AKS Construction Co.ltd

AKS Construction Co.ltd Construction service

အိပ်မပျော်တဲ့ညတွေ လွန်ပါစေအိပ်မက် ထဲထိရောက်ပါစေ
27/11/2024

အိပ်မပျော်တဲ့ညတွေ လွန်ပါစေ

အိပ်မက် ထဲထိရောက်ပါစေ


လိုတာလေးတွေတော့ ပြင်ဆင်pp
25/11/2024

လိုတာလေးတွေတော့ ပြင်ဆင်pp


အခက်ခဲတွေ့လဲ အေးဆေး
21/11/2024

အခက်ခဲတွေ့လဲ အေးဆေး

မဂ်လာရှိတဲ့နေ့လေးဖြစ်ပါစေ ။ 15.11.2024 တန်ဆောင်မုန်းလပြည့်နေ့ ( တန်ဆောင်တိုင်ပွဲတော် ) မှ စတင်ပြီး မြန်မာနိုင်ငံသူ / သား...
15/11/2024

မဂ်လာရှိတဲ့နေ့လေးဖြစ်ပါစေ ။ 15.11.2024 တန်ဆောင်မုန်းလပြည့်နေ့ ( တန်ဆောင်တိုင်ပွဲတော် ) မှ စတင်ပြီး မြန်မာနိုင်ငံသူ / သား အားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပြီး စီးပွားဥစ္စာများဒီရေအလား တိုးပွားလာနိုင်ပါစေကြောင်း AKS မိသားစုမှ
ဆုတောင်းမေတ္တာ ပို့သအပ်ပါသည် 🙏

#တန်ဆောင်တိုင်

အသစ်တည်ဆောက်အဟောင်းပြုပြင်မန်းမြို့တော်တစ်ခွင်ယုံကြည်စွာနဲ့လှမ်းလာခဲ့ပါ AKS Construction က ကြိုဆိုနေမှာ  # client တိုင်း...
27/09/2023

အသစ်တည်ဆောက်
အဟောင်းပြုပြင်
မန်းမြို့တော်တစ်ခွင်

ယုံကြည်စွာနဲ့လှမ်းလာခဲ့ပါ
AKS Construction က ကြိုဆိုနေမှာ

# client တိုင်းအတွက် AKS😊😊😊
# AKS Construction
# Construction

  BoBo Kyaw ရေးသားပါသည် #အဆောက်အဦးတစ်ခုကို PAE ​ကျသင့်တာကို ကြည့်ပြီး နဲတယ်များတယ်​ပြောမရဘူး။ ဒီနှုန်း​လေးနဲ့ ကိုယ်​ဆောက...
22/09/2023

BoBo Kyaw ရေးသားပါသည်

#အဆောက်အဦးတစ်ခုကို PAE ​ကျသင့်တာကို ကြည့်ပြီး နဲတယ်များတယ်​ပြောမရဘူး။ ဒီနှုန်း​လေးနဲ့ ကိုယ်​ဆောက်မယ့်အ​​ဆောက်အဦကို ​​ဆောက်သင့်မ​ဆောက်သင့် ဆုံးဖြတ်လို့မရပါဘူး။

ကုန်ကျစရိတ် PAE ဆိုတာ
💥ကိုယ်လိုချင်တဲ့ အ​ဆောက်အဦအဆင့်အတန်း​ပေါ်မူတည်ပြီး ကွာခြားပါတယ်။
ငလျင်ဒဏ်ခံလား မခံလား။ ငလျင်ဒဏ်ခံက ဘယ်​လောက်ပြင်းအားအထိခံနိုင်တာလဲ။
အ​​ဆောက်အဦအရပ်အမြင့်က 14 ​ပေ လား 10​ပေလား။ 9"အုတ်ရိုးလား 4.5"လား။ အုတ်စီတာ ဘိလပ်​မြေနဲ့ပဲစီမှာလား။ ​နောက်ပြီး ​​နောက်ထပ် လား ​ပေါင်းများစွာ,....

💥အ​ဆောက်အဦက 15'×50' လား 35'x50' လား။ အကြမ်းအားဖြင့် မျက်နှာစာ အခန်းဖွဲ့နဲရင် PAE ပိုများကုန်တတ်ပါတယ်။ ​အ​​ဆောက်အဦ​သေး​​​သေးကျဥ်းကျဥ်း​လေး​တွေက PAE နဲ့ဆိုများ​နေတတ်ပါတယ်။

💥​အခန်း​တွေအများကြီး ပြွတ်သိပ်ပြီးဖွဲ့မှာလား။ အခန်းကျယ် Hall ​တွေများ​နေမလား။ အခန်းဖွဲ့များရင် အုတ်ပိုကုန်မယ်။ ပြီး ဝိတ်များလို့ ထုတ်, တိုင်, ​ဖောင်​ဒေးရှင်းပိုသုံးရမယ်။ တံခါး​တွေ ပိုထည့်ရမယ်။ ​ရေချိုးခန်း အိမ်သာသုံးပစ္စည်း​တွေပိုကုန်မယ်။ အုတ်နံရံဧရိယာပိုများ​တော့ ​ဆေးသုတ်တာ ​ကြွေပြားကပ်တာ ပိုသုံးရမယ်။ ဒါ​ကြောင့်ပိုကုန်မယ်။

💥အခု​ပြောတာ အကြမ်းထည်​လောက်​ပြောတာပါ။ အ​ချောထည်ဆိုပိုဆိုးပါတယ်။ ၁သိန်းတန် ဗိုလ်ထိုင်လား သိန်းသုံး ​လေးဆယ် ဗိုလ်ထိုင်လားဆိုတာ Range ကြီးက ကွာလွန်းပါတယ်။ ​ကြွေပြားတချပ်ဆိုလဲ ၃
သုံး​ လေးရာတန်လား သုံး ​လေး​သောင်းတန်လားဆိုတာ ရှိပါတယ်။ မီးလုံးဆိုလဲ သုံး ​လေး​ထောင်တန်လား သုံး ​လေး​သောင်းတန်လားရှိတယ်။ သိန်းရာချီတန် မီးဆိုင်း​တွေလဲ ရှိမယ်။

💥လက်ရာပိုင်းကိုပြောမယ်ဆိုလဲ အကြမ်းထည်မှာ သံချီတာ အ​​သေးစိတ်လိုက်နာရမှာ​တွေကို လိုက်နာပြီး သပ်သပ်ရပ်ရပ် အ​သေးစိတ်လုပ်တာလား။ ကွန်ကရစ်လောင်းမယ့်အထဲ သပွန်းဟင်းချက်သလို အကုန်​ပစ်ထည့်ထားတာလား။ ​တွေ့တဲ့​နေရာဆက် ​တွေ့သလိုသံ​တွေထိုး လုပ်သလားဆိုတာ​ပေါ်မူတည်ပြီး လက်ခကွာပါမယ်။ မဖြစ်မ​နေ ​လုပ်ရမယ့် လုပ်သင့်တဲ့အဆင့်၁၀ခုရှိရင် ၃ခုပဲလုပ်မှာလား ၁၀ခုအပြင် ထပ်​ဆောင်း လုပ်ဦးမလား စတာ​တွေ​ပေါ် ကုန်ကျစရိတ်ကွာပါမယ်။

⚠️ဒါ​​​​ကြောင့် PAE နဲ့ မိမိအ​​ဆောက်အဦကို မဆုံးဖြတ်ကြဖို့ အကြံ​ပေးလိုပါတယ်။ အဓိက ကိုယ်တတ်နိုင်တဲ့ပမာဏနဲ့ ထိုက်သင့်တဲ့အရည်အ​သွေးကို ​ရွေးချယ်ပါ။ ကိုယ်လိုချင်တဲ့အရည်အ​သွေးနဲ့ ကျသင့်တဲ့ပမာဏကို အသုံးပြုကျပါ။ ဘယ်လိုပဲလုပ်လုပ် အနဲဆုံးရှိရမယ့် Public Safety လိုအပ်ချက်​တွေ​တော့ ပြည့်မီရပါမယ်။ ကိုယ်​​ဆောက်လိုက်တဲ့အ​ဆောက်အဦ ကိုယ်​နေမယ့်အ​ဆောက်အဦဟာ ​နေထိုင်မယ့်လူ​တွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို လုံခြုံမှု​ပေးနိုင်ဖို့က အဓိကအ​ရေးကြီးဆုံးပါပဲ။ 10 တန် တတ်နိုင်တာကို 10 တန်​​​လောက်နဲ့ အ​​ခြေခံလိုအပ်ချက်​တွေ ပြည့်မီရင် ဘာမှမဖြစ်​ပေမယ့် ၂၀​လောက်နဲ့မှ အ​ခြေခံလိုအပ်ချက်ပြည့်မီမှာကို ၁၀​လောက်နဲ့ဖြစ်​အောင်လုပ်ရင်​တော့ Public Safety အားနဲပါပြီ။ စိုးရိမ်ရပါပြီ။

ပုံက ပြင်းအားများတဲ့ငလျင်ဒဏ်ခံ ၃ထပ်တိုက်အ​​ဆောက်အဦ ​ဖောင်​ဒေးရှင်းချ​နေပုံပါ။

ဗိုလ်ဗိုလ်​ကျော်

( 21.4.2023 ) ကအလုပ်လက်ခံစာချုပ် ချုပ်ခဲ့တဲ့ First Contract လေး ဒီနေ့ ( 21.8.2023 ) မှာလုပ်ငန်းပြီးစီးလို့ အိမ်ရှင်ထံအပ်...
21/08/2023

( 21.4.2023 ) ကအလုပ်လက်ခံစာချုပ် ချုပ်ခဲ့တဲ့ First Contract လေး ဒီနေ့ ( 21.8.2023 ) မှာလုပ်ငန်းပြီးစီးလို့ အိမ်ရှင်ထံအပ်နှံခဲ့ပါp ။ 2 story ဆောက်ဖို့ design လုပ်ထားသော်လည်း အကြောင်းကြောင်းကြောင့် 1 story ပဲဆောက်ဖြစ်ခဲ့ပါတယ် ။ နောင်တွင် client အတွက်တထပ် ထပ်တက်ဖြစ်ခဲ့ရင်ဆင်ပြေဖို့မူရင်း design နှင့် တည်ဆောက်ရေးကာလအတွင်းပြောင်းလဲထားသော design များရဲ့ စာရွက်စာတမ်းတွေကိုလဲသေသေချာချာရှင်းပြပေးအပ်နိုင်ခဲ့ပါp ။ ခုလို AKS Construction အားယုံကြည်စွာအပ်နှံပြီးကြိုးစားခွင့်ပြုသော အိမ်ရှင်မိသားစုအားအထူးကျေးဇူးတင်ရှိပါသည် ။
# Client တိုင်းအတွက် AKS

AKS ရဲ့ first & best client ကြီးအတွက်ဆွဲပေးထားတဲ့ design အလန်းလေး ။ ပန်းမြို့တော်မှာမကြာခင်ထွက်ပေါ်လာပါတော့မယ် 😊😊😊  ။  #...
18/08/2023

AKS ရဲ့ first & best client ကြီးအတွက်ဆွဲပေးထားတဲ့ design အလန်းလေး ။ ပန်းမြို့တော်မှာမကြာခင်ထွက်ပေါ်လာပါတော့မယ် 😊😊😊 ။
# Client တိုင်းအတွက် AKS

14/08/2023

First Contract လက်စသိမ်း​ပြီးလို့ client supporting နဲ့လုပ်တဲ့ AKS မိသားစုရဲ့ပျော်စရာအမှတ်တရပွဲလေးပါ ။ AKS ကိုယုံကြည်စွာအလုပ်အပ်နှံပေးယုံသာမကအမှတ်တရပွဲလေးပါ လုပ်ပေးသော Client ကြီးနှင့်မိသားစု စီးပွါးလာဘ်လာဘ ဒီရေအလားတိုး​တက်ပေါများကြာပါစေ 🙏🙏🙏 ။ AKS ကိုကူညီစောင်မ ပေးပါသောပုဂ္ဂိုလ်များအားလဲ အထူးကျေးဇူးတင်ရှိပါကြောင်း ။

အခက်ခဲတွေရှိပေမယ့်လဲအားလုံးရဲ့ကြိုးစားအားထုတ်မှုနဲ့ ပထမထပ်လေးတော့အောင်မြင်စွာလောင်းနိုင်ခဲ့p ။  # AKS Construction  # Cl...
19/06/2023

အခက်ခဲတွေရှိပေမယ့်လဲအားလုံးရဲ့ကြိုးစားအားထုတ်မှုနဲ့ ပထမထပ်လေးတော့အောင်မြင်စွာလောင်းနိုင်ခဲ့p ။
# AKS Construction
# Clients တိုင်းအတွက် AKS

တံတားဦးက site လေး ။ ပန်းပင်လေးနည်းနည်းထပ်ဖြည့်Pရင်ပြည့်စုံသွားp 😊😊😊😊😊
29/05/2023

တံတားဦးက site လေး ။ ပန်းပင်လေးနည်းနည်းထပ်ဖြည့်Pရင်ပြည့်စုံသွားp 😊😊😊😊😊

Column လေးတွေတော့စုံသွားP ။ height ကမြင့်တော့ လုပ်ရကိုင်ရတာအချိန်တော့နည်းနည်းပိုပေးလိုက်ရတယ် ။  # Client တိုင်းအတွက် AKS
29/05/2023

Column လေးတွေတော့စုံသွားP ။ height ကမြင့်တော့ လုပ်ရကိုင်ရတာအချိန်တော့နည်းနည်းပိုပေးလိုက်ရတယ် ။
# Client တိုင်းအတွက် AKS

Address

25st X 91 Street
Mandalay

Website

Alerts

Be the first to know and let us send you an email when AKS Construction Co.ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share