13/06/2026
ကျွန်တော့် အတွေ့အကြုံတစ်ခုပြောပြမယ်
သာမန် Engr တစ်ယောက်ဘဝတုန်းက
Asahi Condo မှာ တစ်လ 12 သိန်းနဲ့ ငှားပီး
ရုံးခန်းဖွင့်ခဲ့တယ် (အဲ့တုန်းက 12 သိန်းဆိုတာတော်တော်များတယ်) ဒါပေမဲ့ အဲ့ Asahi Weight နဲ့
Project တော်တော်များများရခဲ့တယ်
(တော်တော်ကြီးကိုများတာ)
အဲ့ကနေ နေရာပြောင်းတာနဲ့
ရုံးခန်းပြောင်းတာနဲ့
အခု သိန်း ၁၈၀၀၀လောက် မြေပေါ်မှာ
ရုံးခန်းဖွင့်ထားတာတောင် အိမ်ကစုတ်နေလို့
ရုံးလာရင် အလုပ်မတည့်တာများတယ်
ကျနော့်ကို အပ်တဲ့ Big Project တော်တော်များများက
လမ်းမှာတင်အပ်တာများတယ်
လူကို ယုံလို့အပ်တာများတယ်
ကိုယ့်ရဲ့ Identity ကိုယုံလို့များတယ်
For Show နဲ့ ကစားရမဲ့ Game ကို
ကျနော်မကစားဘူး
အဲ့တော့ ကျနော့်အနေနဲ့
Big Picture ဖန်တီးနိုင်တဲ့
ရုံးခန်းလိုမျိုးဟာကို
စပယ်ရှယ်ဖန်တီးထားရင်
အခုထက် အလုပ် 5 ဆ 6 ဆ လောက်
ရနိုင်မယ်ဆိုတာသိတယ်
ဒါပေမဲ့ မလုပ်ပါဘူး
ကျနော်က လူကိုအပ်တဲ့
Client type ကိုပဲကြိုက်လို့ပါ
အခု post ကတော့ Junior Engr တွေ
ဘလိုအလုပ်ရှာရင်ရသလဲဆိုတာ ဗဟုသုတ
ပြောပေးတာ .