KING IRF

KING IRF Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from KING IRF, Science, Technology & Engineering, My Address, Dawbon.

🌐 OSI Model ၇ ခုကို အလွယ်ကူဆုံး လေ့လာမှတ်သားကြစို့! 🚀​Network သမားတွေ၊ IT လေ့လာနေသူတွေနဲ့ Tech Fan တွေအတွက် မသိမဖြစ် သိထ...
02/08/2026

🌐 OSI Model ၇ ခုကို အလွယ်ကူဆုံး လေ့လာမှတ်သားကြစို့! 🚀
​Network သမားတွေ၊ IT လေ့လာနေသူတွေနဲ့ Tech Fan တွေအတွက် မသိမဖြစ် သိထားရမယ့် OSI 7 Layers အကြောင်းကို အောက်မှာ လွယ်လွယ်ကူကူနဲ့ အသေးစိတ် ရှင်းပြပေးထားပါတယ်။
​Data တစ်ခုကို စက်တစ်ခုကနေ နောက်စက်တစ်ခုဆီ ပို့တဲ့အခါ ဒီ Layer ၇ ခုကို ဖြတ်သန်းပြီးမှ အလုပ်လုပ်တာဖြစ်ပါတယ်။
​🔹 Layer 7: Application Layer
​လုပ်ဆောင်ချက်: User တွေ သုံးနေတဲ့ Software Application တွေနဲ့ Network ကြား တိုက်ရိုက် ချိတ်ဆက်ပေးတဲ့ အလွှာပါ။
​Examples: HTTP, FTP, SMTP, DNS, SNMP
​အလွယ်မှတ်ရန်: Web browser သို့မဟုတ် Email App ကို ဖွင့်သုံးနေတဲ့ အဆင့်ပါ။
​🔹 Layer 6: Presentation Layer
​လုပ်ဆောင်ချက်: Data တွေကို သက်ဆိုင်ရာ Format ရောက်အောင် ပြောင်းလဲပေးခြင်း (Data Translation)၊ လုံခြုံရေးအတွက် Encrypt လုပ်ပေးခြင်းနဲ့ Data အရွယ်အစား သေးသွားအောင် Compress လုပ်ပေးခြင်းတို့ကို တာဝန်ယူပါတယ်။
​Examples: SSL/TLS, JPEG, MPEG, ASCII
​အလွယ်မှတ်ရန်: Data တွေကို ဘာသာပြန်ပေးပြီး လုံခြုံအောင် သော့ခတ်ပေးတဲ့ အဆင့်ပါ။
​🔹 Layer 5: Session Layer
​လုပ်ဆောင်ချက်: စက်နှစ်ခုကြား ချိတ်ဆက်မှုကို စတင်ပေးခြင်း (Establish)၊ ထိန်းသိမ်းပေးခြင်း (Manage) နဲ့ ပြီးရင် ပြန်ပိတ်ပေးခြင်း (Terminate) တို့ကို အဓိက တာဝန်ယူပါတယ်။
​Examples: NetBIOS, SIP, RPC, SQL
​အလွယ်မှတ်ရန်: စကားစပြောဖို့ ဖုန်းလိုင်း စချိတ်ပေးတဲ့ အဆင့်ပါ။
​🔹 Layer 4: Transport Layer
​လုပ်ဆောင်ချက်: Data တွေကို အပိုင်းလိုက် (Segments) ခွဲပေးပြီး စနစ်တကျ အမှားအယွင်းမရှိ ပို့ပေးနိုင်အောင် တာဝန်ယူပါတယ်။
​Examples: TCP (Reliable Connection), UDP (Fast Speed Connection)
​အလွယ်မှတ်ရန်: ပစ္စည်းတွေကို ကုန်ကားပေါ် တင်ပေးပြီး လမ်းကြောင်းမှန်အောင် ပို့ပေးတာနဲ့ တူပါတယ်။
​🔹 Layer 3: Network Layer
​လုပ်ဆောင်ချက်: Data ပို့မယ့် လမ်းကြောင်းကို ရှာဖွေပေးခြင်း (Routing) နဲ့ IP Address တွေကို ကိုင်တွယ်ပေးခြင်း ဖြစ်ပါတယ်။
​Examples: IP, ICMP, ARP (Devices: Router)
​အလွယ်မှတ်ရန်: မြို့နယ်နဲ့ အိမ်နံပါတ် (IP Address) ကြည့်ပြီး လမ်းကြောင်းညွှန်ပေးတဲ့ အဆင့်ပါ။
​🔹 Layer 2: Data Link Layer
​လုပ်ဆောင်ချက်: တူညီတဲ့ Network အတွင်း စက်တစ်ခုနဲ့တစ်ခု တိုက်ရိုက် Data ပို့တာကို တာဝန်ယူပါတယ်။ MAC Address ကို အသုံးပြုပြီး Error Checking လည်း လုပ်ပေးပါတယ်။
​Examples: Ethernet, PPP, MAC, VLAN (Devices: Switch)
​အလွယ်မှတ်ရန်: စက်ရဲ့ ရုပ်ပိုင်းဆိုင်ရာ လိပ်စာ (MAC Address) ကို သုံးပြီး အချင်းချင်း ချိတ်ဆက်ပေးတာပါ။
​🔹 Layer 1: Physical Layer
​လုပ်ဆောင်ချက်: Data တွေကို Electrical Signal, Light Signal သို့မဟုတ် Radio Waves (Raw Bits - 0s & 1s) အဖြစ် ကြိုးတွေ၊ ဝါယာလက်စ်တွေကနေတစ်ဆင့် အကောင်အထည်ဖော် ထုတ်လွှတ်ပေးတာပါ။
​Examples: Cables (UTP/Fiber), Hubs, Repeaters, Connectors (RJ45)
​အလွယ်မှတ်ရန်: ရုပ်ပိုင်းဆိုင်ရာ ကြိုးတွေနဲ့ စက်တွေကို တိုက်ရိုက် ချိတ်ထားတဲ့ အဆင့်ပါ။
​💡 Pro Tip / Memory Trick:
Data စပို့တဲ့သူ (Sender) ဘက်မှာ Layer 7 ကနေ Layer 1 အထိ အောက်ကို ဆင်းသွားပြီး၊ Data လက်ခံသူ (Receiver) ဘက်မှာတော့ Layer 1 ကနေ Layer 7 အထိ အထက်ကို ပြန်တက်သွားတာ ဖြစ်ပါတယ်။
​

​

18/07/2026

ဒီ Mentor ကောင်းတစ်ယောက်နဲ့ ဆုံပြီးနောက်
ကျွန်တော့်ဘဝက တဖြည်းဖြည်း ပြောင်းလဲလာခဲ့တယ်။
ကျွန်တော့်ဘဝရဲ့ အပြောင်းအလဲတစ်ခုကို ရိုးရိုးသားသား မျှဝေထားတာပါ။
အဆုံးထိ ကြည့်ပြီးရင် တစ်ခုခုတော့ ရသွားလိမ့်မယ်။

With constant respect and gratitude, Mr Bo




Subnet Mask ဆိုတာ ဘာလဲ? ဘာကြောင့် လိုတာလဲ? ဆိုတာ Logic နဲ့ နားလည်ဖို့ သေချာ ဖတ်ရှုမှတ်သားပေးပါ။ 1 - What us Subnet Mask_...
16/07/2026

Subnet Mask ဆိုတာ ဘာလဲ? ဘာကြောင့် လိုတာလဲ? ဆိုတာ Logic နဲ့ နားလည်ဖို့ သေချာ ဖတ်ရှုမှတ်သားပေးပါ။

1 - What us Subnet Mask
___________________________________
မင်းမှာ ရန်ကုန်မြို့ Map တစ်ခုရှိတယ်လို့စဉ်းစား။
ရန်ကုန်မှာ
လှိုင်
ကမာရွတ်
မရမ်းကုန်း
အင်းစိန်
သာကေတ စတဲ့ Township တွေရှိတယ်။
အခု...
"ကိုအောင်" ကို ရှာချင်တယ်။
"ကိုအောင်" လို့ပဲ ပြောရင် ရှာလို့ရမလား?
❌ မရဘူး။ ဘာကြောင့်လဲ?
အရင်ဆုံး ဘယ် Township လဲ? သိရမယ်။
ပြီးမှ ဘယ်လမ်း? ဘယ်အိမ်နံပါတ်? သိရမယ်။
Network မှာလည်း အတူတူပဲ။
ဥပမာ...
IP 192.168.1.10
ဒီ IP ကို ကြည့်လိုက်တာနဲ့ Computer က

"192.168.1"က Network လား?
"10" က Device လား? ဆိုတာ မသိဘူး။
အဲဒါကို ပြောပေးတဲ့သူက
Subnet Mask ပဲ။

Subnet Mask = Network Part နဲ့ Host Part ကို ခွဲပေးတဲ့ Mask သူ့မှာ Device Address မရှိဘူး။ သူက Rule ပဲ။ ဥပမာ
IP 192.168.1.10
Subnet Mask 255.255.255.0
ဒီ Mask ကို မြင်တာနဲ့ Computer က
192.168.1 = Network
10 = Host လို့ သိသွားတယ်။

2 - ဘာကြောင့် Subnet Mask လိုတာလဲ?
_______________________________________
ဥပမာ... Office မှာ PC 100 လုံး ရှိတယ်။
PC 1 က Printer ကို Print ပို့မယ်။
Printer IP 192.168.1.50
PC IP 192.168.1.10
Subnet Mask 255.255.255.0
Computer က စဉ်းစားတယ်။ ငါက
192.168.1.10
192.168.1.50 Printer
Subnet Mask ကြည့်လိုက်တော့
Network က 192.168.1 တူနေတယ်။
ဒါဆို "Printer က ငါနဲ့ Network တူတယ်"
လို့ သိတယ်။ Router မလိုဘူး။ တိုက်ရိုက်ပို့တယ်။

3 - Network မတူရင်?
_________________________
PC 192.168.1.10
Printer 192.168.2.50
Subnet Mask 255.255.255.0
Computer ကြည့်လိုက်တော့
Networkက 192.168.1
Printerက 192.168.2 မတူဘူး။ ဒါဆို
Router ဆီ ပို့တယ်။ Router က
Network အခြားတစ်ခုကို ပို့ပေးတယ်။

4 - Subnet Mask ကို ဘယ်လိုဖတ်လဲ?
____________________________________
အများဆုံးတွေ့ရတာ 255.255.255.0
ဒါကို Binary ပြောင်းမယ်။
255
11111111

255
11111111

255
11111111

0
00000000

ပေါင်းလိုက်တော့
11111111.11111111.11111111.00000000

အခု...
1 တွေက Network
0 တွေက Host ဖြစ်တယ်။

5 - Network Part နဲ့ Host Part
_______________________________
IP 192.168.1.10
Mask 255.255.255.0
ဆိုရင်
192.168.1
↓
Network
10
↓
Host

6 - ဘာကြောင့် Subnet Mask မရှိရင် မရတာလဲ?
____________________________________________
Computer က 192.168.1.10
ကို ကြည့်ပြီး
192 Network လား?
192.168 Network လား?
192.168.1 Network လား?
မသိဘူး။
Subnet Mask က အဲဒါကို ပြောပေးတယ်။

7 - Real Company Example
_______________________________
Company တစ်ခုမှာ
Finance 192.168.10.0/24
HR 192.168.20.0/24
IT 192.168.30.0/24
Server 192.168.40.0/24
Computer တိုင်းက Subnet Mask ကြည့်ပြီး
ငါ့ Network ထဲလား?
မဟုတ်ရင် Router ဆီပို့။
လို့ ဆုံးဖြတ်တယ်။
ဒါက နေ့တိုင်း ဖြစ်နေတဲ့ လုပ်ငန်းစဉ်ပဲ။

8 - အရေးကြီးဆုံး Logic
_______________________________
Subnet Mask က IP Address ကို မပြောင်းဘူး။
Subnet Mask က ဆုံးဖြတ်ပေးတယ်။
ဘယ်အပိုင်းက Network?
ဘယ်အပိုင်းက Host?
ဒါကိုပဲ ပြောပေးတာ။

မှတ်ထားရမယ့် အချက် ၆ ချက်
_______________________________
✅ Subnet Mask = Network Part နဲ့ Host Part ကို ခွဲပေးတဲ့ Rule
✅ Computer က Packet မပို့ခင် Subnet Mask ကို အရင်ကြည့်တယ်။
✅ Network တူရင် တိုက်ရိုက် (Direct Communication) လုပ်တယ်။
✅ Network မတူရင် Router ဆီ ပို့တယ်။
✅ 255.255.255.0 = /24
✅ Binary မှာ 1 = Network, 0 = Host

Binary Number Lesson Binary Number က CCNA, CCNP, Cybersecurity, Programming အားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ။Network Engineer...
10/07/2026

Binary Number Lesson

Binary Number က CCNA, CCNP, Cybersecurity, Programming အားလုံးရဲ့ အခြေခံအုတ်မြစ်ပဲ။
Network Engineer ကောင်းတစ်ယောက် ဖြစ်ချင်ရင် Binary ကို "အလွတ်ကျက်" မဟုတ်ဘဲ Logic နဲ့ နားလည်ရမယ်။

(1) - Binary ဆိုတာ ဘာလဲ?
______________________________
Computer က လူလို
English မသိဘူး
မြန်မာစာ မသိဘူး
Number (0,1,2...) ကိုလည်း တိုက်ရိုက် မသိဘူး
Computer နားလည်တာက
လျှပ်စစ် (Electricity) ပဲ။

ဥပမာ...
မင်း အခန်းထဲက မီးခလုတ်ကို စဉ်းစားကြည့်။
မီးပိတ်ထားရင်
💡 OFF
မီးဖွင့်ထားရင်
💡 ON
ဒါပဲရှိတယ်။
ကြားထဲမှာ "တစ်ဝက်ဖွင့်" ဆိုတာ မရှိဘူး။
Computer ထဲမှာလည်း Electricity
ရှိ / မရှိ ၂ ခုပဲရှိတယ်။

Electric Binary
OFF 0
ON 1
ဒါကြောင့် Computer က 0 နဲ့ 1 ကို သုံးတာ။

(2) - ဘာကြောင့် 0 နဲ့ 1 ပဲ သုံးတာလဲ?
____________________________________
မေးခွန်းတစ်ခု...
Computer က 5 ဆိုတဲ့ Number ကို တိုက်ရိုက် သိလား?
မသိဘူး။
Computer အတွက်
5 ဆိုတာ -> 00000101 ဖြစ်တယ်။

A ဆိုတဲ့ စာလုံးကို Computer က
A လို့ မမြင်ဘူး။ ASCII Code အရ
65 အဖြစ်မြင်တယ်။ၔ
65 ကို Binary ပြောင်းလိုက်ရင်
01000001 ဖြစ်တယ်။ ဒါကြောင့်
Computer အတွက် အကုန် Binary ပဲ။

(3) - Bit ဆိုတာ ဘာလဲ?
_______________________
Binary Digit = Bit
Bit တစ်ခုမှာ 0 သို့မဟုတ် 1 ပဲ ဖြစ်နိုင်တယ်။

(4) - Byte ဆိုတာ ဘာလဲ?
_______________________
8 Bits = 1 Byte
ဥပမာ 10110010 ဒါက
8 Bits = 1 Byte

(5) - ဘာကြောင့် 8 Bits ဖြစ်တာလဲ?
_________________________________
အရင် Computer တွေမှာ 6 Bits 7 Bits 9 Bits
တွေ သုံးဖူးတယ်။ နောက်ပိုင်း 8 Bits က
Memory သိမ်းရလွယ် CPU အလုပ်လုပ်ရလွယ် လို Standard ဖြစ်သွားတယ်။
ဒါကြောင့်
1 Byte = 8 Bits
ဖြစ်လာတယ်။

(6) - 8 Bits ကို ဘယ်လိုဖတ်လဲ?
_____________________________
ဒီဟာက အရမ်းအရေးကြီးတယ်။
128 64 32 16 8 4 2 1
ဒီ Number တွေကို
အလွတ်ကျက်ရမယ်။ ဘာကြောင့်လဲ?
Power of 2 ဖြစ်လို့။

Power Value
2⁡ 128
2⁜ 64
2⁾ 32
2⁴ 16
2Âł 8
2² 4
2š 2
2⁰ 1

(7) - Binary ကို Decimal ပြောင်းနည်း
____________________________________
ဥပမာ 11000000
အပေါ်မှာ Value တွေတင်လိုက်။
128 64 32 16 8 4 2 1
Binary -> 1 1 0 0 0 0 0 0
1 ရှိတဲ့နေရာတွေကိုပဲ ပေါင်း။
128 + 64 = 192

ဒါကြောင့်
11000000 = 192

နောက်တစ်ခု
10101000
128 + 32 + 8 = 168

နောက်တစ်ခု
00000001 = 1

နောက်တစ်ခု
00001010
8+2 = 10
ဒါကြောင့်
11000000.10101000.00000001.00001010
=
192.168.1.10

(8) - Network Engineer က ဘာကြောင့် Binary သိရတာလဲ?
___________________________________________
Subnetting / VLSM / CIDR / ACL / Routing
OSPF
တို့အားလုံးမှာ Binary နဲ့ တွက်ရတယ်။
ဥပမာ 192.168.1.0/26
ဆိုရင် ဘယ် Host အထိ သုံးလို့ရလဲ?
Broadcast Address ဘာလဲ?
Network Address ဘာလဲ?
ဆိုတာကို Binary နားလည်မှ တွက်နိုင်တယ်။

(9) - Programming မှာရော?
_____________________________
Python မှာ 5 လို့ရေးထားပေမယ့်
RAM ထဲရောက်သွားတဲ့အချိန် 00000101
ဖြစ်နေတယ်။အဲဒါကြောင့် Programming လည်း Binary အပေါ် အခြေခံထားတာပဲ။

(10) - အနှစ်ချုပ်
_____________________
Computer က Electric Signal (ON/OFF) ကိုပဲ နားလည်တယ်။
ON = 1, OFF = 0 ဖြစ်တဲ့အတွက် Binary ကို သုံးတယ်။
1 Bit မှာ 0 သို့မဟုတ် 1 ပဲ ဖြစ်နိုင်တယ်။
8 Bits = 1 Byte။
128 64 32 16 8 4 2 1 ကို မဖြစ်မနေ မှတ်ထားပါ။
IPv4 Address တစ်ခုမှာ 32 Bits = 4 Octets × 8 Bits ပါတယ်။
Binary ကို နားလည်ရင် Subnetting နဲ့ Routing ကို လေ့လာရတာ အများကြီးလွယ်သွားတယ်

(1) IP Address ဆိုတာ ဘာလဲ?______________________________ရန်ကုန်မှာ လူ ၇ သန်းကျော်ရှိတယ်။အဲဒီလူတွေကို နာမည်မရှိဘဲ ခွဲနိုင...
09/07/2026

(1) IP Address ဆိုတာ ဘာလဲ?
______________________________

ရန်ကုန်မှာ လူ ၇ သန်းကျော်ရှိတယ်။
အဲဒီလူတွေကို နာမည်မရှိဘဲ ခွဲနိုင်မလား?
မခွဲနိုင်ဘူး။

ဒါကြောင့် လူတိုင်းမှာ နာမည်ရှိတယ်။
ဒါပေမယ့် နာမည်တူလည်း ရှိနိုင်တယ်။
အဲဒါကြောင့်...
NRC ရှိတယ်။
Phone Number ရှိတယ်။
အိမ်လိပ်စာ ရှိတယ်။

အဲဒီလိုပဲ Network ထဲမှာ...
PC
Laptop
Printer
CCTV
Router
Server
အားလုံးမှာ IP Address ရှိရတယ်။
IP Address = Device ရဲ့ အိမ်လိပ်စာ

(2) ဘာကြောင့် IP Address လိုတာလဲ?
___________________________________

ဥပမာ...
Office တစ်ခုမှာ
PC = 100 လုံး
Printer = 10 လုံး
CCTV = 60 လုံး
ရှိတယ်ဆိုပါစို့။

Laptop က Printer ကို Print ပို့ချင်တယ်။
IP မရှိရင်...
Laptop က ဘယ် Printer ကို ပို့ရမလဲ မသိဘူး။
IP ရှိရင်...
192.168.1.50 ဆိုတဲ့ Printer ကို တိုက်ရိုက်ရှာပြီး ပို့နိုင်တယ်။
ဒါကြောင့် IP Address က Device တစ်ခုချင်းစီကို ခွဲခြားပေးတဲ့ လိပ်စာ ဖြစ်တယ်။

(3) IPv4 ဆိုတာ ဘာလဲ?
________________________

IPv4 ဆိုတာ Internet Protocol Version 4 ဖြစ်တယ်။
IPv4 Address တစ်ခုမှာ 32 Bits ပါတယ်။
ဒါပေမယ့် လူက 0 နဲ့ 1 တွေကို ဖတ်ရခက်လို့...

11000000.10101000.00000001.00001010
ကို
192.168.1.10
လို ရေးကြတယ်။

(4) 32 Bits ဆိုတာ ဘာလဲ?

32 Bits ကို
8 Bits + 8 Bits + 8 Bits + 8 Bits
လေးပိုင်းခွဲထားတယ်။

192 .168 .1 .10

192 168 1 10
8 Bit 8 Bit 8 Bit 8 Bit

ဒီလိုဆိုတော့...
စုစုပေါင်း 32 Bits ဖြစ်တယ်

(5) ဘာကြောင့် 0 ကနေ 255 ထိပဲ ရတာလဲ?
________________________________________

ဒီနေရာက အရေးကြီးတယ်။
Octet တစ်ခုမှာ 8 Bits ရှိတယ်။
8 Bits ရဲ့ တန်ဖိုးတွေက...

128 64 32 16 8 4 2 1

ဥပမာ...

00000000

အားလုံး 0 = 0

00000001 = 1

00000010 = 2

00000100 = 4

11111111 = 128 + 64 + 32 + 16 + 8 + 4 + 2 + 1 = 255
ဒါကြောင့် Octet တစ်ခုမှာ အများဆုံး 255 ပဲ ရတယ်။

(6) Class ဆိုတာ ဘာလဲ?
___________________________

ဒီအပိုင်းကို လူတော်တော်များများ အလွတ်ကျက်ကြတယ်။
ဒါပေမယ့် Logic ကို သိရင် လွယ်တယ်။
အရင်တုန်းက Internet မကြီးသေးဘူး။
Network တွေကို
"အကြီး"
"အလတ်"
"အသေး"
ဆိုပြီး ခွဲထားတယ်။
အဲဒါကို Class လို့ ခေါ်တယ်။

Class A

လူသိပ်များတဲ့ Company
ဥပမာ...
Microsoft
Google
Amazon
လို Network အကြီးတွေ
IP က 1.x.x.x ကနေ 126.x.x.x

Class B

University
Bank
Enterprise Company

Class C

Office
School
Internet Cafe
SME
အသေးစား Network တွေ။

(7) ဘာကြောင့် 192.168 တွေ အများကြီး တွေ့ရတာလဲ?
____________________________________________

ဒီမေးခွန်းက ကောင်းတယ်။

အိမ်မှာ Wi-Fi ဖွင့်ကြည့်။
Laptop
Phone
TV
Printer
အားလုံး 192.168.x.x ဖြစ်နေတယ်။
ဘာကြောင့်လဲ?
အဲဒါက Private IP ဖြစ်လို့။
Private IP ကို Internet ပေါ်မှာ တိုက်ရိုက် သုံးလို့မရဘူး။ အိမ်ထဲ၊ Office ထဲမှာပဲ သုံးတယ်။

(8) Public IP ဆိုတာ?
________________________

အိမ်မှာ
Router တစ်လုံးရှိတယ်။
Router အပြင်ဘက်မှာ ISP က Public IP တစ်ခု ပေးထားတယ်။

Internet
│
Public IP
│
Router
│
------------------
192.168.1.10
192.168.1.20
192.168.1.30

အိမ်ထဲမှာတော့ Device တွေက Private IP သုံးတယ်။

Router က Private IP ကို Public IP အဖြစ် ပြောင်းပြီး Internet ကို ထွက်ပေးတယ်။ ဒီလုပ်ငန်းစဉ်ကို NAT (Network Address Translation) လို့ခေါ်တယ်။ NAT ကို CCNA မှာ အသေးစိတ် သင်ရလေ့ရှိတယ်။

(9) IP ကို ဘယ်လိုပေးကြလဲ?
______________________________

ဥပမာ...
Company မှာ
Finance Department
ရှိတယ်။
PC = 25 လုံး
192.168.10.1 -> Gateway
192.168.10.2 -> Printer
192.168.10.10 -> Manager
192.168.10.20 -> Staff

Department တွေကိုကျတော့

192.168.20.x -> HR Department
192.168.30.x -> IT Department
192.168.100.x -> Server

ဒီလို Department အလိုက် Subnet ခွဲပေးတာက စီမံခန့်ခွဲရလွယ်ပြီး Security ပိုကောင်းတယ်။

IPv6 ကို Basic...

IPv4 က Address ၄.၃ ဘီလီယံခန့် ပဲ ရှိတယ်။

ကမ္ဘာပေါ်မှာ...
Phone
Laptop
CCTV
Smart TV
Smart Watch
IoT Device
တွေ အရမ်းများလာတော့ IPv4 မလုံလောက်တော့ဘူး။
ဒါကြောင့် IPv6 ကို ဖန်တီးခဲ့တယ်။

ဉပမာ...

2001:db8::1

IPv6 က...
128 Bits ရှိတယ်။
: (Colon) နဲ့ ခွဲရေးတယ်။
0–9 နဲ့ A–F (Hexadecimal) ကို သုံးတယ်။
Address အရေအတွက်က အလွန်များလို့ လက်တွေ့မှာ မကုန်နိုင်လောက်ဘူး။

29/05/2026

Hello Everyone! I'm back
အကြောင်းကြောင်းကြောင့် ဒီ Page ကို နားလိုက်တာ နှစ်နဲ့ချီပြီ ဖြစ်ပေမယ့်လည်း အခုနောက်ပိုင်း အရင်ကလို နည်းပညာနဲ့ပတ်သတ်တဲ့ အကြောင်းအရာ‌တွေပြန်တင်ပါမယ်။ Knowledge Sharing သီးသန့်။


Address

My Address
Dawbon
11241

Telephone

+959964496867

Website

Alerts

Be the first to know and let us send you an email when KING IRF posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to KING IRF:

Shortcuts

Share