Kyar Phyu Khine - KPK Construction

Kyar Phyu Khine - KPK Construction Design,Construction, Consulting, QA/QC, Estimating.

“Happy New Year to you all…”2025 ယနေ့ နှစ်အစမှစပြီး တနှစ်ပတ်လုံး ကောင်းချီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကံကောင်းခြင်းတွ...
01/01/2025

“Happy New Year to you all…”

2025 ယနေ့ နှစ်အစမှစပြီး တနှစ်ပတ်လုံး ကောင်းချီးမင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ကံကောင်းခြင်းတွေ၊ အောင်မြင်ခြင်းတွေကို ယူဆောင်လာပေးတဲ့ နှစ်တစ်နှစ်ဖြစ်ပါစေကြောင်း “ကြာဖြူခိုင် ဆောက်လုပ်ရေး” (KPK construction & Engineering) မှ တောင်းဆုပြုလိုက်ပါတယ် 😍😍😍🎊🎊🎊🎊🙏🏻🙏🏻🙏🏻


ကျွန်တော်တို့ ကြာဖြူခိုင်ဆောက်လုပ်ရေးမှ တာဝန်ယူ တပ်ဆင်ပေးထားသော Jinko 580W Solar - 16 ချပ် ကို တည်ဆောက်ရေးကာလမှာ တခါတည်း...
10/12/2024

ကျွန်တော်တို့ ကြာဖြူခိုင်ဆောက်လုပ်ရေးမှ တာဝန်ယူ တပ်ဆင်ပေးထားသော Jinko 580W Solar - 16 ချပ် ကို တည်ဆောက်ရေးကာလမှာ တခါတည်း တွဲဖက်တပ်ဆင်ပေးထားတဲ့ site လေးပါ🥰🥰🥰
Back-up System ဖြစ်တဲ့ Battery နဲ့ Inverter ကိုတော့ အဆောက်အဦ ပြီးစီးချိန်မှ တပ်ဆင်ပေးမည်ဖြစ်ပါသည်🥰🥰🥰

ကြာဖြူခိုင်ဆောက်လုပ်ရေးသည် အဆောက်အဦတည်ဆောက်ခြင်း လုပ်ငန်းများအပြင် အဆောက်အဦနေထိုင်စဉ်ကာလအတွင်း အရေးအကြီးဆုံးလုပ်ငန်းများဖြစ်သော MEP လုပ်ငန်းများကိုလည်း အတွေ့အကြုံရှိ အင်ဂျင်နီယာများနှင့် လူကြီးမင်းတို့ စိတ်တိုင်းကျ ဆောင်ရွက်ပေးလျှက်ရှိပါသည်။😊😊😊

မိမိတို့ အိမ်တွင်းလ်ုအပ်ချက်ပေါ်မူတည်ပြီး ဆိုလာမီးအား စနစ် ကို တွက်ချက်ပေးခြင်း ၊ ခန့်မှန်း ကုန်ကျစရိတ် တွက်ချက်ပေးခြင်း ကို တိုင်ပင်ဆွေးနွေးနိုင်ပါသည်။😍😍😍

ဆက်သွယ်ရန်

Construction : 09-2026130
MEP solution: 09-444007364

🏠🏠🏠🏘️🏘️14.5.2024  - ပြင်စာ ဆိုဒ်  ၏ ပန္နက်ရိုက် မင်္ဂလာ ပွဲအောင်မြင်စွာ ပြီးစီးခဲ့တဲ့ အမှတ်တရပုံလေးများ🏗️🏗️🏗️🏗️ယုံကြည်စွ...
14/05/2024

🏠🏠🏠🏘️🏘️
14.5.2024 - ပြင်စာ ဆိုဒ် ၏ ပန္နက်ရိုက် မင်္ဂလာ ပွဲအောင်မြင်စွာ ပြီးစီးခဲ့တဲ့ အမှတ်တရပုံလေးများ
🏗️🏗️🏗️🏗️

ယုံကြည်စွာ အပ်နှံသော Clients များ စီးပွါးလာဘ်လာဘများ ဆထက်တိုး အောင်မြင်ပါစေ
ဆုမွန်ကောင်းတောင်းပေးပါရတယ် 🙏🏻🙏🏻🙏🏻

🏠🏠🏠ကျွန်တော်တို့၏ ကြာဖြူခိုင် ဆောက်လုပ်ရေး မှ လူကြီးမင်းတို့ စိတ်ချယုံကြည်ခိုင်ခံ့သော Service များနှင့်အတူ လူကြီးမင်းတို့ အတွက် အတွေ့အကြုံရှိသော အင်ဂျင်နီယာများကိုယ်တိုင် ဦးစီးပြီး စိတ်တိုင်းကျ တာဝန်ယူ ဆောက်လုပ်ပေးလျှက်ရှိပါတယ်🏠🏠🏠🏡🏡🏡🏡
#ကြာဖြူခိုင်ဆောက်လုပ်ရေး

"နှစ်သစ်ဆုမွန်ကောင်း"မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ တွင်ကျရောက်သောမြန်မာနှစ်ဆန်းတစ်ရက...
17/04/2024

"နှစ်သစ်ဆုမွန်ကောင်း"
မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ် ၊ ခရစ်နှစ် ၂၀၂၄ ခုနှစ် ဧပြီလ ၁၇ ရက်နေ့ တွင်ကျရောက်သော
မြန်မာနှစ်ဆန်းတစ်ရက်နေ့ နှစ်သစ်အခါသမယတွင် ကြာဖြူခိုင် ဆောက်လုပ်ရေးအား ယုံကြည်စွာ အားပေးအပ်နှံကြသော မိဘပြည်သူများနှင့် မြန်မာပြည်သူပြည်သားအပေါင်း စိတ်ချမ်းသာကိုယ်ကျန်းမာပြီးလိုအင်ဆန္ဒအဝဝနှင့်
ပြည့်စုံနိုင်ကြပါစေကြောင်း ကြာဖြူခိုင် ဆောက်လုပ်ရေး မိသားစုမှ နှစ်သစ်ဆုမွန်ကောင်းတောင်းအပ်ပါသည်။

#ကြာဖြူခိုင်ဆောက်လုပ်ရေး

11/0.4 kV Sub-station  တည်ဆောက်ခြင်းလုပ်ငန်း           ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်းEarthing လုပ်ငန်းအတွက် မြေတူးလုပ်ငန်...
12/01/2024

11/0.4 kV Sub-station တည်ဆောက်ခြင်းလုပ်ငန်း
ဆောင်ရွက်ပုံအဆင့်ဆင့်အကြောင်း

Earthing လုပ်ငန်းအတွက် မြေတူးလုပ်ငန်းအား အနက် ၁ ပေ အကျယ် ၁ ပေခန့်ရှိသော မြောင်းအား Grip ပုံစံ တူးဖော်ပြီး Earth Rod ရိုက်ခြင်းလုပ်ငန်းနှင့်
Earth Conductor ဖြန့်ခြင်းလုပ်ငန်းများအား Body Earth နှင့် L.A Earth နှစ်မျိုး သီးခြားစီခွဲပြီး ဆောင်ရွက်သွားရမည်။

Earth Rod ရိုက်ခြင်းလုပ်ငန်း
နှင့် Earth Conductor ဖြန့်ခြင်းလုပ်ငန်းများ ပြီးစီးပါက Earth Conductor များ၏ ဆုံချက်များ၊ Conductor နှင့် Earth Rod ဆုံချက်များတွင် သက်ဆိုင်ရာ Clamp များ၊ Exothemic welding များဖြင့် ဆက်သွယ်တပ်ဆင်ရမည်။ပြီးလျှင် Earth Resistance တိုင်းတာပြီး Body Earth 5 Ohm ၊ L.A Earth 10 Ohm ၊ Transformer Neutral Earth 2 Ohm ထက်လျှော့နည်းသည့် Result ရရှိပါက Back Filling လုပ်ငန်းအား ဆက်လက်ဆောင်ရွက်ရမည်။

Earth Grid ပြီးစီးပါက Equipment Structure နေရာများ ၊ Lightening Arrester နေရာများ၊ Transformer နေရာများအား Earth Connection ပေးနိုင်ရန် Earth Conductor များအား ထုတ်ပေးထါးရမည်။ 11/0.4 kV Sub-station Accessories များမှ Concrete Pole နှင့် Transformer များအား Track Crane ဖြင့် တပ်ဆင်မည်ဖြစ်ပါသည်။အခြားကျန်ရှိသော Accessories များအား Skill Labour များမှ လူအင်အားဖြင့် တပ်ဆင်ကြရမည်။တိုင်ထူလုပ်ငန်းဆောင်ရွက်ရန်အတွက် မြေတူးလုပ်ငန်းကိုဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်မြေဝင်အနက်ရရှိစေရမည်။

'H' Pole Sub-station တပ်ဆင်ခြင်းလုပ်ငန်းအတွက် လိုအပ်သော Accessories များကို တပ်ဆင်မည့်နေရာသို့ Track Craneဖြင့်ပို့ဆောင်ပေးထါးရမည်။
တိုင်ထူလုပ်ငန်းဆောင်ရွက်ပြီးပါက Concrete Footing လုပ်ငန်းအား သတ်မှတ်စံညွှန်းအတိုင်း ဆောင်ရွက်သွားရမည်။ပြီးလျှင် LA ၊ DS ၊ DOF ၊ Transformer များအတွက် Structure Member များအား ဦးစွာတပ်ဆင်ရမည်။Structure Member များအားလုံး တပ်ဆင်ပြီးစီးပါက Level ၊ Alignment များစစ်ဆေးပြီးနောက် Tightening လုပ်ငန်းအား သတ်မှတ်ထားသော Torque Wrench Limited ဖြင့် ဆောင်ရွက်သွားရမည်။

Structure Member များအားလုံး တပ်ဆင်ပြီးစီးပါက Structure များကို Earth Conductor များနှင့်ချိတ်ဆက်ပြီး Earth Connection ရရှိနိုင်ရန် ဆောင်ရွက်ရမည်။Lightening Arrester အား Nylon Sling Wire ၊ 'D' Shackle တို့ဖြင့် စနစ်တကျချည်နှောင်ပြီး လူအင်အားဖြင့် Pully ကိုအသုံးပြုပြီး Structure ပေါ်သို့မတင်ကာ Skill Labour များမှ Bolt & Nut များဖြင့် စနစ်တကျ တပ်ဆင်၍ Tightening ပြုလုပ်သွားရမည်။Disconnecting Switch ကိုလည်း ထိုနည်းအတူ တပ်ဆင်ရမည်။DS တပ်ဆင်ပြီးစီးပါက Operation Mechanism box
နှင့် Operation Accessories များကို စနစ်တကျ တပ်ဆင်ပြီး Open Position နှင့် Closed Position တို့တွင် Connecting Blade များ စနစ်တကျ ရှိစေရန် ချိန်ညှိထားရမည်။
ပြီးလျှင် Drop Out Fuse များကို တပ်ဆင်ပြီး Level ၊ Alignment များစစ်ဆေးပြီးနောက် Tightening လုပ်ငန်းအား ဆောင်ရွက်ရမည်။
ထို့နောက် Transformer အား Nylon Sling Wire ၊ 'D' Shackle တို့ဖြင့် စနစ်တကျ ချည်နှောင်ပြီး Track Crane ဖြင့်
Structure ပေါ်သို့ မ တင်ကာTightening ပြုလုပ်သွားရမည်။

H.T Connection အတွက် Conductor များအား လိုအပ်သော အတိုင်းအတာ အတိုင်း စနစ်တကျ Connection ပြုလုပ်သွားရမည်။Terminal Clamp များအား Equipment များတွင် အသင့်တပ်ဆင်ထားပြီး Connection ပြုလုပ်မည့် Conductor များအား စနစ်တကျ တပ်ဆင်ရမည်။
ထို့နောက် 400 V Distribution Panel နှင့် Capacitor Bank တို့အား စနစ်တကျ တပ်ဆင်ပြီး တပ်ဆင်ထားသော Cable Ladder များအပေါ်တွင် Cable များအား Transformer မှ 400 V Distribution Panel သို့လည်းကောင်း ၊ Distribution Panel မှ Capacitor Bank သို့လည်းကောင်း စနစ်တကျ Cable Laying ပြုလုပ်သွားရမည်။

Accessories များအားလုံး တပ်ဆင်ပြီးစီးပါက Earth Conductor များနှင့်ချိတ်ဆက်ပြီး Body Earth Connection ၊ LA Earth Connection ၊ Transformer Star Point Earth Connection တို့ ရရှိနိုင်ရန် ဆောင်ရွက်ရမည်။
Contruction လုပ်ငန်းအားလုံးပြီးစီးပါက Testing ပြုလုပ်ပြီး မှတ်တမ်းထားရှိရမည်။
Testing လုပ်ငန်းပြီးစီးပါက 11 kV Line နှင့် ချိတ်ဆက်အသုံးပြုနိုင်ရန် Connection Jumper များအား သတ်မှတ်ထားသော Design အတိုင်း တပ်ဆင်ရမည်။
Credit to Origial Uploader

Coming soon….
27/12/2023

Coming soon….

KPK Construction မှာ Design ကအစ Decoration အဆုံး အပြီးအစီး ဆောင်ရွက်နိုင်သလို 1- Design အကြံပေးဆွေးနွေးခြင်း 2- Estimate...
09/12/2023

KPK Construction မှာ Design ကအစ Decoration အဆုံး အပြီးအစီး ဆောင်ရွက်နိုင်သလို

1- Design အကြံပေးဆွေးနွေးခြင်း
2- Estimate သီးသန့်ပဲ ဆောင်ရွက်ပေးခြင်း
3- Construction လုပ်ငန်းပဲ ဆောင်ရွက်ပေးခြင်း
4- အဆောက်အဦးတခုမှာ အရေးပါလှသော လျှပ်စစ် ၊ ရေသန့် နှင်မိလ္လာ (MEP) လုပ်ငန်းပဲဆောင်ရွက်ခြင်း
5- လူကြီးမင်းတို့ အလုပ်များနေလို မိမိအပ်ထားတဲ့ contractor တွေ စာချုပ်ပါ အတိုင်း လုပ်ဆောင်ခြင်းရှိမရှိ စစ်ဆေးပေးခြင်း (QC)

မည်သည့်ဝန်ဆောင်မှုအတွက်မဆို KPK 𝐂𝐨𝐧𝐬𝐭𝐫𝐮𝐜𝐭𝐢𝐨𝐧 က အသင့်ရှိနေပါတယ်ဆိုတာ သတိရပေးနော် 🤗

📞 09-2026130 , 09-444007364
📧 [email protected]


#ကြာဖြူခိုင်ဆောက်လုပ်ရေး #ဒီဇိုင်း

30/11/2023

အိမ်ဆောက်နည်းအခြေခံသဘောတရားများ

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။
မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့်သိပ်သည်းမှု့အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

အဆောက်အဦးအတွက် ပတ်တန်းရိုက်သည့်အခါ...
တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား
မြေအဝင် ၃ပေ ၄ပေ
ဝင်အောင်ရိုက်ထားသင့်ပါသည်။

အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ...
အဆောက်အဦးတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။

ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။
ဥပမာ...
(၃၊၄၊၅) (၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။
(သို့မဟုတ်)ရေလောင်းပေးရမည်။

(၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင်
အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်
အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။

လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။
အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ် (၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။
ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။

အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်
(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)
ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

ဝါးငြမ်းများဆင်သောအခါ... အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

သံကိုဖြတ်တောက်သည့်အခါ... (၄၅) ဒီဂရီချိုးချင်သော သံချောင်း ကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။

(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။

(၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။

(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

တံခါးရွက်များကို အဆောက်အဦးတစ်ခုလုံး၊
အခြားလုပ်ငန်းများ
ပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။

နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။

သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာ ပြင်ညီအောင် ညှိပေးရမည်။

Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန် Vi****or အသုံးပြုရာတွင် Rodတံကိုတည့်မတ်စွာထိုးရပါမည်။ Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရန်သတိပြုရမည်။

Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။
Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။

Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

သံချောင်းဆက်ရာတွင်... အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။
သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။ သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

Concrete 1m^3လျှင် 35.32ft^3 ရှိပါသည်။

ရေကိုဂါလံတွက်သည့်အခါ...
အလျား အနံ အမြင့် 6.25နှင့်မြောက်လျှင့်ရေဂါလံရရှိပါမည်။

ရေကိုလီတာဖြင့်တွက်သည့်အခါအလျားအနံအမြင့်=ရလာတဲ့အဖြေကို4.54နှင့်မြှောက်ရပါမည်။

(8"8")ကြွေပြားတစ်ကျင်းလျှင်225ချပ်
(8"12")ကြွေပြားတစ်ကျင်းလျှင်150ချပ်
(12"12")ကြွေပြားတစ်ကျင်းလျှင်100ချပ်
(1 '2')ကြွေပြားတစ်ကျင်းလျှင်50ချပ်
(2 '2 ')ကြွေပြားတစ်ကျင်းလျှင်25ချပ်

သစ်တစ်တန်တွင်ရှိရမည့် အတိုင်းအတာများ
(12"1")=600'
(11"1")=655'
(10"1")=720'
(9"1")=800'
(8"1")=900'
(7"1")=1029'
(6"1")=1200'
(5"1")=1440'
(4"1")=1800'
(3"1")=2400'
(2"1")=3600'
(1"1")=7200'
(2"1-1/2")=7200 '
(3"1-1/2")=1600 '
(6"6")=200 '
( 3"3")=800 '
(3"2")=1200 '
(4"4")=450 '
(4"2")=900 '
(4"1-1/2")=1200 '
(5"5")=288 '
(5"3")=480 '
(5"2")=720 '
(6"2")=600 '
(6"1-1/2")=2400 '

1Ton တွင်ရှိသောသံချောင်းအရေအတွက်များ
တစ်ချောင်းလျှင်...
12mm=40ft
6.5mm=0.26kg/m
1ton=3834m
1 viss = 20.22=20'-3"

8mm=0.395kg/m
1ton=2531m
1 viss = 13.35=13'-4"

10mm=135 ချောင်း
12mm=88 ချောင်း
16mm=53 ချောင်း
18mm=41 ချောင်း
20mm=33 ချောင်း
22mm=27 ချောင်း
25mm=21 ချောင်း
1m=3.28ft
1 inch=25.4mm
1m^3=35.32ft^3
Water 1ft^3=62.4 lb
Water 1ft^3=624 Gal
Water 1 Gal=10lb
Water 1 Gal=4.54 Liter
1 Ton = 2240 Lb
1 Acre-ft=1234m^3
1 Acre=0.405 hectares
1 meter= 3.281 feet
1 km= 0.621 Mile
1 sq mile =2.59 sq km

တစ်ဧကလျှင် 208.71 ft ပတ်လည်ရှိသည်။
တစ်ဧက=43560 စတုရန်းပေ

ဘိလပ်မြေတစ်အိတ်လျှင် 50kg လေးပါသည်။
တစ်တန်လျှင် 1000 kg
ဘိလပ်မြေ 20 အိတ်လျှင် တစ်တန်ရှိပါသည်။

Sand(သဲ)
Sand coarse(သဲကြမ်း)
Sand fine(သဲ နု)
Gravel(ကျောက်စရစ်)
Cement(ဘိလပ်မြေ)
Water(ရေ)
Brick(အုတ်)
Brickwork (အုတ်စီခြင်း)
Plastering work(နံရံချောခြင်း)
Stair plastering work (လှေခါးချောခြင်း)
Bamboo( ဝါးလုံး)
Earth(soil)မြေတူး
Plywood(အထပ်သားပြား)
Dig earth(soil)မြေကြီးတူး
Earth (soil) compaction construction(မြေကြီးကြိတ်ခြင်း)
Earth(soil) leveling construction(မြေကြီးညှိခြင်း)
Water pump(ရေစုပ်စက်)
Backhoes(မြေတူး၊မြေကုတ်ကား)
Construction roller(မြေကြိတ်စက်)
Plate compactor(မြေရိုက်စက်)
Shrine room(ဘုရားခန်း)
Living room(ဧည့်ခန်း)
Single bed room (တစ်ယောက်အိပ်ခန်း)
Master bed room(မိသားစုအိပ်ခန်း)
Kitchen room(မီးဖိုခန်း)
Dining room(ထမင်းစားခန်း)
Bath room( ရေချိုးခန်း)
Toilet(အိမ်သာခန်း)
Common toilet(အများသုံးအိမ်သာခန်း)
Lounge room(sitting)အပန်းဖြေခန်း
Basement (cellar)မြေအောက်ခန်း
Study room(စာကြည့်ခန်း)
Roof (အမိုး)
Lighting rod(မိုးကြိုးလွှဲ)
Gutter(ရေတလျောက်)
Attic(ထပ်ခိုး)
Gable(မြင်းမိုရ်ပိတ်)
Water Tank(ရေလှောင်ကန်)
Ceiling(မျက်နှာကျက်)
Balcony(လသာဆောင်)
Verandah(ဝရံတာ)
Windows(ပြတင်းပေါက်များ)
Doors(တံ ခါးများ)
Ventilator(လေဝင်လေထွက်ပေါက်)
Portico(အိမ်ရှေ့ပေါ်တီကို)
Staircase/stairs(လှေခါးများ)
Gate(ဝင်းတံခါး)
Fence(ခြံစည်းရိုး)
Garden home(ဥယျာဉ်)
Letter box(အိမ်ရှေ့စာတိုက်ပုံး)
Door bell(အိမ်ရှေ့အချက်ပေးဘဲလ်)
Drain(ရေမြောင်း)

Credit to original
#ကြာဖြူခိုင်ဆောက်လုပ်ရေး

haring

“ KPK construction နှင့် လက်တွဲဖော် မိဘပြည်သူ ညီအကိုမောင်နှမများအားလုံး တနိဆောင်မုန်းလပြည့်နေတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်း...
27/11/2023

“ KPK construction နှင့် လက်တွဲဖော် မိဘပြည်သူ ညီအကိုမောင်နှမများအားလုံး တနိဆောင်မုန်းလပြည့်နေတွင် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ “
#ကြာဖြူခိုင်ဆောက်လုပ်ရေး

22/09/2023

Coming Soon
#ကြာဖြူခိုင်ဆောက်လုပ်ရေး

 #ကြာဖြူခိုင်ဆောက်လုပ်ရေး  #ကြာဖြူခိုင်ဆောက်လုပ်ရေး
22/09/2023

#ကြာဖြူခိုင်ဆောက်လုပ်ရေး

#ကြာဖြူခိုင်ဆောက်လုပ်ရေး

Address

Corner Of 38th Street & 65A
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+9592026130

Website

Alerts

Be the first to know and let us send you an email when Kyar Phyu Khine - KPK Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Kyar Phyu Khine - KPK Construction:

Share