Bo Htike Air-Con, Refrigerator, Electrical & Washing Machine Service

  • Home
  • Myanmar
  • Chauk
  • Bo Htike Air-Con, Refrigerator, Electrical & Washing Machine Service

Bo Htike Air-Con, Refrigerator, Electrical & Washing Machine Service Air-Con,Refrigerator & Electrical Service

25/03/2022

်မယ်ဆို_သိထားသင့်တဲ့အချက်များ
💯💯💯💯💯💯💯💯💯💯💯💯💯💯

🍉1.British Thermal Unit (Btu)

Air Con တစ်လုံးရဲ့ အေးနိုင်စွမ်းကို Btu နဲ့ တိုင်းတာပါတယ်။
Btu များလာတဲ့အလျောက် သူ့ရဲ့စျေးနှုန်းကလဲလိုက်ပြီး များလာမှာပါ။

အများစု သိထားကြတယ့် horsepower(hp) မြင်းကောင်ရေအား က
တကယ်တမ်းတော့ အရေးမပါပါဘူး။
Horsepower (hp) က အအေးနှုန်းကို တိုင်းတဲ့ unit မဟုတ်ပါဘူး ။
Horsepower(hp) ဘယ်နကောင်ရှိတဲ့ Air Con မှာ Btu ဘယ်လောက်ထွက်လဲဆိုတာ
Brand အလိုက် Model အလိုက် သတ်မှတ်ပုံ ကွဲပြားနိုင်ပါတယ်။

မိမိအခန်းအတွက် လိုအပ်တဲ့ Btu ကို "အကြမ်းဖျင်း"တွက်ကြည့်နိုင်ပါတယ်။

🍉မိမိ သုံးမယ့်အခန်းရဲ့ အလျား x အနံ square feet ကို 35 နဲ့ မြှောက်ပါ။
ရလာတဲ့အဖြေက မိမိ အခန်းအတွက် လိုအပ်တဲ့ Btu ပါပဲ။

#ဥပမာ
12 ပေx 15 ပေ အခန်းဆိုရင် square feet က 180 ပါ။
180 x 35 = 6300 Btu လိုအပ်ပါတယ်။

အရိပ်ကျတဲ့အခန်းမှာဆို ရလာတဲ့ Btu ကို 10% နှုတ်ပါ။

နေရောင်တိုက်ရိုက်ကျတဲ့ အခန်းမှာဆို ရလာတဲ့ Btu ကို 10% ထပ်ပေါင်းပေးပါ။

မီးဖိုချောင်မှာ သုံးမယ်ဆိုရင် ရလာတဲ့ Btu ကို 4000 ထပ်ပေါင်းပေးပါ။

အခန်းထဲမှာ လူ ၁ ယောက်ထက် ပိုနေမယ်ဆိုရင်
အခန်းဧရိယာအတွက် တွက်ထားတဲ့ Btu အပြင်
လူတစ်ဦးအတွက်ကို 600 Btu စီ ထပ်ပေါင်းပေးပါ။

Toshiba
၁ကောင်မှာ 8500Btu ၊
၁ကောင်ခွဲမှာ 11600Btu ၊
၂ကောင်မှာ 16400Btu ၊
၃ကောင်မှာ 21900Btu အပူဖလှယ်နိုင်ပါတယ်။

🍉2. Energy Efficiency Ratio(EER)

EER ဆိုတာ Btu per hour ကို input Watt(W) နဲ့ စားထားတဲ့ အချိုးပါ။
EER များတဲ့ Air Con တွေက ရေရှည်မှာ မီတာခ ကုန်ကျစရိတ် သက်သာပါတယ်။
EER များလာရင် Air Con စျေးလဲ လိုက်များလာပါတယ်။

Air Con အများစုကတော့ EER 8.9 ကနေ 10.7 ကြားမှာ ရှိကြပါတယ်။

Inverter type တွေမှာဆို EER 12 ကနေ15 ဝန်းကျင် ရှိကြပါတယ်။

✔24 နာရီ 7 ရက်လုံး ဆက်တိုက် အချိန်ကြာကြာ သုံးရမယ့်နေရာမျိုးမှာဆို
EER မြင့်တဲ့ Air Con ကို ရွေးချယ်၀ယ်ယူသင့်ပါတယ်။✔

Toshiba
၁ကောင်မှာ10.12 EER ၊
၁ကောင်ခွဲမှာ 9.35 EER ၊
၂ကောင်မှာ 9.11 EER ၊
၃ကောင်မှာ 10.5 EER ရှိပါတယ်။

🍉3. Air Flow Rate

အတွင်း unit က ထွက်တဲ့ လေထွက်နှုန်း ကို
cubic meter per hour (m³/h) နဲ့ တိုင်းတာပါတယ်။
#လေထွက်နှုန်းများလေ_အအေးမြန်လေပါ။

Toshiba ၁ကောင် air con မှာ 540m³/h
Toshiba ၁ကောင်ခွဲ air con မှာ 600m³/h
Toshiba ၂ကောင် air con မှာ 900m³/h
Toshiba ၃ကောင် air con မှာ 1100m³/h ထွက်ရှိပါတယ်။

🍉4. Noise

ဆူညံမှုဆိုတဲ့နေရာမှာ split type မှာဆိုရင်
အတွင်း unit နဲ့ အပြင် unit ရဲ့ ဆူညံမှုဆိုပြီး ၂ မျိုး ရှိပါတယ်။

အတွင်း unit ရဲ့ ပန်ကာက တော်တော်ဆူညံနေတယ်ဆိုရင်
သင်ညအိပ်ရင် အနှောင့်အယှက် ဖြစ်နေမှာပါ။

အပြင် unit ကလည်း ပြတင်းပေါက်နဲ့ နီးပြီး အသံကျယ်နေမယ်ဆိုရင်
အတွင်းကပင် ဆူညံသံကို ကြားနေရနိုင်ပါတယ်။

ဆူညံမှုကို decibel (dB) နဲ့ တိုင်းတာပါတယ်။
dB နည်းလေ အသံတိုးလေပါ။

🍉5. Copper Pipe Quality

Air Con မှာ outdoor unit ထဲမှာရော Indoor unit ထဲမှာရော
၂ခုကို ဆက်ပေးထားတဲ့ ပိုက်မှာရော ကြေးနီကို အသုံးပြုရပါတယ်။

တကယ်လို့ သုံးထားတဲ့ ကြေးနီက မစစ်ရင်တော့
Compressor နဲ့ Condensor ဘယ်လောက်ကောင်းကောင်း full quality အအေးကို မရရှိနိုင်ပါဘူး။

တစ်ချို့Air Con တွေမှာ ကြေး (100%) အစား အလူမီနီယမ် (100%)
သို့မဟုတ် အလူမီနီယမ် ကြေး နှစ်မျိုး ရောစပ်ပြီး သုံးထားပါတယ်။

ကုန်ကြမ်း၀ယ်စရိတ်မှာ ကြေးက ၂ဆ ပိုကုန်ကျပါတယ်။
နောက်ပြီး ကြေးက အလူမီနီယမ်ထက် ပွတ်တိုက်စားနှုန်း ပိုခံနိုင်ပါတယ်။
အပူချိန် ပြောင်းလဲပေးတဲ့ အမြန်နှုန်းမှာလဲ ကြေးက ၂ဆ ပိုမြန်စွာ ပြောင်းလဲ ပေးနိုင်ပါတယ်။

🍉6. ကြေးပိုက် ဖော့စွပ်

Outdoor နဲ့ Indoor unit ကို ဆက်ပေးတဲ့ ကြေးပိုက်ကို စွပ်တဲ့ ဖော့စွပ်က
original စွပ်ပြီးသားမှ အအေးလုံမှာပါ။

ပိုက်သပ်သပ်၀ယ် ဖော့စွပ် သပ်သပ်၀ယ်ပြီး ဖော့စွပ်ကို ထက်ခြမ်းအလျားလိုက် အစဆုံး လှီးပြီးမှ
ဖော့စွပ်ထဲ ကြေးပိုက် ထည့်တာက အအေးဓာတ် ကို လျော့ကျစေတဲ့အပြင် ပိုက်မှာလဲ ရေယိုစေပါတယ်။

အတွင်းမှာလဲ condensation အရည်တွေခဲသွားပြီး အအေးဓာတ် လျော့ကျစေတတ်ပါတယ်။

ဒါကြောင့် Air Con ဘယ်လောက်ကောင်းတာပဲ ၀ယ်၀ယ်
ကြေးပိုက် စနစ်မှာ ချို့ယွင်းနေရင်တော့ အလကားဖြစ်သွားမှာပါ။

အဲဒီလိုအခြေခံအချက်တွေပေါ်မူတည်ပြီး Aircon
Brand တွေရဲ့ စျေးနှုန်းကွာခြားသွားရခြင်းပါ။

ဲ့ အဲဒါကြောင့် Aircon တပ်မယ်ဆိုရင့်် ကုန်ကျသွားတဲ့လကုန်ကျစားရိတ်နဲ့ ထိုက်တန်တဲ့
အရည်အသွေး ရဖို့ ကျွမ်းကျင်တဲ့ သူတွေနဲ့ တိုင်ပင်တပ်ဆင် သင့်ပါတယ်။


#မေဇော်ခိုင်page💯💯💯💯💯

SHARP Refrigerator,  220V,  Japan.Circuit Error ပြုပြင်ပြီးစီး😍25.3.2022နယ်ဘက်မှာဆိုတော့ Circuit Card ဝယ်ရတာလည်းအခက်အခဲတ...
25/03/2022

SHARP Refrigerator, 220V, Japan.

Circuit Error ပြုပြင်ပြီးစီး😍

25.3.2022

နယ်ဘက်မှာဆိုတော့ Circuit Card ဝယ်ရတာလည်းအခက်အခဲတွေရှိတော့ Customerတွေအတွက်လည်းအဆင်ပြေစေတဲ့... Circuit To Timer Type ပြောင်းလဲပြုပြင်ပြီးစီးသွားပါပြီ😍 ရှယ်ဖြစ်သွားပါပြီ😁

ကျနော်တို့ရဲ့မိတ်ဆွေများ ရေခဲသေတ္တာ/အဲဲကွန်း/လျှပ်စစ် နဲ့ပက်သက်သောအခက်အခဲများရှိလျှင် ကျွန်ုပ်တို့...
Bo Htike AC/Electrical/Refrigerator Service မှာ ယုံကြည်စိတ်ချစွာ လာရောက်ပြုပြင်ရောင်းဝယ်နိုင်ပါတယ်ခင်ဗျာ😍
အားပေးတဲ့မိတ်ဆွေများအားလုံးကိုလည်းအထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာ🙏🙏🙏

(ဂွေးချို)
#အဲကွန်း/လျှပ်စစ်/ရေခဲသေတ္တာပြုပြင်ရောင်းဝယ်ရေး🤝

ယခုလို ဘာဝယ်ဝယ်စျေးကြီးနေတဲ့အချိန်မျိုးမှာ...အရည်အသွေးအတွက် စိတ်ချရပြီး စျေးသက်သက်သာသာနဲ့စိတ်ချယုံကြည်စွာအသုံးပြုချင်သူမ...
05/02/2022

ယခုလို ဘာဝယ်ဝယ်စျေးကြီးနေတဲ့အချိန်မျိုးမှာ...
အရည်အသွေးအတွက် စိတ်ချရပြီး စျေးသက်သက်သာသာနဲ့စိတ်ချယုံကြည်စွာအသုံးပြုချင်သူများအတွက် ...
ကျွန်ုပ်တို့
Bo Htike Service (ဂွေးချို) မှာရရှိနိုင်ပါတယ်ခင်ဗျာ😍😍

Chat Boxမှာ လာရောက်ပြီး
မှာယူအားပေးလို့ရပါပြီခင်ဗျာ😍🙏🙏🙏

ဖုန်းနဲ့ဆက်သွယ်မှာယူလိုပါက...

မကွေးတိုင်း-ချောက်မြို့နယ်-ဂွေးချိုရွာ

ဖုန်းနံပါတ်-09254148639,09259349798

17/01/2022

Bo Htike (ဂွေးချို)

အဲကွန်း/ရေခဲသေတ္တာ/လျှပ်စစ်နှင့် အဝတ်လျှော်စက်အမျိုးမျိုးပြုပြင် ရောင်းဝယ်ခြင်းနှင့် လူကြီးမင်းတို့စိတ်ကြိုက်အိမ်အရောက်ဝန်ဆောင်မှုပေးလျှက်ရှိပါတယ်။

ဆက်သွယ်ရန် ဖုန်းနံပါတ်- 09254148639

Address

Chauk

Telephone

+959254148639

Website

Alerts

Be the first to know and let us send you an email when Bo Htike Air-Con, Refrigerator, Electrical & Washing Machine Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share