20/04/2026
သရဲခြောက် ခံရတာ ပြောနေကြလို့လေ
ဘန်ကောက်မှာတော့ မကြုံဖူးသေးပင်မဲ့ ချင်းမိုင်မှာ
တုန်းကတော့ ကြုံရတာ ။
မနှစ်က ၃လပိုင်းလောက် ချင်းမိုင်သွားရင်း
ညနေဘက် အရမ်းလှတယ်လို့ နာမည်ကြီးတဲ့ ပန်းခြံထဲ သွားလည်တာ
အရှေ့မှာ ၂ရက်လောက် ၁ယောက်ထဲ လည်ထားတာဆိုတော့ အေးဆေးပေါ့ ညနေ ၄နာရီကနေ ရောက်တာ ၅ခွဲလောက်ကျ လူတွေက ပြန်ကုန်ကျပင်မဲ့
ကိုယ်ကတော့ နေဝင်တာ ထိုင်ကြည့်ရင်း ၆ခွဲလောက်ထိ နေဖြစ်သွားတယ် ပြန်မယ်လုပ်တော့ ကိုယ်ထိုင်တဲ့ အနီးအနားမှာ တစ်ယောက်မှ မတွေ့တော့ဘူး
နေကလဲ တောင်တွေကြားထဲဝင်သွားတော့ အလင်းရောင်နဲနဲပဲ ရတော့ တယ်
အဲ့ဒါနဲ့ ပစ္စည်းဘာညာသိမ်းပြီး ပြန်အလှည့်မှာ တစ်ခုခုကို ဝင်တိုက်မိသလို ခံစားလိုက်ရတာ ကိုယ်ကလဲ တခါမှ မကြုံဖူးတော့ လေတိုက်လို့ ဖြစ်မှာပါပဲတွေးလိုက်တာပေါ့နော်
ပြီးတော့ နေရောင်နဲနဲလေးနဲ့ အရမ်းလှလို့ ဆိုပြီး Htet Yan ရဲ့ Nan ဆိုတဲ့ သီချင်းလေးဆိုပြီး လမ်းလျှောက်တာကို videoလေးရိုက်တာ အနောက်ကနေ wait / Way အဲ့လို အသံမျိုးကြားလိုက်တာ လှည့်ကြည့်တော့ ဘယ်သူမှ မပါနေဘူး
ကားကိုတစ်နေကုန် လည်ဖို့ငှါးထားတော့ ကားဆရာက ပန်းခြံရဲ့ ကားပါကင်မှာ စောင့်ပေးနေတာ သူ့ဆီပြန်လာတော့ သူက Ivy သူငယ်ချင်းရောတဲ့ ဟယ် မပါဘူးလေ အကို
တစ်ယောက်ထဲလာတာ မနောက်ပါနဲ့ ပြောတော့ သူက ကြောက်မှာစိုးလို့ ဆိုပြီး ဘာမှ ဆက်မပြောတော့ပဲ
ပြန်လိုက်ပို့ပေးတာ.. အဲ့ဒီနေ့ ရထားနဲ့ ဘန်ကောက်ပြန်လာခဲ့ရော ဖုန်းထဲက videoတွေကို ရထားပေါ် ရောက်မှ ကြည့်မိတာ အဲ့ဒီသီချင်းဆိုတဲ့နေရာ တစ်လျှောက် ဝေး .. ဆ်ိုတဲ့ အသံက ph speaker နားကို ကပ်ပြောသလိုကြီးပါလာတာ😭
ပြီးတော့ ကားဆရာ အကိုက ဆက်လာတယ် ညီမလေး လမ်းမှာ ဘုရားစာရွတ်နော်တဲ့
အက်ို့ကားဆီလာတုန်းက ဘေးမှာရီပြီးစကားပြောနေတဲ့ လူတွေ့လိုက်လို့ အသိနဲ့ တွေ့လို့ စကားပြောနေတယ် ထင်သွားတာတဲ့
ကိုယ့်မှာလေ ရွတ်လိုက်ရတဲ့ ဘုရားစာဆိုတာ ရထားစီးတဲ့ ၁၀နာရီ ဝန်းကျင်လုံးပဲ ..
တကယ်ချင်းမိုင်မှာ ရခဲ့တဲ့ ထရော်မာ ပါပဲ
ဘယ်လောက်လဲဆို CM က ပုံတွေ ရော videoတွေရော HLတောင်မထားရဲဘူး တကယ်ကြောက်သွားတာ
အဲ့ဒါကြောင့် မမြင်ရတဲ့ အရာတွေဆိုတာ တကယ်ရှိတယ် ကိုယ့်အကန့်နဲ့ ကိုယ်နေတာတောင် မနဲရှောင်နေရတာ
သူများတွေပြောနေတာ ကြည့်ပြီး videoပြန်ရှာကြည့်ပြီး ရေးချင်လာလို့ ပြောပြတာ 😞
ဘန်ကောက်မှာတော့ မကြုံဖူးသေးပါ
#ပုံကတော့ချင်းမိုင်မှာသောက်ခဲ့ဖူးတဲ့ထူးဆန်းတာလေးတစ်ခု