Aung Than Lwin Hein construction & decoration company

Aung Than Lwin Hein construction & decoration company construction & drcoration company

 #ဗဟုသုတအိမ်တအိမ်တည်ဆောက်တဲ့အခါ မဖြစ်မနေ ထည့်သွင်းစဉ်းစားစရာ သိသင့်တဲ့ အချက်လေးတခုပါ။Earthing ဆိုတာဘာလဲ?လုပ်ငန်းခွင်တွေမ...
09/12/2023

#ဗဟုသုတ

အိမ်တအိမ်တည်ဆောက်တဲ့အခါ မဖြစ်မနေ ထည့်သွင်းစဉ်းစားစရာ သိသင့်တဲ့ အချက်လေးတခုပါ။

Earthing ဆိုတာဘာလဲ?

လုပ်ငန်းခွင်တွေမှာ
အရေးအကြီးဆုံးအရာက Safety ပါ။
လျှပ်စစ်နဲ့ပတ်သတ်တဲ့
အလုပ်မှာလည်း safety က
အရေးအကြီးဆုံးပါပဲ။
safety မှာမှ
earthing system က
အရေးပါဆုံးကဏ္ဍထဲက
တစ်ခုဖြစ်ပါတယ်။

Neutral နဲ့ Earth ဟာ
0 V တွေတူကြတယ်။
ဒါပေမယ့် Neutral မှာ
Return wire ရှိတယ်။
Line ကြိုးက power သယ်ပြီး
Load ကိုပို့တယ်။

Neutral ကြိုးက
Complete circuit ဖြစ်စေပြီး၊
current ကို ပြန်စီးတယ်။
Neutral က
ပုံမှန်အခြေအနေမှာ
current ကိုပြန်စီးပြီး
closed loop ဖြစ်စေတဲ့
Conductor ဖြစ်ပါတယ်။
Power distribution system
မှာ Reference point
တစ်ခုအဖြစ်ရှိပါတယ်။

Earth wire/ Ground wire
ကတော့ fault ဖြစ်တဲ့အခါမှာ
လူတွေ၊ပစ္စည်းတွေကို
safe ဖြစ်စေဖို့တပ်ထားတဲ့
Conductor/Wire ဖြစ်ပါတယ်။

ပုံမှန်အခြေအနေမှာ
current မစီးဘူး။
Wire ပေါက်ပြဲပြီး တခြား
conductor ၊လူ တစ်ခုခုနဲ့
ထိမိပြီဆိုရင် fault current
ဖြစ်ပြီး အဲ့ဒီ fault current ကို
မြေကြီးထဲဖြတ်စီးစေပါတယ်။
Earthing မှာ
Electrical earth,
body earth,
instrument earth ,
fram earth...
စသည်ဖြင့်ရှိကြပါတယ်။

Earthing ကို Ground
ချတယ်လို့လည်း သုံးကြပါတယ်။
အတူတူပါပဲ။
လျှပ်စစ်ပစ္စည်းတွေသုံးတဲ့အခါ
လူက
ဓာတ်ကြိုးကိုထိမိတာဖြစ်ဖြစ်၊
ကြိုးပေါက်ပြဲပြီး ဘေးက
conductor တစ္ခုခုကို
ထိမိတာဖြစ်ဖြစ်
အန္တရာယ်ရှိနိုင်ပါတယ်။
အဲ့ဒီလို Earth fault
အန္တရာယ်ကကာကွယ်ဖို့
Circuit Breaker
သီးသန့်တပ်ဆင်ရသလို
အိမ်သုံးလျှပ်ပစ္စည်းတွေ၊
sockets တွေကိုလည်း
earth ချထားရပါတယ်။

မိုးကြိုးလွှဲ
တပ်ဆင်ခြင်းဟာလည်း
earth ချတာပါပဲ။
မိုးကြိုးပစ်လိုက်တဲ့
surge current ကြောင့်
အဆောက်အဦးကို
မထိခိုက်အောင်
ကြေးချောင်းမှတဆင့်
မြေကြီးထဲကို ထည့်လိုက်တာပါ။

တစ်ချို့ mV ကအစ
Charge ဖြစ်စေနိုင်တဲ့
နေရာတစ်ချို့မှာ
အဲ့ဒီနေရာကိုဝင်တာနဲ့
အပေါက်ဝမှာ ပြောင်နေတဲ့
ကြေးလက်ကိုင်ဘုလေးတွေ
ရှိတတ်ကြပါတယ်။
အဲ့ဒီလက်ကိုင်ဘုလေးကို
လက်နဲ့ပွတ်ခြင်းဖြင့်
လက်မှာရှိတဲ့
charge ကို earth
ချခြင်းနည်းနဲ့ discharge
လုပ်လိုက်တာပါ။

အဲ့ဒီ
ကြေးလက်ကိုင်ဘုလေးကို
မြေကြီးနဲ့တိုက်ရိုက် earth
ချထားတာပါ။
ဥပမာ-missile
(maintenance) room
တွေထဲဝင်တဲ့အခါတွေ့ရ
တတ်ပါတယ်။

Earthing system
(၅) မျိုးရှိပါတယ်။
အဲ့ဒါတွေက-
(a) IT
(b) TT
(c) TN-S
(d) TN-C
(e)TN-C-S တွေပဲဖြစ်ပါတယ်။

I ဆိုတာ
Impedance
(supply system)
ကို တိုက်ရိုက် earth
မချဘူး၊
Fault-limiting
impedence ခံပြီးမှ ချတဲ့နည်း။)

T ဆိုတာ
Terre
(earth ရဲ့ ပြင်သစ်လိုအခေါ်)
[(ရှေ့ T အတွက် supply system)
(နောက် T အတွက်
conductive parts/
အိမ်သုံးလျှပ်စစ်ပစ္စည်းများ)
ကို တိုက်ရိုက် earth ချတဲ့နည်း။]

N ဆိုတာ
Neutral (conductive parts/
အိမ်သုံးလျှပ်စစ်ပစ္စည်းတွေကို
supply ရဲ့ neutral point မှာ
တိုက်ရိုက်သွားချိတ်တဲ့နည်း။)

C ဆိုတာ
Combined
(neutral နဲ့
protective conductor
က အတူတူပဲ၊supply
ကလာတဲ့ neutral ကြိုးကိုပဲ
protective conductor
အနေနဲ့ပြန်သုံးလိုက်တဲ့နည်း။)

S ဆိုတာ
Separate
(neutral နဲ့
protective conductor က
သပ်သပ်စီ၊
protective conductor
တစ်ကြိုးသီးသန့်ထုတ်ပြီး
Supply ရဲ့ neutral မှာ
သွားချိတ်တဲ့နည်း။)

(a) IT System
I ဆိုတာ Neutral ကေန
Impedance ခံပြီးမှ
Earth ချတာကို
ဆိုလိုတာပါ။
Impedance
ခံတယ်ဆိုတာ
Fault current
ပိုနည်းအောင်ခံတာပါ။

(Supply Source/
Transformer ဘက်ခြမ်းက
earth ချတဲ့အနေအထားပါ။)
T ဆိုတာ
လျှပ်စစ်တင်ဆင်ထားတဲ့
metalwork ကနေ မြေကြီးနဲ့
တိုက်ရိုက် earth ချတာပါ။
(အိမ်မှာ 3 pins sockets ပေါက်ရဲ့
အပေါ်ဘက်အပေါက်
နေရာကို မြေကြီးနဲ့
တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ
IT system ပါပဲ။
low voltage system
တွေမှာ မသုံးပါ။

(b) TT System
ရှေ့ T က Supply
Source/Transformer
လိုနေရာမျိုးမှာ
Neutral ကို မြေကြီးနဲ့
တိုက်ရိုက် earth
ချတာကိုဆိုလိုပြီး
နောက်က T ကတော့
လျှပ်စစ်တင်ဆင်ထားတဲ့
metalwork ကနေ
မြေကြီးနဲ့ တိုက်ရိုက် earth
ချတာကိုဆိုလိုပါတယ်။
(အိမ်မှာ 3 pins sockets ပေါက်ရဲ့
အပေါ်ဘက်အပေါက်နေရာကို
မြေကြီးနဲ့ တိုက်ရိုက်ချိတ်တဲ့နည်းပါ။)
အဲ့ဒီ (၂) မျိုးပေါင်းခြင်းဟာ
TT system ပါပဲ။

လက်ရှိကျွန်တော်တို့နိုင်ငံရဲ့
Supply Source/
Transformer
အများစုမှာ သုံးပြီး
အိမ်အများစုမှာတော့
ကြိုးဖိုးကုန်မှာစိုးလို့
မကြောက်မလန့်နဲ့ earth
မချကြတဲ့နည်းပါ။

(c) TN-S System
T က Supply Source/
Transformer
လိုနေရာမျိုးမှာ Neutral ကို
မြေကြီးနဲ့ တိုက်ရိုက် earth
ချတာကိုဆိုလိုပြီး
N-S က လျှပ်စစ်တပ်ဆင်ထားတဲ့
metalwork တွေဟာ
Supply Source/
Transformer ရဲ့
Earthed Neutral
ကနေတစ်ဆင့် earth
ချခြင်းနည်းပါ။
earth ကြိုးကို
Cable sheath နဲ့
သပ်သပ်ဆွဲပါတယ်။
အကုန်အကျလည်းများပါတယ်။

(d)TN-C System
T က Supply Source/
Transformer
လိုနေရာမျိုးမှာ Neutral ကို
မြေကြီးနဲ့ တိုက်ရိုက် earth
ချတာကိုဆိုလိုပြီးN-C က
လျှပ်စစ်တပ်ဆင်ထားတဲ့
metalwork တွေဟာ
Supply Source/
Transformerရဲ့
Earthed Neutral
ကနေတစ်ဆင့် earth
ချခြင်းနည်းပါ။
Supply source ကလာတဲ့
Neutral ကြိုးကို earth
ကြိုးအဖြစ်ပြန်လည်
အသုံးခ်လိုက္တာပါ။

(အိမ်မှာ 3 pins sockets ပေါက်ရဲ့
အပေါ်ဘက်အပေါက်
နေရာကို အောက်ဘက်အပေါက်
နှစ်ပေါက်ထဲကတစ်ပေါက်

ကို ပြန်ချိတ်ပေးလိုက်တာပါ။
အကုန်အကျသက်သာပါတယ်။
conductive conductor
ကို neutral နဲ့
ပေါင်းတာနဲ့ခွဲတာကလွဲရင်
TN-S system နဲ့အတူတူပါ။

(e) TN-C-S system
TN-S system နဲ့အတူတူပါ။
ဒါပေမယ့်
အိမ်သုံးလျှပ်စစ်ပစ္စည်းကနေ
သီးသန့် protective conductor
ထုတ်ပေမယ့် အိမ်(လျှပ်စစ်)
အဝင်မှာရှိတဲ့ neutral point
မှာပဲပြန်ပေါင်းပါတယ်။
TN-C-S System ကို
PME
(Protective Multiple Earthing)
လို့လည်းခေါ်ပါတယ်။

Earthing System မှာ
fault current စီးဆင်းတာ
ကောင်းမကောင်းဆိုတာဟာ
Earth ကျင်းတူးမယ့်မြေအပေါ်မှာ
မူတည်ပါတယ်။
မြေအမျိုးမျိုး
(စိုက်ပျိုးမြေ/ခြံမြေ၊မြေစေး၊
သဲမြေ၊ကျောက်မြေ၊...)
ရှိတဲ့အတွက် အဲ့ဒီမြေပေါ်မူတည်ပြီး
Earth Resistance
လည်း မတူကြပါဘူး။

စိုက်ပျိုးမြေ/ခြံမြေ - 5~50 ohm
မြေစေး - 10~100 ohm
သဲမြေ - 250~500 ohm
ကျောက်မြေ - 1000~10000 ohm
ဆိုပြီး ရှိတတ်ကြပါတယ်။

(ရေဘူယျသတ်မှတ်ချက်ဖြစ်လို့
အတိအကျမတူနိုင်ပါဘူး။
လက်တွေ့တိုင်းကြည့်မှသာ
သိနိုင်ပါတယ်။)
အစိုဓာတ်ရှိတဲ့ မြေမှာတော့
earth resistance
နည်းတတ်ပါတယ်။

Resistance
မတူညီတဲ့အတွက်
Earth Rod၊Earth Plate၊
သံ၊သတ္တု၊Earth Powder
စတဲ့Electrode တွေကို
Parallel, Series တွေ
နဲ့ချိတ်ဆက်ပြီး ကိုယ်လိုချင်တဲ့
Resistance (ohm)
တန်ဖိုးရအောင် လုပ်ယူ၊
တွက်ယူရပါတယ်။
earth resistance ကို
2-10 ohm ထိလက်ခံကြပါတယ်။
earth resistance နည်းလေ
၊ကောင်းလေပါ။
( general knowledge
အဖြစ်သာရည်ရွယ်သည်။)

Copy-

SHA(M.E.E) ✍🏻

  knowledge sharing
09/12/2023

knowledge sharing

 #မြေကြီးအကြောင်းစိုက်ပျိုးတဲ့သီးနှံ အထွက်ကောင်းဖို့အတွက် အရည်အသွေးကောင်းတဲ့မြေကို လိုအပ်ပါတယ်။အဟာရပေါကြွယ်ဝတဲ့မြေဖြစ်ရု...
08/12/2023

#မြေကြီးအကြောင်း

စိုက်ပျိုးတဲ့သီးနှံ အထွက်ကောင်းဖို့အတွက် အရည်အသွေးကောင်းတဲ့မြေကို လိုအပ်ပါတယ်။
အဟာရပေါကြွယ်ဝတဲ့မြေဖြစ်ရုံနဲ့ အရည်အသွေးကောင်းတဲ့မြေလို့ပြောမရပါဘူး။
မြေကြီးရဲ့အရည်အသွေးကိုအကဲဖြတ်ဖို့ မြေကြီးရဲ့ဂုဏ်သတ္တိ​တွေကို လေ့လာသိရှိထားသင့်ပါတယ်။
မြေကြီးရဲ့ဂုဏ်သတ္တိတွေကို
၁။ #ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ
၂။ #ဓာတုပိုင်းဆိုင်ရာဂုဏ်သတ္တိ
၃။ #ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိ
ဆိုပြီးတော့ ခွဲခြားလေ့လာနိုင်ပါတယ်။

မြေကြီးဟာ
#မြေမှုန်တွေ (သဲမှုန်၊နုန်းမှုန်၊ရွံ့စေးမှုန်)
#ရေ ၊
#လေ၊
#အော်ဂင်းနစ်ပစ္စည်းတွေ (အပင်နဲ့တိရိစ္ဆာန်အကြွင်းအကျန်၊စွန့်ပစ်ပစ္စည်းတွေ) နဲ့ဖွဲ့စည်းထားတာပါ။
မြေကြီးဟာ အရွယ်အစားမတူတဲ့
သဲ၊နုန်း၊ရွံ့စေး စတဲ့မြေမှုန်တွေကိုအချိုးအစားအမျိုးမျိုးနဲ့ပေါင်းစပ်ထားခြင်းဖြစ်ပါတယ်။

သဲမြေဟာမြေမှုန်အရွယ်အစားအကြီးဆုံးပါ။​ မြေမှုန် ရဲ့အချင်းဟာ ၂.၀ကနေ ၀.၀၅မီလီမီတာ လောက်ရှိပါမယ်။
သဲမြေဟာ ပေါ့မယ်။ နွေးမယ် ။ခြောက်သွေ့မယ်။ အက်ဆစ်ဆန်မယ်။ လုပ်ရကိုင်ရတာလွယ်ကူပေမယ့် ရေ နဲ့ အဟာရကိုတော့ထိန်းမထားနိုင်ပါဘူး။

ရွံ့စေးမြေဟာ မြေမှုန်အရွယ်အစားအသေးဆုံးဘဲ။မြေမှုန်ရဲ့ အချင်းဟာ ၀.၀၀၂မီလီမီတာ အောက်မှာရှိမယ်။ အစိုဓာတ်ထိန်းအားကောင်းမယ်။အဟာရ​ကောင်းမယ်။
ရွံစေးမြေဟာ လေးမယ်။အေးမယ်။ခြောက်သွေ့ရင်မာကြောသွားရော။စို​​နေရင် စေးကပ်တာကြောင့် ​လုပ်ရကိုင်ရခက်ခဲပါမယ်။

နုန်းမြေဟာ မြေမှုန်အရွယ်အစား အလယ်အလတ်ရှိတဲ့​မြေပါ ။ မြေမှုန်ရဲ့အချင်းဟာ ၀.၀၅ ကနေ ၀.၀၀၂မီလီမီတာ လောက်ရှိမယ်။
နုန်းမြေဟာ ရွံစေးမြေလိုပဲ အစိုဓာတ်ထိန်းအားကောင်းပြီး အဟာရပြည့်ဝမယ်။

နုန်းမြေရော ရွံစေးမြေရော
မြေ​ကြပ်လွယ်ပါမယ်။ မြေကြပ်ရင်မြေကြီးထဲလေဝင်လေထွက်မကောင်းတော့ဘူး။အပင်ရဲ့အမြစ်တွေ မြေကြီးထဲလွယ်လွယ်ကူကူ မထိုးဖောက်နိုင်တော့ဘူး။မြေကြပ်တဲ့အခါ မိုးရေကိုစုပ်မထားနိုင်ဘဲ စီးဆင်းသွားတဲ့အတွက် မြေဆီလွှာတိုက်စားတာ ဖြစ်ပေါ် နိုင်ပါတယ်။
ဘယ်မြေအမျိုးအစားမှာဖြစ်ဖြစ် မြေကြီးထဲကိုမြေဆွေးတွေ စဥ်ဆက်မပြတ်ထည့်ပေးရင် ကောင်းမွန်တဲ့မြေဖြစ်လာနိုင်ပါတယ်။

အပင်အားလုံးအတွက် အကောင်းဆုံးအပြည့်စုံဆုံးမြေဆိုတာမရှိပါဘူး။တချို့အပင်တွေဟာ သဲမြေမှာဖြစ်ထွန်းတယ်။တချို့အပင်တွေဟာ ရွံ့စေးမြေကိုကြိုက်တယ်။သာမာန် ဥယျာဥ်သီးနှံပင်တွေအတွက်ကတော့ ရောနှောမြေ အမျိုးအစား(သဲ ၄၀%+နုန်း ၄၀%+ရွံ့စေး ၂၀%+အော်ဂင်းနစ်ပစ္စည်းများ)ဟာ အသင့်လျော်ဆုံးပါ။

သဲ၊နုန်း၊ရွံ့စေး မြေမှုန်တွေဟာ အပင်တိရိစ္ဆာန်အကြွင်းအကျန်အဆွေးအမြေ့တွေ၊ကယ်လစီယမ်တွေနဲ့ပေါင်းစုဖွဲ့စည်းပြီး ကြေမွလွယ်တဲ့မြေစာခဲ တွေဖြစ်ပေါ်တယ်။ အဲဒီမြေစာခဲတခုနဲ့တခုကြားမှာ နေရာလွတ်တွေရှိတယ်။
မြေမှုန်တခုနဲ့တခုကြားမှာရော
မြေစာခဲတခုနဲ့တခုကြားထဲမှာရောနေရာလွတ်(လေဝင်လေထွက်၊ရေဝင်ရေထွက်အပေါက်ငယ်လေး)တွေနဲ့ဖွဲ့စည်းထားတယ်။
မြေကြီးရဲ့ဖွဲ့စည်းပုံကောင်းနေရင်မြေကြီးဟာ
#ရေနဲ့အဟာရကိုထိန်းသိမ်းထားနိုင်မယ်။
#ရေဝင်ရေထွက်၊လေဝင်လေထွက်ကောင်းမယ်။
#အပင်ရဲ့အမြစ်ဖွဲ့စည်းပုံကိုတိုးတက်ကောင်းမွန်စေမယ်။
#လုပ်ရကိုင်ရလွယ်ကူမယ်။
#မြေကြီးထဲကအကျိုးပြုအဏုဇီဝပိုးများရဲ့လုပ်ငန်းဆောင်တာတွေကိုကောင်းမွန်စေမယ်။
#မြေကြပ်တာ၊မြေဆီလွှာတိုက်စားတာကိုခုခံကာကွယ်နိုင်မယ်။

မြေကြီးဖွဲ့စည်းပုံကောင်းဖို့ဆိုရင်
သဲမြေမှာ မြေဆွေး၊တိရိစ္ဆာန်အညစ်အကြေးအဆွေးတွေ မြေကြီးထဲပုံမှန်ထည့်ပေးရပါမယ်။

တချို့ ရွံစေးမြေတွေမှာ
ဆိုဒီယမ်(ဆားဓာတ်)များနေတတ်တယ်။
မြေကြီးဖွဲ့စည်းပုံမကောင်းတတ်ဘူး။
အဲဒီမြေမျိုးကို pH 7 နဲ့ အထက်(အယ်ကာလီအခြေအနေ)ဆိုရင် ဂျစ်ပဆင်(ကျောက်မှုန့်)ထည့်​ပေးပါ။
pH 7 အောက်(အက်ဆစ်အခြေအနေ)ဆိုရင် ထုံးထည့်ပေးပါ။ရေဝပ်တဲ့ရွံ့စေးမြေကို သဲထည့်ပေးပါ။
ထွန်ယက်တူးဆွတာ တတ်နိုင်သမျှ အနည်းဆုံးလုပ်ပါ။
မြေကြီးထဲမှာ အဏုဇီဝပိုး၊ အကျိုးပြုသက်ရှိတွေ (ဘက်တီးရီးယား၊မှို၊တီကောင်စသဖြင့်)ရှင်သန်နေနိုင်ဖို့ ဓာတုဆေးများဖြစ်ကြတဲ့
မြေသြဇာ၊ပိုးသတ်ဆေး၊မှိုသတ်ဆေးတွေကို အလွန်အကျွံ မသုံးမိအောင် သတိထားသင့်ပါတယ်။

မြေကြီးမှာ အရောင်​​အမျိုးမျိုး​ရှိပါတယ် ။ အော်ဂင်းနစ်ပစ္စည်းနဲ့ အိုင်းယွန်းအောက်ဆိုက် (သံဓာတ်)ပါဝင်မှုအနည်းအများ၊ လေဝင်လေထွက်ကောင်းမကောင်းစတာတွေကြောင့်မြေကြီးဟာအရောင်တွေ ကွဲသွားရတယ်။မြေကြီးရဲ့အရောင်ကိုကြည့်ပြီးတော့ မြေရဲ့ ယေဘူယျအခြေအနေကို သိနိုင်ပါတယ်။

#နက်မှောင်တဲ့မြေမျိုး(အမဲရောင်၊အညိုရောင်)၊
ခြောက်သွေ့ပေမယ့် ကိုင်လိုက်ရင် လက်မှာညစ်ပတ်ကျန်ခဲ့ပြီး ဖုန်ထူတဲ့မြေမျိုးတွေဟာ အော်ဂင်းနစ်ပစ္စည်းများတဲ့မြေပါ။
တချို့ရွံ့စေးမြေဟာလည်း နက်မှောင်တဲ့အရောင်ရှိကြပါတယ်။

#အနီရောင်နဲ့အညိုရောင်မြေဟာ ရေစီးရေလာကောင်းတဲ့မြေဖြစ်ပါတယ်။ မြေကြီးထဲအောက်ဆီဂျင်ပေါများတော့ မြေထဲရှိတဲ့သံဓာတ်တွေဟာ အောက်ဆီဂျင်နဲ့ပေါင်းပြီးသံချေးတက်မယ်။ဒီလိုနဲ့ မြေကြီးအရောင်ဟာ သံချေးရောင်(နီ၊ညိုရောင်)ဖြစ်လာပါတယ်။

#မီးခိုးရောင်နဲ့မီးခိုးအပြာရောင်မြေဟာ ရေဝပ်တဲ့မြေမျိုးဖြစ်တယ်။သံနဲ့ မက်ဂနီးစ် ဒြပ်ပေါင်း နည်းမယ်။ဘာကြောင့်လည်းဆိုတော့မြေကြီးထဲမှာအောက်ဆီဂျင်နည်းပါးနေလို့ဖြစ်ပါတယ်။(ရေဝပ်တဲ့မြေမှာမြေကြီးထဲက အကျိုးပြုအဏုဇီဝပိုးတွေဟာ သူတို့လိုအပ်တဲ့အောက်ဆီဂျင်ကို သံနဲ့မင်းဂနီးစ် အောက်ဆိုက်ဆီက ရယူလို့ပါ)

#မီးခိုးဖျော့ရောင်မြေဟာ အရောင်ချွတ်ခံရသလိုမျိုးပါ။ သံနဲ့မင်းဂနီးစ်တွေမိုးရေကြောင့် စိမ့်ဝင်စီးမျော ဆုံးရှုံးသွားတာပါ။
ရွံစေးမြေနဲ့ အော်ဂင်းနစ်ပစ္စည်းတွေဟာ အမဓာတ်ဆောင်ပါတယ်။အပင်အဟာရတွေဖြစ်ကြတဲ့
ပိုတက်စီယမ်(k)နဲ့ အမိုနီယမ် တွေဟာ အဖိုဓာတ်ဆောင်ပါတယ်။ မြေကြီးအမဓာတ်တွေကဆွဲထားလို့ သူတို့ဟာ ရေနဲ့အတူ စိမ့်ဝင်စီးမျောဆုံရှုံးတာ သိပ်မရှိဘူး။
နိုက်ထရိုက်(NO3)ကတော့ အမဓာတ်ဖြစ်လို့ မြေကြီးထဲမှာ ရေနဲ့အတူစိမ့်ဝင်စီးမျော ဆုံးရှုံးတာများပါတယ်။

မြေကြီးရဲ့ အချဥ်အငံဓာတ်ကို pHတိုင်းကြည့်ရင်သိနိုင်ပါတယ်။ မြေကြီးနမူနာကိုစနစ်တကျယူမယ်။ ဓာတ်ခွဲခန်းကိုပို့မယ်။ ပြန်ရလာတဲ့အဖြေဟာ pHမီတာနဲ့တိုင်းတာထက်ပိုတိကျနိုင်ပါတယ်။
#ချဥ်နေလား(အက်ဆစ်အခြေအနေ)pH7အောက်​ရှိမယ်။
#ငန်နေလား(အယ်ကာလီအခြေအနေ)pH7အထက်ရှိမယ်။
#မျှခြေလား(ရေသန့်လို pH7ရှိမယ်)
pHအနည်းအများဟာ မြေကြီးထဲက အဟာရတွေကို အပြောင်းအလဲဖြစ်စေနိုင်တယ်။ဥပမာ- မြေကြီးရဲ့ pH 4.5 အောက်မှာဆိုရင် အလူမီနီယမ်နဲ့ မက်ဂနီးစ်တွေဟာ ပြင်းအားမြင့်တက်လာပြီး အပင်တော်တော်များများကို အဆိပ်သင့်စေနိုင်ပါတယ်။ အဲဒီမြေမှာ P,Ca,Mo တွေချို့တဲ့နိုင်ပါတယ်။

နိုက်ထရိုဂျင်ဓာတ်မြေသြဇာအမျိုးမျိုးအပေါ် မြေတွင်းသက်ရှိတွေရဲ့ တုံ့ပြန်မှုကြောင့်ရယ် မြေကြီးထဲကသတ္တုဓာတ်တွေ( ကယ်လစီယမ်၊မက်ဂနီစီယမ်၊ပိုတက်စီယမ်)စိမ့်ဝင်စီးမျောဆုံးရှုံးတာကြောင့်ရယ် အချိန်ကြာလာတာနဲ့အမျှ မြေကြီးဟာ ချဥ်(အက်ဆစ်အခြေအနေဖြစ်၊pHနိမ့်)လာတတ်ပါတယ်။

မြေချဥ်(pHနိမ့်)တာကို ထုံးထည့်ပြီးpHမြင့်(အယ်ကာလီအခြေအနေဖြစ်၊မြေငန်)လာအောင်ပြုလုပ်လို့ရပါတယ်။
စိုက်ခင်းအသေးတွေ၊အိမ်ပတ်ဝန်းကျင်ဥယာဥ်စိုက်ပျိုးသူတွေအတွက် မြင်သာအောင်ပြောရမယ်ဆိုရင် တပေပတ်လည်လေးထောင့်ကွက်မြေပမာဏကို ထုံး စားပွဲတင်ဇွန်း လေးဇွန်းထည့်ပေးပါ။ pH နှစ်ယူနစ် တက်နိုင်ပါတယ်။(ဥပမာ-pH5 ကနေpH7တက်လာနိုင်ပါတယ်။)

ထုံးကိုတခါတည်းအများကြီးမထည့်သင့်ပါဘူး။အပင်အဟာရ မညီမျှတာ ဖြစ်လာတတ်လို့ပါ။ pHကို တဖြည်းဖြည်းချင်းမြင့်တက်အောင်ပြုလုပ်တာဟာ အကောင်းဆုံးပါ။
အပင်မစိုက်ပျိုးမှီ ခြောက်ပတ်မှရှစ်ပတ်အထိ ကြိုတင်ပြီးတော့ ထုံးကို မြေကြီးထဲ ရောနှောထည့်သွင်းသင့်ပါတယ်။နောက်ပြီးတော့ ထုံးကို ဂျစ်ပဆင်နဲ့အတူတူ ရောနှောပြီး မြေကြီးထဲမထည့်သင့်ပါဘူး။ ထုံးရဲ့ ဆောင်ရွက်ချက်တွေကို နှောင့်နှေးပိတ်ဆို့စေနိုင်လို့ပါ။
(မှတ်ချက်။ဂျစ်ပဆင်ထည့်သွင်းတာဟာ မြေကြီးဖွဲ့စည်းပုံကိုကောင်းစေတတ်ပြီး pHမြင့်တက်လာဖို့မရှိပါ)
မြေကြီးထဲမှာ [အာခီယာ(archaea), ဘက်တီးရီးယား(bacteria), အက်တီနိုမိုင်ဆိ(actinomycetes), မှို (fungi),ရေညှိ(algae), protozoa, နှင်း​လှေး (springtails), မွှား mites, နိမတုတ်(nematodes), တီကောင်၊ပုရွက်ဆိတ်၊အင်းဆက်၊ မြေတွင်းတူးသတ္တဝါငယ်များစတဲ့ သက်ရှိတွေ ​နေထိုင်ရှင်သန်ကြပါတယ်။
မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ
#အော်ဂင်းနစ်ပစ္စည်းတွေကိုဆွေးမြေ့အောင်လုပ်ပေးတယ်။
#အပင်အဟာရတွေကိုအပင်စားသုံးလို့ရတဲ့အခြေအနေပြန်ရအောင်လုပ်ပေးတယ်။
(မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ အပင်နဲ့တိရိစ္ဆာန်အကြွင်းအကျန်ကိုဖြိုခွဲပြီးတော့ သူတို့အတွက် စွမ်းအင်နဲ့အဟာရကိုရယူတယ်။အဲဒီလိုဖြိုခွဲစဥ်မှာအပင်ကအသုံးပြုတဲ့ အောက်ဆီဂျင်နဲ့ အပင်အဟာရတွေကိုထုတ်ပေးတယ်။ သူတို့သေတဲ့အခါကျတော့လည်းဆွေးမြေ့ပြီး အပင်အဟာရဖြစ်ကြပြန်တယ်။ဒီလိုနည်းနဲ့ အဟာရကောင်းမွန်တဲ့မြေကြီးကိုဖြစ်ပေါ်စေပါတယ်။)

မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ
#အပင်အဟာရဖြစ်တဲ့နိုက်ထရိုဂျင်ကို​လေထုကနေရယူပေးတယ်။
#အပင်ကြီးထွားတာကိုအားပေးတဲ့ပစ္စည်းတွေကိုထုတ်ပေးတယ်။
(ဥပမာ-အောက်ဇင်၊ဂျစ်ဘရယ်လင်..စသည်ဖြင့်)
#ဖျက်ပိုးနဲ့မှိုရောဂါကိုထိန်းချုပ်ကာကွယ်ပေးနိုင်တယ်။
ဥပမာ-မြေတွင်းဘက်တီးရီးယားဖြစ်တဲ့Bacillus thuringiensis(Bt) သီးနှံဖျက်ပိုးများဖြစ်တဲ့ ပေါက်ဖတ် (caterpillar)၊ ပိုးတောင်မာ (beetles) နဲ့ ယင် (flies)တွေကို နှိမ်နှင်းနိုင်ပါတယ်။
ထရိုင်ကိုဒါးမား (Trichoderma) မှိုဟာဆိုရင်လည်း ဇီဝပိုးသတ်ဆေးဖြစ်ပါတယ်။ မှိုကြောင့်ဖြစ်တဲ့ အပင်အမြစ်ရောဂါတွေနဲ့ နိမတုတ်(nematode)တွေကိုနှိမ်နှင်းနိုင်ပါတယ်။

မြေကြီးထဲကအကျိုးပြုသက်ရှိတွေဟာ
#ဟူးမတ်စ်(humas)ကိုဖြစ်ပေါ်စေတယ်။
ဟူးမတ်စ်ဆိုတာ မြေကြီးထဲက ညိုမဲနေတဲ့ ဂျယ်လီလို အော်ဂင်းနစ်ပစ္စည်းဖြစ်ပါတယ်။ အကျိုးပြုအဏုဇီဝပိုးတွေကြောင့် အပင်နဲ့တိရိစ္ဆာန်အကြွင်းအကျန်တွေ ဆွေးမြေ့သွားတဲ့​ဖြစ်စဥ်နောက်ဆုံးမှာ ​ဟူးမတ်စ်ကိုရပါတယ်။

ဟူးမတ်စ်ဟာ
#မြေကြီးရဲ့အစိုဓာတ်ကိုထိန်းပေးတယ်။
#မြေကြီးရဲ့ဖွဲ့စည်းပုံကိုကောင်းမွန်စေတယ်။
#မြေကြီးရဲ့ဓာတ်ဖိုဖလှယ်စွမ်းအားအတွက်အရေးပါ ပါတယ်။

အချုပ်အားဖြင့် မြေကြီးရဲ့ရုပ်ပိုင်း၊ဓာတုပိုင်း၊ဇီဝပိုင်းဆိုင်ရာဂုဏ်သတ္တိတွေကို သိရှိနားလည်ပြီး
မြေကြီးကိုစနစ်တကျစီမံခန့်ခွဲတတ်မယ်ဆိုရင် မြေကြီးရဲ့အရည်အသွေးဟာ ကောင်းမွန်လာနိုင်မယ်။ သီးနှံအတွက်ကုန်ကျစရိတ်တွေသက်သာလာမယ်။သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှုတွေကို ကာကွယ်နိုင်မယ်။နောက်ဆုံး စိုက်ပျိုးတဲ့သီးနှံအထွက်နုန်း​တိုးတက်ပြီး သီးနှံရဲ့အရည်အသွေးဟာလည်းပိုမိုကောင်းမွန်လာမယ် ဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့်ပြန်လည်မျှဝေပါတယ်🙏

Credit

Agriculturalist KS

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု===================အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သိူ...
05/12/2023

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
===================
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သိူ့မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဥ်းစားသင့်ပါတယ်။ အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။

အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။

ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)

တစ်ပေပတ်လည် တစ်ပေ​အမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။

ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။

အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။

ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။

ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။

ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။

ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။
ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)

အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။

မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။

အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။

အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။

ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။

သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။

မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့

ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပြီ

အားလေးစားစွာဖြင့် crd ပေးပါသည်။

  photo # knowledge sharing
03/12/2023

photo
# knowledge sharing

01/12/2023

စက်ရေတွင်းတူးက မှတ်ထားကြ

စက်ရေတွင်းတူးရာ၌ ရေ-ရွိ,မရွိ၊ ရေ-နည်း,ရေများ
ခန့်မှန်းသိရှိနိုင်ပုံလေးကို ဗဟုသုတ
အနေဖြင့် မျှဝေပေးပါမည်။

ရေ-ရှိ/မရှိ

၁။ အရွက်အမြဲတမ်း ရှိနေတတ်သော အုန်းနှဲပင်၊
မယ်ဇလီပင်၊ မြက် စသည့်အပင်များ
စိုစိုပြေပြေ လန်းလန်းဆန်းဆန်းရှိနေပါက
ထိုနေရာတွင် ရေရှိသည်ဟု မှတ်ယူနိုင်၍
ဖော်ပြပါလက္ခဏာများနှင့် ဆန့်ကျင်နေပါက
ရေ-မရွိဟု ခန့်မှန်း သိနိုင်ပါသည်။

ရေချို/ရေငန်
၂။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်
အပင်အမျိုးအစားခြင်းတူပါလျက်
အခြားနေရာရှိ သစ်ပင်မှ အရွက်တို့ထက်
အနာအဆာမ်ား၍ အစိုဓာတ်ခြောက်ခန်းလျင်
ရေငန်ဟု ခန့်မှန်းနိုင်ပြီး၊
သစ်ပင်မှ သစ်ရွက်များ
စိုပြေစိန်းလန်းနေပါက
ရေချို-ဟု ခန့်မှန်းသိရှိနိုင်ပါသည်။

ရေတိမ်/ရေနက်


၃။ အနီးအနားတွင်ရှိသော သစ်ပင်တို့သည်
အပင်ချင်းတူပါလျက် အဆစ်တိုနေသည်ကို
တွေ့ရပါက ရေတိမ်-ရေနီးသည်ဟု
ခန့်မှန်းသိရှိနိုင်ပါသည်။

သစ်ပင်မှ အဆစ်ရှည်နေပါက ရေနက်-
ရေဝေးသော သေဘာဟု ခန့်မှန်းသိရှိနိုင်၏။

ကျောက်ဆောင်- ရွိ/မရွိ

၄။ အနီးအနားတဝိုက်ရှိ သစ်ပင်ကြီး၊ သစ်ပင်ငယ်
တို့သည် ကြုံလှီ,ပုကျစ်၍ တွန့်လိမ်,
ကွေ့ကောက်နေပါက အောက်၌
ကျောက်ဆောင်ရှိကြောင်း
ခန့်မှန်း
သိရှိနိုင်ပါသည်။

သစ်ပင်ကြီး,သစ်ပင်ငယ်များ ဖြောင့်တန်း
အနေထားတွေ့ရပါက ကျောက်ဆောင်မရှိဟု
ခန့်မှန်းသိရှိနိုင်ပါသည်။

ရေချို/ရေငန်

၅။ ရေတွင်းတူးမည့်နေရာရှိ သစ်ပင်တို့သည်
တစ်ခြမ်းက အနာဆာကင်း၍ တစ်ခြမ်းက
ချောမွေ့နေလျင် ရေငန်-ရေချို တစ်ခြမ်းစီ
ရောစပ်နေသော နေရာဟု ခန့်မှန်းသိရှိနိုင်သည်။

(တနည်းစမ်းသပ်ပုံမှာ)

ချိုး(ဂျိုး)ကပ်နေသော ထမင်းအိုးကို
စလောင်းဖုံးဖွင့်လျက် မြေကြီးကို တွင်းတူးပြီး
မြေတွင်းထဲတွင် အိုးကို တစ်ညသိပ်ပါ၊
နောက်တစ်နေ့ အိုးကို ဖော်ကြည့်သောအခါ
ထမင်းအိုးဖင်မှ ချိုး(ဂျိုး)သည်
ရေနူး၍ကွာကျနေလျင် ရေတိမ်-ရေနည်းသည်
ဟု ခန့်မှန်းသိရှိနိုင်ပြီး
အနည်းငယ်သာ စို၍ ချိုး(ဂျိုး)ကွာမကျလျင်က
ရေဝေး-ရေနက်သည်ဟု
ခန့်မှန်သိနိုင်ပါသည်။

ထမင်းချိုး(ဂျိုး)ကို စားကြည့်ပါက ငန်နေလျင်
ရေငန်ဟု ခန့်မှန်းသိရှိနိုင်ပြီး ချိုနေပါက
ရေချိုဟု ခန့်မှန်းသိရှိနိုင်ပါ။

Credit

   တွက်ချက်နည်း     လမ်းတစ်လမ်း Camber ပေါ်ဖို့ အနိမ့်အမြင့် Level မှန်ကန်စေဖို့ Check up လုပ်နိုင်ဖို့ အမှန်ကန်ဆုံးနဲ့ ...
30/11/2023

တွက်ချက်နည်း

လမ်းတစ်လမ်း Camber ပေါ်ဖို့ အနိမ့်အမြင့် Level မှန်ကန်စေဖို့ Check up လုပ်နိုင်ဖို့ အမှန်ကန်ဆုံးနဲ့ အမြန်ဆုံးနည်းလမ်းက Template အသုံးပြုဆောင်ရွက်ခြင်းပင်ဖစ်ပါသည်။ ဘယ်လို လမ်းမိုးပဲခင်း ခင်း မိမ်လမ်းကောင်းမွန်လှပစေချင်လျှင် Template သုံးပြုစေချင်ပါသည်။

ဒါကြောင့် Template တွက်ချက်ပုံ အင်ယာတိုင်းသိထားရန်လိုအပ်ပါသည်။

ဥပမာ။ ။ လမ်းအကျယ် 16' ရှိသော လမ်းတစ်လမ်း၏ Camber ကို တွက်ကြည့်မည်ဆိုပါဆို့။

Camber ရဲ့ပုံသေနည်ူဖြစ်တဲ့ Camber's formula-(1/2B × Camber %) > လမ်းနှုတ်ခမ်းအမြင့် (B=လမ်းအကျယ်) ကိုအသုံးပြုရပါမယ်။
ဆိုလိုတဲ့သဘောက လမ်းအကျယ်ရဲ့ တစ်၀က်ကို။ ကိုယ်ထားမယ့် Camber % နဲ့မြှောက်ပေးရမှာဖြစ်ပါတယ်။

Camber= အချိုး × လမ်းအကျယ်/2

အချိုးသည် [1:24, V=1, H=24, 4%] ပေးထား သည်ဆိုပါက

Camber = 16'/2 ×4% = 0.32 × 12 = 3.83" {4"}ရပါတယ်။
အဲ့ ဒီ‌ 4" သည် Template အဖျားဘက်မှာ zero ဖြသ်ပြီး အရင်းဘက်မှာ 4" ရှိတဲ့ Camber 4% ရရှိသော Templateဖြစ်ပါတယ်။

အရင်တုန်းက‌ Template တွေကို တွက်ချက်ပြီး သစ်သားဖြဂ့် ပြုလုပ်ကြပါတယ်။ ပေါ့ပါးလွယ်တဲ့ Aluminium 1" hollowလေးတွေနနဲ့ပြုလုပ်လာကြပါတယ်။ သစ်သားဣဲ့ပဲလုပ်လုပ် ၊ hollow နဲ့ပဲလုပ်လုပ် တ၏်ခုသတိထားရမှာကတော့ ရှေ့ဘက်မှာ Zero ဖြစ်နေမှ နောက်က အမြင့်အတိုင်း မှန်ကန်မှာဖြစ်ပါတယ်။
သစ်သားနဲ့ဖြစ် ဖြစ် , hollow နဲ့ဖြစ်ဖြစ် ပြုလုပ်တဲ့အခါမှာ ရေမှာ Zero မရတော့ရင် အဲ့ဒီရှေ့ကအမြင့်ကို နောက်မှာပေါင်းထည့်ပေးရပါမယ်။ ဥပမာ - 1"hollowနဲ့ လုဪ်တဲ့အခါ ရှေ့မှာ 1" ဖြစ်တဲ့အတွက် နောက်က 4" ကို 1" ပေါင်းပြီး 5" အမြင့်ထားပေးရပါမယ်။
ရှေ့မှာ 2" ဆိုရင် နောက်က 6" , ရှေ့က 3" ဆိုရင် ‌ နောက်က 7" ဖသ်ပါမယ် အဆင်ပြေကြပါစေ။

ဆရာစောချမ်းအေးQC

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုးရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှ...
25/11/2023

ဥပေဒအရ အကျုံးဝင်သော မြေ (၉) မျိုး

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပေဒ၊ မြို့ပြနှင့် အိုးအိမ်ဖွံ့ဖြိုးမှုနှင့် စီမံကိန်းနှင့်မြေ စီမံခန့်ခွဲရေး ဆိုင်ရာ နည်းဥပဒေများတွင် ပါရှိသည့် မြေ (၉) မျိုး အကြောင်း ရှာဖွေ တင်ပြလိုက်ပါသည်။

၁။ မြေပိုင်မြေ
==========
မြေပိုင်မြေဆိုသည်မှာ မြိုတော်နယ်နိမိတ်အတွင်း
စနစ္တက် မြို့ကွက်ဖော်ထုတ်ကာ ရောင်းချခဲ့၍ ၀ယယွူ ပိုင်ဆိုင်ခဲ့ပြီး မြေပိုင်ရှင် အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကိုဆိုင်သည်။

၂။ ဘိုးဘပိုင်မြေ
===========
ဘိုးဘပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံ မြို့နှင့် ကျေးရွာမြေများအက်ဥပဒေပုဒ်မ ၄၊ ပုဒ္မခြဲ (၁၀) အရ၊ ဘိုးဘွားမိဘလက်ထက်ကပင် "ဓါးမဦးခ်" ပိုင်ဆိုင်လာ၍ လွှဲပြောင်း ဆက်ခံခွင့်ရှိကာ "မစိုက်ပျိုးသည့်မြေ" ကို ဆိုလိုသည်။

၃။ ဂရန်ရှိမြေပိုင်မြေ
==============
ဂရန်ရှိမြေပိုင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒပုဒ္မ ၇(က) အရခွင့်ပြုထားသည့် ဘိုးဘပိုင်မြေကဲ့သို့ အခွင့်အရေး အဆင့်အတန်းရှိသည့် မြေကို ဆိုလိုသည်။

၄။ လိုင်စင်မြေ
==========
လိုင်စင်မြေဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့်ကျေးရွာ မြေများ အပိုဒ် - ၃၀၊ ၃၄ တို့အရ၊ကော်မတီက သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ယာယီအသုံးပြုခွင့် ပေးထားသော မြေကို ဆိုလိုသည်။

၅။ ပါမစ်မြေ
=========
ပါမစ်မြေဆိုသည်မှာ ကော်မတီကသတ်မှတ်သည့်
စည်းကမ်းချက်များနှင့်အညီ "လူနေအိမ်" သို့ "အဆောက်အအုံဆောက်လုပ်နေထိုင်ခွင့်" ပြုထားသော မြေကို ဆိုလိုသည်။

၆။ မြေငှားဂရန်မြေ
=============
မြေငှားဂရန်မြေ ဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများ ဥပေဒ ၇/၈ နှင့် နည်းဥပဒေ အပိုဒ် ၂၉ တို့ အရ ကော်မတီက စည်းကမ်းချက်များ သတ်မှတ်ပြီး နှစ်ကာလ အပိုင်းအခြားသတ်မှတ်၍ မြေငှားစာချုပ်ဖြင့်
အငှားချထားသည့် မြေကိုဆိုလိုသည်။

၇။ စကွာတာမြေ
===========
စကွာတာမြေဆိုသည်မှာ မြေငှားစာချုပ် မရယူခဲ့၍ လည်းကောင်း၊ မြေငှား စာချုပ်သက်တမ်းကုန်ဆုံးပြီးနောက် အသစ်လဲလှယ်ခြင်းမပြု၍ လည်းကောင်း မြေငှားစာချုပ်ပါ စည်းကမ်းချက်တစ်ရပ်ရပ်ဖောက်ဖျက်၍လည်းကောင်း မြေအဆင့်အတန်းနိမ့်ချ သတ်မှတ်သောမြေကို
ဆိုလိုသည်။

၈။ ကျူးလွန်ခြင်းမြေ
==============
ကျူးလွန်ခြင်းမြေ ဆိုသည်မှာ လူနေရပ်ကွက်အတွင်း စနစ်တကျရှိသော အိမ်ရာမြေကွက်၌ ကျူးလွန်ခြင်း ပြေစာဖြင့်ကောက်ခံသည့် မြေမျိုးကို ဆိုလိုသည်။

၉။ ကျူးကျော်မြေ
=============
ကျူးကျော်မြေဆိုသည်မှာ ကော်မတီပိုင်မြေနှင့် ကော်မတီက စီမံခန့်ခွဲပိုင်ခွင့် ရှိသော မြေပေါ်တွင် ခွင့်ပြုချက် တစ်စုံတစ်ရာ မရွိသူမ်ား ၀ငရွောကနွထေိုငလွှှကရွှိသော မြေကို ဆိုလိုသည်။

မြို့ကွက်မြေပုံ
==========
မြို့ကွက်မြေပုံဆိုသည်မှာ အခြေခံ အင်ဂျင်နီယာပိုင်းဆိုင်ရာများ m ဖြင့် စနစ္တ ကျရေးဆွဲပြီး မြို့ပြစီမံကိန်းနှင့်အညီ မြို့ကွက်ရိုက် ဖော်ထုတ်ထားသည့် အခြေခံမြေပုံကို ဆိုလိုသည်။

မြို့မြေစာရင်း
==========
မြို့မြေစာရင်းဆိုသည်မှာ အောက်မြန်မာနိုင်ငံမြို့နှင့် ကျေးရွာမြေများအက်ဥပဒေ၊ နည်းဥပဒေများ၊ နောက်ဆက်တွဲ ၁ - အခန်း (၂) အပိုဒ် ၇ အရ မြို့ကွက် မြေပုံဖြင့် ရှိပြီးသော မြေများ၏ မြေပိုင်ဆိုင်ခွင့် စာရင်းကို ဆိုလိုသည်။တင်ပြပြီးနောက်

ယခုဖော်ပြခဲ့သော မြေများမှာ အိမ်ခြံမြေနှင့် ပတ်သက်သော မြေများ ဖြစ်ပါသည်။

ယင်းသို့မြေ အမျိုးမျိုးအကြောင်း သာသနာမြေ (၄) မျိုး အကြောင်းလည်း ရှင်းပြလိုပါသေးသည်။

၁။ အခွန်လွတ်သာသနာ့မြေ
===================
အခွန်လွတ်သာသနာ့မြေဆိုသည်မှာ မူလကနဦး မြေပိုင်မြေ သို့မဟုတ် ဘိုးဘပိုင်မြေကို ဥပဒေနှင့်အညီရရှိသော ပုဂ္ဂိုလ်က ဘာသာ သာသနာအကျိုး သုံးစွဲနိုင်ရန်အတွက် လျှောက်ထားသဖြင့် တည်ဆဲဥပဒေနှင့်အညီ ခွင့်ပြု ထုတ်ပေးသောမြေကို ဆိုသည်။

၂။ အခွန်လွတ်သာသနာ့မြေဂရန်
======================
အခွန်လွတ်သာသနာ့မြေဂရန်ဆိုသည်မှာ သာသနာရေး၊ သာသနာမူ အလို့ငှာ တည်ဆဲဥပဒေနှင့်အညီ "မြေယာပိုင် ပတ္တာစာချုပ်" ဖြင့် သတ်မှတ်ထုတ်ပေးသည့် လက်မှတ်ကိုဆိုသည်။
(၁၈၇၆ ခုနှစ်၊ အောက်မြန်မာနိုင်ငံ မြေနှင့်အခွန်တော် နည်းဥပဒေများ နည်းဥပဒေ ၃၂၊ ၃၃၊ ၃၆ နှင့် ၁၈၉၈ ခုနှစ်) (အောက်မြန်မာနိုင်ငံမြို့နှင့် ရွာမြေနည်းဥပဒေများ၊ နည်းဥပဒေ ၅၀၊ ၅၁ နှင့် ၅၄)

၃။ အခွန်လွတ်ဗဒ္ဓသိမ်မြေ
==================
အခွန်လွတ်ဗဒ္ဓသိမ်မြေ ဆိုသည်မှာ သာသနာမြေအတွင်း ဘာသာ၊ သာသနာမြေကိစ္စအတွက် အသုံးပြုရန်အလိုငှာ လူပုဂ္ဂိုလ်ကသာ လျှောက်ထားခွင့် ရှိသည့် မြေကိုဆိုသည်။

၄။ အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်
=====================
အခွန်လွတ်ဗဒ္ဓသိမ်မြေဂရန်" ဆိုသည်မှာ တည်ဆဲဥပဒေနှင့်အညီ "ဝိသုံဂါမသိမ်" အဖြစ်အသုံးပြုရန် အသီးအခြားမြေပေးအမိန့်ဖြင့် သတ်မှတ် ထုတ်ပေးလိုက်သည့် လက်မှတ်ကို ဆိုသည်။
(အောက်မြန်မာနိုင်ငံမြေခွန်ကောက်နည်းဥပဒေများ၊ နည်းဥပဒေ ၃၄ နှင့် အောက်မြန်မာနိုင်ငံမြို့နှင့်ရွာမြေ နည်းဥပဒေများ နည်းဥပဒေ-၅၂)

ဤသို့ဆိုလျှင် သာသနာ့မြေ (၄) မျိုးတွင် ဘာသာ၊ သာသနာအကျိုးအတွက် သုံးစွဲနိုင်သောမြေ၊ မြေယာအပိုင် ပတ္တာ စာချုပ်ဖြင့် ထုတ်ပေးသည့်လက်မှတ်၊ လူပုဂ္ဂိုလ်ကသာ
လျှောက်ထားခွင့်ရှိသော မြေနှင့် "ဝိသုံဂါမသိမ်" အသုံးပြုရန် အတွက် မြေပေးအမိန့် ဖြင့် ထုတ်ပေးလိုက်သည့် လက်မှတ်တို့လည်း ပါ၀င်သည်ကို သိရှိကြပြီဟုဖြစ်ပါသည်။

photo

ငွေစာရင်းဆိုင်ရာဝေါဟာရများ◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼ဘက်ဂျက်     -  budgetဘဏ္ဍာရေးနှစ်- FiscalYearရန်ပုံငွေ      - Fundဖြည့်...
23/11/2023

ငွေစာရင်းဆိုင်ရာဝေါဟာရများ
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼

ဘက်ဂျက် - budget
ဘဏ္ဍာရေးနှစ်- FiscalYear
ရန်ပုံငွေ - Fund
ဖြည့်စွက်ခွင့်ပြုငွေ - Result Expenditure
ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း - Revised Estimate
ခန့်မှန်းခြေငွေစာရင်း - Budget Estimate
ရန်ပုံငွေလွှဲအပ်စာရင်း-Letter of Credit
ဘဏ်ခွင့်ပြုငွေ - Drawing Limit
ဦးစီးဌာန - Administrative Department
သာမန်ရငွေ - Revenue Receive
ငွေလုံးငွေရင်းရငွေ - Capital Receive
ရိုးရိုးချက် or သာမန်ချက်- Ordinary Cheque
မျဉ်းသားချက် - Cross Cheque
အထူးမျဉ်းသားချက်- Special cross cheque
ခရီးစရိတ် - Travelling Allowance
SAC အသုံးစရိတ်တောင်းခံလွှာ - Supply Account Certificate
NAC မရှိ/မပြုထောက်ခံချက် - Non Available Certificate
သာမန်အသုံးစရိတ်- Revenue Expenditure
ငွေလုံးငွေရင်းအသုံးစရိတ်- Capital Expenditure
ငွေတိုက်ပုံစံ TF - Treasury Form
နောက်ဆုံးထုတ်လစာ LPC - Last - Pay - -Certificate
လစာ - Salary
စရိတ်ချီးမြှင့်ငွေ-Cost award( Allowance and Award)
အသက်အာမခံ- Life Insurance Premium
-LIP)
အသုံးစရိတ်လချ ုပ် - Supply Account Report
စာရင်းမှပယ်ဖျက်ခြင်း- Abrogate Account ( Write out)
၃ လပတ် - Quarterly
၃ လပတ်တိုးတက်မှုစာရင်း - Quarterly Progress
အမှာစာ- Indent
လချ ုပ်စာရင်း- Monthly Report
ပစ္စည်းစာရင်းစာအုပ် - Stoke Book
ငွေစာရင်းစာအုပ် - Cash Book
တာရှည်ခံပစ္စည်း - Durable Stock
ပုံသေပိုင်ပစ္စည်း - Dead Stock

Thanks and Credit to ▶ Ar Kar Kyaw

A to Z အစဉ်အတိုင်း

A
Accounting Period - စာရင်းကာလ
Assets - ရပိုင်ခွင့်များ
Account - စာရင်း
Adjusting Entries - စာရင်းညှိနှိုင်းခြင်း
Accumulated Fund - စုဆောင်းထား ရံပုံငွေ
Acceptor - ဘီလ်လက်ခံသောသူ
Accountancy - စာရင်းကိုင်ပညာ
Account Sales - ကုန်ရောင်း ရှင်းတမ်း
Accommodation Bills - ထောက်ပံ့ခြင်း ဘီလ်များ
Allocation - စာရင်းခွဲဝြေခင်း
Assets - ရရန်ပိုင်ခွင့်
Auditing - စာရင်းစစ်ပညာ
Authorized Capital - မှတ်ပုံတင်အစုအရင်းငွေ

B

Balance Sheet - လက်ကျန်ရှင်းတမ်း
Balance of the account - စာရင်းလက်ကျန်
Books of Prime Entry - ပထမသွင်း စာရင်းစာအုပ်
Books of Original Entry - အခြေခံသွင်းစာအုပ်
Bills Receivable Day Book - ရရန်ဘီမှတ်တမ်းစာအုပ်
Bills Payable Day Book - ပေးရန်ဘီမှတ်တမ်းစာအုပ်
Bank Statement - ဘဏ်ရှင်းတမ်း
Bank Reconciliation Statement - ဘဏ်စာရင်းနှင့် ကိုက်ညှိရှင်းတမ်း
Bills Receivable - ရရန်ဘီလ်များ
Bills of Exchange - ငွေလွှဲစာချုပ်
Bills Payable - ပေးရန်ဘီလ်များ
Bad Debts - ကြွေးလျော်များ
Bank Overdraft - ဘဏ်မှ ပိုထုတ်ငွေ
Bonus Shares - ဆုငွေ အစုများ
Book Keeping - စာရင်းရေးပညာ
Branch Accounts - ဆိုင်ခွဲ စာရင်းများ
Branch Profit & Loss Account - ဆိုင်ခွဲ အရှုံးအမြတ်စာရင်း

C

Capital - ရင်းနှီးငွေ
Creditor - မြီရှင်
Credit side - မြီရှင်ဘက်
Closing Entries - စာရင်းပိတ်ခြင်း
Cash Book - စာရင်းပိတ်ခြင်း
Credit Note - မြီရှင်လွှာ
Cash Receipts Journal - ရငွေဂျာနယ်
Cash Payments Journal - ပေးငွေဂျာနယ်
Compensating Errors - အချင်းချင်းနှိမ်သော အမှားများ
Capital Expenditure - မတည်ငွေအသုံးစရိတ်
Cost of Goods Sold - ရောင်းပြီး ကုန်တန်ဖိုး
Copyright - မူပိုင်
Current Assets - လက်ငင်းရပိုင်ခွင့်များ
Current Liabilities - လက်ငင်းပေးရန်တာ၀န်များ
Cost of Goods Manufactured - ထုတ်လုပ်ပြီး ကုန်ပစ္စည်းတန်ဖိုး
Cost - ကုန်ကျတန်ဖိုး
Control Account - ထိန်းချုပ်စာရင်း
Called Up Capital - ခေါ်ပြီး အစုအရင်းငွေ
Calls in Advance - ကြိုတင်ရ အခေါ်များ
Carriage Inwards - ကုန်သယ်ခ
Carriage Outwards - ကုန်ပို့ခ
Cash Discount - ငွေနှုန်းလျှော့
Cash Purchases - ကုန်လက်ငင်း၀ယ်
Cash Sales - ကုန်လက်ငင်းရောင်း
Cheques - ဘဏ်ချက်ခေါ် ငွေထုတ်လက်မှတ်များ
Closing Stock - စာရင်းပိတ်ကုန်လက်ကျန်ရှင်းတမ်း
Columnar Balance Sheet - ဇယားကွက် လက်ကျန်ရှင်းတမ်း
Columnar Cash Book - ဇယားကွက် ငွေ၀င်ငွေထွက် စာအုပ်
Consignment Inwards - ကုန်သွင်း ကုန်ရောင်း စာရင်း
Consignment Outwards - ကုန်ပို့ ကုန်ရောင်း စာရင်း
Control Accounts - အချုပ်စာရင်း၊ စာရင်းချုပ်များ
Credits - မြီရှင် စာရင်း
Credits Ledger - မြီရှင်များ စာရင်းစာအုပ်
Cumulative Preference Shares - အတိုးအပြည့်ပေးရသော အထူးအစုများ

D

Debit side - မြီစားဖက်
Double Entry Book-keeping - နှစ်ဖက်သွင်း စာရင်းရေး
Debit Note - မြီစားလွှာ
Deferred Expenses - ရွှေ့ဆိုင်းစရိတ်များ
Development Expenses - တိုးတက်ဖွံ့ဖြိုးမှု စရိတ်များ
Direct Material Cost - တိုက်ရိုက်ကုန်ကြမ်း စရိတ်
Direct Labor Cost - တိုက်ရိုက်လုပ်သားခ
Diminishing Balance Method - လက်ကျန်တဖြည်းဖြည်းကုန်ခြင်းနည်း
Debentures - ငွေချေး အစုများ
Debits - မြီစား စာရင်း
Debtors Ledger - မြီစားများ စာရင်းစာအုပ်
Deferred, Founders or Management Shares - နောက်ဆုံးအစုများ
Deferred Ordinary Shares - ဒုတိယ သာမန် အစုများ
Demand Drafts - ချက်ချင်းပေးသော ဘီလ်များ
Depreciation - တန်ဘိုးလျှော့
Directors Fees - ဒါရိုက်တာ ကြေးများ
Dividends - အစုပေါ် အမြတ်
Documentary Bills - ကုန်ရောင်း စာချုပ်ဘီလ်များ
Drawee - ဘီလ်လက်ခံသောသူ
Drawer - ဘီလ်ရေးဆွဲသောသူ

E

Errors of Omission - အလျင်းမေ့ကျန်အမှား
Errors of Commission - အရေးမှားများ
Errors of Principle - မူအရ အမှားများ
Expenditure - အသုံးစရိတ်
Expansion or Extension - တိုးချဲ့

F

Folio - အညွှန်း
Fixed Assets - ပုံသေရပိုင်ခွင့်များ
Fixed Liabilities - ပုံသေပေးရန် တာ၀န်များ
Factory Cost - စက်ရုံထွက်တန်ဖိုး
Factory Overhead - စက်ရုံ၀န်ဆောင် စရိတ်
Factory Supplies - စက်ရုံသုံးပစ္စည်းများ
Fixed Installment System - ပုံသေအရစ်ကျစနစ်
Factory Expenses - အလုပ်ရုံ စရိတ်များ
Factory Power - စက်ရုံအား
Finished Goods - ကုန်ချောများ
Forfeited Shares - ရုပ်သိမ်းသော အစုများ
Fuel & Power - မီးအား စက်အား

G

Gross Profit - အကြမ်းအမြတ်
Gross Loss - အကြမ်းအရှုံး
General Ledger - အထွေထွေလယ်ဂျာ
General Fund - အထွေထွေရံပုံငွေ
Goods on Consignment - ကုန်ပို့စာရင်း
Goodwill - ဆိုင်နာမည်

H

Hire Purchase - ငှါး၀ယ်ခြင်း

I

Impersonal Account - ပုဂိုလ်မဟုတ်သောစာရင်း
Invoice - အရောင်းကုန်ပို့လွှာ
Imprest System - ပုံသေငွေပေးထားစနစ်
Improvements - မွမ်းမံ
Intangible - ဒြပ်မဲ့
Indirect Material - သွယ်ဝိုက်ကုန်ကြမ်းတန်ဖိုး
Indirect Labor - သွယ်ဝိုက်လုပ်သားခ
Income and Expenditure Account - ၀င်ငွေသုံးငွေစာရင်း
Imprest Cash - အသေးသုံးအတွက် ခေတ္တထုတ်ထားငွေ
Installments - အရစ်ကျ ပေး၀ယ်ခြင်း
Interim Dividends - ကြားဖြတ် အစုပေါ် အမြတ်
Investments - အစု၀ယ်များ
Issued & Subscribed Capital - ထုတ်ဝြေပီး အစု အရင်းငွေ

J

Joint Stock Companies - မှတ်ပုံတင် လူထုအစပ်အဆိုင်များ
Joint Venture - တွဲဘက်ရောင်း၀ယ်စာရင်း၊ ဖက်စပ်စာရင်း
Journalize - စာရင်းမှတ်တမ်းတင်ခြင်း
Journalizing - ဂျာနယ်သွင်းခြင်း
Journal - ဂျာနယ်

L

Liabilities - ပေးရန်တာ၀န်များ
Ledger - လယ်ဂျာ
Ledger Account - လယ်ဂျာစာရင်း
Loan on Mortgage - အပေါင်ခံချေးငွေ
Late Lodgments - မရှင်းသေးသောအချက်များ
Liquidation Account - ဆိုင်ပိတ်စာရင်း
Loose Tools - တူဆောက် လက်နက်များ

M

Manufacturing Account - ကုန်ကြမ်းအလုပ်ရုံစာရင်း၊ ကုန်ထုတ်လုပ်စာရင်း
Maintenance - ပြုပြင်
Medium of Exchange - အသိအမှတ်ပြု လဲလှယ်ခွင့်
Manufacturing - ကုန်ထုတ်လုပ်
Machine Hour System - စက်လည်ချိန်မှီးစနစ်

N

Net Profit - အသားတင်အမြတ်
Nominal Capital - အစွမ်းကုန် အစုအရင်းငွေ
Noting Stock - စာရင်းဖွင့် ကုန်လက်ကျန်
Net Loss - အသားတင်အရှုံး
Nominal Account - အမည်ခံစာရင်း
Net Worth - အသားတင်ပိုင်ဆိုင်ခွင့်

O

Opening Stock - စာရင်းဖွင့် ကုန်လက်ကျန်
Ordinary Shares - သာမန် အစုများ
Output - ကုန်ထွက်ပေါင်း
Operating & Administrative Expenses - လုပ်ဆောင်မှုနှင့် အုပ်ချုပ်မှု စရိတ်များ
Other Indirect Expenses - အခြားသွယ်ဝိုက်စရိတ်
Outstanding Expenses - ပေးရန်ရှိကုန်ကျစရိတ်
Outstanding Incomes - ရရန်ရှိ၀င်ငွေ

P

Packing Expenses - ကုန်ထုတ်စရိတ်များ
Paid Up Capital - ငွေရပြီး အစုအရင်းငွေ
Patents & Copyrights - မူပိုင်များ
Payee - ငွေရမည့်သူ
Petty Cash Book - အသေးသုံး ငွေစာရင်း စာအုပ်
Posting - စာရင်းပို့ဆောင်ခြင်း
Preference Shares - အထူးအစုများ
Preferred Ordinary Shares - ပထမ သာမန် အစုများ
Preliminary Expenses - မူလဆိုင်ဖွင့်စရိတ်များ၊ ပဏာမစရိတ်များ
Premium on Shares - အစုပေါ် အပိုကြေး
Profit & Loss Account - အရှုံးအမြတ်စာရင်း
Profit & Loss Adjustment Account - အရှုံးအမြတ် ခုနှိမ်စာရင်း
Profit & Loss Appropriation Account - အမြတ်ခွဲဝေစာရင်း
Promissory Notes - ပရိုနုတ်ခေါ် ငွေလွှဲလက်မှတ် / ကတိစာချုပ်
Purchases Day Book - ကုန်၀ယ်စာရင်မှတ်တမ်း
Purchases Returns Book - ကုန်၀ယ်ပြန်ပို့ မှတ်တမ်းစာအုပ်
Profit & Loss Statement - အရှုံးအမြတ်ရှင်းတမ်း
Profit & Loss Account - အရှုံးအမြတ်စာရင်း
Personal Account - ပုဂိုလ်စာရင်း
Posting - စာရင်းပို့ဆောင်ခြင်း
Purchase or Construction of Fixed Assets - ပုံသေပစ္စည်း၀ယ်ယူခြင်း (သို့) ဆောက်လုပ်ခြင်း
Provision for Depreciation Account - တန်ဖိုးလျှော့ ရာထားစာရင်း
Provision for Bad Debts - ကြွေးဆုံးရာထား
Patents - ပိုင်ခွင့်ကန့်သတ်သည့် လက်မှတ်များ
Purchase Ledger - အ၀ယ်လယ်ဂျာ

R

Real Account - ပစ္စည်းစာရင်း
Revenue Expenditure - သာမန်အသုံးစရိတ်
Replacement - အစားထိုးခြင်း
Renewal - အသစ်လဲ
Repairs - ပြင်ဆင်
Reducing Installment Method - လျော့ဆင်းသော အရစ်ကျစနစ်
Revaluation - ပြန်လည်တန်ဖိုးဖြတ်
Receipts and Payments Accounts - စုငွေပေးငွေစာရင်း
Rate & Taxes - မြူနီစီပါယ်ကြေး
Raw Materials - ကုန်ကြမ်းများ
Realization Account - ဆိုင်ဖျက်သိမ်းစာရင်း
Rebates - ပြန်အမ်းငွေ
Redeemable Preference Shares - ပြန်သိမ်းနိုင်သော အထူးအစုများ
Registered Capital - မှတ်ပုံတင်အစုအရင်းငွေ
Reserves - သီးသန့်ရံပုံငွေ
Reserve for Bad & Doubtful Debts - ကြွေးလျော်ရံပုံငွေ
Reserves Capital - သီးသန့်ထားသော အစုအရင်းငွေ

S

Salaries - လစာများ
Sales Day Book - ကုန်ရောင်း စာရင်းမှတ်တမ်း
Sales Returns Book - ကုန်ရောင်း ပြန်သွင်း မှတ်တမ်းစာအုပ်
Shares Capital - အစုအရင်းငွေ
Sight Drafts - လဆိုင်းပေးဘီလ်များ
Single Entry Book-keeping - တဘက်သွင်းစာရင်းရေးနည်း
Subsidiary Ledgers - လက်ထောက်စာရင်း စာအုပ်များ
Summary - စာရင်းတူများ ပေါင်းပေးခြင်း
Service - ဆောင်ရွက်မှု
Special Journal - အထူးဂျာနယ်
Straight Line Method - မျဉ်းဖြောင့်နည်း
Sales Ledger - အရောင်းလယ်ဂျာ
Statement of Affairs - လုပ်ငန်းအခြေအနေပြရှင်းတမ်း

T

Trade Discounts - ကုန်သည်နှုန်းလျှော့
Trading Account - ကုန်ရောင်း ကုန်၀ယ်စာရင်း၊ အရောင်းအ၀ယ်စာရင်း
Transfer Fees - အစုလွှဲပြောင်းကြေး
Transfer Journal - စာရင်းအပြောင်းအလွှဲမှတ်တမ်း
Travelers Salaries - နယ်လှည့် အရောင်းသမားများလစာ
Trial Balance - အစမ်းရှင်းတမ်း
Turnover - ကုန်ရောင်းရငွေ
Tangible - ဒြပ်ရှိ
Taking out a Trial Balance - အစမ်းရှင်းတမ်းရေးဆွဲခြင်း
Trade Mark - ကုန်မှတ်တမ်းတံဆိပ်
Total Account - စုစုပေါင်းစာရင်း
Total Debtors Account - စုစုပေါင်းမြီးစားများစာရင်း
Total Creditors Account - စုစုပေါင်းမြီရှင်များစာရင်း

U

Uncalled Capital - မခေါ်ရသေးသော အစုအရင်းငွေ
Unclaimed Dividends - လာမယူသေးသော အမြတ်ငွေ
Unpaid Calls - မရသေးသောအခေါ်များ
Unpresented Cheques - ငွေလာ၍မထုတ်သေးသော ချက်များ
Unit of Performance Method - ထုတ်လုပ်ကုန်အရေအတွက်ဖြင့် တွက်နည်း

W

Wages - အလုပ်သမားအခများ
Warehouse Expenses - ကုန်ရုံစရိတ်များ
Work in Progress - မပြီးသေးသော အလုပ်များ/ လုပ်ဆဲကုန်

Thanks and Credit to ▶ the original posters

#ဘာသာပြန်ဝန်ဆောင်မှုTrustငွေစာရင်းဆိုင်ရာဝေါဟာရများ
◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼◼

ဘက်ဂျက် - budget
ဘဏ္ဍာရေးနှစ်- FiscalYear
ရန်ပုံငွေ - Fund
ဖြည့်စွက်ခွင့်ပြုငွေ - Result Expenditure
ပြုပြင်ပြီးခန့်မှန်းခြေငွေစာရင်း - Revised Estimate
ခန့်မှန်းခြေငွေစာရင်း - Budget Estimate
ရန်ပုံငွေလွှဲအပ်စာရင်း-Letter of Credit
ဘဏ်ခွင့်ပြုငွေ - Drawing Limit
ဦးစီးဌာန - Administrative Department
သာမန်ရငွေ - Revenue Receive
ငွေလုံးငွေရင်းရငွေ - Capital Receive
ရိုးရိုးချက် or သာမန်ချက်- Ordinary Cheque
မျဉ်းသားချက် - Cross Cheque
အထူးမျဉ်းသားချက်- Special cross cheque
ခရီးစရိတ် - Travelling Allowance
SAC အသုံးစရိတ်တောင်းခံလွှာ - Supply Account Certificate
NAC မရှိ/မပြုထောက်ခံချက် - Non Available Certificate
သာမန်အသုံးစရိတ်- Revenue Expenditure
ငွေလုံးငွေရင်းအသုံးစရိတ်- Capital Expenditure
ငွေတိုက်ပုံစံ TF - Treasury Form
နောက်ဆုံးထုတ်လစာ LPC - Last - Pay - -Certificate
လစာ - Salary
စရိတ်ချီးမြှင့်ငွေ-Cost award( Allowance and Award)
အသက်အာမခံ- Life Insurance Premium
-LIP)
အသုံးစရိတ်လချ ုပ် - Supply Account Report
စာရင်းမှပယ်ဖျက်ခြင်း- Abrogate Account ( Write out)
၃ လပတ် - Quarterly
၃ လပတ်တိုးတက်မှုစာရင်း - Quarterly Progress
အမှာစာ- Indent
လချ ုပ်စာရင်း- Monthly Report
ပစ္စည်းစာရင်းစာအုပ် - Stoke Book
ငွေစာရင်းစာအုပ် - Cash Book
တာရှည်ခံပစ္စည်း - Durable Stock
ပုံသေပိုင်ပစ္စည်း - Dead Stock

Thanks and Credit to ▶ Ar Kar Kyaw

A to Z အစဉ်အတိုင်း

A
Accounting Period - စာရင်းကာလ
Assets - ရပိုင်ခွင့်များ
Account - စာရင်း
Adjusting Entries - စာရင်းညှိနှိုင်းခြင်း
Accumulated Fund - စုဆောင်းထား ရံပုံငွေ
Acceptor - ဘီလ်လက်ခံသောသူ
Accountancy - စာရင်းကိုင်ပညာ
Account Sales - ကုန်ရောင်း ရှင်းတမ်း
Accommodation Bills - ထောက်ပံ့ခြင်း ဘီလ်များ
Allocation - စာရင်းခွဲဝြေခင်း
Assets - ရရန်ပိုင်ခွင့်
Auditing - စာရင်းစစ်ပညာ
Authorized Capital - မှတ်ပုံတင်အစုအရင်းငွေ

B

Balance Sheet - လက်ကျန်ရှင်းတမ်း
Balance of the account - စာရင်းလက်ကျန်
Books of Prime Entry - ပထမသွင်း စာရင်းစာအုပ်
Books of Original Entry - အခြေခံသွင်းစာအုပ်
Bills Receivable Day Book - ရရန်ဘီမှတ်တမ်းစာအုပ်
Bills Payable Day Book - ပေးရန်ဘီမှတ်တမ်းစာအုပ်
Bank Statement - ဘဏ်ရှင်းတမ်း
Bank Reconciliation Statement - ဘဏ်စာရင်းနှင့် ကိုက်ညှိရှင်းတမ်း
Bills Receivable - ရရန်ဘီလ်များ
Bills of Exchange - ငွေလွှဲစာချုပ်
Bills Payable - ပေးရန်ဘီလ်များ
Bad Debts - ကြွေးလျော်များ
Bank Overdraft - ဘဏ်မှ ပိုထုတ်ငွေ
Bonus Shares - ဆုငွေ အစုများ
Book Keeping - စာရင်းရေးပညာ
Branch Accounts - ဆိုင်ခွဲ စာရင်းများ
Branch Profit & Loss Account - ဆိုင်ခွဲ အရှုံးအမြတ်စာရင်း

C

Capital - ရင်းနှီးငွေ
Creditor - မြီရှင်
Credit side - မြီရှင်ဘက်
Closing Entries - စာရင်းပိတ်ခြင်း
Cash Book - စာရင်းပိတ်ခြင်း
Credit Note - မြီရှင်လွှာ
Cash Receipts Journal - ရငွေဂျာနယ်
Cash Payments Journal - ပေးငွေဂျာနယ်
Compensating Errors - အချင်းချင်းနှိမ်သော အမှားများ
Capital Expenditure - မတည်ငွေအသုံးစရိတ်
Cost of Goods Sold - ရောင်းပြီး ကုန်တန်ဖိုး
Copyright - မူပိုင်
Current Assets - လက်ငင်းရပိုင်ခွင့်များ
Current Liabilities - လက်ငင်းပေးရန်တာ၀န်များ
Cost of Goods Manufactured - ထုတ်လုပ်ပြီး ကုန်ပစ္စည်းတန်ဖိုး
Cost - ကုန်ကျတန်ဖိုး
Control Account - ထိန်းချုပ်စာရင်း
Called Up Capital - ခေါ်ပြီး အစုအရင်းငွေ
Calls in Advance - ကြိုတင်ရ အခေါ်များ
Carriage Inwards - ကုန်သယ်ခ
Carriage Outwards - ကုန်ပို့ခ
Cash Discount - ငွေနှုန်းလျှော့
Cash Purchases - ကုန်လက်ငင်း၀ယ်
Cash Sales - ကုန်လက်ငင်းရောင်း
Cheques - ဘဏ်ချက်ခေါ် ငွေထုတ်လက်မှတ်များ
Closing Stock - စာရင်းပိတ်ကုန်လက်ကျန်ရှင်းတမ်း
Columnar Balance Sheet - ဇယားကွက် လက်ကျန်ရှင်းတမ်း
Columnar Cash Book - ဇယားကွက် ငွေ၀င်ငွေထွက် စာအုပ်
Consignment Inwards - ကုန်သွင်း ကုန်ရောင်း စာရင်း
Consignment Outwards - ကုန်ပို့ ကုန်ရောင်း စာရင်း
Control Accounts - အချုပ်စာရင်း၊ စာရင်းချုပ်များ
Credits - မြီရှင် စာရင်း
Credits Ledger - မြီရှင်များ စာရင်းစာအုပ်
Cumulative Preference Shares - အတိုးအပြည့်ပေးရသော အထူးအစုများ

D

Debit side - မြီစားဖက်
Double Entry Book-keeping - နှစ်ဖက်သွင်း စာရင်းရေး
Debit Note - မြီစားလွှာ
Deferred Expenses - ရွှေ့ဆိုင်းစရိတ်များ
Development Expenses - တိုးတက်ဖွံ့ဖြိုးမှု စရိတ်များ
Direct Material Cost - တိုက်ရိုက်ကုန်ကြမ်း စရိတ်
Direct Labor Cost - တိုက်ရိုက်လုပ်သားခ
Diminishing Balance Method - လက်ကျန်တဖြည်းဖြည်းကုန်ခြင်းနည်း
Debentures - ငွေချေး အစုများ
Debits - မြီစား စာရင်း
Debtors Ledger - မြီစားများ စာရင်းစာအုပ်
Deferred, Founders or Management Shares - နောက်ဆုံးအစုများ
Deferred Ordinary Shares - ဒုတိယ သာမန် အစုများ
Demand Drafts - ချက်ချင်းပေးသော ဘီလ်များ
Depreciation - တန်ဘိုးလျှော့
Directors Fees - ဒါရိုက်တာ ကြေးများ
Dividends - အစုပေါ် အမြတ်
Documentary Bills - ကုန်ရောင်း စာချုပ်ဘီလ်များ
Drawee - ဘီလ်လက်ခံသောသူ
Drawer - ဘီလ်ရေးဆွဲသောသူ

E

Errors of Omission - အလျင်းမေ့ကျန်အမှား
Errors of Commission - အရေးမှားများ
Errors of Principle - မူအရ အမှားများ
Expenditure - အသုံးစရိတ်
Expansion or Extension - တိုးချဲ့

F

Folio - အညွှန်း
Fixed Assets - ပုံသေရပိုင်ခွင့်များ
Fixed Liabilities - ပုံသေပေးရန် တာ၀န်များ
Factory Cost - စက်ရုံထွက်တန်ဖိုး
Factory Overhead - စက်ရုံ၀န်ဆောင် စရိတ်
Factory Supplies - စက်ရုံသုံးပစ္စည်းများ
Fixed Installment System - ပုံသေအရစ်ကျစနစ်
Factory Expenses - အလုပ်ရုံ စရိတ်များ
Factory Power - စက်ရုံအား
Finished Goods - ကုန်ချောများ
Forfeited Shares - ရုပ်သိမ်းသော အစုများ
Fuel & Power - မီးအား စက်အား

G

Gross Profit - အကြမ်းအမြတ်
Gross Loss - အကြမ်းအရှုံး
General Ledger - အထွေထွေလယ်ဂျာ
General Fund - အထွေထွေရံပုံငွေ
Goods on Consignment - ကုန်ပို့စာရင်း
Goodwill - ဆိုင်နာမည်

H

Hire Purchase - ငှါး၀ယ်ခြင်း

I

Impersonal Account - ပုဂိုလ်မဟုတ်သောစာရင်း
Invoice - အရောင်းကုန်ပို့လွှာ
Imprest System - ပုံသေငွေပေးထားစနစ်
Improvements - မွမ်းမံ
Intangible - ဒြပ်မဲ့
Indirect Material - သွယ်ဝိုက်ကုန်ကြမ်းတန်ဖိုး
Indirect Labor - သွယ်ဝိုက်လုပ်သားခ
Income and Expenditure Account - ၀င်ငွေသုံးငွေစာရင်း
Imprest Cash - အသေးသုံးအတွက် ခေတ္တထုတ်ထားငွေ
Installments - အရစ်ကျ ပေး၀ယ်ခြင်း
Interim Dividends - ကြားဖြတ် အစုပေါ် အမြတ်
Investments - အစု၀ယ်များ
Issued & Subscribed Capital - ထုတ်ဝြေပီး အစု အရင်းငွေ

J

Joint Stock Companies - မှတ်ပုံတင် လူထုအစပ်အဆိုင်များ
Joint Venture - တွဲဘက်ရောင်း၀ယ်စာရင်း၊ ဖက်စပ်စာရင်း
Journalize - စာရင်းမှတ်တမ်းတင်ခြင်း
Journalizing - ဂျာနယ်သွင်းခြင်း
Journal - ဂျာနယ်

L

Liabilities - ပေးရန်တာ၀န်များ
Ledger - လယ်ဂျာ
Ledger Account - လယ်ဂျာစာရင်း
Loan on Mortgage - အပေါင်ခံချေးငွေ
Late Lodgments - မရှင်းသေးသောအချက်များ
Liquidation Account - ဆိုင်ပိတ်စာရင်း
Loose Tools - တူဆောက် လက်နက်များ

M

Manufacturing Account - ကုန်ကြမ်းအလုပ်ရုံစာရင်း၊ ကုန်ထုတ်လုပ်စာရင်း
Maintenance - ပြုပြင်
Medium of Exchange - အသိအမှတ်ပြု လဲလှယ်ခွင့်
Manufacturing - ကုန်ထုတ်လုပ်
Machine Hour System - စက်လည်ချိန်မှီးစနစ်

N

Net Profit - အသားတင်အမြတ်
Nominal Capital - အစွမ်းကုန် အစုအရင်းငွေ
Noting Stock - စာရင်းဖွင့် ကုန်လက်ကျန်
Net Loss - အသားတင်အရှုံး
Nominal Account - အမည်ခံစာရင်း
Net Worth - အသားတင်ပိုင်ဆိုင်ခွင့်

O

Opening Stock - စာရင်းဖွင့် ကုန်လက်ကျန်
Ordinary Shares - သာမန် အစုများ
Output - ကုန်ထွက်ပေါင်း
Operating & Administrative Expenses - လုပ်ဆောင်မှုနှင့် အုပ်ချုပ်မှု စရိတ်များ
Other Indirect Expenses - အခြားသွယ်ဝိုက်စရိတ်
Outstanding Expenses - ပေးရန်ရှိကုန်ကျစရိတ်
Outstanding Incomes - ရရန်ရှိ၀င်ငွေ

P

Packing Expenses - ကုန်ထုတ်စရိတ်များ
Paid Up Capital - ငွေရပြီး အစုအရင်းငွေ
Patents & Copyrights - မူပိုင်များ
Payee - ငွေရမည့်သူ
Petty Cash Book - အသေးသုံး ငွေစာရင်း စာအုပ်
Posting - စာရင်းပို့ဆောင်ခြင်း
Preference Shares - အထူးအစုများ
Preferred Ordinary Shares - ပထမ သာမန် အစုများ
Preliminary Expenses - မူလဆိုင်ဖွင့်စရိတ်များ၊ ပဏာမစရိတ်များ
Premium on Shares - အစုပေါ် အပိုကြေး
Profit & Loss Account - အရှုံးအမြတ်စာရင်း
Profit & Loss Adjustment Account - အရှုံးအမြတ် ခုနှိမ်စာရင်း
Profit & Loss Appropriation Account - အမြတ်ခွဲဝေစာရင်း
Promissory Notes - ပရိုနုတ်ခေါ် ငွေလွှဲလက်မှတ် / ကတိစာချုပ်
Purchases Day Book - ကုန်၀ယ်စာရင်မှတ်တမ်း
Purchases Returns Book - ကုန်၀ယ်ပြန်ပို့ မှတ်တမ်းစာအုပ်
Profit & Loss Statement - အရှုံးအမြတ်ရှင်းတမ်း
Profit & Loss Account - အရှုံးအမြတ်စာရင်း
Personal Account - ပုဂိုလ်စာရင်း
Posting - စာရင်းပို့ဆောင်ခြင်း
Purchase or Construction of Fixed Assets - ပုံသေပစ္စည်း၀ယ်ယူခြင်း (သို့) ဆောက်လုပ်ခြင်း
Provision for Depreciation Account - တန်ဖိုးလျှော့ ရာထားစာရင်း
Provision for Bad Debts - ကြွေးဆုံးရာထား
Patents - ပိုင်ခွင့်ကန့်သတ်သည့် လက်မှတ်များ
Purchase Ledger - အ၀ယ်လယ်ဂျာ

R

Real Account - ပစ္စည်းစာရင်း
Revenue Expenditure - သာမန်အသုံးစရိတ်
Replacement - အစားထိုးခြင်း
Renewal - အသစ်လဲ
Repairs - ပြင်ဆင်
Reducing Installment Method - လျော့ဆင်းသော အရစ်ကျစနစ်
Revaluation - ပြန်လည်တန်ဖိုးဖြတ်
Receipts and Payments Accounts - စုငွေပေးငွေစာရင်း
Rate & Taxes - မြူနီစီပါယ်ကြေး
Raw Materials - ကုန်ကြမ်းများ
Realization Account - ဆိုင်ဖျက်သိမ်းစာရင်း
Rebates - ပြန်အမ်းငွေ
Redeemable Preference Shares - ပြန်သိမ်းနိုင်သော အထူးအစုများ
Registered Capital - မှတ်ပုံတင်အစုအရင်းငွေ
Reserves - သီးသန့်ရံပုံငွေ
Reserve for Bad & Doubtful Debts - ကြွေးလျော်ရံပုံငွေ
Reserves Capital - သီးသန့်ထားသော အစုအရင်းငွေ

S

Salaries - လစာများ
Sales Day Book - ကုန်ရောင်း စာရင်းမှတ်တမ်း
Sales Returns Book - ကုန်ရောင်း ပြန်သွင်း မှတ်တမ်းစာအုပ်
Shares Capital - အစုအရင်းငွေ
Sight Drafts - လဆိုင်းပေးဘီလ်များ
Single Entry Book-keeping - တဘက်သွင်းစာရင်းရေးနည်း
Subsidiary Ledgers - လက်ထောက်စာရင်း စာအုပ်များ
Summary - စာရင်းတူများ ပေါင်းပေးခြင်း
Service - ဆောင်ရွက်မှု
Special Journal - အထူးဂျာနယ်
Straight Line Method - မျဉ်းဖြောင့်နည်း
Sales Ledger - အရောင်းလယ်ဂျာ
Statement of Affairs - လုပ်ငန်းအခြေအနေပြရှင်းတမ်း

T

Trade Discounts - ကုန်သည်နှုန်းလျှော့
Trading Account - ကုန်ရောင်း ကုန်၀ယ်စာရင်း၊ အရောင်းအ၀ယ်စာရင်း
Transfer Fees - အစုလွှဲပြောင်းကြေး
Transfer Journal - စာရင်းအပြောင်းအလွှဲမှတ်တမ်း
Travelers Salaries - နယ်လှည့် အရောင်းသမားများလစာ
Trial Balance - အစမ်းရှင်းတမ်း
Turnover - ကုန်ရောင်းရငွေ
Tangible - ဒြပ်ရှိ
Taking out a Trial Balance - အစမ်းရှင်းတမ်းရေးဆွဲခြင်း
Trade Mark - ကုန်မှတ်တမ်းတံဆိပ်
Total Account - စုစုပေါင်းစာရင်း
Total Debtors Account - စုစုပေါင်းမြီးစားများစာရင်း
Total Creditors Account - စုစုပေါင်းမြီရှင်များစာရင်း

U

Uncalled Capital - မခေါ်ရသေးသော အစုအရင်းငွေ
Unclaimed Dividends - လာမယူသေးသော အမြတ်ငွေ
Unpaid Calls - မရသေးသောအခေါ်များ
Unpresented Cheques - ငွေလာ၍မထုတ်သေးသော ချက်များ
Unit of Performance Method - ထုတ်လုပ်ကုန်အရေအတွက်ဖြင့် တွက်နည်း

W

Wages - အလုပ်သမားအခများ
Warehouse Expenses - ကုန်ရုံစရိတ်များ
Work in Progress - မပြီးသေးသော အလုပ်များ/ လုပ်ဆဲကုန်

Thanks and Credit to ▶ the original posters

#မူရင်းဘာသာပြန်ရေးသားသူကိုကျေးဇူးတင်ပါတယ်

Address

Tha Pyay 7 Street, Cherry 5 Street, Hlar Ka Myin Quarter
Hpa-an
13044

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00

Telephone

+959456486294

Website

Alerts

Be the first to know and let us send you an email when Aung Than Lwin Hein construction & decoration company posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share