Engr; Thiri Naing

Engr; Thiri Naing Home Design & Construction Group

အိမ်ဆောက်နည်းအခြေခံသဘောတရားများhouse-building-concept 🏣🏤🏣🏤🏣🏤🏣🏤🏣🏤🏣🏤 “ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ”မြေကြီးပုံသ...
04/12/2024

အိမ်ဆောက်နည်းအခြေခံသဘောတရားများ
house-building-concept
🏣🏤🏣🏤🏣🏤🏣🏤🏣🏤🏣🏤

“ဒီအခြေခံတွေသိထားရင် သင်အိမ်ဆောက်လို့ရပြီ”

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေဝင်အောင်ရိုက်ထားသင့်ပါသည်။အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။
ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။
အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။(သို့မဟုတ်)ရေလောင်းပေးရမည်။

(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။
Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။
Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။ သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကိုသုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။

ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်(၇)ရက်အထိ ရေဖြန်းပေးရပါသည်။
အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။
သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။
အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။
အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ -

⛔️ ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
⛔️ မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
⛔️ လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။
နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။

တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

ဆွဲထားတဲ့ အိမ်ပုံစံလေးတွေ ကြိုက်ရင်Design သီးသန့် အပ်လို့ရပါတယ်ရှင့်...3D, Architecture Drawings,Structure Drawings,Esti...
04/12/2024

ဆွဲထားတဲ့ အိမ်ပုံစံလေးတွေ ကြိုက်ရင်
Design သီးသန့် အပ်လို့ရပါတယ်ရှင့်...
3D, Architecture Drawings,Structure Drawings,Estimate အထိ အပီးစီး
လူ​နေအိမ် တထပ် (250,000) mmk ပါနော်..
3D, Architecture Drawings,Structure Drawings
သီးသန့်ဆို လူနေအိမ် တထပ်.. (200,000) mmk ပါ..
3D,Architecture. Drawings အပါ တထပ် (150,000) mmk ပါဗျ..
ဂိုဒေါင်... တံတား.. အခြား သာသနိက အဆောက်အအုံ, Hotel ,စာသင်ကျောင်း ညိနှိုင်းစျေးပါနော်...
Contact...cb,09 773 433 665, 09 690 536 262 ,09 691 825 406..
🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀🍀

ပုံဆွဲပြီး(အိမ်)ဆောက်ခြင်း ကောင်းကျိုးနဲ့..
ပုံမဆွဲပဲ(အိမ်)ဆောက်ခြင်းဆိုးကျိုးးး
============================
အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ ပုံဆွဲခပျမ်းမျှ လေးငါးသိန်းး ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။ သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားးလို့ အယူရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီးး ဆောက်ပေးတာ တွေ့နေရပါတယ်။
အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသပေါက်စျေးနဲ့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူးး။ အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။ အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီးး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။
- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီးး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြားး ဖြစ်လာပြီး တစ်သက်လုံးး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
- ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီးး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။
ပုံံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီးး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတတ်တာမဟုတ်ဘူးး ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်းး အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။
ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။

🏩🏩ပုံဆွဲပြီးး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီးး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီးး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီးး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီးး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီးး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီးး ဆောက်သင့် မဆောက်သင့် ကိုယ်တိုင် စဉ်းစားကြပါခဗျာ


Crd to the Original Uploader

Engr; Thiri Naing Design & Construction Group

Address

No(165), Khaing Shwe War (2) Road, Ayeyarwady Regional Division
Danubyu
046

Website

Alerts

Be the first to know and let us send you an email when Engr; Thiri Naing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share