Myo Min Nyunt - Mechanical and Marine Engineer

Myo Min Nyunt - Mechanical and Marine Engineer Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Min Nyunt - Mechanical and Marine Engineer, Science, Technology & Engineering, Hin thar gone streer, Bago.

This Page is the Education Page for Auto CAD, SolidWorks, Camtasia Vidoe Editing 2018 , Microsoft, Power Point, Excel, Microsoft One Note Matlab, Physics, Mathematics , Mechanical Engineerin and Computer Technology will be teached.

စီနီယာအကိုများ၏ ဦးဆောင်မှုဖြင့် Mission တစ်ခု အောင်မြင်စွာ ပြီးဆုံး။ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်တော့ ကြိုးစား သင်ယူခဲ့...
17/08/2025

စီနီယာအကိုများ၏ ဦးဆောင်မှုဖြင့် Mission တစ်ခု အောင်မြင်စွာ ပြီးဆုံး။

ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသလောက်တော့ ကြိုးစား သင်ယူခဲ့ပါတယ်။ ရောက်တဲ့နိုင်ငံတိုင်းမှာတော့ ကိုယ်နိုင်ငံမျက်နှာမငယ်ရအောင် ကြိုးစားခဲ့တယ်။ တရုတ်ဘာသာစကားလည်း HSK Level-3 လောက် ပြောနိုင်တဲ့အတွက် တရုတ်တွေနဲ့ အတော်လေးရင်းနှီးမှု ရရှိခဲ့ပါတယ်။ တရုတ်ဘာသာစကားကတော့ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်အောင် ထပ်ပြီးလေ့လာသင်ယူရဦးမယ်။

သင်္ဘောတည်ဆောက်နိုင်စွမ်းမှာ တရုတ်က အတော်လေး ဆရာကျနေပါပြီ။ ကမ္ဘာ့အကြီးဆုံး သင်္ဘောတွေ၊ နည်းပညာမြင့်တဲ့ သင်္ဘောတွေလည်း ဆောက်ပြထားပါတယ်။ သင်္ဘောတည်ဆောက်နိုင်မှုက အမေရိကန်ထက်တောင် အဆပေါင်းများစွာ သာလွန်နေပါပြီ။ ကမ္ဘာပေါ်မှာရှိတဲ့ အကြီးဆုံးဆိပ်ကမ်းတွေထဲက တစ်ဝက်လောက်က တရုတ်နိုင်ငံက ဆိပ်ကမ်းတွေ။ Shipbuilding နဲ့ ပတ်သက်ပြီး China Classification Society - CCS လိုမျိုး ကိုယ်ပိုင် Rules and Regulations တွေနဲ့ပါ တည်ဆောက်နိုင်တာ အတော်ကြာပါပြီ။

ကျွန်တော်တို့ မြန်မာနိုင်ငံဆိုရင်လည်း မိုင်ပေါင်း ၁၂၆၀ လောက်ရှိတဲ့ ရှည်လျားတဲ့ ကမ်းရိုးတန်းကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့အပြင် ကျွန်းပေါင်း ၈၀၀ ကျော်လည်း ရှိပါ‌တယ်။ တကယ်သာ လုပ်နိုင်မယ်ဆိုရင် ပင်လယ်ရေကြောင်းအကျိုးစီးပွား အများကြီး ရရှိနိုင်ပါတယ်။ နိုင်ငံတော်အစိုးရ အနေနဲ့လည်း စတင်အကောင်အထည် ဖော်နေတာ တွေ့ရပါတယ်။

လူစွမ်းအားအရင်းအမြစ်ဖြစ်တဲ့ အသိပညာရှင်၊ အတတ်ပညာရှင်တွေကိုတော့ အချိန်တစ်ခုပေးပြီး တည်ဆောက်ပြီးရင် နိုင်ငံက တိုးတက်လာမယ့် အလားအလာ အများကြီးရှိပါတယ်။

တစ်ချိန်ကျရင်တော့ ယခုသင်ယူခဲ့တဲ့ Shipbuilding Surveyor Course (သင်္ဘောတည်ဆောက်ရာတွင် Quality Control လုပ်ဖို့အတွက် အဆင့်တိုင်းမှာ စစ်ဆေးရမယ့် အချက်တွေ) နဲ့ ပတ်သက်ပြီး စာအုပ်တစ်အုပ် ပြုစုပါဦးမည်။

ကျွန်တော်ရဲ့ ပထမဆုံးစာအုပ်ဖြစ်တဲ့ "Strength of Materials ၏ အခြေခံသဘောတရားများ" စာအုပ်ကိုတော့ ၂၀၂၃ ခုနစ်က ထုတ်ဝေခဲ့ပြီးပါပြီ။

ဒုတိယမြောက်စာအုပ်ဖြစ်တဲ့ "Basic Machine Elements" စာအုပ်ကတော့ ပြီးသလောက်ဖြစ်သွားပါပြီ။ စက်ပစ္စည်းတိုင်းမှာပါတဲ့ အဓိက အစိတ်အပိုင်းတွေဖြစ်တဲ့ Machine Parts တွေ အကြောင်း ရေးသားထားခြင်း ဖြစ်ပါတယ်။ 2026 လောက်မှာ ထုတ်ဝေဖို့ ရည်ရွယ်ထားပါတယ်။ အခြားရေးနေတဲ့ နည်းပညာဆောင်းပါးတွေလည်း အများကြီး ရှိပါသေးတယ်။

ဆက်လက်ကြိုးစား ရပါဦးမည်။

Types of Beams, Loads and Reactions       “Strength of Materials ၏ အခြေခံသဘောတရားများ”စာအုပ်မှ Chapter (9) – Types of Be...
26/03/2025

Types of Beams, Loads and Reactions

“Strength of Materials ၏ အခြေခံသဘောတရားများ”စာအုပ်မှ Chapter (9) – Types of Beams, Loads and Reactions ဖြစ်ပါသည်။

9.1. Beam များတွင် သက်ရောက်နေသော Load များ
9.2. Types of Beams
9.3. Symmetrical Loading
9.4. Non-symmetrical Loading
9.5. Equivalent Load Diagram

ချစ်ခင်လေးစားစွာဖြင့်
မျိုးမင်းညွန့်

စာအုပ်နှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=3683085115236354&id=100006047056946&mibextid=Nif5oz

Motor Winding များတွင် အပူဒဏ်ခံနိုင်စေရန် Insulation များ အသုံးပြုခြင်း သင်္ဘောပေါ်တွင် Electrical Motor များကို နေရာမျိ...
23/03/2025

Motor Winding များတွင် အပူဒဏ်ခံနိုင်စေရန် Insulation များ အသုံးပြုခြင်း

သင်္ဘောပေါ်တွင် Electrical Motor များကို နေရာမျိုးစုံ၊ ရည်ရွယ်ချက်မျိုးစုံဖြင့် အသုံးပြုကြ ပါသည်။ မည့်သည့်စက်ပစ္စည်းမဆို ကြီးမားသော ထိခိုက်ပျက်စီးမှု မဖြစ်ပေါ်ခင် ရှေးပြေးလက္ခဏာများ ပြလေ့ရှိပါသည်။ Electrical Motor များတွင်လည်း Overload ကြောင့်ဖြစ်စေ၊ Overheating ကြောင့်ဖြစ်စေ၊ Electrical Fault များကြောင့်ဖြစ်စေ မော်တာကွိုင်များ (Winding) များ လောင်ကျွမ်း ပျက်စီးခြင်းများ ဖြစ်ပေါ်နိုင်ပါသည်။

Winding Failure မဖြစ်ခင် ရှေးပြေးလက္ခဏာ အနေဖြင့် အသံကြမ်းလာခြင်း၊ ညှော်နံ့ထွက်ခြင်း၊ Breaker များ မကြာခဏကျခြင်းတို့ ဖြစ်ပေါ်လေ့ရှိပါသည်။ Motor ၏ အခြေအနေကို Body Temperature အားတိုင်းကြည့်ခြင်း၊ ရှေ့ပြေးလက္ခဏာများကို ကြည့်ရှုခြင်းနှင့် Megger Test ပြုလုပ်ခြင်း ဖြင့် ကြိုတင်သိရှိနိုင်ပါသည်။

Electrical Motor တစ်လုံး၏ Winding (ကွိုင်) အပူချိန်ကို တိုက်ရိုက်တိုင်းတာလို့ မရပါဘူး။ သို့သော် Operator များ အနေဖြင့် လိုအပ်ပါက Motor Body ၏ အပူချိန်ကို Radiation Thermometer (IR sensor) ဖြင့် တိုင်းတာလို့ ရပါသည်။ Motor ၏ Body Temperature သည် အတွင်းပိုင်း Winding အပူချိန်ထက် 20 °C မှ 30°C အထိ နိမ့်ပါသည်။ Motor ၏ အပူချိန်သည် အသုံးပြုသော kW, Load အမျိုးအစား၊ ပတ်ဝန်းကျင်အပူချိန်နှင့် အသုံးပြုမှု အကြိမ်အရေအတွက် (Duty Cycle) အပေါ်တွင် မူတည်ပါသည်။

Insulation များကို Motor Winding များတွင် အပူဒဏ်ခံနိုင်စေရန်၊ Winding များ ထိခိုက်ပျက်စီးခြင်းမှ ကာကွယ်ရန်၊ စွမ်းဆောင်ရည် ကောင်းမွန်စေရန်၊ Moisture ကို ခံနိုင်ရန်နှင့် Motor ၏ သက်တမ်းကို ရှည်ကြာ စေရန် အသုံးပြုပါသည်။ Motor ၏ Nameplate အပေါ်တွင် Insulation Class အမျိုးအစားကို ဖော်ပြလေ့ရှိပါသည်။ ထုတ်လုပ်သူမှ ခွင့်ပြုထားသော အပူချိန်ထက် ပို၍ အသုံးမပြုသင့်ပါ။

Insulation Class များကို နိုင်ငံတကာ စံနှုန်းဖြစ်သော IEC (International Electrotechnical Commission) နှင့် အမေရိကန်စံနှုန်း NEMA (National Electrical Manufacturers Association) အရ သတ်မှတ်ထားပါသည်။ Insulation Class သည် မော်တာ၏ Efficiency (စွမ်းဆောင်ရည်) နှင့် Power Factor ကို တိုက်ရိုက်သက်ရောက်မှု ရှိပါသည်။ Motor ၏ Insulation Class မြင့်လေလေ အပူဒဏ်ခံနိုင်မှု ပိုကောင်းလေ ဖြစ်သည်။


ချစ်ခင်စွာဖြင့်
မျိုးမင်းညွန့်

လွတ်လပ်စွာ Share နိုင်ပါသည်။
ကူးယူဖော်ပြခြင်း (လုံးဝ) ခွင့်မပြုပါ။

Torsion in Round Shafts         “Strength of Materials ၏ အခြေခံသဘောတရားများ”စာအုပ်ထဲမှ Chapter (8) – Torsion in Round Sh...
20/03/2025

Torsion in Round Shafts

“Strength of Materials ၏ အခြေခံသဘောတရားများ”စာအုပ်ထဲမှ Chapter (8) – Torsion in Round Shafts ဖြစ်ပါသည်။

8.1. Shear Stress in a Round Shaft
8.2. Round Shaft တစ်ခု၏ Shear Stress Equation
အားတွက်ထုတ်ခြင်း
8.3. Twisting Angle in a Round Shaft
8.4. Stress Concentration in Torsion
8.5. Calculating the Maximum Shear Stress

Machine များတွင် Power Transmission ပြုလုပ်သောအခါ (drive shaft တစ်ခုကနေ အခြားသော driven shaft များကို မောင်းနှင်ခြင်း) သို့မဟုတ် dynamic load တစ်ခုကို support လုပ်သောအခါ (မော်တော်ကားများတွင် အသုံးပြုသော torsion bar) shaft ချောင်းများတွင် Trosion များ ဖြစ်ပေါ်လာပါသည်။

Round shaft တစ်ချောင်းကို Torque (T) သက်ရောက်လိုက်သောအခါ ၎င်း shaft ချောင်းသည် twisting ဖြစ်သွားပြီး twist angle တစ်ခုဖြစ်ပေါ်လာပါသည်။ Twisting ဆိုတဲ့အဓိပ္ပာယ်ကတော့ material သည် deforming ဖြစ်သွားတယ် ၊ တနည်းအားဖြင့် လိမ်သွားတယ်လို့ ဆိုလိုပါသည်။ ဒါ့ကြောင့် material တွင် strain လို့ခေါ်တဲ့ ရှည်ထွက်ခြင်း ၊ ကျုံ့သွားခြင်း များဖြစ်ပေါ်လာပါသည်။ Maximum strain သည် စက်ဝိုင်း၏ အပြင်ဘက်ဆုံး မျက်နှာပြင်တွင်ဖြစ်ပေါ်ပြီး ၊ strain တန်ဖိုး zero သည် shaft ချောင်း၏ အလယ်ဗဟိုတွင် ဖြစ်ပေါ်ပါသည်။

Shaft တစ်ချောင်းသည် ၎င်း၏အလျားတစ်လျောက် diameter တူညီခဲ့လျှင် maximum shear stress သည် shaft ချောင်း၏ မျက်နှာပြင်ပေါ်တွင်ဖြစ်ပေါ်ပါသည်။ သို့သော် စက်ပစ္စည်းများအများစု နှင့် အင်ဂျင်များတွင် shaft ချောင်းများသည် မတူညီသော diameter များရှိပါသည်။ ဥပမာ - မော်တော်ကား axle shaft ၊ အင်ဂျင်များတွင် inlet valves များ နှင့် exhaust valves များကို တွန်းဖွင့်ပေးသော camshafts များ စသည်တို့ ဖြစ်ပါသည်။ ရုတ်တရက် diameter ပြောင်းလဲခြင်းသည် stress concentration ကို ဖြစ်ပေါ် စေပါသည်။ Maximum stress သည် ပိုသေးသော diameter ၏ fillet လုပ်ထားသောအပိုင်းတွင် ဖြစ်ပေါ် ပါသည်။

ချစ်ခင်လေးစားစွာဖြင့်
မျိုးမင်းညွန့်

စာအုပ်နှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=3683085115236354&id=100006047056946&mibextid=Nif5oz

20/03/2025
18/03/2025

Leaf Spring Suspension အလုပ်လုပ်ပုံ

ယခု Video မှာတော့ ကား၏ အနောက်ဘီး Suspension System တွင် အများဆုံးတွေ့ရသော Leaf Spring (လေး) အကြောင်းကို ရှင်းပြထားပါတယ်။

Leaf Spring ကို သံမဏိပြား (Steel Layers) အရွယ်အစားမျိုးစုံအား အပေါ်အောက် တစ်ခုနှင့်တစ်ခု ထပ်၍ ပြုလုပ်ထားပြီး အခြေခံအကျဆုံး Suspension အမျိုးအစားဖြစ်ပါသည်။ Steel Layers များကို Rectangular ပုံစံ ဖြတ်ထုတ်၍ Metal Clamps များဖြင့် ခိုင်မြဲစွာ တွဲဆက်ထားပါသည်။

Leaf Spring အများစုကို Spring Steel (Spring ပြုလုပ်ရာတွင် အသုံးပြုသော သံမဏိ) ဖြင့် ပြုလုပ်ထားပြီး၊ ဘဲဥပုံသဏ္ဍာန် (Elliptical Shape) ထုတ်လုပ်ပါသည်။ ဒါ့ကြောင့် Leaf Spring ၏ အစွန်းနှစ်ဘက်သို့ ဖိအားသက်ရောက်သည့်အခါ ကွေးညွှတ်နိုင်စွမ်းရှိပြီး Damping Process မှတစ်ဆင့် မူလပုံစံသို့ ပြန်လည်ရောက်ရှိပါသည်။

Coil Springs, Shock Absorbers များနှင့် နှိုင်းယှဉ်ပါက Leaf Spring သည် ဒီဇိုင်းရိုးရှင်းပြီး ထုတ်လုပ်မှုစရိတ် နည်းပါသည်။ Leaf Spring စနစ်သည် ဆယ်စုနှစ်များစွာ ယုံကြည်စိတ်ချရသော Suspension System တစ်ခုအဖြစ် အသုံးပြုခဲ့ပြီး ပုံမှန်အားဖြင့် ကားအများစုတွင် နောက်ဘီး၏ Dependent Rear Suspension အဖြစ် အသုံးပြုလေ့ရှိသည်။ ယခုအခါ Leaf Spring အသုံးပြုမှုသည် သိသိသာသာ လျော့နည်းလာသော်လည်း အကြီးစား စက်မှုလုပ်ငန်းများနှင့် ကုန်တင်ယာဉ်များတွင် ဆက်လက်အသုံးပြုနေဆဲ ဖြစ်သည်။

This video was created by “Animated Engineering Studio”

Translated by Myo Min Nyunt
for Education Purpose.



Moment of Inertia  “Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်ထဲမှ Chapter (7) – Moment of Inertia ဖြစ်ပါသည်။   ...
17/03/2025

Moment of Inertia

“Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်ထဲမှ Chapter (7) – Moment of Inertia ဖြစ်ပါသည်။

7.1. Dimensions and Area
7.2. Centroid and Centroidal Axes
7.3. Moment of Inertia of a Rectangle
7.4. Compound Shape Cross-section Beam
7.5. Hollow Beams Sharing a Centroidal Axis
7.6. Compound Beams with Different Neutral Axes
7.7. Shortcuts
7.8. Hot-rolled Production Method ဖြင့် W-beam များ ထုတ်လုပ်ခြင်း
7.9. Production of Complex Profile with Extrusion Method

ချစ်ခင်လေးစားစွာဖြင့်
မျိုးမင်းညွန့်

စာအုပ်နှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=3683085115236354&id=100006047056946&mibextid=Nif5oz

14/03/2025

Shock Absorber အလုပ်လုပ်ပုံ

ယခု Video မှာတော့ ကား၏ အရှေ့ဘီး Suspension System တွင် အများဆုံးတွေ့ရသော Strut typed အမျိုးအစား Shock Absorber အကြောင်းကို ရှင်းပြထားပါတယ်။

ကားတစ်စီး၏ စွမ်းဆောင်ရည်ကို ပြောသောအခါ လူအများစုသည် မြင်းကောင်ရေအား (Horsepower) သို့မဟုတ် အင်ဂျင်၏ Cubic Capacity ကို စဉ်းစားလေ့ရှိပါသည်။ သို့သော် ကောင်းမွန်သော Suspension စနစ်ဖြင့် မထိန်းချုပ်နိုင်ပါက Power Train သို့ ပေးပို့သော စွမ်းအင်အားလုံးသည် အလဟဿ ဖြစ်သွားနိုင်ပါသည်။

Shock Absorber ကို Damper လို့လည်း ခေါ်လို့ရပြီး Suspension System တွင် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်ပါသည်။ ၎င်းသည် ကားစီးရာတွင် သက်တောင့်သက်သာဖြစ်အောင် ပြုလုပ်ပေးရုံသာမက လမ်းမျက်နှာပြင်နှင့် ကားတာယာ၏ ထိတွေ့မှုကို ပိုမိုကောင်းမွန်စေပြီး၊ ကားမောင်းနှင်ရာတွင် တည်ငြိမ်မှုနှင့် Steering Handling စွမ်းရည်ကို မြှင့်တင်ပေးပါသည်။

နည်းပညာပိုင်းအရ Shock Absorber သည် Hydraulic Pump တစ်ခုသာဖြစ်ပြီး၊ Suspension System ၏ Kinetic Energy (ရွေ့လျားမှုစွမ်းအင်) ကို စုပ်ယူကာ၊ အပူအဖြစ် လေထုထဲသို့ စွန့်ထုတ်ပေးပါသည်။ ကားအများစုတွင် တွေ့ရသော Shock Absorber များသည် Strut typed (သို့) သမားရိုးကျ Telescopic Type အမျိုးအစား ဖြစ်နိုင်ပါသည်။ သို့သော် ၎င်းတို့၏ အလုပ်လုပ်ဆောင်ပုံများမှာ အတူတူပင် ဖြစ်သည်။

This video was created by “Auto Tech Labs”

Translated by Myo Min Nyunt
for Education Purpose.



Pressure Vessels          ကျွန်တော် ရေးသားထားသော   “Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်ထဲမှ Chapter (6) ဖ...
12/03/2025

Pressure Vessels

ကျွန်တော် ရေးသားထားသော “Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်ထဲမှ Chapter (6) ဖြစ်ပါသည်။

6.1. Thin-walled Pressure Vessels
6.2. Hoop Stress in the Pipe Circumference
6.3. Longitudinal Stress (or) Stress along the Pipe

Pressure Vessel ဆိုတာကတော့ ဖိအားရှိနေသော Fluid တွေကို ထည့်ထားလို့ရတဲ့ Container (ဘူး၊ ပုလင်း၊ အိုး) တစ်ခုဖြစ်ပါသည်။ Fluid ဆိုတာကတော့ - ထည့်လိုက်တဲ့ Container ရဲ့ပုံစံအတိုင်း ရှိနေနိုင်ပြီး Liquid နှင့် Gas များကို ကိုဆိုလိုပါသည်။ ဥပမာ - Carbonated Beverage Bottles (ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ဖြည့်သွင်းထားသော အအေးပုလင်း၊ ယမကာ ပုလင်းများ) နှင့် Propane Tanks (Gas အိုးများ၊ ဓာတ်ငွေ့သိုလှောင်သော Tank များ) စသည်တို့ဖြစ်ပါသည်။

ချစ်ခင်လေးစားစွာဖြင့်
မျိုးမင်းညွန့်

စာအုပ်နှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=3683085115236354&id=100006047056946&mibextid=Nif5oz

Thermal Expansion and Thermal Stress       “Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်ထဲမှ Chapter (5) ဖြစ်ပါသည်...
10/03/2025

Thermal Expansion and Thermal Stress

“Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်ထဲမှ Chapter (5) ဖြစ်ပါသည်။

5.1. Thermal Expansion (သို့) Thermal Deflection
5.2. Thermal Deflection of the Different Beams
5.3. Thermal Stress

သံမဏိ၊ သစ်သား ၊ ကွန်ကရစ် စသည်တို့ကို အပူပေးသောအခါ Expansion (ပွခြင်း) ဖြစ်လာပါသည်။ ထို့အတူ အအေးခံသောအခါ Shrinkage (ကျုံ့ခြင်း) ဖြစ်ပေါ်ပါသည်။ Material အများစုအတွက် Temperature ပြောင်းလဲမှု နှင့် Strain (ရှည်ထွက်ခြင်း) ကြားဆက်နွယ်မှုကို Graph ဆွဲသောအခါ Straight Line ကိုရရှိပါသည်။ ဆိုလိုသည်မှာ Temperature များလေလေ Strain များလေလေဖြစ်ပါသည်။ ရရှိလာသော Straight Line ၏ Slope တန်ဖိုးကို “Thermal Expansion Coefficient” လို့ ခေါ်ပါတယ်။

Material တစ်ခု၏ အပူချိန်ပြောင်းလဲတဲ့အခါ ကျုံ့ခြင်း၊ ပွခြင်း (Contracting Or Expanding) ဖြစ်ခြင်းကို ကန့်သတ်ဟန့်တား (Restrain) ထားသောအခါ ၎င်း Material အတွင်း Thermal Stress တွေကို ဖြစ်ပေါ်စေပါသည်။

ချစ်ခင်လေးစားစွာဖြင့်
မျိုးမင်းညွန့်

စာအုပ်နှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=3683085115236354&id=100006047056946&mibextid=Nif5oz

Poisson’s Ratio and Strain         “Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်မှ Chapter (4) ဖြစ်ပါသည်။         ...
05/03/2025

Poisson’s Ratio and Strain

“Strength of Materials ၏ အခြေခံသဘောတရားများ” စာအုပ်မှ Chapter (4) ဖြစ်ပါသည်။

4.1. Poisson’s Ratio
4.2. Strains in x,y,z directions

ရော်ဘာချောင်းတစ်ခုကို ဆွဲ့ဆန့်လိုက်သောအခါ အလျားရှည်လာတာနှင့်အမျှ ရော်ဘာချောင်းသည် တဖြည်းဖြည်း သေးသွယ်လာတာကို တွေ့နိုင်ပါသည်။ သတ္တုများ၊ ပလတ်စတစ်များ၊ ကွန်ကရစ်များ နှင့် အခြားသော material များတွင်လည်း ဆွဲဆန့်လိုက်သောအခါ သေးသွယ်သွားခြင်း၊ ကျုံ့သွားခြင်း ဖြစ်ပေါ်ပါသည်။ Load တစ်ခုသက်ရောက်လိုက်သောအခါ material ၏ thickness ဘယ်လောက် ပြောင်းလဲသွားလဲဆိုတာကို ကြိုတင်ခန့်မှန်းခြင်းကို Poisson’s Ratio လို့ခေါ်ပါသည်။

Poisson’s Ratio သည် သတ္တုချောင်းတစ်ချောင်းတွင် အလျားလိုက်ရှည်ထွက်ခြင်း (axial strain) နှင့် ကန့်လန့်ဖြတ်အတိုင်း ရှည်ထွက်ခြင်း (transverse strain) တို့နှင့် သက်ဆိုင်ပါသည်။

ချစ်ခင်လေးစားစွာဖြင့်
မျိုးမင်းညွန့်

စာအုပ်နှင့် ပတ်သက်သော အကြောင်းအရာ အချက်အလက်များကို အောက်ပါ Link မှတစ်ဆင့် ဝင်ရောက်လေ့လာ နိုင်ပါသည်။

https://m.facebook.com/story.php?story_fbid=3683085115236354&id=100006047056946&mibextid=Nif5oz

Address

Hin Thar Gone Streer
Bago

Website

Alerts

Be the first to know and let us send you an email when Myo Min Nyunt - Mechanical and Marine Engineer posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Min Nyunt - Mechanical and Marine Engineer:

Share