28/11/2022
ဆိုလာစနစ်အကြောင်း သိထားသမျှ
=====================
ဆိုလာစနစ်က ကိုယ်သုံးတဲ့ ပစ္စည်းအမျိုးအစား အသုံးပြုမယ့် ကြာချိန်ပေါ်မူတည်ပြီး စျေးနှုန်းက အမျိုးမျိုးရှိနိုင်ပါတယ် ဒါကတစ်ချက်ပါ ဆိုလာအကြောင်း ဆက်မပြောခင် အားသွင်း အသုံးပြုရတဲ့ ပစ္စည်းလေးတွေအကြောင်း အရင်ဆက်ရအောင်
ကျွန်တော်တို့တွေ အခုဝယ်သုံးနေတဲ့ ပစ္စည်းတော်တော်များများက ဓာတ်ခဲ ဒါမှမဟုတ် လျှပ်စစ်မီးနဲ့ ပြန်လည်အားသွင်းရတဲ့ပစ္စည်းတွေပဲဖြစ်ပါတယ်။ တစ်ချို့ပစ္စည်းတွေမှာတော့ ဆိုလာ Panel လေးတွေပါပြီး အားပြန်သွင်းအသုံးပြုနိုင်တယ်ဆိုပြီး ရှိပါတယ်။ ဒီပစ္စည်းတွေက စျေးနှုန်းလည်း ချိုသာသလို သုံးစွဲသူအကြိုက်လို့ပြောရင်လည်း မမှားပါဘူး။ စျေးကလည်း သောင်းဂဏန်းကစပြီး သိန်းဂဏန်းလောက်ပဲရှိတတ်ပါတယ်။ ဒါကတစ်ချက်ပါ
အပေါ်ကပြောခဲ့တဲ့ ဆိုလာအကြောင်း ပြန်ဆက်ရအောင်
ဆိုလာစနစ်သုံးလို့ပြောလိုက်တာနဲ့ ပထမဆုံးကိုယ်က
ဘာအတွက်သုံးမလဲ ဆိုတာအရင်စဉ်းစားဖို့လိုပါတယ်။
အိမ်သုံးလား ရုံးသုံးလား စက်ရုံသုံးလား
အိမ်သုံးဆိုရင်လည်း အိမ်မီးပဲသုံးမှာလား/ တီဗွီဖွင့်မှာလား/ အဲယားကွန်းသုံးမှာလား/ ဒယ်အိုးအနီလာ/ ထမင်းပေါင်းအိုးလား စသဖြင့် သုံးစွဲသူက အရင်လိုအပ်ချက်ကို တွက်ချက်ရပါမယ် ဒါကတစ်ဆင့်ပါ
ကိုယ်သုံးမယ့်ပစ္စည်းစဉ်းစားပြီးတာနဲ့ နောက်တစ်ဆင့် စဉ်းစားရမှာက ကိုယ်ကနေ့ပဲသုံးမှာလား ညရောသုံးမှာလား ညဆိုရင်လည်း အချိန်ဘယ်လောက်အထိ သုံးမလဲဆိုတာတွေကို စဉ်းစားထားဖို့လိုပါတယ်။
အဲ့ဒီအချက်တွေ ပြီးပြီဆိုရင်တော့ ဆိုင်မှာ ကိုယ်ဆင်ချင်တဲ့ ပုံစံကို ပြောပြီ ဆိုရင် ကုန်ကျစရိတ်ကစပြီးတွက်ချက်ပေးပါလိမ့်မယ်
ဆိုလာစနစ်ကို စတင်တွက်ချက်ပြီဆိုရင်
(၁) ကိုယ်သုံးမယ့်ဝန်ကို အရင်မေးပါမယ် ဘာတွေသုံးမလဲဆိုတာ
(၂) မေးပြီးတာနဲ့ နေ့ရောညရောသုံးမှာလားဆိုတာပါလာပါလိမ့်မယ် (နေ့ပဲသုံးရင်တော့ Solar နဲ့ Hybrid လောက်ပဲလိုအပ်ပြီး ညဆိုရင်တော့ ဘက်ထရီ စနစ်ပါလာပါလိမ့်မယ်) ဒါကတစ်ချက်ပါ
(၃)ညအသုံးပြုစနစ်အတွက် ဘက်ထရီကို ကုန်ကျစားရိတ်ပေါ်မူတည်ပြီး အမျိုးအစားရွေးချယ်ရပါလိမ့်မယ် (သုံးတဲ့ ဘက်ထရီပေါ်မူတည်ပြီးရေရှည်ခဲနိုင်မှုနဲ့ ကုန်ကျစရိတ်ကွာပါမယ်) ဒါကအကြမ်းဖျဉ်းပေါ့
ပြောချင်တာကတော့ ဆိုလာစနစ်က ဆိုလာ Panel ၊ အင်ဗာတာ ၊ ဘက်ထရီ စတဲ့ ကုန်ကျစရိတ်တွေ တပ်ဆင်ခတွေရှိတဲ့ အတွက် ပုံမှန် ခဏတာအတွက် အသုံးပြုတဲ့ ပစ္စည်းတွေထက်တော့ စျေးကအဆမတန် ကွာပါတယ်။
လတ်တလေ အိမ်သုံးတပ်ဆင်မယ်ဆိုရင်တော့ ကျပ်သိန်း ၂၀ ကနေ ၃၀ ဝန်းကျင်ရှိပါတယ်။မှတ်ချက်- အိမ်သုံးတွင် watt အားအများဆုံးပစ္စည်းအသုံးပြုသော ပစ္စည်းများဖြစ်သည့် ထမင်းပေါင်းအိုး ဒယ်နီ အစရှိသေးပစ္စည်းများမပါဝင်နိုင်ပါဘူး။ပါလာရင်တော့ သိန်းရာဂဏန်းလောက်အထိ ကုန်ကျစရိတ်ရှိနိုင်တယ်ဆိုတဲ့ အကြောင်း သိသလောက် မှတ်သလောက် မျှဝေပေးလိုက်ပါတယ်။