Real Business Education

Real Business Education We wolud like to promote the knowledges and valuable experiences of Real Estate.

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနဲ့ ဥပဒေဆိုင်ရာ စိန်ခေါ်ချက်တွေကို ထဲထဲဝင်ဝင်သိလိုသူများအတွက် Real Estate Talk Show🏘 အိမ်ခ...
22/03/2026

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုနဲ့ ဥပဒေဆိုင်ရာ စိန်ခေါ်ချက်တွေကို ထဲထဲဝင်ဝင်သိလိုသူများအတွက် Real Estate Talk Show

🏘 အိမ်ခြံမြေကဏ္ဍမှာ ဥပဒေအကျိုးဆောင်နှင့်
အိမ်ခြံမြေဥပဒေဆိုင်ရာစာပေများ၊ သင်တန်းများ
ပို့ချပေးနေသည့် ဆရာကြီးရှေ့နေမောင်ကောင်းဖေ
(ဦးမြင့်အောင်) နှင့် Real Estate Investment
နယ်ပယ်မှာ အတွေ့အကြုံကောင်းများပိုင်ဆိုင်သည့်
တီချယ်နှင်းဖြူသွယ်တို့မှ ပါဝင်ဟောပြောပေးပါမည်။

🏢 အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ နည်းလမ်းကောင်း
များ၊ အိမ်ခြံမြေအရောင်းအဝယ်မှာကြုံတွေနေရတဲ့
မြေပြင်အခက်အခဲများ၊ ဥပဒေဆိုင်ရာ သိကောင်းစရာ
တွေကို ဆွေးနွေးဟောပြောပေးသွားပါမည်။

🏘 အကျိုးအမြတ်များပြားတဲ့ အိမ်ခြံမြေလုပ်ငန်းကို
ဝင်ရောက်လုပ်ကိုင်လိုတဲ့လူငယ်တွေအတွက်လည်း
လုပ်ငန်းရဲ့သဘောသဘာဝ၊ စာရွက်စာတမ်းဆိုင်ရာ
ကျွမ်းကျင်မှု၊ အိမ်ခြံမြေဥပဒေရေးရာပြဌာန်းသတ်မှတ်ချက်
များ၊ ရုံးပိုင်းဆိုင်ရာ အတွေ့အကြုံကောင်းတွေကိုပါ
ကြားသိရမှာဖြစ်ပါသည်။

🏘 ကိုယ်တိုင်ရင်းနှီးမြှုပ်နှံမည်ဆိုပါကလည်း အလားအလာရှိတဲ့
Real Property ကိုဘယ်လိုရွေးပြီး Investment လုပ်မှာလဲ၊
ဘယ်လောက်သုံးပြီး၊ ဘယ်လောက်ပြန်လိုချင်သလဲ၊
Risk and Return ဘယ်လိုတွက်မလဲ စတာတွေအတွက်
အခု Seminar လေးကနေ နည်းဗျူဟာနဲ့ အကြံဉာဏ်တွေရ
သွားနိုင်ပါတယ်။

💡 မိမိရင်ဆိုင်ကြုံတွေ့နေရတဲ့ အိမ်ခြံမြေနှင်ပတ်သက်ပြီး
Speaker တွေနဲ့ တိုက်ရိုက် Councelling ပြုလုပ်နိုင်ပါတယ်။ ပွဲတက်သူများအတွက် Certificate of perticipation ချိီးမြင့်ပါမည်။ Diploma Class Discount Card အစီအစဉ်များ၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းကောင်းတွေကိုပါ ရရှိသွားနိုင်ပါတယ်။

📣Real Estate Talk Show Information

⭐Speaker: ဆရာကြီး ရှေ့နေမောင်ကောင်းဖေ
- အိမ်ခြံမြေဥပဒေရေးရာနဲ့ စိန်ခေါ်ချက်များ၊ မြေပြင်အတွေ့အကြုံများ

⭐Speaker: တီချယ်နှင်းဖြူသွယ်
- အိမ်ခြံမြေကွန်ဒိုမီနီယမ်ဥပဒေရေးရာနဲ့ Investment Strategy

🗓 Seminar Date:
- 5 April 2026 (Sunday)
- 1 to 3 PM

✍ Registration Information
- Name
- Phone
- Organization
- Address
- Email

💡 Vip Seat
5️⃣0️⃣0️⃣0️⃣0️⃣ Ks

🏢 Event Location: Campus
Room 4018, 3rd Floor, Tawin Center, Dagon Township, Yangon

☎ အသေးစိတ်ဆက်သွယ်ရန်
09 256 744 740






အိမ်ခြံမြေသင်တန်း ကောင်းကောင်းရှာဖွေနေသူများအတွက် Diploma in Real Estate (Online Class)🏘 အိမ်ခြံမြေပညာရပ်ကို စနစ်တကျသင်ယ...
19/03/2026

အိမ်ခြံမြေသင်တန်း ကောင်းကောင်းရှာဖွေနေသူများအတွက် Diploma in Real Estate (Online Class)

🏘 အိမ်ခြံမြေပညာရပ်ကို စနစ်တကျသင်ယူပြီး Professional ကျကျရပ်တည်လိုသူများအတွက် Diploma in Real Estate (Online Class)
လေးဖွင့်လှစ်လိုက်ပါပြီ။

🏢 အိမ်ခြံမြေစျေးကွက်၊ အိမ်ခြံမြေဥပဒေ၊ ရင်းနှီးမြှုပ်
နှံမှုဆိုင်ရာနည်းလမ်းများ၊ ဥပဒေအကျိုးဆောင်တစ်ဦးလို အိမ်ခြံမြေစာချုပ်ချုပ်ဆိုတဲ့ ပညာရပ်တွေကို တစ်နေရာတည်းမှာစုံစုံလင်လင်သင်ယူလိုသူများအတွက် အခွင့်အရေးဖြစ်ပါတယ်။

အိမ်ခြံမြေဆိုင်ရာ ဘာသာရပ်ကြီး (၅) ခုဖြစ်တဲ့
1. Introduction to Real Estate & Market Analysis
2. Real Estate Law and Regulation
3. The Law of Contract
4. Finance and Risk Management
5. Extra One Subject (English)
စတဲ့ဘာသာရပ်တွေကို သက်ဆိုင်ရာပညာရပ်နယ်ပယ်က
အတွေ့အကြုံရင့် ဆရာတွေထံက သင်ယူရမှာဖြစ်လို့
အချိန်တိုတိုနဲ့ ထိရောက်မှုရှိမှာဖြစ်ပါတယ်။

ဒ့ါအပြင် အိမ်ခြံမြေလုပ်ငန်းမှာ Professional ကျကျရပ်
တည်မည့်သူများအတွက် လက်တွေ့အသုံးဝင်မည့်
Foundation English for Realtor ဆိုတဲ့ English စာ
အတန်းလေးပါ အပိုထည့်ပေးထားတာကြောင့်လည်း
အိမ်ခြံမြေ Customer တွေထဲမှာ Foreigner နဲ့စကား
ပြောဆိုတာဖြစ်ဖြစ်၊ အိမ်ခြံမြေ Usage အသုံးအနှုန်း
တွေနဲ့ပါ ရင်းနှီးသွားအုံးမှာပါ။

သင်ကြားမည့်ဆရာတွေအပိုင်းမှာလည်း ဘာသာရပ်နှင့်
ပညာရပ်နယ်ပယ်မှာ အတွေ့အကြုံများတဲ့အပြင်
လက်တွေအတွေ့အကြုံကောင်းတွေကိုပါနှစ်ပေါင်းများ
စွာရရှိထားတဲ့ ဆရာတွေဖြစ်ပါတယ်။

👩‍🎓လေးနက်တဲ့ အိမ်ခြံမြေဆိုင်ရာအကြောင်းအရာတွေကို
သင်ကြားနိုင်မည့်အပြင် Diploma Exam ဖြေဆိုပြီး
Certificate ပါတွဲပြီးရယူနိုင်တဲ့ တစ်ခုတည်းသော
အိမ်ခြံမြေသင်တန်းဖြစ်တဲ့အတွက် သာမန်အကျိုး
ဆောင်သင်တန်းထက် ထူးခြားတဲ့အတန်းလေးဖြစ်ပါတယ်။

⏱သင်ကြားမှာက တစ်ပတ် (၂) ရက်ကို ညဘက်အချိန်
တွေဖြစ်တဲ့အတွက် စာလည်းသင်၊ အလုပ်လည်းမပြတ်တဲ့
အတန်းလေးဖြစ်ပါတယ်။

💯အကောင်းဆုံးနှင့်🔒စိတ်အချရဆုံးရင်းနှီးမြှုပ်နှံမှု
လုပ်ငန်းနယ်ပယ်မှာ အောင်မြင်ချင်သူများ၊
အိမ်ခြံမြေလုပ်ငန်းကို စနစ်တကျ သင်ယူတတ်
မြောက်လိုသူများအတွက် အိမ်ခြံမြေကို အခြေခံကနေ
လက်တွေလုပ်ကိုင်တဲ့ အခြေအနေ
အထိတက်လှမ်းလိုတဲ့သူတွေအထူးသင့်လျော်ပါတယ်။

👨‍💼 အိမ်ခြံမြေဘာသာရပ်ဆရာတွေအပြင် Guest Speaker
တွေရဲ့အာရှဒေသတွင်းက အိမ်ခြံမြေအတွေ့အကြုံဆိုင်ရာ
ဟောပြောတာတွေ၊ လက်တွေ့ Session တွေလည်း
သင်တန်းသားများအတွက်
သီးခြားစီစဉ်ထားပါတယ်။

🏆Scholarship Opportunity
ပထမဆုံးသင်တန်းအပ်နှံသူ (၅) ဦီးအား
🎖20% Scholarship

📆 Starting Date
4rh Week, April 2️⃣0️⃣2️⃣6️⃣

🗓 Class Timetable
▶ Weekday (Wed/Thur)

📝 သင်ကြားမည့်ပုံစံ
👩‍💻 Online

အသေးစိတ်သိလိုပါက
☎ 0️⃣9️⃣ 2️⃣5️⃣6️⃣ 7️⃣4️⃣4️⃣ 7️⃣4️⃣0️⃣

🏢 Room.4018, 3rd Floor (Taw Win Center),
No.45, Pyay Road, Dagon Township, Yangon






အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ Flip လုပ်တယ်ဆိုတာ🏘Real Estate ရင်းနှီးမြှုပ်နှံမှုမှာ အချိန်တိုအတွင်း လက်လွှဲရောင်းချက...
05/03/2026

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ Flip လုပ်တယ်ဆိုတာ

🏘Real Estate ရင်းနှီးမြှုပ်နှံမှုမှာ အချိန်တိုအတွင်း
လက်လွှဲရောင်းချကာ Quick Profit ယူကြသလို၊
အချိန်ကာလတစ်ခုကြာရင်းနှီးမြှုပ်နှံပြီး Long Term
Investment နည်းသုံးကြတာလည်းရှိပါတယ်။

မည်သည့်နည်းလမ်းက ပိုကောင်းတယ်ဆိုသည်ထက်
Investment လုပ်ခြင်းရဲ့ ရည်ရွယ်ချက်၊ မိမိကျွမ်းကျင် အလေးသာမှုနဲ့
ငွေရင်းစိုက်ထုတ်နိုင်စွမ်အား၊ Risk Assess လုပ်နိုင်မှု
စသည့်အချက်များပေါ်မူတည်ကာ မိမိနှင့်သင့်လျော်သည့်
နည်းလမ်းကိုဆုံးဖြတ်ဆောင်ရွက်ရမှာဖြစ်ပါတယ်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ အမြတ်ပါးပါးလေးနဲ့
ရောင်းလိုက်၊ဝယ်လိုက် ခတ်သွတ်သွတ်ပုံစံကစား
တာမျိုးကို Flip လုပ်တယ်လို့ခေါ်ပါတယ်။ ထိုကဲ့သို့လုပ်ဆောင်နိုင်ဖို့အတွက်
ထိုက်သင့်တဲ့လုပ်ငန်းအတွေ့အကြုံ၊ စျေးကွက်
ကျွမ်းကျင်မှု၊ အချိန်ကိုက် Timing လုပ်နိုင်ဖို့၊
ရင်းနှီးမြှပ်နှံမှုနှင့် အရောင်းအဝယ်သဘော
တရားကို နားလည်ဖို့လိုပါတယ်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေကျင့်သုံးတဲ့ Flip လုပ်တဲ့နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

Wholesaling
အိမ်ခြံမြေလုပ်ငန်းမှာ မြေကွက်ကျယ်တစ်ခုကို
ဝယ်ယူပြီး Wholesale ဆောင်ရွက်တာတွေရှိပါတယ်။ ပေတစ်ရာအကွက်ကိုဝယ်ပြီး ပေ ၂၀ စီစိတ်ပိုင်းပြီး၊
ဂရန်ဖောက်ကာအကွက်ဖော်ရောင်းတာဖြစ်ပါတယ်။
တိုက်ခန်း၊မြေကို အရေအတွက်များများ၊ အကျယ်
အဝန်းအလိုက် လက်ကြီးဝယ်ယူလိုက်တဲ့အတွက်
Bargaining Power ရယူလိုက်ပြီး အနည်းလိုချင်တဲ့
လက်လီ Retail သဘောပြန်ရောင်းတာပါ။
ထိုအတူ မြေကွက်အပိုင်မှာ ကန်ထရိုက်ဆောက်ပြီး မြေရှင်၊ကန်ထရိုက်ပိုင်တဲ့ တစ်ခြမ်းစီကို စျေးနှုန်းတစ်
ခုဖြင့်ဖြတ်ယူကာ အချိန်ယူပြန်လည်ရောင်းချတာမျိုး
ဖြစ်ပါတယ်။

ဝယ်ရောင်းကောက်စျေး
အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေနေနဲ့ မိမိကျင်လည်ရာမြို့နယ်အတွင်းက အလျင်လို၊ငွေဖော်လိုသူတွေ၊
အရောင်းထိုင်းအကွက်တွေကို ပိုင်ရှင်တွေထံကနေ
စျေးနှုန်းတစ်ခုဖြင့်ဖြတ်ယူပြီး မိမိလက်အတွင်း
ခဏအောင်းထားပြီး အချိန်တစ်ခုမှာ ပုံမှန်ပေါက်စျေးဖြင့် ပြန်ထုတ်ဖြင့်လည်း Quick Profit ရအောင်ဆောင်ရွက်တာမျိုးလည်းရှိပါတယ်။

စျေးကွက်လှိုင်းစီးခြင်း
အိမ်ခြံမြေလုပ်ငန်းမှာ ကျင်လည်သူတစ်ဦးအနေဖြင့်
စျေးကွက်ဆိုင်ရာ Seasonal သဘောတရားတွေ၊
စျေးတက်ချိန်၊ စျေးကျချိန်၊ Demand and Supply
ပေါ်မှာ စျေးကွက်ကျချိန်မှာဝယ်ထားလိုက်ပြီး စျေးတက်ချိန်မှာပြန်ထုတ်ပြီး လပိုင်းအချိန်တိုအတွင်း အကျိုးအမြတ်ရအောင်လုပ်ကြလေ့ရှိပါတယ်။
ထိုကဲ့သို့လုပ်နိုင်ဖို့ လုပ်ငန်းအတွေအကြုံအပြင်
Risk ယူရဲသည့်သတ္တိရှိဖို့လိုပါသည်။ တစ်ခါတရံစျေး
ကောင်းရမှန်းသိနေသည်အကွက်တွေကို မိမိနိုင်ပါက
ကိုယ်တိုင်ကောက်ယူပြီး ခနအောင်း
​ထားတာရှိသလို၊ တန်ဖိုး
ကြီးအကွက်တွေကို အိမ်ခြံမြေ
အကျိုးဆောင်တွေစုဝယ်ယူကာ ပြန်ရောင်းပြီး
Profit Sharing လုပ်ကြတာလည်းရှိပါတယ်။

Value Added ပြုလုပ်ခြင်း
စီးပွားရေးလုပ်ငန်းတွေမှာ ကျင့်သုံးသည့်နည်းလမ်းကို
အိမ်ခြံမြေလုပ်ငန်းမှာလည်း သုံးလို့ရပါတယ်။ မိမိဝယ်ယူ
လိုက်တဲ့ အိမ်ခြံမြေ၊တိုက်ခန်းတစ်ခုကို ဝယ်လတ်နှစ်သက်
စေရန် လိုသလိုပြုပြင်ပြီး စျေးကွက်တင်တာမျိုးဖြစ်ပါတယ်။ ဝယ်ရင်းပုံစံ အကြမ်းထည်တိုင်း တိုက်ရိုက်ပြန်ရောင်းတာမျိုးမလုပ်ပဲ၊ ရေဝပ်နေတဲ့ခြံကို မြေဖိုခြင်း၊ ဝန်းခြံခတ်ခြင်း၊ အိမ်ပြင်၊ ဆေးသုပ် လိုအပ်သလိုပြုပြင်ရောင်းချတာမျိုးဖြစ်ပါတယ်။ အကျိုးဆောင်လောကမှာ
သနပ်ခါးလိမ်းတယ်၊ မိတ်ကပ်ရိုက်တယ်လို့ပြောကြပါတယ်။

အပေါင်ဆုံး
စီးပွားရေးအခြေနေကြောင့် ငွေချေးသူထံရောက်နေတဲ့
ခြံမြေကို စျေးတန်တန်နဲ့ဝယ်ယူပြီး တဆင့်ခံပြန်ရောင်း
တာမျိုးဖြစ်ပါတယ်။ နိုင်ငံခြားမှာတော့ ဘဏ်ဆုံးအကွက်တွေကို ဝယ်ယူလုပ်ကြတာမျိုးပါ။

အရစ်ကျရောင်းချခြင်း
Investor များအနေနဲ့ မိမိပိုင်တိုက်ခန်း၊ မြေကို ပုံမှန်ပေါက်
စျေးထက်စျေးတင်ကာ တစ်လုံးတစ်ခဲတည်းမဝယ်နိုင်သူ
တွေကို အရစ်ကျရောင်းပေးတာဖြစ်ပါတယ်။ ထိုကဲ့သို့
လုပ်ကိုင်ဖို့ Inflation သဘောတရား၊ Investment ဆိုင်ရာတွက်ချက်မှု၊ Time Value of Money သဘောတရားတွေကို အတိုင်းအတာတစ်ခုထိနားလည်
ရင်ပိုကောင်းပါတယ်။ အချိုသောရင်းနှီးမြှုပ်နှံသူများအနေနဲ့ စိတ်ချရတဲ့ကန်ထရိုက်တွေထံက ကြိုပွိုင်တိုက်ခန်းများကြိုဝယ်ပြီး Project ပြီးချိန်ကြမှ အမြတ်တင်ရောင်းချတာမျိုးတွေလည်း ရှိပြန်ပါတယ်။

အခြားနည်းများ
ရင်းနှီးမြှုပ်နှံမှုကျွမ်းကျင်ပြီး Network တောင့်တဲ့ အိမ်ခြံမြေလုပ်ငန်းရှင်တွေအနေနဲ့ ပတ်သက်ရာပတ်သက်ကြောင်း အတွင်းသတင်းတွေကြိုတင်ရရှိပြီး စီးမံကိန်းမြေတွေ ကြိုတင်ဝယ်ယူရင်းနှီးမြှပ်နှံတာတွေလည်းရှိပါတယ်။ စတော့ရင်းနှီးမြှုပ်နှံမှုမှာတော့ Insider Trading သဘောတရားနဲ့ ဆင်တူပါတယ်။ အချို့သောလက်ကြီးရင်းနှီးမြုပ်နှံသူတွေအနေဖြင့် နေရာတစ်ခုခုမှ စျေးချိုတဲ့မြေကွက်တွေကို ကြိုတင်ဝယ်ယူစုဆောင်းထာပြီး
စျေးကွက်လှုပ်ခတ်အောင်လုပ်ကာ မိမိပိုင်မြေတွေကို
တက်စျေးတစ်ခုနဲ့ အလုံးအရင်းနဲ့ပြန်ထုတ်တာမျိုးတွေလည်းရှိပါတယ်။

ဆိုခဲ့ပါနည်းလမ်းတွေက အိမ်ခြံမြေ Short-term ရင်းနှီးမြှုပ်နှံမှုမှာ Flipper Approach နဲ့လုပ်ကိုင်ကြတဲ့ပုံစံတွေဖြစ်ပါတယ်။

အိမ်ခြံမြေကို Flip လုပ်ပြီးကစားတဲ့သူတွေအနေနဲ့ Capital Gain ကိုသာ အဓိကရနိုင်းပြီး မိမိပိုင် Asset ကနေ Rental Income ရဖို့တော့ မလွယ်ကူပါဘူး။

အိမ်ခြံမြေသင်တန်းများနှင့်ပတ်သက်၍
☎09 256 744 740 ကိုဆက်သွယ်နိုင်ပါတယ်။



တပေါင်းလပြည့်နေ့ အခါသမယလေးမှာ မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊ကိုယ်၏ကျန်းမာခြင်း အပေါင်းနှင့်ပြည့်စုံပါစေကြောင်းReal ...
02/03/2026

တပေါင်းလပြည့်နေ့ အခါသမယလေးမှာ
မိဘပြည်သူအပေါင်း စိတ်၏ချမ်းသာခြင်း၊
ကိုယ်၏ကျန်းမာခြင်း အပေါင်းနှင့်ပြည့်စုံပါစေကြောင်း
Real Business Education မှဆုတောင်းမေတ္တာပို့သအပ်ပါသည်။

21/02/2026
⭐ အိမ်ခြံမြေလုပ်ငန်းရှင်များ သိထားသင့်တဲ့ Hard Skills တွေက ဘာတွေလဲ?🔹Hard skills ဆိုသည်မှာ အလုပ်တစ်ခုနှင့်သက်ဆိုင်တဲ့တာဝန...
19/02/2026

⭐ အိမ်ခြံမြေလုပ်ငန်းရှင်များ သိထားသင့်တဲ့
Hard Skills တွေက ဘာတွေလဲ?

🔹Hard skills ဆိုသည်မှာ အလုပ်တစ်ခုနှင့်သက်ဆိုင်တဲ့
တာဝန်များကို ထမ်းဆောင်နိုင်ရန် လူတစ်ဦးမှာရှိပြီး
တိုင်းတာနိုင်တဲ့ စွမ်းရည်တွေကို ဆိုလိုပါသည်။

🔹Hard skills တွေကို လေ့ကျင့်မှုနှင့် အတွေ့အကြုံမှတစ်ဆင့် သင်ယူနိုင်ပြီး တိုးတက်အောင်လည်း
ပြုလုပ်နိုင်ပါသည်။

ဥပမာ - နည်းပညာပိုင်းလိုအပ်ချက်ရှိသူတစ်ဦးအနေနဲ့
မိမိမကျွမ်းကျင်တဲ့ပညာရပ်တွေကို အွန်လိုင်းသင်
ခန်းစာများ တက်ရောက်လေ့လာခြင်းအားဖြင့် နောင်မှာ
ထိုပညာတွေ ကျွမ်းကျင်လာနိုင်တာမျိုးဖြစ်ပါတယ်။

🔹ကဏ္ဍအလိုက် လုပ်ငန်းနယ်ပယ်မှာ အောင်မြင်ဖို့ဆို
Hard Skills က အရေးကြီးပါသည်။ အိမ်ခြံမြေအကျိုးဆောင်များအတွက်လည်း မိမိတို့၏ အလုပ်အကိုင်တိုးတက်ရေးတွင် Hard Skills များသည် မရှိမဖြစ် လိုအပ်ပါသည်။

🔹အထူးသဖြင့် Negotiation skills တို့လို့ Hard skills တွေက လက်တွေ့အတွေ့အကြုံတွေကတဆင့် ပိုမိုတိုးတက်မှုရှိလာစေတာဖြစ်ပါတယ်။

⭐လက်တွေအိမ်ခြံမြေလုပ်ငန်းရှင်များ သိထားသင့်တဲ့
Hark Skills များ

အိမ်ခြံမြေအကျိုးဆောင်များသည် ပုံမှန်အားဖြင့် soft skills နဲ့ hard skills နှစ်မျိုးလုံးကို ပိုင်ဆိုင်ထားတဲ့ ဘက်စုံကျွမ်းကျင်သူများဖြစ်ပါသည်။ ဒါ့ကြောင့်လုပ်ငန်းကဏ္ဍမှာ အောင်မြင်မှုရရှိရန် အရေးအကြီးဆုံးသော
Hard skills များအနက် ပါဝင်သည့်အချက်များကို
ဖော်ပြလိုက်ပါတယ်။

✅ စျေးကွက်ခွဲခြမ်းစိတ်ဖြာနိုင်ခြင်း

အိမ်ခြံမြေအကျိုးဆောင်များသည် မိမိကျင့်လည်ရာ
စျေးကွက်ကိုခွဲခြမ်းစိတ်ဖြာနိုင်တဲ့ စွမ်းရည်လိုအပ်ပါ
သည်။ ဝယ်သူ၊ ရောင်းသူတွေနဲ့ ရင်းနှီးမြှုပ်နှံသူတွေ
သည် စျေးကွက်အခြေအနေ၊ ရောင်းချရန် အကောင်းဆုံးအချိန်နဲ့ ဝယ်လိုအားအခြေအနေများအတွက် အကြံ
ဉာဏ်တွေကို အကျိုးဆောင်များထံမှ ရယူကြတာဖြစ်ပါတယ်။

စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုတွင် ရပ်ကွက်အလိုက်
နှိုင်းယှဉ်လေ့လာတာ၊ အိမ်ခြံမြေတန်ဖိုးတိကျစွာ
သတ်မှတ်နိုင်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အ
လမ်းများ ခွဲခြားသိရှိနိုင်ခြင်းတို့ ပါဝင်ပါသည်။

အိမ်ယာစျေးကွက်အပေါ် သက်ရောက်မှုရှိသော
စီးပွားရေးသတင်းအချက်အလက် update တွေကို အမြဲတမ်းသိရှိထားခြင်း၊လုပ်ငန်းကဏ္ဍအတွင်း
ကျွမ်းကျင်ပညာရှင်များနှင့် ကျယ်ပြန့်တဲ့
ရင်းနှီးမှုကွန်ယက်တစ်ခုကို ထိန်းသိမ်းထားခြင်းဖြင့်
စျေးကွက်ခွဲခြမ်းစိတ်ဖြာမှုစွမ်းရည်ကို လွယ်ကူစွာ
တိုးတက်စေနိုင်ပါသည်။

✅ Contract Law

အိမ်ခြံမြေစာချုပ်များသည် လက်တွေလုပ်ဆောင်နေသူများအတွက် အလွန်အရေးကြီးပြီး အတိမ်းအ
စောင်းမခံနိုင်တဲ့ အပိုင်းတွေထဲမှာပါဝင်ပါတယ်။ ကျွမ်းကျင်တဲ့အကျိုးဆောင်တွေအနေနဲ့ Contract Law ဆိုင်ရာများ၊ စာချုပ်စာတမ်းများကို နားလည်ကျွမ်းကျင်၊​
​ကြည့်ရှုတတ်ခြင့်အားဖြင့် မိမိ Customer တွေရဲ့ ဝယ်ရောင်းလုပ်ငန်းစဉ်တွေမှာ မှန်ကန်စွာလမ်းညွှန်ပေးနိုင်ပြီး
နောက်တွင်ရင်ဆိုင်ရနိုင်တဲ့ ဒဏ်ကြေးကိစ္စတွေ၊ ဥပဒေရေးရာအငြင်းပွားမှုဖြစ်ပေါ်ရခြင်းကို ကြိုတင်ရှောင်ရှားနိုင်ပါသည်။

Contract Law နဲ့သက်ဆိုင်တဲ့ Hard skill ဆိုရာတွင် ဥပဒေဆိုင်ရာအသုံးအနှုန်းများ (legal terminology) နားလည်ခြင်း၊ ထုတ်ဖော်ကြေညာချက်များ (disclosures) ကိုသိရှိခြင်းနှင့် အိမ်ခြံမြေစာချုပ်
များကို ထဲထဲဝင်ဝင်နားလည်နိုင်ခြင်းတို့ ပါဝင်ပါသည်။
ဒါ့အပြင် ပြောင်းလဲနေသော အိမ်ခြံမြေဥပဒေများကို လက်လှမ်းမီသိရှိထားခြင်း၊ ဥပဒေဆိုင်ရာသင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများကို တက်ရောက်၍ အိမ်ခြံမြေစာချုပ်ဥပဒေအပေါ် မိမိတို့ရဲ့ အသိပညာကို
ပိုမိုတိုးတက်အောင် ဆောင်ရွက်ထားဖို့လိုအပ်ပါသည်။

✅ ဒေသဆိုင်ရာ အသိပညာ (Local Knowledge)

ဝယ်သူများ၊ ရောင်းသူများနှင့် ရင်းနှီးမြှုပ်နှံသူတွေ
အနေနဲ့ ကိုယ်ဒေသ၊ အရပ်အကြောင်း ကောင်းကောင်းနားလည်တဲ့အိမ်ခြံမြေအကျိုးဆောင်ကို လိုအပ်ကြမှာ
ဖြစ်ပြီး၊ ထိုကဲ့သို့အရည်အချင်းတွေပိုင်ဆိုင်တဲ့သူတွေကို အခြားသာနယ်ပယ်မှာ ရင်းနှီးလုပ်ကိုင်နေကြသူတွေကတောင် အားကိုးအထားထား
ပြုလာနိုင်ပါတယ်။

Local Knowledge အနေနဲ့ မိမိကျင်လည်ရာနေရာဒေသ
အပေါ် နက်နက်ရှိုင်းရှိုင်းနားလည်ခြင်းဆိုရာမှာ ကျန်းမာရေးနှင့်ဆိုင်တဲ့ ဆေးရုံဆေးခန်းများ၊
အရပ်ဒေသရဲ့ ကောင်းကွက်၊အဆင်ပြေစေတဲ့ အကြောင်းအချက်တွေ၊ Amenities များ၊
ရပ်ရွာငြိမ်ဝပ်ပိပြားမှု၊ မှုခင်းအခြေနေကအစ၊ တောင်မြောက်လေးပါအခြေအနေ အချက်အလက်
များကို ကျွမ်းကျင်နှံစပ်
တာတွေပါဝင်ပါတယ်။

ဆိုခဲ့ပါအသိပညာရပ်တွေဟာ အကျိုးဆောင်များ
ရရှိနိုင်သည့် ဝင်ငွေနဲ့ပါတိုက်ရိုက်ဆက်နွယ်နေပါသည်။ Customer နဲ့ သင့်တော်မှန်ကန်တဲ့ နေရာနဲ့ကိုက်ညီအောင် တွဲဖက်ဆောက်ရွက်ပေးနိုင်လေ အရောင်းအဝယ်စာချုပ်များကို ပိုမိုလျင်မြန်စွာ အပြီးသတ်နိုင်လေဖြစ်ပါတယ်။

အကျိုးဆောင်များသည် ဒေသခံခေါင်းဆောင်၊ ရပ်မိရပ်ဖတွေ၊ လုပ်ငန်းရှင်တွေနဲ့ ဆက်ဆံရေးကောင်းတွေ တည်ဆောက်ခြင်းအားဖြင့်လည်း ဒေသန္တရအသိပညာကို တိုးတက်စေနိုင်ပါသည်။ ထို့အပြင် ဒေသဆိုင်ရာစည်းမျဉ်းစည်းကမ်းများ၊ ဇုန်သတ်မှတ်ဥပဒေများ (zoning laws) နှင့် အသစ်တည်ဆောက်မည့် သို့မဟုတ် တည်ဆောက်ဆဲ စီမံကိန်းများအကြောင်းကိုလည်း အမြဲတမ်းသိရှိထားသင့်ပါသည်။

✅ အိမ်ခြံမြေဆိုင်ရာ အသိပညာ (Real Estate Knowledge)

အိမ်ခြံမြေဆိုင်ရာ အသိပညာဝမ်းစာလည်း
မရှိမဖြစ်လိုအပ်တဲ့ Hard skill တစ်ခုဆိုတာ
ပြောစရာမလိုအပ်ပါ။ မည်သည့်အလုပ်
အကိုင်မဆို မိမိလုပ်ငန်းနယ်ပယ်အပေါ် နှံနှံစပ်စပ်
နားလည်သိရှိဖို့ကအခြေခံလိုအပ်ချက်တစ်ရပ်ဖြစ်ပါသည်။ အိမ်ခြံမြေလုပ်ငန်းတွင်တော့ အိမ်ခြံမြေအမျိုးအစားများနှင့် ယင်းလုပ်ငန်းရဲ့ ထူးခြားတဲ့
လက္ခဏာများကို နားလည်သိရှိခြင်းပါဝင်ပါသည်။

ငွေကြေး၊ဘဏ္ဍာရေးနဲ့ပတ်သက်၍ (financing options) ပြည့်စုံလုံလောက်ပြီး ယုံကြည်စိတ်ချရသော အသိပညာ၊ အိမ်ဝယ်ယူမှု လုပ်ငန်းစဉ်၊ တန်ဖိုးသတ်မှတ်အကဲဖြတ် (appraisals)၊ စစ်ဆေးမှုများ (inspections) နှင့် အရောင်းအဝယ် အပြီးသတ်လုပ်ငန်းစဉ်များ
(closing procedures) တိုကို သိရှိနားလည်ထားရပါမည်။

လုပ်ငန်းကဏ္ဍဆိုင်ရာ အခမ်းအနားများ၊ webinar များတွင် ပါဝင်တက်ရောက်ခြင်းကလည်း အကျိုးဆောင်များအတွက် အသိပညာတိုးတက်မှုနဲ့ မိမိကိုယ်ကို Update ဖြစ်အောင်ထိန်းသိမ်းထားနိုင်ရန် အလွန်ကောင်းမွန်သော နည်းလမ်းတစ်ရပ်ဖြစ်ပါသည်။

✅ သုတေသနစွမ်းရည်များ (Research Skills)

အမြဲတမ်းပြောင်းလဲလျက်ရှိတဲ့ အိမ်ခြံမြေစျေးကွက်မှာ
Customer ဆုံးဖြတ်ချက်အပေါ် သက်ရောက်နိုင်သည့်
အရေးကြီးသတင်းအချက်အလက်များကို ရှာဖွေစုဆောင်း၊သုတေသနစွမ်းရည်ကို ပိုင်ဆိုင်ထားတဲ့ အကျိုးဆောင်များက ပိုမိုအောင်မြင်မှုရမှာဖြစ်ပါတယ်။

Research Skills စွမ်းရည်ကနေ HOA စည်းမျဉ်းစည်းကမ်းများ၊ အခွန်မှတ်တမ်းများနှင့် အိမ်ခြံမြေသမိုင်း
(မြေရာဇဝင်)ဆိုင်ရာများ စသည့်နယ်ပယ်ဆိုင်ရာ အသိပညာတွေပြည့်စုံစေရန် ကူညီပေးနိုင်ပါသည်။

Research Skills ဆိုရာမှာ ရှိပြီးသားစျေးကွက်ဒေတာများကို ခွဲခြမ်းစိတ်ဖြာ၍ လမ်းကြောင်းသစ်များ (trends) များ စောင့်ကြည့်ခြင်း၊ ပေါ်ထွက်လာနေသော အခွင့်အလမ်းများ ဖော်ထုတ်နိုင်ခြင်းတွေ ပါဝင်ပါသည်။

ဤလုပ်ငန်းစဉ်ကို နည်းပညာကျွမ်းကျင်မှု (tech savviness) နှင့် ပေါင်းစပ်အသုံးပြုပါက
ပိုမိုထိရောက်စေနိုင်ပါသည်။

အကျိုးဆောင်များသည် အွန်လိုင်း Tool တွေနှင့်
ဒေတာဘေ့စ်များကို အသုံးချနိုင်ပါက တန်ဖိုးရှိသော
အချက်အလက်များကို ထုတ်ယူ၍ လုပ်ငန်းမှာ
အသုံးချနိုင်မှာဖြစ်ပါသည်။

ဖြစ်နိုင်မယ်ဆိုရင် မိမိ Customer နဲ့ CRM အချက်အ
လက်တွေကိုပိုင်အောင်လုပ်ထားနိုင်ရင် ရောင်းရေးဝယ်တာမှာ တစ်ပန်းသာစေမှာဖြစ်ပါသည်။

✅ စေ့စပ်ညှိနှိုင်းဆွေးနွေးနိုင်စွမ်း(Negotiation Skills)

နေ့စဉ်လူများနှင့် ဆက်ဆံလုပ်ကိုင်ရတာကြောင့် စေစပ်ညှိနှိုင်းဆွေးနွေးမှုများ အများအပြား လုပ်ဆောင်ရပါသည်။ စူးစိုက်နားထောင်နိုင်ခြင်း (active listening)၊ အလျော့အတင်းပြုလုပ်နိုင်ခြင်း (compromise) နှင့် ယုံကြည်မှုတည်ဆောက်နိုင်ခြင်း (rapport building)
စသည့် စွမ်းရည်များရှိခြင်းသည် လုပ်ငန်းဘဝကို
ချောမွေ့ပြီး အောင်မြင်စေရန် အထောက်အကူဖြစ်စေပါသည်။

အကျိုးဆောင်များသည် ထိရောက်စွာဆက်သွယ်ပြောဆိုနိုင်မှုနှင့် ဆွဲဆောင်ပြောဆိုနိုင်စွမ်း (persuasive skills) ကို တိုးတက်အောင် လေ့ကျင့်ခြင်း၊ ထို့ပြင် လုပ်ဖော်ကိုင်
ဖက်များနှင့်အတူ ညှိနှိုင်းဆွေးနွေးမှုများကို role-play လေ့ကျင့်ခြင်းအားဖြင့် မိမိတို့၏ ညှိနှိုင်းနိုင်စွမ်းကို တိုးတက်စေနိုင်ပါသည်။

✅အလားအလာရှိ ဖောက်သည်များ စိစစ်ရွေးချယ်ခြင်း (Qualifying Prospects)

Lead generation သည် အိမ်ခြံမြေအကျိုးဆောင်တစ်ဦး၏ လုပ်ငန်းဘဝမှာ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ သို့သော်ရရှိလာသော leads တိုင်းကတော့ အောင်မြင်စွာအရောင်းပိတ်တဲ့ အနေအထားထိကို ရောက်ချင်မှရောက်မှာပါ။

အလားအလာရှိသော ဖောက်သည်များကို စနစ်တကျ
စိစစ်ရွေးချယ်နိုင်ခြင်းသည် အချိန်၊ ငွေကြေးနှင့် လူအင်အားတို့ကို သက်သာစေတဲ့အပြင် အမှန်တကယ်ဝန်ဆောင်ခပေး၊ ပွဲဖြစ်အောင်စွမ်းဆောင်နိုင်သော ဖောက်သည်များထံ အရင်းအမြစ်များ၊ အချိန်များကို
ပိုမိုပြည်ဝထိရောက်စွာ သုံးစွဲနိုင်စေပါသည်။

✅အချိန်စီမံခန့်ခွဲမှု (Time Management)

အိမ်ခြံမြေအကျိုးဆောင်များသည် အလုပ်များသည့်
လူများဖြစ်ပါသည်။ နေရာစစ်ဆေးမှုများ၊ မာကက်တင်း
လုပ်ငန်းများ၊ Networking Event များနှင့် Client Appointment ဖောက်သည်အစည်းအဝေးများကြားမှာ အချိန်ကိုအကျိုးရှိအောင် အသုံချနိုင်ဖို့လိုပါသည်။

အချိန်စီမံခန့်ခွဲမှု hard skills များသည် အောင်မြင်တဲ့
အကျိုးဆောင်များအတွက် အလွန်တန်ဖိုးရှိပါသည်။
တာဝန်များကို ထိရောက်စွာဦးစားပေးခြင်းနှင့် အချိန်ကိုက်
ဖောက်သည်များစွာကို စီမံခန့်ခွဲတွေဆုံနိုင်ခြင်းတို့ ပါဝင်ပါသည်။

အချိန်စီမံခန့်ခွဲမှု Tool ကိရိယာများကို အသုံးပြု၍
အချိန်မှန်မှုကို တိုးတက်အောင် လေ့ကျင့်နိုင်ပါသည်။

အချိန်စီမံခန့်ခွဲမှု ကောင်းမွန်သော အကျိုးဆောင်များသည်
အရည်အချင်းမရှိ၊ ရလဒ်မပေါ်သောလုပ်ငန်းများကို မစတင်ခင်မှ စွန့်လွှတ်နိုင်ရန် သင်ယူပြီး၊ မိမိအချိန်လွတ်နိုင်စေရန် လိုအပ်ပါက တာဝန်များကို အခြားလက်တွဲလုပ်သူများထံ လွှဲအပ်နိုင်ကြပါသည်။

✅အရောင်းစွမ်းရည်များ (Sales Skills)

အိမ်ခြံမြေအကျိုးဆောင်များသည် မကြာခဏ
အရောင်းလုပ်ငန်းတွင် ပါဝင်နေကြပါသည်။
ဒါကြောင့် မိမိအရောင်းစွမ်းရည်များသည်
အသက်မွေးဝမ်းကြောင်းအတွက် မရှိမဖြစ်လိုအပ်ပါသည်။

အရောင်းစွမ်းရည်များတွင် အဓိကအကျိုးဆောင်
များနှင့် မိတ်ဆက်ဆက်ဆံရေးကို အားကောင်းစွာတည်ဆောက်နိုင်ခြင်း (key stakeholders)၊ အဓိကအားဖြင့် (referrals) lead များရရှိစေရန် ကြိုးစားခြင်း၊ ငြင်းပယ်မှုများနှင့် အဓိပ္ပါယ်မဲ့သောတုံ့ပြန်မှုများကို သေချာစွာ ဖြေရှင်းနိုင်ခြင်း၊ ထိရောက်ပြီးဆွဲ
ဆောင်မှုရှိသည့်ဆက်သွယ်ရေးနှင့် presentation စွမ်းရည်များတိုးတက်အောင် လေ့ကျင့်ခြင်းတို့ ပါဝင်ပါသည်။

✅အိမ်ခြံမြေတန်ဖိုးသတ်မှတ်နိုင်မှု (Property Valuation)

အိမ်ခြံမြေအကျိုးဆောင်များကို လုပ်ငန်းကဏ္ဍ
အာဏာပိုင်များ၊ အခရာကျပုဂ္ဂိုလ်များအဖြစ်
သတ်မှတ်လို့ရပါတယ်။ အလားအလာရှိသည့်နေရာ
တွေကို မိမိဖောက်သည်များ ဝယ်ရန် (သို့) ရင်းနှီးမြှုပ်နှံရန် အကောင်းဆုံးလမ်းညွှန်မှုများ အကြံဉာဏ်များပေးအပ်နိုင်လို့ဖြစ်ပါသည်။

ထို့ကြောင့် အိမ်ခြံမြေတန်ဖိုးကို မှန်မှန်ကန်ကန်
သတ်မှတ်နိုင်ခြင်းဟာ အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုမှာ အရေးကြီးတဲ့လုပ်ငန်းစဉ်ဖြစ်ပြီး ယင်းကိုထိရောက်စွာလုပ်ကိုင်နိုင်တဲ့ အကျိုးဆောင်တွေကလည်း
အမှန်တကယ်လုပ်ငန်းကျွမ်းကျင်ပြီး
အရည်အချင်းရှိတဲ့ သူတွေရဲ့စွမ်းရည်တစ်ခုသာဖြစ်ပါသည်။

အခုရေးပြသွားတာကတော့ အိမ်ခြံမြေလုပ်ငန်းရှင်များရဲ့
Soft Skills ဆိုင်ရာ ဆောင်းပါရဲ့ နောက်ဆက်တွဲဖြစ်သည်။

နောင်မှာလည်း အခုလိုတန်ဖိုးရှိ Content ကောင်းတွေကို
ဖတ်ရှိနိုင်အောင် Page လေးကို Follow လုပ်ထားဖို့လိုပါတယ်။

Diploma in Real Estate သင်တန်း
https://www.facebook.com/share/p/1AUp3EPmH7/

☎အိမ်ခြံမြေသင်တန်းကိစ္စများ ဆက်သွယ်လိုပါက
09 256 744 740 ကိုဆက်သွယ်ပါ။

📣 Acknowledgement 🎉🎀⭐Taxation Impacts on Business Operation Seminar လေးကို ဦးဆောင်ပြောကြားပေးခဲ့သည့် ဆရာကြီးဒေါက်တာလှညွှ...
19/02/2026

📣 Acknowledgement 🎉🎀

⭐Taxation Impacts on Business Operation Seminar လေးကို ဦးဆောင်ပြောကြားပေးခဲ့သည့် ဆရာကြီးဒေါက်တာလှညွှန့်အားအထူးပင်
ကျေးဇူးတင်ရှိပါသည်။

အဆိုပါ ဟောပြောပွဲလေးကို စိတ်ဝင်တစားအချိန်
ပေးပြီး တက်ရောက်ပေးခဲ့ကြသည့် ဧည့်သည်များနှင့် ကုမ္ပဏီလူကြီးမင်းများအားလည်း Real Business Education မှ အထူးပင်ကျေးဇူးတင်အပ်ပါသည်။

ပွဲလေးတက်ရောက်ပေးသည့် Real Business Education ၏ Diploma အတန်းလေးမှ ကျောင်းသား၊ကျောင်းသူများ၊ ဆရာကြီးအားအမှတ်တရလက်ဆောင်ချီးမြှင့်ပေးသည့် Real Business Group မှ GM ဖြစ်သူ Ma Cindy ကိုလည်း ကျေးဇူးတင်ရှိပါတယ်။

နောက်ပိုင်းမှာလည်း အခုလိုစိတ်ဝင်စားဖွယ်ခေါင်းစဉ်လေးများဖြင့် Seminar and Event လေးတွေ ထပ်မံပြုလုပ်အုံးမှာဖြစ်လို့ကျောင်း Page လေးကို Follow လေးလုပ်ထားနိုင်ပါတယ်။

👩‍🎓မကြာခင်ဖွင့်လှစ်သည့် Diploma in Real Estate အတန်းလေးနဲ့ပတ်သက်ပြီး စိတ်ဝင်စားပါကလည်း အောက်ပါ Link လေးကနေလည်း လေ့လာနိုင်ပါတယ်။


https://www.facebook.com/share/p/1GfCQJSv5b/

ကျောင်းကို တိုက်ရိုက်ဆက်သွယ်မေးမြန်းလိုပါကလည်း
☎ 09 256 744 740 ကိုဆက်သွယ်နိုင်ပါတယ်။

သူဌေးကြီး Donald Trump ရဲ့ အိမ်ခြံမြေဆိုင်ရာ မဟာဗျူဟာ (၄) ရပ်အသေးစားအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေအတွက် Billionaire မျ...
05/02/2026

သူဌေးကြီး Donald Trump ရဲ့ အိမ်ခြံမြေဆိုင်ရာ မဟာဗျူဟာ (၄) ရပ်

အသေးစားအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေအတွက် Billionaire များမျှဝေပေးသည့် သင်ခန်းစာများ

💡နေရာကောင်းကို စျေးကောင်းပေးဖို့ မတွန့်ဆုတ်ပါနဲ့

နေရာကောင်းတစ်ခုအတွက် Premium စျေးတစ်ခုပေးဝယ်လိုက်ခြင်းဟာ မိမိရင်းနှီးမြှပ်နှံမှုမှာ အကျိုးအမြတ်အများကြီးဖြစ်ထွန်းနိုင်တယ်လို့ Trump ကယုံကြည်တာဖြစ်ပါတယ်။

သူဌေးကြီး Donald Trump ရဲ့ Boldest ဖြစ်စေတဲ့
အိမ်ခြံမြေရင်နှီးမြှပ်နှံမှု (၅) ခုမှာပါဝင်တဲ့ Trump World Tower ဖြစ်လာမယ့် အဆောက်အအုံကိုဝယ်ယူပြီး ဖွံ့ဖြိုးတည်ဆောက်ခဲ့တဲ့အချိန်မှာ တကယ်ကိုမှန်ကန်ခဲ့ပါတယ်။

Trump ရဲ့ အကြီးတန်းအမှုဆောင် ဒု-ဥက္ကဌ အဖြစ်တာဝန်ထမ်းဆောင်ခဲ့သူ George H. Ross ရဲ့ရေးသားချက်အရ Trump World Tower အဖြစ်အကောင်အထည်ဖော်မဲ့တည်နေရာကို ပထမဆုံးတွေ့ ခဲ့ချိန်မှာ အထပ် (၂) ထပ်သာရှိပြီး ခေတ်မမီတော့တဲ့ အဆောက်အအုံတစ်ခုဖြစ်ခဲ့ပေမယ့်၊ ယင်းအဆောက်အအုံကို ပိုင်ဆိုင်ထားတဲ့ အင်ဂျင်နီယာအဖွဲ့ကတော့ သူခေတ်သူအခါမှာ
အမြင့်ဆုံးစျေးတစ်ခုတောင်းခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် Trump က အဲ့ဒီစျေးကို ပေးချေခဲ့တယ်လို့ Ross က ရေးသားထားပါတယ်။

အကြောင်းကတော့ အနီးအနားရှိ အဆောက်အအုံတွေမှာ
အသုံးမပြုရသေးတဲ့ (air rights) မြေညီကနေ အပေါ်ဘက်မှာ Open Space Area နေရာတွေရှိတယ်ဆိုတာ
ကို Trump သိပြီးသားဖြစ်လို့ပါ။ ဒါ့အပြင်
ယင်းနေရာဟာ New York ရဲ့ အချက်အချာကျတဲ့
၄၇ လမ်းနဲ့ ၄၈ လမ်းအထိ Block တစ်ခု
လုံးစာဖြစ်နေတဲ့အတွက်လည်း အလွန်ကြီးမားတဲ့အရွယ်
အစားနဲ့ View ကောင်းတဲ့ အဆောက်အဦးတစ်ခု အဖြစ်
အသွင်ပြောင်းလဲတည်ဆောက်နိုင်တယ်ဆိုတာ Trump
က ကြိုတင်မြင်ခဲ့​ပြီးဖြစ်ပါတယ်။

၁၉၉၇ ခုနှစ်ဝန်းကျင်မှာ ကုလသမဂ္ဂအဆောက်အဦး
အနီးဝန်းကျင်မှာ အဆောက်အဦးနေရာတစ်ခုကို
တည်ဆောက်ဖို့ သူဌေးကြီး Trump က ကြိုးစားခဲ့
တာဖြစ်ပြီး ယင်းအဆောက်အဦးဟာလည်း New York City ရဲ့ အမြင့်ဆုံးနဲ့ အချက်အချာအကျဆုံးနေရာမှာ
ရုံးလုပ်ငန်းလုပ်ကိုင်မည့်သူတွေ၊ အင်ဂျင်နီယာရုံးခန်းတွေအပြင် အနီးအနားမှာရှိတဲ့ ကုလသမဂ္ဂအဆောက်အဦးဆီလာမည့် သံသမန်တွေအတွက်ပါ ကောင်းမွန်တဲ့ဇိမ်ခံအဆောက်အဦးတစ်ခုအဖြစ်ရှိစေချင်ခဲ့တာဖြစ်ပါတယ်။

တစ်နည်းအားဖြင့် ထိုနေရာရဲ့နောင်အလားအလာ၊ ယင်းပတ်ဝန်းကျင်ကို လာရောက်ကြမည့် ပုဂ္ဂိုလ်တွေရဲ့အဆင့်အတန်းနဲ့ ကိုက်ညီတဲ့နေရာတစ်ခုဖြစ်အောင် ဖန်တီးခဲ့ခြင်းလည်းဖြစ်ပါတယ်။ ဒီအချက်ဟာ နေရာကောင်းတစ်ခုကို
ဝယ်ယူပြီး ဝယ်ရင်းစျေးထက် တန်ဖိုးတက်လာမဲ့
အချိန်ကောင်းကို Holding Period တစ်ခုအနေနဲ့
စောင့်ဆိုင်းတာမျိုးထက် ကျော်လွန်ပါတယိ။

အိမ်ခြံမြေရင်းနှီးမြုပ်နှံသူတွေအနေနဲ့ မိမိလက်ထဲရှိနေရာကောင်း Area ကို အခုထက်ပိုကောင်းအောင်တီထွင်ဖန်တီးမှုတွေပေါင်းစပ်ပြီး Value Creation တွေ
ပြုလုပ်ပြီး Quick Profit ရအောင် ​Land Value
ကိုဖန်တီးယူလိုက်ခြင်းဖြစ်ပါတယ်။ အိမ်ခြံမြေရင်းနှီးမြုပ်နှံမှုမှာ Developer တွေ လုပ်ကိုင်တဲ့ပုံစံမျိုးနဲ့ ဆင်တူ
ပေမယ့် လုပ်ငန်းအငယ်တွေလည်း မိမိဝယ်ယူတဲ့မြေကို ထိုက်သင့်သလို လှတပတဖြစ်အောင်ဖန်တီးပြီး Marketable ဖြစ်အောင်ပြုလုပ်နိုင်ပါတယ်။ နေရာကောင်းဝယ်ပြီး စျေးကောင်းလာချိန်ထိုင်စောင့်မလား၊ ဝယ်သူစျေးကောင်းပေးအောင်ဖန်တီးယူမလား
စဉ်းစားရမှာပါ။

မြေနေရာအကဲဖြတ်တဲ့နေရာမှာ မြိုပြရဲ့အချက်အခြာကျမှုအပြင် မြင်ကွင်းအနေနဲ့လည်း Trump World Tower နေရာကို View ကောင်းမှုအပေါ် မှာ အခြေခံတည်ဆောက်ခဲ့ပြီး မြစ်အရှေ့ဖက် (East River) ကို အသက်ရှမှားစေတဲ့မြင်ကွင်းရသခံစားနိုင်ရန် Glass curtain wall နဲ့တည်ဆောက်ကာ မြင်ကွင်းတန်ဖိုးကို ထိန်းထားခဲ့တာဖြစ်ပါတယ်။

အိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုကို တန်ဖိုးတက်စေတဲ့ Strategic Location နဲ့ မြင်ကွင်းကောင်းမွန်မှုအပေါ်အခြေခဲ့တဲ့ပုံစံကို အခြားသော Project တွေအကောင်အထည်ဖော်ရာမှာ အိမ်ခြံမြေသူဌေးကြီး Donald Trump အသုံးပြုခဲ့ပါသေးတယ်။ Trump ကို Bolded ဖြစ်စေတဲ့ အဆောက်အဉီးတွေအကုန်လုံးနီးပါဟာ ဒီ Strategy ကို စနစ်တကျအသုံးချခဲ့တာပါ။

💡မှားယွင်းတဲ့အိမ်ခြံမြေအတွက် မှန်ကန်တဲ့စျေးနှုန်းမရှိကြောင်းသိထားပါ

Ross ရဲ့ရေးသားချက်အရ Trump ဟာ အကောင်းဆုံးတည်နေရာက အိမ်ခြံမြေအတွက်သာ Premium စျေးတစ်ခုပေးဖို့ အမြဲအသင့်ရှိပေမယ့်၊ သိသာမြင်သာပြီး တန်ဖိုးတက်အောင် လုပ်ကိုင်နိုင်မည့် နည်းလမ်းမမြင်ပဲ စျေးချိုတဲ့အကြောင်းတစ်ခုတည်းကြောင့်ပဲ အိမ်ခြံမြေတစ်ခုကိုမဝယ်ဘူးလို့ ဆိုပါတယ်။ တစ်နည်းအားဖြင့်
မည်မျှကောင်းအောင်ဆောက်ဆောက် ဖြစ်ထွန်းမလာနိုင်တဲ့ နေရာတွေကို စျေးဘယ်လောက်ချိုချို ရှောင်ရှားလိုက်တာဖြစ်ပါတယ်။

ဒီအချက်ကလည်း Level 1 Real Estate Investor
တွေနဲ့ Higher Level Investor ကြားက ကွာခြားချက်တစ်ခုပါ။ ဘယ်နေရာဖြစ်ဖြစ်နောင်တန်ဖိုးတက်မှာပဲဆို
တဲ့ ယူဆချက်ကို အခြေခံတာမျိုးမဟုတ်ပဲ Potential အလားအလာတွေကို Analysis စနစ်တကျလုပ်တဲ့
Professional Realtor တွေမှာတွေရတဲ့ Character တစ်ခုပါ။

နေရာသေးပေမယ့် လှလှပပနဲ့ အကောင်ဆုံးဖန်တီးပြီး
လူတွေလည်း အကြိုက်ဖြစ်နိုင်၊မဖြစ်နိုင်ဆိုတာကို မဝယ်ယူခင် သေချာတွက်ချက်ပြီးမှတာ ရင်းနှီးမြှုပ်နှံဖို့ တိုက်တွန်းတာဖြစ်ပါတယ်။

💡ဝယ်ယူရန်စီစဉ်ထားသည့် အိမ်ခြံမြေအတွက်
အနာဂတ် (Vision) တစ်ခုရှိထားပါ

အခြားအိမ်ခြံမြေရင်းနှီးမြှုပ်နှံသူများနဲ့မတူဘဲ Trump က နောက်မှာ Trump World Tower ဖြစ်လာမယ့် စီမံကိန်းအတွက် အနာဂတ် Vision တစ်ခုကြိုတင်ရှိနှင့်ပြီးဖြစ်
ပါတယ်။

Ross ရဲ့ရေးသားချက်အရ အခြားရင်းနှီးမြှုပ်နှံသူများက အဲ့ဒီနေရာ (Trump World Tower) က စတုရန်းပေ ၃၇၀,၀၀၀ ခန့်ရှိတာမို့ အထပ် (၂၀) ပါတဲ့အဆောက်
အအုံသာဆောက်လုပ်နိုင်မယ်လို့ပဲ မြင်ခဲ့ကြသော်လည်း၊ အခြားသူတွေနဲ့ ကွဲပြားတဲ့ Trump ရဲ့ အမြင်မှာ ယင်းပတ်
ဝန်းကျင်အနီးအနားက အသုံးမပြုရသေးတဲ့ နေရာလွတ်တွေ ကိုပါ ညှိနှိုင်းဝယ်ယူနိုင်မည်ဆိုပါက စတုရန်းပေ ၆၆၇,၀၀၀ ထိရနိုင်ပြီး ယင်းနေရာကောင်းမှာ ခမ်းနားတဲ့အထပ်မြင့်အဆောက်အအုံကို တည်ဆောက်နိုင်မှာကို ကြိုမြင်ခဲ့တာပါ။ ယင်းအဆောက်အအုံမှာ မြင့်မားတဲ့မျက်နှာကျက်များ၊ ကြမ်းပြင်မှမျက်နှာကျက်ထိကြီးမားတဲ့ မှန်ပြတင်းပေါက်များနှင့် လှပကျယ်ပြန့်တဲ့မြင်ကွင်းတွေကိုပါ ရရှိနိုင်တာကို ကြိုတင်လာဘ်မြင်လို့ စျေးပေးဝယ်ယူ
တာဖြစ်ပါတယ်။

George H. Ross ရေးသားချက်အရ Trump World Tower ဖြစ်လာမဲ့ နေရာအကျယ်ကို စတုရန်းပေ ၃၇၀,၀၀၀ သာစဉ်းစားမည်ဆိုပါက အထပ် (၂၀) ပါတဲ့ အဆောက်အဦးသာဆောင်လုပ်ခွင့်ရမှာဖြစ်ပြီး ယင်းအတွက်ပေးရတဲ့စျေးက မြင့်မားနေမှာအမှန်ဖြစ်ပေမယ့် Trump ကတော့ ယင်းပမာဏထက်အကျယ်အဝန်း (၂) ဆလောက်အထိ ရရှိနိုင်ခြင်း Urban Development နဲ့
အတူပေါ်ပေါက်လာမဲ့ Opportunities တွေကို
ကြိုးတင်မြင်နိုင်ခဲ့တာကြောင့်လည်း စျေးပေးခဲ့တာပါ။

ထိုကဲ့သို့မတူတဲ့အတွေးအမြင်ကြောင့်လည်း ယင်းနေရာကိုဝယ်ပြီး သူခေတ်သူအခါမှာ အမြင့်ဆုံးနဲ့ ခမ်းနားတဲ့အဆောက်အဦးကို တည်ဆောက်ပြခဲ့တာဖြစ်ပါတယ်။

ထိုအဆောက်အဉီးကို တည်ဆောက်ခဲ့တဲ့ကာလတွေမှာ
ဖြစ်ပေါ်လာနိုင်မဲ့ မြိုပြရဲ့အခင်းအကျင်းအသစ်နဲ့
ပတ်ဝန်းကျင် Area တစ်ခုလုံးမှာပါ တိုးတက်လာခဲ့တယ်လိုဆိုပါတယ်။ ဒီအချက်ဟာ မြိုပြဖြစ်တည်မှုနဲ့ အိမ်
ခြံမြေ Market အခြေနေဆက်စပ်မှုကို မြင်သာစေတာ
ကြောင် အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတွေ နားလည်ထား
ရမဲ့ မှတ်သားစရာအချက်ပါ။

လက်ရှိ ရန်ကုန်မြိုပြရဲ့ဖြစ်ထွန်းမှုအလားအလာက
ဘယ်ဘက်ကိုဆက်လက်ရွေ့လျားနိုင်ခြေရှိပြီး သိသာတဲ့ဘယ်လိုစီမကိန်းတွေ အကောင်အထည်ဖော်နေတာလဲ၊
မကြာခင်ပြီးစီးလတ်စသတ်တော့မယ် Project ကြီးတွေကြောင့် မည်သည့် Location တွေက အလားအလာပိုကောင်းသလဲဆိုတာမျိုးတွေကို စဉ်းစားရင်းနှီး​မြုပ်နှံ
သင့်ပါတယ်။

💡တိုးတက်နိုင်ခြေရှိပြီး စျေးချိုတဲ့အိမ်ခြံမြေဝယ်ယူပါ

စျေးချိုတဲ့ အိမ်ခြံမြေတွေနဲ့ပတ်သက်လို့ Trump စိတ်ဝင်စားမှုကိုဖြစ်စေတဲ့ အရာတစ်ခုကတော့ တိုးတက်နိုင်ခြေ (growth potential) တစ်ခုခုရှိထားမှသာ ဖြစ်ပါတယ်။ Ross ရဲ့ရေးသားချက်အရ လက်ရှိမှာဖွံ့ဖြိုးတိုးတက်မှုနည်းပေမယ့် အောင်မြင်ပြီးလူစည်းကားတဲ့နေရာအနီးက စျေးသက်သာတဲ့နေရာတွေက ကြိုတင်ရင်းနှီးမြှုပ်နှံမှုကောင်းတဲ့နေရာတွေလို့ ဆိုပါတယ်။

Trump နားမှာနှစ်ပေါင်းများစွာ အကြီးတန်းအကြံပေးနဲ့
ဉပဒေအတိုင်အပင်ခံဖြစ်ခဲ့သူ George H. Ross က အမှန်တကယ်ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ စျေးသက်သာတဲ့ အိမ်ခြံမြေတွေကို ရင်းနှီးမြှုပ်နှံမှုမပြုခင် အောက်ပါမေးခွန်းတွေ မိမိကိုယ်ကိုပြန်မေးဖို့ လိုတယ်လို့လည်း လမ်းညွှန်ထားပါတယ်။

၁) အပြောင်းအလဲအချိန်တွေမှာ ဒီရင်းနှီးမြှုပ်နှံမှုကို
ထိန်ထားနိုင်ပါ့မလား။

၂) ငှားရမ်းခက ငွေကြေးဖောင်းပွမှုကို
ထိန်းထားနိုင်ပါ့မလား

၃) နေရာက တည်ငြိမ်မှုရှိမှာလား၊ အခြေနေ
ပိုကောင်းလာမှာလား၊ ပိုးဆိုးသွားနိုင်လား

Reference: Finance.yahoo.com
Trump Shared These 4 Real Estate Tips: Can They Still Make You Rich?

Post Link: https://surl.li/gguzfd

Photo: Michael Candelori / Shutterstock.com

🤗 Special Seminar တက်ရင်း Scholarship ရရှိမည့် အခွင့်အရေး✴၂၀၂၆ နှစ်စမှာ Seminar ကောင်းတွေ တက်ရောက်လိုသူများအတွက် Real Bu...
03/02/2026

🤗 Special Seminar တက်ရင်း Scholarship ရရှိမည့်
အခွင့်အရေး

✴၂၀၂၆ နှစ်စမှာ Seminar ကောင်းတွေ တက်ရောက်လိုသူများအတွက် Real Business Education မှ
အထူးပြုလုပ်သည့်

🔸Tax က စီးပွားရေးလုပ်ငန်းတွေအပေါ် ဘယ်လို Effect တွေရှိနိုင်မလဲ ?🔹Seminar

⭐"The only certain things in life are death and taxes" လိုဆိုပါတယ်။

📄 Tax ဆိုတာ လူတိုင်းလျှောက်လွှဲလို့မရနိုင်တဲ့ အရာဖြစ်သလို နိုင်ငံစီးပွားရေးအဆောက်အအုံအတွင်းရှိ ကုန်ထုတ်စွမ်းအားစုများအခြေအနေ၊ ကုန်ထုတ်လုပ်မှု၊ အလုပ်
အကိုင်အခွင့်အလမ်းနှင့် ဝင်ငွေအဆင့်အတန်းစသည့်
မေခရိုစီးပွားရေးအခြေအနေများကျယ်ပြန့်စွာထည့်သွင်းစဉ်းစားကာ သက်ဆိုင်ရာအစိုးရတိုင်းက အခွန်စနစ်ကို စနစ်တကျအကောင်အထည်ဖော်ရတာဖြစ်ပါတယ်။

📃 အခွန်စနစ်ဖြင့် လူတစ်ဦးချင်းစီရဲ့ ဝင်ငွေအဆင့်
အတန်းကို ထိန်းကျောင်းနိုင်သလို ပြည်းတွင်းစီးပွားရေးအတက်အကျအတွက်အရေးကြီးတဲ့ အခန်းကဏ္ဍမှာ
ရှိတာကြောင့်

🔸 အခွန်နဲ့ပတ်သက်လို့ ဘာတွေသိထားဖို့လိုသလဲ
🔸 အခွန်စနစ်နဲ့ စီးပွားရေးလုပ်ငန်းတွေကို ဘယ်လိုမြှင့်တင်နိုင်လဲ
🔸 နိုင်ငံ၏စီးပွားရေး၊ လူမှုရေးအခြေအနေကောင်းများဖန်တီးရာမှာအခွန်ရဲ့အခန်းကဏ္ဍ
🔸 နိုင်ငံတော်အသုံးစရိတ်နှင့် အခွန်ရဲ့အရေးပါမှု
🔸စီးပွားရေးလုပ်ငန်းတွေအပေါ် Burden မဖြစ်စေတဲ့
Fair Tax
🔸 အခွန်ဆိုင်ရာ သဘောသဘာဝများ

စသဖြင့် အခွန်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာများအကြောင်းကို ဆရာကြီး Dr. Hla Nyunt မှ စနစ်တကျအသိပညာပေးသွားမှာဖြစ်လို့ အကျိုးရှိမှာဖြစ်ပါတယ်။

✴ ဒါ့အပြင် Seminar လေးတက်ရောက်မည့်သူတွေကို
အခုလအတွင်းဖွင့်လှစ်မည့် Diploma in Real Estate
အတန်းအတွက်

🏆Founder Scholarship 👨‍🎓
အခွင့်အရေးပါရရှိနိုင်တာကြောင့် ပညာလည်းရ Scholarship Winner ဖြစ်ခွင့်ရှိမှာပါ။

စီးပွားရေးနှင့် အခွန်ဆိုင်ရာအသိပညာအပြင်
တက်ရောက်သည့် အမှတ်တရ Certificate of Appreciation လိုချင်သူများအတွက်လည်း သီးခြားအစီအစဉ်လေးတွေရှိနေတာမို့အခုပဲ ဆက်သွယ်စာရင်းပေးသွင်းနိုင်ပါသည်။

Speaker Profile
- Prof. Dr. Hla Nyunt

✅ အခုပွဲလေးမှာ ပါဝင်သွားမည့် ပညာရှင်တွေအဖြစ်
ဆရာကြီး Dr. Hla Nyunt အနေဖြင့် ဗဟိုဘဏ်အပါ
အဝင် ပြည်တွင်းဘဏ်လုပ်ငန်းမှာ နှစ်ပေါင်းများစွာ
အတွေ့အကြုံပြည့်ဝတဲ့ ဆရာကြီးဖြစ်သလို နိုင်ငံတကာ
စီးပွားရေးကဏ္ဍမှာ အရှိန်အဝါကြီးမားတဲ့ IMF ဆိုင်ရာ
အစည်းအဝေးအတွေ့အကြုံကောင်းတွေပြည့်ဝတဲ့
ဆရာကြီးဖြစ်ပါတယ်။

⭐ ဒါ့အပြင် Corporate Governance Knowledge Sharing နဲ့ပတ်သက်လို့လည်း ပြည်တွင်းလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့်ဖြန့်ဝေပေးနေသလို Honorable Award တွေချီးမြှင့်ခံထားရတဲ့ ဆရာကြီးဖြစ်လို့ Financial Knowledge/Business Organization တွေအတွက်လည်း တန်ဖိုးရှိတဲ့လမ်းညွှန်မှုတွေကိုပါ ကြားသိခွင့်ရနိုင်ပါတယ်။

Seminar Information
🗓 15 Feb 2026 (Sunday)
⏱ 1 to 3 PM

🏢 3rd Floor Tawin Center, Dagon Township, Yangon

📝 လူဦးရေနှင့်နေရာကန့်သတ်ထားတာကြောင့်
အချိန်မီစာရင်းပေးသွင်းဖို့ တိုက်တွန်းအပ်ပါတယ်။

တက်ရောက်ဖို့ စာရင်းသွင်းရန်
☎ 09 256 744 740

📧 [email protected]

Master the Market, Own the Future







အိမ်ခြံမြေလုပ်ငန်းရှင်များ သိထားသင့်တဲ့ Soft Skills (၆) ချက်အိမ်ခြံမြေလုပ်ငန်းရှင်အတွက် လုပ်ငန်းပိုင်းနားလည်မှု၊ စာရွက်စ...
29/01/2026

အိမ်ခြံမြေလုပ်ငန်းရှင်များ သိထားသင့်တဲ့ Soft Skills (၆) ချက်

အိမ်ခြံမြေလုပ်ငန်းရှင်အတွက် လုပ်ငန်းပိုင်းနားလည်မှု၊
စာရွက်စာတမ်းပိုင်နိုင်မှု၊ နယ်မြေကျွမ်းကျင် မှု၊ အတွေ့အကြုံပြည်ဝမှုတွေလိုအပ်သလို လူမှုဆက်ဆံရေးပြေပြစ်မှု၊ ရလဒ်ပေါ်အောင်ညှိနှိုင်း ဆောင်ရွက်နိုင်မှု စသည့် Soft Skills တွေလည်း ပြည့်ဝနေဖို့လိုအပ်ပါသည်။ အိမ်ခြံမြေရင်းနှီးမြှုပ်နှံသူတစ်ဦးအနေဖြင့် စျေးကွက်အခြေအနေကို ကောင်းစွာနားလည်ပြီး လူသွားလာမှု၊ တည်နေရာ၊ ကုန်ကျစ ရိတ်နှင့် မြေသုံးစွဲခွင့် စသည့်အခြေခံအချက်များပိုင်နိုင်ပေမယ့် ရောင်းသူ၊ဝယ်သူကြားမှာ အလုပ်၊ပွဲ ဖြစ်စေတဲ့ အခြေနေတစ်ခုရအောင် ဆက်သွယ်ပြောဆို စေစပ်ပေးနိုင်ခြင်းမရှိပါကလည်း အောင် မြင်မှုရဖို့မလွယ်ပါဘူး။ ဒါကြောင့် အိမ်ခြံမြေလုပ်ငန်းရှင်များသိထားသင့်တဲ့ Soft Skills အကြောင်း အရာလေးများကို ဝေမျှပေးလိုက်ပါတယ်။

Communication

Soft skills များအနက် အရေးပါဆုံးဆိုနိုင်သည့် အရည်အချင်းမှာ ဆက်သွယ်ပြောဆိုနိုင်မှု (Communication) ဖြစ်နိုင်ပါသည်။ ဆက်သွယ်ပြောဆိုမှုတွင် စကားပြောခြင်းတစ်ခုတည်းသာ မကဘဲ ကိုယ်အနေအထားနှင့် အခြားသူများ၏ကိုယ်လက်အပြုအမူ (body language) များကို သတိထားနားလည်နိုင်ခြင်း၊ ဆက်သွယ်ပတ်သက်သူများ၏ နောက်ကွယ်ကအခက်အခဲများ (Pain points) ကို နားလည်သဘောပေါက်နိုင်ခြင်း၊ ပြဿနာများကိုဖော်ထုတ်ရှာဖွေနိုင်ခြင်းနှင့် လူတစ် ဦးချင်းစီ၏အချိန်နှင့် Contributions ပါဝင်ပြုလုပ်မှုများကို လေးစားတန်ဖိုးထားတတ်ခြင်းတို့ ပါဝင်ပါသည်။ အိမ်ခြံမြေလုပ်ငန်းတွင် အောင်မြင်ဖို့ဆိုရင် လူမှုပေါင်းသင်းဆက်ဆံရေးနှင့် ဆက်သွယ်ပြောဆိုမှု အရည်အချင်းများတိုးတက်မြင့်မားအောင် ရင်းနှီးမြှုပ်နှံဖို့လိုအပ်ပါသည်။

Active Listening

ဝင်စတန် ချာချီလ် (Winston Churchill) က
“ရဲရင့်မှုဆိုတာ မိမိရဲ့အမြင်ကို မတ်တပ်ရပ်ပြီးပြောဆိုနိုင်ဖို့ လိုအပ်တဲ့အရာဖြစ်သလို၊ ထိုင်ပြီး နား ထောင်နိုင်ဖို့ လိုအပ်တယ်” လို့ ဆိုထားပါသည်။

ဆက်သွယ်ပြောဆိုမှုကောင်းမွန်သူတစ်ဦးဖြစ်ဖို့ဆို စကားပြောကျွမ်းကျင်မှုရှိဖို့လိုသလို တက်ကြွစွာ နားထောင်နိုင်သူလည်း ဖြစ်ဖို့လိုပါသည်။ Active listening ဆိုသည်မှာ ပြောဆိုနေသော အကြောင်း အရာကို အမှန်တကယ်နားလည်စေရန် အာရုံစူးစိုက်မှုအပြည့်ဖြင့် နားထောင်နိုင်ခြင်းဖြစ်ပြီး ပြန် လည်တုံ့ပြန်ရန်အတွက်သာ နားထောင်တာကို ဆိုလိုခြင်းမဖြစ်ရပါဘူး။ ဝန်ထမ်းတစ်ဦးအနေနဲ့ ဖြစ်ဖြစ် စီးပွားရေးမိတ်ဖက်တစ်ဦးဖြစ်စေ၊ တစ်ဖက်ပြောဆိုနေသည့် အကြောင်းအရာကို တက်ကြွစွာနားထောင်နိုင်ပါက ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ကူညီပေးနိုင်သလို အကြံဉာဏ်အသစ်များကိုလည်း လှုံ့ဆော်ပေးနိုင်မှာဖြစ်ပါသည်။

Social Cues (ဆိုရှယ် သင်္ကေတ)

Social Cues ဆိုတာ တနည်းအားဖြင့် Hidden Language တစ်မျိုးပဲဖြစ်ပါသည်။ လူမှုအပြုအမူဆိုင်ရာအချက်ပြမှုကို နားလည်ခြင်းအားဖြင့် ယဉ်ကျေးမှုနောက်ခံအမျိုးမျိုးရှိသူများအကြားတွင် အလွန်အသုံးဝင်နိုင်ပါသည်။ လူတွေရဲ့ မျက်နှာပေးအမူအရာ၊ ခန္တာကိုယ်ဆိုင်ရာ ပြုမှုချက်၊ အသံအတက်အကျ အနိမ့်အမြင့်၊ မျက်လုံးအကြည့်၊ Personal Space လိုဆိုတဲ့ တစ်ဦးနဲ့တစ်ဦးကြားက အကြားအလတ်အနေအထားတွေကို သိရှိနားလည်ခြင်းဟာ အိမ်ခြံမြေလုပ်ငန်းရှင်အတွက် အထူးတန်ဖိုးရှိတဲ့ အကင်းပါမှုတွေဖြစ်ပါတယ်။ Social Cues တွေကို သိထားခြင်းအားဖြင့် မိမိအနေနဲ့ မြေယာ၊အိမ်ရာ
စကားပြောဆိုရာမှာလည်းကောင်း၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံတကာဖောက်သည်တစ်ဦးနှင့် တွေ့ဆုံချိန်တို့မှာ တစ်ဖက်သူကို လေးစားမှုကင်းတဲ့ အပြုအမူစရိုက်တွေကိုသိထားပြီး တန်ဖိုးထားလေးစားသင့်တဲ့ အမူအကျင့်တွေကို ပြသနိုင်ခြင်းအားဖြင့် မိမိအပေါ်အထင်ကြီးလေးစားမှုကို မြှင့်တင်နိုင်စေမှာ
ဖြစ်သည်။

Negotiation (စေ့စပ်ညှိနှိုင်းမှု)

အရေးကြီးသည့်အိမ်ခြံမြေဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုများကိုပြုလုပ်တဲ့နေရာမှာ လက်ရှိစျေးကွက် အခြေအနေနှင့် အိမ်ခြံမြေရဲ့ပကတိအခြေအနေမှန်ကိုအခြေခံပြီး ကောင်းမွန်သည့် ဆက်သွယ်ပြောဆို မှုမျိုးကို ပြုလုပ်ဖို့လိုပါသည်။ ဆွေးနွေးညှိနှိုင်းသူအနေဖြင့် အပေးအယူတစ်ခုကို စေ့စပ်ညှိနှိုင်းရာမှာ နှစ်ဖက်စလုံး၏ မြင်ကွင်းမှကြည့်ရှုပြီး စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက်များကို အမျှော်အမြင်ရှိစွာချ မှတ်နိုင်ရမှာဖြစ်ပါတယ်။

Patience (စိတ်ရှည်မှု)

စိတ်ရှည်မှုသည် အိမ်ခြံမြေလုပ်ငန်းအတွက် မရှိမဖြစ်လိုအပ်သည့် အရည်အချင်းတစ်ရပ်ဖြစ်ပြီး အိမ်ခြံမြေဆိုင်ရာ အပေးအယူအများစုသည် ပြီးစီးအထမြောက်ရန် အချိန်ယူရတာကြောင့်လည်း ဖြစ်ပါသည်။ အထူးသဖြင့် စီးပွားရေးဆိုင်ရာအိမ်ရာလုပ်ငန်းများနှင့် ကြီးမားသည့် အိမ်ရာဖွံ့ဖြိုးရေး စီမံကိန်းများအတွက် နှစ်ပေါင်းများစွာ အချိန်ယူလုပ်ဆောင်ရတာမျိုးတွေပါဝင်နိုင်ပါသည်။ အမှန် အားဖြင့် မြေယာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်တွေမှာ မြေသုံးစွဲခွင့်၊ ခွင့်ပြုချက်များ (permits)၊ ဆောက်လုပ်ရေးဆိုင်ရာနှင့် အခြားအချက်အလက်များစွာပါဝင်ပါသည်။

Tactfulness (လိမ္မာပါးနပ်မှု)
အချိန်အခါအလိုက် စျေးကွက်ပြောင်းလဲမှု၊ ရည်ရွယ်ချက်အသစ်များ၊ ကုန်ကျစရိတ်မြင့်တက်မှုနှင့် အခြားသောအကြောင်းအမျိုးမျိုးကြောင့် အပေးအယူတစ်ခု (သဘောတူညီချက်)သည် မှန်းထားချက်နှင့် ဝေးကွာသွားတဲ့ အခြေအနေတွေရှိနိုင်ပါသည်။ ထိုကဲ့သို့သော အခြေအနေ၊ အချိန်မျိုးတွင် အိမ်ခြမြေလုပ်ငန်းဆိုင်ရာ ခေါင်းဆောင်တွေအနေဖြင့် စိတ်ခံစားချက်အခြေခံကာ မူလသဘာတူညီမှုတွေကို ရုတ်တရက်ဖျက်သိမ်းတာမျိုးတွေ မဖြစ်အောင်သတိထားရမှာဖြစ်ပါသည်။ ထိုကဲ့သိုအပြုအမူဆိုးတွေကြောင့် နောင်စီမံကိန်းများနှင့် မိမိတည်ဆောက်ထားသည့် Network ကောင်းများကို ကိုယ်တိုင်ဖျက်ဆီးသလို ဖြစ်စေနိုင်တာကြောင့် လိမ္မာပါးနပ်စွာလုပ်ဆောင်တတ်ဖို့လိုပါသည်။ မိမိ နှင့်ပတ်သက်ဆက်နွယ်သူများနှင့် မျှမျှတတဖြင့် လိမ္မာပါးနစ်သည့် နည်းလမ်းများအသုံးပြုလုပ်ကိုင်မှသာ ဆိုးကျိုးများလျော့နည်းစေပြီး အဆင်ပြေတည်ငြိမ်မှုကို ထိန်းသိမ်းနိုင်မှာဖြစ်ပါသည်။

Sources:
Hard Skills vs. Soft Skills: What They Mean to Your Job Search and the Weight They Carry With HR | HuffPost Impact
Louisiana Purchase - Wikipedia

အိမ်ခြံမြေဆိုင်ရာ သင်တန်းကိစ္စများဆက်သွယ်ရန်
09 256 744 740

Address

3rd Floor, Tawin Center
Dagon

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Real Business Education posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share