TRI EC Myanmar Construction & Decoration

TRI EC Myanmar Construction & Decoration သင့် အနာဂတ်ရဲ့ အိမ်လေးတွေ ပြီးပြည်စုံဖို့ TRI EC နဲ့လက်တွဲစို့

မီးခဏခဏပျက်နေလို့အိမ်မှာ solar တပ်ဆင်တော့မည် ဆိုပါစို့ ။ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပ...
07/05/2024

မီးခဏခဏပျက်နေလို့အိမ်မှာ solar
တပ်ဆင်တော့မည် ဆိုပါစို့ ။

ဒီနေရာမှာ အထူးသတိရှိဖို့က Solar စနစ်ကို အထူးပြုသုံးမှာလား ။ မီးပျက်သည့်အခါပဲ သုံးမှာလား။ လျှပ်စစ်မီတာ ချွေတာရေးအတွက် သုံးမှာလား ။

ဘာပဲဖြစ်ဖြစ် solar စနစ်တပ်ဆင်ပြီးဆိုရင်တော့ မီတာခ သက်သာရအောင် Solar စနစ်ကိုပဲ အထူးပြုသုံးမယ်လို့ ရည်ရွယ်တာဖြစ်နိုင်တာလဲရှိမယ် ။

ဘာလို့ဒါကို အဓိကထားပြောနေရလဲ သုံးမည့် load နှင့် သုံးမည့် နာရီကြာချိန်သည် တိုက်ရိုက်ပတ်သက်နေလို့ပဲ ဖြစ်ပါတယ် ။ ကုန်ကျစာရိတ်ကလည်း တိုက်ရိုက်ကို ထူးစွာကွာသွားမှာဖြစ်ပါတယ် ။စနစ်တွေလည်း ကွာသွားပါမယ် ။

လျှပ်စစ်၏ သဘောသဘာဝက သူ့ရှိနေသည့်အတိုင်း တိုက်ရိုက်သုံးရင် ကုန်ကျစာရိတ်သက်သာနေပြီး ထိန်းသိမ်း storage လုပ်မည့်ဆိုရင်တော့ ကုန်ကျစရိတ်က လာပါပြီ ။

ကဲလေ့လာကြည့်ရအောင်ပါ။
သာမာန်အိမ်တစ်အိမ်ဖြစ်လို့ စုစုပေါင်း ၆၀၀၀ Watts (၆ KW) ရှိမယ် ။

ဒီနေရာမှာ ထပ်အရေးကြီးတာက လျှပ်စစ်ပစ္စည်းတိုင်း
တစ်ခုချင်းဆီ၏ အသုံးပြုမည့် ကြာချိန်နာရီကို သိဖို့လိုအပ်ပါတယ် ။ဥပမာ - အဲကွန်း ၁ ကောင်တစ်လုံးသုံးမယ် ဘယ်နှစ်နာရီသုံးနိုင်တယ် ။ မီးဖိုချောင် ထမင်း ဟင်းချက်တာ လျှပ်စစ် ဘယ်နှစ်နာရီသုံးနိုင်ခြေရှိတယ် စသည်များပေါ့ ။

(အသေးစိတ် အကြမ်း ရေးထားတာနော်

(1)Air con - 1.5 * 746 = 1119 * 1.5 = 1700 watts
Air con 1700 watts * 10 hr = 17000 watts
(2)မီးဖိုချောင် 2200 watts x 2.5hr = 5500 watts
(3)မီးသီး ၄ လုံး x 15 w x 8 hr = 160 watts
(4)Socket - 50 watts x 2 he = 100 watts
(5)ရခေဲသတ်ေတာ 75 watts x 24 hr = 1800 watts
(6)ရေတင်စက်-၁ ကောင်- 2 လုံး x 746 x 1.5hr x 1.5 = 3357 watts
(7)အထွေထွေ - 2000 watts per day
စုစုပေါင်း - 29917 ~30000 watts per day
တစ်ရက်လုံး အသုံးပြုခြင်းသည် - 30 k Watts ဖြစ်မည်။)

ခုတော့ စုစုပေါင်း ၆ K-Watts ကို တစ်နေကုန်လုံးမှာ ၅ နာရီ သုံးနိင်ခြေရှိသည်ဟု တွက်သွားပါမယ် ။အသေးစိတ် တွက်ထားတာလဲ အပေါ်မှာပြပေးထားတယ် ။

ရွေးချယ်သည့်အခါ သိသင့်သည့် solar
စနစ်တွေကိုတော့ အပိုင်း (၃)ပိုင်းတွေ့ရပါမယ်
(၁) on-grid system (grid-tied system)
(၂) grid-tied with battery backup system
(၃) off grid system

(၁)On grid system ဆိုတာက ရိုးရိုးရှင်းရှင်းပဲပြောရရင် နေ့လည်ပိုင်း solar ကနေ ပါဝါရနေချိန် solar ကနေ တိုက်ရိုက် မီးကို ယူသုံးမယ် ။ မရသည့်အချိန် EPC က မီးလာသည်ကိုပဲ ယူသုံးမယ် ။ တစ်ခုအရေးကြီးတာက ဒီနေရာမှာ EPC ကမီးလာမှလည်း သုံးလို့ရမှာဖြစ်ပြီး EPC မီးပျက်ရင် အလိုအလျောက် စနစ်လည်း သုံးမရပါဘူး ဒါကြောင့် on-grid ဟုခေါ်ပါသည် ။မီတာခ သက်သာရအောင် အစားထိုးသုံးသည့် အထူးစနစ်ဖြစ်ပါတယ် ။ (ဥပမာ - ရေတင်တာတို့ ၊ မော်တာတို့ ၊ စက်ရုံတို့လိုနေရာမျိုး တွေ သင့်တော်ပါတယ် ။)

(၂) grid-tied with battery backup system
ဆိုတာက solar ကနေ ပါဝါရနေသည့်အချိန် အားသွင်းထားမယ် ။ ပြီးရင် inverter ကနေ AC ထုတ်သုံးပါမယ် ။ ဒီနေရာမှာ လိုချင်သည့် grid ကလည်း battery backup ကနေ ပြန်ရနေမှာဖြစ်လို့ EPC မီးပျက်လည်း သုံးနေနိုင်မှာဖြစ်ပါတယ် ။grid-tied လို့ပြောသည့်အခါ
DC coupling နှင့် AC coupling ဆိုပြီး နှစ်မျိုးတွေ့ရမှာဖြစ်ပါတယ် ။ ပုံမှန်အသေးစားအတွက် DC coupling system က budget အဆင်ပြေစေမှာဖြစ်ပြီး load ကြီးများလာလေ AC coupling ကပိုပြီး အဆင်ပြေစေမှာဖြစ်ပါတယ် ။ ဒီနေရာမှာ ခုခေတ်စားနေသည့် Hybrid system ဆိုတာသည် DC coupling စနစ်လို့ ပြောနိုင်ပါမယ် ။hybrid inverter ထဲမှာ controller နှင့် battery inverter ပေါင်းစပ်ထည့်ထားတာဖြစ်ပါတယ် ။ ပြောချင်တာက inverter ကနေ ဖြတ်ပြီ battery ဆီကို DC အနေနဲ့ဝင်တယ် ပြီးရင် battery မှ inverter ဆီ ချိတ်ထားတယ် AC output ထွက်မယ် ။ပုံမှာလည်း လေ့လာကြည့်ပါ ။

(၃) Off grid system
ဒီစနစ်သည် grid tied စနစ်၏ သဘောသဘာဝအတိုင်းပဲဖြစ်ပါတယ် ။off grid ဟုခေါ်ဆိုခြင်း အဓိကအကြောင်းရင်းက electrical main supply ဖြစ်သည့် EPC မီးကို မချိတ်ထားတော့ခြင်းပဲ ဖြစ်ပါတယ် ။ပြောချင်တာက မီးလုံးဝမရသည့်နေရာတွေ ၊ ရသလိုလိုနဲ့ မီးမရပါဘူး ပြောရမည့်နေရာတွေမှာ သုံးပါတယ် ။ပြီးရင်တော့ Generator မီးစက်တို့နှင့် ချိတ်ဆက်ထားတာမျိုးပါ ဒါကို စနစ်လိုခေါ်တော့ Grid tied with generator ပေါ့ ။

စနစ်အကြောင်း တီးခေါက်မိပြီဆိုရင် အခြေခံ တွက်ချက်မှုလေး စမယ်နော် ။

🏘️အချက်(၁) solar panels အရေအတွက် ( slope - 15-20’)
🏘️အချက်(၂) inverter size
🏘️အချက် (၃) Battery size
🏘️အချက် (၄) controller size
🏘️အချက် (၅) Main cable size

အချက် (၁) Solar panel တွက်ပြီဆိုရင်
သူ၏ ဆိုဒ်က တစ်နေကုန် အသုံးကို အလုံးအရင်း အားရှိအောင် ဖန်တီးရမှာပါ ။

အိမ်သုံးအနေနဲ့ ၆ KiloWatts
စုပေါင်း တစ်နေကုန်အသုံးသည် ၃၀ Kilowatts ဖြစ်တယ် ။အထက်မှာ ဖော်ပြခဲ့ပြီးနော် ။

Solar panel - 550 watts တစ်ချက်မှာ တနေ့အားအဝင် ဘယ်လောက်ရှိမလဲ ကြည့်ရအောင်

တစ်နေ့ကုန် နေ၏ အပူကို ရယူနိုင်မည့် ကြာချိန်သည်
မနက် ၁၀ နာရီမှ - မွန်လွဲ ၃ နာရီထိဟုသတ်မှတ်ရင်
၅ နာရီရပါမယ် ။

ဒါကြောင့် - ၅၅၀ x ၅ နာရီ = ၂၇၅၀ watts
Mono type ကိုသုံးမည်မို့ ၈၀% အသာတင်ရမည်ဆိုလျှင် ၊ ၂၇၅၀ x ၀.၈ = ၂၂၀၀ watts ရပါမယ်

တစ်နေကုန် အလုံးအရင်းသုံးနိုင်ခြေ ၃၀၀၀၀ watts
= ၃၀၀၀၀ / ၂၂၀၀ = ၁၃.၆ ~ ၁၄ ချပ် သုံးရပါမည် ။
(အမြန်နည်းဆိုရင် - AC- DC အချိုးလေးက ၁.၂ ပါ
ဒါ့ကြောင့် ၆၀၀၀ x ၁.၂ = ၇၂၀၀ watts , ၅၅၀ solar panel -13 ချပ် )

လက်ရှိ မြန်မာပြည်မှာ သုံးနေကြတာများတာက စုစုပေါင်း load ၏ ၃ နာရရီ ပျမ်းမျှ ယူတွက်လေ့ရှိပါတယ် ။ ကျနော်က ၅ နာရီအသုံး တွက်ပြထားပါတယ် ။
အသေးစိတ် အပေါ်မှာ ပြသလိုတွက်ထားရင် ပိုကောင်းပါတယ် အကောင်းဆုံးပါ ။
အပိုင်း(၁) ပြီး၏

Credit - Ko Myat Min Soe

02/05/2024
🏠18'×40' RCC 1ထပ်ခွဲ အိမ်ရှင်ထံအပ်နှံ➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့်  သင့်တင့်...
01/05/2024

🏠18'×40' RCC 1ထပ်ခွဲ အိမ်ရှင်ထံအပ်နှံ

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

1 ထပ်ခွဲ RCC လေး ယခုအပတ်အတွင်း အိမ်ရှင်ထံ အပ်နိုင်ရန် အမြန်ဆုံး ကြိုးစားပြင်ဆင်
09/04/2024

1 ထပ်ခွဲ RCC လေး ယခုအပတ်အတွင်း အိမ်ရှင်ထံ အပ်နိုင်ရန် အမြန်ဆုံး ကြိုးစားပြင်ဆင်

ဘေဘီလေးရဲ့ အခန်းငယ် ဘယ်လိုပြင်ဆင်မယ် 👶👶👶မိခင်လောင်းဖြစ်လာပြီဆို အမြဲစိတ်ထဲတွေးမြင်မိတာက ကလေးငယ်လေးကို ဘယ်လိုအခန်းမှာထားမ...
26/03/2024

ဘေဘီလေးရဲ့ အခန်းငယ် ဘယ်လိုပြင်ဆင်မယ် 👶👶👶

မိခင်လောင်းဖြစ်လာပြီဆို အမြဲစိတ်ထဲတွေးမြင်မိတာက ကလေးငယ်လေးကို ဘယ်လိုအခန်းမှာထားမလဲဆိုတာကိုပါ။ မွေးလာမယ့် ဘေဘီလေးအတွက်အခန်းလေးကော အသင့်ဖြစ်နေပြီလား အခန်းငယ်လေးကို ချစ်စဖွယ်ဘယ်လိုပြင်ဆင်နိုင်မလဲ အချက်ကလေးတွေကို ဒီကနေ့ တင်ဆက်ပေးလိုက်ပါတယ် ‌ဘေဘီလေးအတွက် အခန်းငယ်လေးကို ကြိုးစားပြင်ဆင်ကြည့်ရအောင်နော်။

၁။ အရုပ်လေးများဖြင့် ပုခက်အပေါ်မှာ အလှဆင်ပါ။

ဘေဘီလေးရဲ့ ပုခက်ပေါ်တွင် အရုပ်လေးများတွဲလောင်းချထားလိုက်ပါ ။ နူးညံ့တဲ့ မွေ့ယာလေးထက်မှာ အေးချမ်းပျော်ရွှင်နေတဲ့ ဘေဘီလေးက ချစ်စဖွယ်ကောင်းနေတာပေါ့။

၂။ အရုပ်ပုံလေးများကို ဘေးနံရံများမှာကပ်ထားပြီး အလှဆင်ပါ။

လက်တစ်ဆုပ်စာ အရုပ်ငယ်လေးတွေကို နံရံနေရာ ကွက်လပ်လေးတွေမှာထားပေးလိုက်ပါ။ ကိုယ်တိုင်အလှဆင်ထားတဲ့ အရုပ်ငယ်လေးတွေရှိရင်လည်း အလှဆင်နိုင်ပါတယ်။

အခန်းလေးထဲမှာ ဆေးရောင်စုံအင်္ကျီလေး‌တွေနဲ့ ဘေဘီလေးက ချစ်ဖို့ကောင်းနေပါလိမ့်မယ်။

၃။ နံရံလေးတွေကို ဆေးရောင်းလှလှလေးတွေခြယ်ပြီးအလှဆင်ပါ။

ဘေဘီလေးရဲ့ အခန်းနံရံလေးတွေမှာ လှပတဲ့ဆေးရောင်စုံခြယ် ပေးလိုက်ပါ။

မတူညီတဲ့ အရောင်လေးနဲ့ အခန်းလေးကို ချစ်စဖွယ် ပြင်ဆင်ထားလိုက်တော့ စိတ်ထဲကြည်နူးစဖွယ်ဖြစ်နေတာပေါ့။

၄။ နေရောင်ခြည်ကို ကာကွယ်ပေးနိုင်ဖို့ အကောင်းဆုံးပြင်ဆင်လိုက်ပါ။

ဘေဘီလေးကောင်းစွာ အိပ်စက်အနားယူနိုင်ဖို့ နေရောင်ခြည်ကို ကာကွယ်နိုင်ဖို့ ကန့်လန့်ကာလေးကို နှစ်ခုထက်ပြီးပြင်ဆင်ထားလိုက်ပါ။ လှပတဲ့အရောင်လေးတွေနဲ့ဖန်းတီးလိုက်ပါ။

၅။ အခန်းလေးကိုအစိမ်းရောင်လေးနဲ့ စိတ်ကိုကြည်လင်အောင် ဖန်တီးလိုက်ပါ။

ကလေးငယ်လေးရဲ့ အခန်းထောင့်နားလေးမှာ သစ်ပင်အစိမ်ရောင်လေးတွေက သဘာဝအတိုင်းအရောင်အသွေးစုံလင်စွာနဲ့ မြင်ကွင်းလေးကကြည်လင်စေပါတယ်။

သမီးငယ်လေး က မြေပြင်ပေါ်မှာ ရံဖန်ရံခါဆော့ကစားချင်တယ်ဆိုရင် ထိခိုက်မှုမရှိအောင် ပျော့ပျောင်းပြီး အရောင်အသွေးစုံလင်တဲ့ ကော်ဇောလေးကိုရွေးချယ်လိုက်ပါ။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

အိမ်တစ်လုံးရဲ့ First Impression ဖြစ်တဲ့ Front Door Design လေးတွေပါသင်ဆိုရင်ရော ဘယ်လို တံခါးမကြီးမျိုးကို သဘောကျပါသလဲ???➖...
22/03/2024

အိမ်တစ်လုံးရဲ့ First Impression ဖြစ်တဲ့ Front Door Design လေးတွေပါ

သင်ဆိုရင်ရော ဘယ်လို တံခါးမကြီးမျိုးကို သဘောကျပါသလဲ???

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?တစ်နေ့ကျရင် ကိုယ်ပိုင်နေအိမ်လေးတစ်လုံး ပိုင်ဆိုင်ကြရမယ်။ အဲဒီ အိမ်လေးမှာ ဘယ...
18/03/2024

ဘဝရဲ့ ပထမဆုံးနေအိမ်လေးကို ဘယ်လိုပြင်ဆင်ကြမလဲ?

တစ်နေ့ကျရင် ကိုယ်ပိုင်နေအိမ်လေးတစ်လုံး ပိုင်ဆိုင်ကြရမယ်။ အဲဒီ အိမ်လေးမှာ ဘယ်လိုအခန်းလေး တွေဖွဲ့မယ်။ ဘယ်လိုလေးဆောက်မယ်။ ဘာလေးတွေ ထည့်မယ်ဆိုတဲ့ စိတ်ကူးယဉ်အိပ်မက်လေးတစ်ခုစီတော့ လူတိုင်းမှာရှိကြပါလိမ့်မယ်။ ဘွဲ့ရအလုပ်လုပ်ပြီး စုဆောင်းထားတဲ့ ငွေကြေးလေးတွေနဲ့ ကိုယ်ပိုင်အိမ်လေး တစ်လုံး ဝယ်နိုင်ခဲ့ပြီလား ဒါမှမဟုတ် အရွယ်ရောက်ပြီးသူတစ်ယောက် ဖြစ်တာမို့လို့ ကိုယ်ပိုင်အိမ်လေးတစ်လုံး ဝယ်နိုင်တဲ့ အနေအထားကို ရောက်ခဲ့ပြီလား။

ဘဝရဲ့ ပထမဆုံး ပိုင်ဆိုင်ခွင့်ရတဲ့ နေအိမ်လေးတစ်လုံးရှိလို့ စိတ်ကူးလေးတွေ အကောင်အထည်ဖော်ကြတော့မလား။ စတဲ့မေးခွန်းလေးတွေနဲ့ အဖြေလေးတွေအတွက် အခု ဖော်ပြပေးမယ့် ဆောင်းပါးလေးမှာ ပထမဆုံးကိုယ်ပိုင် အိမ်လေးကိုဘယ်လိုလေးပြင်ဆင်ကြမလဲဆိုတဲ့ နည်းလမ်းကောင်းလေးတွေ ဖော်ပြပေးချင်ပါတယ်။

၁. နံရံကပ်လေးတွေနဲ့ စတင်ပါ

အကယ်၍ သင်ဝယ်လိုက်တဲ့ အိမ်ခန်းက လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကြာကတည်းက နေရာတစ်ခုဖြစ်နေခဲ့မယ်ဆို ရင်တော့ သင့်စိတ်ကြိုက် ပြင်ဆင်ဖို့ အချိန်ကျလာပါပြီ။ သင့်အိမ်အသစ်လေးရဲ့ ပထမဆုံးအလှဆင်ခြင်းကို အရောင်တွေနဲ့ စတင်နိုင်ပါတယ်။

သင့်ဧည့်ခန်းလေးကို နွေးနွေးထွေးထွေး ခံစားလို့ရအောင် အရောင်လေးတွေ ထည့်နိုင်ပါတယ်။ မတူညီတဲ့ အရောင်ကွဲလေးတွေ၊ နံရံကပ်၊ မျက်နှာကြက်၊ အခင်းလေးတွေကစလို့ ပရိဘောဂ၊ စားပွဲ၊ ကုလားထိုင် အလှဆင်ပစ္စည်းလေးတွေအဆုံး လှပတဲ့ ဧည့်ခန်းလေးဖြစ်အောင် ပြင်ဆင်လို့ရပါတယ်။

၂. ပစ္စည်းတွေနေရာချဖို့နဲ့ ပရိဘောဂရွေးချယ်မှုတွေကို ဦးစားပေးပါ။

အိမ်တွင်း ပစ္စည်းနဲ့ ပရိဘောဂတွေ ထားရှိနေရာချထားဖို့က အရေးကြီးဆုံး အချက်တစ်ခုဖြစ်ကြောင်း သတိရပါ။ အဖိုးတန်တဲ့ ရှေးဟောင်းပစ္စည်းတွေ၊ နှစ်တွေအကြာကြီး သိမ်းဆည်းလာတဲ့ အမှတ်တရပစ္စည်းတွေကို နေအိမ်ရဲ့ အကြီးကျယ်ဆုံးသော အရာတွေအဖြစ် ပြင်ဆင်ထားရှိပါ။

ဆန့်ကျင်ဘက်အနေနဲ့ မလိုအပ်တဲ့ ပစ္စည်းတွေ၊ အပျက်အစီးတွေ၊ အဟောင်းတွေကိုတော့ စွန့်ပစ်လိုက်တာ ပိုကောင်းပါတယ်။ နေရာအသစ်ကို ပြောင်းရွှေ့လာတာကြောင့် အခုအချိန်ဟာ သင်စိတ်တိုင်းအကျဆုံး နေချင်ဆုံးနေရာလေးတစ်ခုကို ဖန်တီးရမယ့် အချိန်မို့လို့ စိတ်ကူးထဲကအတိုင်း ဖန်တီးကြည့်ဖို့လည်း တိုက်တွန်းပါတယ်။ ရှုပ်ပွနေတဲ့အသွင်အပြင်မျိုးနဲ့ စိတ်ရှုပ်စေပြီး စိတ်ကို မအေးချမ်းစေတဲ့ အပြင်အဆင်မျိုး ဖန်တီးခြင်းကိုတော့ ရှောင်ပါ။

၃. အိပ်ခန်းထဲမှာလည်း အရာဝတ္တုတွေ လိုအပ်သလို ထားရှိပါ။

အမေရိကန်ပြည်ထောင်စုက အရွယ်ရောက်ပြီးသူတွေရဲ့ အိမ်မှာ သုံးပုံတစ်ပုံခန့်က အိပ်ခန်းထဲမှာ အချိန်ဖြုန်းနေတတ်ကြတယ်လို့ စာရင်းပြုစုထားပါတယ်။ ဒါကြောင့်မို့လို့ နေအိမ်အသစ်ပြောင်းရွှေ့ ပြင်ဆင်တော့မယ်ဆိုရင် ပရိဘောဂ ဝယ်ယူမယ့်စာရင်းမှာအိပ်ခန်းအသုံးအဆောင်တွေကိုလည်း ထိပ်ဆုံးက ထည့်သင့်ပါတယ်။

အိပ်ခန်းအတွက် အရေးကြီးတဲ့ ကုတင်၊ စာကြည့်စားပွဲ၊ တီဗွီစင်နဲ့ ရေခဲသေတ္တာ၊ အလှပြင်ပစ္စည်း၊ အဝတ်အစား ဘီဒို စတဲ့ အခြေခံကျတဲ့ အရာတွေထည့်သွင်းထားရှိနိုင်ပါတယ်။ အိပ်ခန်းရဲ့ အကျယ်အဝန်းပေါ် မူတည်ပြီးတော့လည်း မိမိတစ်ကိုယ်ရည်လိုအပ်တဲ့ ပစ္စည်းအသုံးအဆောင်တွေ ထည့်သွင်းနိုင်ပါတယ်။

၄. တချိန်တည်းမှာ ပြီးပြည့်စုံပြီး လှပသန့်ရှင်းသပ်ရပ်တဲ့ နေအိမ်မျိုး ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့်ထားပါနဲ့။

သင့်အတွက် ပထမဆုံးအိမ်ကို ပြောင်းလာရတာ စိတ်လှုပ်ရှားစရာကောင်းနေမှာပါ။ အရာရာတိုင်းက ပြီးပြည့်စုံလှပပြီး အံ့အားသင့်စရာတွေလည်း ကြုံကောင်းကြုံလာနိုင်ပါတယ်။ ဒါကလည်း ဖြစ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း အားလုံးအဆင်ပြေ ချောမွေ့ပြီး လှပတဲ့ အိမ်လေးတစ်လုံး တစ်ချိန်တည်းမှာ ဖြစ်လာလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက်မျိုးလည်း မထားပါနဲ့။ ဖြစ်နိုင်ပါက အိမ်ကို မဝယ်ယူခင်မှာ ရက်သတ္တပတ်အနည်းငယ်ကြာ နေထိုင်ခွင့်ရမယ်ဆိုရင် ပိုကောင်းပါတယ်။ အိမ်လေးကို ဘယ်လို ပြင်ဆင်မယ်။

အိမ်မှာနေရတဲ့ ခံစားချက် ဘယ်လိုရှိမလဲ။ အိပ်ရာနဲ့ မီးဖိုချောင် စားပွဲတွေကရော ဘယ်လိုမျိုး ပြင်ဆင်လိုက်ရင်ပိုပြီးတော့ လှပသပ်ရပ်နေမလဲ ဆိုတာတွေကို ကြိုပြီး စဉ်းစားမိပါလိမ့်မယ်။

အခုဖော်ပြပေးတဲ့ နည်းလမ်း အကြံပြုချက်လေးတွေ လိုက်နာပြီးတော့ ဘဝအတွက် ပထမဆုံး နေအိမ်ခန်း လေးကို ဘယ်လိုအလှဆုံးနဲ့ ပုံဖော်ကြမလဲဆိုတာလေးကို တွေးရင်း ပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်းပေး လိုက်ပါတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

14th March 2024 (Thursday)အမှတ် ၅၉၆ ၊ ကလျာဏီရပ်ကွက် ၊ အရှေ့မင်းလမ်း ၊ ပဲခူးမြို့တွင်နေထိုင်သော ပိုင်ရှင်အမည်ဦးကျော်စိုး၏...
14/03/2024

14th March 2024 (Thursday)

အမှတ် ၅၉၆ ၊ ကလျာဏီရပ်ကွက် ၊ အရှေ့မင်းလမ်း ၊ ပဲခူးမြို့တွင်နေထိုင်သော ပိုင်ရှင်အမည်ဦးကျော်စိုး၏ ပေ 20 x ပေ 60 ခြံဝန်းပေါ်တွင် အဆောက်အဦ ပေ 18 x ပေ 40 တစ်ထပ်ခွဲ RC ဆောက်လုပ်မှုအား ယနေ့တွင် ကြွေပြားခင်းခြင်း ၊ ဆေးသုတ်ခြင်း ၊ ဝရန်တာလက်ရန်းတပ်ခြင်းများ ပြုလုပ်သော လုပ်ငန်းပုံရိပ်လေးတွေပါ

အကြာမီအချိန်အတွင်း အိမ်ရှင်ကို အပ်နှံနိုင်တော့မှာပဲဖြစ်ပါတယ်

အဆင့်တိုင်းမှာ ကြံ့ခိုင်မှုအသားပေးကာ Quality အပြည့်ဝဆုံးပစ္စည်းများကိုသာ အသုံးပြုထားပါတယ်

အကြမ်းထည် အချောထည်နှစ်ရပ်လုံးအား ကျွန်တော်တို့ TRI EC Myanmar Construction & Decoration Co.,Ltd မှတာဝန်ယူတည်ဆောက်ပေးသွားမှာပဲဖြစ်ပါတယ်

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမ်ကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltd ကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင် အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာကအိမ်ရှင်  စိတ်ကြိုက်ထည့်လိုထားလိုတဲ့   ပုံစံဆွဲ...
12/03/2024

အိမ်ဆောက်ဖို့ ဒီဇိုင်းဆွဲတော့မယ် ဆိုရင်
အရင်ဦးစွာ အရေးအကြီးဆုံး စလုပ်ရတာက
အိမ်ရှင် စိတ်ကြိုက်ထည့်လိုထားလိုတဲ့ ပုံစံဆွဲရတာပါ

အခန်းတွေ ဘယ်လိုဖွဲ့မလဲ ?
အခန်းတွေရဲ့ အကျယ်တွေအဝန်းတွေက ဘယ်လောက်အကျယ် ထားချင်လဲ ?
ဘယ်လောက်အကျယ်အဝန်း ထားသင့်သလဲ ?

အဲဒီလိုအခြေနေ မျိုးမှာ
ထားရှိသင့် ထားရှိထိုက်တဲ့ Standard Size လေးတွေ သိထားဖို့လိုပါမယ်

#ဧည့်ခန်း
#ဟောခန်း
#ပုံဆွဲ_စာရေးစာဖတ်ခန်း တွေရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×12'~ပေ
ပုံမှန်ဆိုက် 12'×14' ~ပေ
ဆိုက်ကြီး 16'×20' ~ပေ ဖြစ်ပါတယ်

#အိပ်ခန်း
်း
်း တွေရဲ့ အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 11'×12' ~ပေ
ဆိုက်ကြီး 12'×14' ~ပေ ဖြစ်ပါတယ်

#အိမ်ရှင်မတို့အတွက်_မီးဖိုချောင် အကျယ်အဝန်းဟာ

အနည်းဆုံး 10'×7' ~ပေ
ပုံမှန်ဆိုက် 10'×10' ~ပေ
ဆိုက်ကြီး 10'×12' ~ပေ ဖြစ်ပါတယ်

#ရေချိုုးခန်းတစ်ခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'6"×4' ~ပေ
ပုံမှန်ဆိုက် 4'×5' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#အိမ်သာခန်းတခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 3'3"×3' ~ပေ
ပုံမှန်ဆိုက် 4'×4' ~ပေ ဖြစ်ပါတယ်

#ရေချိုးခန်း_အိမ်သာတွဲရက် အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ
ဆိုက်ကြီး 5'×7' ~ပေ ဖြစ်ပါတယ်

#ထမင်းစားခန်း ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 10'×10' ~ပေ
ပုံမှန်ဆိုက် 10'×12' ~ပေ ဖြစ်ပါတယ်

#ဘာသာတရား_ဝတ်ပြုရာနေရာ အကျယ်အဝန်းဟာ

အနည်းဆုံး 4'×5' ~ပေ
ပုံမှန်ဆိုက် 4'×6' ~ပေ ဖြစ်ပါတယ်

#ဝရန်တာဆိုက် ရဲ့အကျယ်ကတော့

အနည်းဆုံး 3' ~ပေဖြစ်ပါတယ် {လူနှစ်ယောက်ရှောင်ကွင်းသာ}

#တစ်စီးစာကားပါကင်တခု ရဲ့အကျယ်အဝန်းဟာ

အနည်းဆုံး 11'×15' ~ပေ
ပုံမှန်ဆိုက် 12'×16' ~ပေ ဖြစ်ပါတယ်

#အိမ်မိန်းတခါးမကြီး ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3'~ပေ '6" ~လက်မ ဖြစ်ပါတယ်

#ရေချိုးခန်း
#အိမ်သာ
#မီးဖိုချောင်_တခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 2'~ပေ ,6"~လက်မ ဖြစ်ပါတယ်

#အိပ်ခန်းတခါးပေါက် တို့ရဲ့ဝင်ပေါက်အကျယ်ဟာ

အနည်းဆုံး 3' ~ပေ ဖြစ်ပါတယ်

#ပုံမှန်အိမ်လှေခါး {stair} တစ်စင်းရဲ့

အကျယ်ဟာ 3'ပေ
အကျော် ဟာ 7" လက်မခွဲ
အနင်းဟာ 10"~လက်မ ဖြစ်ပါတယ် တဲ့ဗျား

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

ဆောက်လုပ်ရေးဆိုင်ရာ ဝေါဟာရများ....Metal Cutting Machine - သံဖြတ်စက်ကြီး။Iron Bender Machine - သံချောင်းကွေးစက်။water pum...
08/03/2024

ဆောက်လုပ်ရေးဆိုင်ရာ ဝေါဟာရများ....

Metal Cutting Machine - သံဖြတ်စက်ကြီး။

Iron Bender Machine - သံချောင်းကွေးစက်။

water pump - ရေစုပ်စက်။

backhoes - မြေတူးစက် မြေကော်ကား။

crane - ကရိန်းကား။ ဝန်ချီစက်ကား။

tower crane - ကရိန်းကား။

bulldozer - မြေညှိစက်၊ မြေထိုးစက်။

concrete road cutter - ကွန်ကရစ် လမ်းကြောင်း ဖြတ်စက်။

construction roller - မြေကြိတ်စက်။

dump truck - ဘော်ဒီအိမ် လှန်ရသောကား (သဲ၊ကျောက် သယ် ကား)

concrete mixer machine - ကွန်ကရစ် ဘိလပ်မြေဖျော်စက်။

agitator body (concrete mixer truck) - ကွန်ကရစ် ဘိလပ်မြေဖျော်ပြီး ပို့တဲ့ကား။

stake - တိုင်ချွန်၊ ပန္နက်တိုင်။

foundation - အုတ်မြစ်ချခြင်း။

wall - နံရံ

beam (concrete beam) - ထုပ်တန်း၊ ယက်မ။

floor - ကြမ်းခင်း၊ ကြမ်းပြင်။

toilet floor - အိမ်သာကြမ်းခင်း၊ ကြမ်းပြင်။

polished concrete - ချောမွတ်ပြောင်လက်သော ကွန်ကရစ် နံရံ ကြမ်းပြင်။

paving bricks - လမ်းခင်းအုတ်။

concrete bricks - ဘောက်အုတ်၊ ဘိလပ်မြေ အုတ်။

water _ ရေ။

water tank - ရေလှောင်ကန်။

cement - ဘိလပ်မြေ။

cement concrete - ကွန်ကရစ် လောင်းတဲ့ ဘိလပ်မြေ။

cement brickwork - အုတ်စီ ဘိလပ်မြေ။

cement plaster - အချောကိုင် ဘိလပ်မြေ။

lime - ထုံး။

sand - သဲ။

coarse sand - သဲကြမ်း။

fine sand - သဲနု။

gravel - ကျောက်စရစ်။

hardwood - ပျဥ် ၊ သစ်မာ၊ အသားမာ။

plywood - သစ်သားပြား၊ အထပ်သား။

three plywood - သုံးထပ်သား။

five plywood - ငါးထပ်သား။

timber - သစ်၊ ဆောက်လုပ်ရန်သစ်၊ သစ်ပင် ပင်စည်။

site preparation for construction - ဆောက်လုပ်မဲ့ နေရာကိုပြင်ဆင်။

hall - အိမ်အဝင် ခန်းမကြီး။

living room - ဧည့်ခန်း။

bed room - အိပ်ခန်း။

kitchen - ထမင်းချက်ခန်း၊ မီးဖိုချောင်။

dining room - ထမင်းစားခန်း။

pantry - စားနပ်ရိက္ခာထားရာ အခန်း။

celling - မျက်နှာကျက်။

verandah - ဝရန်တာ (အိန္ဒိယစကားမှ ဆင်းသက်လာ)

windows - ပြတင်းပေါက်များ။

doors - တံခါးပေါက်များ။

wall ventilation - နံရံမှ အပေါက်သေး (အိမ်တွင်းလေကောင်းလေသန့် အလင်းရောင်ဝင်ဖို့ ထားရာ အပေါက်ငယ်)

sink - အိုး ခွက် ပန်းကန် ဆေးကန်။

bathroom - ရေချိုးခန်း။

toilet - အိမ်သာခန်း။

restroom - သန့်စင်ခန်း။ အိမ်သာ။

roof - အမိုး။

lightning rod - မိုးကြိုလွှဲ။

sky light - အလင်းရောင်ရရှိသော အမိုးပြား။

gutter - ရေတံလျှောက်။

gable - မြင်းမိုရ်ပိတ်။

chimney - မီးခိုးခေါင်းတိုင်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

Steel Structure အကြောင်း သိကောင်းစရာများ နေ့ကျနော်တို့နိုင်ငံမှာ Steel Structure ကိုပိုပြီးလူကြိုက်များလာပါတယ်။ R.C ထက်စ...
05/03/2024

Steel Structure အကြောင်း သိကောင်းစရာများ

နေ့ကျနော်တို့နိုင်ငံမှာ Steel Structure ကိုပိုပြီးလူကြိုက်များလာပါတယ်။ R.C ထက်စာရင် ပိုပြီးမြန်တာရယ် ၊ စရိတ်သက်သာတာရယ်ပါ (Fire proofing လုပ်ရင်မသက်သာပါ) ။

တိုးတက်ပြီးစက်မှုဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ Steel Structure Cost ရဲ့ 60% လောက်က fabrication & Er****on နဲ့ကုန်ပါတယ် ။ Material Cost က 25% လောက်ပဲသွားပါတယ် ။ ဒါကြောင့် Steel Structure မှာသက်သာချင်ရင် Fabrication & Er****on ကိုပဲအာရုံစိုက်ပြီးသက်သာအောင်လုပ်ပါတယ်။

Designer တစ်ယောက်က Material ရဲ့ ပမာဏကိုပဲစဉ်းစားနေရင် တခါတလေ Weight အနည်းဆုံး Section တွေကိုရွေးလိုက်ပေမယ့် Labour မှာအများကြီးကုန်သွားတာမျိုး (Fabrication & Er****on) ဖြစ်တတ်ပါတယ်။ ဒါကြောင့်အောက်ကအချက်လေးတွေကို designer တစ်ယောက်အနေနဲ့ထည့်သွင်းစဉ်းစားဖို့လိုပါတယ်။

၁။ Steel Size တွေကို ကျနော်တို့ Myanmar Market မှာအလွယ်တကူဝယ်လို့ရတဲ့ size တွေပဲရွေးသင့်ပါတယ်။ ကျောင်းမှာသင်တာက American Standard နဲ့သင်ပေမယ့် တကယ်လာတဲ့ Steel က Chinese Pro (JIS Japanese Industrial Standard) တွေပါ။ ဒါကြောင့် Local မှာရနိုင်မယ့် Standard Size တွေကိုမှတ်ထားပြီးသုံးပေးရပါ့မယ် ။ ပြသနာက Size တွေကတစ်ခုပဲရှိတယ် ။ Designer အနေနဲ့ Fl**ge Thickness , Web Thickness ကစားလို့မရပဲ တစ် Size ကြီးပေးနေရတဲ့ပြသနာ၇ှိပါတယ်။

၂။အပေ့ါဆုံး Section size ကအသက်သာဆုံးဖြစ်မှာပဲလို့ မျက်စိမှိတ်ပြီးရွေးတာက မှားတတ်ပါတယ်။ Lightest section တွေချည်းပဲလိုက်ရွေးတာက Span အလိုက် Size တွေကွဲနေတော့ Size တွေအများကြီး ဖြစ်နေပါလိမ့်မယ် ။ အဲ့တော့ Size မတူတာတွေကိုဆက်ရတဲ့ Connection တွေကခက်ခဲပါလိမ့်မယ် ။ ရှုပ်၇ှုပ်ထွေးထွေးတွေဖြစ်နေမှာပေါ့ ။ ဒါကြောင့် Span ကျဉ်းတာအတွက် Overdesign လိုဖြစ်နေပေမယ့် Size ကိုဘေး Span နဲ့တူတူရွေးလိုက်တာက ပိုပြီး ကောင်းသလိုဖြစ်ပါတယ် ။ မှတ်မိသေးတယ် ။ ဟိုးအရင် Design လုပ်စက အဲ့လိုဆော်ထည့်လိုက်တာ Connection Detail တွေဆွဲလိုက်ရတာဆိုတာလေ ။

၃။ Floor Beam ရဲ့ Depth ကိုလျော့လိုက်တာက အထပ်အမြင့်ကြီးတွေအတွက်ဆို Height ကိုလျှော့ချနိုင်တယ် ။ Architect ကလည်းဒါကိုမှန်းပြီး Floor height ကိုချိန်ထားတော့ ကျနော်တို့သာ Beam depth ကိုလျှော့နိုင်ရင် အုတ်စီရတာသက်သာမယ် ၊ Column height နဲမယ် ၊ ရေပိုက် ၊ မီးပိုက် ၊ Footing တွေပါသက်သာသွားနိုင်ပါတယ် ။ Beam depth လျှော့ဖို့ Fl**ge thickness ကိုထူထူယူဖို့လိုပါတယ်။

၄။Er****on & Fabrication လုပ်ရတာက Steel Beam တွေအတွက်ဆို လေးလေး ပေါ့ပေါ့ တူတူလောက်ပဲပိုက်ဆံပေးရတာပါ ။ ဒါကြောင့် Span ကိုကျယ်ကျယ်ထားလိုက်ရင် Member နဲသွားလို့သက်သာစေပါတယ်။

၅။Size အတူတူ တွေကိုဖြစ်နိုင်သလောက် ထပ်ခါထပ်ခါသုံးပေးဖို့လိုပါတယ်။ ဒါလိုလုပ်တာက Detailing , fabrication and er****on တွေမှာသက်သာစေပါတယ်။ (ကိုယ်တွေ့ပဲ Detailing တွေဆွဲလိုက်ရတာဆိုတာလေ)

၆။Large section တွေကိုရွေးတဲ့အခါ အဓိကအနေနဲ့ Build up section တွေပေါ့လေ ။ Transporation ပြသနာတွေကိုသတိထားဖို့လိုပါတယ် ။ ကိုယ့်မှာ၇ှိတဲ့ transporation လုပ်ပေးနိုင်မယ့် ယာဉ်တွေရဲ့ သယ်ယူနိုင်မှု ၊ တံတားတွေအောက်ဖြတ်တဲ့အခါ ဘယ်လောက်လွတ်လဲ ၊ Powerline တွေနဲ့လွတ်ရဲ့လား ။ မှတ်မှတ်ရရ telecom tower တွေတုန်းက လမ်းသွားရင်း ကိုယ့်ကိုအဲလိုတွေကြည့်ခဲ့ဖို့ Supervisor ကမှာတာသတိထားမိဖူးတယ် ။ ဒါကြောင့်ကိုး ။

၇။Section Size တွေကိုရွေးတဲ့အခါ အလွယ်တကူ Er****on လုပ်လို့ရတဲ့ Size ကိုရွေး၇မယ် ။ Telecom tower တွေဆိုရင် height 30 M ထက်မြင့်ရင် Unit wt ကဒီထက်မပိုရတော့ဖူဆိုပြီး Limit လုပ်ထားတာမျိုးရှိတယ်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ 🏠🏠🏠၁/ တိုက်အသစ်နံရံသားအသစ်ကိုဆေးစမသုတ်ခင်သုတ်မဲ့နံရံကို ပန်းရံသားခ...
29/02/2024

တိုက်နံရံသားအသစ်ကိုဆေးသုတ်တော့မယ်ဆိုရင် ဘာတွေလိုအပ်လဲ 🏠🏠🏠

၁/ တိုက်အသစ်နံရံသားအသစ်ကိုဆေးစမသုတ်ခင်
သုတ်မဲ့နံရံကို ပန်းရံသားချောပြီး အနည်ဆုံးသုံးပတ်
ကြာထားပေးသင့်ပါတယ် သုံးပတ်ကြတဲ့အခါမှာ ပန်းရံချောသားကခြောက်သွေ့ပြီး ရေစိုပြန်တာ ရေငွေ့ရိုက်တာတွေမရှိတော့ပါဘူး

၂/ နံရံသားခြောက်သွေ့သွားမှ ဆေးသုတ်ဖို့ နံရံကို
ကော်ပတ်တိုက် နံရံထဲမှာရှိတက်တဲ့ သစ်စအမှိုက်တွေထွင်းထုတ် အဖုထစ်တွေထိုးချပြီး နံရံကိုသန့်ရှင်းရေးလုပ်ရပါမယ်

၃/ ဆီလာချုပ်ရပါမယ် ဆီလာကိုရေအချိုးစား
အတိုင်းရောစပ်ပြီး နံရံများအားလုံးကိုသုတ်ရပါ
မယ် ဆီလာ‌ခြောက်သွေ့ချိန်ထိထားရပါမယ်

၄/ ပတ်တီးရိုက်မယ် ပတ်တီးရိုက်တဲ့အခါ ပထမ ၀မ်းကုတ်မှာ ဘိလက်မြေအနည်းငယ်အသုံးပြုလို့ရပါတယ် ၀မ်းကုတ်မှာ ဘိလက်မြေအနည်းငယ်ထည့်သုံးတဲ့အခါ နံရံက မာကြောပြီး ကျစ်လှစ်စေပါတယ်

၅/ ပတ်တီး၀မ်းကုတ်‌ခြောက်သွေ့ပြီဆိုရင် ဒုတိယ တူးကုတ် ရိုက်လို့ရပါပြီ ရိုက်တဲ့အခါ ဘိလက်မြေထည့်စရာမလို့တော့ပါဘူး တူးကုတ်မှာတော့ နံရံသား လှပ ချောမွှေ့စေဖို့အသုံးပြုရဒါပါ

၆/ ကော်ပတ်တိုက်မယ် ပတ်တီးသား ချောက်သွေ့ပြီးရင်
ကော်ပတ်တိုက်လို့ရပါပြီ ကော်ပတ်တိုက်တဲ့အခါနံရံ
သားညီညာချောမွှေ့စေဖို့ ကော်ပတ်တိုက်
စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့ တိုက်လို့ရပါ
တယ် ကော်ပတ်တိုက်စက်(သို့မဟုတ်)ကော်ပတ်ကိုင်းတို့နဲ့
တိုက်ပြီးရင် ကော်ပတ်အနောက်ဘက်နဲ့ပြန်တိုက်ပြီး
ကော်ပတ်အစင်းရာများကိုပြန်ညှိပေးရင် ပိုကောင်း ပိုချောမွှေ့စေပါတယ်

၇/ ဆီလာချုပ်မယ် ကော်ပတ်တိုက်ပြီးသားနံရံကို ကော်ပတ်အမှုံတွေခါချပြီး သန့်ရှင်းရေးလုပ်ရပါမယ် သန့်ရှင်းရေးအားလုံးပြီးရင် ဆီလာချုပ်လို့ရပါပြီ

၈/ ဆေးသုတ်မယ် ဆီလာများခြောက်သွေ့ပြီးရင် ကော်ပတ်တိုက်ပြီးသားအဟောင်းနဲ့ နံရံကို ဖွဖွလေးတိုက်ပေးဖို့လိုပါတယ် ကော်ပတ်အဟောင်းနဲ့တိုက်လိုက်တဲ့အခါ နံရံမှာ‌ဆီလာချုပ်လိုက်တုန်းက အနည်းငယ်ကျန်ရှိတဲ့အမှုံအမွှားများကို ဖယ်ရှာပေးပါတယ် ပြီးရင်ဆေး၀မ်းကုတ် သုတ်လိုရပါပြီ

၉/ နံရံအနာစာများ ပတ်တီးတက်ရှင်ဖာရပါမယ် ဆေးဝမ်းကုတ်ခြောက်သွေ့ပြီးရင် အနာစားများပတ်တီးတက်ရှင်ဖာလို့ရပါပြီ ပတ်တီးတက်ရှင်များ ‌ခြောက်သွေ့ပြီးရင် ပတ်တီးတက်ရှင်များကော်ပတ်တိုက် ဆီလာပြန်ချုပ်ရပါမယ် ဆီလာခြောက်သွေ့ပြီးရင် တက်ရှင်နေရာကို ဆေး၀မ်းကုတ်ပြန်သုတ်ရပါမယ်

၁၀/ ဆေးတူးကုတ်သုတ်မယ်
ဆေး၀မ်းကုတ်ဖာထားသေား‌ဆေးများ ခြောက်သွေ့ပြီးရင် ကော်ပတ်အဟောင်းနဲ့ ပြန်တိုက်ပြီး နံရံကအမှုံမွှားများကို ဖယ်ရှားပြီး ဆေးတူးကုတ်(ဖိုင်နယ်)သုတ်လို့ရပါပြီ
ဆေးတူးကုတ်သုတ်လို့ ဆေးမပိတ်သေးရင်နောက်တစ်ကုတ်ထက်သုတ်လို့ရပါတယ်

ဆရာများလိုအပ်ချက်များထပ်ပြီးဖြည့်စွက်ပေးသွားကြပါ
Credit by 🏡မြန်မာပြည် ဆေးသုတ်လုပ်ငန်း🏡

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

ဒီဇိုင်းဆန်းဆန်း ခန်းဖွဲ့ကျယ်ကျယ် ကြံ့ခိုင်မူလည်းအပြည့် သင့်တင့်မျှတတဲ့စျေးနူန်းဖြင့်လူကြီးမင်းတို့ရဲ့စိတ်ကူးထဲကအိမ်ကလေးကို လူတိုင်းငေးကြည့်ရတဲ့ အိမိကလေးဖြစ်​အောင် အကောင်ထည်ဖော်ချင်တယ်ဆိုရင်တော့ TRI EC Myanmar Construction and Decoration Co.,Ltdကိုအခုပဲဆက်သွယ်ပါ🤗🤗😍😍

✨TRI EC MYANMAR Construction ကို ဆက်သွယ်တာနဲ့
✅ အိမ်တိုင်ရာရောက် အခမဲ့တိုင်ပင်ဆွေးနွေးပေးခြင်း
✅ အခန်းဖွဲ့၊ အိမ်အကျယ်အဝန်းများကို Engineer ဖြင့် တိုင်ပင်ဆွေးနွေး အကြံပေးခြင်း
✅ Architectural drawings (3D အိမ်ပုံ) ကိုလည်း Professional Architect များဖြင့် Customer စိတ်တိုင်းကျ ဆွေးနွေးရေးဆွဲပေးခြင်း
✅ Soil Investigation Test (လုပ်ငန်းနေရာ၏ မြေသားစစ်ဆေးပေးခြင်း)
✅ အဆောက်အဦးအတွက် အာမခံချက်ပေးခြင်း
✅ Any places (နေရာမရွေး လိုက်လံဆောက်လုပ်ပေးခြင်း)
အစရှိတဲ့ အချက်အလက်တွေနဲ့ ဝန်ဆောင်မှုပေးနေပါတယ်။

========================================================

⚡အရည်အသွေးကောင်းကောင်း၊ မြန်မြန်ဆန်ဆန် ဈေးနှုန်းတန်တန် နဲ့ အကောင်းတကာ့အကောင်းဆုံး စိတ်ကူးထဲက မိသားစုအိမ်ကလေးကို ပုံဖော်ဆောက်လုပ်ဖို့ရှိတယ်ဆို TRI EC MYANMAR Construction ကိုအမြန်ဆုံးသာ ဆက်သွယ်လိုက်ပါ 🤗🤗🤗

⚡PAE ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုတွေကို အသေးစိတ်ဆွေးနွေးလိုပါက ~
🏢Head Office Address:
No (151), Nyunt Cinema Road, Bago.

Hotline:
📱09 26666 3003
📱09 26666 4004

Address

No. 151, Nyunt Cinema Road
Bago

Telephone

+959266663003

Website

Alerts

Be the first to know and let us send you an email when TRI EC Myanmar Construction & Decoration posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to TRI EC Myanmar Construction & Decoration:

Share