HEIN- Engineering Construction / Consultant Group

HEIN- Engineering Construction / Consultant Group Engineering Service

ရိုးရှင်းသော ဒီဇိုင်းနဲ့ တထပ်အိမ်လေးတွေ
22/08/2021

ရိုးရှင်းသော ဒီဇိုင်းနဲ့ တထပ်အိမ်လေးတွေ

"ဘဝမှာ စိတ်ဓာတ်ပြင်းထန်ဖို့ပဲလိုတယ် ကြိုးစားရင် မ‌ဖြစ်နိုင်တာ မရှိ"ကိုဗစ်ကပ်ဘေးမှ အားလုံး ကင်းဝေးကြစေဖို့ ကျနော်များ" He...
16/08/2021

"ဘဝမှာ စိတ်ဓာတ်ပြင်းထန်ဖို့ပဲလိုတယ် ကြိုးစားရင် မ‌ဖြစ်နိုင်တာ မရှိ"

ကိုဗစ်ကပ်ဘေးမှ အားလုံး ကင်းဝေးကြစေဖို့ ကျနော်များ" Hein " Construction Group မိသားစုမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါသည်ခင်ဗျား 🙏

01/08/2021

အိမ်နှင့်မြေ သို့မဟုတ် မြေကွက် လွှဲပြောင်းရောင်းချရာတွင် ရေးသားချုပ်ဆိုသော မှတ်ပုံတင် အရောင်းအဝယ် စာချုပ်တွင် အဓိက ပါဝင်ရမည့် အချက်များ။
=========================

၁။ ရောင်းသူနှင့်ဝယ်သူတို့သည် နိုင်ငံသားများ ဖြစ်ရပါမည်။

၂။ ရောင်းသူနှင့် ဝယ်သူတို့၏ နိုင်ငံသားစိစစ်ရေးရေးကဒ်ပြားအမှတ် သို့မဟုတ် နိုင်ငံသားလက်မှတ်အမှတ်နှင့် နေရပ်လိပ်စာတို့ကို ပြည့်ပြည့်စုံစုံ ဖော်ပြရပါမည်။

၃။ ရောင်းချသည့်တန်ဖိုးကို မှန်မှန်ကန်ကန်ဖော်ပြရပါမည်။အကယ်၍တန်ဖိုးလျော့ပြပါက အခွန်လိမ်လည်မှုအရ အရေးယူခြင်း ခံရပါမည်။ လျော့ပြသည့်အခွန်တန်ဖိုး၏ ( ၁၀ )ဆကို ဒဏ်ငွေအဖြစ် ခံရနိုင်ဖွယ်ရာ ရှိပါသည်။

၄။ ရောင်းချသည့် မြေကွက်၏ ဦးပိုင်အမှတ်နှင့် အလားလေးရပ်၊ မြေဧရိယာအတိုင်းအတာတို့ကို ဖော်ပြရပါမည်။ ဂရန်၌ ဖော်ပြပါရှိသည့်အတိုင်း ဖြစ်ရပါမည်။

၅။ ရောင်းသူက ငွေအပြေအကျေ ရရှိပြီးကြောင်းနှင့် ဝယ်သူကလည်း အိမ်နှင့်မြေသို့မဟုတ် မြေကို လက်ဝယ်ရရှိပြီးကြောင်း ဖော်ပြပါရှိရပါသည်။

၆။ မှတ်ပုံတင် အရောင်းအဝယ်စာချုပ်အတွက် ကျသင့်သော တံဆိပ်ခေါင်းခွန်ကို ဝယ်သူက ထမ်းဆောင် ထားရပါမည်။

၇။ ကိုယ်စားလှယ်အဖြင့် ရောင်းချခြင်း၊ ဝယ်ယူခြင်းဖြစ်ပါက စာချုပ်စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ကိုယ်စားလှယ်ဖြစ်ရမည့်အပြင် ကိုယ်စားလှယ်စာပေးသူ အသက်ထင်ရှား ရှိကြောင်း ကိုယ်စားလှယ်စာရရှိသူက တရားရုံးတော်တွင် သက်သေ( ၂ ) ဦး ပါဝင်၍ ပြုလုပ်သော ကျမ်းကျိန်ဆိုချက်နှင့်အတူ ကိုယ်စားလှယ်စာ မူရင်းကို တင်ပြရပါမည်။

၈။ ရောင်းချသူ သို့မဟုတ် ဝယ်ယူသူသည် နိုင်ငံခြားသို့ ရောက်ရှိနေသူဖြစ်ပါက နိုင်ငံခြားရှိ မြန်မာသံရုံးတွင် တရားဝင်ပြုလုပ်ထားသော ကိုယ်စားလှယ်လွှဲစာမူရင်းကို ပူးတွဲတင်ပြရပါမည်။

၉။ အမည်ပေါက်ပိုင်ဆိုင်သူ သို့မဟုတ် အမည်ပေါက်ပိုင်ဆိုင်သူ ကွယ်လွန်သွားပါက အမွေဆိုင်များက စာချုပ် စာတမ်းမှတ်ပုံတင်ရုံး၌ ပြုလုပ်ထားသော ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း သို့မဟုတ် စီရင်ပိုင်ခွင့် ရှိသော တရားရုံးက ထုတ်ပေးထားသော အမွေထိန်း လက်မှတ်စာအပြင် တရားရုံးက အမွေထိန်းစာပါ မရွှေ့ မပြောင်းနိုင်သည့် အိမ်၊မြေ သို့ဟုတ် မြေကို ရောင်းချခွင့်ပြုသည့် အမိန်တို့ကို တင်ပြနိုင်ရပါမည်။

၁၀။ ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်းအရ ရောင်းချခြင်းဖြစ်ပါက အမွေဆိုင်အားလုံးက ရောင်းသူ အနေဖြင့် ပါဝင်လက်မှတ်ရေးထိုးရပါမည်။

၁၁။ အမွေထိန်းစာအရ ရောင်းချခြင်းဖြစ်ပါက အမွေထိန်းစာလက်မှတ်ရရှိသူက ရောင်းချသူအနေဖြင့် လက် မှတ်ရေးထိုးရပါမည်။ ထိုသို့ ရောင်းချခြင်းအတွက် တရားရုံး၏ ခွင့်ပြုချက်ပါရှိရပါမည်။

၁၂။ အရွယ်မရောက်သူကိုယ်စား တရားရုံးကခန့်ထားသည့် အုပ်ထိန်းသူက မရွှေ့မပြောင်းနိ်ုင်သော ပစ္စည်းကို ရောင်းချရန် တရားရုံး၏ ခွင့်ပြုမိန့်ရရှိပါက အရွယ်မရောက်သူပိုင် ရွှေ့ပြောင်း နိုင်သည့်ပစ္စည်းနှင့် မရွှ့မပြောင်း နိုင်သည့် ပစ္စည်းကို ရောင်းချနိုင်ပါသည်။

၁၃။ စာချုပ်စာတမ်းမှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟကြေညာစာတမ်း လျှောက်ထားရာ၌ အမွေ ပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံးပါဝင်ကြောင်းနှင့် စပ်လျဉ်း၍ အမွေပိုင်ဆိုင်ကြောင်း၊ အမွေဆိုင်အားလုံး ပါဝင်ကြောင်းနှင့်စပ်လျဉ်း၍အမွေပိုင်ဆိုင်သူအချို့ကို ချန်လှပ်၍ ကျမ်းကျိန်ဆိုခြင်းပြုပါက မမှန်မကန် ကျမ်းကျိန် ဆိုမှုအတွက် တာဝန်ရှိသည့်အပြင် ထိုသို့ အမွေဆိုင်အချို့ကို ချန်လှန်၍ လျှောက်ထားရရှိသော ပိုင်ဆိုင် ကြောင်း မြွက်ဟကြေညာစာတမ်းမှာလည်း သက်ဆိ်ုင်ရာက သိရှိလျှင် သော်လည်းကောင်း၊ တစ်ဦးတစ် ယောက်က ကန့်ကွက်လာလျှင် သော်လည်းကောင်း၊ မှတ်ပုံတင်ထားပြီးသော စာချုပ်ပယ်ဖျက်ခြင်း ခံရမည်ဖြစ် ပါသည်။

၁၄။ အလားတူ မြေပုံမြေရာဇဝင် ကူးယူရာ၌လည်း ဖော်ပြသည့် ကတိသစ္စာပြုလွှာမှာ မှန်ကန်မှု မရှိပါက လိမ် လည်၍ကျမ်းကျိန်ဆိုမှုအတွက် အရေးယူခြင်းခံရနိ်ုင်ကြောင်း သိရှိထားသင့်ပါသည်။

၁၅။ ကွယ်လွန်သူ၏ အမွေဆိုင်သူ သားသမီးများ သို့မဟုတ် ကွယ်လွန်သူ၏ ညီအစ်ကိုမောင် နှမ အရင်းများက ကွယ်လွန်သူပိုင် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို စာချုပ်စာတမ်း မှတ်ပုံတင်ရုံးတွင် ပိုင်ဆိုင်ကြောင်း မြွက်ဟ ကြေညာစာတမ်းလျှောက်ထား၍ ခွင့်ပြုပါက စာချုပ်စာတမ်း မှတ်ပုံတင်ရုံးက သတ်မှတ်သည့် တံဆိပ်ခေါင်းခွန် ( ပုံသေ ) ပေးဆောင်ရပါမည်။

၁၆။ ကွယ်လွန်သူ၏ အမွေဆိုင်များအနက်မှ တစ်ဦးဦးက ကွယ်လွန်သူ၏ ရွှေ့ပြောင်းနိုင်သော ပစ္စည်းနှင့် မရွှေ့ မပြောင်းနိုင်သောပစ္စည်းတို့ကို စီမံခန့်ခွဲနိုင်ရန် အမွေထိန်းစာ လျှောက်ထား နိုင်ကြပါသည်။ တစ်ခါတစ်ရံ အမွေဆိုင်များ အပြိုင်လျှောက်ထားလာပါက တရားရုံးက သင့်တော်မည့်အမွေဆိုင်ကို အမွေထိန်းလက်မှတ်စာ ထုတ်ပေးနိုင်ခွင့်ရှိပါသည်။ အမွေထိန်းစာ အပြိုင်လျှောက်ထားလာပါက တရားမကြီးမှုအဖြစ်ပြောင်းလဲ၍ တရား ရုံးက စစ်ဆေးသွားမည် ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် လျှောက်ထားသည့် ပစ္စည်းတန်ဖိုး စုစုပေါင်း အပေါ် ကျပ်တစ်ရာနှင့်( ၇ ) ကျပ်နှုန်း ရုံးခွန်တော်ထမ်းဆောင်ရပါသည်။ ကွယ်လွန်သူပိုင် မရွှေ့မပြောင်းနိုင် သည့် အိမ်နှင့်မြေ သို့မဟုတ် မြေကွက်ကို ထုခွဲရောင်းချလိုပါက အမွေထိန်းစာ ထုတ်ပေးသည့် တရားရုံး ၏ခွင့်ပြုချက်ရရှိမှသာလျှင် ရောင်းချနိုင်မည်ဖြစ်ပါသည်။ အမွေထိန်းစာရရှိသူသည် ကွယ်လွန်သူမှ ရရန်ရှိသော ကြွေးမြီများကို ရှင်းလင်းပြီးနောက် ကျန်ငွေသားများနှင့် ပစ္စည်းများကို အမွေဆိုင် တို့အား မျှမျှတတ ခွဲဝေပေး ရန် တာဝန်ရှိပါသည်။

၁၇။ အပိုဒ် ၁၆ အရ အမွေထိန်းလက်မှတ်စာ အပြိုင်အဆိုင်လျှောက်ထားမှုတွင် အမွေပုံ စီမံခန့်ခွဲမှု စွဲဆိုရန် ပေါ်ပေါက်ပါက တရားရုံးအနေဖြင့် မည်သူ့ကိုမျှ အမွေထိန်းလက်မှတ်စာ ထုတ်ပေးမည် မဟုတ်ကြောင်း သတိ ပြုသင့်ပါသည်။ အမွေဆိုင်တို့အနေဖြင့် ကွယ်လွန်သူ အမွေရှင်၏ ကျန်ရစ်သော အမွေကို မိမိတို့ရသင့်ရထိုက် သော အမွေဝေစုကို စီရင်ပိုင်ခွင့်ရှိသော တရားရုံးတွင် တရားတစ်ထုံး စွဲဆိုရန် ဖြစ်ပါသည်။

Credit ( ဦးဗကြိုင် ( ဘီအေ၊ ဘီအယ်လ် ) ၊ မရွှေ့မပြောင်းနိုင်သည် အိမ်၊ခြံ၊မြေ၊ တိ်ုက်ခန်း စသည်များ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်းဆိုင်ရာ ဥပဒေသိမှတ်ဖွယ်ရာ ၊ စာ ၉ မှ ၁၁ ထိ) ။ DVBLawLab

မြေဧကတွက်နည်း(၂) လူတွေအမေးများတဲ့ မြေအကြောင်းများ၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   ...
01/08/2021

မြေဧကတွက်နည်း(၂) လူတွေအမေးများတဲ့ မြေအကြောင်းများ
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။
၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ
*** ၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ် *** ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ ဖြစ်ပါတယ်။ ၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်။

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

Credits ဆရာ MyoMinHtun

MARTYRS DAY
19/07/2021

MARTYRS DAY

"လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပ...
27/06/2021

"လှည်းဦးတိုက်၊ လှေဦးတိုက် အိမ်၊ မြေနေရာမှာ နေသင့်၊ မနေသင့်"

မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာနည်းမှာရော ဖုန်းရွှေပညာမှာရော အပြောများတဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်"မှာ အနေမကောင်းဘူး၊ လှည်းလမ်း၊ ကားလမ်း၊ လူသွားလမ်း သုံးလမ်းဆုံတဲ့ လမ်းဆုံကို မျက်နှာမူပြီး အိမ်မဆောက်သင့်ဘူး။ ဖုန်းရွှေပညာစာအုပ်မှာတော့ ....(T) ပုံ လမ်းဆုံလမ်းခွလို့ ဆိုထားတယ်။ ဒီလိုမြေအနေအထားမျိုးကိုလည်း မြို့ပြအိမ်နေယာအကွက်တွေပေါ်မှာ အတွေ့များပါတယ်။ "လှည်းဦးတိုက်၊ လှေဦးတိုက်" မြေနေရာပေါ်မှာ အိမ်ဆောက်၊ တိုက်ဆောက်ထားတာ အများကြီးရှိပါတယ်။

"လှည်းဦးတိုက်၊ လှေဦးတိုက်" အိမ်ကတော့ ခိုက်တယ်။ အဲဒီအိမ်မှာ နေတဲ့သူတွေဟာ စီးပွားတိုးတက်မှုမရှိဘူး။ အိမ်တွင်းရေး၊ အိမ်ထောင်ရေးတွေမှာလည်း အဆင်မပြေဖြစ်မယ်။

ဖုန်းရွှေပညာမှာရော ၊ မြန်မာ့ရိုးရာ ရှေးထုံးအစဉ်လာနည်းမှာရော ...မနေသင့် မနေထိုက်တဲ့ အိမ်နေရာအနေအထားမျိုးဖြစ်နေတယ်။

ဒါပေမယ့်....မြန်မာ့ရိုးရာ ထုံးတမ်းအစဉ်အလာ နည်းမှာတော့ "လှည်းဦးတိုက်၊ လှေဦးတိုက်" နေရာမျိုး၊ အိမ်မျိုး၊ အဆောက်အဦးမျိုးမှာ စတိုးဆိုင်၊ လ္ဘက်ရည်ဆိုင်၊ စျေးဆိုင်တွေဖွင့်ရင်တော့ ကောင်းတယ်။ ဖွင့်သင့်တယ်လို့ပြောထားတယ်။
စောစောက ပြောခဲ့တဲ့အတိုင်းပဲ ဗီဒီယို၊ ရုပ်ရှင်ရုံ၊ ကာရာအိုကေခန်းမ၊ ပျော်ပွဲစားရုံ၊ အရက်ဆိုင်၊ ဘီယာဆိုင်တွေကိုဖွင့်ရင် အကောင်းဆုံးပေါ့။
အမှန်တော့ "စျေးကွက်မြင်ကွင်း" အကောင်းဆုံး ဖြစ်နေလို့ပဲ။ ယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ စဉ်းစားကြည့်မယ်။ မျက်နှာချင်းဆိုင်၊ ရှေ့တူရှုလမ်းရဲ့ ဟိုးအဝေးကတောင် ကိုယ့်ရဲ့ဆိုင်၊ ကိုယ့်ရဲ့ပွဲရုံကို မြင်နေရတယ်။ သုံးဘက်မြင်ကွင်း(3D) ဖြစ်နေတယ်။"စျေးကွက်မြင်ကွင်း"အားသာမှုရှိလို့ပြောရင်မှန်တယ်။

လူနေရင်ခိုက်တယ်ဆိုတာပြန်ပြီးစဉ်းစားကြည့်ပါ။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်ကို ခိုးခြင်၊ ဝှက်ခြင်၊ လုယက်တိုက်ခိုက်ချင်တဲ့လူတွေက အဝေးကကြည့်ပြီး ထောက်လှမ်းလို့ လွယ်ကူတယ်။ လှည်းတွေ၊ ကားတွေ ရှေ့တူရှုလမ်းက တည့်တည့်မောင်းလာပြီး ကိုယ့်အိမ်ရှေ့မှာ ဘယ်ညာကွေ့သွားရင် ဖုန်းတွေဟာ အိမ်ထဲတန်း၀င်လာမှာပဲ။ ရှေ့တူရှုလမ်းက အသုဘချလာပြီဆိုပါတော့ အဲဒီအနိဋ္ဌာရုံမြင်ကွင်းကြီးကို အချိန်တော်တော်ကြာကြာမြင်တွေ့နေရမယ်။
ရွာတွေမှာဆိုရင် "လှည်းဦးတိုက်၊ လှေဦးတိုက်" တဲတွေတွေကို ရှေ့တူရှုလှည်းလမ်းကလာတဲ့ နွားအုပ်၊ ကျွဲအုပ်ထဲက တစ်ကောင်စ၊ နှစ်ကောင်စကျွံ၀င်လာတာမျိုးကို ခနခဏခံရတယ်။ ဒါကယုတ္တိဗေဒ ဆင်ခြင်တုံတရားနဲ့ "လှည်းဦးတိုက်၊ လှေဦးတိုက်" မှာနေမကောင်းဘူး၊ အိမ်မဆောက်သင့်ဘူးလို့ပြောတာပါ။
ဒါပေမယ့်..."ဒီလို "လှည်းဦးတိုက်၊လှေဦးတိုက်" နေရာမျိုးမှာ အိမ်ဆောက်မိပြီ၊ အိမ်ဆောက်ထားပြီဆိုင်ရင် ဘယ်လိုကွာကွယ်မလဲ၊ ဒါကလွယ်ပါတယ်။
~တံခါးမကြီးကို လမ်းနဲ့တည့်တည့်နေရာက ပြောင်းပေးလိုက်ရမယ်။
~ဒီနည်းထက် ပိုကောင်းတာကတော့ တံခါးရဲ့အပေါ်ဘက်၊ အိမ်အ၀င်အ၀ တံခါးရဲ့အပေါ်ဘက်မှာ မှန်တစ်ချပ်ကာထား၊ ချိတ်ဆွဲထားရမယ်။ "လှည်းဦးတိုက်၊လှေဦးတိုက်"အိမ်တွေမှာမှန်ထောင်ထားတာ၊ မှန်ချိတ်ထားတာ တွေ့ရတယ်။ တချို့မှန်ချပ်တွေက သေးလွန်းတယ်၊ တချို့မှန်ချပ်တွေက ကြီးလွန်းတယ်။ ခြောက်လက်မပတ်လည် စတုရန်းပုံ ပုံရိပ်ထင်တဲ့ မှန်တစ်ချပ်ဖြစ်ရမယ်။ မှန်တစ်ချပ်ရဲ့အလယ်မှာ အနီရောင်နဲ့ စတုရန်းအကွက်လေး(1"or 2")ပတ်လည် အကွက်လေးရေးထားရမယ်။
~အိမ်၀မှာ အသောကပင်တွေ စိုက်ထားတာမျိုး အုတ်တံတိုင်းမြင့်မြင့်ကာထားတာမျိုး၊ ရေပန်းတစ်ခု တပ်ထားတာမျိုးနဲ့လည်း ကာကွယ်နိုင်တယ်ဆိုပေမယ့် မြေအနေအထားအရ မဖြစ်နိုင်ပါဘူး၊ မှန်ချပ်ကပ်တာ၊ ချိတ်တာပဲကောင်းပါတယ်။

အရေးကြီးဆုံးကတော့ ...👍 ပုံလမ်းဆုံ, "ကြက်လျှာစွန်းပုံမြေနေရာ", တြိဂံမြေကွက်ပေါ်မှာ ဆောက်ထားတဲ့ အိမ်က အရှောင်သင့်ဆုံး အခိုက်ဆုံးမြေနေရာပါပဲ
#မူရင်းစာရေးသူ ကို၀င်းဇော်(သစ်တော)ကို Credit ပေးပါတယ်

မိတ်ဆွေများအားလုံး ဆောင်ရန် ရှောင်များသိ၍ စီးပွားလာဘ်လာဘများပြည့်စုံပြီး ကြီးပွားတိုးတက်ကြပါစေ🙏🙏

Credit;

Sweet ! Home Design
22/05/2021

Sweet ! Home Design

Address

Mandalay

Telephone

+959959570578

Website

Alerts

Be the first to know and let us send you an email when HEIN- Engineering Construction / Consultant Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share