APT Construction Chemicals

Website

APT Construction Chemicals Construction Chemicals brand since 2015.

26/09/2026

စွဲကပ်အားပိုကောင်းဖို့ နို့ရည်လို့ အလွယ်ခေါ်ကြတဲ့ APT Latex ကို အသုံးပြုနိုင်ပါတယ်။

#နို့ရည်

🔰စတုရန်းပေ ၁၀၀၀ ကျယ်တဲ့ နေရာများ ရေလုံစေဖို့ APT AquaCem 200 Flexဧရိယာ စတုရန်းပေ ၁၀၀၀ အထက် ကျယ်ဝန်းသော နေရာမျိုးတွေမှာ သ...
22/09/2026

🔰စတုရန်းပေ ၁၀၀၀ ကျယ်တဲ့ နေရာများ ရေလုံစေဖို့ APT AquaCem 200 Flex

ဧရိယာ စတုရန်းပေ ၁၀၀၀ အထက် ကျယ်ဝန်းသော နေရာမျိုးတွေမှာ သာမန်ရေလုံဆေး အသုံးပြုသည့်အခါ တုန်ခါမှုနဲ့ မျက်နှာပြင်လှုပ်ရှားမှုတွေကြောင့် ရေလုံဆေးအလွှာ ကွဲအက်တာမျိုး ဖြစ်တတ်ပြီး ရေစိမ့်နိုင်ပါတယ်။

✅ဒါကြောင့် ဧရိယာ ကျယ်ဝန်းတဲ့ နေရာတွေမှာ ရေလုံဆေး အသုံးပြုတော့မယ်ဆိုရင် အောက်ခံမျက်နှာပြင် အက်ကွဲရင်တောင် ရေလုံဆေးအလွှာ ကွဲသွားခြင်းမရှိဘဲ crack-bridging resistance ကို ၂ မီလီမီတာ အထိ ခံနိုင်ရည်ရှိတဲ့ APT AquaCem 200 Flex ရေလုံဆေးကို အသုံးပြုသင့်ပါတယ်။

✅APT AquaCem 200 Flex သည် သာမန် coating မဟုတ်ဘဲ အဆင့်မြင့် နှစ်မျိုးစပ် ဘိလပ်မြေ အခြေခံ ရေလုံဆေးဖြစ်ပြီး Flexibilityလည်း မြင့်မားသည့်အတွက် လှုပ်ရှားမှုဒဏ်၊ ကျုံ့ကြွမှုဒဏ်နှင့် အက်ကွဲ ဒဏ်ကိုခံနိုင်ရည်ရှိပြီး ဧရိယာ ကျယ်ဝန်းသော အမိုးစလပ်၊ လသာဆောင် စသော နေရာများအတွက် အသုံးပြုရန် သင့်တော်ပါတယ်။

✅ဒါ့အပြင် ရေဖိအားဒဏ်ကိုလည်း 1.5 bar အထိ မြင့်မားစွာ ခံနိုင်ရည်ရှိတာကြောင့် ရေကူးကန်လို ရေဖိအားများတဲ့ နေရာမျိုးတွေမှာပါအသုံးပြုနိုင်ပါတယ်။

✔AquaCem 200 Flex (28kg) 1 set လျှင် တစ်ကျင်းခန့် အသုံးပြုနိုင်ပါတယ်။

📌ထုတ်ပိုးမှုမှာ
✔AquaCem 200 Flex (4kg) - ဆေးမှုန့် (3) kg ၊ ဆေးရည် (1) kg
✔AquaCem 200 Flex (28kg) -ဆေးမှုန့် (21) kg ၊ ဆေးရည် (7) kg ဖြစ်ပါတယ်။

⚠️သတိပြုရမည့်အချက်
AquaCem 200 Flex ရေလုံဆေး အသုံးပြုထားတဲ့အပေါ်တွင် ကွန်ကရိ ထပ်ပိုးလွှာ (သို့) ကြွေပြားကပ် ပေးရပါမယ်။

✅For more information and Technical Datasheets, message or call us:
📞📞Phone (or) Viber
09 881 881 420

16/09/2026

ဘာကြောင့် APT NS Groutကိုရွေးချယ်သင့်တာလဲ?
APT NS Grout က ကျုံ့ကြွမှုမရှိတဲ့အတွက်
✅ ဝန်အားကို မြင့်မားစွာခံနိုင်ရည်ရှိခြင်း
✅ အသားသေချိန်မှာ ကျုံ့ကြွမှု မရှိခြင်း
✅ တုန်ခါမှု ဒဏ်ကို ခံနိုင်ခြင်း
✅ စီးဆင်းမှုအား ကောင်းခြင်း စတဲ့အချက်တွေကြာင့်
ဆောက်လုပ်ရေးလုပ်ငန်းတွေမှာ အဆောက်အဦ ခိုင်ခံ့အားကောင်းပြီး ရေရှည်ခံနိုင်ဖို့ရန်အတွက် APT NS Grout ကို ရွေးချယ် အသုံးပြုသင့်ပါတယ်။

🔰ကွန်ကရိ ကြမ်းခင်း မာကျောပြီး ဖုန်မထွက်စေဖို့  APT Floor Hardener 🔰✅APT Floor Hardener သည် ကွန်ကရိမျက်နှာပြင် မာကျောခိုင...
16/09/2026

🔰ကွန်ကရိ ကြမ်းခင်း မာကျောပြီး ဖုန်မထွက်စေဖို့ APT Floor Hardener 🔰

✅APT Floor Hardener သည် ကွန်ကရိမျက်နှာပြင် မာကျောခိုင်ခံ့စေသော ဘိလပ်မြေအခြေခံ ဆေးမှုန့် အမျိုးအစားဖြစ်ပါတယ်။

✅စက်ရုံ၊ အလုပ်ရုံ၊ ဂိုဒေါင်နှင့် ကားပါကင်တွေရှိ ကြမ်းခင်းတွေဟာ ပစ္စည်းအလေးအပင် အတင်အချများခြင်းနှင့် စက်ယန္တရားကြီးတွေရဲ့ သွားလာအသုံးပြုမှုကို နေ့စဉ်ခံရတာကြောင့်ကွန်ကရိကြမ်းခင်းတွေကို ပိုမိုမာကျောပြီး အကြမ်းခံနိုင်စေဖို့ APT Floor Hardenerကို အသုံးပြုပေးသင့်ပါတယ်။

📌APT Floor Hardener အသုံးပြုခြင်းဖြင့်

✔ကွန်ကရိမျက်နှာပြင်ကို ပိုမိုကျစ်လစ်သိပ်သည်းပြီး မာကျောစေခြင်း၊

✔ကြမ်းပြင်မျက်နှာပြင်မှ ဖုန်ထွက်မှုကို လျှော့ချပေးပြီး သိပ်သည်းချောမွေ့သော မျက်နှာပြင်ကို ရရှိစေခြင်း၊

✔အလေးချိန်မြင့်ဝန်များနှင့် Forklift ကဲ့သို့စက်ယန္တရားများ နေ့စဉ်သွားလာအသုံးပြုမှုကြောင့် ဖြစ်ပေါ်နိုင်သည့် ပွတ်တိုက်မှုဒဏ်များကို ပိုမိုခံနိုင်စေခြင်း၊

✔ဆီနှင့် အညစ်အကြေးများ စွန်းထင်းလွယ်မှုကို လျှော့ချပေးပြီး ကြမ်းပြင်ကို သန့်ရှင်းထိန်းသိမ်းရ ပိုမိုလွယ်ကူစေခြင်း စသည့် အကျိုးကျေးဇူးများရရှိစေပါတယ်။

✅APT Floor Hardener 20Kg/ Bag တစ်အိတ်လျှင် ကွန်ကရိ ကြမ်းခင်း စတုရန်းပေ ၁၀၀ အတွက် ခန့်မှန်းခြေ ၂.၅ အိတ် အသုံးပြုနိုင်ပါတယ်။

✅For more information and Technical Datasheets, message or call us:
📞📞Phone (or) Viber
09 881 881 420

14/09/2026

ရေယိုစိမ့်မှု ပြဿနာများကို APT Product များနဲ့ ဖြေရှင်းလိုက်ပါ။

#ရေယိုစိမ့်မှုပြဿနာ

08/09/2026

ဗြုတ်ရိုက်ရာမှာစွဲကပ်အားအလွန်ကောင်းတဲ့ APT Latex

ဗြုတ်ရိုက်တဲ့အခါမှာ စွဲကပ်အားကောင်းဖို့အတွက် APT Latex ကို အခုလို ရောစပ်ဖျော်ပေးဖို့ရန်အတွက် လိုအပ်ပါတယ်။
အောက်ခံကွန်ကရိမျက်နှာပြင်နှင့် Plaster ကြားစွဲကပ်အား ပိုမိုကောင်းမွန်စေရန်အတွက် ဗြုတ်ရိုက်မယ်ဆို
APT Latex 1ဆ၊ ဘိလပ်မြေ 2ဆ၊ သဲ၃ ဆ နဲ့ ရောစပ်ပြီး အသုံးပြုပေးရန်အတွက်လိုအပ်ပါတယ်။

🔰ကွန်ကရိ ကွာကျပျက်စီးတဲ့အခါ APT Patch Master နဲ့ ဘယ်လိုပြုပြင်သင့်လဲ?🔰ကွန်ကရိမျက်နှာပြင်တွေမှာ အချိန်ကြာလာတာနဲ့အမျှ ကွန်...
07/09/2026

🔰ကွန်ကရိ ကွာကျပျက်စီးတဲ့အခါ APT Patch Master နဲ့ ဘယ်လိုပြုပြင်သင့်လဲ?🔰

ကွန်ကရိမျက်နှာပြင်တွေမှာ အချိန်ကြာလာတာနဲ့အမျှ ကွန်ကရိကွာကျခြင်း၊ ပျက်စီးခြင်း၊ Honeycomb ဖြစ်ခြင်း စတဲ့အခြေအနေတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

✅ဒီလိုပျက်စီးနေတဲ့ ကွန်ကရိ မျက်နှာပြင်တွေကို ပြန်လည်ပြုပြင်ဖို့အတွက် ကျုံ့ကြွခြင်းမရှိတဲ့ APT Patch Master ကို အသုံးပြုနိုင်ပါတယ်။

✅APT Patch Master ရဲ့ အားသာချက်ကတော့ Fiber အမျှင်ပါဝင်ပြီး မျက်နှာကျက်တွေပြုပြင်တဲ့အခါမှာလည်း အပေါ်သို့ လှမ်းရိုက်၍ Patch လုပ်နိုင်ပါတယ်။

APT Patch Master ကိုအသုံးပြုမယ်ဆိုရင်

✔ အောက်ခံကွန်ကရိ အမာခံအထိ မကောင်းတဲ့ ကွန်ကရိတွေကို အရင်ဖယ်ရှားပေးရပါမယ်။

✔ ပြီးလျှင် ဖုန်မှုန့်၊ ချောဆီနှင့် အညစ်အကြေးများမရှိအောင် သန့်ရှင်းရေးပြုလုပ်ပေးပြီး မျက်နှာကြမ်းအောင် လုပ်ပေးရပါမယ်။

✔ ထို့နောက် မျက်နှာပြင်ကို pre-wet (ကြိုတင် ရေစွတ်) ပေးရပါမယ်။

✔ သန့်စင်သော ပုံးအတွင်းသို့ ရေအရင်ထည့်ပြီးနောက် APT Patch Master အား နည်းနည်းစီထည့်၍ မွှေစက်ဖြင့် သမအောင် ဖြည်းညှင်းစွာ ဖျော်စပ်ပေးရပါမယ်။

✔ ရေနှင့် အမှုန့် တစ်သားထဲ ဖြစ်သည်အထိ နားနား၍ မွှေပြီးနောက် ရောစပ်ပြီး ဆေးအား ကိုင်းပြား အသုံးပြု၍ ပြုပြင်ခြင်းများ လုပ်ဆောင်နိုင်ပါတယ်။

⚠ APT Patch Master (20 kg) တစ်အိတ်ကို ပျမ်းမျှအနေဖြင့် ရေ (၃) လီတာမှ ရေ (၃.၅) လီတာ ခန့် ရောစပ်ပေးရမည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

🔰သင့်အိမ်ကို ရေလုံအောင် ကာကွယ်ပေးမယ့် AquaCem 100 🔰ရေယိုစိမ့်မှု အဖြစ်များတဲ့ အမိုးစလပ်များ၊ မြေအောက်နံရံများ၊ ဝရံတာများ...
05/09/2026

🔰သင့်အိမ်ကို ရေလုံအောင် ကာကွယ်ပေးမယ့် AquaCem 100 🔰

ရေယိုစိမ့်မှု အဖြစ်များတဲ့ အမိုးစလပ်များ၊ မြေအောက်နံရံများ၊ ဝရံတာများ၊ ရေချိုးခန်းနှင့် အိမ်သာများ စတဲ့ ရေနဲ့ထိတွေ့မှုများတဲ့နေရာတွေမှာ ရေလုံဆေးမသုံးထားရင် အချိန်ကြာလာတဲ့အခါ ရေစိမ့်ဝင်မှုတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။

✅ဒီလို ရေစိမ့်ဝင်မှုတွေကို ကြိုတင်ကာကွယ်ဖို့ ဘိလပ်မြေ အခြေခံရေလုံဆေး ဖြစ်တဲ့ APT Aqua Cem 100 ကို အသုံးပြုနိုင်ပါတယ်။

✅AquaCem 100 အသုံးပြုမည့် ကွန်ကရိမျက်နှာပြင်သည် သန့်ရှင်းမာကျောမှု ရှိရပြီး ဆေးအသုံးမပြုမီ ကွန်ကရိမျက်နှာပြင်အား ရေဖြင့် စိုစွတ်အောင်အရင်လုပ်ထားရပါမည်။

ဆေးအသုံးပြုပုံ
✔️ဆေးမှုန့်(၄)ဆ၊ ဆေးရည်(၁)ဆ ကို သမအောင်မွှေစက်ဖြင့် မွှေပြီးနောက် အသုံးပြုလိုသည့် မျက်နှာပြင်သို့ စုတ်တံ၊ ကိုင်းပြားတို့ဖြင့် ဆေးနှစ်ထပ်သုတ်လိမ်းပေးရပါမည်။

✔️ဆေးတစ်လွှာလျှင် 1mm အထူသုတ်လိမ်း၍ အနည်းဆုံး (၂)လွှာ သုတ်လိမ်းရပါမည်။

✔️ဆေးတစ်လွှာနှင့် တစ်လွှာကြား အနည်းဆုံး (၅)နာရီခန့် စောင့်ဆိုင်းပြီးမှ နောက်ထပ်ဆေးတစ်လွှာ ထပ်မံ သုတ်လိမ်းရပါမည်။

အသုံးပြုနိုင်မည့် ပမာဏ
✔️AquaCem 100 (25 kg) တစ်စုံတွင် ဆေးရည် 20 kg နှင့် ဆေးမှုန့် 5 kg ပါဝင်ပြီး တစ်စုံ လျှင် 1 ကျင်းခန့် အသုံးပြုနိုင်သည်။

⚠️သတိပြုရန်
AquaCem 100 ရေလုံဆေးကို Topping မတင်ခင် အသုံးပြုရန် လိုအပ်သည်။

Check us out on www.AungPyitan.com or call us:
📞📞Phone (or) Viber
✅ 09 881 881 420

🔰Forklift အသွားအလာများတဲ့နေရာတွေမှာ ကြမ်းခင်းအကြမ်းခံဖို့ APT Floor Hardener🔰 Forklift (ဖော့ကလစ်) အသွားအလာများပြီး ဖော့က...
03/09/2026

🔰Forklift အသွားအလာများတဲ့နေရာတွေမှာ ကြမ်းခင်းအကြမ်းခံဖို့ APT Floor Hardener🔰

Forklift (ဖော့ကလစ်) အသွားအလာများပြီး ဖော့ကလစ်ဘီးတွေရဲ့ နေ့စဉ်ပွတ်တိုက်မှုခံရသော နေရာများနှင့် အလေးချိန်မြင့် ကုန်ပစ္စည်းများ တင်ဆောင်ရွှေ့ပြောင်းခြင်းတို့ကြောင့် ကွန်ကရိကြမ်းပြင်သည် အချိန်ကြာလာသည်နှင့်အမျှ ပွတ်စားပြီး ထိခိုက်ယိုယွင်းလာနိုင်ပါတယ်။

✅ဒီလို အသုံးပြုမှုများတဲ့ ကြမ်းခင်းတွေအတွက် ကွန်ကရိမျက်နှာပြင် မာကျောခိုင်ခံ့စေသော ဆေးမှုန့် APT Floor Hardener ကို အသုံးပြုနိုင်ပါတယ်။

✅APT Floor Hardener သည် ကွန်ကရိမျက်နှာပြင်၏ ခံနိုင်ရည်ကို မြှင့်တင်ပေးပြီး အလေးချိန်မြင့်ဝန်များ၊ Forklift နှင့် ယာဉ်များ၏ နေ့စဉ်ပွတ်တိုက်မှုဒဏ်များကြောင့် ဖြစ်ပေါ်နိုင်သော မျက်နှာပြင်ပွတ်စားယိုယွင်းမှုကို လျှော့ချပေးပါတယ်။

✅ထို့အပြင် ဖုန်ထွက်ခြင်းကိုလည်း လျှော့ချပေးကာ ချောမွေ့ပြောင်လက်သော ကြမ်းခင်းမျက်နှာပြင်ကို ရရှိစေပါတယ်။

🔰အသုံးပြုပုံ

☑ကွန်ကရိလောင်းပြီး မျက်နှာပြင်ညီညာအောင် ပြင်ဆင်ပြီးနောက် ကွန်ကရိစတင်ပျစ်ခဲချိန်တွင် APT Floor Hardener ကို မျက်နှာပြင်အနှံ့ ညီညာစွာ ဖြူးပေးရပါမည်။

☑ထို့နောက် APT Floor Hardener အမှုန့်အား (၁) မီတာ ပတ်လည်လျှင် 3kg မှ 6kg အတွင်း ကွန်ကရိမျက်နှာပြင်ပေါ်သို နေရာအနှံ့ သမမျှတစွာ ရောက်အောင် ဖြန့်ဖြူးပြီး Floating machine ဖြင့် ညီညာစွာ ပွတ်တိုက်ပေးရမည်။

☑မျက်နှာပြင်အားနောက်ဆုံး အချောသတ်ပြီးချိန်တွင် curing compound ( ၁ မီတာ ပါတ်လည်တွင် 100 မှ 150 ဂရမ် ) အသုံးပြုပေးရပါမည်။

📌APT Floor Hardener အသုံးပြုမည့် အောက်ခံ ကွန်ကရိကြမ်းခင်းသည် 6 လက်မခန့် ရှိသင့်ပါတယ်။
☑တအိတ်လျင် 25 kg ပါ၀င်ပါသည်။
၁ မီတာပါတ်လည်တွင် 3 kg မှ 6 kg အသုံးပြုနိုင်ပြီး 2 mm မှ 3 mm အထူ ရရှိမည်ဖြစ်ပါသည်။

✅For more information and Technical Datasheets, message or call us:
📞📞Phone (or) Viber
09 881 881 420

Address

54A Thirimingalar Road
Kamayut
11041

Opening Hours

Monday 10:00 - 16:30
Tuesday 10:00 - 16:30
Wednesday 10:00 - 16:30
Thursday 10:00 - 16:30
Friday 10:00 - 16:30

Alerts

Be the first to know and let us send you an email when APT Construction Chemicals posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share