Myo Hein Htet Construction Co.,Ltd

Myo Hein Htet Construction Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Myo Hein Htet Construction Co.,Ltd, Construction Company, Bago.

 #မြေဧကတွက်နည်း ------------------------------မြေဧက ကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ခ...
06/08/2022

#မြေဧကတွက်နည်း
------------------------------

မြေဧက ကို ဘယ်လိုတွက်ရသလဲ ခဏခဏ မေးလာလို့ အတတ်နိုင်ဆုံး ရှင်းလင်းအောင် တွက်ချက်နည်းကို ဖော်ပြလိုက်ပါတယ်။ မိမိမြေကွက်၏ ပုံသဏ္ဍန်ကိုကြည့်၍ ဧက တွက်နိုင်ပါသည်။

၁။ လေးနားညီ စတုရန်းပုံစံ ဖြစ်ပါက

၂၀၈.၇၁' × ၂၀၈.၇၁' = ၄၃၅၅၉.၈၆ = ၁ ဧက

ဥပမာ ~~~~

၁၀၀ ပေ ပတ်လည်အကွက် ဖြစ်လျင်

၁၀၀' × ၁၀၀' ÷ ၄၃၅၆၀=၀. ၂၂၉ ဧက

၂။ နှစ်နားညီ စတုဂံပုံစံ ဖြစ်လျှင်

(လ x န)' ÷ ၄၃၅၆၀ = __ဧက

ဥပမာ ~~~~

(၄၀'×၆၀')÷၄၃၅၆၀ = ၀.၀၅၅ ဧက

(၆၀'×၈၀')÷၄၃၅၆၀ = ၀.၁၁ ဧက

(၆၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၃၇ ဧက

(၈၀'×၁၀၀')÷၄၃၅၆၀ = ၀.၁၈၃၆ ဧက

(၁၀၀'×၁၀၀')÷၄၃၅၆၀ = ၀. ၂၂၉ ဧက

၃။ နှစ်နားပြိုင် တြာဗီဇီယံပုံစံ ဖြစ်ပါက

ပြိုင်နားနှစ်ခုပေါင်း ÷ ၂ x နံ ÷ ၄၃၅၆၀ = ဧက

ဥပမာ ~~~~

[{(၅၀+၈၀)÷၂}×၆၀]÷၄၃၅၆၀ = ၀.၀၈၉ ဧက

၄။ တြိဂံပုံစံဖြစ်လျင်
၅ x အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက

½ အခြေ x အမြင့် ÷ ၄၃၅၆၀ = ဧက

ဥပမာ ~~~~
၅ × ၁၀၀' × ၅၀' ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၅။ ထောင့်မှန် တြိဂံပုံစံဖြစ်လျှင်

အခြေ x အမြင့် = ရလာဒ် ÷ ၂ ÷ ၄၃၅၆၀

ဥပမာ ~~~~

၁၀၀' × ၅၀' = ၅၀၀၀'

၅၀၀၀ ÷ ၂ ÷ ၄၃၅၆၀ = ၀.၀၅၇ ဧက

၆။ စက်ဝိုင်းပုံစံဖြစ်လျှင်

အချင်းဝက် x အချင်းဝက် x ပိုင်ကိန်း ÷ ၄၃၅၆၀ = ဧက ဖြစ်သည်။ ထို့ကြောင့်

အချင်း x အချင်း x .၇၈၅၄ ÷ ၄၃၅၆၀ = ဧက (ပုံသေမြှောက်ကိန်း .၇၈၅၄)

(.၇၈၅၄ သည် ပိုင်ကိန်း ၃.၁၄၁၆ ကို အနားလေးဖက် ၄ နှင့်စားပြီး စတုရန်းကွက်ဖေါ်ခြင်းဖြစ်သည်)

ဥပမာ ~~~~

၅၀' × ၅၀' × .၇၈၅၄ ÷ ၄၃၅၆၀ = ၀.၀၄၅ ဧက

၇။ အနား ၅ မျက်နှာ ၆ မျက်နှာနှင့် အနားများစွာပါသော ပုံစံဖြစ်လျှင် စတုဂံ စတုရန်း တြိဂံစသည် အကွက်စိပ်ပြီးတွက်၊ ရလာဒ်အားလုံးကိုပေါင်း၍ ၄၃၅၆၀ ဖြင့်စား။

၁ ဧက = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါသည်။

အညွှန်း....

လ = အလျား

န= အနံ

' = ပေ

Address

Bago

Website

Alerts

Be the first to know and let us send you an email when Myo Hein Htet Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myo Hein Htet Construction Co.,Ltd:

Share