Prime Hexagon Construction & Development

  • Home
  • Prime Hexagon Construction & Development

Prime Hexagon Construction & Development Construction sector, Specializing in real estate development, Project management, Construction and Interior design .

တောင်သူလယ်သမားနေ့( ၂ရက်၊ မတ်လ၊ ၂၀၂၆ခုနှစ် )ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့အား "Prime Hexagon Construction & Development...
01/03/2026

တောင်သူလယ်သမားနေ့
( ၂ရက်၊ မတ်လ၊ ၂၀၂၆ခုနှစ် )

ယနေ့ကျရောက်သော တောင်သူလယ်သမားနေ့အား "Prime Hexagon Construction & Development" မှ လေးစားစွာဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

#တောင်သူလယ်သမားနေ့ #ကြိုဆိုဂုဏ်ပြုခြင်း

𝐀 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐒𝐭𝐨𝐫𝐲 𝐟𝐫𝐨𝐦 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧’𝐬 𝐌&𝐄 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨A success story achieved! Prime Hexagon is proud to have compl...
28/02/2026

𝐀 𝐒𝐮𝐜𝐜𝐞𝐬𝐬 𝐒𝐭𝐨𝐫𝐲 𝐟𝐫𝐨𝐦 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧’𝐬 𝐌&𝐄 𝐒𝐞𝐫𝐯𝐢𝐜𝐞 𝐏𝐨𝐫𝐭𝐟𝐨𝐥𝐢𝐨
A success story achieved! Prime Hexagon is proud to have completed the M&E installation for 𝐓𝐢𝐦𝐞 𝐋𝐢𝐧𝐤 𝐌𝐢𝐧𝐢 𝐜𝐨𝐧𝐝𝐨𝐦𝐢𝐧𝐢𝐮𝐦.
From the initial design to the final switch-on, our focus was on providing the best-in-class service and excellence in M&E Design & Installation that the modern homeowner expects.
✅ Quality Guaranteed
✅ Innovative Engineering
✅ Professional Team
Ready to start your next project? Let’s build the future together.
Prime Hexagon Construction & Development Co., Ltd.

“𝐁𝐮𝐢𝐥𝐝 𝐰𝐢𝐭𝐡 𝐲𝐨𝐮𝐫 𝐭𝐫𝐮𝐬𝐭𝐞𝐝 𝐩𝐚𝐫𝐭𝐧𝐞𝐫”
📞 Call us today: 𝟎𝟗 𝟗𝟒𝟓𝟓𝟖𝟗𝟗𝟎𝟎

စနစ်ကျသော M&E Services ၏ လုပ်ဆောင်ချက်များ  အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ M&E Services ဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက...
18/02/2026

စနစ်ကျသော M&E Services ၏ လုပ်ဆောင်ချက်များ

အဆောက်အအုံတစ်ခု တည်ဆောက်ရာမှာ M&E Services ဆိုတာ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲက သွေးကြောများ၊ အာရုံကြောများနှင့် ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းလို့လည်း ဥပမာပေးပြောလို့ရပါတယ်။ အပြင်ပန်းကြည့်ရင် မသိသာပေမယ့် အဆောက်အအုံတစ်ခုရဲ့ ခိုင်ခံ့မှု၊ နှစ်ရှည် တည်တံ့မှုများကို တိုင်းတာရာတွင် M&E Services ကလည်း အဓိကကျတဲ့ အခန်းကဏ္ဍမှာ ပါဝင်ပါတယ်။

M&E Services ၏ လုပ်ဆောင်ချက်များမှာ -

▪️ Electrical Services:
အဆောက်အအုံအတွင်း စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရန် အလင်းရောင်ကောင်းစွာရရှိစေနိုင်သည့် Lighting များ နေရာချထားခြင်း၊ Power supply များအတွက် Load Calculation တွက်ချက်ပေးခြင်း၊ တွက်ချက်ထားသည့်အတိုင်း Cables ကြိုးများတပ်ဆင်ခြင်း၊ Earthing (အသက်အန္တရာယ်) ကြိုတင်ကာကွယ်မှု System များပြုလုပ်ထားခြင်း၊ Lightning Protection System (မိုးကြိုးလွှဲ) များတပ်ဆင်ခြင်း စသည်ဖြင့် Electrical စနစ်ကို ကောင်းမွန်စွာရေးဆွဲတပ်ဆင်အသုံးပြုထားခြင်းမှာ လူကြီးမင်းတို့ အဆောက်အအုံအတွက် ဘေးအန္တရာယ်ကင်းရှင်းသည့်အပြင် ရေရှည်အသုံးပြုခြင်းအတွက်လည်း လုံခြုံစိတ်ချရခြင်းကို အထောက်အပံ့ဖြစ်စေပါတယ်။

▪️ Mechanical Services:
အပူချိန်ကိုထိန်းညှိပေးပြီးလေကောင်းလေသန့်ရရှိနိုင်ဖို့အတွက် (Air Conditioning & Ventilation System) များတပ်ဆင်ရေး၊ မီးဘေးအန္တရာယ်ကြုံလာသည့်အခါ အလိုအလျောက် မီးငြိမ်းသတ်ပေးနိုင်သော (Fire Fighting System) များတပ်ဆင်ထားရှိရေးနှင့် နေ့စဉ်ဘဝအတွက် မရှိမဖြစ်လိုအပ်သော ရေပေးဝေရေးစနစ် ကောင်းမွန်ရေး ( Plumbing System )၊ ရေဆိုးရေညစ်များနှင့် မိလ္လာစနစ်ကို ကောင်းမွန်စွာ လည်ပတ်စေ နိုင်ရေး ( Sanitary System ) စသည့်အချက်များကို စနစ်တကျရှိစေရန် အထောက်အကူပြုပေးပါတယ်။

☑️ ကောင်းမွန်တဲ့ M&E စနစ်ရှိထားတဲ့ အဆောက်အအုံမှာ ရေရှည်အတွက်ထိန်းသိမ်းရလွယ်ကူသလို၊ အဆောက်အအုံရဲ့ ဈေးကွက်တန်ဖိုးကိုလည်း ပိုမိုမြင့်တက်စေနိုင်ပါတယ်။ အဆောက်အအုံတစ်ခုရဲ့ Structure ( RC/Steel ) က ကျောရိုးဆိုရင် M&E Services က အသက်ရှုလှုပ်ရှားစေတဲ့ အသက်သွေးကြောဆိုရင် မမှားနိုင်ပါဘူး။

☑️ ဒီလို နည်းစနစ်ကျပြီး စိတ်ချယုံကြည်မှုကို တစ်နေရာတည်း ရနိုင်သော 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 မှ 𝗥𝗲𝘀𝗶𝗱𝗲𝗻𝘁𝗶𝗮𝗹𝘀, 𝗛𝗼𝘁𝗲𝗹𝘀, 𝗟𝘂𝘅𝘂𝗿𝘆 𝗛𝗼𝗺𝗲, 𝗠𝗶𝗻𝗶 𝗖𝗼𝗻𝗱𝗼 များအပြင် 𝗥𝗲𝘀𝗶𝗱𝗲𝗻𝘁𝗶𝗮𝗹 များ၏ 𝗜𝗻𝗳𝗿𝗮𝘀𝘁𝗿𝘂𝗰𝘁𝘂𝗿𝗲 များရဲ့ 𝗗𝗲𝘀𝗶𝗴𝗻 များ၊ 𝗗𝗿𝗮𝘄𝗶𝗻𝗴 များ၊ 𝗘𝘀𝘁𝗶𝗺𝗮𝘁𝗲 𝗖𝗼𝘀𝘁 များနှင့် 𝗜𝗻𝘀𝘁𝗮𝗹𝗹𝗮𝘁𝗶𝗼𝗻, 𝗔𝘀-𝗯𝘂𝗶𝘁 𝗦𝘁𝗮𝘁𝗲𝗺𝗲𝗻𝘁 များအထိ တာဝန်ယူဆောက်ရွက်ပေးနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

📲 "Contact us at +𝟗𝟓 𝟗 𝟗𝟒𝟓𝟓𝟖𝟗𝟗𝟎𝟎 for more info."

#အဆောက်အအုံနည်းပညာ #လျှပ်စစ်နှင့်စက်မှုအင်ဂျင်နီယာ #အိမ်ဆောက်ဗဟုသုတ #ဘေးကင်းလုံခြုံရေး #စွမ်းအင်ချွေတာရေး #မြန်မာအင်ဂျင်နီယာ #အဆောက်အအုံစီမံခန့်ခွဲမှု

🏮🧧"𝓖𝓸𝓷𝓰 𝓧𝓲 𝓕𝓪 𝓒𝓪𝓲"🏮🧧          ကျရောက်လာသော 2026ခုနှစ်၊ တရုတ်နှစ်သစ်ကူးအခါသမယလေးမှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းဆောင်တာအဝဝ ...
17/02/2026

🏮🧧"𝓖𝓸𝓷𝓰 𝓧𝓲 𝓕𝓪 𝓒𝓪𝓲"🏮🧧

ကျရောက်လာသော 2026ခုနှစ်၊ တရုတ်နှစ်သစ်ကူးအခါသမယလေးမှာ လူကြီးမင်းတို့ရဲ့ လုပ်ငန်းဆောင်တာအဝဝ အောင်မြင်ဖြစ်ထွန်းပါစေ။ စီးပွားဥစ္စာ ရတနာများလည်း လိုတိုင်းတ၊ တတိုင်းရနိုင်ပြီး အဆင်ပြေချောမွေ့တဲ့ နှစ်သစ်တစ်ခုကို ပိုင်ဆိုင်နိုင်ပါစေ။ ✨

#2026

𝐇𝐚𝐩𝐩𝐲 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 𝐃𝐚𝐲 💖💗🥰💞ချစ်သူများနေ့မှာ အချစ်တွေ ခိုင်မြဲစေဖို့ 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 မှ ချစ်ခြင်းများစွာဖြင့် ချစ်သူတိုင်းရဲ့ ...
14/02/2026

𝐇𝐚𝐩𝐩𝐲 𝐕𝐚𝐥𝐞𝐧𝐭𝐢𝐧𝐞 𝐃𝐚𝐲 💖💗🥰💞

ချစ်သူများနေ့မှာ အချစ်တွေ ခိုင်မြဲစေဖို့ 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 မှ ချစ်ခြင်းများစွာဖြင့် ချစ်သူတိုင်းရဲ့ အနာဂတ်ကို အလှပဆုံးပုံဖော်နိုင်ဖို့ ကူညီပေးပါရစေ။ ချစ်သူတိုင်း အမြန်ဆုံးပေါင်းဖက်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

💕 "𝓑𝓮 𝓶𝓲𝓷𝓮 𝓽𝓸𝓭𝓪𝔂, 𝓽𝓸𝓶𝓸𝓻𝓻𝓸𝔀, 𝓪𝓷𝓭 𝓯𝓸𝓻𝓮𝓿𝓮𝓻" 💕

ယနေ့ ( ၁၂.၂.၂၀၂၆ )တွင် ကျရောက်သော (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အား “Prime Hexagon Construction & Development” မှ လေးစား...
12/02/2026

ယနေ့ ( ၁၂.၂.၂၀၂၆ )တွင် ကျရောက်သော (၇၉)ကြိမ်မြောက် ပြည်ထောင်စုနေ့အား “Prime Hexagon Construction & Development” မှ လေးစားစွာဖြင့် ကြိုဆိုဂုဏ်ပြုအပ်ပါသည်။

#ပြည်ထောင်စုနေ့ #၇၉ကြိမ်မြောက် #ကြိုဆိုဂုဏ်ပြုခြင်း

✨🏡 သင့်ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားဖွယ်ဖြစ်စေမည့် အဆင့်မြင့် Interior Design များ ✨🏡        သဘာဝပတ်ဝန်းကျင်လှပမှုကို လူအ...
14/01/2026

✨🏡 သင့်ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားဖွယ်ဖြစ်စေမည့် အဆင့်မြင့် Interior Design များ ✨🏡

သဘာဝပတ်ဝန်းကျင်လှပမှုကို လူအများက သတိထားမိကြပါတယ်။ လူတိုင်းက အပြင်မှာ လှုပ်ရှားသွားလာနေပြီး ကိုယ့်အိမ်ကိုယ် ပြန်ရောက်တဲ့အခါ မိမိအိမ်လေးအတွင်းမှာ စိတ်အပန်းဖြေကြတာ များပါတယ်။ ဒီလိုအပန်းဖြေမယ်ဆိုရင် သင့်အိမ်က စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ Home Sweet Home လေး ဖြစ်နေဖို့က ဦီးစွာပထမပဲဖြစ်ပါတယ်။
နေအိမ်တစ်လုံးရဲ့ Interior Design ကို လှပသပ်ရပ်အောင်ဖန်တီးထားခြင်းက သင့်စိတ်ကို လန်းဆန်းပြီး အိမ်ပျော်လေးတစ်ဦးဖြစ်စေမှာပါ။ Interior Design များထဲက စိတ်လှုပ်ရှားစေမယ့် Design အချို့ကို တင်ပြပေးချင်ပါတယ်။
1. Interior Gardens : နံရံတစ်ခုလုံးကို အပင်အစစ် (သို့မဟုတ်) အရည်အသွေးမြင့် အပင်တုများဖြင့် အစိမ်းရောင်ခြယ်သခြင်း။
2. Natural Light : မှန်ပြတင်းပေါက်ကြီးများကို အသုံးပြုပြီး သဘာဝအလင်းရောင်ကို အပြည့်အဝ ရယူခြင်းက အခန်းကို ပိုမိုကျယ်ဝန်းစေပြီး စွမ်းအင်တိုးတက်စေပါတယ်။
3. Mood Lighting : စိတ်ခံစားချက်အလိုက် အရောင်ပြောင်းလဲနိုင်တဲ့ Smart LED လိုင်းများကို မျက်နှာကြက်နှင့် ပရိဘောဂအောက်ခြေတွေမှာ ထည့်သွင်းပါ။
4. Curved Lines : ဆိုဖာများ၊ စားပွဲများကို အကွေးအဝိုက် ပုံစံများ ရွေးချယ်ခြင်းက အခန်းကို ပိုမိုသက်ဝင်လှုပ်ရှားစေပါတယ်။
5. Statement Pieces : မိမိအခန်းထဲကို ဝင်လိုက်တာနဲ့ ချက်ချင်းသတိထားမိစေမယ့် ထူးခြားတဲ့ မီးဆိုင်း (Chandelier) ဒါမှမဟုတ် အနုပညာလက်ရာတစ်ခုခုကို ထားရှိပါ။
6. Home Gallery : နံရံတစ်ခုလုံးကို မိမိနှစ်သက်တဲ့ ပန်းချီကား ( သို့မဟုတ် ) နံရံဆေးရေးပန်းချီများ ဆေးခြယ်ထားခြင်းသည်လည်း စိတ်ပျော်ရွှင်မှုကိုရှိစေပါတယ်။
အထက်ဖော်ပြပါ အချက်များကတော့ သင့်ပတ်ဝန်းကျင်ကို စိတ်လှုပ်ရှားဖွယ်ဖြစ်စေမည့် အဆင့်မြင့် Interior Design များထဲမှ ကောက်နှုတ်ချက် တချို့ပဲ ဖြစ်ပါတယ်။
ဘယ်နေရာသွားသွား၊ ဘယ်လိုပဲပင်ပန်းပါစေ ကိုယ့်အိမ်ကိုယ့်ရာကို ပြန်ရောက်ပြီဆို အိမ်တစ်အိမ်ရဲ့ နွေးထွေးလုံခြုံမှုဆိုတာ လူတိုင်းခံစားရတဲ့ အရာပါ။ သင့်အိမ်လေးသစ်လွင်လှပနေဖို့ အစွမ်းကုန်ပြင်ဆင်လိုက် ကြရအောင်နော်။
အိမ်ရာအဆောက်အအုံနှင့် ပတ်သက်၍ ဆွေးနွေးလိုသမျှ၊ သိလိုသမျှနှင့် လုပ်ငန်းများအပ်နှံလိုပါက “𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭” က သင်နှင့်အတူ ရှိနေပါကြောင်းသတင်းကောင်းပါးလိုက် ပါတယ်။ 🤝🏢

𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭
📞𝟎𝟗 𝟗𝟒𝟓𝟓𝟖𝟗𝟗𝟎𝟎/ 𝟎𝟗 𝟕𝟕𝟕𝟖𝟓𝟎𝟓𝟕𝟗
𝐁𝐮𝐢𝐥𝐝𝐢𝐧𝐠 𝐓𝐡𝐞 𝐅𝐮𝐭𝐮𝐫𝐞 𝐓𝐨𝐠𝐞𝐭𝐡𝐞𝐫

Home #အိမ်တွင်းအလှဆင်ခြင်း

"𝐍𝐞𝐰 𝐲𝐞𝐚𝐫. 𝐍𝐞𝐰 𝐟𝐞𝐞𝐥𝐬. 𝐍𝐞𝐰 𝐜𝐡𝐚𝐧𝐜𝐞𝐬. 𝐒𝐚𝐦𝐞 𝐝𝐫𝐞𝐚𝐦𝐬."✨ ၂၀၂၆ နှစ်သစ်အခါသာမယမှာ "𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭" မှ လ...
31/12/2025

"𝐍𝐞𝐰 𝐲𝐞𝐚𝐫. 𝐍𝐞𝐰 𝐟𝐞𝐞𝐥𝐬. 𝐍𝐞𝐰 𝐜𝐡𝐚𝐧𝐜𝐞𝐬. 𝐒𝐚𝐦𝐞 𝐝𝐫𝐞𝐚𝐦𝐬."

✨ ၂၀၂၆ နှစ်သစ်အခါသာမယမှာ "𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭" မှ လူကြီးမင်းများအားလုံး ကိုယ်ကျန်းမာ စိတ်ချမ်းသာနှင့် စီးပွားလာဘ်လာဘများ ဒီရေအလား တိုးပွားကြပါစေ၊ အလုပ်အကိုင် အကြံအစည်များလည်း တိုးတက်အောင်မြင်ပါစေလို့ တောင်းဆုပြုလိုက်ပါတယ်။ ✨

🤝 🤝 နောင်ရေးအတွက် စိတ်အေးရအောင် 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ရွေးချယ်ပါ!🏠 🏠 အိမ်တစ်အိမ်တည်ဆောက်တာပဲဖြစ်ဖြစ်၊...
30/12/2025

🤝 🤝 နောင်ရေးအတွက် စိတ်အေးရအောင် 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 ရွေးချယ်ပါ!

🏠 🏠 အိမ်တစ်အိမ်တည်ဆောက်တာပဲဖြစ်ဖြစ်၊ စက်ရုံ/ဂိုထောင်တစ်ခု တည်ဆောက်တာပဲဖြစ်ဖြစ်၊ ဒါဟာ ဘဝရဲ့ အကြီးမားဆုံး ရင်းနှီးမြှုပ်နှံမှုတွေထဲက တစ်ခုဖြစ်တာကြောင့် ဒီရင်းနှီးမြှုပ်နှံမှုကနေ ရေရှည်မှာ စိတ်အေးချမ်းသာစွာ နေထိုင်အလုပ် လုပ်ကိုင်နိုင်ဖို့က အဓိကကျပါတယ်။

👷‍♂️ 👷‍♂️ 𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 က လူကြီးမင်းတို့ရဲ့ "နောင်ရေး" အတွက် စိတ်အေးရစေမယ့် အကောင်းဆုံး ဆောက်လုပ်ရေး ဝန်ဆောင်မှုတွေကို ပေးအပ်ဖို့ အသင့်ရှိနေပါတယ်။

📍ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ 📍

𝐏𝐫𝐢𝐦𝐞 𝐇𝐞𝐱𝐚𝐠𝐨𝐧 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 & 𝐃𝐞𝐯𝐞𝐥𝐨𝐩𝐦𝐞𝐧𝐭 သည် အောက်ပါ ဆောက်လုပ်ရေးလုပ်ငန်းနယ်ပယ်များတွင် အကောင်းဆုံးဝန်ဆောင်မှုများကို ပေးအပ်လျက်ရှိပါသည်....
1. Building Construction (အဆောက်အအုံဆောက်လုပ်ခြင်း)
2. Residential Construction (လူနေအိမ်ရာဆောက်လုပ်ခြင်း)
3. Commercial Construction (စီးပွားဖြစ်အဆောက်အအုံဆောက်လုပ်ခြင်း)
4. Industrial Construction (စက်မှုလုပ်ငန်းသုံးအဆောက်အအုံဆောက်လုပ်ခြင်း)
5. Infrastructure Construction (အခြေခံအဆောက်အအုံဆောက်လုပ်ခြင်း)
6. M&E Service (စက်မှုနှင့်လျှပ်စစ်ပိုင်းဆိုင်ရာဝန်ဆောင်မှု)
7. Renovation & Interior Decoration (ပြုပြင်မွမ်းမံခြင်းနှင့် ပြင်ဆင်မွမ်းမံခြင်း)

လူကြီးမင်းတို့ လုပ်ငန်းများ အပ်နှံလိုတာပဲဖြစ်ဖြစ် သိလိုသမျှ အကြောင်းအရာများ တိုင်ပင်ဆွေးနွေးလိုပါက ဖုန်းနံပါတ် 𝟬𝟵 𝟵𝟰𝟱𝟱𝟴𝟵𝟵𝟬𝟬/ 𝟬𝟵 𝟳𝟳𝟳𝟴𝟱𝟬𝟱𝟳𝟵 သို့ တိုက်ရိုက်စုံစမ်းမေးမြန်းနိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
#အိမ်ဆောက်လုပ်ရေး #စက်ရုံဂိုထောင်ဆောက်လုပ်ခြင်း #အဆောက်အအုံပြုပြင်မွမ်းမံခြင်း #စိတ်ချရသောဆောက်လုပ်ရေး #နေအိမ်ဒီဇိုင်း

❞𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔❗ 𝑴𝒂𝒚 𝒚𝒐𝒖𝒓 𝒅𝒂𝒚𝒔 𝒃𝒆 𝒎𝒆𝒓𝒓𝒚 𝒂𝒏𝒅 𝒃𝒓𝒊𝒈𝒉𝒕❞ 🎄⛄🎅🏼🤶🦌❄🔔🔔 ပျော်ရွှင်စရာ ခရစ္စမတ်အခါသမယလေး ဖြစ်ပါစေ။ ဒီနှစ်သစ်မှာလည်...
25/12/2025

❞𝑴𝒆𝒓𝒓𝒚 𝑪𝒉𝒓𝒊𝒔𝒕𝒎𝒂𝒔❗ 𝑴𝒂𝒚 𝒚𝒐𝒖𝒓 𝒅𝒂𝒚𝒔 𝒃𝒆 𝒎𝒆𝒓𝒓𝒚 𝒂𝒏𝒅 𝒃𝒓𝒊𝒈𝒉𝒕❞ 🎄⛄🎅🏼🤶🦌❄

🔔🔔 ပျော်ရွှင်စရာ ခရစ္စမတ်အခါသမယလေး ဖြစ်ပါစေ။ ဒီနှစ်သစ်မှာလည်း ပျော်ရွှင်မှုတွေ၊ အောင်မြင်မှုတွေနဲ့ ပြည့်စုံပါစေကြောင်း ❞𝑷𝒓𝒊𝒎𝒆 𝑯𝒆𝒙𝒂𝒈𝒐𝒏 𝑪𝒐𝒏𝒔𝒕𝒓𝒖𝒄𝒕𝒊𝒐𝒏 & 𝑫𝒆𝒗𝒆𝒍𝒐𝒑𝒎𝒆𝒏𝒕❞မှ ဆန္ဒပြုလိုက်ပါတယ်။🔔🔔

အိမ်တစ်အိမ် တည်ဆောက်ဖို့ စျေးနှုန်း 💰 က အရေးကြီးတာလား? Quality ✨  က အရေးကြီးတာလား?          အိမ်တစ်အိမ် တည်ဆောက်ရာတွင် အ...
06/12/2025

အိမ်တစ်အိမ် တည်ဆောက်ဖို့ စျေးနှုန်း 💰 က အရေးကြီးတာလား? Quality ✨ က အရေးကြီးတာလား?

အိမ်တစ်အိမ် တည်ဆောက်ရာတွင် အခြေခံအကျဆုံး Foundation၊ Material၊ Structural Design မှာ မဖြစ်မနေအရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ပါတယ်။
🔑 🔑
Foundation ၏ အရေးပါပုံမှာ အဆောက်အအုံတစ်ခုရဲ့ ခံနိုင်ရည်အားကို အဓိကထား၍ Isolated Footing, Strip Footing, Matt Footing စသည်ဖြင့် Footing အမျိုးအစားပေါ်မူတည်ရွေးချယ်ကြရပါတယ်။ 📈 📈
Material များတွင်လည်း Low, Medium, High, Luxury Type ဟူ၍ မိမိနှစ်သက်ရာ Material များကိုရွေးချယ် အသုံးပြုကြရပါတယ်။ ✅ ✅
မိမိနေထိုင်ရာအိမ်မှာ ကိုယ်တိုင်နေထိုင်တာပဲဖြစ်စေ၊ ငှားရမ်းမှုပြုရာပဲ ဖြစ်စေ၊ ပြန်လည်ရောင်းချမှုပြုရာပဲ ဖြစ်စေ ကိုယ့်အိမ်ရဲ့ အမြင်လှပစေရန်ထက် အိမ်၏ အရေးပါတဲ့ Quality ပေါ်မူတည်၍ အပျက်အဆီးနည်းပါးခြင်းက မိမိအိမ်ရဲ့ စိတ်ကျေနပ်မှုကို ပေးစွမ်းနိုင်တာကြောင့် တည်ဆောက်ဖို့ ဈေးနှုန်းထက် Quality ပိုင်းကလည်း အရေးကြီးပါတယ်။ 🛡️ 🛡️
ဈေးကြီးသည့် အရာများအပေါ် တွက်ချက်စဥ်းစားရာတွင် ဈေးကြီးတိုင်း Quality ကောင်းတာမျိုးဆိုတာ မရှိပါဘူး။ တကယ့် Quality ဆိုတာ အသုံးပြုသူတို့ရဲ့ ဘေးကင်းမှု၊ ခိုင်ခံ့မှု၊ Long Term နေထိုင်မှုအပေါ် ပျက်ဆီးယိုယွင်းမှု ဖြစ်မလာစေရန် ရည်ရွယ်ပါတယ်။
မည်သည့်ပစ္စည်း၊ ဘယ်လို Product က ဘယ်လောက် Quality ကောင်းတယ်ဆိုတာ သုံးဖူးသူများ၊ ညွှန်းဆိုချက်များနှင့် တစ်ယောက်စကားတစ်ယောက်နားဖြင့် စုံစမ်းမေးမြန်းမှုများအပေါ် ရွေးချယ်နိုင်ပါတယ်။ 🛠️ 🛠️
Quality ကို ကြည့်ရာမှာ အခြားအကြောင်းအရာတစ်ခုကတော့ နိုင်ငံတကာအသိအမှတ်ပြု ISO ( International Organization for Standardization ) ရယူထားသော company or material များအပေါ် ယုံကြည်မှု ( trust )တစ်ခု ထားရှိနိုင်ပါတယ်။ 💡 💡

အနှစ်ချုပ်ဆိုရမည်ဆိုပါက အိမ်တစ်အိမ်ဖြစ်တည်လာစေရန်အတွက် အရေးကြီးဆုံးမှာ Quality ကောင်းမှသာ နေ့စဉ်ဘဝလူနေမှု အတွက် လုံခြုံစိတ်ချရခြင်းကို အပြည့်အဝ ခံစားစံစားရမှာပဲ ဖြစ်ပါတယ်။

📞 📞 လူကြီးမင်းတို့ သိလိုသမျှအကြောင်းအရာများမေးမြန်းစုံစမ်းခြင်းနှင့် လုပ်ငန်းများအပ်နှံလိုပါက 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐩𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှသော်လည်းကောင်း၊ 𝐏𝐡 𝐧𝐨 - 𝟎𝟗 𝟗𝟒𝟓 𝟓𝟖𝟗 𝟗𝟎𝟎/ 𝟎𝟗 𝟕𝟕𝟕 𝟖𝟓𝟎 𝟓𝟕𝟗 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။
#အိမ်ဆောက်မယ် ိက #အိမ်ဆောက်ခြင်း #ဆောက်လုပ်ရေး #လုံခြုံစိတ်ချရမှု
#အိမ်ဒီဇိုင်း #တည်ဆောက်မှု_အရည်အသွေး

🏢 🏢 Commercial Building တည်ဆောက်ရာမှာ Structural Integrity အရေးကြီးမှု           ခေတ်မီဆောက်လုပ်ရေး စံနှုန်းများနှင့် အင...
29/11/2025

🏢 🏢 Commercial Building တည်ဆောက်ရာမှာ Structural Integrity အရေးကြီးမှု

ခေတ်မီဆောက်လုပ်ရေး စံနှုန်းများနှင့် အင်ဂျင်နီယာနည်းပညာများကြောင့် Commercial Building များသည် အလွန်လုံခြုံစိတ်ချရသော်လည်း အဆောက်အအုံပိုင်ရှင်များနှင့် Facility ပိုင်းဆိုင်ရာတာဝန်ရှိသူများအနေဖြင့် သက်တမ်းရင့်လာသော အဆောက်အအုံများ၏ တည်ဆောက်ပုံ ခိုင်ခံ့မှု (Structural Integrity) မပျက်စီးစေရန် ကြိုတင်ကာကွယ်မှုများစွာ ပြုလုပ်ထားရပါမည်။ ရိုးရှင်းသော ပြုပြင်မှုများကို ပေါ့ဆလိုက်ပါက ပြန်လည်ပြုပြင်မရနိုင်သည့် အခြေအနေသို့ ရောက်ရှိကာ သိသာထင်ရှားသော ပျက်စီးဆုံးရှုံးမှုများ၊ လုပ်ငန်းလည်ပတ်မှု ရပ်တန့်မှုများ ဖြစ်ပေါ်စေနိုင်သည့်အပြင် အခြားသူများကိုပါ အန္တရာယ်ဖြစ်စေနိုင်ပါသည်။
👷 👷အရည်အချင်းပြည့်ဝသော ထိန်းသိမ်းမှုပိုင်းဆိုင်ရာ တာဝန်ရှိသူတစ်ဦးသည် အဆောက်အအုံ၏ လုပ်ငန်းဆောင်တာ အစိတ်အပိုင်းအားလုံးကို ပုံမှန် စစ်ဆေးခြင်းနှင့် ထိန်းသိမ်းခြင်းများ ပြုလုပ်ရမည်။ တည်ဆောက်ပုံဆိုင်ရာ ပြဿနာများကို ဖောင်ဒေးရှင်းနှင့် နံရံများအကြောင်းသာဟု မှားယွင်းစွာ ယူဆတတ်ကြသည်။ အမှန်မှာ အဆောက်အအုံတစ်ခု၏ တည်ဆောက်ပုံ ခိုင်ခံ့စေရန်အတွက် စနစ်အားလုံးသည် ထိရောက်စွာ အလုပ်လုပ်နေရန် လိုအပ်ပါသည်။ အောက်ပါတို့သည် အဆောက်အအုံ ခိုင်ခံ့မှုဆိုင်ရာ အဓိက စိုးရိမ်ရသည့် အချက်များ ဖြစ်ကြသည်။
🛠️ 🛠️ အဆောက်အအုံ သက်တမ်းကြာလာသည်နှင့်အမျှ ကွန်ကရစ်ပျက်စီးခြင်းသည် သဘာဝအတိုင်း ဖြစ်ပေါ်တတ်သည်။ သို့သော် အချို့သောအချက်များကြောင့် ကွန်ကရစ်ကို သက်တမ်းမတိုင်မီ ပျက်စီးစေနိုင်သည်။ ၎င်းတို့မှာ-

နေရာချထားမှု ချို့ယွင်းချက်များ — အက်ကြောင်းများ၊ ကွန်ကရစ်အတွင်း လေပူဖောင်းများ မြင်ရခြင်း၊ ကျောက်ခဲအိတ်များ၊ Honeycombing (ပျားအုံပုံပေါက်ခြင်း) နှင့် Cold Joints (အေးခဲဆက်ကြောင်းများ) စသည်တို့သည် အဖြစ်များသော လက္ခဏာများဖြစ်သည်။

ပတ်ဝန်းကျင် ထိတွေ့မှု — သဘာဝနှင့် ထိတွေ့ခြင်းကြောင့် ပြဿနာများ ဖြစ်ပေါ်စေနိုင်သည်။ ကမ်းရိုးတန်းဒေသရှိ ပင်လယ်ဆားများ၊ ဆောင်းရာသီတွင် အသုံးပြုသော ဆားများ၊ အက်ဆစ်မိုးစသည့် ဒေသတွင်း အန္တရာယ်များသည် ကွန်ကရစ်ယိုယွင်းမှုနှုန်းကို မြင့်တက်စေပါသည်။

လေတိုက်ခတ်မှု — လေနှင့် အလွန်အကျွံ ထိတွေ့မှုသည် ကျုံ့ဝင်မှုကြောင့်ဖြစ်သော အက်ကြောင်းများနှင့် အဆောက်အအုံ၏ အပြင်ဘက် ကွန်ကရစ်အလွှာများ စားသွားခြင်း တို့ကို ဖြစ်စေနိုင်သည်။

အေးခဲ-အရည်ပျော် လည်ပတ်မှုများ — သင့်လျော်သော ရေထုတ်စနစ်မရှိဘဲ ကွန်ကရစ်ကို စိုစွတ်အေးမြစေသော အေးခဲအပူချိန်နှင့် မိုးရွာသွန်းမှုတို့သည် ကွန်ကရစ် ကျယ်ပြန့်ခြင်း၊ အလွှာလိုက် ကွာကျခြင်းနှင့် ကွဲအက်လွင့်စဉ်ခြင်း တို့ကို ဖြစ်စေသည်။

သံမဏိ ထောက်ပံ့ပစ္စည်းများ သံချေးတက်ခြင်း — သံမဏိစားသွားခြင်းသည် ကွန်ကရစ်အတွင်း ကျယ်ပြန့်မှုနှင့် ဆန့်နိုင်အားဖိအား တို့ကို ဖြစ်ပေါ်စေပြီး အက်ကွဲခြင်း၊ ကွဲအက်လွင့်စဉ်ခြင်း နှင့် အစအနများ လွင့်စဉ်ထွက်ခြင်းတို့ကို ဖြစ်ပေါ်စေသည်။

🏗️ 🏗️ ယိုယွင်းပျက်စီးနေသော ကွန်ကရစ်ကို အဆောက်အအုံသည် ပြင်းထန်သော တည်ဆောက်ပုံဆိုင်ရာ ချို့ယွင်းချက်များ သို့မဟုတ် ပြိုကျမှုများ ဖြစ်ပေါ်နိုင်သောကြောင့် ချက်ချင်း ပြုပြင်ခြင်း သို့မဟုတ် အစားထိုးလဲလှယ်ခြင်း ပြုလုပ်သင့်ပါသည်။
ကြိုတင်ခန့်မှန်းမရနိုင်သော ဘေးအန္တရာယ်များ သို့မဟုတ် ဖြစ်ရပ်များမှလွဲ၍ အဆောက်အအုံများသည် တစ်ညချင်း ပျက်စီးယိုယွင်းသွားခြင်း မဟုတ်ပါ။ ပိုင်ဆိုင်မှုပိုင်ရှင်များသည် အဆောက်အအုံ၏ သက်တမ်းကြာရှည်စေရန်အတွက် ကြိုတင်ကာကွယ်မှု အစီအမံများစွာကို အကောင်အထည်ဖော်နိုင်သည်-
💰 💰 ပိုင်ဆိုင်မှုပိုင်ရှင်များသည် ချက်ချင်းပြုပြင်ရန်နှင့် ရေရှည်ပြုပြင်ထိန်းသိမ်းရန်အတွက် ဘတ်ဂျက်ကို စီစဉ်ထားသင့်သည်။ ၎င်းသည် ပုံမှန်ထိန်းသိမ်းမှုအတွက် ပံ့ပိုးပေးမည့်အပြင် မမျှော်လင့်ထားသော ကုန်ကျစရိတ်များအတွက် ငွေကြေးခွဲဝေပေးနိုင်သည်။ ဘတ်ဂျက် စီမံထားသောရန်ပုံငွေသည် ပြုပြင်မှုများတွင် ဖြစ်ပေါ်လာနိုင်သည့် နှောင့်နှေးမှုများကိုလည်း ဖယ်ရှားပေးနိုင်သည်။

အဆောက်အအုံ၏ တည်ဆောက်ပုံ ခိုင်ခံ့မှုသည် လုပ်ငန်းလည်ပတ်မှုအပေါ် သက်ရောက်မှုရှိသလို အဆိုပါ အဆောက်အအုံတွင် နေထိုင်သူများ သို့မဟုတ် အလုပ်လုပ်သူများ၏ ဘဝအပေါ်လည်း သက်ရောက်မှုရှိသည်။ တွေ့ရှိရသော ပြဿနာမှန်သမျှကို ချက်ချင်း ကိုင်တွယ်ဖြေရှင်းသင့်သည်။ စောစီးစွာ ဆောင်ရွက်ခြင်းဖြင့် သင့်၏ စုစုပေါင်း ကုန်ကျစရိတ်များကို လျှော့ချနိုင်ပြီး ပြဿနာ ပိုမိုကြီးမားလာခြင်းမှ ကာကွယ်နိုင်ပါသည်။
🛠️ 🛠️ Structural Integrity အရေးကြီးမှုမှာ လွန်စွာအရေးပါကြောင်းနှင့် Facility Management ရဲ့ တာဝန်ရှိမှုကို လေ့လာမိသလောက် ပြန်လည် Share ပေးလိုက်ပါတယ်။
👷‍♂️ 👷‍♂️Building, Construction statement များနှင့်ပတ်သက်၍ ဆွေးနွေးအကြံပြုလိုသည်များ၊ လုပ်ငန်းအပ်နှံလိုပါက 𝐅𝐚𝐜𝐞𝐛𝐨𝐨𝐤 𝐩𝐚𝐠𝐞 𝐦𝐞𝐬𝐬𝐞𝐧𝐠𝐞𝐫 မှသော်လည်းကောင်း၊ 𝐏𝐡 𝐧𝐨 - 𝟎𝟗 𝟗𝟒𝟓 𝟓𝟖𝟗 𝟗𝟎𝟎/ 𝟎𝟗 𝟕𝟕𝟕 𝟖𝟓𝟎 𝟓𝟕𝟗 သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါကြောင်း သတင်းကောင်းပါးအပ်ပါတယ်။

#ကြိုတင်ကာကွယ်ရေး #တည်ဆောက်ပုံခိုင်ခံ့မှု #အဆောက်အအုံပြုပြင်ထိန်းသိမ်းမှု #အင်ဂျင်နီယာပညာ

Address

No. 646, 4th Floor, Room A, B, C, D, E Hlaing Sabal Street, Hlaing Sabal Yeik Mon

11041

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Prime Hexagon Construction & Development posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

  • Want your business to be the top-listed Engineering Company?

Share