Double H အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်း

  • Home
  • Myanmar
  • Hmawbi
  • Double H အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်း

Double H အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်း Your Trust Service

တထပ်ခွဲတိုက်အသစ် အလှလေး ရောင်းဖို့ရှိပါမယ်။ကျနော်တို့ Double H Construction ကနေ အစအဆုံးတာဝန်ယူတည်ဆောက်ပေးခဲ့တဲ့ အိမ်လေးဖ...
08/08/2024

တထပ်ခွဲတိုက်အသစ် အလှလေး ရောင်းဖို့ရှိပါမယ်။
ကျနော်တို့ Double H Construction ကနေ အစအဆုံးတာဝန်ယူတည်ဆောက်ပေးခဲ့တဲ့ အိမ်လေးဖြစ်ပါတယ်။

✅Location ကတော့ မှော်ဘီမြို့/ တိုးချဲ့၂ရပ်ကွက် အရှေ့ခြမ်းမှာပါ။

✅20'x60' ခြံကွက်ဖြစ်ပြီး 17'x37' RC တထပ်ခွဲဖြစ်ပါတယ်။

ကျနော်ကိုယ်တိုင်တည်ဆောက်ပေးထားတာမလို့ ဒီအိမ်လေးရဲ့ Archi Design/Structure Designနဲ့ Site record တွေအကုန်လုံးရရှိမှာဖြစ်ပါတယ်။
အိမ်အတွင်းပိုင်းတွေကိုတော့ နောက်နေ့ သန့်ရှင်းရေးဝင်ပြီးရင် အစုံထပ်တင်ပေးပါမယ်။ အခုကတော့ အမြည်းလေးလာပြတာပါ🥳

အိမ်ကတော့ အိမ်ရှင်ထံမအပ်ရသေးပါဘူး။
အိမ်သော့ကျနော့်ဆီမှာ တောက်လျောက်ရှိနေမှာမလို့ ကြိုက်တဲ့အချိန်လာကြည့်နိုင်ပါတယ်ဗျ။

🔰အကျိူးဆောင်များလည်းအကျိူးတူရပါတယ်။

ဒါမျိုးအိမ်လေးတွေဆောက်ချင်ရင်လည်း Engineering Service တွေနဲ့လက်ခံတည်ဆောက်ပေးနေပါပြီခင်ဗျ🤗

အသေးစိတ်ကိုဖုန်းဆက်မေးပေးပါခင်ဗျ။
09420212703(Viber/What'sapp/Telegram)

Edited  #ရသွားပါပြီ။တိုးချဲ့၂ မှာ ရောင်းကွက်လေးတွေရှိရင်ပြပေးပါ။နောပ်တပတ် တနင်္ဂနွေနေ့ကျ အကုန်ပတ်ကြည့်ပါမယ်။
14/05/2024

Edited #ရသွားပါပြီ။
တိုးချဲ့၂ မှာ ရောင်းကွက်လေးတွေရှိရင်ပြပေးပါ။
နောပ်တပတ် တနင်္ဂနွေနေ့ကျ အကုန်ပတ်ကြည့်ပါမယ်။

မှော်ဘီမှာ အိမ်ဆောက်ဖို့ရည်ရွယ်ထားတယ်ဆိုရင် Engineer တွေဦးစီးတဲ့ Double H Construction ကို သတိရလိုက်နော်💗ဆောက်လက်စ မှော...
21/01/2024

မှော်ဘီမှာ အိမ်ဆောက်ဖို့ရည်ရွယ်ထားတယ်ဆိုရင် Engineer တွေဦးစီးတဲ့ Double H Construction ကို သတိရလိုက်နော်💗
ဆောက်လက်စ မှော်ဘီ Siteတွေကို လာရောက်လေ့လာနိုင်ပါတယ်ခင်ဗျ။

ကျနော့်ရဲ့ Construction Pageလေးကို Like and follow လေးလုပ်ပေးကြပါဦးခင်ဗျ💗
03/01/2024

ကျနော့်ရဲ့ Construction Pageလေးကို Like and follow လေးလုပ်ပေးကြပါဦးခင်ဗျ💗

𝐃𝐨𝐮𝐛𝐥𝐞-𝐇 အိမ်၊ခြံ၊မြေ မှ 𝐃𝐨𝐮𝐛𝐥𝐞-𝐇 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 သို့😉 မင်္ဂလာပါခင်ဗျ။ ၁ထပ်ခွဲတိုက်အလှလေးကို မှော်...
17/12/2023

𝐃𝐨𝐮𝐛𝐥𝐞-𝐇 အိမ်၊ခြံ၊မြေ မှ 𝐃𝐨𝐮𝐛𝐥𝐞-𝐇 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝
𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 သို့😉

မင်္ဂလာပါခင်ဗျ။ ၁ထပ်ခွဲတိုက်အလှလေးကို မှော်ဘီမြို့မှာ တည်ဆောက်ရန်အတွက် လုပ်ငန်းအပ်နှံခြင်းစာချူပ် ချုပ်ဆိုခြင်းနှင့် မြေသန့်တရားနာ မင်္ဂလာပြုလုပ်ဖြစ်ခဲ့ပါတယ်ခင်ဗျ။

အိမ်၊ခြံ၊မြေ အကျိုးဆောင်လုပ်ငန်းလေးကို တည်ထောင်ထားခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့ ကျနော်ကိုယ်တိုင် 𝐂𝐢𝐯𝐢𝐥 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 တယောက်ဖြစ်တဲ့အတွက် 𝐃𝐨𝐮𝐛𝐥𝐞-𝐇 မှာခြံဝယ်ပြီး တခါထဲ 𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫𝐢𝐧𝐠 𝐒𝐞𝐫𝐯𝐢𝐜𝐞 အပြည့်ဖြင့် အိမ်တန်းဆောက်နိုင်ဖို့ဖြစ်ပါတယ်။

အိမ်လေးရဲ့ အခန်းဖွဲ့စည်းပုံတွေအနေနဲ့
မြေညီထပ်မှာဆိုရင်👇👇
♦️ဧည့်ခန်း
♦️Double Bedroom
♦️ထမင်းစားခန်း
♦️မီးဖိုခန်း
♦️ဘုံသုံးအိမ်သာ/ရေချိူးခန်း တို့ပါဝင်မှာဖြစ်ပြီး

အပေါ်ထပ်မှာဆိုရင်တော့👇👇
♦️ဘုရားခန်း
♦️Master Bedroom ကျယ် ၁ခန်းပါဝင်မှာဖြစ်ပါတယ်။

ယခုအိမ်လေးအတွက်
✅️𝐀𝐫𝐜𝐡𝐢𝐭𝐞𝐜𝐭𝐮𝐫𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧 ရေးဆွဲခြင်း၊
✅️𝐒𝐭𝐫𝐮𝐜𝐭𝐮𝐫𝐚𝐥 𝐃𝐞𝐬𝐢𝐠𝐧တွက်ချက်ခြင်း၊
✅️𝐌&𝐄 𝐃𝐞𝐬𝐢𝐠𝐧ရေးဆွဲခြင်း၊
✅️𝐒𝐢𝐭𝐞 𝐂𝐥𝐞𝐚𝐧𝐢𝐧𝐠 လုပ်ငန်းများ၊
✅️𝐅𝐨𝐮𝐧𝐝𝐚𝐭𝐢𝐨𝐧 လုပ်ငန်းမှ စ၍ အချောထည်အားလုံးပြီးစီးသည်အထိ 𝐃𝐨𝐮𝐛𝐥𝐞 𝐇 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞 𝐒𝐞𝐫𝐯𝐢𝐜𝐞 မှ
ကျွမ်းကျင်𝐄𝐧𝐠𝐢𝐧𝐞𝐞𝐫 များကြီးကြပ်၍ ဂုဏ်ယူစွာတည်ဆောက် သွားမှာဖြစ်ပါတယ်။

💗ယုံကြည်စွာလုပ်ငန်းအပ်နှံပေးတဲ့ အန်တီတို့မိသားစုကိုလည်း အထူးကျေးဇူးတင်ပါတယ်ခင်ဗျ။

🥰ယခုလို အိမ်လှလှလေးတွေဆောက်လုပ်ဖို့ စိတ်ကူးထားရင်တော့ အကောင်းဆုံးပုံဖော်တည်ဆောက်ပေးမှာမလို့ 𝟎𝟗𝟒𝟐𝟎𝟐𝟏𝟐𝟕𝟎𝟑 သို့ အားမနာတမ်းဆက်သွယ်စုံစမ်းလို့ရပြီနော်။

𝐘𝐨𝐮𝐫 𝐝𝐫𝐞𝐚𝐦, 𝐖𝐞 𝐛𝐫𝐢𝐧𝐠 𝐭𝐨 𝐥𝐢𝐟𝐞
𝐃𝐨𝐮𝐛𝐥𝐞-𝐇 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 𝐚𝐧𝐝 𝐑𝐞𝐚𝐥 𝐄𝐬𝐭𝐚𝐭𝐞
𝟎𝟗𝟒𝟐𝟎𝟐𝟏𝟐𝟕𝟎𝟑 / 𝟎𝟗𝟕𝟕𝟎𝟗𝟕𝟏𝟕𝟒𝟓

အိမ်အမြန်ရောင်းထွက်အောင် ဘယ်လိုလုပ်ရမလဲ🤔🤔???ကျနော့်အတွေ့အကြုံအရ ဒီအချက်လေးတွေက တကယ်ထိရောက်ပါတယ်👇👇👇အိမ်ကို သပ်သပ်ရပ်ရပ် ပ...
05/12/2023

အိမ်အမြန်ရောင်းထွက်အောင် ဘယ်လိုလုပ်ရမလဲ🤔🤔???
ကျနော့်အတွေ့အကြုံအရ ဒီအချက်လေးတွေက တကယ်ထိရောက်ပါတယ်👇👇👇

အိမ်ကို သပ်သပ်ရပ်ရပ် ပြုပြင်ခြင်းက ဝယ်ယူသူတွေ အမြင်မှာ မျက်နှာပန်းလှရုံသာမက အိမ်ရဲ့ တန်ဖိုးကို မြင့်တက်စေနိုင်ပါတယ်။ကဲ အိမ် မြန်မြန်ရောင်းထွက်ဖို့ သင့်ရဲ့အိမ်ကို ဘယ်လိုပြင်ဆင်ထားရမလဲ ဆိုတာ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေကို လေ့လာပါ…

♦️ရှုပ်ပွပြန့်ကျဲနေတာတွေကို ရှင်းလင်းပါ။

သင်က အိမ်ရောင်းမယ်လို့ ကြေညာထားတာနဲ့ အိမ်ဝယ်မယ့် သူတွေက သင့်အိမ်ကို လာပြီးလေ့လာမှာပါ။

အဲဒီအချိန်မှာ အိမ်က မလိုအပ်တဲ့ ဒါမှမဟုတ် ဟောင်းနွမ်းနေတဲ့ ပရိဘောဂတွေကို မြင်သွားမယ်ဆိုရင် အနည်းနဲ့အများတော့ သင့်အိမ်ကို ဝယ်ဖို့ စဉ်းစားတော့မှာ မဟုတ်ပါဘူး။

ဒါပေမယ့် သပ်သပ်ရပ်ရပ်နဲ့ နေချင်စဖွယ်သာ ပြင်ဆင်ထားရင်တော့ အိမ်လာကြည့်တဲ့သူကို ဝယ်ချင်အောင် ဆွဲဆောင်နိုင်မှာပါ။

ဒါ့ကြောင့် အိမ်ခန်းထဲမှာ မြင်ကွင်းရှုပ်နေစေမယ့် ပရိဘောဂအပိုတွေရှိခဲ့ရင် သေချာရှင်းလင်းပြီး ထုတ်ပိုးထားတာပဲဖြစ်ဖြစ် မိတ်ဆွေတစ်ယောက်ရဲ့ အိမ်မှာပဲ ဖြစ်ဖြစ် ထားဖို့ အကြံပြုပါတယ်။

♦️နံရံတွေကို သစ်လွင်နေစေဖို့ ဆေးသုတ်ပါ။

သင့်အိမ်ကို လင်းနေစေပြီး ပိုကျယ်တယ်လို့ ထင်ရစေမယ့် မနုလွန်း မရင့်လွန်းတဲ့ အရောင်ကို ရွေးပြီး ဆေးသုတ်စေချင်ပါတယ်။ အခုလို ဆေးသုတ်ပေးခြင်းအားဖြင့် အိမ်ဝယ်ယူမယ့်သူတွေကို အခန်း ကျယ်သယောင်ထင်ရစေပြီး ဆွဲဆောင်နိုင်တဲ့ နည်းလမ်းတစ်မျိုးပဲဖြစ်ပါတယ်။

♦️ပျက်စီးနေတာတွေကို ပြုပြင်ပြီး သန့်ရှင်းစရာရှိတာ သန့်ရှင်းပါ။သေးသေးမွှားမွှား အရာလေးတွေကအစ ပျက်စီးနေတယ်ဆိုရင် ပြုပြင်ဖို့ လိုအပ်ပါတယ်။ဥပမာ တံခါးလော့ ပျက်နေတာပဲဖြစ်ဖြစ်၊ ရေပိုက်ခေါင်းစုတ်နေတာပဲဖြစ်ဖြစ် ပြုပြင်ဖို့ အကြံပေးပါရစေ။ဒီလို ပြုပြင်ပေးမယ်ဆိုရင် ဝယ်ယူမယ့်သူက အိမ်ဝယ်ပြီးတဲ့အခါ ထပ်ပြီး ပြုပြင်စရာမလိုတော့ဘူးလို့ ယူဆပြီး သင့်အိမ်ကို ဝယ်ယူချင်စိတ် ဖြစ်ပေါ်လာနိုင်ပါတယ်။ဒါ့အပြင် အိမ်ရဲ့ ကြမ်းပြင်တွေ၊မှန်တွေမှာ ဖုန်တွေရှိမနေအောင် သန့်ရှင်းထားပါ။

♦️အလင်းနဲ့ လေ

နံရံကပ်မှန်တွေက အိမ်ခန်းကို ကျယ်စေပြီး ပိုပြီး လင်းသယောင် ပြုလုပ်ပေးနိုင်ပါတယ်။ဒါ့ကြောင့် နံရံကပ်မှန်တွေရှိတယ်ဆိုရင် သိမ်းမထားဘဲ အိမ်ခန်းနံရံမှာ အလှဆင်ထားပေးပါ။ ပြတင်းပေါက်တွေကို အပြင်ဘက်ရော အတွင်းဘက်ရော သေချာသန့်ရှင်းပေးပါ။ မီးသီးတွေ ကျွမ်းနေရင် မီးသီးအသစ်နဲ့ လဲလှယ်ပေးပါ။အိမ်ခန်းကို လေဝင်လေထွက် ကောင်းမွန်အောင်နဲ့ အလင်းရောင်ရအောင် ပြုလုပ်ထားပါ။

😉ကဲ ဒီအချက်တွေကို လိုက်နာမယ်ဆိုရင် အိမ်ရောင်းချင်တဲ့သူတွေ အိမ်အမြန်ရောင်းထွက်သွားမှာဖြစ်ပါတယ်။
Credit/Original Uploader

မေတ္တာဖြင့်အပိုင်ပေးခြင်းပြုလိုပါက ပေးကမ်းလိုသူ ဂရန်အမည်ပေါက်မှ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းဖြစ်ပါက မြို့တော်စည်ပင်သာယာ...
04/12/2023

မေတ္တာဖြင့်အပိုင်ပေးခြင်းပြုလိုပါက ပေးကမ်းလိုသူ ဂရန်အမည်ပေါက်မှ စည်ပင်သာယာရေး နယ်နိမိတ်အတွင်းဖြစ်ပါက မြို့တော်စည်ပင်သာယာရေးကော်မတီ၊ မြို့ပြစီမံကိန်းနှင့် မြေစီမံခန့်ခွဲမှုဌာနခွဲမှ တစ်နှစ်အတွင်း ထုတ်ယူသော မြေပုံမြေရာဇဝင် ပုံစံ-၁၀၅၊ ပုံစံ-၁၀၆ မြေပုံကူးယူရမည်။

ထို့သို့ မြေပုံကူးရာတွင် မြေပိုင်ဆိုင်ကြောင်းဂရန်၊ မှတ်ပုံတင်မူရင်းမိတ္တူ၊ မြေခွန်ပြေစာမူရင်းမိတ္တူတို့ ပူးတွဲ၍ လျှောက်ထားရမည်။

မြေပုံထွက်ရှိပါက တံဆိပ်ခေါင်းခွန် ထမ်းဆောင်ရန် ရာဖြတ်တန်ဖိုးဖြတ်ရမည်။ ရာဖြတ်တင်ရာတွင် အောက်ပါအချက်အလက်များ ပူးတွဲတင်ပြရန် လိုအပ်ပါသည်။

အိမ်၏ ဓာတ်ပုံ၊ မေတ္တာဖြင့် ပေးကမ်းသည့် စာချုပ်၊ မြေပုံမြေရာဇဝင်၊ ပိုင်ဆိုင်မှု စာရွက်စာတမ်းဂရန်၊ ပေးသူလက်ခံသူ၏ မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊ တော်စပ်မှုအတွက် ကျမ်းကျိန်လွှာ၊ တစ်ဦးတည်းပေးပါက ကျန်သားသမီးများမှ လက်ခံသဘောတူကြောင်း ကျမ်းကျိန်လွှာ၊ စာချုပ်ပါ သက်သေနှစ်ယောက် နှင့် မှတ်ပုံတင်မူရင်းတို့ လိုအပ်ပါသည်။

ခွင့်ပြုလျှင် တံဆိပ်ခေါင်းခွန် ၄% ချလံအခွန်ရုံးတွင် ယူပြီး သက်ဆိုင်ရာ မှတ်ပုံတင်ရုံးတွင် ငွေသွင်းကာ ဘဏ်ငွေသွင်းချလံ တပိုင်းပြန်ပေးပါသည်။ အဆိုပါချလံဖြင့် တံဆိပ်ခေါင်းထုတ်ယူကာ မှတ်ပုံတင်ရပါမည်။ မှတ်ပုံတင်ရုံးတွင် သတ်မှတ် မှတ်ပုံတင်ခ အခွန်ပေးဆောင်ရပြီး လိုအပ်သည့် စာရွက်စာတမ်းများဖြစ်သည့် တံဆိပ် ခေါင်းခွန် ၄% နှင့် မေတ္တာဖြင့်အပိုင်ပေးစာချုပ်၊ ပေးသူနှင့်ယူသူ မှတ်ပုံတင်ပါအပါ၊ မြေပုံ၊ အသိသက်သေနှစ်ဦး မှတ်ပုံတင်ပါအပါ တင်ပြမှတ်ပုံတင်ရပါမည်။

မှတ်ပုံတင်စာချုပ်ချုပ်ဆိုပြီးပါက ဂရန်မူရင်း၊ မှတ်ပုံတင်စာချုပ်စာတမ်း၊ မြေခွန်ပြေစာ၊ လက်ခံရရှိမည့် သူ၏ မှတ်ပုံတင်မူရင်း မိတ္တူတို့ဖြင့် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီထံတွင် အမည်ပြောင်းလဲခြင်း ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။

Credit/Original Uploader

ယနေ့မင်္ဂလာဖြစ်သွားတဲ့ခြံကွက်လေး🥰တိုးချဲ့(၂)/VIPကွက်ထဲက 35'×80' ခြံကွက်လေး (525)သိန်းဖြင့် အရောင်းအဝယ်ဖြစ်သွားပါပြီခင်ဗျ...
30/10/2023

ယနေ့မင်္ဂလာဖြစ်သွားတဲ့ခြံကွက်လေး🥰
တိုးချဲ့(၂)/VIPကွက်ထဲက 35'×80' ခြံကွက်လေး (525)သိန်းဖြင့် အရောင်းအဝယ်ဖြစ်သွားပါပြီခင်ဗျ။

လူကြီးမင်းတို့၏ အဖိုးတန်အိမ်၊ခြံ၊မြေများ အရောင်းအပ်နှံလိုသည်ဖြစ်စေ၊ ဝယ်ယူလိုသည်ဖြစ်စေ 09420212703 သို့ဆက်သွယ်စုံစမ်းနိုင်ပါတယ်ခင်ဗျ💗

19/09/2023
တိုးချဲ့(၂)ရပ်ကွက် 80'×60' ခြံကွက်စာချုပ်ချုပ်ဆိုခြင်း♦️ပြည်လမ်းမှကားဖြင့်2မိနစ်♦️စလစ်မြေအမျိုးအစား♦️ကွန်ကရစ်လမ်းကျယ်မေး...
17/09/2023

တိုးချဲ့(၂)ရပ်ကွက် 80'×60' ခြံကွက်စာချုပ်ချုပ်ဆိုခြင်း
♦️ပြည်လမ်းမှကားဖြင့်2မိနစ်
♦️စလစ်မြေအမျိုးအစား
♦️ကွန်ကရစ်လမ်းကျယ်မေးတင်
♦️စျေးနီး၊ကျောင်းနီး၊နီးချင်တာအကုန်နီးပါတယ်။
♦️သိန်း[800]

လူကြီးမင်းတို့၏ ပိုင်ဆိုင်မှုခိုင်မာသော အဖိုးတန်အိမ်၊ခြံ၊မြေများအား အရောင်းအပ်နှံလိုသည်ဖြစ်စေ၊ ဝယ်ယူလိုသည်ဖြစ်စေ Page Messengerသို့လည်းကောင်း၊ 09420212703/09770971745သို့လည်းကောင်းဆက်သွယ်နိုင်ပါပြီခင်ဗျ။

31/08/2023

Address

Pan Wah
Hmawbi
11361

Telephone

+959770971745

Website

Alerts

Be the first to know and let us send you an email when Double H အိမ်၊ခြံ၊မြေအကျိုးဆောင်လုပ်ငန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share