T - Prime Electric

T - Prime Electric Solar battery inverter

100Ah - 2 လုံး သုံးရမလား ?200Ah - 1 လုံး သုံးရမလား?200Ah - 3 လုံး သုံးရမလား?300Ah - 2 လုံး သုံးရမလား?စသဖြင့် သို့လော သို...
18/06/2025

100Ah - 2 လုံး သုံးရမလား ?
200Ah - 1 လုံး သုံးရမလား?

200Ah - 3 လုံး သုံးရမလား?
300Ah - 2 လုံး သုံးရမလား?

စသဖြင့် သို့လော သို့လော ရွေးချယ်ရခက်နေလို့ရှိရင် ဒီပိုစ့်လေးကို ဖတ်ပါ။

ကျတော့်အနေနဲ့ အကြံပေးရရင်တော့ 100Ah တို့ 200Ah တို့ဆိုတာ မသုံးစေချင်ပါဘူး။ ဘာလို့လဲဆိုတော့ ခေတ်မမှီတော့လို့ပါ။ တက်နိုင်ရင် 300Ah ဆဲလ်နဲ့ပြုလုပ်ထားတဲ့ ဘက်ထရီကို အသုံးပြုပါ။

ဘာလို့ 100Ah & 200Ah ဆဲလ်တွေထက် 300Ah ဆဲလ်တွေကို ပိုအသုံးပြုသင့်သလဲဆိုရင်

1. နည်းပညာလည်း ဟောင်းသွားပြီ။

100Ah & 200Ah cellsတွေရဲ့ Lifecycle က 4000 - 6000 အတွင်းပဲရှိတယ်။ ဥပမာ EVE V3 280K (280Ah) ဆိုရင် Lifecycle 8000 ဖြစ်သွားပြီ။အဲ့ဒီ 280K နောက်မှ ထုတ်တဲ့ MB 30 (306Ah) နဲ့ MB 31 (314Ah) တို့ဆိုရင် Lifecycle 10000 ဖြစ်သွားပါပြီ။

2. Used cells & Expired cells

100Ah & 200Ah ဆဲလ်တွေက ထုတ်လုပ်လာခဲ့တဲ့သက်တမ်း ကြာပြီဖြစ်တဲ့ကြောင့်မို့ Used cell တွေ ပေါ်လာနိုင်ခြေလည်း များပါတယ်။ Used cells မဟုတ်တောင် ဆဲလ်အသစ်ဖြစ်ပေမဲ့ ရောင်းမကုန်တဲ့ ဆဲလ်တွေ Storage timeအရမ်းကြာခဲ့တဲ့ ဆဲလ်တွေဆိုရင် ကြေငြာထားတဲ့ Lifecycleထက် အများကြီးနဲပြီး သက်တမ်းလည်း တိုနိုင်ပါတယ်။

300Ah ဆဲလ်တွေကတော့ ထုတ်လုပ်တဲ့ခုနှစ်မကြာသေးတာကြောင့် 100Ah & 200Ah ဆဲလ်တွေလောက်တော့ Risk မများပါဘူး။ ဥပမာ MB 30&31 ဆိုရင် 2024 ခုနှစ်ကမှ
စတင်ထုတ်လုပ်တဲ့အတွက်ကြောင့်
Self lifeကြာမှာ စိတ်ပူစရာမလိုသလို MB30,31 Cellsကို Used cell လားလို့ လာမေးရင် " ဟမ် ခင်များ September မှာထွက်တဲ့ I phone new modelကို September လမှာ Second ထွက်ပါ့မလား"လို့ ပြန်မေးလိုက်မှာ 😂

3. စျေးများတယ်

100Ah & 200Ah ဆဲလ်တွေက လူကြိုက်နည်းသလို ထုတ်လုပ်မှုလည်း နည်းတဲ့အတွက်ကြောင့်မို့လို့ 300Ah နဲ့ယှဥ်ရင် KWh/priceမှာကျ စျေးလည်း ပိုများပါတယ်။ လက်ရှိ 51.2V,100Ah စျေးက 32 သိန်းပါ၊ 51.2V,300Ah (MB30) ရဲ့စျေးကတော့ 74 သိန်းပါ။ Capacity သုံးဆလောက် ကွာသွားပေမဲ့ စျေးကကျတော့ သုံးဆကျော်မကွာပါဘူး၊ နှစ်ဆကျော်ကျော်လေးပဲ ကွာပါတယ်။

ဒါက Low voltage system အတွက်ပါ။
High voltage system အတွက် HV battery တွေ အသုံးပြုမယ်ဆိုရင်လည်း 100Ah တွေ 8 လုံး သို့မဟုတ် 12 လုံး Seriesဆက်ပြီး အသုံးမပြုသင့်တော့ပါဘူး။အဲ့ဒီ့အစား အနည်းဆုံး 280Ah - 4 လုံး သို့မဟုတ် 5 လုံး အသုံးပြုတာက စျေးလည်း အများကြီး ပိုသက်သာသလို Lifecycleလည်း ပိုများပါတယ်။ ဒီလိုအသုံးပြုတာက Voltage လည်း နည်းသွားတဲ့အတွက် Safetyပိုင်းလည်း ပိုစိတ်ချရသလို DC to AC conversionမှာလည်း Voltage range သိပ်မကွာတော့တဲ့အတွက် Efficiency လည်း ပိုကောင်းလာမယ်လို့ ယူဆပါတယ်။

T Prime Electric မှာ MB 30 (306Ah) နဲ့တပ်
ဆင်ထားတဲ့ BASEN🔋GREEN 51.2V,306Ah batteryတွေရပါပြီခင်ဗျာ။

Touch screen model - 76 သိန်း

Base model - 74 သိန်း

အာမခံ - ၅ နှစ်

Ph : 09-402628416



BASEN🔋GREEN 51.2V, 100Ah ဘက်ထရီတွေ ရပါပြီဗျာ။BMS - Tian PowerCells - EVE LF105Lifecycle - 6000 @ 25℃ Warrant - 5 years (...
03/06/2025

BASEN🔋GREEN 51.2V, 100Ah ဘက်ထရီတွေ
ရပါပြီဗျာ။

BMS - Tian Power

Cells - EVE LF105

Lifecycle - 6000 @ 25℃

Warrant - 5 years (3 years parts + 2 years service)

Cells Config - 16S 1P ( Laser welding)

Bluetooth - Yes

Communication - CAN/RS 485 (can be compatible with a lot of popular inverter brand)

Price - 3,200,000 Kyats

ဆက်သွယ်ရန် 09-402628416

Lifepo4 batteryတွေအကြောင်း ကျတော်သိသမျှLifepo4 Battery packတွေမှာ 280Ah Cellsကို အသုံးပြုထားပြီး 300Ah battery Packဆိုပြ...
30/05/2025

Lifepo4 batteryတွေအကြောင်း ကျတော်သိသမျှ

Lifepo4 Battery packတွေမှာ 280Ah Cellsကို အသုံးပြုထားပြီး 300Ah battery Packဆိုပြီး တံဆိပ်ရိုက်ရောင်းချနေတာတွေ အမှန်တကယ်ရှိပါတယ်။ လိမ်လည်ရောင်းချတာလားဆိုတော့ မဟုတ်ပါဘူး၊ 280Ah cellsဆိုပေမဲ့ Actual capacityက အများဆုံး 310Ah လောက်ထိ ထွက်တက်ပါတယ်။

ဒါဖြင့်ရင် Cell manufacturers က 300Ah ထွက်တဲ့Cellကို အစကတည်းက 300Ah Cellsဆိုပြီး ဘာလို့မရောင်းတာလဲလို့ မေးစရာရှိပါတယ်။ ဒါက ဒီလိုရှိပါတယ်၊ 280Ah ဆိုတာ အနည်းဆုံး ထွက်ရမယ့် အာမခံထားတဲ့ Capacityပါ၊ ထုတ်လုပ်သူက သူ့Productရဲ့ အရည်အသွေးတည်ငြိမ်မှုကို ထိန်းထားချင်တဲ့အတွက် အနည်းဆုံးရနိုင်တဲ့ Capacityကို ကြေငြာထားတာပါ။

ဒါပေမယ့် 300Ah က သေချာပေါက် ရရှိနိုင်တဲ့ Capacityလားဆိုတော့လည်း မဟုတ်ပါဘူး ရချင်လည်းရမယ် မရရင်လည်း မရဘူး အာမခံနိုင်တဲ့ Capacity 280Ah ကတော့ အနည်းဆုံးရမယ်ဆိုတဲ့သဘောပါ။ 300Ah ထွက်မလား မထွက်ဘူးလားဆိုတာကတော့ ထုတ်လုပ်တဲ့ Batchတွေ Quality controlတွေနဲ့ဆိုင်ပါတယ်။

ဥပမာ EVE 280K ဆိုရင် V2 နဲ့ V3 Version
နှစ်မျိူးရှိတယ်။ V2 က Actual capacity 290Ah ထိပဲ ရရှိတက်ပြီးတော့ V3ကတော့ 310Ahထိ ရတက်ပါတယ်။Life cycleမှာလည်း V3က အများကြီးပိုပါတယ်။စျေးနှုန်းမှာလည်း V3က အနည်းငယ် ပိုမြင့်ပါလိမ့်မယ်။

ဒါကြောင့် EVE 280Ah Cellsနဲ့တပ်ဆင်ထားတဲ့ battery packတွေမှာ V2 နဲ့တပ်ဆင်ထားတယ်ဆိုရင် 300Ah မပြည့်ဘူး၊ V3ဆိုရင်တော့ 300Ah ပြည့်တယ်လို့ အကြမ်းဖျင်းယူဆနိုင်ပါတယ်။

တခြား REPT,Lishen & Hithium Cellsတွေလည်း
ဒီအတိုင်းပါပဲ။ 300Ah Capacity cellsကို 280Ah လို့သတ်မှတ်တာ အကြောင်းရှိပါတယ်။

T Prime Electric မှာ ရရှိနိုင်တဲ့ BASEN🔋GREEN 15KWH ဘက်ထရီတွေဟာ EVE MB30 - 306 Ah Grade A cellsတွေ ကို အသုံးပြုထားတာဖြစ်ပြီး Actual capacity ကတော့ 325Ahကနေ 335Ah ထိ ရရှိနိုင်ပါတယ်။

Sharing is Caring! 😍😍😍

ပြီးခဲ့တဲ့ရက်အနည်းငယ်က ဆိုလာနဲ့သုံးတဲ့ ဘက်ထရီ ကြောင့် မီးလောင်တယ်ဆိုပြီး သတင်းဖတ်ရတယ်။ဒီလိုမီးလောင်မှုတွေဟာ ဘက်ထရီအသုံးပ...
27/05/2025

ပြီးခဲ့တဲ့ရက်အနည်းငယ်က ဆိုလာနဲ့သုံးတဲ့ ဘက်ထရီ ကြောင့် မီးလောင်တယ်ဆိုပြီး သတင်းဖတ်ရတယ်။
ဒီလိုမီးလောင်မှုတွေဟာ ဘက်ထရီအသုံးပြုမှုမှာ သတိထားရမယ့် အရေးကြီးအချက်တစ်ခုပါ။

ဘက်ထရီတွေက တကယ်ပဲ မီးလောင်တက်လားဆိုရင် ဟုတ်ကဲ့၊ မီးလောင်တက်ပါတယ်။ Lead acid ဘက်ထရီတွေကတော့ မီးလောင်ခဲပါတယ်၊ များသောအားဖြင့် ပေါက်ကွဲကြတာပါ။

LiFePO4 (Lithium Iron Phosphate) တွေကတော့ မီးတကယ်လောင်ပါတယ်။ လောင်ရင်လည်း ကြောက်စရာကောင်းပါတယ်။ LiFePO4 တွေမှာ Thermal Runawayဆိုတဲ့ အဆင့်ကိုရောက်သွားလို့ မီးလောင်ရင် ငြိမ်းသတ်ရလည်း ခက်ခဲပါတယ်။

ဒီလိုပြောလို့ အရမ်းကြီးတော့ စိုးရိမ်စရာမလိုပါဘူး။ LiFePO4 Batteryတွေဟာ ဆိုလာစွမ်းအင်သုံးစွဲမှုမှာ အသုံးများပြီး၊ လီသီယံဘက်ထရီတွေထဲမှာ Thermal Runaway ဖြစ်နိုင်ခြေ အနည်းဆုံးလို့ လူသိများပါတယ်။ နောက်တစ်ချက်က ကိုယ့်ဘက်ထရီက Qualified productဖြစ်ပြီး UL, CE, နဲ့ ISO 9001 လို နိုင်ငံတကာ အရည်အသွေးထောက်ခံချက်တွေ ရရှိထားတယ်၊ Production lineတွေကနေ QCအထပ်ထပ်ကို ဖြတ်လာတဲ့ အမှန်တကယ် စက်ရုံက ထုတ်တဲ့ Productဆိုရင်တော့ စိတ်ပူစရာ မရှိပါဘူး။

တကယ်လို့ အဲ့ဒီလို Qulified ဖြစ်တဲ့ Batteryတွေမှာ တစ်ခုခုမူမမှန်တဲ့အခြေအနေတွေ ဖြစ်လာရင်တောင်မှ
ဥပမာ Over voltage, Over discharge ဒါမှမဟုတ် အန္တရာယ်ရှိတဲ့ အပူချိန်ရောက်လာပြီဆိုရင်...

အဆင့်(၁)

ဆဲလ်တွေမှာ တပ်ဆင်ထားတဲ့ အပူချိန်အာရုံခံတဲ့ Sensorတွေ သို့မဟုတ် voltage sampling wiresတွေ ကတစ်ဆင့် BMSက သိတယ်

ဒါဆိုရင် BMSက Communicatuion cableတွေကတစ်ဆင့် Inverterကို Error message ပို့မယ်

Inverterက Charge and discharge ကို
ရပ်လိုက်မယ်။

အဲ့ဒီလိုမဟုတ်ဘူး Inverterကိုပြောလို့မရဘူးဆိုရင်သို့မဟုတ် Communicationချိတ်မထားဘူးဆိုရင်
BMSက Inverterရဲ့Charge and dischargeကို ရပ်တန့်ဖို့အတွက် Battery packတစ်ခုလုံးကို Shutdown လုပ်ပစ်လိုက်မယ်။

အဆင့်(၂)

အထက်ပါ Protection စနစ်တွေက ကာကွယ်ဖို့အတွက် Failဖြစ်တယ်ဆိုရင် ဘက်ထရီဘရိတ်ကာ
ကျပါမယ်။

အဆင့် (၃)

အဆင့်(၁)နဲ့(၂) ခုစလုံးက မကာကွယ်နိုင်တော့ဘူး
ဆိုရင် Over voltage or over dischargeကြောင့် Cellsအတွင်းမှာ Internal short circuitအဖြစ်ရောက်မယ်၊ Thermal runaway ဖြစ်မယ်ဆိုရင်တောင်
LiFePO4 ဘက်ထရီတွေမှာ အထူးဒီဇိုင်းထုတ်ထားတဲ့ Safety Valve က ပွင့်ထွက်ပြီးတော့ Internal pressureကို Release လုပ်ပေးပါတယ်။ ဒါဟာ ပေါက်ကွဲမှုကို ရှောင်ကြဉ်ဖို့ ဒီဇိုင်းထုတ်ထားတာဖြစ်ပါတယ်။ နောက်ဆုံးအနေနဲ့ Battery cellsတွေ မီးစွဲသွားပြီဆိုရင်တောင် 2mm အထူရှိတဲ့ Battery caseကိုကျော်ပြီး အိမ်ကိုမီးစွဲဖို့ခက်ပါသေးတယ်။

ဒါကြောင့် စိုးရိမ်စရာမရှိပါဘူး။အတွေ့အကြံရှိ ကျွမ်းကျင်တဲ့တပ်ဆင်သူတွေနဲ့ တပ်ဆင်မယ်။ ကောင်းမွန်တဲ့ Batteryကို ဝယ်ယူမယ်ဆိုရင်တော့ စိုးရိမ်စရာမရှိပါဘူး။

T Prime Electric မှာ ရရှိနိုင်တဲ့ BASEN🔋GREEN ဘက်ထရီတွေဟာ CA, CE, နဲ့ UKလို နိုင်ငံတကာအသိအမှတ်ပြုအရည်အသွေးထောက်ခံချက်တွေ ရရှိထားပါတယ်။ ဒီထုတ်ကုန်တွေကို ဝါရင့်လျှပ်စစ်အင်ဂျင်နီယာများက တစ်ဆင့်ချင်း စစ်ဆေးပြီး တင်သွင်းထားတာဖြစ်စ်ပါတယ်။ Capital နှင့် Profit ကိုပဲ ဦးစားပေး ရွေးချယ်ထားတာမျိူး မဟုတ်ပဲ၊ Renewable Energy အခန်းကဏ္ဍမှာ အရည်အသွေးနဲ့ Safetyပိုင်းကို ဦးစားပေးထားပါတယ်။

ကိုယ်အိမ်မှာ ဆိုလာစနစ်တပ်ဆင်ဖို့ ဘယ်လိုတွက်ချက်မလဲ - ၁~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~မြန်မာပြည်မှာတော့ မီးအားမြှင့်...
24/05/2025

ကိုယ်အိမ်မှာ ဆိုလာစနစ်တပ်ဆင်ဖို့ ဘယ်လိုတွက်ချက်မလဲ - ၁
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မြန်မာပြည်မှာတော့ မီးအားမြှင့်စက်၊ မီးစက် နဲ့ ဆိုလာအင်ဗာတာတွေ တပ်ဆင်တဲ့အခါမှာ Oversizeလို့ခေါ်တဲ့ လိုအပ်တဲ့အရွယ်အစားထက် အများကြီးပိုပြီး တပ်ဆင်ကြတာများတယ်။

တချိူ့ဆရာသမားတွေဆိုရင် Sizing လုပ်တဲ့အခါမယ် အိမ်တစ်အိမ်မှာရှိတဲ့ Total Running loadကို Starting current 2ဆ 3ဆတွေထားပြီးမြှောက်ကြတယ်၊Power factorတွေနဲ့စားတယ်။ ပြီးရင် 20% လောက်က Efficiency အတွက် Coverဖြစ်အောင်ဆိုပြီး ထပ်ပေါင်းကြသေးတယ်။

အဲ့ဒီတော့ 1000Wattလောက် သုံးရမယ့်အိမ်က 5000Wattလောက် သုံးရရော.. မကောင်းဘူးလားဆိုတော့ ကောင်းပါတယ်။ ရောင်းတဲ့သူကလည်း များများရောင်းရတော့ တွက်ချေကိုက်တယ် 😄၊ ဆင်တဲ့သူကလည်း လိုအပ်တဲ့ Sizeထက်ပိုကြီးပြီး ဆင်ပေးရတော့ လက်ခလည်းပိုရတယ်၊ Overload ဘာညာစတဲ့ပြဿနာတွေလည်း မဖြစ်တော့ဘူးပေါ့ဗျာ။ Customerလည်း ပိုက်ဆံပိုကုန်သွားတာကလွဲရင် စိတ်ချမ်းသာတာပေါ့ဗျာ။ အစစအရာရာ အဆင်ပြေကြတာပေါ့။ ဒီမှာက အဲ့လိုလေးတွေ သွားနေကြတာပေါ့ဗျာ။ မခို့တရို့လေးပေါ့ 😄။

Transformer & Generator တွေအတွက်ကတော့ Oversizing လုပ်တာ အဆင်ပြေပါတယ်။ Solar systemမှာလည်း Inverter & Battery oversizeလုပ်တာအထိအဆင်ပြေပါတယ်။ Solar panelတွေကို Oversizeလုပ်ဖို့ကျတော့ အားမပေးဘူး။

ဘာလို့လဲဆိုတော့ စဥ်းစားကြည့်ပါ...

ဆိုလာတစ်ချပ်ပိုတပ်မယ်ဆိုရင်တောင် 8ပေ4ပေအကျယ် နေရာတစ်ခုပေးရပါတယ်။ ဆယ်ချပ်ပိုတပ်
မယ်ဆိုရင် ပေ 20 ပတ်လည်လောက် နေရာပေးရပါမယ်။

ဆိုလာတစ်ချပ်ပိုတပ်မယ်ဆိုရင် 30Kg အလေးချိန်ပိုတိုးပါမယ်၊ သံပန်းအလေးချိန်နဲ့ပါ ထည့်တွက်မယ်ဆိုရင် ဆိုလာတစ်ချပ်တိုးတိုင်း 60Kgပါ 10ချပ်ဆိုရင် 600Kgပါ ။ အဲ့ဒီအလေးချိန်ကို အဆောက်အဦက ခံနိုင်ရပါမယ်။

တပ်ဆင်မယ့် ဆိုလာအချပ်များလေ ဆိုလာစင်က ပိုကြီးအောင် ပိုကောင်းအောင် ဆောက်ရလေပါပဲ။ ဆိုလာဆယ်ချပ်လောက်တပ်ဆင်တာက သံပန်းသမားနဲ့ပြီးနိုင်ပေမဲ့ ဆိုလာအချပ် သုံးလေးဆယ်ဆင်တဲ့အခါဆိုရင်တော့ အဆောက်အဦ အင်ဂျင်နီယာနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။ဆိုလိုချင်တာကဗျာ Dead loadတွေ Wind loadတွေနဲ့ အဆောက်အဦးနဲ့လိုက်ဖက်မယ့် Steel structure Designတွေကကျ Structural engineerတွေမှ သိမှာမလား။

ဆိုတော့ခါ ဆိုလာကို Oversizeလုပ်မယ်ဆိုရင်တော့ ဒီလိုအကျိူးအပြစ်လေးတွေရှိပါတယ်။ သေချာဒီဇိုင်းလုပ်မထားရင်တော့ နောက်ဆက်တွဲဆိုးကျိူးတွေ အများကြီးရှိပါတယ်။

အပိုင်း(၂) မျှော်.... 🤭🤭

ဆိုလာဈေးကွက်က ဈေးချပြီး လှည့်စားတဲ့ မာယာလေးတွေအကြောင်း😜မြန်မာနိုင်ငံဆိုလာဈေးကွက်မှာ တချိူ့ဆိုင်တွေက ဆိုလာနဲ့ဘက်ထရီတွေကို...
29/04/2025

ဆိုလာဈေးကွက်က ဈေးချပြီး လှည့်စားတဲ့ မာယာလေးတွေအကြောင်း😜

မြန်မာနိုင်ငံဆိုလာဈေးကွက်မှာ တချိူ့ဆိုင်တွေက
ဆိုလာနဲ့ဘက်ထရီတွေကို မဖြစ်နိုင်တဲ့စျေးတွေနဲ့ အနည်းဆုံးထားပြီး ကြော်ငြာတယ်။

ဖုန်းဆက်လိုက်ရင် “ပစ္စည်းကုန်သွားပြီ”၊
“ပရိုမိုးရှင်းပြီးသွားပြီ” ဆိုတာမျိူးတွေ ဒါမှမဟုတ်ရင် တနင်္ဂနွေလို ရုံးပိတ်ရက်မှာ သို့မဟုတ် ညနေ ၅ နာရီ
ဆိုင်ပိတ်ချိန်လောက်မှာ ကြော်ငြာတင်ပြီး
"ဒီနေ့တစ်ရက်ထဲ ဒီစျေးနဲ့ရမယ်"
(ဖုန်းကတော့ နောက်နေ့မှဆက်) ဆိုတဲ့ကြော်ငြာမျိုး တွေ့ဖူးကြမှာပါ။

😂 ဒါတွေ ဘာကြောင့်လုပ်ရတာလဲ? မသိရင်ရှင်းပြမယ်။

🔥 ဖောက်သည်ကို လှည့်ပတ်ဆွဲခေါ်တယ်

ဈေးချတယ်လို့ ကြော်ငြာတာက ဖောက်သည်တွေကို
ဆိုင်ထဲ လှမ်းခေါ်ဖို့ လုပ်တာ။ တကယ်ရောက်လာရင်
“ အိုး၊ အဲ့ဒီဈေးနဲ့တော့ မရှိတော့ဘူး” ဆိုပြီး
ပိုအမြတ်ရမယ့် ပစ္စည်းတွေ သို့မဟုတ် ရောင်းမကုန်တဲ့ဟာတွေကို ရောင်းထုတ်ဖို့ ကြံတာ။ ဥပမာ၊ ၁၀၀ ဝပ်ပန်နယ်က “ကုန်သွားပြီ” ဆိုပြီး ၂၀၀ ဝပ်ကို ထိုးရောင်းလိုက်တာမျိူး! 😏

🔥 နာမည်ထင်ပေါ်အောင်လုပ်တယ်

ဈေးချတယ်လို့ အော်တာက ဆိုင်ရဲ့ နာမည်ကို လူတွေမှတ်မိအောင် လုပ်တာ။ ပစ္စည်းမရှိရင်တောင် “ဒီဆိုင်က ဈေးသက်သာတယ်” ဆိုတဲ့ အထင်ကြီးမှုက အမြတ်ပဲလေ! 😎

🔥 စတော့ထားရတာ ကြောက်တယ်

ဆိုလာပန်နယ်နဲ့ ဘက်ထရီလို ပစ္စည်းတွေက ဈေးကြီးတယ်။ ဒါကြောင့် ဆိုင်တွေအနေနဲ့ ဒီပစ္စည်းတွေကို အများကြီး သိုလှောင်ထားဖို့ မဝံ့မရဲဖြစ်ကြတယ်။ ဘာလို့ဆို အများကြီးဝယ်ထားရင် ငွေကြေးအများကြီး အောင်းမိသွားမှာစိုးလို့။ ဒါကြောင့် စတော့အနည်းငယ်လောက်ကို စျေးချရောင်းပြီး
ငွေပေါ်အောင်လုပ်တာ!

🔥 ဖောက်သည်အချက်အလက် လိုချင်တယ်

ဈေးချတယ်လို့ ကြော်ငြာပြီး ဖုန်းဆက်လာတဲ့သူတွေရဲ့ နံပါတ်တွေ၊ နာမည်တွေကို မှတ်ထားတယ်။ နောက်မှ အဲ့ဒီအချက်အလက်တွေနဲ့ တခြားပစ္စည်းတွေ ထပ်ရောင်းဖို့ ဆက်လက်ဆက်သွယ်တာမျိုး! 😎

❤️အကြံဉာဏ်လေး ပေးချင်တာ❤️

ဒီလို မာယာတွေနဲ့ မလှည့်စားခံရဖို့ ဈေးနှုန်းတွေ နှိုင်းယှဉ်ပါ၊ စတော့ရှိမရှိ သေချာမေးပါ၊ ယုံကြည်ရတဲ့ ဆိုင်ကိုပဲ ရွေးပါ။ မဟုတ်ရင် ဈေးသက်သာမယ်ထင်ပြီး ပိုက်ဆံပိုထွက်နိုင်တယ်နော်! 😅

📢 ဒီလို စိတ်ညစ်စရာ အတွေ့အကြုံတွေရှိရင်
ကွန်မန့်မှာ ဝေမျှပေးပါဦး!

Content writer by Grok3
Photo Generated by ChatGpt
Edited by Tprime Electric

#ဆိုလာဈေးကွက် #မာယာ

ကျွန်တော့်ကို လာလာမေးကြတယ်။ “လီသီယမ်ဘက်ထရီထက် ကောင်းတဲ့ ဘက်ထရီတွေ ပေါ်လာနိုင်လားတဲ့။”သေချာပေါက် ပေါ်လာနိုင်ပါတယ်။ အခုလော...
19/03/2025

ကျွန်တော့်ကို လာလာမေးကြတယ်။ “လီသီယမ်ဘက်ထရီထက် ကောင်းတဲ့ ဘက်ထရီတွေ ပေါ်လာနိုင်လားတဲ့။”

သေချာပေါက် ပေါ်လာနိုင်ပါတယ်။ အခုလောလောဆယ်တော့ လီသီယမ်ဘက်ထရီတွေက ကမ္ဘာမှာ အကောင်းဆုံးပါပဲ။

အဲဒီလို ပြောတော့ နည်းပညာအသစ်နဲ့ ဘက်ထရီတွေက မကောင်းဘူးလား” လို့ မေးကြတယ်။

ကောင်းပါတယ်။ လီသီယမ်ထက် ပိုကောင်းပါတယ်။ အဲဒီ နည်းပညာတွေ အောင်လည်း အောင်မြင်နေပါပြီ။ ဒါပေမဲ့ ပြဿနာက Prototype အဆင့်ပဲ ရှိပါသေးတယ်။ Mass Production မလုပ်နိုင်သေးတဲ့ အတွက် End User တွေ လက်ထဲကို မထည့်နိုင်သေးပါဘူး။ End User တွေ လက်ထဲ ရောက်ရင်လည်း စျေးကြီးပါဦးမယ်။ Lithium Battery တွေ တုန်းကလည်း ဒီအတိုင်းပါပဲ။ ပေါ်ကာစ စျေးအရမ်းကြီးပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရဲ့ Idol ကြီး Elon Musk ပြောခဲ့တဲ့ စကားက အရမ်း မှတ်သားဖို့ ကောင်းပါတယ်။

“Prototype က လွယ်တယ်၊ Production က ခက်တယ်” တဲ့။

ကမ္ဘာမှာ စွမ်းအင်နဲ့ ပတ်သက်လို့ နည်းပညာအသစ်တွေ အောင်မြင်နေတာ အများကြီးပါပဲ။ ဒါပေမဲ့ စျေးကွက်ထဲကို ရောက်မလာကြသေးပါဘူး။ ဘာလို့လဲ ဆိုတော့ Cost Effective ဖြစ်အောင် လုပ်ဖို့ လိုတယ်။ နည်းပညာသစ်တွေက အစမှာ ထုတ်လုပ်ဖို့ စက်ကိရိယာသစ်တွေ၊ သုတေသန စရိတ်တွေ လိုတယ်။ အန္တရာယ် ကင်းအောင် လုပ်ဖို့လည်း အများကြီး လုပ်ရပါသေးတယ်။

ဥပမာ၊ NASA မှာ သုံးတဲ့ ဆိုလာတွေရဲ့ Efficiency က ၄၀% ရှိပါတယ်။ အဓိပ္ပာယ်က နေရောင်ခြည်ရဲ့ ၄၀% ကို လျှပ်စစ်အဖြစ် ပြောင်းလဲနိုင်တယ် ပေါ့ဗျာ။

ဒါပေမဲ့ အခု ကျွန်တော်တို့ အိမ်တွေမှာ သုံးနေတဲ့ အကောင်းဆုံး ဆိုလာကတောင် Efficiency ၂၃% ပဲ ရှိပါတယ်။ NASA မှာ အဲဒီ ဆိုလာတွေ သုံးနေတာ နှစ်ပေါင်း သုံးဆယ်ကျော်ပါပြီ။ ဒါပေမဲ့ အဲဒီ နည်းပညာဟာ အခုချိန်ထိ စျေးကွက်ထဲမှာ ရောက်မလာသေးပါဘူး။

အဲဒါကြောင့် “ဘာ စွမ်းအင်နည်းပညာ၊ ညာ စွမ်းအင်နည်းပညာ” ဆိုပြီး သတင်းတွေ တက်လာတိုင်း ရင်မခုန်ကြပါနဲ့လို့။ 😆😆😆❤️

17/03/2025

Luxpower Inverter Setting များအကြောင်း

High Voltage Battery တွေအကြောင်း****************** ****************** ********  Power transmission မှာက..- Voltage များရ...
26/02/2025

High Voltage Battery တွေအကြောင်း
****************** ****************** ********

Power transmission မှာက..

- Voltage များရင် Ampere နည်းမယ်။

- Voltage နည်းရင် Ampere များပါမယ်။

ဒါကြောင့်လည်း တစ်မြို့နဲ့တစ်မြို့ မိုင်ပေါင်းရာချီတဲ့ အကွာအဝေးတွေကို Power delivery လုပ်ရတဲ့အခါ 11KV, 33KV အစရှိသဖြင့် ထောင်ချီ၊ သောင်းချီတဲ့ ဗို့တွေကို Transformer တွေနဲ့မြှင့်ပြီး တပ်ဆင်သွယ်တန်းကြတာပေါ့။

အဓိကကတော့ Voltage များရင် Ampere နည်းမယ်၊ Ampere နည်းတော့ အပူနည်းမယ်၊ Losses နည်းမယ်။ ဒါကြောင့် Cable size အကြီးကြီးတွေ သုံးစရာမလိုဘူး၊ ကုန်ကျစရိတ်လည်း သက်သာတယ်၊ Voltage drop လည်း နည်းမယ်၊ Efficiency လည်း ကောင်းတယ်။ အဲ့ဒါကြောင့်
လည်း MW သန်းချီပြီး သယ်ဆောင်တဲ့ လိုင်းကြိုးတွေ ကြည့်ပါလား၊ အကြီးကြီးမှ မဟုတ်တာ။

ကျွန်တော်တို့ ဆိုလာစနစ် မှာလည်း ဒီလိုပါပဲ။ Low voltage ဘက်ထရီစနစ်တွေဟာ 6 KW, 8 KW အင်ဗာတာတွေအတွက် အဆင်ပြေပေမဲ့ 8KW နဲ့ အထက် သုံးချင်ရင်တော့ High Voltage Inverter & Battery တွေကိုပဲ သုံးဖို့ သင့်တော်ပါတယ်။ ဘာကြောင့်လဲဆိုတော့ 48V စနစ်ဖြစ်တဲ့အတွက် Voltage နည်းပြီး Ampere အရမ်းများတယ်။ Ampere များတော့ အပူများတယ်။ လျှပ်စစ်မှာ အပူဆိုတာ Losses ပါပဲ။

ဒါ့အပြင် Low voltage system တွေမှာ ဘက်ထရီ တစ်လုံးနဲ့ မလောက်လို့ ၂လုံး၊ ၃လုံး Parallel တွဲသုံးတဲ့အခါ ဘက်ထရီ တစ်လုံးနဲ့ တစ်လုံး Charge & Discharge မညီနိုင်တဲ့အတွက်ကြောင့် အသုံးပြုမှုအဆင်မပြေတာတွေလည်း ဖြစ်နိုင်ပါတယ်။

High voltage ဘက်ထရီတွေမှာတော့ ဒီပြဿနာတွေ မရှိနိုင်ပါဘူး။ ဘက်ထရီတွေကို Series ဆက်ထားတဲ့အတွက်ကြောင့် Ampere တူလို့ Charge & Discharge မညီတဲ့ ပြဿနာတွေ လုံးဝမရှိပဲ အပူပင်ကင်းကင်း၊ Losses နည်းနည်းနဲ့ Efficiency ကောင်းကောင်း အသုံးပြုနိုင်တဲ့ အားသာချက်တွေ ရှိတယ်။

အားနည်းချက်ကတော့ Low voltage battery တွေထက် စျေးအနည်းငယ်ကြီးမယ်။ High voltage ဖြစ်တဲ့အတွက် Safety ပိုင်းကို သတိထားရမယ်၊ ဒီလောက်ပါပဲ။

------------------------------------------------

High Voltage Battery တည်ဆောက်ပုံတွေအကြောင်း

HV Battery တွေက EVကားတွေရဲ့ BMS System တွေကို တုပပြီး တည်ဆောက်ထားတာပါ။ သူ့မှာက Low voltage ဘက်ထရီတွေလို BMS တစ်ခုတည်းက ထိန်းချူပ်ထားတာမျိူး မဟုတ်ဘူး။

HV battery တွေမှာ Cluster ရယ်၊ BMU ရယ်ဆိုပြီး အဓိကအားဖြင့် အပိုင်းနှစ်ပိုင်းပါတယ်။

- Cluster ဆိုတာ Control box ကိုပြောတာပါ။

- BMU ဆိုတာ Battery Management Unit ပေါ့၊ Battery pack တစ်ခုကို BMU တစ်ခုပါတယ်။ အဲ့ဒီ BMU တွေက သက်ဆိုင်ရာ Battery Pack တွေရဲ့ Cell voltages , temperature , Soc စသဖြင့်ကို Cluster ကို သတင်းပို့တယ်။

Cluster က Monitoring လုပ်တယ်၊ Charge & Discharge လုပ်တယ်၊ လိုအပ်ရင် Protection လုပ်မယ်၊ အင်ဗာတာနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်မယ်။

ဒီလောက်ပါပဲ ~

-----

BASEN🔋GREEN Lifepo4 15KWH (300Ah) Battery တွေ Instock ရှိပါတယ်။* BMSကတော့ Tian Power Brandကို အသုံးပြုထားပါတယ်။* Cells က...
17/02/2025

BASEN🔋GREEN Lifepo4

15KWH (300Ah) Battery တွေ Instock ရှိပါတယ်။

* BMSကတော့ Tian Power Brandကို အသုံးပြုထားပါတယ်။

* Cells ကတော့ 16S Configurationဖြစ်ပြီး EVE 306Ah Grade A (MB 30) ကို အသုံးပြုထားပါတယ်။ Cellsတွေကိုလည်း Scanဖတ်ပြီး Websites မှာစစ်ပြီးပါပြီ။

July / 2024 ခုနှစ်ကမှ ထုတ်ထားတဲ့ အသစ်စက်စက် Cellsတွေပါ။ Shelf life မကြာသေးပါဘူး။

Life cycleကတော့ 0.5P standard Charge/Dischargeတွေအတိုင်း အသုံးပြုမယ်ဆိုရင် 10000 Cycles, 70% SOHပါ။

ကျတော်ကိုယ်တိုင် Capacity testလည်း လုပ်ပြီးသွားပါပြီ။ 15Kwh အပြည့်ပါ။ Scan ဖတ်ကြည့်ပြီး နှစ်သက်ရာ Websitesတွေမှာ စစ်လို့ရပါတယ်။

* Bluetooth ချိတ်ပြီး Monitoring လုပ်လို့ရပါတယ်၊
သုံးရတာ လွယ်လည်းလွယ်သလို တော်တော်လည်းအဆင်ပြေပါတယ်။

* 90 ရာခိုင်နှုန်းသော Popular brand inverterတွေနဲ့ BMS Communicationရပါတယ်။

* Cells connection တွေက Laser weldingနဲ့ပါ။
Design ပိုင်းရော၊ Build qualityရော တော်တော်လေးစိတ်တိုင်းကျပါတယ်။ Safetyပိုင်းရော Qc ပိုင်းရော သေသေချာချာ လုပ်ထားတယ်လို့ ခံစားရတယ်။ ဘယ်အပိုင်းက ဘယ်လိုSafeဖြစ်တာလည်း ဘယ်လို Quality controlလုပ်ထားတာလည်း ဆိုတာ စာနဲ့ရေးပြဖို့တော့ ခက်ပါတယ်။ Engineerတစ်ယောက်ရဲ့ အမြင် နဲ့ ခံစားရတဲ့ ဖီလင်ကို ပြောပြတာပါ။

* ပစ္စည်းအကောင်းကို စျေးနှုန်းယှဥ်ပြီး ရောင်းရတော့ အမြတ်ကတော့ အရမ်းနည်းပါတယ်။ ဒါပေမဲ့ ဘာလို့ရောင်းလဲဆိုရင် မြန်မာပြည်မှာက Batteryဆိုရင် အထဲကပစ္စည်းက ဘာBMS ဘာCells ဘာသုံးထားမှန်းမသိပဲ Brandတွေနောက် အမောတကော ပြေးလွှားလိုက်နေရတဲ့ မြန်မာပြည်သူ/ပြည်သားတွေကို ဒါမျိူးကောင်းတာတွေ သုံးစေချင်လို့ပါ 😂😂😂

BASEN🔋GREEN Lifepo4
51.2V , 300Ah (15 Kwh)

စျေးနှုန်း - 84 သိန်း

အာမခံ (5 နှစ်)

Product warranty - 3 Years
Service warranty -2 Years

ဆက်သွယ်ရန်ဖုန်း - 09402628416,

09969330328.

How to charge & discharge Lifepo4 Battery*************************************************Lifepo4 Batteryတွေကို SOC 20% ...
12/02/2025

How to charge & discharge Lifepo4 Battery
*************************************************

Lifepo4 Batteryတွေကို SOC 20% အောက် Dischargeလုပ်ရင် degradation ဖြစ်ပြီး သက်တမ်းတိုပါတယ်။ ဒါကြောင့် Lifepo4 Batteryတွေအတွက် charge/discharge profileတွေကို Setting သတ်မှတ်တဲ့အခါမှာ Cutoff SOCကို 20% မှာထားကြပါတယ်။

Installer တော်တော်များများက Full charged SOCကိုတော့ 100%မှာထားကြတယ်။ ကျတော်ကတော့ Full charge SOCကို 100%ထိမပေးပါဘူး၊ 95%မှာပဲ ထားပါတယ်။ 100% SOC ကလည်း Degration ဖြစ်နိုင်တယ်လို့ ယူဆလို့ပါ။ ဒါ့အပြင် BMSရဲ့ SOC Estimationစနစ်တွေက
မမှန်ကန်ရင် Overcharged ဖြစ်နိုင်လို့ အန္တရာယ်ရှိပါတယ်။

ဥပမာ - SOC Estimation မမှန်ကန်တာကြောင့် battery packက 100% အားအပြည့်ရှိနေပေမဲ့လည်း BMS ကအားဆက်သွင်းတာတွေ ဖြစ်နိုင်ပါတယ်။ဒါကြောင့် အဲ့ဒီလို မတိကျတဲ့ SOC estimation တွေကို Coverဖြစ်ဖို့အတွက် Full charged SOCကို 95%ထားသင့်ပါတယ်။ Lithium ဘက်ထရီတွေ မီးလောင်မှုအများဆုံးဖြစ်တာက Charging State မှာဖြစ်တာ များပါတယ်။

တချိူ့က သူတို့ရောင်းတဲ့ ဘက်ထရီကို ဘယ်လောက် Ampereထိ charge & discharge ရတယ်ဆိုပြီး ကြော်ငြာရောင်းကြတာ တွေ့ပါတယ်။ အမ်ပီယာများတိုင်းလည်း မကောင်းပါ။ Battery packတွေကို အလွန်အကျွံ Charge/Discharge လုပ်ခြင်းကလည်း အန္တရာယ်ရှိပါတယ်။ အဲ့ဒီ Current ကို ဆဲလ်တွေက ထုတ်ပေးနိုင်တယ်ထား၊ BMSက ခံနိုင်ပါ့မလား၊ Thermal management ကို ဘယ်လိုလုပ်ထားလဲ၊ ရေရှည်မှာရော degradation ဖြစ်နိုင်သလားဆိုတာ သေချာသိဖို့လိုပါတယ်။

တရုတ်ပြည်ကလာတယ်ဆိုတိုင်း၊ စက်ရုံကထုတ်တယ်ဆိုတိုင်း အထင်မကြီးကြပါနဲ့။ Factory visitလေးလုပ်ကြည့်ပါဦး၊ တကယ်စက်ရုံကထုတ်တဲ့ ဘက်ထရီတွေရှိသလိုမျိူး အိမ်တွင်း မိသားစုလုပ်ငန်းသာသာကနေ ထုတ်လုပ်လိုက်တဲ့ ဘက်ထရီတွေလည်း ရှိပါတယ်။ Battery packတွေကို Assembled လုပ်တာက အရမ်းလွယ်ပါတယ်။ ခက်တာက ဘက်ထရီတွေရဲ့ Chemistry ကိုသိဖို့၊ လျှပ်စစ်သဘောတရားတွေ နဲ့ Safety standard တွေကို နားလည်ဖို့က ခက်တာပါ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

မှတ်ချက်။ ။

အင်ဗာတာတိုင်းကတော့ Full charge SOCကို Settingပေးလို့မရပေမဲ့ ရတဲ့အင်ဗာတာကတော့ ရပါတယ်။ ဥပမာ Luxpower အင်ဗာတာမှာဆို အဲ့ဒီ Function ပါပါတယ်။ တကယ်လို့ အင်ဗာတာက Full charge SOCအတွက် Settingပေးလိုမရရင်လည်း Batteryအတွက် PC softwareရှိရင် Batteryကနေလည်း Setting သတ်မှတ်ပေးလို့ရပါတယ်။ အကောင်းဆုံးကတော့ ဘက်ထရီအသစ်ဝယ်ပြီးရင် Full charged and discharge လုပ်ပြီး SOC Learning လုပ်ပေးသင့်ပါတယ်။ကျတော့်အမြင်ပါ။

ကျတော်တို့ဆီမှာ Jinko 585W Tiger Neo (instock) ရှိပါတယ်၊ လိုအပ်တယ်ဆိုရင် အားပေးပါဦး😊။ စျေးနှုန်းကိုတော့ ဖုန်းဆက်ပေးပါ။တ...
25/01/2025

ကျတော်တို့ဆီမှာ Jinko 585W Tiger Neo (instock) ရှိပါတယ်၊ လိုအပ်တယ်ဆိုရင် အားပေးပါဦး😊။
စျေးနှုန်းကိုတော့ ဖုန်းဆက်ပေးပါ။

တစ်ချပ်ချင်းစျေး အများစျေး Palletစျေး
အနည်းဆုံးဖြစ်စေရပါမယ်။ 35mm အလူမီနီယံဘေးဘောင်အကိတ်ကြီးနဲ့ အများအခေါ် Global version English စာတန်းနဲ့ပါ 😂။

ဆက်သွယ်ရန်ဖုန်း -09402628416

Location - မန္တလေး။

Address

Mandalay

Alerts

Be the first to know and let us send you an email when T - Prime Electric posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share