မြတ်မြင့်ကျော် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်

  • Home
  • Myanmar
  • Mandalay
  • မြတ်မြင့်ကျော် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်

မြတ်မြင့်ကျော် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မြတ်မြင့်ကျော် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက်, Construction Company, 52လမ်း127လမ်းနှင့်128လမ်းကြား, Mandalay.

09/06/2024
ဆောက်လုပ်ရေးပိုင်း အောက်ခြေကနေ့ ကြိုးစားသင်ယူ လုပ်ကိုင်လာသူမို့ယခု အထိ အဆောက်အဦးနဲ့ ပတ်သက်လာရင် တန်းဖိုးအနည်းအများမကြည်...
10/10/2023

ဆောက်လုပ်ရေးပိုင်း အောက်ခြေကနေ့
ကြိုးစားသင်ယူ လုပ်ကိုင်လာသူမို့
ယခု အထိ အဆောက်အဦးနဲ့ ပတ်သက်လာရင် တန်းဖိုးအနည်းအများမကြည်ပဲ ယုံကြည်စွာနဲ့ အပ်တဲ့ အဆောက်အဦးမှန်သမျှ အကုန်လက်ခံဆောင်ရွက်တယ်
#မြတ်မြင့်ကျော်ဆောက်လုပ်ရေး
09.402646794 /09.954026566

 #မြတ်မြင့်ကျော်ဆောက်လုပ်ရေးနေ့ခင်းက အုတ်တွက်ချက်မူ postတင်ထားပြီမို့ အခု  #သရွတ်ကျံမယ်ချောမယ်တွက်မယ်နမူနာအနေနဲ့ ၁ ကျင်း...
10/10/2023

#မြတ်မြင့်ကျော်ဆောက်လုပ်ရေး
နေ့ခင်းက အုတ်တွက်ချက်မူ postတင်ထားပြီမို့
အခု #သရွတ်ကျံမယ်ချောမယ်တွက်မယ်

နမူနာအနေနဲ့ ၁ ကျင်းစီ တွက်ကြည့်ကြပါမယ်။
ပုံသေနည်းကတော့ အတူတူပါပဲ။
မတူတာကတော့ ဒီနေရာမှာ ၁ ကျင်း (1 sud) ဆိုတာက ၁၀၀ စတုန်းပေ (100 ft²) ကို ဆိုလိုတာပါ။
မျက်နှာပြင် ဧရိယာ စတုရန်းပေကို သူ့ရဲ့အထူ ထုလေးနဲ့ မြှောက်လိုက်တဲ့အခါ ပုံသေနည်းထဲမှာ ထုထည်နဲ့ တွက်လို့ရပါပြီ။ Required Volume = (Required/Total)ratio × Total Volume × Constant ဖြစ်ပါတယ်။
0.5" tk. Plastering with (1:4) cement motor
Total ratio = 1+4 = 5, Constant = 1.5
Cement** = (1/5) × 100 × (0.5/12) × 1.5 = 1.25 ft³ × 90 lb/ft³ = 112.5 lb
Sand**** = (4/5) × 100 × (0.5/12) × 1.5 = 5 ft³

0.5" tk. Plastering with (1:3) cement motor
Total ratio = 1+3 = 4, Constant = 1.6
Cement ** = (1/4) × 100 × (0.5/12) × 1.6 = 1.67 ft³ × 90 lb/ft³ = 150.3 lb
Sand**** = (3/4) × 100 × (0.5/12) × 1.6 = 5 ft³

0.5" tk. Plastering with (1:2) cement motor
Total ratio = 1+2 = 3, Constant = 1.8
Cement** = (1/3) × 100 × (0.5/12) × 1.8 = 2.5 ft³ × 90 lb/ft³ = 225 lb
Sand**** = (2/3) × 100 × (0.5/12) × 1.8 = 5 ft³

0.75" tk. Plastering with (1:3) cement motor
Total ratio = 1+3 = 4, Constant = 1.6
Cement** = (1/4) × 100 × (0.75/12) × 1.6 = 2.5 ft³ × 90 lb/ft³ = 225 lb
Sand**** = (3/4) × 100 × (0.75/12) × 1.6 = 7.5 ft³

Yellow Book ထဲက အဖြေနဲ့လည်း တူမတူ တိုက်ကြည့်နိုင်ပါတယ်။
တွက်တဲ့အခါမှာ ထုထည် လိုအပ်တဲ့အတွက် ဧရိယာကို ချောသားထု ငါးမူး (0.5")၊ သုံးမတ် (0.75") စတာတွေနဲ့ မြှောက်၊ ၁၂ နဲ့ စားပြီး ကုဗပေ ပြန်ဖွဲ့ထားတာပါ။
၁း၅၊ ၁း၆ စသဖြင့် ဆိုက်ထဲမှာ သုံးတဲ့ အချိုးတွေကိုပါ ပြောင်းလဲ တွက်နိုင်ပါတယ်။
ဒီမှာ အသုံးများတဲ့ ft³ တို့ lb တို့နဲ့ နမူနာ တွက်ပြထားပေမယ့် m³ တို့ kg တို့ကိုလည်း ပုံသေနည်းထဲ ထည့်သွင်း တွက်ချက်နိုင်ပါတယ်။
ယူနစ်တွေ ပြောင်းလဲရာမှာတော့ ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။
%%%%%%%%%%%%%%%%%%
👇ရှင်းလင်းချက်👇
အချိုးတစ်ခုစီမှာ ဂဏန်း ၂ လုံးစီပါဝင်ပြီး ရှေ့က ဘိလပ်မြေ၊ နောက်ကတော့ သဲ အချိုးတွေပါ။
၁း၃ ဆိုရင် ဘိလပ်မြေ ၁ ဆ၊ သဲ ၃ ဆ စုစုပေါင်း ၄ ယူနစ် ရှိပါမယ်။
ပေတွေ ပေါင်တွေ သုံးထားတဲ့အတွက် ဘိလပ်မြေဆိုရင် ရလာတဲ့ ကုဗပေကို 90lb/ft³ နဲ့မြှောက်ရင် ပေါင် အလေးချိန် ထွက်လာမှာဖြစ်ပြီး ၁၁၂ နဲ့ ထပ်စားလိုက်ရင်တော့ အိတ် အရေအတွက်
ရလာပါလိမ့်မယ်။
ရလာတဲ့ သဲ ထုထည်ကိုတော့ ၁၀၀ နဲ့ စားတဲ့အခါ ကျင်း (sud) ဆိုတဲ့ ယူနစ်နဲ့ ထွက်လာပါလိမ့်မယ်။
ကျောက်လောင်းတုန်းကတော့ အခြောက်၊ အစို အခြေအနေတွေကြောင့် သဲရဲ့ ထုထည်ပြောင်းလဲမှုက ၂၀ ရာခိုင်နှုန်း ယူဆတယ်လို့ ပြောခဲ့ပါတယ်။
အခုတော့ ၂၇ ရာခိုင်နှုန်းလို့ ယူဆပြီး ၁.၂၇ နဲ့ မြှောက်လေ့ရှိကြပါတယ်။
ကျောက်လောင်းတုန်းကလည်း ကျောက်နဲ့ သဲကြောင့် ပြောင်းလဲတာကို ပုံမှန် ၅၄ ရာခိုင်နှုန်းလို့ ယူဆကာ ၁.၅၄ နဲ့ မြှောက်လေ့ရှိကြတာပါ။
ဒါပေမဲ့ အလေအလွင့်အတွက် ယူဆချက်မှာတော့ ဒေသ တစ်ခု တစ်မျိုးစီ၊ ဆရာတစ်ယောက် တစ်မျိုးစီမို့ မတူကြပါဘူး။
ပုံမှန်တော့ ၅ ရာခိုင်နှုန်းကနေ စပြီး အပိုဆောင်းပေးလေ့ ရှိကြပါတယ်။
အဲဒီတော့ ကျွန်တော်တို့ နိုင်ငံရဲ့ စံနှုန်းအရဆိုရင် ကျောက်လောင်းဖို့အတွက် အလေအလွင့်ပါ အပြီးအစီး ၁.၆၊ ၁.၆၉ စသဖြင့် မြှောက်ဖော်ကိန်းလေးတွေ ပြောင်းလဲကုန်ပါတယ်။
အခု သရွတ်ကျံတဲ့ လုပ်ငန်းမှာလည်း အလေ့အလွင့်ပါ ပေါင်းလိုက်တဲ့အတွက် ၁.၅ ကနေ ၁.၈ အထိ အသီးသီး မြှောက်ဖော်ကိန်းလေးတွေ ပြောင်းလဲသွားရတာပါ။
ကျွန်တော် မြင်ဖူးသလောက်တော့ သရွတ်ကျံတဲ့ နေရာမှာ အလေအလွင့်အတွက် ၂၀ ကနေ ၃၅ ရာနှုန်းလောက်ထိ ပေါင်းထည့်ပေးတတ်ကြပါတယ်။
တစ်နိုင်ငံနဲ့ တစ်နိုင်ငံ မတူသလို ဒီနိုင်ငံမှာ လုပ်ဖူးရင် သိပါလိမ့်မယ်။
အလုပ်သမားဆိုတာ နည်းနည်းလေး လစ်တာနဲ့ အောက်ကျုံးလည်း ပြန်မသုံး၊ ပိုဖျော်ထားတာတွေလည်း အလုပ်ချိန်ကုန်ရင် သွန်ပစ်နဲ့ လုပ်တတ်ကြပါတယ်။
အဲ့ဒီတော့ အလေအလွင့်အတွက် ယူဆချက်တွေဟာ လက်တွေ့မှာ နည်းသွားတတ်၊ များသွားတတ် သလို ကွက်တိ တူချင်လည်း တူနေတတ်ပါတယ်။
ဥပမာ ဆိုပါစို့ ခုနက တွက်တာမှာ ကျောက်လောင်းဆိုရင် ၁.၅၄၊ သရွတ်ကျံရင် ၁.၂၇ အဲ့နှစ်ခုပဲ
မှတ်ရင် ရပါပြီ။အဲ့ဒါကို အချိုးရယ် ထုထည်ရယ်နဲ့ ထပ်မြှောက်တာနဲ့ ပစ္စည်းမှာနိုင်သလို ပစ္စည်းကိုလည်း ထိန်းချုပ်နိုင်ပါပြီ။
အလေအလွင့်အတွက်ကတော့ ကိုယ့် အလုပ်သမား အကြောင်း ကိုယ်သာ အသိဆုံးပါ။
တိုးသင့်တိုး လျှော့သင့်လျှော့ ကိုယ်ကြိုက်ရာ ကိုယ်လုပ်လို့ ရပါတယ်။
စာအုပ်အတိုင်း ကွက်တိ ဖြစ်ရမယ်လို့ ဘယ်သူမှ မပြောပါဘူး။အတွေ့အကြုံ ရင့်ကျက်လေ ခန့်မှန်းတာ ပိုတော်လေပဲ ဖြစ်ပါတယ်။
အဲဒီတော့ ကိုယ့်ကံကြမ္မာ ကိုယ်ဖန်တီးနိုင်ကြပါစေ။

Creditပူးတွဲပါပုံကတော့ ဆရာဦးညီလှငယ်ရဲ့ Field Reference Manual စာအုပ်ထဲမှ ကူးယူသည်

 #မြတ်မြင့်ကျော်ဆောက်လုပ်ရေး #အုတ်နံရံကာရန်အတွက်ကုန်ကျမည့်အုတ်အလုံးရေအသေးစိတ်တွက်နည်း လိုအပ်သောအချက်အလက်များ၁. အုတ်နံရံ၏...
10/10/2023

#မြတ်မြင့်ကျော်ဆောက်လုပ်ရေး

#အုတ်နံရံကာရန်အတွက်ကုန်ကျမည့်အုတ်အလုံးရေအသေးစိတ်တွက်နည်း


လိုအပ်သောအချက်အလက်များ

၁. အုတ်နံရံ၏ထုတည် (volume of Wall)
၂. အုတ်တစ်လုံး၏ထုထည် (volume of brick)

- ပထမဦးစွာအုတ်နံရံ၏ထုထည်ကိုတွက်ပါ။

ဥပမာ ၁၀ ပေပတ်လည် အထူ ၄.၅ လက်မ (0.375 ft) ရှိအုတ်နံရံ၏ထုထည်ကိုတွက်လိုက

အုတ်နံရံ၏အလျား (the length of the wall) l = 10 ပေ
အုတ်နံရံ၏အမြင့် (the height of the wall) h = 10 ပေ
အုတ်နံရံ၏အထူ (thickness of the wall) b = 0.375 ပေ

အုတ်နံရံ၏ထုထည် = l x h x b = 10’ x 10’ x 0.375’ = 37.5 Cu.F

- အုတ်၏ထုထည်ကိုတွက်ပါ။

အုတ်၏အလျား (l) = 9 လက်မ = 228.6 mm
အုတ်၏အမြင့် (h) = 2.5 လက်မ = 63.5 mm
အုတ်၏အထူး (b) = 4.5 လက်မ = 114.3 mm

မဆလာ အထူ 10 mm ထပ်ပေါင်းပါ။

l = 228.6 mm + 10 mm = 238.6 mm = 0.78 ft
h = 63.5 mm + 10 mm = 73.5 mm = 0.24 ft
b = 114 mm + 10 mm = 124 mm = 0.41 ft

အုတ်တစ်လုံး၏ထုထည် (volume of brick) = l x h x b
= 0.78’ x 0.24’ x 0.41’ = 0.076 Cu.F

bestjob
စုစုပေါင်းကုန်ကျသောအုတ်အလုံးရေ = အုတ်နံရံ၏ထုထည် / အုတ်တစ်လုံး၏ထုထည်

= 37.5 / 0.076
= 493 လုံး

မှတ်ချက် ။ ။ 10 % အုတ်အလေအလွင့်

ပန်းရံဆရာက ဆိုဒ်ထဲ သံလျက်တွေပျောက်ပျောက်နေတယ်ဆရာဆိုပြီး လာတိုင်လို့ ဆိုဒ်ထဲဝင်ရောက်စစ်လိုက်သောအခါ😄😄😄
08/10/2023

ပန်းရံဆရာက ဆိုဒ်ထဲ
သံလျက်တွေပျောက်ပျောက်နေတယ်
ဆရာဆိုပြီး လာတိုင်လို့ ဆိုဒ်ထဲဝင်ရောက်စစ်လိုက်သောအခါ😄😄😄

"နည်းလမ်းမှန်မှန် Vi****or ထိုးကြမယ်"ကွန်ကရိ​လောင်းတဲ့အချိန် ဘာလို့ Vi****or ထိုးကြတာလဲ? ​ဆောက်လုပ်​ရေးနယ်ပယ်က သူ​တွေအား...
02/10/2023

"နည်းလမ်းမှန်မှန် Vi****or ထိုးကြမယ်"

ကွန်ကရိ​လောင်းတဲ့အချိန် ဘာလို့ Vi****or ထိုးကြတာလဲ? ​ဆောက်လုပ်​ရေးနယ်ပယ်က သူ​တွေအားလုံးအတွက် သိပြီးသား ​မေးခွန်းများဖြစ်​နေမလား? မသိ​သေးတဲ့သူ​တွေအတွက် ရည်ရွယ်ပါတယ် ။ ကျွန်​တော်တို့ ပုံမှန်ဆိုက်​တွေမှာ ကွန်ကရိ​လောင်းတဲ့အချိန် ကွန်ကရိကို သိပ်သည်းကျစ်လစ်သွား​အောင်, ​ကွန်ကရိအတွင်းခို​အောင်း​နေတဲ့ လေ​တွေထွက်သွား​အောင် Vi****or ထိုးကြပါတယ်။ Vi****or ထိုးဆိုလို့ ထိုးပါပြီရဲ့ ထိုးတဲ့ နည်းလမ်း​ရောမှန်ပြီလား။

✔️Vi****or Rod ရဲ့ တုန်အားက အနီးစပ်ဆုံး တသားထဲ တသမတ်တည်းဖြစ်​နေရပါမယ်( harmonic forces) ။

✔️Concrete ရဲ့ Consistence အ​ပေါ်မူတည်ပြီး​တော့ 0.5m က​နေ 1m (1.5ft to 3ft) ခြားတိုင်း 5 sec က​နေ 20 sec ထိုးရပါမယ်။

✔️Vi****or ပြန်ဆွဲထုတ်တဲ့အချိန်မှာလည်း ​ဖြေး​ဖြေးချင်းပြန်ဆွဲထုတ်ရပါမယ်။ (Rate နဲ့​ဆို 80mm/sec ) ဆွဲထုတ်လိုက်တဲ့အချိန် ကွန်ကရိဟာ Vi****or Rod အ​ပေါက်အရာကြီးအတိုင်း မကျန်ခဲ့​ဘဲ သူ့အလိုလိုပြန်ပြည့်သွားရပါမယ်။

✔️Vi****or ထိုးရင် မြန်မြန်နဲ့ (vertically,& quickly)တည့်ထိုးရပါမယ်။အကယ်၍ ကွန်ကရိကို Layer( အလွှာ) ​လိုက် လောင်းထားတယ်ဆိုရင် အသစ်ထပ်​လောင်းတဲ့ ကွန်ကရိ အလွှာတစ်ခုထဲကို Vi****or ထိုးတာမျိုးမဟုတ်ဘဲ ​​အောက်က ပထမဆုံး​လောင်းထားတဲ့ အလွှာအထိပါ ထိုး​ပေးရပါတယ်။
မူရင်းရေးသားသူ
ပါ

#မြတ်မြင့်ကျော်ဆောက်လုပ်ရေး

09.402656794 /09.954026567

Googleမှ ကူထားသော ဓါတ်ပုံပါအတိုင်းကျောက်သွေးလောင်းရင်း ဘာဖြစ်တက်လည်း အဆိုးအကောင်းအကျိုးအကြောင်း လေးတွေ ပြောပေးခဲ့
02/10/2023

Googleမှ ကူထားသော ဓါတ်ပုံပါအတိုင်း
ကျောက်သွေးလောင်းရင်း ဘာဖြစ်တက်လည်း
အဆိုးအကောင်းအကျိုးအကြောင်း လေးတွေ ပြောပေးခဲ့

Foundation ပိုင်းမှာဘာတွေဂရုစိုက်သင့်  🚨 footing လောင်းထုပြည့်ရဲ့လား 🚨အဆောက်အဦးဆောက်ဖို့ Footing လောင်းကြတဲ့အခါ footing...
01/10/2023

Foundation ပိုင်းမှာဘာတွေဂရုစိုက်သင့်

🚨 footing လောင်းထုပြည့်ရဲ့လား 🚨
အဆောက်အဦးဆောက်ဖို့ Footing လောင်းကြတဲ့အခါ footing ရဲ့ရှိရမဲ့ thickness ရှိဖို့ဟာ သတိပြုသင့်တဲ့ အရေးကြီးအချက်တစ်ခုဖြစ်ပါတယ်။ ဆိုတော့ footing thickness ကိုဘယ်လိုတိုင်းကြမလဲ။

💢လုပ်ငန်းအများစုမှာ footing thickness ကိုတိုင်းတဲ့အခါ တူးထားတဲ့ကျင်းအောက်ခြေကနေထောက်ပြီး လောင်းထုကို လှမ်းတိုင်းကြပါတယ်။

📌ဥပမာတစ်ခုနဲ့ပြောကြည့်ရအောင် - footing လောင်းထုက 1 ပေ 6 လက်မရှိရမယ်ဆိုပါစို့။ ‌footing ရဲ့ရှိရမဲ့အောက်ကာဗာက 3 လက်မလို့ design မှာ ဖော်ပြထားတယ်။
✅အဲ့တာဆိုရင် footing လောင်းထုက footing သံချောင်းပေါ်ကနေ 1 ပေ 3 လက်မလောက်ရှိနေရမှာပါ။
📌တစ်ခါတစ်လေမှာ foundation ပိုင်းလုပ်ငန်းတွေဆောင်ရွက်တဲ့အခါ သံချောင်းအောက်ခြေကာဗာကို 3 လက်မထက်ပိုတဲ့ ကွန်ကရစ်ဘလောက်တုံးတွေခုမိကြတာရှိပါတယ်။ အဓိကပြောချင်တာက ဒီလိုအခါမျိုးမှာ footing လောင်းထုကို ကျင်းအောက်ခြေကနေ လှမ်းမတိုင်းသင့်ပါဘူး။ 6 လက်မဘလောက်တုံးခုထားမိခဲ့တယ်ဆိုရင် လောင်းထုက 3" လျော့သွားမှာပါ။

💢နောက်တစ်ချက်သတိပြုသင့်တာက footing သံချောင်းဟာ level ညီဖို့ပါ။ lean လောင်းတုန်းက level မရခဲ့တာမျိုးကြောင့် အောက်ကြမ်းပြင် level မညီတဲ့အခါမျိုးမှာ footing သံချောင်းကို ကြမ်းပြင်ပေါ်မှာ ဒီတိုင်း ချပြီး တူညီတဲ့ဘလောက်တုံးတွေခုလိုက်လို့မရပါဘူး။ footing သံချောင်းတွေယက်ထားတဲ့ ဇကာကွက်ကို ရေပြင်ညီရအောင် နိမ့်တဲ့နေရာတွေကို ပိုပြီးခုသင့်ပါတယ်။ ဘာလို့ဆို footing ဇကာကွက် စောင်းသွားပေမဲ့ လောင်းတဲ့ကွန်ကရစ်က vi****or ထိုးလိုက်တဲ့အခါ ရေပြင်ညီဖြစ်သွားမှာပါ။ ဒီအခါမှာ design အရစဉ်းစားလိုက်ရင် footing လောင်းထုမညီနိုင်တော့ပါဘူးဗျ
မူရင်းရေးထားသူ crd

#မြတ်မြင့်ကျော်ဆောက်လုပ်ရေး

09.402656794 /09.95402656794

ကြမ်းခင်းလောင်းရင်ဘာတွေလိုမြေညီထပ်ကြမ်းခင်းပေါ်ကို ပစ္စည်းအများကြီးတင်လိုက်မိတဲ့အခါ အက်သွားတာ ကျွံသွားတာမျိုးကြုံဖူးကြလာ...
01/10/2023

ကြမ်းခင်းလောင်းရင်ဘာတွေလို

မြေညီထပ်ကြမ်းခင်းပေါ်ကို ပစ္စည်းအများကြီးတင်လိုက်မိတဲ့အခါ အက်သွားတာ ကျွံသွားတာမျိုးကြုံဖူးကြလား❓ဒါမျိုးတွေဖြစ်လာတာဘာကြောင့်လဲ❓

✅မြေညီထပ်မှာ Ground beam လောင်းပြီးသွားတဲ့အခါ ကြမ်းခင်းလောင်းမဲ့အကန့်တွေထဲကို ၀မ်းစာအနေနဲ့ သဲ၊ မြေ၊ ကျောက်ကြီး၊ အုတ်ခဲကျိုး စသည်ဖြင့်ဖြည့်ကြပါတယ်။ ဒီလိုဖြည့်တဲ့အခါမှာ ဖြည့်လိုက်တဲ့၀မ်းစာသိပ်သည်း‌သွားအောင် Compaction ‌ကောင်းကောင်း‌ ပေးဖို့ လိုအပ်ပါတယ်။ ‌

✅၀မ်းစာဖြည့်ရမဲ့ အကန့်တွေက နက်ရင်တော့ ကျောက်ကြီး၊ အုတ်ခဲကျိုး စသည်ဖြင့်အရင်ထဲ့ပြီးမှ သဲဖြည့်ကြတာမျိုးရှိသလို မြေကြီး၊ ကျောက်ကြီး၊ သဲ စသည်ဖြင့်တစ်လွှာချင်းထဲ့ကြတဲ့သူတွေလဲရှိပါတယ်။၀မ်းစာဖြည့်ရမဲ့ကျင်းက တိမ်ရင်တော့ သဲပဲဖြည့်ကြပါတယ်။

လုပ်ငန်းခွင်အများစုမှာတော့ သဲကို ၀မ်းစာအနေနဲ့သုံးတာများတဲ့အတွက်ကြောင့် Compaction ပေးတဲ့အနေနဲ့ ရေနဲ့ထိုးကြပါတယ်။
📌 ဒီနေရာမှာ ရေထိုးရုံနဲ့မရပါဘူး သဲတွေ သိပ်သည်းသွားအောင် ရေလဲထိုး vi****or နဲ့လဲလိုက်ထိုးပေးရပါတယ်။ ရေနဲ့ပဲထိုးရင် သဲကမသိပ်သည်းသေးပါဘူး ရေမ၀င်သွားတဲ့အပေါက်တွေထဲမှာ နေရာလွတ်တွေကျန်နေတတ်ပါတယ်။

📌မြေကြီးကို၀မ်းစာအနေနဲ့ပြန်ဖြည့်ခဲ့ရင်တော့ Conpaction ပေးဖို့ ‌သဲဖြည့်ပြီးရေထိုးချလိုက်ရုံနဲ့မရပါဘူး။ ‌ဖြည့်ထားတဲ့မြေကြီးကို အိကျသွားအောင် Compaction ပေးတဲ့စက်နဲ့ရိုက်ပေးရပါတယ်။ ဒါမှမြေကြီးကသိပ်သည်းသွားမှာပါ။ ပီးမှအပေါ်ကလွတ်နေသေးရင် ကျောက်ကြီး၊ သဲ လိုသလိုဖြည့်ပြီး ရေလဲလောင်း vi****or လဲထိုးပါ။

📌တစ်ချို့အိမ်တွေမှာ ကြမ်းခင်းလောင်းတဲ့အခါ
ပလက်စတစ်စခင်းပြီးမှလောင်းကြတာရှိပါတယ်။
သံစကာခံပြီး လောင်းကျတယ်
အိမ်ရဲ့တည်နေရာနဲ့ ကြမ်းခင်းခုံအမြင့် (plint lvl)အရ ရေစိမ့်၀င်နိုင်တယ် ရေငွေ့ရိုက်နိုင်တယ်ဆို ခင်းသင့်ပါတယ်။ ကြမ်းခင်းခုံက အိမ်ရှေ့မြောင်းထက် 2 ပေကျော်လောက်မြင့်နေရင်တော့ မခင်းလဲရပါတယ်။မြေကြီးထဲကိုခြဆေးဖျန်းတဲ့အခါမျိုးမှာလဲ ခြဆေးနဲ့ ကွန်ကရစ်မထိစေချင်လို့ ပလက်စတစ်စ ခင်းကြပါသေးတယ်။ ံမှစာသားကူးယူဖော်ပြပါသည်

#မြတ်မြင့်ကျော်ဆောက်လုပ်ရေး

09.402656794 /09.954026567

Address

52လမ်း127လမ်းနှင့်128လမ်းကြား
Mandalay

Alerts

Be the first to know and let us send you an email when မြတ်မြင့်ကျော် ဆောက်လုပ်ရေးကုမ္ပဏီလီမိတက် posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share