All About Car Technology

All About Car Technology ကားနည်းပညာနှင့်ပတ်သက်၍ အုပ်တစ်ချပ်

အင်ဂျင်ကိုင်ရာတွင် လဲလှယ်ရမည့်အစိတ်အပိုင်းများ -----------------------------------အင်ဂျင်တစ်လုံး ကိုင်တော့မယ်ဆိုရင် မဖြစ...
12/11/2021

အင်ဂျင်ကိုင်ရာတွင် လဲလှယ်ရမည့်အစိတ်အပိုင်းများ
-----------------------------------

အင်ဂျင်တစ်လုံး ကိုင်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်သော လဲလှယ်ရမည့်အရာများကို ကျွန်တော်လေ့လာသိရှိထားသလောက် မျှဝေပေးထားပါတယ်။

၁။ Piston (ပစ္စတင်)

ပစ္စတင်က တစ်ချို့အင်ဂျင်တွေဆိုရင် ပြန်သုံးလို့ရတဲ့အနေအထားရှိပါတယ်။ အင်ဂျင်ပျက်စီးထားတဲ့ အပေါ်မူတည်ပြီးတော့ သုံးလို့ရမရ သေချစစ်ဆေး ကြည့်ရပါမယ်။ သုံးလို့ရတယ်ဆို ပြန်သုံးပြီး သုံးမရတော့ရင် အသစ်လဲလှယ်ပေးရပါမယ်။

၂။ Piston Ring (ပစ္စတင်ရိန်း)

ပစ္စတင်ရဲ့ရိန်းကွင်းတွေကတော့ ပြန်သုံးလို့ရတဲ့ထုံးစံမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူက အင်ဂျင်အလုပ်လုပ်တိုင်းမှာ အမြဲတမ်းပွတ်စားခံနေရလို့ပါ။ အင်ဂျင်ချတဲ့အခါတိုင်းမှာ မဖြစ်မနေလဲလှယ်ရပါမယ်။

၃။ Crankshaft Bearing (ကရိုင်းရှပ်ဘယ်ရင်)

အင်ဂျင်အလုပ်လုပ်တိုင်းမှာ ကရိုင်းရှပ်ကို ပွတ်စားမသွားအောင် ကရိုင်းရှပ်ရဲ့ Journal တွေထဲမှာ နူးညံ့ပြီးအပူဒဏ်ခံနိုင်မယ့် ဘယ်ရင်ချမ်းလေးတွေ ခံပြီးတပ်ဆင်ထားရပါတယ်။ အဲ့ဒီဘယ်ရင်ချမ်းလေးတွေက အင်ဂျင်သက်တမ်း ကြာလာသော်လည်းကောင်း အင်ဂျင်ဝိုင်နဲ့ အဲယားကလင်နာ တို့ရဲ့အားနည်းချက်ကြောင့်သော်လည်းကောင်း ပွန်းစားမှုတွေရှိလာပါတယ်။ အင်ဂျင်ချတဲ့အခါ များသောအားဖြင့်တော့ လဲလှယ်ရပါတယ်။

၄။ Crankshaft (ကရိုင်းရှပ်)

အင်ဂျင်ကိုလည်ပတ်စေတဲ့နေရာမှာ ကရိုင်းရှပ်ဟာ အဓိကနေရာမှာ ပါဝင်ပါတယ်။ သူလည်း အင်ဂျင်ရဲ့သက်းတမ်းကြောင့်သော်လည်းကောင်း အင်ဂျင်ဝိုင်နဲ့ အဲယားကလင်နာတို့ကြောင့်သော်လည်း ကောင်း အသုံးပြုတဲ့အပေါ်မူတည်ပြီး ပွန်းစားမှုတွေရှိလာပါတယ်။ အင်ဂျင်ပြန်ကိုင်မယ်ဆိုရင်တော့ များသောအားဖြင့် ဆိုဒ်ချပြီး သသုံးရလေ့ရှိပါတယ်။

၅။ Cylinder Sleeves (စလစ်)

စလစ်လို့ခေါ်တဲ့ စလစ်နံရံတွေ ပွန်းစားမှုဖြစ်နေပြီဆိုရင်လည်း အသစ်လဲလှယ်ပေးရပါမယ်။ Service ဆိုင်တွေမှာ ဘိုးရိမ်းလုပ်တာတို့ စလစ်ထိုးတာတို့ စသဖြင့် ပြန်လည်ပြုပြင်ရပါမယ်။

၆။ Gudgeon Pin Bush (ဂိုင်ဂျီပင်ဘွပ်ရှ်)

ဂိုင်ဂျီပင်လို့ ခေါ်ကြလေ့ရှိပါတယ်။ ကွန်နတင်းချောင်းနဲ့ ပစ္စတင်ကို ဆက်သွယ်ထားတဲ့ ပင်နဲ့ဘွပ်ရှ်တွေရှိပါတယ်။ ပင်စားသွားခြင်း၊ ဘွပ်ရှ်စားသွားခြင်းများရှိရင် အသစ်လဲလှယ်ပေးရပါမယ်။

၇။ Engine Head (ဟက်)

ဒါကတော့ အင်ဂျင်ရဲ့ခေါင်းပိုင်းလို့ ခေါ်ပါတယ်။ အင်ဂျင်လည်ပတ်ဖို့အတွက် လိုအပ်တဲ့ လေနဲ့လောင်စာဆီတွေကို အမြဲမပြတ် အသွင်းအထုတ် လုပ်ပေးရတဲ့ အပိုင်းလေးဖြစ်ပါတယ်။ "ဟက်" လို့ခေါ်ကြလေ့ရှိပါတယ်။ ဟက် မှာအဓိက ဟက်ကိုကောင်းမွန်အောင် လုပ်ဆောင်ပေးတဲ့ ပစ္စည်း (၄) မျိုးရှိပါတယ်။ Valves (ဗားလ်)၊ Seats (ကွင်း)၊ Guides (ဂိုက်)၊ Oil Seals (ဝိုင်းဆီးလ်) တို့ဖြစ်ပါတယ်။ Service ဆိုင်​တွေမှာပြပြီးတော့ လိုအပ်တာတွေ လဲလှယ်ပေးရပါမယ်။

ဒါလေးတွေကတော့ အင်ဂျင်ချတော့မယ် အင်ဂျင်ကိုင်တော့မယ်ဆိုရင် မဖြစ်မနေသိထားသင့်တဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

Crd : original uploader 🙏

✍ ဒီဇယ်အင်ဂျင်ပြစ်ချက်များ ✍----------------------------------------------- ဖတ်ရှု့ချိန် (၃) မိနစ် 💪ကားဆရာဖြစ်လာရင် ဓာတ်...
11/11/2021

✍ ဒီဇယ်အင်ဂျင်ပြစ်ချက်များ ✍
-----------------------------------------------
ဖတ်ရှု့ချိန် (၃) မိနစ် 💪

ကားဆရာဖြစ်လာရင် ဓာတ်ဆီ ကားရော၊ ဒီဇယ်ကားပါမောင်းရမှာဘဲ။ ဓာတ်ဆီအင်ဂျင်က လူစီးကားလေး တွေလောက်ဘဲ သုံးပါတယ်။ ဒီဇယ် အင်ဂျင်က ပိုပြီးအသုံးများပါတယ်။ ထရပ်ကားတွေ၊ ဘတ်စ်ကားကြီးတွေ၊ ထရေလာကုန်တင်ကားကြီးတွေ၊ Dumper Truck တွေ၊ စက်ယန္တရား ကြီးတွေအားလုံး ဒီဇယ်အင်ဂျင်ဘဲ သုံးပါတယ်။ ဒီဇယ်အင်ဂျင်ကအား ကောင်းတယ်။ အကြမ်းခံတယ်။ ပြု ပြင်ထိန်းသိမ်းရတာနည်းတယ်။ ဆီ စားသတ်သာပြီး ကုန်ကျစရိတ်သက် သာတယ်။ ဓာတ်ဆီအင်ဂျင်နဲ့စာရင် ပြဿနာနည်းတယ်။ ဒါကြောင့် ဒီဇယ် အင်ဂျင်ကို အသုံးများတယ်။
ဒီဇယ်အင်ဂျင်နဲ့ ဓာတ်ဆီအင်ဂျင် ဖွဲ့စည်းပုံမတူသလို အလုပ်လုပ်ပုံ လည်း ခြားနားပါတယ်။ ပထမဆုံး လောင်စာဆီမတူပါဘူး။ ဒီဇယ်ဆီက နည်းနည်းချွဲပျစ်ပါတယ်။ ချွဲပျစ်တဲ့အ တွက် ချောဆီဂုဏ်သတ္တိရှိပါတယ်။ ဒီဇယ် Injection Pump နှင့် နော် ဇယ်အတွင်းမှာ ချောဆီအဖြစ် ဆောင် ရွက်ပေးပါတယ်။ သာမန်အပူချိန်မှာ ဒီဇယ်ဆီက အငွေ့မပျံနိုင်ပါဘူး။ ဓာတ် ဆီကတော့ အငွေ့ပျံနှုန်းမြန်ပါတယ်။

ဒီဇယ်အင်ဂျင်ရဲ့Compression က ဓာတ်ဆီအင်ဂျင်ထက်မြင့်ပါတယ်။ Compression အချိုး (15:1) ကနေ (20:1) အထိရှိပါတယ်။ ဒါကြောင့်မို့ အင်ဂျင်အတွင်းဝင်သွားတဲ့လေကို ပစ္စ တင်ကဖိသိပ်လိုက်ရင် အလွန်ပူလာ ပါတယ်။ အပူချိန် (500°C) လောက် အထိပူမှ ဒီဇယ်ဆီမီလောင်ပေါက်ကွဲ နိုင်ပါတယ်။ ဒါကြောင့် အင်ဂျင်Compression ကျတဲ့ ဒီဇယ်ကားတွေ၊ စက် နှိုးရထိုင်းပါတယ်။ Compression ကျ တာဟာ ဗားတွေ Ring တွေမလုံ တော့လို့ပါ။
Compression Stroke မှာ ပူ နေတဲ့လေထဲကို ဒီဇယ်နော်ဇယ်ထိပ် ဖျားက ဆီဖြန်းပေးလိုက်တာနဲ့ အလို အလျောက် မီးပေးစနစ်တွေ၊ ပလပ် တွေမလိုပါဘူး။ ဒါပေမဲ့ Heat Plug ခေါ်တဲ့ ွူသတ မီးတော့လိုပါတယ်။ ဒီဇယ်အင်ဂျင်မှာ လောင်စာဆီပို့စနစ် က ဓာတ်ဆီအင်ဂျင်နဲ့ ခြားနားပါ တယ်။ ဒီဇယ် Injection ပန့်နဲ့ နော် ဇယ်ကိုသုံးပါတယ်။ ဒီကနေ့ ခေတ် ပေါ်ဒီဇယ်အင်ဂျင်တွေမှာတော့ Comon Rail Direct Injection စနစ်ကို သုံးပါတယ်။

ဒီဇယ်အင်ဂျင်အကြောင်းတွေ ပြောနေလို့ မပြီးပါဘူး။ အဓိကပြော ပြချင်တာက ကားဆရာတွေ အမြဲ ကြုံတွေ့ရနိုင်တဲ့ ဒီဇယ်အင်ဂျင်ပြဿ နာလေးတွေပါဘဲ။
ဆောင်းရာသီ အလွန်အေးခဲတဲ့ ဒေသတွေမှာ ဒီဇယ်ကားစက်နိုးရတာ ခက်ခဲတတ်ပါတယ်။ ဆောင်းရာသီမှာ သုံးရတဲ့အင်ဂျင်ဝိုင်က ပျစ်နေလို့မရ ပါဘူး။ မာတီဂရိတ်အင်ဂျင်ဝိုင်ကိုသုံး ပါ။ 5TS-20 လောက်ဆို သင့်တော် ပါတယ်။ မာတီဂရိတ်မှာညွန်းတဲ့ “Ts” ဆိုတဲ့ စာလုံးက “TS-inter” ဆောင်း ရာသီကိုဆိုလိုတာပါ။ ရေခဲအမှတ် လောက်အေးခဲနေတဲ့ဒေသမှာ သာမန် အင်ဂျင်ဝိုင် SAE 40 လောက်သုံးထား ရင် အင်ဂျင်ဝိုင်တွေလဲ ပျစ်ခဲနေမှာ သေချာပါတယ်။ မာတီဂရိတ်ဆီက မခဲပါဘူး။ အင်ဂျင်ဝိုင်ရဲ့သဘာဝက အေးရင်ပျစ်ခဲနေမယ်။ ပူလာရင် ဆီ ကျဲသွားမယ်။ ဒါပေမဲ့ မာတီဂရိတ်အင် ဂျင်ဝိုင်မှာ ထပ်ပေါင်းဓာတုပစ္စည်းတွေ ရောစပ်ထားတာကြောင့် အေးတဲ့အ ချိန်မှာ ဆီကျဲနေပြီး ပူလာရင် ဆီပျစ် သွားတတ်ပါတယ်။ ဒီဇယ်အင်ဂျင်အတွက် အင်ဂျင်ဝိုင်ကိုသုံးရင် ဒီဇယ် ကားအတွက် သီးသန့်လာတဲ့အင်ဂျင် ဝိုင်ဘဲသုံးပါ။ ဓာတ်ဆီကားမှာသုံးတဲ့ Motor Oil ကိုမသုံးရပါ။ ဓာတ်ဆီနဲ့ ဒီဇယ်မီးလောင်ပေါက်ကွဲတဲ့ဖြစ်စဉ် မတူလို့ပါဘဲ။ ဒီဇယ်ကားမှာ စက်နှိုး ရလွယ်ဖို့ မော်တာနဲ့ ဘက်ထရီပက် ကားကောင်းနေအောင် ထိန်းသိမ်းဖို့ လိုပါတယ်။ စက်နှိုးမော်တာစနစ်မှာ ဘာအပြစ်မှမရှိအောင် ထိန်းသိမ်းစစ် ဆေးပြုပြင်ထားဖို့လိုပါတယ်။ ဘက်ထ ရီအားကောင်းဖို့လည်း မိုးရေ-အက် ဆစ် Level မှန်ရမယ်။ ဘက်ထရီ ခေါင်းတွေ ဘက်ထရီကေဘယ်ကြို တွေ အဆက်ကောင်းရမယ်။ ဘက် ထရီချာဂျင်စနစ်ကောင်းရမယ်။ ဗဃ။ီဃ ဒိုင်နမို မီးထွက်ကောင်းရမယ်။ ဒီဇယ်ကားမှာသုံးတဲ့ဘက်ထရီက အမ်ပီယာအားကောင်းဖို့အတွက် ပလိပ်ပြားအရေအတွက်များတဲ့ အိုးကြီးကိုသုံးပါ။ ဘက်ထရီလည်း ကောင်းမယ်။ ချာဂျင်အားသွင်းစနစ် လည်းကောင်းမယ်။ မော်တာလည်း ကောင်းမယ်ဆိုရင် ကားသော့လှည့် လိုက်တာနဲ့ မော်တာအားကောင်း ကောင်းနဲ့လည်ပါလိမ့်မယ်။ ဒီဇယ် ကားဆိုတာ ကွန်ပရက်ရှင်နဲ့ စက်နှိုး ရတာကြောင့် စက်နှိုးမော်တာအီနေလို့ မရပါဘူး။ မော်တာအားကောင်း ကောင်းနဲ့လှည့်ပေးနိုင်ဖို့လိုပါတယ်။

မနက်ပိုင်း ကားစက်မနှိုးခင် အင် ဂျင်ဝိုင်တိုင်းပါ။ ရေတိုင်ကီရေဖြည့်ပါ။ Hand Pump ကို တင်းနေအောင်ရိုက် ပါ။ ကားစက်နိုးဖို့အဆင်သင့်ဖြစ်ရင် ဘက်ထရီအားကောင်း၊ မကောင်း ဟွန်းတီးကြည့်ပါ။ မီးကြီးဖွင့်ကြည့်ပါ။ အားလုံး OK ရင် ကားသော့ဖွင့်ပြီး ဂလိုးမီးအပူပေးပါ။ ၂ ကြိမ်လောက် အပူပေးပြီးရင် မော်တာဆွဲပြီးနိုးပါ။ မော်တာလှည့်တာနဲ့ ဒေါက်-ဝူးတစ် ချက်တည်းနဲ့ စက်နိုးရပါတယ်။ မော်တာတစ်ချက်တည်းနဲ့မနိုးနိုင်။ ၂ ခါ၊ ၃ ခါဆွဲပြီးမှ မနိုးချင်နိုးချင်နဲ့ အတော် လေးကို မော်တာဆွဲနေရရင်တော့ အခြေအနေမကောင်းလို့ပါဘဲ။ ဂလိုး မီး Heat Plug တွေမကောင်းတာလား၊ ဂလိုးမီးတိုင်မာ(Timer) မ ကောင်းတာလား၊ Pump ကျနေတာ ပြီလား။ အင်ဂျင် Compression ကျ နေလို့လား။ ချွတ်ယွင်းအားနည်းချက် တစ်ခုခုရှိနေလို့ပါဘဲ။

ဒီဇယ်အင်ဂျင်မှာ မီးပေးစနစ်မပါ တဲ့အတွက် အင်ဂျင်စတင်နိုးချိန်မှာ လုံလောက်တဲ့အပူချိန်ရဖို့ Glow Plug၊ Heat Plug တွေနဲ့ ကြိုတင်အပူ ပေးရပါတယ်။ အင်ဂျင်ဆလင်ဒါတစ် လုံးကို Glow Plug တစ်လုံးစီတပ်ဆင် အပူပေးတယ်။ ၄ လုံးထိုးအင်ဂျင်မှာ Glow Plug ၄ လုံးပါပြီး ၆ လုံးထိုး မှာ Glow Plug ၆ လုံးပါတယ်။ Glow Plug ဆိုတာလည်း သုံးတာကြာလာ ရင် လောင်ကျွမ်းတတ်တယ်။ Plug ၂ လုံးလောက်မကောင်းရင် ဒီဇယ် အင်ဂျင်အနိုးထိုင်းတတ်ပါတယ်။
မနက်ပိုင်းအင်ဂျင်က အေးစက် နေတယ်။ စနိုးတဲ့အချိန်မှာ အပူလိုတယ်။ ဒီလိုအပ်ချက်ကြောင့် ဂလိုး မီးကို တပ်ဆင်ထားတာ။ စက်မနိုးခင် Glow Plug ကို ၅ စက္ကန့်လောက် လျှပ်စစ်စီးစေတာနဲ့ ချက်ချင်းပူတတ် လာပါတယ်။ အင်ဂျင်ကို မော်တာနဲ့ လှည့်လိုက်တဲ့အချိန်မှာ အင်ဂျင်ပေါက် လောင်းခန်းမှာ လေတွေကို ဖိသိပ်မိတယ်။ အင်ဂျင် Compression ဖိ အားရယ် Glow မီးအကူအားတွေ ကြောင့် ပေါက်ကွဲနိုင်တဲ့အဆင့်အထိ အပူချိန်မြင့်တတ်နေတယ်။ ဒီအချိန်မှာ နော်ဇယ်က ဒီဇယ်အမှုန်ကလေးတွေ ဖြန်းလိုက်တာနဲ့ ပေါက်ကွဲပြီး အင်ဂျင် ချက်ချင်းနိုးသွားစေတာဖြစ်တယ်။

ဒီဇယ်ကားတွေမှာ ကားသော့ ဖွင့်လိုက်တာနဲ့ ကွိုင်ပုံသဏ္ဍာန် ှုခသာ လေးနဲ့ Glow မီးနီကလေးလင်းလာ မယ်။ စက္ကန့်ပိုင်းကလေးမှာဘဲ Glow မီးငြိမ်းသွားမယ်။ အဲ့ဒီအချိန်ကျမှ မော် တာကိုလှည်ပါ။ Glow Plug တွေကို Timer က ထိန်းချုပ်ပြီး မီးပေးတယ်။ တခါတလေ Timer မကောင်းရင် ဒါမှ မဟုတ် Relay ကူးမကောင်းရင် Glow Plug ကို မီးမရောက်ဘူး။
ဒီဇယ်ဆီမှာ ရေနဲ့အမှုန်အမွှား အညစ်အကြေးတွေရောပါတတ်တယ်။ ဆီသန့်ဖို့လိုပါတယ်။ ဒီဇယ်စစ်ဘူး ၁ လ သို့မဟုတ် ၂ လတစ်ကြိမ်လောက် အသစ်လဲပေးဖို့လိုပါတယ်။ အရည်အ သွေးညံ့တဲ့ ဒီဇယ်ဆီမှာ ဆာလဖာနဲ့ ဖယောင်းတွေပါဝင်နေပါတယ်။ ဒီအရာတွေက အလွန်အေးတဲ့ရာသီမှာ ဆီ လိုင်းမှာပိတ်နေတတ်ပါတယ်။ အရည် အသွေးကောင်းတဲ့ Ultra Low Sulfur Diesel ဆီကိုသုံးပါ။ ဒီဇယ်ဆီတိုင်ကီ ထဲမှာ ရေတွေနဲ့ မသန့်ရှင်းတဲ့ ဒီဇယ် အနယ်အနှစ်တွေရှိနေရင် အဏုဇီဝ ပိုးမွှားတွေ ရှင်သန်ပေါက်ဖွားနေတတ် ပါတယ်။ ရေနံကိုစားတဲ့ပိုးတွေရှိပါ တယ်။ ဒီပိုးမွှားတွေက ရေနံထွက် ပစ္စည်းတွေထဲမှာ အသက်ရှင်နေထိုင် ပြီး အကျိအချွဲတွေထုတ်လုပ်ပါတယ်။ ဒီအကျိအချွဲတွေကြောင့် ဒီဇယ်ဆီဟာ ပိုပြီးညစ်ပတ်သွားပါတယ်။ မကောင်း တဲ့အနံ့ဆိုးတွေထွက်ပါတယ်။ အဲ့ဒီအ ကျိအချွဲတွေနဲ့ ဒီဇယ်အနယ်အနှစ်တွေ က ဒီဇယ်ဆီပိုက်လိုင်းထဲမှာ ကော် စေးလိုကပ်တွယ်ပြီး ဒုက္ခပေးတတ်ပါ တယ်။ ဆီတိုင်ကီထဲမှာ ပိုးမွှားတွေမ ပေါက်နိုင်အောင် Biocide လို ပိုး သတ်ဆေးသုံးရပါတယ်။ ဒီဇယ်တိုင် ကီကိုလည်း ဖြုတ်ဆေးဖို့လိုပါတယ်။

ဆီလိုင်းထဲမှာ လေခိုနေရင်၊ စက် ထိုးရပ်သွားတတ်ပါတယ်။ Hand Pump ရိုက်ပြီး ဆီလိုင်းထဲကလေတွေ ကို လေချူပေါက်ကနေ ချူထုတ်ပေးရ ပါတယ်။
Air Cleaner ပိတ်ပြီး အင်ဂျင် လေငတ်ရင် အင်ဂျင်ဆွဲအားကျပါ တယ်။ မီးခိုးမဲတွေလည်းထွက်တတ် ပါတယ်။ Injection Pump Timing မမှန်ရင်လည်း ဒီဇယ်မီးခိုးထွက်တတ် ပါတယ်။ နော်ဇယ်တွေမကောင်းရင် လည်း မီးခိုးထွက်တတ်ပါတယ်။ ဒီဇယ်အင်ဂျင်အဆွဲအရုန်းကျမယ်၊ အ ထမကောင်းဘူး၊ မီးခိုးလိုက်တဲ့ပြဿ နာတွေရှိရင် ကျွမ်းကျင်တဲ့ဒီဇယ်ဆား ဗစ်ဆိုင်မှာ ပြသပါ။ Common Rail Diesel ကားတွေမှာတော့ ကွန်ပျူတာ နဲ့ ထိန်းကျောင်းတာကြောင့် အပြစ် ရှာမယ်ဆိုရင် ကွန်ပျူတာG-Scan Tool နဲ့ ရှာရပါတယ်။ ဆီအရည်အ သွေးမကောင်းတဲ့အတွက် Nozzle ထိပ်တွေ Injector ထိပ်တွေမှာ ဒီ ဇယ်ဗားနစ်(Varnish) တွေဖြစ်ပြီး ဆီဖြန်းတဲ့ပုံစံကို ပျက်စီးစေပါတယ်။ ဒီဇယ်ကားမှာ ဆီသန့်ဖို့၊ ချက်ဆီတွေ ရောမပါဖို့ ဆာလဖာပါဝင်နှုန်းနည်းဖို့ လိုပါတယ်။ Diesel Treatment ကို တခါတရံသုံးပေးပါ။

Credit-ဆရာ KMA(သိပ္ပံနှင့်နည်းပညာ) 🖋🙏

Truck air suspension ® ကားကြီးလေအိတ်အကြောင်း •••••••••••••••••••••••••••••••••••••••••••••••••••••••••••ထရပ်ကားတွေမှာ သု...
05/11/2021

Truck air suspension ® ကားကြီးလေအိတ်အကြောင်း
•••••••••••••••••••••••••••••••••••••••••••••••••••••••••••

ထရပ်ကားတွေမှာ သုံးတဲ့ suspension တွေမှာ လေးတွေ အစား လေအိတ်တွေကို အသုံးပြုလာတာဟာ ဆယ်စုနှစ် တစ်ခုလောက်ပင် ရှိပေလိမ့်မည် အရင် မော်ဒယ်အဟောင်းတွေမှာတော့ ရိုးရိုး လေးတွေ ရှေ့ဘားတွေ လောက်ပဲ သုံးကြတာပါ ဒါပေမဲ့ ၂၀၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ပိုပြီး အားသာချက်တွေ များတဲ့ air suspension ( လေအိတ် ) ကို အသုံးပြုလာခဲ့ပါတယ် အမေရိကန် စတဲ့ အနောက်နိုင်ငံတွေမှာတော့ လေအိတ်တွေကို သူံးလာတာ တော်တော်လေးကြာနေပါပြီ။

လေးအစား လေအိတ်သုံးတာ ဘယ်လို အားသာချက်တွေ ရှ်ိနိုင်မလဲ ဆိုရင် ... အားသာချက်ကတော့ အင်ဂျင်ရဲ့ efficiency ပိုပြီးတိုးတာရယ် ငြိမ့်ညောင်းမှု ပိုရှိလာတာရယ် ယာဉ်မောင်းသူရဲ့ စွမ်းရည် ပိုကောင်းလာတာတွေကတော့ အဓိက အားသာချက်တွေပဲ ဖြစ်ပါတယ် ဒါပေမဲ့ အားနည်းချက်ကတော့ over weight မရပါဘူး ... လေအိတ်တစ်လုံးဟာ သူသက်မှတ်ထားတဲ့ ကာလ မရောက်ခင်မှာ preventive maintenance လုပ်ပေးရတယ် ဒါလေးကတော့ သူအားသာချက်ပေါ့ သူနဲ့ဆန့်ကျင်ဘက် လေးစနစ်ကတော့ Maintenance free ပါ။

လေအိတ်စနစ်တစ်ခုမှာ အရေးကြီးဆုံးက လေအိတ်ပါ ... လေအိတ်ကောင်းဖို့လိုပါတယ် ကျန်တာတွေကတော့ လေပိုက်တွေရယ် လေအိုးတွေ လေစနစ်ကို ကောင်းစွာ စီမံခန့်ခွဲပေးမည့် ယူနစ်တွေ ပြီးရင် ကွန်ပရက်ဆာ စတာတွေကလည်း အရေးကြီးတဲ့ အစိတ်ပိုင်းတွေပဲ ဖြစ်ပါတယ် ... လေအိတ်တလုံးဟာ ကားရဲ့ ၀န်အားပေါ်မှုတည်ပြီး ခံနိုင်ရည် ရှိပါတယ် အထူးသဖြင့် လေရဲ့ pressure ဒဏ်ကို ကောင်းစွာ ခံနိုင်ရပါမယ် သူံးပါများလာရင် လေအိတ်ရဲ့ ခံနိုင်ရည်လဲ ကျလာမယ် ဘာလို့လဲဆိုရင် လေအိတ်ဆိုတာ တသတ်မတ်ထဲ မဟုတ်ပဲ လေပူပေါင်းလို အပေါ်တက်အောက်ဆင်း ကစားနေတာပဲ ဖြစ်ပါတယ်။

Engine ကနေ Air compressor ကို မောင်းနှင်ပြီး အဲ့ကနေမှ တဆင့် Air Tank တွေဆီကို သွားတာ ဖြစ်ပြီး လေအိတ်တလုံးချင်းစီကို လေဘယ်လောက်အားနဲ့ ဖြည့်မလဲဆိုတာကိုတော့ APS လို့ခေါ်တဲ့ Air processing unit ကနေ အလုပ်လုပ်ပေးတာပဲ ဖြစ်တယ် သူက Air Unit တစ်ခုလုံး ထိန်းချုပ်တဲ့ စနစ်တစ်ခုပါပဲ ... APS ကတော့ ECU လိုပဲ ပျက်သွားရင်လဲတာ အကောင်းဆုံးပါပဲ။

လေအိတ်တွေမှာ အထင်ကြီးစရာ အကောင်းဆုံးအချက်က APS unit ပါတာရယ် sensor တွေရဲ့ ထောက်ပံ့မှု သတင်းအချက်လတ်ကို ယူတာတွေပါ အဲ့အတွက်ကြောင့် လေအိတ်တလုံးချင်းစီမှာ pressure sensor တစ်လုံးစီ တပ်ပေးထားပါတယ် ဘာကြောင့့်လဲ ဆိုရင် လေအိတ်ထဲမှာ ရှိတဲ့ Air pressure ကို Control Unit က သိဖို့လိုပါတယ် သို့မှသာ ကားရဲ့ ၀န်နဲ့အားကို လိုက်ပြီး သင့်တော်တဲ့ လေအားကို လေအိုးတွေကနေတဆင့်ဖြည့်ပေးမှာပဲ ဖြစ်ပါတယ်။

လေအိတ်တွေရဲ့ အလွန်အန္တာရယ်များတဲ့ အချက်က ရုတ်တရက် ထကွဲတက်တာပဲ ဒါကတော့ လေအိတ်ရဲ့ ကြံခိုင်မှုအားနဲ့ ဆိုင်သလို ကားရဲ့ တင်ထားတဲ့ ဝန်အားနဲ့လဲ ဆိုင်ပါတယ် ဒီအခြေနေဟာ လေအိတ်ကားတွေအတွက် အလွန်ကြောက်ဖို့ကောင်းတဲ့ အခြေနေပါပဲ အဲ့ဒါလေးကတော့ လေအိတ်သုံးတဲ့ ကားတွေအတွက် အားနည်းချက် ကြီးကြီးမားမားပါပဲဖြစ်ပါတယ် ဒီလို အခြေနေကို အတန်အသင့်ကာကွယ်ဖို့ အတွက် အနောက်နိုင်ငံတွေမှာ လေအိတ် နဲ့ လေး တွဲသူံးတဲ့ combine suspension တွေလဲ တွေ့ရပါတယ် ဒီစနစ်တွေကလဲ safe ဖြစ်တယ်လို့ ပြောလို့မရပါဘူး ဒါပေမဲ့ ယာဉ်မတ်ာတဆမှုကိုတော့ အတန်သင့်ကာကွယ်ပေးပါတယ်။

Crd : Sir Saw Naing 🙏🏻

အင်ဂျင်ကျနေပြီလားဆိုတာ သိနိုင်မယ့် အချက် (၅) ချက်~~~~~~~~~~~~~~~~~~~~~~အင်ဂျင်ကျတာ၊ အင်ဂျင်ကိုင်တာ၊ အင်ဂျင်တင်တာ၊ အင်ဂျင...
22/10/2021

အင်ဂျင်ကျနေပြီလားဆိုတာ သိနိုင်မယ့် အချက် (၅) ချက်
~~~~~~~~~~~~~~~~~~~~~~
အင်ဂျင်ကျတာ၊ အင်ဂျင်ကိုင်တာ၊ အင်ဂျင်တင်တာ၊ အင်ဂျင်အပေါ်ဖွင့်/အောက်ဖွင့်လုပ်တာ" ဆိုတာမျိုးတွေကို လူတိုင်းကြားဖူးကြမှာပါ။ အဲဒါတွေဘာကြောင့်လုပ်တာလဲ? ဘယ္လို အခြေအနေတွေမှာ အဲဒီလိုလုပ်ဖို့လိုအပ်သလဲ? အင်ဂျင်ရဲ့ ဘယ်အစိတ်အပိုင်းတွေကို လုပ္တာလဲ? ဆိုတာကို ဒီနေ့ဆွေးနွေးတင်ပြပေးပါမယ်။
ကျနော်တို့ဆီမှာသာ အင်ဂျင်ကျတာ၊ အင်ဂျင်ချတာ အစရှိသဖြင့် အမျိုးမျိုးခေါ်ဝေါ်ကြပေမယ့် အင်္ဂလိပ်လိုကတော့ Engine Overhaul လို့ပဲခေါ်ပါတယ်။ အင်ဂျင်ကိုင်တာ အင်ဂျင်ချတာဟာ ငွေကုန်ကြေးကျများပြီး စက်သမားတိုင်း ကြုံတွေ့နိုင်တာမို့ ဗဟုသုတအနေနဲ့ တင်ပြပေးလိုက်ပါတယ်။

ဘယ်အချိန်မှာ Engine Overhaul (အင်ဂျင်ကိုင်) လုပ်ဖို့လိုအပ်သလဲ?

၁။ အင်ဂျင်ဝိုင်စားများလာတာ
အင်ဂျင်ကိုင်ရတော့မယ့် အင်ဂျင်တိုင်းလိုလို ကြုံတွေ့ရတဲ့ ပြဿနာတစ်ခုက အင်ဂျင်ဝိုင်စားများလာတာပါပဲ။ အင်ဂျင်ဝိုင်လဲထားမယ်၊ အင်ဂျင်ဝိုင်သက်တမ်းပုံမှန်ကာလ မပြည့်သေးခင် အင်ဂျင်ဝိုင်ခန်းသွားမယ်၊ အင်ဂျင်ဝိုင်လျော့သွားမယ်ဆိုရင် အဲဒါ သင့်အင်ဂျင်ကျလာတဲ့ လက္ခဏာတစ်ခုပါပဲ။ အင်ဂျင်ဝိုင်ဟာပုံမှန်အားဖြင့် အင်ဂျင်အစိတ်အပိုင်းတွေကနေ ယိုစိမ့်တာ မရှိဘူးဆိုရင် လျော့ကျတာ မဆိုသလောက်လေးပဲရှိတတ်တာမျိုးပါ။ ဒါပေမယ့် အင်ဂျင်ဝိုင်ယိုစိမ့်တာ ဘာမွမရွိဘဲ အင်ဂျင်ဝိုင် level ကိုတိုင်းတာကြည့်တဲ့အခါ ထည့်ထားတဲ့ level အမှတ်ထက်အများကြီးလျော့သွားတယ်ဆိုရင် အဲဒါ အင်ဂျင်ကျတဲ့ လက္ခဏာပါပဲ။ဒါဆို အင်ဂျင်ဝိုင်စားတာ ဘာကြောင့်များလာသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းက pistons တွေမှာ တပ်ဆင်ထားတဲ့ piston rings တွေပွန်းစားသွားလို့ပါ။ ဒါကြောင့် အင်ဂျင်ကိုင်ပြီဆို မျဖစ္မေန မလြဲမေသြ လဲပေးရတဲ့ အစိတ်အပိုင်းက oil control rings တွေပါပဲ။ Oil control rings တွေကို ဆီထိန်းကွင်းလို့ ဝပ်ရှော့ဆရာတွေကခေါ်ကြပြီး အင်ဂျင်ထဲမှာရှိတဲ့ pistons တွေ အတက်အဆင်းလုပ်တဲ့အခါ ချောမွေ့စေဖို့ ချောဆီအဖြစ်ဆောင်ရွက်ပေးတဲ့ အင်ဂျင်ဝိုင်တွေကို မီးလောင်ခန်းထဲမရောက်အောင် ထိန်းချုပ်ပေးတဲ့ အလုပ္ကို အဓိကလုပ်ဆောင်ပါတယ်။ အဲဒီ rings တွေက နှစ်ပေါင်းကြာရှည်စွာ အင်ဂျင်ရဲ့ စလစ်လို့ခေါ်တဲ့ sleeve မီးလောင်ခန်းနံရံတွေနဲ့ ပွတ်တိုက်ပြီး အတက်အဆင်းလုပ်ရပါများလာတဲ့အခါမှာ ပွန်းစားကုန်ပါတယ်။ အဲဒီလိုပွန်းစားကုန်တဲ့အတွက် သူထိန်းပေးရမယ့် အင်ဂျင်ဝိုင်တွေကို မထိန်းပေးနိုင်တော့ဘဲ အင်ဂျင်ဝိုင်တွေဟာ မီးလောင်ခန်းထဲကို ကျော်ဝင်ပြီး မီးလောင်ကုန်ပါတော့တယ်။ အဲဒါကြောင့် အင်ဂျင်ထဲက အင်ဂျင်ဝိုင်တွေ ခမ်းကုန်၊ လျော့လျော့ကုန်ရတာပါပဲ။အင်ဂျင်ဝိုင်အသစ်လဲထားပြီး မကြာခင် အင်ဂျင်ဝိုင် level တွေ အရမ်းလျော့နေကာ မကြာမကြာ အင်ဂျင်ဝိုင် လီတာဘူးသေးလေးတွေကိုင်ကိုင်ပြီး အင်ဂျင်ဝိုင်လိုက်လိုက်ဖြည့်နေရပြီဆိုရင်တော့ဖြင့် မကြာခင်အင်ဂျင်ကိုင်ဖို့လိုနေပြီဆိုတာပါပဲ။
(အင်ဂျင်ဝိုင်လျော့စေတဲ့ အခြားအကြောင်းတွေလည်းရှိတတ်ပါတယ်။ ဥပမာ (tappet seal) တိုက္ပစ္စီးကေန ဆီယိုတာမျိုး main oil seal ကေန ဆီယိုတာမျိုးတွေလည်းရှိတတ်တာမလို့ သေချာစစ်ဆေးပြီးမှ အင်ဂျင်ကိုင်ဖို့၊ အင်ဂျင်ချဖို့ ဆုံးဖြတ်သင့်ပါတယ်)

၂။ အင်ဂျင်မီးခိုးလိုက်တာ
အင်ဂျင်ကျ/မက် သိနိုင်တဲ့ အျခားအခ်က္တစ္ခုက အင်ဂျင်မီးခိုးလိုက်တာပါ။ ပုံမှန်အားဖြင့် အင်ဂျင်တစ်လုံးဟာ ကောင်းမွန်နေတယ်ဆိုရင် ကြည်လဲ့လဲရှိတဲ့ မီးခိုးပဲထွက်ပါတယ်။ အဲဒီလိုမွ မဟုတ်ဘဲ အခြားထူးထူးခြား မီးခိုးရောင်တွေ (အမဲရောင်၊ အနက်ရောင်၊ အပြာရောင်၊ အဖြူရောင်) စတဲ့ မီးခိုးရောင်တွေ အများကြီးထွက်လာပြီဆိုရင် အဲဒီကားအင်ဂျင်ရဲ့ လုပ်ငန်းဆောင်တာတွေ တစ်ခုခုမှားယွင်းနေပါပြီ။အဲဒီလိုမီးခိုးရောင်တွေ အများကြီးရှိတဲ့ အထဲကမွ အင်ဂျင်ကျတာကို သိသာထင်ရှားစေတဲ့ မီးခိုးရောင်က နက်ပြာရောင် မီးခိုးပါ။ အဲဒီလိုနက်ပြာရောင် မီးခိုးထွက်ရတဲ့ အကြောင်းအရင်းက အပေါ်မှာပြောခဲ့သလိုပဲ အင်ဂျင်ဝိုင်တွေ အင်ဂျင်ခန်းထဲရောက် မီးလောင်ကုန်လို့ပါပဲ။ အဓိက အားဖြင့်တော့ oil control rings ကြောင့်ဖြစ်ပြီး valve oil seal တွေ မလုံရင်၊ ပွန်းစားရင်လည်း အင်ဂျင်မီးခိုးလိုက်တတ်ပါတယ်။ အဲဒီလို နက်ပြာရောင်မီးခိုးတွေ တသီတတန်းကြီးထွက်နေပြီ၊ အင်ဂျင်ဝိုင်ကလည်းစားနေပြီဆိုရင်တော့ အင်ဂျင်ကိုင်ဖို့ ကျိန်းသေလိုအပ်နေပါပြီ။

၃။ အင်ဂျင် အသံထြက္တာ
အင်ဂျင်ခန်းထဲက ပုံမှန်မဟုတ်တဲ့ အသံဗလံတွေထွက်လာတာဟာလည်း အင်ဂျင်ကျလာတဲ့ လက္ခဏာရပ်ပါပဲ။ အင်ဂျင်ခန်းထဲကနေ ဂိုးဂိုးဂွက်ဂွက်" စတဲ့ အသံတွေထွက်လာပြီဆိုရင်တော့ ဝပ်ရှော့ ဆရာကြီးတွေက အဲဒီလိုအသံတွေကို အောက်သံထွက်တယ်လို့ခေါ်ပြီး အင်ဂျင်ကိုင်ဖို့ အချက်ပေးခေါင်းလောင်းထိုးနေပြီလို့ ယူဆကြပါတယ်။ ဒီလိုအသံတွေ ဘာကြောင့်ထွက်လာရသလဲဆိုရင်တော့ အင်ဂျင်အတွင်းပိုင်းမှာရှိတဲ့ သတ္တုနဲ့သံထည်အစိတ်အပိုင်းတွေ ပွန်းစားပြီး ချောင်ကုန်တဲ့အတွက် အစိတ်အပိုင်းတစ်ခုနဲ့တစ်ခု ရိုက်ခတ်ရာကနေထွက်လာရခြင်းဖြစ်ပါတယ်။
အထူးသဖြင့် bearing တွေပွန်းစားပြီး ကရိုင်းနဲ့ရိုက်ခတ်ရာကနေ ထွက်လာတဲ့အသံတွေရယ်၊ နောက် pistons ရယ် ပွန်စားနေတဲ့ (sleeve) စလစ် နဲ့ရိုက်ခတ်တဲ့အသံတွေပါပဲ။
အဲဒီလိုအသံတွေ ထွက်လာပြီဆိုရင်တော့ အင်ဂျင်ချပြီး အင်ဂျင်ကိုင်ဖို့ သေချာပေါက်လိုနေပါပြီ။

၄။ အင်ဂျင်အဆွဲအရုန်းမကောင်းတာ
အင်ဂျင်အဆွဲအရုန်းမကောင်းတာကလည်း အကြောင်းအချက်များစွာရှိပါသေးတယ်။ ကျနော်အရင်ကလည်း ရေးခဲ့ဖူးပါတယ်။ ဒါပေမယ့် တချို့အင်ဂျင်အဆွဲအရုန်းကျစေတဲ့ အကြောင်းအရာတွေကတော့ အင်ဂျင်ကို အသေးစားပြုပြင်မှုလေးတွေလုပ်ပြီး အဆွဲအရုန်းပုံမှန်ဖြစ်အောင်လုပ်ဆောင်နိုင်ပေမယ့် အင်ဂျင်ရဲ့အဓိကကျတဲ့ အင်ဂျင်ခန်းအတွင်းက (compression) ဆီနဲ့လေကို ဖိသိပ်အား ကျသွားပြီဆိုရင်တော့ အသေးစားပြုပြင်မှုလေးတွေပဲ လုပ္လို့မရေတာ့ဘဲ အင်ဂျင်ချပြီး အင်ဂျင်တစ်ခုလုံးကို ပြုပြင်ရတော့မှာပါ။ပုံမှန်ကောင်းမွန်နေတဲ့ အင်ဂျင်တစ်လုံးကို compression tester နဲ့တိုင်းတာကြည့်မယ်ဆိုရင် အင်ဂျင်မီးလောင်ခန်း cylinder တိုင်းဟာ 100 Psi အထက်ရှိရမှာဖြစ်ပြီး cylinder တစ်ခုနဲ့တစ်ခုရဲ့ အနိမ့်ဆုံးနဲ့ အမြင့်ဆုံး ကွာခြားချက်က 10 Psi ထက်များလို့မရပါဘူး။ ဆိုလိုချင်တာက cylinder 4 ခုရွိတဲ့ အင်ဂျင်တစ်ခုကို တိုင်းတာကြည့်လိုက်မယ်ဆိုရင် no. 1 cylinder က 120 Psi ရှိပြီး no. 4 cylinder က 90 ပဲရွိလို့မရပါဘူး။ အမြင့်ဆုံး Psi ရွိတဲ့ cylinder နဲ့အနိမ့်ဆုံး Psi ရွိတဲ့ cylinder တွေကြားက ကွာခြားချက်က 10 Psi ထက်ပိုများနေတယ်ဆိုရင် အဲဒီအင်ဂျင်ကို engine overhaul လုပ်ဖို့လိုအပ်နေပြီလို့ ဆုံးဖြတ်နိုင်ပါတယ်။
ဒီလိုအင်ဂျင်ရဲ့ ဖိသိပ်အား (compression) ကျသွားရခြင်းအကြောင်းရင်းကတော့ piston ရဲ့ compression rings တွေပွန်းစားသွားတာ၊ နောက်တစ်ခုက cylinder ရဲ့ အတွင်းနံရံဖြစ်တဲ့ (sleeve) စလစ်နံရံတွေစားသွားတာကြောင့်ပါပဲ။

၅။ လောင်စာဆီစားနှုန်းများလာတာ
လောင်စာဆီစားနှုန်းများလာတာဟာလည်း အင်ဂျင်ကျလာတဲ့ လက္ခဏာရပ်တွေထဲက တစ္ခုပါပဲ။ ဆီစားနှုန်းလည်းများလာတယ်၊ အဆွဲအရုန်းကလည်းကျလာတယ်ဆိုရင် အခြားဆီစားနှုန်းများစေတဲ့ ရောဂါတွေကို စစ်ဆေးနိုင်ပြီး အခြားရောဂါတွေမရှိဘဲ သိသိသာသာဆီစားနှုန်းများလာတယ်ဆိုရင်တော့ဖြင့် သင့်ကားအင်ဂျင်ကျလာပြီလို ဆိုရမှာပါပဲ။လောင်စာဆီစားနှုန်း ဘာကြောင့်များလာရသလဲဆိုရင် အပေါ်မှာပြောခဲ့သလို လေနဲ့ဆီအရောအနှောကို ဖိသိပ်ရတဲ့ piston မွာရွိတဲ့ compression rings တွေမကောင်းလို့ပါပဲ။ Compression rings တွေမကောင်းတဲ့အခါ ဆီနဲ့လေအရောအနှောကို တင်းပြည့်ကျပ်ပြည့် မဖိသိပ်နိုင်တော့ဘဲ rings တွေရဲ့ အကြိုအကြားကနေ ဆီနဲ့လေတွေကို ယိုစိမ့်ထွက်စေပါတယ်။ အဲဒီလိုယိုစိမ့်ထွက်ပြီး အင်ဂျင်ဝိုင်ထားတဲ့ crankcase တွေထဲရောက်ကာ အင်ဂျင်ဝိုင် ဂိတ္တံက တစ်ဆင့် အခိုးအငွေ့တွေ မှုတ်ထုတ်လာစေတော့တာပါပဲ။ အထူးသဖြင့် ဒီဇယ်အင်ဂျင်တွေမှာ အင်ဂျင်ကျလာပြီဆိုရင် မီးခိုးလိုက်လာတာအပြင် အင်ဂျင်ဝိုင်ဂိတ်တံကနေ မီးလောင်ပြီးသား မီးခိုးငွေ့တွေရယ်၊ မလောင်ရသေးတဲ့ ဆီနဲ့လေအရောအနှောတွေရယ် မွုတ္ထုတ္တာကို ထင်ထင်ရှားရှားမြင်ရမှာပါပဲ။အင်ဂျင်ချမယ်၊ အင်ဂျင်ကိုင်မယ်ဆိုရင် မဖြစ်မနေပြုပြင်လဲလှယ်ရမယ့် ပစ္စည်းတွေကတော့

1. Piston rings တွေ

2. Bearing တွေ (ပွန်းစားနေတယ်ဆိုရင် အသစ်လဲလှယ်ရပါမယ်)

3. Crankshaft (ကရိုင်း ပွန်းစားနေမယ်ဆိုရင် ကရိုင်း သ တာ ၊ သ မရအောင်ထိ ပျက်စီးနေရင် အသစ်လဲလှယ်တာ)

4. Cylinder နံရံတွေဖြစ်တဲ့ sleeve တွေ ပွန်းစားနေမယ်ဆိုရင် စလစ် ဘိုးရင်းထိုးတာ၊ စလစ်အသစ်ရိုက်တာ
5. Piston တွေ လဲလွယ္တာ၊ piston နဲ့ connection rod တို့ကို ဆက်သြယ္ထားတဲ့ gudgeon pins တွေချောင်နေရင် လဲလွယ္တာ

6. Engine head ပြုပြင်တာ၊ valve seal တွေ valve guide တွေ အသစ်လဲလှယ်တာအစရှိတဲ့ ငွေကုန်ကြေးကျများတဲ့ အင်ဂျင်အစိတ်အပိုင်းတွေကို အကုန်အသေးစိတ်ပြုပြင်ရမှာပါ။ ဒီအချက်တွေကတော့ မိတ်ဆွေတို့ကားတွေ အင်ဂျင်ကျနေပြီလား? အင်ဂျင်တစ်ခုလုံးချပြီး engine overhaul လုပ်ဖို့လိုနေပြီလား? ဆိုတာသိနိုင်တဲ့ အခြေခံအချက်တွေပါ။ ဒီအချက်တွေကို သိရှိနားလည်ထားခြင်းဖြင့် မိတ်ဆွေတို့ရဲ့ အင်ဂျင် အမှန်တကယ် overhaul ပြုပြင်ဖို့လိုအပ်နေပြီလားဆိုတာ ခန့်မှန်းတွက်ချက်နိုင်ပြီး မလိုအပ်ဘဲ အင်ဂျင်ချ/အင်ဂျင်ကိုင်ပြုပြင်ခြင်းကနေ ရှောင်ရှားနိုင်မှာပါ။

Credit to Original uploader

Lynn Za Nee (P.T.U)

ဗဟုသုတမျှဝေရန် ကူးယူတင်ပြပါသည်

ဘရိတ်စနစ်ကို သေချာ စစ်ဆေးပြီးပြီလား..❓▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎👉👉ဘရိတ်ပတ်ဒ်(brake pad)တွေကို ကောင်း/ မကောင်း ...
27/09/2021

ဘရိတ်စနစ်ကို သေချာ စစ်ဆေးပြီးပြီလား..❓
▪️▪️▪️▪️▪️▪️▪️▪️▪️▪️▪︎▪︎▪︎▪︎▪︎▪︎▪︎▪︎
👉👉ဘရိတ်ပတ်ဒ်(brake pad)တွေကို ကောင်း/ မကောင်း သိဖို့အတွက်က ဘရိတ်ကို အသုံးပြုတိုင်း သင့်ရဲ့ အာရုံတွေကို အမြဲနားစွင့်ထားဖို့ လိုပါလိမ့်မယ်။

✅နားထောင်ပါ
သင့်ရဲ့ ဘရိတ်က တကျွီကျွီအသံမြည်နေလား? တစ်ခုခုနဲ့ ကြိတ်မိတဲ့အသံမျိုးထွက်နေလားဆိုတာ နားထောင်ပေးပါ။

✅ခံစားပါ
ဘရိတ်ခြေနင်းက ပျော့နေလား? လျော့နေလား?သင့်ရဲ့ ဘရိတ်တွေ ခြေထောက်မှာ တိုးနေလား? ဆွဲနေလား? သင်ခံစားကြည့်ပါ။

✅ကြည့်ပါ
ဘရိတ်မီး (သို့မဟုတ်) ABS မီးလင်းနေလား ကြည့်ပါ။

✅စစ်ဆေးပါ
ဘရ်ိတ်ပတ်ဒ်တွေကို နောက်ဆုံးစစ်ဆေးထားတာ တစ်နှစ်လောက် ရှိပြီလား? စစ်ဆေးပြီးနောက် အသုံးပြုထားတာ ကီလို ၁၄၀၀၀ လောက်ရှိနေပြီလား? စစ်ဆေးကြည့်ပါ။

💢💢ဘရိတ်ပတ်ဒ်တစ်ခုရဲ့အထူက ၃ မီလီမီတာအောက် လျော့မနေသင့်ပါဘူး။

👉👉ခရီးထွက်တဲ့အချိန်မှာ ကားတစ်စီးအတွက် အရေးအပါဆုံးက ဘရိတ်စနစ်ကောင်းမွန်နေဖို့ပါ။

💢💢ဘရိတ်စနစ်ကို သေချာ စစ်ဆေးမထားလို့ ဘရိတ်ပတ်ဒ်တွေ ပါးနေတာ၊ brake pinတွေ၊ ဘရိတ်ကလစ်တွေ ချောင်နေတာကို မရိပ်မိဘူး, မသိဘူးဆိုရင် အန္တရာယ်ရှိပါတယ်။

👍👍ဒါ့ကြောင့် ဘရိတ်စနစ်ကို ပုံမှန်စစ်ဆေးပေးပြီး လိုအပ်လို့ လဲရမယ့်အခြေအနေဆိုရင် လဲပေးလိုက်တာက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်လို့ အကြံကောင်းလေး ပေးပါရစေ ခင်ဗျာ။

ဗဟုသုတမျှဝေရန် ကူးယူဖော်ပြထားပါတယ်ခင်ဗျာ

မော်တော်ကားမောင်းနှင်သူတိုင်း မဖြစ်မနေ သိထားသင့်သည့်Car Dashboard ပေါ်မှ အချက်ပြသင်္ကေတများ . . .-----------------------...
26/09/2021

မော်တော်ကားမောင်းနှင်သူတိုင်း မဖြစ်မနေ သိထားသင့်သည့်

Car Dashboard ပေါ်မှ အချက်ပြသင်္ကေတများ . . .

-------------------------------------------------------------------

Cruise Control

အဝေးပြေးလိုလမ်းဖြောင့်တွေပေါ်မှာ ယာဉ်မောင်းရဲ့သက်မှတ်မြန်နှုန်းအတိုင်း အလိုအလျောက်မောင်းနှင်ပေးနေတဲ့ အချိန်မျိုးမှာ အချက်ပြပေးမှာဖြစ်ပါတယ်။

မော်တော်ကားမောင်းနှင်ခြင်းကို သက်သက်သာသာရှိအောင် ကူညီထိန်းကျောင်းလုပ်ဆောင်ပေးမယ့် အကူစနစ်ဆိုရင် မမှားပါဘူး။

အချက်ပြနေတာကို ပိတ်ချင်ရင် ဘရိတ်ကိုအသုံးပြုရပါတယ်။ ဒီနေရာမှာ တစ်ခုသတိထားရမှာက အချက်ပြစနစ်ပိတ်မသွားပဲဆက်ပြီး ပေါ်နေဦးမယ်ဆိုရင် ချွတ်ယွင်းချက်ရှိနေတာဖြစ်ပါတယ်။

အန္တရာယ်ရှိတာကြောင့် ဆက်မမောင်းပဲ ပြင်ဆင်ပြီးမှ ပြန်မောင်းပါလို့ အကြံပေးလိုပါတယ်။

Adaptive Cruise Control

သူက Cruise Control ရဲ့ နောက်ဆက်တွဲနည်းပညာဖြစ်ပြီး သူလည်းအလိုအလျောက်လုပ်ဆောင်ပေးမယ့် စနစ်ဖြစ်ပါတယ်။

ပုံပေါ်နေရင် အဆိုပါစနစ်လုပ်ဆောင်နေတာဖြစ်ပြီး မသုံးချင်ဘူးဆိုရင်လည်း ပိတ်ထားနိုင်မှာဖြစ်ပါတယ်။

Engine Cooling System

အင်ဂျင်က အနားမရပဲ ဆက်တိုက်အလုပ်လုပ်ပေးနေရတာမျိုး၊ ပြင်းပြင်းထန်ထန်ရုန်းကန်ပေးနေရတဲ့အချိန်မျိုးမှာ အချက်ပြပေးတဲ့စနစ်ဖြစ်ပါတယ်။

အရေးကြီးပါတယ်။ အင်ဂျင်ရဲ့ ခံနိုင်ရည်အပူချိန်ထက်ပိုပြီး မြင့်မားနေပြီ၊ အမြင့်ဆုံးအပူချိန်ရောက်နြေပီဆိုတာကို အချက်ပြတာဖြစ်တဲ့အတွက် အင်ဂျင်ကို အနားပေးပါ။ ဆက်ပြီးမမောင်းသင့်ပါဘူး။

တဆက်တည်းမှာ ရေတိုင်ကီနဲ့ ရေပိုက်စနစ်တွေကို စစ်ဆေးရမှာဖြစ်ပါတယ်။

Vehicle Charging System

သူကတော့ ကားရဲ့အားသွင်းစနစ်မှာ ချွတ်ယွင်းချက်ရှိနေတယ်လို့အချက်ပြပေးတာဖြစ်ပါတယ်။

ဘက်ထရီအားဝင်/မဝင်၊ ဘက်ထရီကောင်း/မကောင်း စစ်ဆေးရမှာဖြစ်ပါတယ်။

ဘက်ထရီပိုင်းက ကားမီးလောင်တာမျိုးကို ပိုဖြစ်စေနိုင်တဲ့အလားအလာရှိတာကြောင့် ဒီမီးလင်းလာရင် ဆက်မောင်းတာမျိုး မလုပ်ပါနဲ့။ ပြင်ဆင်ပါ။

Air Suspension

Suspension စနစ်ရဲ့ အဆင့်မြင့် စနစ်ပဲ ဖြစ်ပါတယ်။ Absorber တွေနဲ့ ဖန်တီး ထည့်သွင်းထားတဲ့စနစ် မဟုတ်တော့ပဲ ခရီးသည်တင်ကားတွေရဲ့ အောက်ဖက် လေအိတ်တွေလိုပဲ ကားကို သက်သောင့်သက်သာစီးနင်းနိုင်အောင် လေအိတ်ပုံစံ Suspension စနစ်နဲ့ သွားတာ ဖြစ်ပါတယ်။

အထက်ပါစနစ်ချွတ်ယွင်းနေတယ်ဆိုတာကို အချက်ပြတာဖြစ်ပြီး ပြန်လည်ပြုပြင်ပေးဖို့လိုအပ်မှာဖြစ်ပါတယ်။

Automatic Gearbox Box

အော်တိုဂီယာနဲ့ကားတွေမှာ ဒီမီးလင်းနေရင် ဂီယာကချွတ်ယွင်းချက်ရှိနေပြီလို့ပြောတာဖြစ်ပါတယ်။ အရေးကြီးပါတယ်။ စစ်ဆေးပြင်ဆင်ရမှာပါ။

Towing Hitch

ဝန်တင်ဆောင်ထားမယ်ဆိုရင် Mode ပြောင်းလဲ မောင်းနှင်နိုင်တဲ့ ကားတွေမှာ Tow Mode ပြောင်းလဲ မောင်းနှင်ဖို့ အချက်ပြခြင်း ဖြစ်တတ်သလို Mode ပြောင်းလဲ မောင်းနှင်နိုင်ခြင်းမရှိတဲ့ မော်ဒယ်တွေဆိုရင်လည်း ဝန်တင်ဆောင်ထားကြောင်းနဲ့ ပုံမှန်ထက် ဝန်များကြောင်း အချက်ပြပေးမှာ ဖြစ်ပါတယ်။

Electronic Stability Programme

သူက Stability စနစ်ကို လျှပ်စစ်စနစ်နဲ့ ထိန်းချုပ်မောင်းနှင်နေတယ် ဆိုတာ သိစေအောင် အချက်ပြပေးတာ ဖြစ်ပါတယ်။

ထည့်သွင်း Software ကနေ တဆင့် ထိန်းချုပ်ပေးတာဖြစ်ပြီး ဒီစနစ်က ပုံမှန် Stability စနစ်တွေထက် ကားကို လမ်းကြောင်းပေါ်မှာ ပိုမိုတည်ငြိမ်မှု ပေးနိုင်တာ တွေ့ရပါတယ်။

Stability Control Off

နောက်ပိုင်းထုတ်ကားတွေမှာ မော်တော်ယာဉ်မောင်းနှင်ချိန် တည်ငြိမ်မှုထိန်းချုပ်တဲ့စနစ်ကို ပိတ်ထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Lane Assist

သူက မော်တော်ကားတိုင်းမှာတော့ မပါပါဘူး။ နောက်ပိုင်းထုတ် မော်ဒယ်မြင့်တွေမှာ ပိုပြီးတွေ့ရပါတယ်။

ကားရဲ့ဘေးဘက်တွေကိုအာရုံခံပြီး အချက်ပြပေးတဲ့စနစ်မျိုးဖြစ်တာကြောင့် လမ်းကျဉ်းလိုနေရမျိုးတွေမှာဆို အသုံးတည့်ပါတယ်။ ဒီစနစ်ကလည်းမလိုဘူးဆို ပိတ်ထားလို့ရပါတယ်။

Airbag and Seat Belt System

သူကတော့ အသက်ကယ်လေအိတ်စနစ်မှာ အားနည်းချက်ရှိနေတာမျိုး၊ ထိုင်ခုံခါးပတ်မှာ ပြစ်ချက်ရှိနေတာမျိုးတွေကို အချက်ပြပေးတာဖြစ်ပါတယ်။

အချို့သောကားတွေမှာဆို ကားမောင်းတဲ့အချိန် ခါးပတ်ပတ်မထားရင်လည်း ဒီပုံစံနဲ့ပဲ အချက်ပြပေးတက်ပါတယ်။

Brake System

သူက ကနေဒါပုံစံအချက်ပြစနစ်ပါ။ အမေရိကန်စနစ်မှာတော့ Brake ဆိုတဲ့ စာသားနဲ့လာပါတယ်။

ဘရိတ်စနစ်မှာ အားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

လက်ကိုင်ဘရိတ်စနစ်ကို ပြန်လည်စစ်ဆေးရမှာဖြစ်ပါတယ်။

Engine Oil Pressure

သူက အင်ဂျင်အတွင်းက အင်ဂျင်ဝိုင်ဖိအားနဲ့ အနေအထားကို အချက်ပြပေးတာဖြစ်ပါတယ်။

စက်နှိုးဖို့သော့ထည့်လိုက်ရင် အချက်ပြပေးပြီး စက်နိုင်းသွားရင် ပြန်ပိတ်ပါတယ်။ ပြန်မပိတ်ဘူးဆိုရင်တော့ အင်ဂျင်ဝိုင်ကို စစ်ရမှာဖြစ်ပါတယ်။

Pressure နည်းလေလေ အင်ဂျင်ဝိုင်ရှိရမယ့်ပမာဏလျော့နည်းလေလေဖြစ်ပါတယ်။ အင်ဂျင်ဝိုင်အသစ်လဲပေးတာမျိုး၊ ထပ်ဖြည့်တာမျိုး လုပ်ပေးရမှာပါ။

Engine Oil Level

အင်ဂျင် ဖိအားတိုင်း အချက်ပြမီးစနစ်နဲ့ ဆင်တူပါတယ်။ ဒီစနစ်ကတော့ အင်ဂျင်ဝိုင် ပမာဏ ဘယ်လောက် ရှိတယ်ဆိုတာကို အာရုံခံ အချက်ပြပေးမှာ ဖြစ်ပြီး သူက ပမာဏ နည်းနေရင် ထပ်ထည့်နိုင်အောင် အချက်ပြပေးမယ့် စနစ် ဖြစ်ပါတယ်။

Ignition Switch

သူကထုတ်လုပ်တဲ့ကားကုမ္ပဏီအလိုကျ ပုံစံမြိုးစုံနဲ့လာပါတယျ။

မော်တော်ကားစက်နှိုးဖို့အသင့်အနေအထားကို အချက်ပြတာပါ။

ဒီနေ့ခေတ်ကားတွေမှာ အခုစနစ်အတွက် အချက်ပြပုံစံ ၁၀ မျိုးကျော်လောက်အထိလာတာတွေ့ရပါတယ်။

Power Steering System

နောက်ပိုင်းထုတ်မော်ဒယ်တွေမှာ အများဆုံးတွေ့ရတဲ့စနစ်ဖြစ်ပါတယ်။

လက်ကိုင်ပိုင်းကို ပိုပြီးပေါ့ပါးအောင်၊ မောင်းနှင်ရသွက်အောင်ထည့်သွင်းပေးထားတဲ့စနစ်ဖြစ်ပြီး ဒီပုံပေါ်လာတာက အဲ့ဒီစနစ်မှာ အားနည်းချက်ရှိနေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

ပါဝါစတီယာရင်အပိုင်းနဲ့ ပါဝါဆီ ရှိ/မရှိ စစ်ဆေးရမှာဖြစ်ပါတယ်။

Bonnet

သူက ကားရဲ့ရှေ့ဘက် အင်ဂျင်ခန်းအဖုံးဖွင့်ထားတယ်/ပွင့်နေတယ်ဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

အင်ဂျင်စက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Boot Lid

နောက်ဖက်ဝန်တင်ခန်းအဖုံးပွင့်နေတယ်လို့ အချက်ပြတာဖြစ်ပါတယ်။

နောက်ဖုံးကို Lock ကျအောင် ပြန်ပိတ်ပေးရမှာပါ။

Doors

ကားရဲ့တံခါးတစ်ခုခုပွင့်နေမယ်ဆိုရင် အချက်ပြေပေးမှာဖြစ်ပါတယ်။

တံခါးတွေကိုစစ်ဆေးပါ။ Lock မကျသေးတဲ့တံခါးကို ပြန်ဖွင့်ပြီး ပြန်ပိတ်ပေးရမှာဖြစ်ပါတယ်။

Steering Lock

Steering ကို Lock ချထားတယ်လို့ အချက်ပြပေးတာဖြစ်ပါတယ်။

Anti-Lock Brake System

နောက်ပိုင်းထုတ်မော်ဒယ်အများစုမှာ တပ်ဆင်လာတဲ့စနစ်ဖြစ်ပါတယ်။
သူက ကားသော့စဖွင့်တာနဲ့လင်းပါတယ်။ ခဏလောက်နေရင် ပြန်ပိတ်ရပါတယ်။ ဆက်ပြီးပေါ်နေသေးတယ်ဆိုရင်တော့ စနစ်မှာအားနည်းချက်ရှိနေပြီလို့ အချက်ပြတာဖြစ်ပါတယ်။

Windscreen Washer Fluid Level

ရှေ့မှန်၊ နောက်မှန်တွေကိုဆေးတဲ့ မှန်ဆေးရည်ပမာဏကို အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာတော့ မှန်ဆေးရည်စနစ်မပါတက်ပါဘူး။ ဒါ့အပြင် မှန်ဆေးရည်စနစ်ပါတဲ့ကားတချို့မှာလည်း ဒီအချက်ပြစနစ်ကို မထည့်ထားပါဘူး။

နောက်ဆုံးပေါ်အဆင့်မြင့်ကားတွေမှာပဲ တွေ့ရများပါတယ်။

Emissions Control Lamp

သူကတော့ ဓာတ်ငွေ့ထုတ်လွှတ်တဲ့အပိုင်းမှာ ပြစ်ချက်ရှိနေပြီလို့ အချက်ပြပေးတာဖြစ်ပါတယ်။

မော်ဒယ်နိမ့်ကားတွေမှာ ဒီအချက်ပြစနစ်မပါတက်သလို အချို့ကားတွေမှာဆိုရင်လည်း ဒီလိုပြစ်ချက်မျိုးကို အင်ဂျင်ထိန်းချုပ်စနစ်အားနည်းချက်ပြသင်္ကေတနဲ့ရောပြီး အချက်ပြတက်ပါတယ်။

Tyre Pressure Monitoring

သူက နောက်ပိုင်းထုတ် မော်ဒယ်တွေမှာ ပါရှိတဲ့ အချက်ပြစနစ် ဖြစ်ပါတယ်။ တာယာရဲ့ လေပေါင်ချိန်ကို ခန့်မှန်း အာရုံခံပြီး အချက်ပြပေးမှာ ဖြစ်ပါတယ်။

ခရီးဝေး မောင်းနှင်မှုတွေ အတွက် တာယာလေပေါင်ချိန်ဟာ အရေးကြီးတဲ့ အတွက် နောက်ပိုင်းထုတ် မော်ဒယ် အများစုမှာ တပ်ဆင် ထုတ်လုပ်လာတာ တွေ့ရပါတယ်။

Rain and Light Sensor

မိုးရွာနေတဲ့အချိန် ပြင်ပအလင်းရောင်သိပ်မရှိတော့တဲ့အချိန်မျိုးမှာ ဒီစနစ်က အာရုံခံပြီး အလိုအလျောက်လင်းပေးမှာဖြစ်ပါတယ်။

အပြင်ကမိုးကရွာ၊ မှောက်ကလည်းမှောင်နေပေမယ့် ဒီမီးမလင်းဘူးဆိုရင်တော့ လျှပ်စစ်ပိုင်းနဲ့ အာရုံခံအပိုင်းကို စစ်ဆေးရမှာဖြစ်ပါတယ်။

Adaptive Lighting System

သူက အလိုအလျောက်လုပ်ဆောင်ပေးတဲ့ စနစ်ဖြစ်ပြီး ရှေ့မီးကြီးဖွင့်ထားချိန်မှာ မီးလုံးအနေအထားက သင့်တော်တဲ့အခြေအနေမှာရှိနေပြီဆိုတာကို အချက်ပြပေးတာဖြစ်ပါတယ်။

Convertible Roof

အမိုးဖွင့်ကားတွေမှာပါရှိမယ့် အချက်ပြမီးစနစ် ဖြစ်ပါတယ်။

အမိုးကို အဖွင့်၊ အပိတ် လုပ်နိုင်မယ် ဆိုတာကို အချက်ပြပေးမယ့် အပြင် ထုတ်လုပ်တဲ့ ကုမ္ပဏီအပေါ်ကိုမူတည်ပြီး အမိုးဖွင့်ထားသလား၊ ပိတ်ထားသလားဆိုတာကိုပါ အချက်ပြပေးတာ တွေ့ရပါတယ်။

Engine Management Lamp

သူက အင်ဂျင်ကို စစ်ဆေးဖို့ လိုအပ်နေတယ်ဆိုတာ အချက်ပြပေးတာ ဖြစ်ပါတယ်။

ထုတ်လုပ်တဲ့ ကားကုမ္ပဏီအပေါ်မှာမူတည်ပြီးတော့ Check ဆိုတဲ့ စာသားနဲ့ အချက်ပြမှု ပုံစံလည်း ရှိသလို၊ Service Engine Soon ပုံစံနဲ့လည်း သတိပေးတတ်တာ တွေ့ရပါတယ်။

Low Fuel Level

သူကတော့ ထုတ်လုပ်တဲ့ကုမ္ပဏီအပေါ်ကို မူတည်ပြီး အနည်းဆုံး ဆီပမာဏ လက်ကျန်ကို အခြေခံတွက်ချက်ကာ မကြာခင်မှာ စက်သုံးဆီကုန်တော့မယ်ဆိုတဲ့အကြောင်းကို အချက်ပြပေးမှာ ဖြစ်ပါတယ်။

များသောအားဖြင့်တော့ ပျမ်းမျှ ဆီ ၂ ဂါလံဝန်းကျင်ကျန်ရှိချိန်မှာ အချက်ပြမီး လင်းလာတတ်ပြီး နောက်ထပ် ခရီး ၁၀ မိုင်ကျော် သွားလာနိုင်သည်ထိအောင် ဆီလက်ကျန်ရှိချိန် အချက်ပြပေးတတ်ပါတယ်။

Rear Fog Lights

နောက်ဖက် Fog မီးလင်းလာချိန်မှာမှ အချက်ပြမယ့် မီးစနစ်ပါ။ ပြသမှု ပုံစံ နှစ်ခု ရှိတတ်ပါတယ်။

ပထမ တစ်ခုက Fog မီးဖွင့်လိုက်တာနဲ့ လင်းလာတာက Fog မီးလင်းကြောင်း အချက်ပြမီးနဲ့ နောက်ထပ် ပုံစံတစ်ခုက နောက်ဖက်ကနေ အနီးကပ် ကားမီးကြီး တစ်ခုခု လင်းနေတယ်၊ ကပ်ပါတယ်ဆိုတာ အာရုံခံ အချက်ပြတာ ဖြစ်ပါတယ်။

ဒုတိယအချက်ပြမီးစနစ်ကို ထည့်ထားတဲ့ကားတွေက ရှားပါတယ်၊ ဇိမ်ခံကားတွေမှာပဲ ပါရှိတတ်ပါတယ်။

ဗဟုဟုတမျှဝေရန် ကူးယူဖော်ပြထားပါသည်။

: Thunder Mortor

အင်ဂျင်ဆိုတာ ဘာလဲ။အင်ဂျင်တစ်လုံးကို အသေးစိတ် လေ့လာကြည့်ရာ နားလည်သဘောပေါက်ဖို့ အလွန်ရှုပ်ထွေးပါတယ်။ အင်ဂျင်ရဲ့ ယေဘုယျ သဘေ...
25/09/2021

အင်ဂျင်ဆိုတာ ဘာလဲ။

အင်ဂျင်တစ်လုံးကို အသေးစိတ် လေ့လာကြည့်ရာ နားလည်သဘောပေါက်ဖို့ အလွန်ရှုပ်ထွေးပါတယ်။ အင်ဂျင်ရဲ့ ယေဘုယျ သဘောတရားမှာ မီး၊ လေ၊ လျှပ်စစ် စတဲ့ သဘာဝအရင်းအမြစ် စွမ်းအင်ကို စက်မှုစွမ်းအင်သို့ စဉ်ဆက်မပြတ် ပြောင်းလဲပေးခြင်းဖြင့် မောင်းနှင်ပေးတဲ့ ကိရိယာပဲ ဖြစ်ပါတယ်။ အင်ဂျင်အမျိုးအစား များစွာရှိပြီး ထိုအင်ဂျင်တွေမှာ မတူညီတဲ့ နည်းလမ်းတွေနဲ့ မောင်းနှင်တာကို တွေ့ရပါတယ်။
အင်ဂျင်ကို လောင်ကျွမ်းပေးတဲ့ ကိရိယာအဖြစ်လည်း သတ်မှတ်နိုင်ပါတယ်။ ဘာ‌ကြောင့်လဲဆိုတော့ အင်ဂျင်က ကားကို မောင်းနှင်နိူင်ဖို့အတွက် လောင်စာဆီကို လောင်ကျွမ်းစေခြင်းဖြင့် ရရှိလာတဲ့အပူကို စက်စွမ်းအင်သို့ ပြောင်းလဲစေခြင်း‌ကြောင့် ဖြစ်ပါတယ်။
အပူစွမ်းအင်မှ စက်မှုစွမ်းအင်သို့ ဘယ်လိုပြောင်းလဲသလဲ။ ဥပမာ- ပုလင်း၊ အိုး တို့ကို အပူပေးတဲ့အခါ အဖုံးတွေဟာ ဆူညံသံနဲ့အတူ ရွေ့လျားနေတာ တွေ့ရပါတယ်။
ဓာတ်ငွေ့ ၊ ဒါမှမဟုတ် လျှပ်စစ်စွမ်းအင်မှ ရရှိတဲ့အပူက ရေကို အငွေ့ပြန်စေပြီး ထိုရေငွေ့က ပုလင်းနဲ့အိုး အဖုံးတို့ကို အပေါ်ကြွတက်စေတာပဲ ဖြစ်ပါတယ်။
အရေးကြီးတဲ့ အချက်တစ်ချက်တစ်ချက်က ရွေ့လျားနေတဲ့ စွမ်းအားက အပူစွမ်းအင်မှ တိုက်ရိုက်ရရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ ထိုအပူစွမ်းအင်ကြောင့် ထွက်လာတဲ့ လေပူ၊ ဒါမှမဟုတ် ရေနွေးငွေ့တို့က အရွေ့စွမ်းအင်ကို ထုတ်လုပ်ပါတယ်။
ဆိုလိုတာကတော့ စွမ်းအင်ပုံစံ ပြောင်းလဲဖို့အတွက် ကြားခံ လိုအပ်ပါတယ်။ ကြားခံ ဆိုတာကတော့ လောင်ကျွမ်းနိူင်တဲ့ အရည်တမျိုးမျိုး (ဓာတ်ဆီ၊ ဒီဇယ် စသည်) တို့ ဖြစ်ပါတယ်။ ဓာတ်ဆီ အင်ဂျင်အတွက် လောင်စာအရည်ဖြစ်တဲ့ ဓာတ်ဆီဟာ အင်ဂျင်ထဲသို့ ၀င်ရောက်လာတဲ့ လေနဲ့အတူ လောင်ကျွမ်းပြီး အိပ်ဇောဓာတ်ငွေ့ ထုတ်လွတ်ပါတယ်။
ဒီဖြစ်စဥ် လုပ်ဆောင်နိုင်ဖို့ လောင်စာအရည်နဲ့ လေ လိုအပ်ပါတယ်။ လောင်စာအရည်မရှိပါက စွမ်းအင် အသွင်ပြောင်းခြင်းဖြစ်စဥ်ကို လုပ်ဆောင်လို့ မရပါ။
စက်မှုစွမ်းအင်မှ အပူစွမ်းအင်သို့ ပြောင်းလဲပုံကို ပြောင်းပြန်စဉ်းစားကြည့်ရအောင်။ ကားရဲ့ ဘရိတ်စနစ်ကို ဥပမာထား စဥ်းစားကြမယ်။ ပစ္စည်းနှစ်ခုကို ပွတ်တိုက်ခြင်း၊ ဒါမှမဟုတ် ရိုက်ခတ်ခြင်းမှ ထွက်ရှိလာတဲ့ အပူဟာ ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာတဲ့ အပူဆိုတဲ့ အခြေခံသဘောတရားကို သိရှိပြီးဖြစ်ပါတယ်။ လက်ဖဝါးနှစ်ခုကို ပွတ်တိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့ရဲ့ လက်တွေ နွေးလာြခင်းဟာ ပွတ်တိုက်မှု‌ကြောင့် အပူထွက်လာတာကို သိနိုင်ပါတယ်။ ဆိုလိုတာကတော့ ပွတ်တိုက်မှုဆိုတဲ့ ရွေ့လျားစွမ်းအားမှ လက်ကိုနွေးစေတဲ့ အပူစွမ်းအင်သို့ အလွယ်တကူပြောင်းလဲ နိုင်ပါတယ်။ ရွေ့လျားစွမ်းအားမှ အပူစွမ်းအင်ပြောင်းလဲပေးတဲ့ ဒီလက်ဖဝါးနှစ်ခု ပွတ်တိုက်မှုဖြစ်စဥ်မှာတော့ လောင်စာအရည်မရှိဘဲ အပူစွမ်းအင်ကို တိုက်ရိုက် ရရှိပါတယ်။
ဒါပေမဲ့ အပူစွမ်းအင်မှ စက်မှုစွမ်းအင်အဖြစ် ပြောင်းလဲတဲ့နေရာမှာတော့ လောင်စာအရည် ရှိရပါမယ်။ စွမ်းအင်ပြောင်းလဲခြင်းမှာ ကြားခံဖြစ်တဲ့ လောင်စာဆီ ဆုံးရှုံးမှု များစွာရှိစေကာမှု အင်ဂျင်အတွက် အပူစွမ်းအင်မှ စက်မှုစွမ်းအင်ကို ဘယ်လောက်ပြောင်းလဲပေးနိုင်တယ် ဆိုတာကပဲ အရေးကြီးတဲ့အချက် ဖြစ်ပါတယ်။

ဗဟုသုတမျှဝေရန်ကူးယူဖော်ပြထားပါသည်။

Credit to ..ကျော်ဇင်ကောင်း

Address

32 55C
Mandalay

Telephone

+959427100020

Website

Alerts

Be the first to know and let us send you an email when All About Car Technology posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share