May Thu Kha Group

May Thu Kha Group Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from May Thu Kha Group, Construction Company, Aungban.

လူကြီးမင်းတို့၏ ပင်ပန်းမှု့တွေဖြေဖျောက်ရာ၊နားခိုလုံရာဖြစ်သော၊ကိုယ်တန်ဖိုးထား ချစ်ခင်ရသော၊ တစ်နေ့တာ အစပြုရာ၊အမှတ်တရတို့နဲ...
05/05/2026

လူကြီးမင်းတို့၏ ပင်ပန်းမှု့တွေဖြေဖျောက်ရာ၊
နားခိုလုံရာဖြစ်သော၊ကိုယ်တန်ဖိုးထား ချစ်ခင်ရသော၊ တစ်နေ့တာ အစပြုရာ၊အမှတ်တရတို့နဲ့
မိသားစုတွေ ဆုံဆည်းရာ၊သုခဘုံ ဗိမ္မာန်အိမ်ကလေးကို MayThuKha Construction မှ
ကောင်းမွန်သောအရည်အသွေးနဲ့ ခိုင်ခန့်ပြီးဆန်းသစ်သောဒီဇိုင်းတို့ဖြစ် တည်ဆောက်ပေးငါရစေ။
M T K Construction Group
09.421134474. 09.792777079

27/04/2026

Check out M T K Construction’s post.

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတ...
17/04/2026

နှစ်သစ်မှာ လူသားအားလုံးရဲ့ စိတ်နှလုံးထဲမှာ အမုန်းတရားတွေ ကင်းဝေးပြီး မေတ္တာတရားတွေ ထွန်းကားပါစေလို့ ဦးစွာ ဆုတောင်းပေးပါတယ်။ မိမိတို့ရဲ့ ဘဝခရီးကို ဖြတ်သန်းတဲ့အခါမှာလည်း လောဘ၊ ဒေါသ၊ မောဟဆိုတဲ့ အပူတရားတွေ လွှမ်းမိုးခြင်းမခံရဘဲ အသိဉာဏ် (ပညာ) ကို ရှေ့ထားပြီး ဆင်ခြင်တုံတရားနဲ့ လျှောက်လှမ်းနိုင်ကြပါစေ။

နှစ်သစ်ရဲ့ နေ့ရက်တိုင်းမှာ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပြီး ဘယ်လိုလောကဓံမျိုးနဲ့ ကြုံရပါစေ၊ တုန်လှုပ်ခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းတဲ့ စိတ်နဲ့ ကျော်ဖြတ်နိုင်ကြပါစေ။ မိမိတို့ ပြုလုပ်သမျှသော အလုပ်ကိစ္စတိုင်းမှာလည်း အတ္တကို ရှေ့မထားဘဲ သူတစ်ပါးအတွက်ပါ အကျိုးရှိစေမယ့် စေတနာကောင်းတွေနဲ့ အောင်မြင်မှုကို ရယူနိုင်ကြပါစေ။ အဓိကကတော့ မိမိတို့ရဲ့ အတွင်းသန္တာန်မှာ ရှိတဲ့ ကိုယ်ကျင့်တရား (သီလ) ကို မြဲမြံအောင် ထိန်းသိမ်းခြင်းဖြင့် ဘေးကင်းလုံခြုံတဲ့ ဘဝကို ပိုင်ဆိုင်နိုင်ကြပါစေ။ နှစ်သစ်မှသည် နောင်နှစ်ပေါင်းများစွာတိုင်အောင် မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ ဥပက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါးနဲ့ ငြိမ်းအေးစွာ အသက်ရှင်နေထိုင်နိုင်ကြပါစေလို့ အလေးအနက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ်"

ပါမောက္ခချုပ်ဆရာတော် ဒေါက်တာနန္ဒမာလာဘိဝံသ

#နှစ်သစ်ဆုတောင်း2026 #ပါချုပ် #ပါမောက္ခချုပ်ဆရာတော် #နှစ်သစ်ကူး #မေတ္တာ #အေးချမ်းမှု #တရားတော် #ဘဝခရီး #ဓမ္မရသ

MTK Construction Group  မှ သင်္ကြန် အတက်နေ့ ကြာဇံကြော်စတုဒီသာအလှူ
16/04/2026

MTK Construction Group မှ သင်္ကြန် အတက်နေ့ ကြာဇံကြော်စတုဒီသာအလှူ

လူကြီးမင်းတို့၏ ပင်ပန်းမှု့တွေဖြေဖျောက်ရာ၊နားခိုလုံရာဖြစ်သော၊ကိုယ်တန်ဖိုးထား ချစ်ခင်ရသော၊ တစ်နေ့တာ အစပြုရာ၊အမှတ်တရတို့နဲ...
01/04/2026

လူကြီးမင်းတို့၏ ပင်ပန်းမှု့တွေဖြေဖျောက်ရာ၊
နားခိုလုံရာဖြစ်သော၊ကိုယ်တန်ဖိုးထား ချစ်ခင်ရသော၊ တစ်နေ့တာ အစပြုရာ၊အမှတ်တရတို့နဲ့
မိသားစုတွေ ဆုံဆည်းရာ၊သုခဘုံ ဗိမ္မာန်အိမ်ကလေးကို MayThuKha Construction မှ
ကောင်းမွန်သောအရည်အသွေးနဲ့ ခိုင်ခန့်ပြီးဆန်းသစ်သောဒီဇိုင်းတို့ဖြစ် တည်ဆောက်ပေးငါရစေ။

အဆောက်အဦး အခေါ်အဝေါ်တချို့ ......*********************************၁။ အဆောက်အဦ ဆောက်ရန် တောများကို ရှင်းလင်းခြင်း၊ မြေညှိ...
04/03/2026

အဆောက်အဦး အခေါ်အဝေါ်တချို့ ......
*********************************

၁။ အဆောက်အဦ ဆောက်ရန် တောများကို ရှင်းလင်းခြင်း၊ မြေညှိခြင်းများကို "တီကျင်းသည်" ဟူ၍့ ခေါ်သည်။

၂။ အဆောက်အဦ ဆောက်ရန် အပိုင်းအခြား အလားအလာ သတ်မှတ်သည်ကို "မြေစံနစ်သည်" ဟု ခေါ်သည်။

၃။ အဆောက်အဦ ဆောက်မည့် နေရာတွင် မှတ်တိုင်ကလေးများ စိုက်သည်ကို "ပန္နက်ချသည်" ဟူ၍့ ခေါ်သည်။

၄။ ပန္နက်ရိုက်ရန် ကြိုးဆွဲသည်ကို "ပန်းလည်ချသည်" ဟူ၍့ ခေါ်သည်။

၅။ တိုင်စိုက်ရန်သော်၎င်း အုတ်မြစ်ချရန်သော်၎င်း တွင်းတူးသည်ကို "တွင်းဝန်းသည်" ဟူ၍့ ခေါ်သည်။

၆။ စိုက်သောသစ်ကို "ယပ်သစ်" ဟု ခေါ်သည်။ စိုက်တိုင် ဆိုလိုသည်။

၇။ စိုက်သောတိုင်များတွင် အလယ်ကတည်သော အရှည်ဆုံးသော မြေစိုက်တိုင်ကို "ကွန်းတိုင်" ဟူ၍့၎င်း "ကွန်းစဉ်တိုင်" ဟူ၍့၎င်း ခေါ်သည်။
ကွန်းစဉ်တိုင် လက်ဦးစိုက်သည်ကို "ကွန်းတည်သည်" ဟူ၍့ ခေါ်သေးသည်။ (အဝှန်ဂဏန်း ၄၁၅ မှာပါသော ကွန်းတည်အကြောင်း ကြည့်။)
ကွန်းစဉ်ခန်းမှာလည်း အများဆုံး ကိုးခန်းသာ ထားလေ့ရှိသည်။ ကိုးခန်းထက်ပိုသော အဆောက်အဦများမှာ စာတွေ့လည်း မရှိ၊ ကိုယ်တွေ့လည်း မသိမမြင်ဘူးပေ။

ကွန်းတိုင် ပြင်ဘက်ကျသော တိုင်ကို "သည်မ" ခေါ်သည်။

သည်မ ပြင်ဘက်ကျသော တိုင်ကို "သည်ရံ" ခေါ်သည်။

သည်ရံ ပြင်ဘက်ကျသော တိုင်ကို "သည်ထွေး" ခေါ်သည်။

ကွန်းနှစ်ခန်းသာ ပါသော အဆောက်အဦများက တိုင်များမှာလည်း အသီးအသီး အမည်ပေးလျက် ရှိသည်။

|| တိုင် မည်။ || တည်ရာ အရပ်။ ||
-------------------|-------------------
| ၁။ ဘုမ္ဘိ ............| အနောက်မြောက်
| ၂။ ကြငှန်းဖို. ......| မြောက်
| ၃။ စုံပင်လယ် .....| အရှေ့မြောက်
| ၄။ ဥရူ ...............| အရှေ့တောင်
| ၅။ ကြငှန်းမ .......| တောင်
| ၆။ သပြေ ...........| အနောက်တောင်

ထိုတိုင်များမှာ ကဗျာများတွင် ပါဝင်စပ်ဆိုလေ့ ရှိသည်။ ပြသာဒ်များတွင် အလယ်ဗဟိုချက် ထုပ်အထက်က မြေစိုက်မဟုတ်ပဲး (မ)တည်သော တိုင်ကို "ပိန္နဲးတိုင်" ခေါ်သည်။
ဘုရားစေတီ စသော ကျောက်အုတ်နှင့် လုပ်သော အဆောက်အဦများတွင် အလယ်မဏ္ဍိုင်ကို "ကံ့ကူဆံထုံး" ခေါ်သည်။
၎င်းးပြင် ကျောက်အုတ် အဆောက်အဦများတွင် မြေစိုက် မဟုတ်ပဲး အဆောက်အဦအမြင့် သုံးပုံနှစ်ပုံလောက်က စ၍့ မတည်သော တိုင်ကိုလည်း "ပိန္နဲးတိုင်" ပင်ခေါ်သည်။

၈။ မြေစိုက်တိုင်များတွင် မြေဝင် မြေအတွင်းက ထည့်သော ကန့်လန့်ကို "ထိပ်" ဟူ၍့ ခေါ်သည်။

၉။ တိုင်များကို ဖောက်၍့ အောက်ကလျှိုသော ပျဉ်ပြားကို "ယက်မ" ဟု ခေါ်သည်။
ထိုယက်မမှာ ယခုအခါကဲ့သို့ ကပ်၍့ ရိုက်လေ့ မရှိ။ ဖောက်၍့ ထိုးမှသာ တာရှည်ခိုင်သည် ဟူ၍့ အယူရှိသည်။ ကပ်၍့ ရိုက်သော ယက်မပါသော အဆောက်အဦများမှာ ယာယီဟူ၍့ အယူရှိကြသည်။

၁၀။ ယက်မ အထက်တွင် တင်သော သစ်သားကို "ဆင့်" ဟူ၍့ ခေါ်သည်။
(၁) မှတ်ကစ (၁၀) မှတ်ထိ အလုပ်များမှာ သံဟူ၍့ မပါသေး။ သစ်သားလျှင် သစ်သားချင်း အံကျအောင် လုပ်ဆောင်ရသည်။ သံရိုက်၍့သော်၎င်း ဇာဝီ ဝက်အူ စသော မူလမူလီ သွယ်၍့သော်၎င်း လုပ်ဆောင်ရသည်ထက် အလုပ်ခက်သည်။ လရက် ကြန့်ကြာစွာ တာရှည်လုပ်ရသည်။

၁၁။ ဆင့်ပေါ်တွင် စီ၍့ခင်းသော ပျဉ်ပြားကို၊ ဝါးကို "ကြမ်း" ဟူ၍့ ခေါ်သည်။

၁၂။ ကြမ်းပေါ်တွင် တဆင့်တင်၍့သော်၎င်း ပိတ်ဆီး၍့သော်၎င်း ထည့်တပ်သော ပျဉ်ပြားကို "ခါးပန်း" ဟူ၍့ ခေါ်သည်။

၁၃။ ကြမ်းဆင့် အနိမ့်အမြင့်ရှိသော နေရာတွင် ကာကွယ်ပိတ်ဖုံးသော သစ်သားကို "မောင်းမလယ်" ဟူ၍့ ခေါ်သည်။

၁၄။ အကာ ကာရံရန် တန်းရိုက်သော ပျဉ်ပြားကို "ကျွဲးနံ" ခေါ်သည်။

၁၅။ ကာသော အကာကို "နံရံ" ဟူ၍့၎င်း၊ "ကဲလား" ဟူ၍့၎င်း၊ "ထရံ" ဟူ၍့၎င်း ဒေသန္တရအလိုက် ရှေးက ခေါ်ကြသည်။

၁၆။ တံခါးပေါက် အကြီးအငယ်များတွင် တံခါးထည့်ရန် ထည့်တပ်သော သသ်သားကို "ခေါင်းစီးခေါင်းခံ" ခေါ်သည်။
သည်ကဲ့သို့ ခေါင်းစီးခေါင်းခံ ထည့်သည့်အတွက် သံအသုံးပြုရသည့်အရာ လွန်စွာနည်းပါးသည်။ တခါးတစုံလုံးမှ ရွက်ဖုံးအတွင်း သုံးချက် လေးချက်လောက်သာ သံပါသည်။

အဆောက်မဦများတွင် မြေဝင်ကစ ထုပ်လျောက်ထိ အပိုင်းကို "အောက်ဝါ" ဟူ၍့ ခေါ်သည်။
ထုပ်လျှောက်စ၍့ အမိုးအဆုံးထိ အပိုင်းကို "အထက်ဝါ" ဟူ၍့ ခေါ်သည်။

အမိုးလုပ်ရန် တိုင်များတွင် တိုင်ထိပ်က အနံလိုက် ကန့်လန့်ထည့်တပ်သော သစ်သားကို "ထုပ်" ခေါ်သည်။
၎င်းထုပ်ပေါ်တွင် အလျားလိုက် ထည့်သော သစ်သားကို "လျောက်" ခေါ်သည်။

လျောက်နှင့် ထုပ်ကို မလှုပ်ရှားအောင် ဆက်သွယ်တွယ်ကပ်သော အနံနှင့် အလိုက်သင့် ထည့်သော သစ်သားကို "ဒိုင်း" ခေါ်သည်။

အလယ်ခေါင်လျှောက် အောက်က အလျားလိုက်၊ လျှောက်နှင့်ထုပ် မလှုပ်ရှားရအောင် ဆက်သွယ် တွယ်ထောက်သော သစ်သားကို "ကျားမော့" ခေါ်သည်။

ထုပ် လျောက် ဒိုင်း ကျားမော့များမှာလည်း သစ်သားလျှင် သစ်သားချင်း၊ ဖောက်ထွင်း တွယ်ကပ် ဆက်စပ် ထည့်ကပ်ရသောကြောင့် သံကို အသုံးပြုရသည့်အရာ မပါသေး။
ထိုကဲ့သို့ လုပ်ရသည့် အတွက်၊ အဆက် မပါရသောကြောင့် လုံးချောသစ်သား ရှည်ရှည်များလည်း များစွာ ပိုမို အသုံးပြုရသည်။ မမှီတတ်သော နေရာများမှာ ယခုအခါကဲ့သို့ ဆက်တပ် တွယ်ကပ် အသုံးပြုခွင့် မရ။

ထိုကဲ့သို့ ဖြစ်၍့၊ လောကီသင်ကေတ လောကစာရီ ခေါ်သော စာစောင်များမှာ၊ တိုင်ဆက် ထုပ်ဆက် လျောက်ဆက် ပါသော အဆောက်အဦများကို "မီးကူ" ဟူ၍့ ခေါ်ကြောင်း၊ အိမ်များ ကျောင်းများတွင် ရှင်လူတို့ မနေကောင်းဟု ပညတ် သတ်မှတ်ကြသည်။

၎င်းပြင်လည်း ပြင်းထန်စွာလာသော မိုးသက်မုန်တိုင်း လေပွေမုန်တိုင်း ခေါ်သော ကျလေကြီးများ တိုက်တိုးသောအခါ သံမပါသည့်အတွက် ပျက်စီးလွယ်သည်။ ထုပ်လျောက်ကစ၍့ ဆောင်ပုံတခုလုံး လေတိုက်သဖြင့် လွင့်စင်ပါသည် အရာများစွာ ရှိဘူးသည်။.....

အထက်ဝါအတွက် ခေါ်ဝေါ်ပုံအကြောင်း။

၎င်းးပြင် အထက်ဝါအတွက် ခေါ်ပုံမှာလည်း များစွာ ကျယ်ဝန်းသည်။ ထုပ်ပျံလျောက်ပျံပါသော ဆောင်ပုံ၊ မပါသော ဆောင်ပုံ၊ စကြောဆောင်ပုံ၊ နှစ်ထပ်ဆောင်ပုံ၊ စမ္ပယ်ထပ်ဆောင်ပုံ၊ သုံးထပ်ဆောင်ပုံ၊ လေးထပ်ဆောင်ပုံ၊ ဟူ၍့ မူလဆောင်ပုံ အမျိုးများလည်း ခွဲးခြားထားသေးသည်။

သုံးထပ်ဆောင်ပုံ ဟူသမျှမှာ ကျောင်းဖြစ်စေ အိမ်ဖြစ်စေ နန်းဖြစ်စေ "ဇေတဝန်ဆောင်" ဟူ၍့ ခေါ်လေ့ရှိသည်။

ဆိုခဲ့သော နှစ်ထပ်ကစ၍့ လေးထပ်ထိ ဆောင်ပုံများတွင် စမြင်ခံ အမိုးတထပ် တိုး၍့ ထည့်လျှင်၊ နှစ်ထပ်သည် သုံးထပ်ယောင် သုံးထပ်လိုလို။ ထိုနည်းအားဖြင့် လေးထပ်သည် ငါးထပ်ယောင် ငါးထပ်လိုလို ထင်ရအောင် ဆောင်ပုံများ လုပ်ဆောင်လေ့ရှိသည်။

အောက်ဝါမှာသော်၎င်း အထက်ဝါမှာသော်၎င်း အခုအခံ အတွယ်အကပ်ကလေးများ ထည့်တပ်သည်ကို နေရာအလိုက် ထိုက်သက်ရာ ခေ့်ဝေါ်လေ့ရှိသည်မှာ အောက်ပါအတိုင်း အမည်များ ခွဲးခြားမှတ်သားသည်။

၁။ "ဖား"
၂။ "နွား"
၃။ "ကုလားတက်" ဟူ၍့ ခွဲခြားသည်။

တခုနှင့်တခု အဆက်အစပ်ကြားက ညီမျှအောင် လုပ်ဆောင် ခုခံသော သစ်သားကို "ဖား" ဟူ၍့ ခေါ်လေ့ရှိသည်။

ဝတ္ထုကြီးကြီးများ မလျှောမကျအောင် အောက်က မူလဝတ္ထုကို အပေါက်မဖောက် မထွင်းပဲး၊ သံရိုက်၍့ဖြစ်စေ စို့နှက်၍့ ဖြစ်စေ တွယ်ကပ် ခုခံထားသော သစ်သားကို "နွား" ဟူ၍့ ခေ့်လေ့ရှိသည်။

အလတ်စား အငယ်စားဖြစ်သော ဝတ္ထုများ မလျှောမကျအောင် အောက်က မူလဝတ္ထုကို ဖောက်ထွင်း ရိုက်နှက် ခုခံ တပ်ထားသော သစ်သားကို "ကုလားတက်" ဟူ၍့ ခေါ်လေ့ရှိသည်။

(မြန်မာမင်း အုပ်ချုပ်ပုံစာတမ်း။ ပဉ္စမတွဲ။)


#ဆောက်လုပ်ရေးဗဟုသုတ

T K Construction Group

အိမ်တစ်လုံး ဆောက်တယ်ဆိုတာဟာ ဘိလပ်မြေ၊အုတ်၊သဲ၊ကျောက်၊သံချောင်းတို့ဖြင့်ပုံဖော်တည်ဆောက်ထားတဲ့ အရာချည်းသက်သက်မဟုတ်ပါ  ချစ်ရ...
24/02/2026

အိမ်တစ်လုံး ဆောက်တယ်ဆိုတာဟာ ဘိလပ်မြေ၊အုတ်၊သဲ၊ကျောက်၊သံချောင်းတို့ဖြင့်
ပုံဖော်တည်ဆောက်ထားတဲ့ အရာချည်းသက်သက်မဟုတ်ပါ ချစ်ရတဲ့သူတွေနဲ့အတူ
အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရများစွာနဲ့ခိုလှုံရာနေရာလေးတစ်ခုအဖြစ် မိသားစုအုတ်မြစ်ချခြင်းတစ်ခုပါပဲ။

M T K Construction Group
09.421134474. 09.792777079

မိမိလုပ်ငန်းကို ချစ်ပါလက်အောက်ငယ်သားတွေကိုလည်း ယုံကြည်မှု့ပေးပါ ၊ ဒါမှ ရင်းနှီးမှု့ကိုတိုးစေမှာ။ဆရာတပည့်ဆက်ဆံရေးထက် မိသာ...
06/02/2026

မိမိလုပ်ငန်းကို ချစ်ပါ
လက်အောက်ငယ်သားတွေကိုလည်း ယုံကြည်မှု့ပေးပါ ၊ ဒါမှ ရင်းနှီးမှု့ကိုတိုးစေမှာ။
ဆရာတပည့်ဆက်ဆံရေးထက် မိသားစုလိုအရေးပေးထားတာ
MTK Construction Group ပါ။
တစ်လပြည့် လုပ်ကွက်အခြေနေလေး
ဖြည်းဖြည်းမှန်မှန်ပါပဲ။
MTK Construction Group
09.421134474. 09.792777079

ရလဒ်တစ်ခုအတွက် နောက်ကွယ်ကခက်ခဲမှု့တွေကတော့ရှိစမြဲပဲ MTK Construction Group 09.421134474. 09.792777079
15/01/2026

ရလဒ်တစ်ခုအတွက် နောက်ကွယ်ကခက်ခဲမှု့တွေကတော့ရှိစမြဲပဲ
MTK Construction Group
09.421134474. 09.792777079

03/01/2026

Without systematic supervision, issues may arise.

မုဆိုးရွှေအိုးရကိန်း နဲ့ မဂ်လာအချိန်ယူပြီးတူးလိုက်တာပဲ ၊ရွှေအိုးမရခင် သစ်မြစ်စုံတော့ရပြီးပြီ။

MTK Construction Group.
09.421134474. 09.792777079

ပန္နက်မင်္ဂလာ  1-1-2026  🤍🤍🧡🧡❤️❤️
01/01/2026

ပန္နက်မင်္ဂလာ 1-1-2026

🤍🤍🧡🧡❤️❤️

Address

Aungban

Website

Alerts

Be the first to know and let us send you an email when May Thu Kha Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share