MESC- Chan Mya Tharsi Township

MESC- Chan Mya Tharsi Township Electricity Supply Services

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်🙏
02/05/2026

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်🙏

(၃၀.၄.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၄၅)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊  မြို့သစ်(၁)ရပ်ကွက်၊ ၆၇လမ်းနှင့် ၁၀၂ လမ်းထောင့် အနီး...
30/04/2026

(၃၀.၄.၂၀၂၆)ရက်နေ့ နေ့လယ်(၁၃:၄၅)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ ၆၇လမ်းနှင့် ၁၀၂ လမ်းထောင့် အနီးတွင် အမည်မသိသူ (၃)ဦးမှ လျှပ်စစ်လိုင်းကြိုးများ ဖြတ်တော်ခိုးယူနေကြောင်း တာဝန်သိပြည်သူတစ်ဦးမှ ၆၅လမ်းဓာတ်အားခွဲရုံသို့ ဖုန်းဖြင့်ဆက်သွယ်၍ အသိပေးအကြောင်းကြားခဲ့ပါသည်။
၆၅လမ်းဓာတ်အားခွဲရုံမှ တာဝန်ကျဂျူတီဝန်ထမ်းများမှ အဆိုပါနေရာသို့ သွားရောက်စေဆေးရာ HDBC No.(4) အမျိုးအစား ၄၀၀ဗို့လိုင်းကြိုး (၁၀၀)ပေ (၄)ချောင်းအား အမည်မသိသူ (၃)ဦးမှ ဖြတ်တောက်ခိုးယူနေကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဖမ်ဆီး၍ အမှတ်(၁၁)နယ်မြေရဲစခန်းသို့ သွားရောက်ပို့ဆောင်ပြီး အမှုဖွင့်‌အရေးယူဆောင်ရွက်လျက် ရှိပါသည်။ ၎င်းဖြတ်တောက်ခိုးယူခံခဲ့ရသော နေရာတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ ဆယ်တင်ပစ္စည်းများဖြင့် အစားထိုး၍ (၁၇:၄၅)နာရီအချိန်တွင် ပုံမှန်ဓာတ်အားဖြန့်ဖြူးပေးထားပြီး ဖြစ်ပါသည်။
ဖုန်းဖြင့်ဆက်သွယ်၍ အသိပေး‌အကြောင်းကြားခဲ့ပါသော တာဝန်သိပြည်သူအား ကျွန်‌တော်တို့ ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးမှ ကျေးဇူးအထူးတင်ရှိပါကြောင်း နှင့် နောင်တချိန်အခါများတွင်လည်း လျှပ်စစ်နှင့်ပတ်သက်၍ မသင်ကာစရာများတွေ့ရှိပါက မြို့နယ်လျှပ်စစ်မန်နေဂျာရုံးသို့ ဆက်သွယ်အသိပေးနိုင်ပါကြောင်း ပန်ကြားအပ်ပါသည်။

ချမ်းမြသာစည်မြို့နယ်လျှပ်စစ်မန်နေဂျာရုံး
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း

29/04/2026

*"ဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့ အသိပေးပန်ကြားချက်"*
++++++++++++++++++++++++++++

ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံးရှိ ငွေကောက်ကောင်တာအား ကဆုန်လပြည့်နေ့(၃၀.၄.၂၀၂၆)ရက်နေ့နှင့် ကမ္ဘာ့အလုပ်သမားနေ့(၁.၅.၂၀၂၆)ရက်နေ့တို့တွင် ပိတ်ထားပါကြောင်းနှင့် ကျန်ရက်များတွင် နံနက်(၀၈း၀၀)နာရီမှ (၁၆း၀၀)နာရီအချိန်ထိ ပိတ်ရက်မရှိဖွင့်လှစ်ထားပါကြောင်း အသိပေးပန်ကြားအပ်ပါသည်။

မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး

29/04/2026

Edit :
ဓာတ်အားသုံးစွဲသူမိဘ ပြည်သူများသို့ အသိပေး တင်ပြခြင်း 🙏🙏🙏

(၂၉.၄.၂၀၂၆)ရက်နေ့ (၁၇:၄၅)နာရီအချိန်တွင် ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက် ၊ မြို့သစ်‌(၃) ၊ (၄)ရပ်ကွက် ၊ မြရည်နန္ဒာရပ်ကွက် ၊ အောင်ပင်လယ်ရပ်ကွက် ၊ ထွန်တုံးရပ်ကွက် ၊ အောင်သာယာရပ်ကွက်များသို့ ဓာတ်အားဖြန့်ဖြူးပေးထားသော ၃၃ကေဗွီ အောင်ပင်လယ် - ထွန်တုံးလိုင်းနှင့် ၃၃ကေဗွီ ရွှေစာရံ-ဖီဒါ(၃) လိုင်းတို့သည် လိုင်းအပြစ်ဖြစ်ပွား၍ ဓာတ်အားပြတ်တောက်လျက်ရှိပါသည်။
ဓာတ်အားအမြန်ဆုံး ပြန်လည်ရရှိရေးအတွက် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ တာဝန်ရှိသူများ ဆောင်ရွက်လျက်ရှိပါ ကြောင်း တင်ပြအပ်ပါသည်။
(၁၉း၅၀)နာရီအချိန်တွင် ဓာတ်အားပြန်လည်ရရှိပြီး ပုံမှန်အတိုင်း ဓာတ်အားပြန်လည်ဖြန့်ဖြူးပေးထားပြီး‌ဖြစ်ပါကြောင်း ပန်ကြားအပ်ပါသည်။
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်း
ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသော မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
29/04/2026

ချမ်းမြသာစည်မြို့နယ်အတွင်းရှိ လျှပ်စစ်ဓာတ်အားသုံးစွဲသော မိဘပြည်သူများသို့ အသိပေးပန်ကြားချက်

ပြည်သူ့အတွက် လျှပ်စစ်လက်
28/04/2026

ပြည်သူ့အတွက် လျှပ်စစ်လက်

27/04/2026

( 27.4.2026 )ရက်နေ့ ချမ်းမြသာစည်မြို့နယ်ရှိ ဌာနပိုင် 11/0.4kV Distribution
Transformer များဖြစ်သည့်
49x106 လမ်းထောင့်ရှိ 315kVA Tr၊ 54x106လမ်းထောင့်ရှိ 315kVA Tr ၊ 52Cx103လမ်းထောင့်ရှိ 500kVA Trနှင့် 49x110လမ်းထောင့်ရှိ 500kVA ထရန်စဖော်မာ(4)လုံးတို့အား CE (ဓာတ်အားဖြန့်ဖြူးရေး) နှင့် မန္တလေးခရိုင်လျှပ်စစ်အင်ဂျင်နီယာ တို့၏ ကြီးကြပ် လမ်းညွှန်မှုဖြင့် MESCရုံးချုပ်(Mobile Maintenance Section ) အဖွဲ့ နှင့် ချမ်းစည်မြို့နယ်ရုံး ထိန်း/ပြင်အဖွဲ့တို့ မှ ချို့ယွင်းပျက်စီးနေသော ထရန်စဖော်မာ LA၊ Body၊ DS များ၏ Earthing အသစ်ချခြင်း၊ 400V Cable နှင့် Earth ကြိုးများ အသစ်လဲလှယ်ခြင်း လုပ်ငန်းများအား MESC Plan အရ ဓာတ်အားပိတ်ချိန်တွင် ထိန်း/ပြင် လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါသည်

25/04/2026

ဓာတ်အားသုံးစွဲသူမိဘပြည်သူများသို့ အသိပေးပန်ကြားချက်🙏🙏🙏

ယနေ့ ၂၅/၄/၂၀၂၆ ရက်နေ့ ၂ဝး၀၅ အချိန်တွင် ရွှေတောင်-မြောင်းတကာအပြစ်ဖြစ်ပေါ်မှုကြောင့် တစ်နိုင်ငံလုံး ဓာတ်အားပြတ်တောက်မှု ( System Breakdown) ဖြစ်ပွားခဲ့ပါသည်။

လက်ရှိတွင် လျှပ်စစ်နှင့်စွမ်းအားဝန်ကြီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများက အဆိုပါဓာတ်အားလိုင်းအား အသေးစိတ်စစ်ဆေးကာ အမြန်ဆုံးပြုပြင်နိုင်ရေးအတွက် စစ်ဆေးဆောင်ရွက်လျက် ရှိပါသည်။

မန္တလေးခရိုင် ချမ်းမြသာစည်မြို့နယ်အတွင်းသို့ (၂၂း၀၀) နာရီအချိန်တွင် ဓာတ်အားပြန်လည်ရရှိပါသည်။ ဓာတ်အားစနစ်ဝန်အားနိုင်နင်းမှုအပေါ်မူတည်ပြီး ဝန်အားထိန်းညှိဖြန့်ဖြူး‌ပေးလျက်ရှိပါကြောင်း တင်ပြအပ်ပါသည်။🙏🙏🙏
မန္တလေးလျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်း
ချမ်းမြသာစည်မြို့နယ် လျှပ်စစ်မန်နေဂျာရုံး

လျှပ်စစ်ဓာတ်အားသုံးစွဲသော မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
05/04/2026

လျှပ်စစ်ဓာတ်အားသုံးစွဲသော မိဘပြည်သူများသို့ အသိပေးပန်ကြားချက်

မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
07/01/2025

မိဘပြည်သူများသို့ အသိပေးပန်ကြားချက်

လျှပ်စစ်ဓာတ်အားသုံးစွဲသော မိဘပြည်သူများသို့ အသိပေးပန်ကြားအပ်ပါသည် 🙏🙏🙏
26/12/2024

လျှပ်စစ်ဓာတ်အားသုံးစွဲသော မိဘပြည်သူများသို့ အသိပေးပန်ကြားအပ်ပါသည် 🙏🙏🙏

ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
16/10/2024

ဓာတ်အားသုံးစွဲသူ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်

Address

Mandalay
Mandalay
123456

Website

Alerts

Be the first to know and let us send you an email when MESC- Chan Mya Tharsi Township posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category