AEC Lashio Building Construction

AEC Lashio Building Construction We aceept jobs related to building construction.

09/06/2023
ကွန်ကရစ်ကို ကွန်ကရစ်လို့ မြင်နှိုင်မှ RC ဆောက်ပါလို့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ဆူဘူးပါတယ်။ ကွန်ကရစ်ဟာ RC အဆောက် အဦးတ...
09/06/2023

ကွန်ကရစ်ကို ကွန်ကရစ်လို့ မြင်နှိုင်မှ RC ဆောက်ပါလို့ ကျွန်တော့်ဆရာက ကျွန်တော့်ကို ဆူဘူးပါတယ်။ ကွန်ကရစ်ဟာ RC အဆောက် အဦးတွေရဲ့ အသက်ပါပဲတဲ့ ။

" ကွန်ကရစ် ဘယ်လိုဖျော်မလဲ "

ကွန်ကရစ် မဖျော်ခင် သုံးမယ့် သဲ၊ကျောက်၊ရေတွေကို စစ်ရပါ့မယ်။ သဲမှာ နှုန်းပါဝင်မှု့ ရှိနေရင်မသုံးရပါ။ ကျောက်မှာ ဖုန်မှုန့်တွေ များနေရင် ရေဆေးခိုင်းရပါ့မယ်။ကွန်ကရစ်ဖျော်မယ့်ရေကလည်း chemical ဓါတ်တွေ ကင်းရှင်းနေရပါမယ်။ ကြည်လင်သန့်ရှင်းရပါမယ်။ (လူသောက်လို့ရနိုင်တဲ့ ရေနဲ့ ဖျော်နိုင်ရင် အကောင်းဆုံးပါ။) တိုင်တွေ၊ဘင့်တွေ၊စလပ်တွေ (structure con:) အတွက် လက်ဖျော် ဖျော်ခြင်းကို လုံးဝ မသုံးရပါဘူးး ။
mixer နဲ့ ဖျော်တဲ့ အချိန် သဲ၊ကျောက်၊ ဘိလပ်မြေတွေ အရင်ထည့် နှံအောင် မွေပြီးမှ ရေထည့်ရပါတယ်။ (site တော်တော်များများမှာတော့ ရေအရင်ထည့်ကျပါတယ်)
ရေဘယ်လို ထည့်ရမလဲ။ ကွန်ကရစ်ထဲ ရေပါ၀င်များရင် လုပ်ငန်းခွင်( workability) ကောင်းမယ်။ သို့သော် ခွန်အား( strength) ကျမယ်။ ကွန်ကရစ်ထဲ ရေပါ၀င်မှုနည်းရင် strength ကောင်းမယ်။ သို့သော် သွန်းလောင်းတဲ့ချိန် ကိုင်ရသွယ်ရ သွန်းလောင်းရတာမကောင်းဘူး။ ကန်ထရိုက်တာတွေနဲ့ ကာယလုပ်သားများက မကြိုက်ကြဘူးး။ ဒါကြောင့် strength လည်းကောင်းအောင်၊ workability လည်းအဆင်ပြေအောင်လောက်သာ ရေကိုသုံးသင့်တယ်(site ခေါ် ခပ်ထွေးထွေးလေးပေါ့)။ w/c ratio 0.35 ဆိုတာ ဘိလပ်မြေ ပေါင် 100 တိုင်းမှာ ရေက 35 ပေါင်ထည့်တယ်ဆိုတာကို ပြောတာပါ။ ကွန်ကရစ်ထဲ ရေဘယ်လောက်ရောရမယ်ဆိုတာက သဲနဲ့ကျောက်ရဲ့ ရေပါ၀င်မှုပေါ် အများကြီးမူတည်ပါတယ်။ ဘိလပ်မြေဘယ်လောက်မှာ ရေဘယ်လီတာထည့်ရတယ်ဆိုတာမျိုးအတည်မှတ်လို့ အဆင်မပြေနိုင်ပါ။mixer ထဲရေထည့်ပြီးပြီဆိုတာနဲ့ 2 မိနစ်ထက် ပိုမမွှေသင့်ပါဘူး။ segregation ဖြစ်မှာဆိုးတာကြောင့်ပါ။ ( w/c အဆင်ပြေမပြေ slump test လုပ်ကြည့်ပြီး သိနိုင်တယ်။)
slump test လုပ်တယ်ဆိုတာ ခုဖျော်လိုက်တဲ့ ကွန်ကရစ်ရဲ့ consistency (အမြဲလိုလို တူညီအရာ၊ သတ်မှတ်ချက်) ကို စမ်းတာပါ။ ကွန်ကရစ်လောင်းပြီးနောက်မှ အရည်အသွေးမမှီလို့ ပြန်ပြင်၊ ပြန်ဖြိုရတယ်မဖြစ်အောင် မလောင်းခင် (လောင်းတော့မယ့်ဆဲဆဲ) မှာ ကွန်ကရစ်အရည်အသွေးသိရအောင်လို့ slump test လုပ်လေ့ရှိကြတယ်။ အလားတူဘဲ လောင်းရမယ့် ကွန်ကရစ်ထုထည်များတဲ့ချိန်မှာလည်း တူညီတဲ့ ကွန်ကရစ်အရည်အသွေး တစ်မျိုးတည်းရအောင် (ဖြစ်အောင်)လို့ slump test လုပ်ကြတယ်။Batching plant ကနေ AG မှာတဲ့ချိန်မှာလည်း batching operator ဖျော်တာ မှန်မမှန် (လက်ခံနိုင်မခံနိုင်) slump စမ်းပြီးမှ ငြင်းပယ်၊ လက်ခံကြလေ့ရှိပါတယ်။structure concrete မှန်မမျှ slump test လုပ်ပြီးမှ သုံးလေ့ရှိကြပါတယ်။ recommend ပေးကြပါတယ်။ (နယ်ဘက်တွေမှာ slump test လုပ်လေ့မရှိကြပါဘူး။)(ဒီနေရာမှာ တစ်ခုရှိတာက slump အောင်တိုင်း ကွန်ကရစ်အရည်အသွေးကောင်းတယ်လို့ သတ်မှတ်လို့မရပါ။ လောင်းတဲ့ပေါ်မူတည်ပြီး လောင်းတဲ့ချိန် compaction (ကျစ်လစ်အောင် လုပ်ပေးမပေး၊ vi****or ထိုးပေးမပေး) သေချာလုပ်ပေးမပေးနဲ့ လောင်းပြီးတဲ့ချိန် curing သေချာလုပ်ပေးမပေးပေါ်မူတည်ပြီးလည်း concrete strength ပေါ် အများကြီးသက်ရောက်မှုရှိပါတယ်။)
အရပ်ထဲက ကန်ထရိုပ်တာ တိုက်တွေ slump test မလုပ်ပါဘူးး ။ အဲ့ကြရင် 1:2:4 အချိုးကို ခပ်ထွေးထွေးဖျော်ပါ ။ ရေပါဝင်မှု့ကို ချိန်တွယ်ထားပါ ။ ရေအချိုးကို ပုံမှန်ထည့်ပါ ။ မများသွားရ မနည်းရ ။ လောင်းပြီဆိုတာနဲ့ compaction(သိပ်သည်းမှု့) ရအောင် လုပ်ပေးရပါ့မယ်။
compaction (vi****or ထိုးတယ်) လုပ်တယ်ဆိုတာ ကွန်ကရစ်ထဲပါတဲ့ လေကိုထုတ်ပြီး ကွန်ကရစ်သား ကျစ်လစ်သိပ်သည်းအောင်လုပ်တာပါ။compaction သေချာမလုပ်ပေးရင် ကွန်ကရစ်ထဲ void(ပျက်ပြယ်)တာ တွေ honeycomb(ကျောက်ပွင့်) တာ တွေ ဖြစ်ပြီး ကွန်ကရစ် strength ကျပါတယ်။ ပြီးတော့ အဲ့ဒီ void တွေကနေ သံချောင်းတွေရေဒဏ်၊လေဒဏ်ထိပြီး သံချေးတက်လေ့ရှိကြတောင့် ကွန်ကရစ် durability (ကြာရှည်ခံမှု့ကို) အများကြီးထိခိုက်နိုင်ပါတယ်။

နေအုံးးး ကျန်သေးတယ် ။ ဖျော်ပြီးသား ကွန်ကရစ်ကို 15 မိနစ်နဲ့ မိနစ် 20 ကြား ကုန်အောင် သုံးသင့်ပါတယ်။

Crd Original Writer

.......🙏🏼🙏🏼🙏🏼မင်္လာပါရှင့်🙏🏼🙏🏼🙏🏼.....AEC Design & Construction မှလူကြီးမင်းတို့ စိတ်တိုင်းကျ ဆောက်လိုသော အ‌ဆောက်ဦးများကိ...
08/06/2023

.......🙏🏼🙏🏼🙏🏼မင်္လာပါရှင့်🙏🏼🙏🏼🙏🏼.....
AEC Design & Construction မှ
လူကြီးမင်းတို့ စိတ်တိုင်းကျ
ဆောက်လိုသော အ‌ဆောက်ဦးများကို

အင်ဂျင်နီယာများမှ ဒီဇိုင်းရေးဆွဲပေးခြင်း၊
ကုန်ကျစရိတ် တွက်ချက်ပေးခြင်း၊ဆောက်လုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ် ရှင့်။☺️☺️☺️

AEC Design & Construction Construction Co.Ltdအား အလုပ်အပ်ချင်ကြသောလူကြီးမင်းများ
🙏🙏🙏

⏩မြန်မာနိုင်ငံရဲ့မည်သည့်နေရာမဆို ပစ္စည်း၊လက်ခ အပြီးဖြင့်အပ်နိုင်ပါတယ်ရှင့်၊၊🙏🙏🙏

⏩ငွေအကြေမချေနိုင်သောအိမ်ရှင်များအတွက် အရစ်ကျစနစ်ဖြင့်လည်းဆောက်လုပ်ပေးပါတယ်ရှင့်🙏🙏🙏

⏩အရစ်ကျစနစ်ဆိုတာဘယ်လိုမျိုးလဲ❓

⏩အရစ်ကျစနစ်ဆိုတာ မိမိတို့အပ်နှံ့ဆောက်လုပ်မည့်အဆောက်အဦးရဲ့ကုန်ကျစရတ်ကို တစ်ရစ်ခြင်း ၊အကြိမ်ခွဲပေးနိုင်တဲ့စနစ်ကိုခေါ်တာပါရှင့်။🙏🙏🙏

⏩ဘယ်နှစ်ကြိမ် ခွဲပေးလို့ရနိုင်သလဲ❓

⏩(၉)ကြိမ်တိတိ ခွဲပေးနိုင်ပါတယ်
(၁)စာချုပ်သည့်နေ ၁၀%
(၂)လူရောက်ပစ္စည်းချမည့်နေ့ ၃၀%
(၃)ဖောင်ဒေးရှင်းပြီးသည့်နေ့ ၁၀%
(၄)တိုင်ထောင်အမိုးစသည့်နေ့ ၁၀%
(၅)အုတ်စီသည့်နေ့ ၁၀%
(၆)နံရံအချောကိုင်သည့်နေ့ ၁၀%
(၇)မျက်နှာကျက်စသည့်နေ့ ၁၀%
(၈)ရေ၊မီး၊ဆေးစသည့်နေ့ ၅%
(၉)အိမ်ရှင်ကိုအပ်သည့်နေ့ ၅%
ကျစီခွဲပေးနိုင်ပါတယ်ရှင့်🙏🙏🙏

⏩ဆောက်လုပ်မည် မြေကွက်အကျယ်အဝန်း၊ အဆောက်အဦးတူညီသော်လည်း နေရာဒေသပြောင်းလဲမှုပေါ်လိုက်၍ စျေးနှုန်းပြောင်းလဲမှုရှိပါမယ်ရှင့်🙏🙏🙏

✅မိမိတို့ရဲ့ အိမ်မက်များကိုအကောင်ထည်ဖော်ဖို့
AEC Design & Construction ကုမ္မဏီအား ဆက်သွယ်ကြရန် လူကြီးမင်းတို့ကိုဖိတ်ခေါ်ပါတယ်ရှင့်။🙏🙏🙏

🔜ယုံကြည်မှု💯ဖြင့် လာရောက်အပ်နှံ့နိုင်ပါတယ်ရှင့်
🙏🙏🙏

အလုပ်အပ်ရန် ⤵
☎09650225532
☎09968613559 စသည့်ဖုန်းနံပါတ်များကို ဆက်သွယ်နိုင်ပါတယ်ရှင့်။🙏🙏🙏

page message box မှလည်းဆက်သွယ်နိုင်ပါတယ်ရှင့်🙏🙏🙏

Septic TankSeptic tank က တစ်ချို့ဆို RC နဲ့ အကြီးကြီး လုပ်ကြတာ။ အခုက တော့ မေးတဲ့သူ ပြောတာနဲ့ ပတ်သက်တဲ့ Septic Tank လုပ်တ...
08/06/2023

Septic Tank

Septic tank က တစ်ချို့ဆို RC နဲ့ အကြီးကြီး လုပ်ကြတာ။ အခုက တော့ မေးတဲ့သူ ပြောတာနဲ့ ပတ်သက်တဲ့ Septic Tank လုပ်တဲ့ Procedure ပဲ ဖြေပေးလိုက်ပါတယ်။

လုပ်ကွက် အဆင့် ဆင့် လေး မှတ်ထားပါ။ ပုံမှာ ကန်ကို အသေးတစ်ပုံ အကြီး တစ်ပုံ တင်ပေးလိုက်ပေမဲ့ လုပ်ကွက်က အတူတူပါပဲ။ နောက်တစ်ခု သတိထားရမှာ က ကိုယ်က မိုးများရေလျှံတက်တဲ့နေရာ ဆိုရင်တော့ septic tank ကို မြေပေါ် မှာ non work volume ကို တစ်ပေမှ နှစ်ပေ အထိ ထားပေးရပါတယ်။ အဲဒီလို ပတ်၀န်းကျင် မဟုတ်ရင်တော့ မြေမှာ N.G.L နဲ့ level အတူတူ ထားလို့ ရပါတယ်။ effective depth ကတော့ ပုံမှာ ပေးထားတဲ့ အတိုင်း လုပ်ရမှာပါ။

၁။ မြေကြီးတူးမယ်။ အောက်ခံ Hard Core အထိတူးမယ်။

၂။ Hard Core ရိုက်မယ် အုတ်ကျိုး ၊ခဲကျိုး၊hillgravel ကြိုက်တာနဲ့ရိုက်။ သဲကျပ်ပါ။ ရေလောင်းပါ။

၃။ Lean concrete လောင်းပါ။ သုံးလက်မ ပါ။

၄။ Base Slab လောင်းပါ။ အဲဒီအခါ ပုံမှာ သံပါရင် သံထဲ့ပါ။ မပါရင် မထဲ့နဲ့။ ဒီနေရာမှာ တစ်ခု မှတ်ထားရမှာက ကန်က နှစ်ကန်ဆိုရင် inlet ဘက်က ကန်ကိုတော့ အပြည့်လောင်းပြီး။ နောက် တစ်ကန်ကတော့ အရည် ကန် ဖြစ်လို့ ကြမ်းခင်းမှာ တစ်ပေ ပတ်လည် ဒါမှ မဟုတ် တစ်ပေခွဲ ပတ်လည် အပေါက်ချန်ပြီး လောင်းပါ။ အဲဒီ အပေါက် ကို lean concrete လောင်းကတည်းက ချန်ထားခဲရမှာပါ။ သူကို ခဲကျိုး ဖြည့်ပါ။ ဒါက အရည်က မြေကြီးထဲ စိမ့်၀င်သွားဖို့ပါ။

၅။ အုတ်ရိုးစီပါ ပုံပါအတိုင်းစီပါ။ အုတ်ရိုး စီရင်းနဲ့ looping ကူးမည့် pipe တွေ တစ်ခါတည်းထဲ့ခဲ့ပါ။

၆။ အတွင်းဘက်မှာ အောက် တစ်ပေခွဲ မှ နှစ်ပေ ချန်ပြီး Plaster ကို ငါးမူးထု ချောခဲ့ပါ။ အောက်အထိမချောပါနဲ့ အရည်တွေ မြေကြီးထဲ စိမ့်၀င်ဖို့ လိုပါတယ်။ အုတ်ရိုးကြားမှ စိမ့်ပါလိမ့်မယ်။

၇။ အပြင်ကိုတော့ ငါးမူးထု Plaster ကိုNGL level မြေအောက် တစ်ပေခွဲ အထိချောလိုက်ပါ။

အဖုံးမဖုံးခင် Plaster အပြီးချောပါ။

၈။ အဖုံးလောင်းပါ သံစကာ ပါပါစေ။ အဲဒီအခါ manhole အတွက် inlet နေရာ၊ ကန်နှစ်ကန်အတွက် တစ်ပေါက်စီ ထားခဲ့ပါ။ လူ၀င်လို့ရအောင် တစ်ပေ့ကိုးလက်မ အနည်းဆုံး ဖြစ်ပါစေ။

၉။အဖုံးလောင်း ရင် လေကောက် လို့ခေါ်တဲ့ vamp pipe နှစ်လုံး ထဲ့ခဲ့ပါ။ ပုံမှာ ပေးထားရင်တော့ ပေးထားတဲ့ အရေအတွက်တိုင်း ထဲ့ပါ။

၁၀။ အားလုံးပြီးသွားရင်တော့ မြေဖို့ပါ။
Manhole အဖုံးဖုံးပြီး သက်ဆိုင်ရာ pipe တွေ join ပါ။

Credit: Aye Aye Win

Hand sketching Skill
29/05/2023

Hand sketching Skill

Address

Pyi Doung Su Street
Lashio
06304

Telephone

+959962404692

Website

Alerts

Be the first to know and let us send you an email when AEC Lashio Building Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to AEC Lashio Building Construction:

Share