BT Great Myanmar Engineering Group Co.,Ltd

BT Great Myanmar Engineering Group Co.,Ltd Trust In Quality, Built With BT💪 www.tiktok.com/.great.myanmar

Happy New Year 2026 ❤️💪❤️
31/12/2025

Happy New Year 2026 ❤️💪❤️

30x40 RCC ,နှစ်ထပ်ခွဲ တိုက်လေး၊ တဖြည်းဖြည်းနဲ့ အရာထင်လာပြီ
17/11/2025

30x40 RCC ,နှစ်ထပ်ခွဲ တိုက်လေး၊ တဖြည်းဖြည်းနဲ့ အရာထင်လာပြီ

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့လေးမှာ ( ၇ )ရက်သားသမီးများ အားလုံး သက်ရှည်ကျန်းမာပြီး လို...
09/07/2025

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့ 🌕

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့လေးမှာ
( ၇ )ရက်သားသမီးများ အားလုံး သက်ရှည်ကျန်းမာပြီး လိုအင်ဆန္ဒများ ပြည့်ဝပါစေ…ဟု
ကျနော်များ BT Great Myanmar မိသားစု မှဆုမွန်ကောင်းတောင်း ပေးလိုက်ပါတယ်ခင်ဗျာ🙏🙏🙏

#ဝါဆိုလပြည့်
#ဓမ္မစကြာအခါတော်နေ့

🔨🔨စစ်ကိုင်းဘက်ကိုကျွန်တော်တို့ ၂ရက် လာရောက်စစ်ပေးဖြစ်ခဲ့ပါတယ်ဗျ။စာရင်းပေးထားတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ အိမ်တွ...
24/04/2025

🔨🔨စစ်ကိုင်းဘက်ကိုကျွန်တော်တို့ ၂ရက် လာရောက်စစ်ပေးဖြစ်ခဲ့ပါတယ်ဗျ။စာရင်းပေးထားတဲ့ ဘုန်းကြီးကျောင်း၊ သီလရှင်ကျောင်း၊ အိမ်တွေကများတော့ နိုင်သလောက် ပတ်ပီးစစ်ပေးခဲ့ပါတယ် ။ စစ်ဖို့ကျန်ခဲ့တဲ့ ကျောင်းများနဲ့ အိမ်များကိုလည်း အများကြီးအားနာရပါတယ်ဗျာ။ ငလျင်ပီးကတည်းက ကျွန်တော်တို့ မေတ္တာနှင့်လိုက်စစ်ဆေးပေးခဲ့တာ ရက်၂၀ ရှိပါပီ ။ ကျွန်တော်တို့ရဲ့ နဂိုရှိထားတဲ့ ဆောက်လက်စဆိုဒ်များလည်းရှိတဲ့တွက်ကြောင့် စစ်ဆေးပေးခြင်းကို ခုကစပီး ရပ်နားပါပီဗျာ ။ ဒါပင်မဲ့ မိမိတို့၏အရေးကြီးဆိုဒ်များကို Viber -09973122813 သို့ အကျိုးအကြောင်းပြောပြပီး အကြံညဏ် အကူညီများ ရယူနိုင်ပါတယ်ဗျ။ မန္တလေးမြို့တွင်းဆို လမ်းကြောင့် သင့်ရင်သင့်သလို ကြည့်ရူပေးပါတယ် ဗျ။ အစစအရာရာ အဆင်ပြေကျပါစေဗျာ။

#အိမ်ဆောက်လုပ်ရေး

Rebar နဲ့ concrete cover ရှိတာမှ ၁ လက်မခွဲ၊Form work အထပ်သားက ဝင်နေတာက ၁ လက်မ ဆိုတော့ ချိုးဖို့ကို အရာပေးထားသလိုပဲ….
23/04/2025

Rebar နဲ့ concrete cover ရှိတာမှ ၁ လက်မခွဲ၊
Form work အထပ်သားက ဝင်နေတာက ၁ လက်မ ဆိုတော့ ချိုးဖို့ကို အရာပေးထားသလိုပဲ….

🙏🙏🙏 အခုရက်ပိုင်း လိုက်စစ်ဖြစ်တဲ့အိမ်လေးတွေကိုလက်လှမ်းမီသလောက်ရိုက်ထားတာပါ။ မထင်မှတ်ပဲ အိမ်လိုက်စစ်ပေးတဲ့ပိုစ့်လေးက တော်တ...
07/04/2025

🙏🙏🙏 အခုရက်ပိုင်း လိုက်စစ်ဖြစ်တဲ့အိမ်လေးတွေကိုလက်လှမ်းမီသလောက်ရိုက်ထားတာပါ။ မထင်မှတ်ပဲ အိမ်လိုက်စစ်ပေးတဲ့ပိုစ့်လေးက တော်တော်လေးလူသိများသွားတော့ ကြည့်ပေးရမဲ့အိမ်စာရင်းက ၃၀၀ကျော်လောက် ကပ်သွားပါတယ်။ အတက်နိုင်ဆုံး လက်လှမ်းမီသလောက်ကိုကြည့်ပေးပါတယ်။ လာကြည့်တဲ့ချိန် ဖုန်းမကိုင်မိတာတို့ဆို နောက်တကြိမ်ပြန်လာကြည့်ဖို့က အရမ်းခဲယဉ်းလို့ပါရှင့်။ တချို့သောအိမ်ရှင်များက အလျင်စလို အုတ်တိုင်ထောက်ရင် မပြိုဘူးဆိုပီး အုတ်တိုင်များကိုချက်ချင်းထောင်ထားကျတာလည်းရှိပါတယ် ။ လိုအပ်တာများကိုလည်း လုပ်သင့်မလုပ်သင့် နည်းလမ်းကောင်းများကို လမ်းညွှန်ပေးခဲ့ပါတယ်။

ကျေးဇူးပြုပီး မစစ်ရသေးတဲ့အိမ်ရှင်များလည်း နားလည်ပေးကျပါအုံးရှင်။ တချို့က လာမကြည့်လို့ ဆဲဆို ၊ စိတ်တို ချင်စိတ်များရှိပါတယ်။ အိမ်တအိမ်ကြည့်ရင် အနည်းဆုံး နာရီဝက်ကျော်ကတော့ကြာပါတယ် ။ နားလည်ပေးကျဖို့မေတ္တာရပ်ခံပါတယ် ။ ညီမတို့အဖွဲ့နဲ့ မဟုတ်ပဲ တခြားအဖွဲ့အစည်းများနဲ့လည်း စစ်လို့ရပါတယ် နော် ။ မေတ္တာဖြင့် လုပ်ဆောင်ပေးနေတာဖြစ်လို့ မေတ္တာနဲ့ပဲတုံ့ပြန်ပေးပါ။ စာရင်းပေးပီး မစစ်ရသေးတဲ့ အိမ်ရှင်များ တချက်ပြန်လာပြောပေးကျပါအုံးနော် ။

အမရပူရ ၊ ပုသိမ်ကြီး၊ ဘုရားကြီးဘက်များ ခနရပ်နားတင်ထားပါတယ်ရှင့်။ အဲ့ဘက်ကိုရှေ့ရက်တွေက လာစစ်ထားပီးလို့ပါ။ ခုနောက်ပိုင်းစာရင်းများကိုတော့လက်မခံသေးပါဘူးရှင့်။ ရှေ့ရက်ကစာရင်းတွေကိုသေချာပြန်လိုက်ပီး လိုအပ်တာကိုပြန်စစ်ဆေးပေးသွားပါမယ် ။

အရာရာအဆင်ပြေကျပါစေရှင့်။ ❤️🙏🙏

#မြန်မာပြည်ကြီးငြိမ်း #မြန်မာပြည်ကြီးအမြန်အေးချမ်းပါစေ

အားနာစွာဖြင့်😖❤️❤️ စစ်ပေးရမဲ့အိမ်လေးတွေ များလာလို့ ပိုစ့်လေးခနlockချပါရစေနော် ။ အရေးကြီးဆက်သွယ်ချင်ရင်09973122813ကိုစာပိ...
04/04/2025

အားနာစွာဖြင့်😖❤️❤️

စစ်ပေးရမဲ့အိမ်လေးတွေ များလာလို့ ပိုစ့်လေးခနlockချပါရစေနော် ။ အရေးကြီးဆက်သွယ်ချင်ရင်09973122813ကိုစာပို့ထားလို့ရပါတယ်နော်။

ကျွန်တော် / ကျွန်မတို့သည် မေတ္တာဖြင့် အဆောက်အဦးများ အန္တာရယ်ကင်းမကင်း ကိုယ်တက်နိုင်တဲ့ဘက်ကနေ လိုက်ကူညီ စစ် ဆေးပေးတာပါရှင့်။ Ngeative comment များဆင်ခြင်ပေးပါရှင်။ အခကြေးငွေမယူပါဘူးရှင်။

❌❌❌❌လူလိမ်တွေလည်း သတိထားပါနော် ။ ညီမတို့ကနေ အိမ်များလာစစ်ပေးတဲ့အခါ ငွေကြေးတစုံတရာမကောက်ခံပါဘူးနော် ။ လုံးဝလုံးဝငွေကြေးမကောက်ခံပါ❌❌❌❌‼️‼️‼️ အရေးကြီး အိမ်လိပ်စာများကိုလည်း 09973122813 viber ကိုပို့ပေးကျပါနော် ကွန်မန့်မှာမမန့်ပါနဲ့နော် လူလိမ်များသတိထားပါရှင့်။
အစစအရာရာ ဂရုစိုက်ကျပါနော်။
#မြန်မာပြည်ကြီးအမြန်အေးချမ်းပါစေ🙏🙏🙏 #မြန်မာပြည်ကြီးငြိမ်း

ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သော အိမ်များအတွက်၊ အိမ်ရှင်များ အန္တရယ်ကင်းရှင်းမူ သိစေရန် ကျွန်တော်တို့ company မှ အင်ဂျင်နီ...
03/04/2025

ငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သော အိမ်များအတွက်၊ အိမ်ရှင်များ အန္တရယ်ကင်းရှင်းမူ သိစေရန် ကျွန်တော်တို့ company မှ အင်ဂျင်နီယာကြီးများကိုယ်တိုင်ဦးစီး၍ ဧပြီလ ၁ ရက်မှ စ၍ အိမ်များ၏ structure ခိုင်ခံ့မှုရှိမရှိ၊ အန္တရယ်ရှိမရှိ ကနဦး လိုက်လံ စစ်ဆေးပေးခဲ့ပါသည်….

ဤ ကနဦး စစ်ဆေးမှုများအတွင်း၊ အိမ်များ၏ အခြေအနေကို အင်ဂျင်နီယာများမှ သေချာစွာ စစ်ဆေးပြီး အန္တရယ်ရှိနိုင်သောအကြောင်းအရင်းများကို ရှာဖွေကာ၊ အိမ်ရှင်များအား ကောင်းမွန်သော အကြံပြုချက်များ၊ကြိုက်နှစ်သက်သော company
များနှင့် လိုအပ်သည်များပြုပြင်သွားရန်
အဆင့်ဆင့် အကြံပြုခဲ့ပါသည်…

ဤ ကနဦး စစ်ဆေးမူများအတွက်လည်း အခကြေးငွေ
လုံးဝ မယူပါ။ကုသိုလ်ဖြစ်သာ ရည်ရွယ်ပါသည်🙏

စစ်ဆေးကြည့်ရှူလိုပါက
Ph 09 259194496
09 440693636
09 787055410
09 661056409
09 768131104

Viber no 09 440693636
09 259194496

မြန်မာနိုင်ငံသူ နိုင်ငံသားများအားလုံး၊ကမ္ဘာသူကမ္ဘာသားများအားလုံး၊ ကပ်ကြီးသုံးပါးကင်းလွတ်ကြပါစေ၊အန္တရယ်ကင်းဘေးရှင်းကြပါစေ🙏

31/03/2025

ယခုငလျင်ဒဏ်ကြောင့် ဖြစ်ပေါ်ခဲ့သော အဆောက်အဦများတွင် Structure Damage,Wall Cracks,Concrete Failure,Salb,Bean,Column, Wall Damage အစရှိသောပြသနာများဖြစ်ပေါ်လာပါက
ကွင်းဆင်းလေ့လာစစ်ဆေးခြင်း၊အကြံပေးလမ်းညွန်ခြင်းများကို BT Great Myanmar မှ အခမဲ့
ကူညီဆောင်ရွက်ပေးသွားပါမည် 🙏🙏

Ph 09 259194496
09 440693636
09 787055410
09 661056409
09 768131104

Viber no 09 440693636
09 259194496

31/03/2025

ငလျင်မလှုပ်ဘဲ လှုပ်နေတယ်လို့ ထင်ခြင်းပြဿနာ (သို့) Phantom Quake

လူက ကုတင်ပေါ် လက်ထောက်ပြီး မှောက်လိုက်တိုင်း ငလျင်လှုပ်နေတယ် ထင်နေတုန်းပဲ။ တော်တော်များများလည်း ရန်ကုန်က အရှိန်လောက်နဲ့ပဲတောင် အခုထိ အဲဲဒီလို ခံစားကြရတုန်းထင်တယ်။ ဘယ်လိုမှ မနေနိုင်တော့လို့ ရှာဖတ်လိုက်တာ အဲဒါကို Phantom Quake (ငလျင်ယောင်) လို့ ခေါ်ပါတယ်တဲ့။ ငလျင်လှုပ်သယောင် ခံစားရတာပေါ့လေ။

သူက ဘာလို့ ဖြစ်တာလဲဆို အလွယ်ပြောရရင် လှုပ်လေ့မရှိဘဲ အခိုင်မာဆုံးလို့ စိတ်ထဲစွဲထားတဲ့ ထုနဲ့ထည်နဲ့ အဆောက်အအုံတွေရယ်၊ မဟာပထဝီမြေကြီးရယ်က လှုပ်သွားတဲ့အခါ ဦးနှောက်နဲ့ မျှခြေကို ထိန်းတဲ့ နားစည်အတွင်းဘက်က ဒါကို ပုံမှန်မဟုတ်ဘဲ မှတ်လိုက်ရတဲ့အတွက် ငလျင် ငြိမ်သွားလည်း ဦးနှောက် မငြိမ်သွားတာမျိုး ဖြစ်တာပေါ့။

ဒါက ငလျင်ကြီးကြီးမားမားကြုံလိုက်တဲ့ ဘယ်သူမဆိုဖြစ်တတ်တဲ့ စိတ်ပိုင်းဆိုင်ရာ ပြဿနာအသေးစားဖြစ်ပြီး တအားစိုးရိမ်စရာ မရှိပါဘူးတဲ့။ ဒါကို လျော့စေချင်ရင် လုပ်လို့ရတာတွေက

၁) အဲဒီလို ခံစားရတိုင်း အသ”က်ရှူလေ့ကျင့်ခန်းလုပ်တာ (ရှူသွင်း၊ ခဏထား၊ ပြန်ထုတ်)
၂) ပြင်ညီပေါ်မှာ အမီနဲ့ ထိုင်ချတာ၊ လမ်းဖြည်းဖြည်းလျှောက်တာ
၃) အာရုံထိထိမိမိခံစားလို့ရစေမယ့် stress ball လိုမျိုးညှစ်တာ၊ သဲစက္ကူလိုမျိုး ဒါမှမဟုတ် ဂျင်းသားလိုမျိုးကို ပွတ်တာ
၄) တီးလုံး အေးအေးတွေ နားထောင်တာတို့ပါတဲ့

ပြီးတော့ ငလျင်လှုပ်တာကို ခံစားရပြီးချက်ချင်း ငလျင်သတင်းတွေ အဆက်မပြတ်ဖတ်ရင်လည်း ဒါမျိုး ဖြစ်တာကြောင့် ကြားမှာ နားနားပေးရပါတယ်တဲ့။

ရေများများသောက်ပြီး အိပ်ရေးဝဖို့လည်း လိုပါတယ်။

ပုံမှန်ဆို အများဆုံး တစ်ပတ်လောက်မှာ ငလျင်ယောင်ဟာ ပျောက်သွားတတ်ပြီး တစ်ပတ်ကျော်တဲ့ထိ ဆက်ဖြစ်နေရင်တော့ ဆရာဝန် ပြသင့်ပါတယ်။

နောက်အရေးကြီးတဲ့တစ်ချက်က ငလျင်ယောင်နဲ့ ငလျင်အစစ်ကို ခွဲနိုင်ဖို့ပါ။ ဒါကတော့ ငလျင် app တွေနဲ့ သူငယ်ချင်းကို မေးမြန်းတာတွေလုပ်လို့ရပါတယ်။

အများကြီး ကူကြရဦးမှာမို့ ကျန်းမာအောင် နေကြပါ။

- Chan Myae Khine

Address

52/118လမ်း ပြည်ကြီးတံခွန်မြို့နယ် Great Myanmar Engineering Group
Mandalay

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00

Telephone

+959791824019

Website

Alerts

Be the first to know and let us send you an email when BT Great Myanmar Engineering Group Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to BT Great Myanmar Engineering Group Co.,Ltd:

Share