05/10/2020
အမြန်လမ်း SUV 4WD တွေ မှောက်တဲ့ပြသနာ
Japan ကသူငယ်ချင်းရဲ့ ညီလေးက ကျနော့ဆီ Home Stay ကာလ ကားလေးအားနေလို့ သူ့ရဲ့ကားအားမောင်းတာမကောင်းဘူး ကားကလူးတယ် ဘရိတ်ဆွဲရင် ညာဘက်ဆွဲတယ်...
ကွေ့လို့မကောင်းဘူး ပြောလို့ ကားကိုသွားယူပြီးစစ်ဆေးကြည့်တာပါ
အောက်ပိုင်း Suspension Check စစ်တော့ တော်တော်လုပ်ထားတာတွေ့ရတယ်..
သို့သော် အရှေ့နှစ်ဘီးက Caster တွေ ဘယ်ညာလွဲနေတယ် 😁
Camber ok တယ်...
တပည့်က
လာပြောတယ် ဆရာ ကားက တမျိူးလေးဘဲ့ အရင်ဝပ်ရှော့မှာ Dif Oilလဲထားတယ်တဲ့
သို့ပေမဲ့ကားက ဒရွတ်တိုက်ပါနေသလိုဘဲ့ပြောလာတယ်
အင်း...ကော်ဖီလည်းသောက်ပီးစမ်းမောင်းတာ အနောက်ဆုတ်ပီးဘဲ့ကွေ့ရသေးတယ် ကားကလွှဲနေတယ်
လမ်းရှင်းမောင်းကြည့်တော့...
Limited Slip Differential
ကရောင်းတွေ ဆီမှားရင်ဖြစ်တဲ့
ပုံစံမျိုးဖြစ်နေတာ...
ဒါနဲ့ စက်ရုံ ပြန်ရောက်တော့
ကားကို Lift ပေါ်မတင်ပြီး
နောက်ကရောင်း(Differential)ကို
Limited Slip လား...
ရိုးရိုးလား သိရအောင်...
နောက်ဘီးကို တပည့်တွေကို
သေချာအောင် ဂျိူင့်ထောက်ပီး
လှည့်ကြည့်ခိုင်းလိုက်တယ်
LS ကရောင်းဆိုရင်
ဘီးတွေ စုံလည်တယ်...
အရှေ့ဆို အရှေ့ပေါ့
ဘယ် ညာ ဘီးနှစ်ဖက်ဟာ...
ရှေ့ဆိုရင်လည်း ရှေ့ဖက်...
နောက်ဆိုရင်လည်း နောက်ဘက်ကို
တူတူလည်တယ်.
ရိုးရိုးကရောင်း Dif:ဆိုရင်
ဘယ် ညာ ဘီးနှစ်ဖက်က
ပြောင်းပြန် လည်တာပေါ့...
ဘီးကို ဖမ်းပြီးလှည့်ကြည့်လိုက်တော့
ဆီမှားထားတာ သေချာပါပြီ...
LS ကရောင်းဝိုင်က
Limited Slip Oil ဆိုပြီး သီးသန့်လာတယ်လေ..
LS ကရောင်းက ဗွက်နစ်နေရင်
ဘီးတစ်ဖက်ကို 30% & 70%
အနည်းဆုံးရုန်းပါတယ်...
ရိုးရိုးကရောင်းတွေလို တစ်ဖက်တည်း
လည်ပြီး ရုန်းတာမဟုတ်ပါဗျာ
ရိုးရိုး 85w-90 Differential Oil ထည့်လို့မရဘူး
ထည့်လိုက်ရင်
ကရောင်းမှာပါတဲ့ ကလပ်ပြားတွေက
ဘီးတစ်ဖက်မလည်တာနဲ့
နောက်ဘီးတစ်ဖက်ကို ဆွဲထားလို့
အကွေ့တွေမှာ ကားမပါတော့ဘူး လေ
ဘယ် ညာ တစ်ဆစ်ချိုးကွေ့နဲ့
U Turn (ဂ ငယ်ကွေ့ကွေ့ရင်)
လည်ရတဲ့ ဘီးတစ်ဖက်ကို
မလည်တဲ့ အထိုင်ဘီးကဆွဲထိန်းထားလို့
ကားက ဘရိတ်ငြိသလိုဖြစ်ပြီး
မပါတော့တာတွေဖြစ်တာပါ
အမြန်လမ်းတွေမှာဆိုရင်
အကွေ့ကြီးတွေမှာ ကားမပါဘဲ
မောင်းနေရင်း လိမ့်သွားတတ်တာဟာ
အဲ့လိုမျိုး L*D Differential Oilကို
ရိုးရိုး 85w-90 တွေ
ထည့်သုံးလို့ ဖြစ်တတ်ကြတာပါ...
အမြန်လမ်း
ဟိုင်းဝေးလမ်း အကွေ့တွေမှာ
မကြာခဏ ယာဉ်မတော်တဆ
ဖြစ်တတ်ကြပါတယ်...အဲဒါ
တာယာမကောင်းလို့ လမ်းမကောင်းလို့ဆိုပီး ပြောနေကြတာ ယခုအချိန်အထိပါဘဲ့
ရမ်းကု ဝပ်ရှော့တွေက ထည့် ပေးခဲ့တဲ့ဆီလေ...
Serve လည်းမရှိကြဘူးလေ
ကရောင်းဝိုင်တွေကို ဖောက်ချပြီး
သေချာ ဆေးပီး
L*D Oil Photo ထည့်လိုက်တော့မှသာ
ကောင်းသွားပါတော့တယ်ဗျာ...
ဒါကြောင့် Differential Oil ဆိုပြီး လွယ်လွယ်မသုံးတာကောင်းပါတယ်
အသက်ပါစိုးရိမ်ရပါတယ်..
ကျနော်က Professional အရ ပြောတာပါ
Covid ကာလ လမ်းကရှင်းတော့
အရှိန်နဲ့ စမ်းမောင်းတာ
သတိထားမိလို့ ကံကောင်းတာပါ
အခန့်မသင့်ရင် ကားမှောက်တတ်ပါတယ်
ကျနော်ဒီလိုရေးလို့
ဆီမှားတာနဲ့ကားမှောက်တာလား
လို့ လာမေးစေချင်ပါတယ်ဗျာ
ကားဆိုသည်မှာ အသက်နဲ့အနီးဆုံးအရာပါ ...
ကိုဗစ်ကသာ ကုသချိန် ရပါသေးတယ်ဗျာ...
Dom@U Thiri Thein Than
Automotive Engineer JP
Super Myanmar
Auto Service..
09-420-255166
မြန်မာပြည်သူအပေါင်း
အသက်ဘေး နဲ့ ဂျင်းတွေ ဝေးကွာကြပါစေဗျာ
ကရောင်းဆီဘဲ့ကွာ ဘာထည့်ထည့်ရတယ်ဆိုတဲ့
လူသားတွေအတွက် မှတ်ထားကြပါ