမှာ ဆောက်လုပ်မယ့်အိမ်အတွက် အသုံးပြုမယ့် ကုန်ပစ္စည်းအမျိုးအစားအသေးစိတ်ကို ထည့်သွင်းချုပ်ဆိုနိုင်ရင် အကောင်းဆုံးပဲဖြစ်ပါတယ် …. ...
PAE တွက်ချက်မှုစနစ်ရဲ့အားနည်းချက်
------------------------------------------
PAE နဲ့အိမ်ဆောက်တဲ့အခါမှာ အိမ်တစ်အိမ်လုံးရဲ့အပြီးသတ်ကုန်ကျစရိတ်ကို ကြိုတင်တွက်ချက်ထားပြီးသားဖြစ်တဲ့အတွက် တာ၀န်ယူဆောက်လုပ်ပေးမယ့် ကန်ထရိုက်ကိုငွေကြိုပေးရတတ်ပါတယ်။ အဲဒီအခါမှာ ကန်ထရိုက်တချို့က အကြောင်းအမျိုးမျိုးကြောင့် ငွေယူပြီး ထွက်ပြေးတိမ်းရှောင်တာမျိုးတွေ တွေ့ကြုံရတတ်ပါတယ်။ ဒါကလည်း အိမ်ဆောက်လုပ်တဲ့သူတွေ သတိထားသင့်တဲ့ နောက်ထပ်အချက်တချက်ဖြစ်ပါတယ်။

ဒါ့အပြင် ကန်ထရိုက်တွေဘက်မှာလည်း သတ်မှတ်ထားတဲ့ PAE Rate နဲ့ဆောက်ဖို့ အလုပ်လက်ခံပြီး စာချုပ်ချုပ်ပြီးကာမှ ပစ္စည်းစျေးနှုန်းအတက်အကျကြောင့် တခါတလေ အရှုံးခံတည်ဆောက်ပေးရတာမျိုးလည်း ရှိတတ်တာကြောင့် ဒါကိုလည်း PAE နဲ့တွက်ချက်တည်ဆောက်ခြင်းစနစ်ရဲ့အားနည်းချက်လို့ သတ်မှတ်ရမယ်ထင်ပါတယ်။

PAE တွက်ချက်မှုစနစ်နဲ့အိမ်ဆောက်ဖို့ စဉ်းစားနေတယ်ဆိုရင် အားသာချက် အားနည်းချက်ကို တခါတည်း သိရှိနားလည်ထားခြင်းဟာ စိတ်တိုင်းကျနေအိမ်တလုံးကို အမှားအယွင်းမရှိ လိုအပ်ချက်မရှိဘဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောက်လုပ်နိုင်ကြမှာပဲဖြစ်ပါတယ် ….....
Via အိမ်ပုံစံဒီဇိုင်းများ, crown cement..................

နောက်နေ့တွေမှာလဲ အိမ်ခြံမြေ ဆောက်လုပ်ရေးနဲ့ဆိုင်တဲ့ ဗဟုသုတတွေ စုစည်းတင်ဆက်ပေးသွားမှာမို့ like and share လေးလုပ်ထားကြပါနော် ❤️❤️
🏡🏡🏡 😍🏡🏡
စိတ်ကူးထဲကအိမ်လေးတွေ အကောင်အထည်ပေါ်လာစေဖို့
ကျွန်တော်တို့ရဲ့ Brothers Construction Company မှ လူကြီးမင်းတို့စိတ်ကူးထဲက အိမ်ကလေးကို
အတိအကျတာဝန်ယူပုံဖော်ပြီး ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်ခင်ဗျ 😍😍

Brothers Construction Company
Contact: 09400409394, 0943077215, 09788244177 , 09403747783

Address


Website

Alerts

Be the first to know and let us send you an email when Aung Brothers Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

  • Want your business to be the top-listed Engineering Company?

Share