Victory Social Emotional Learning Corner

Call Contact the business

Victory Social Emotional Learning Corner Build focus, Calm & Emotional skills for a brighter future!

03/09/2026
03/09/2026

“သမီးက ‘မလုပ်ချင်ဘူး’ လို့ပြောတဲ့အခါ… မိဘက ဘာလုပ်သင့်လဲ?”

ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ ကလေးတစ်ယောက်ဟာ မိဘပြောသမျှကို အရင်လို ချက်ချင်းလိုက်လုပ်တော့မှာ မဟုတ်ပါဘူး။

“မလုပ်ချင်ဘူး…”
“မသွားချင်ဘူး…”
“မပြောချင်သေးဘူး…”
“ဒါကို မကြိုက်ဘူး…” ဆိုပြီး ကိုယ့်အမြင်ကို စတင်ပြောလာပါလိမ့်မယ်။

ဒီအချိန်မှာ မိဘက…
“မိဘကို ပြန်ပြောတာလား?”
“ငါပြောတာ နားထောင်!”
“မလုပ်ချင်လည်း လုပ်ရမယ်!” လို့ ချက်ချင်းပိတ်ပင်လိုက်မယ့်အစား
“ဘာကြောင့် မလုပ်ချင်တာလဲ?” လို့ အရင်နားထောင်ပေးကြည့်ပါ။

ဘာလို့လဲဆိုတော့…

“မလုပ်ချင်ဘူး” လို့ ပြောတတ်ခြင်းဟာ
အမြဲတမ်း မိဘကို မလေးစားတာ မဟုတ်ပါဘူး။

တစ်ခါတလေ သူ့ရဲ့ကိုယ်ပိုင်အမြင်၊ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ ကိုယ်ပိုင် Boundaries တွေကို စတင်နားလည်လာတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် Autonomy ဆိုတာ ကိုယ်လုပ်ချင်တာအားလုံး လုပ်ခွင့်ရတာတော့ မဟုတ်ပါဘူး။

မိဘကလည်း လုံခြုံရေးနဲ့ တာဝန်ယူမှုအတွက် လိုအပ်တဲ့ စည်းမျဉ်းတွေကို သတ်မှတ်ပေးရပါမယ်။

ဥပမာ…
“မလုပ်ချင်တာကို ပြောလို့ရတယ်။
မေမေ/ဖေဖေက မင်းပြောတာကို နားထောင်မယ်။
ဒါပေမယ့် ဒီကိစ္စက မင်းရဲ့လုံခြုံရေးနဲ့ ပတ်သက်နေလို့ ဒီစည်းမျဉ်းကိုတော့ လိုက်နာရမယ်နော်…”

ဒီလိုပြောနိုင်ရင်
ကလေးကို နားထောင်ပေးခြင်းနဲ့ စည်းကမ်းထားခြင်း နှစ်ခုလုံးကို တစ်ပြိုင်နက် သင်ပေးနိုင်ပါတယ်။

ပြီးတော့ မိဘတွေ သတိထားသင့်တာ တစ်ခုရှိပါတယ်။

ဒီနေ့ အိမ်မှာ…
“မကြိုက်ဘူး”
“မလုပ်ချင်ဘူး”
“မသင့်တော်ဘူးလို့ ထင်တယ်” လို့ ကိုယ့်အမြင်ကို လေးစားစွာ ပြောတတ်တဲ့ သမီးလေးဟာ…

မနက်ဖြန် သူငယ်ချင်းတွေကြားမှာ
Peer Pressure ကြုံလာရတဲ့အခါ…

“မလုပ်ချင်ဘူး” လို့ ပြောနိုင်ပါလိမ့်မယ်။

Relationship တစ်ခုမှာ ကိုယ့် Boundaries ကို ကျော်လာတဲ့အခါ…

“ဒါကို မကြိုက်ဘူး။ ရပ်ပေးပါ…” လို့ ပြောနိုင်ပါလိမ့်မယ်။

Online မှာ တစ်စုံတစ်ယောက်က မသင့်တော်တဲ့အရာကို တောင်းဆိုလာတဲ့အခါ…
“No.”လို့ ပြောရဲလာပါလိမ့်မယ်။

ဒါကြောင့် မိဘတွေအနေနဲ့ သမီးရဲ့ “No” ကို အမြဲတမ်း အမိန့်မနာခံမှုအဖြစ် မမြင်လိုက်ပါနဲ့။

တစ်ခါတလေ…

“No” လို့ ပြောတတ်အောင် သင်ပေးခြင်းဟာ ကလေးကို မိဘစကားမနာခံအောင် သင်ပေးတာမဟုတ်ပါဘူး။

ကိုယ့်ကိုယ်ကို ကာကွယ်တတ်အောင်
သင်ပေးနေတာပါ။🛡️

ဆယ်ကျော်သက်အရွယ်မှာ လိုအပ်တာက အမှတ်ကောင်းတွေနဲ့ စာတော်ရုံတင် မဟုတ်ပါဘူး။

သူတို့မှာ…
🌱 Self-Awareness
🌱 Emotional Regulation
🌱 Healthy Boundaries
🌱 Empathy
🌱 Communication Skills
🌱 Decision-Making နဲ့
🌱 Peer Pressure ကို ရင်ဆိုင်နိုင်စွမ်းတွေပါ တဖြည်းဖြည်း တည်ဆောက်လာနိုင်ဖို့ လိုပါတယ်။

အဲဒီ Skill တွေက စာအုပ်ထဲမှာ ဖတ်ရုံနဲ့ မရပါဘူး။
နေ့စဉ်ဘဝမှာ နားလည်၊ ဆွေးနွေး၊ လေ့ကျင့်ရင်းနဲ့သာ တည်ဆောက်ရတာပါ။

ဒါကြောင့် သမီးလေးကို
“အမြဲနားထောင်တတ်တဲ့ ကလေး” တစ်ယောက်ဖြစ်လာဖို့ထက်…

ကိုယ့်ခံစားချက်ကို နားလည်တတ်တဲ့၊
ကိုယ့် Boundaries ကို သိတတ်တဲ့၊
မှန်ကန်စွာ ဆုံးဖြတ်တတ်တဲ့၊
လိုအပ်တဲ့အခါ “No” လို့ ပြောရဲတဲ့
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိတဲ့ လူငယ်တစ်ယောက် ဖြစ်လာအောင် လမ်းပြပေးကြပါစို့။ 💛

သမီးရဲ့ အနာဂတ်အတွက် မိဘက အဖြေတွေအားလုံးကို ပေးထားဖို့ မလိုပါဘူး။
ကိုယ်တိုင်မှန်ကန်စွာ စဉ်းစား၊ ရွေးချယ်၊ ဆုံးဖြတ်တတ်အောင် လေ့ကျင့်ပေးနိုင်ဖို့ပဲ လိုပါတယ်။

ဒီလို Emotional Intelligence နဲ့ Life Skills တွေကို Teen အရွယ်ကတည်းက နားလည်ပြီး လက်တွေ့ဘဝနဲ့ ချိတ်ဆက်လေ့ကျင့်နိုင်ဖို့ EI Teens Program ကို ဖွင့်လှစ်ခဲ့တာ (၅)နှစ်နီးပါးရှိပါပြီ။

ကိုယ့်ကလေးကို လေ့ကျင့်ပေးလိုပါက EI TEENS လို့ Comment မှာ ရေးခဲ့ပါ။

Program အကြောင်း အသေးစိတ် သိချင်သူတွေအတွက် ဆက်သွယ်ပေးပါမယ်နော်။

Victory Learning Corner 💛
Where Smart Heads Meet Kind Hearts

03/09/2026

“သမီးရဲ့ ‘No’ ကို လေးစားပေးနိုင်တဲ့ မိဘက…
တခြားသူတွေရဲ့ ‘No’ ကိုလည်း သူမကလေးစားတတ်အောင် သင်ပေးနိုင်ပါတယ်။”

သမီးက…
“မလုပ်ချင်ဘူး…”
“မသွားချင်ဘူး…”
“မပြောချင်သေးဘူး…”
“ဒီလိုမလုပ်စေချင်ဘူး…”လို့ ပြောလာတဲ့အခါ…

မိဘအနေနဲ့
“ဘာဖြစ်လို့လဲ၊ လုပ်လိုက်ပါ”
“မိဘပြောတာကို နားထောင်ရမယ်”
“ဒါလေးတောင် မလုပ်ချင်ဘူးလား”
ဆိုပြီး သူမရဲ့ “No” ကို အမြဲကျော်လွှားနေမယ်ဆိုရင်…
သမီးက တဖြည်းဖြည်းနဲ့ “ကိုယ့်မကြိုက်တာကို ပြောလို့မရဘူး”၊
“တစ်ဖက်လူက မကြိုက်ဘူးဆိုလည်း ဆက်လုပ်လို့ရတယ်” ဆိုတဲ့ အယူအဆတွေကို သင်ယူသွားနိုင်ပါတယ်။

ဒါကြောင့် “No” ကို လေးစားပေးခြင်းဟာ
သမီးကို အလိုလိုက်ပေးခြင်း မဟုတ်ပါဘူး။
Boundary ဆိုတာ ဘာလဲဆိုတာ သင်ပေးနေတာပါ။

သမီးက “No” လို့ ပြောလာတဲ့အခါ…
“အိုကေ… မလုပ်ချင်တာကို မလုပ်လို့ရတယ်။
ဒါပေမယ့် ဒီကိစ္စမှာတော့ ဘာကြောင့် မလုပ်ချင်တာလဲ ပြောပြလို့ရတယ်နော်”
လို့ ပြောပေးနိုင်ပါတယ်။

အရေးကြီးတာက…
လေးစားပေးရမယ့် “No” နဲ့ မိဘက လမ်းညွှန်ပေးရမယ့် အခြေအနေကို ခွဲခြားတတ်ဖို့ပါ။

ဥပမာ…
သူမက မကြိုက်တဲ့အဝတ်အစားကို မဝတ်ချင်တာ၊
မပြောချင်သေးတဲ့အကြောင်းကို ခဏမပြောချင်တာ၊
မသက်သာတဲ့ physical contact တစ်ခုကို မလိုချင်တာမျိုးတွေမှာ…

သူမရဲ့ခံစားချက်နဲ့ Boundary ကို လေးစားပေးပါ။

ဒါပေမယ့် လုံခြုံရေး၊ ကျန်းမာရေး၊ တာဝန်ယူမှုနဲ့ ပတ်သက်တဲ့အရာတွေမှာတော့…

“မလုပ်ချင်ဘူး” ဆိုတာတစ်ခုတည်းနဲ့ အားလုံးကို ခွင့်ပြုလိုက်ဖို့မဟုတ်ပါဘူး။

အဲဒီလို ခွဲခြားပြီး သင်ပေးတဲ့အခါ
သမီးက အရေးကြီးတဲ့ Life Skill တစ်ခုကို ရလာပါတယ်။

“ငါ့ Boundary ကို ပြောခွင့်ရှိသလို
တခြားသူရဲ့ Boundary ကိုလည်း လေးစားရမယ်” ဆိုတာပါ။

တစ်နေ့မှာ သူမက သူငယ်ချင်းတစ်ယောက်ရဲ့ “မလုပ်ချင်ဘူး” ကို ကြားရင် ရပ်တတ်လာမယ်။

တစ်နေ့မှာ သူမကို တစ်စုံတစ်ယောက်က ဖိအားပေးလာရင်လည်း…

“No.”
“မလုပ်ချင်ဘူး။”
“ဒီလိုမလုပ်စေချင်ဘူး။” လို့ ကိုယ့်ကိုယ်ကို ကာကွယ်ပြောဆိုတတ်လာမယ်။

ဒါကြောင့် မိဘတွေက သမီးကို
“လူကြီးစကားဆိုတာ နားထောင်ရတယ်” ဆိုတာတစ်ခုတည်း သင်မပေးဘဲ…

“ကိုယ့်ကိုယ်ကို လေးစားပါ။
တခြားသူရဲ့ Boundary ကိုလည်း လေးစားပါ။” ဆိုတာကိုပါ သင်ပေးဖို့လိုပါတယ်။

ကလေးတစ်ယောက်ရဲ့ Emotional Intelligence ဆိုတာ အမှတ်ကောင်းကောင်းရတာထက် ပိုကျယ်ပြန့်ပါတယ်။

သူမရဲ့ခံစားချက်ကို သိခြင်း၊
ကိုယ့်လိုအပ်ချက်ကို ပြောနိုင်ခြင်း၊
Boundary ထားနိုင်ခြင်း၊
တခြားသူရဲ့ခံစားချက်နဲ့ Boundary ကို လေးစားနိုင်ခြင်း…

ဒါတွေဟာ သူမရဲ့ အနာဂတ် Relationship တွေအတွက် အရေးကြီးတဲ့ Life Skills တွေပါ။

သမီးကို “ကောင်းတဲ့ကလေး” ဖြစ်အောင်ပဲ သင်မပေးပါနဲ့။
ကိုယ့်ကိုယ်ကို လေးစားတတ်ပြီး တခြားသူကိုလည်း လေးစားတတ်တဲ့ လူတစ်ယောက်ဖြစ်အောင် သင်ပေးပါ။

💛 မိဘတစ်ယောက်အနေနဲ့ သမီးရဲ့ “No” ကို ဘယ်လိုတုံ့ပြန်ပေးရမလဲဆိုတာ သိထားခြင်းကလည်း Parenting Skill တစ်ခုပါ။

Comment မှာ “NO” လို့ ပြောနိုင်ဖို့ကလေးကို မေမေဖေဖေတို့ ဘယ်လိုလေ့ကျင့်ပေးထားလဲဆိုတာ တခြားမိဘတွေအတွက် အဆင်ပြေရင်မျှဝေပေးသွားပါဦး။

Victory Learning Corner 💛
Where Smart Heads Meet Kind Hearts


01/09/2026

🌷 ဆယ်ကျော်သက်သမီးလေး အရွေးမမှားစေဖို့…
မိဘတွေ သိထားသင့်တဲ့ အရာတစ်ခုရှိပါတယ်။

သမီးလေး ဆယ်ကျော်သက်အရွယ်ရောက်လာတဲ့အခါ
အရင်လို မိဘနားကပ်ပြီး အရာရာကို ပြောမပြတော့တာ၊
သူငယ်ချင်းတွေနဲ့ ပိုနီးလာတာ၊
ကိုယ်ပိုင်အတွေးတွေ ပိုများလာတာ၊
မိဘပြောသမျှကို အရင်လို လက်ခံမနေတော့တာတွေ ရှိလာနိုင်ပါတယ်။

အဲဒီအချိန်မှာ မိဘတချို့က

“ငါ့သမီး ဘာဖြစ်သွားတာလဲ?”
“သူ့ကို ငါတို့ မထိန်းနိုင်တော့ဘူးလား?”
လို့ စိုးရိမ်လာတတ်ပါတယ်။

တကယ်တော့…

သမီးက မိဘကို မချစ်တော့တာ မဟုတ်ပါဘူး။
မိဘ မလိုတော့တာလည်း မဟုတ်ပါဘူး။

သူ့ဘဝကို သူကိုယ်တိုင် နားလည်ဖို့၊
သူ့အတွေးနဲ့ သူ့ခံစားချက်တွေကို ကိုယ်တိုင် စီမံဖို့ စတင်သင်ယူလာတဲ့အရွယ် ဖြစ်လာတာပါ။

ဒါကြောင့် ဒီအရွယ်မှာ
“သမီးကို ဘယ်လိုထိန်းမလဲ” ဆိုတာထက်
“သမီးကိုယ်တိုင် မှန်ကန်စွာ ရွေးချယ်တတ်အောင် ဘယ်လိုသင်ပေးမလဲ” ဆိုတာက ပိုအရေးကြီးပါတယ်။

❤️ အထူးသဖြင့် Relationship တွေမှာ…

မိဘတွေက သမီးကို
“ချစ်သူမထားနဲ့”
“ယောက်ျားလေးတွေနဲ့ မပတ်သက်နဲ့”
လို့ တားမြစ်ထားရုံနဲ့ မလုံလောက်ပါဘူး။

တစ်နေ့ မိဘမရှိတော့တဲ့အချိန်၊ အရွယ်တစ်ခုရောက်လာချိန်မှာ
သူကိုယ်တိုင် ရွေးချယ်ရတော့မှာပါ။

အဲဒီအခါ

“ချစ်တယ်” ဆိုတဲ့စကားနောက်ကွယ်မှာ
ထိန်းချုပ်မှုတွေ ရှိနေလား?

“ဂရုစိုက်တာ” ဆိုပြီး သူငယ်ချင်းတွေနဲ့ မိသားစုကနေ ဝေးအောင်လုပ်နေလား?

“တကယ်ချစ်ရင် ဒါလေးလုပ်ပေး” ဆိုပြီး Guilt-trip လုပ်နေလား?

သူမပြောချင်တဲ့အရာကို အတင်းအကျပ်တောင်းဆိုနေလား?

သူမရဲ့ “No” ကို လေးစားရဲ့လား?

သူနဲ့အတူရှိတဲ့အခါ ကိုယ့်ကိုယ်ကို ပိုတန်ဖိုးထားလာသလား၊ ပိုပြီး မလုံလောက်သလို ခံစားလာရသလား?
ဆိုတာတွေကို သမီးလေးကိုယ်တိုင် စဉ်းစားတတ်ဖို့လိုပါတယ်။

ဒါတွေဟာ Red Flags တွေကို ခွဲခြားသိနိုင်တဲ့ စွမ်းရည်ပါ။

ဒါပေမယ့် မိဘတွေသိထားသင့်တာတစ်ခုက…
သမီးကို Red Flag တွေ ပြောပြပေးရုံနဲ့ မလုံလောက်ပါဘူး။

သမီးက သူ့ခံစားချက်ကို မသိဘူးဆိုရင်
တစ်စုံတစ်ယောက်ရဲ့ အပြုအမူကိုလည်း မှန်မှန်ကန်ကန် အကဲဖြတ်ဖို့ ခက်နိုင်ပါတယ်။

သူများရဲ့ သဘောထားကြောင့် ကိုယ့်တန်ဖိုးကို သတ်မှတ်မိနိုင်ပါတယ်။

Peer Pressure ကြောင့် မလုပ်ချင်တာကို လုပ်မိနိုင်ပါတယ်။

ချစ်ခြင်းနဲ့ မှီခိုခြင်း၊
ဂရုစိုက်ခြင်းနဲ့ ထိန်းချုပ်ခြင်း၊
ယုံကြည်ခြင်းနဲ့ မျက်စိမှိတ်ယုံခြင်းတို့ကို
ခွဲခြားဖို့လည်း ခက်နိုင်ပါတယ်။

ဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ
Academic Skills တွေတင်မကဘဲ Emotional Intelligence (EQ) ကိုပါ တည်ဆောက်ပေးဖို့ အင်မတန်မှအရေးကြီးပါတယ်။

သမီးလေးတစ်ယောက် သိထားသင့်တဲ့ EQ Skills တွေက…

💝ကိုယ့်ခံစားချက်ကို သိတတ်ဖို့
“ငါဘာကြောင့် ဒီလိုခံစားနေရတာလဲ?” လို့ ကိုယ့်ကိုယ်ကို မေးတတ်ဖို့။

💝စိတ်ကို ထိန်းချုပ်တတ်ဖို့
ဒေါသ၊ ဝမ်းနည်းမှု၊ မနာလိုမှုတွေကြောင့် ချက်ချင်းဆုံးဖြတ်ချက်မလုပ်မိဖို့။

💝Boundary ထားတတ်ဖို့
မသက်သာတဲ့အရာတွေကို “No” လို့ ပြောရဲဖို့။

💝Peer Pressure ကို ကိုင်တွယ်တတ်ဖို့
သူများလုပ်လို့ ကိုယ်လည်း လိုက်လုပ်ရမယ်ဆိုတဲ့စိတ်ကနေ လွတ်မြောက်ဖို့။

💝Healthy Relationship ကို ခွဲခြားတတ်ဖို့
အချစ်နဲ့ ထိန်းချုပ်မှုကို မရောထွေးမိဖို့။

💝ကိုယ့်ကိုယ်ကို တန်ဖိုးထားတတ်ဖို့
တစ်စုံတစ်ယောက်က ချစ်၊ မချစ်နဲ့ ကိုယ့်တန်ဖိုးကို မတိုင်းမိဖို့။

💝ဆုံးဖြတ်ချက်ကောင်းတွေ ချတတ်ဖို့
ခံစားချက်တစ်ခုတည်းနဲ့ မဟုတ်ဘဲ စဉ်းစားပြီး ရွေးချယ်တတ်ဖို့။

မိဘတွေက သမီးအတွက် လူကောင်းတစ်ယောက်ကို အမြဲရွေးပေးနိုင်မှာ မဟုတ်ပါဘူး။

ဒါပေမယ့်…

ပေါင်းနေတဲ့လူကောင်း မကောင်း ခွဲခြားတတ်အောင်တော့ သင်ပေးနိုင်ပါတယ်။

ချစ်တယ်ဆိုရုံထက် တကယ်ချစ် မချစ်ခွဲခြားတတ်အောင် သင်ပေးနိုင်ပါတယ်။

ကိုယ့်ကိုယ်ကို တန်ဖိုးထားပြီး၊ မမှန်ကန်တဲ့အရာကို “မလုပ်ဘူး” လို့ ပြောတတ်၊ ထိန်းနိုင်အောင် သင်ပေးနိုင်ပါတယ်။

ပြီးတော့ အရေးကြီးဆုံးက…

“ဘာပဲဖြစ်ဖြစ် မိဘဆီ ပြန်လာပြောလို့ရတယ်” ဆိုတဲ့ ယုံကြည်မှုကို ပေးထားနိုင်ပါတယ်။ 💝

ဘာကြောင့်လဲဆိုတော့
မိဘကိုကြောက်လို့ အမှားတွေကို ဖုံးကွယ်သွားတဲ့သမီးထက်
မိဘကိုယုံလို့ အခက်အခဲဖြစ်တိုင်း ပြန်လာပြောနိုင်တဲ့သမီးက ပိုပြီးလုံခြုံနိုင်လို့ပါ။

သမီးရဲ့အနာဂတ်ကို မိဘက ရွေးပေးလို့မရပါဘူး။

ဒါပေမယ့်…

တစ်နေ့ မိဘမရှိတော့တဲ့အချိန်မှာတောင်
မှန်ကန်စွာ ရွေးချယ်တတ်တဲ့ မိန်းကလေးတစ်ယောက် ဖြစ်လာအောင်တော့ သင်ပေးနိုင်ပါတယ်။

အဲဒါကြောင့် ဆယ်ကျော်သက်အရွယ်မှာ
EQ ဆိုတာ Soft Skill တစ်ခုထက်ပိုပြီးလိုအပ်နေပါတယ်။

သမီးလေးရဲ့ Relationship တွေ၊
Friendship တွေ၊
Decision Making တွေ၊
Self-worth တွေနဲ့
အနာဂတ်ဘဝရွေးချယ်မှုတွေအတွက်
အရေးကြီးတဲ့ Life Skill တစ်ခုပါ။ 💝

💛မေမေဖေဖေတို့ရဲ့ သမီးလေးကို ဒီလိုအရည်အချင်းတွေကို တဖြည်းဖြည်း ချင်း တည်ဆောက်ပေးချင်တယ်ဆိုရင်…

Victory Learning Corner ရဲ့ EITeen EQ Program မှာ ဆယ်ကျော်သက်တွေကို ကိုယ့်စိတ်ကို နားလည်တတ်ဖို့၊
ခံစားချက်တွေကို စီမံတတ်ဖို့၊
Pressure တွေကြားမှာ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်ပိုင်စဉ်းစားတတ်ဖို့၊ Healthy Relationship နဲ့ Boundary တွေကို နားလည်တတ်ဖို့၊ ကိုယ့်ကိုယ်ကို ယုံကြည်တန်ဖိုးထားတတ်ဖို့ စသဖြင့်လိုအပ်တဲ့ Emotional & Life Skills တွေကို လေ့ကျင့်ပေးနေပါတယ်။

📩 Teen EQ Program အသေးစိတ်သိချင်ရင် “TEEN EQ” လို့ Comment ချန်ထားနိုင်ပါတယ်။

Victory Learning Corner💛
Growing Emotionally Strong, One Teen at a Time!








30/08/2026

" မိဘကိုယ်တိုင် တိုက်မိနေတဲ့ “အဆိပ်ရည်”

အပိုင်း (၂) — Vitamin C ပါတာနဲ့ ကျန်းမာသွားပြီလား?

အပိုင်း (၁) မှာ...

ကျွန်တော်တို့ရဲ့ ကလေးတွေ နေ့စဉ်သောက်ဖြစ်နေကြတဲ့ အချိုရည်တွေထဲက သကြားပါဝင်မှု (Added/Free Sugar) အကြောင်းကို အဓိကထားပြီး ပြောခဲ့ကြပါတယ်။

ပြီးတော့...

“အချိုရည်တစ်ဗူးပဲလေ... ဘာမှမဖြစ်နိုင်ပါဘူး”

ဆိုပြီး ပေါ့ပေါ့တွေးတတ်တဲ့ ကျွန်တော်တို့ မိဘတွေရဲ့ အတွေးလေးကိုလည်း...

တစ်ခါလောက် ပြန်စဉ်းစားကြည့်ဖို့ အကြံပြုခဲ့ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့...

ကျန်းမာရေးဆိုင်ရာ ပြဿနာတွေဟာ အများအားဖြင့်...

"တစ်ခါသောက်လိုက်တာနဲ့ တစ်ခါတည်းပေါ်လာတာမျိုး မဟုတ်ဘဲ..."

နေ့စဉ်၊ အပတ်စဉ်၊ လစဉ် ထပ်ခါထပ်ခါ ပြုလုပ်နေတဲ့ အလေ့အကျင့်တွေကနေ တဖြည်းဖြည်း စုပေါင်းအကျိုးသက်ရောက်လာတတ်လို့ပါပဲ။

ဒါပေမယ့်...

ဒီအကြောင်းနဲ့ တင် မပြီးသေးပါဘူး။

တကယ်တော့...အချိုရည်နဲ့ပတ်သက်ပြီးတော့

ကျွန်တော်တို့ မိဘတွေ သတိမထားမိသေးတဲ့ အရာတွေက...

သကြားအကြောင်း တစ်ခုထဲ မဟုတ်ပါသေးပါဘူး၊၊

အဲဒါကြောင့်...

အခုတင်ပြမည့် အပိုင်း (၂) မှာတော့...

“ကျန်းမာရေးအတွက်ကောင်းတယ်” လို့ ထင်ရလွယ်တဲ့ စကားလုံးတွေ၊

အလှပဆုံးဘူးခွံတွေ၊

ကြော်ငြာမှာ ထင်ရှားအောင် ပြထားတဲ့ Vitamin တွေ၊

“Energy”

“Fruit”

“Vitamin C”

“Natural”

ဆိုတဲ့ စကားလုံးတွေရဲ့ နောက်ကွယ်ကို...

နည်းနည်း ပိုပြီးနက်နက်ရှိုင်းရှိုင်းလေး စိတ်ဖြာကြည့်ကြရအောင်ဗျာ။

“Vitamin C ပါတယ်” ဆိုတာနဲ့ ကျန်းမာရေးနဲ့ ညီညွတ်သွားပြီလား?

ကျွန်တော်တို့ ကလေးတွေအတွက် ထုတ်ထားတဲ့ သောက်စရာတချို့ရဲ့ ဘူးရှေ့မှာ...

“Vitamin C Added”

“With Vitamin C+”

ဆိုတဲ့ စာတန်းတွေကို မြင်ရတတ်ပါတယ်။

မိဘတွေအနေနဲ့လည်း...

Vitamin C က ကလေးတွေရဲ့ ကိုယ်ခံအားစနစ်ရဲ့ ပုံမှန်လုပ်ဆောင်မှုကို ထောက်ပံ့ပေးတယ်ဆိုတာ သိထားကြတဲ့အတွက်...

“အင်း... ဒါအချိုရည်က ကလေးအတွက်ကောင်းမှာပဲ”

လို့ တွေးမိတာ မဆန်းပါဘူး။

တကယ်တော့...

Vitamin C က ခန္ဓာကိုယ်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တစ်မျိုးပါ။

ကိုယ်ခံအားစနစ်ရဲ့ ပုံမှန်လုပ်ဆောင်မှုမှာ ပါဝင်သလို...

Collagen ဖွဲ့စည်းမှုနဲ့ သံဓာတ်စုပ်ယူမှုတို့မှာလည်း အရေးပါပါတယ်။

ဒါပေမယ့်...

"Vitamin C ပါဝင်တယ်ဆိုတာနဲ့ အဲဒီသောက်စရာတစ်ခုလုံးဟာ ကျန်းမာရေးနဲ့ ညီညွတ်သွားတာ မဟုတ်ပါဘူး။"

ဒီဆိုလိုရင်းကို စာဖတ်သူ မိဘများ အဓိက နားလည်ဖို့ အရမ်းအရေးကြီးပါတယ်။

ဥပမာ...

သောက်စရာအရည်တစ်ခုမှာ Vitamin C ပါတယ်။

တစ်ဖက်မှာလည်း Added/Free Sugar ပမာဏများနေတယ်။

ဒါဆို...

Vitamin C ပါတယ်ဆိုတဲ့ အချက်တစ်ချက်တည်းကို ကြည့်ပြီး...

“Healthy Drink”

လို့ ဆုံးဖြတ်လို့ မရပါဘူး။

ကျွန်တော်တို့ကြည့်ရမှာက...

“ဒီတစ်ဗူးလုံးရဲ့ အာဟာရအရည်အသွေးက ဘယ်လိုလဲ?”

ဆိုတာပါ။

“ကောင်းတဲ့အချက်တစ်ခု” ကို မြင်ပြီး အားလုံးကောင်းတယ်လို့ မထင်လိုက်ပါနဲ့

မိဘတွေ အလွယ်တကူ လှည့်စားခံရနိုင်တဲ့ နေရာက ဒီနေရာမျိုးပါပဲဗျာ။

Vitamin C ပါတယ်။

Fruit ပါတယ်။

Natural လို့ ရေးထားတယ်။

ဒါမှမဟုတ်...

“Energy” လို့ ရေးထားတယ်။

ဒီစကားလုံးတွေထဲက "ကောင်းတယ်လို့ ထင်တဲ့ အချက်တစ်ခု" ကို ကျွန်တော်တို့ အာရုံစိုက်သွားပြီး...

အချိုဓာတ်၊ ကယ်လိုရီ၊ Caffeine နဲ့ အခြားပါဝင်ပစ္စည်းတွေကို မကြည့်တော့တာမျိုး ဖြစ်နိုင်ပါတယ်။

Marketing မှာတော့ ဒီလိုမျိုး ထုတ်ကုန်တွေကို...

"Health Halo Effect"

သုံးထားတဲ့ ထုတ်ကုန်တွေလို့ ရည်ညွှန်းပြောဆိုတတ်ကြပါတယ်။

အဓိကအယူအဆကတော့...

ထုတ်ကုန်မှာ အားသာချက်တစ်ခုကို ထင်ရှားအောင်ပြထားလို့...

ထုတ်ကုန်တစ်ခုလုံးကိုလည်း ပိုကောင်းတယ်လို့ ကျွန်တော်တို့ မသိမသာ အကဲဖြတ်မိနိုင်တယ်ဆိုတဲ့ သဘောပါ။

ဒါကြောင့်...အချိုရည်ဝယ်တော့မည့် မိဘတွေကို

"ဗူးရှေ့က စကားလုံးတစ်လုံးကိုပဲ အာရုံမကျ ကျပါနဲ့။"

"ဗူးနောက်ကျောကိုပါ ဖတ်ကြည့်ကြပါ။" လို့၊၊

---

“Nutrition Label” က မိဘတွေအတွက်တော့ အရေးကြီးတဲ့ မြေပုံတစ်ချပ်ပါပဲ...

အချိုရည်တစ်ဘူးဝယ်တဲ့အခါ...

ဗူးရှေ့က ပုံလှလှကိုပဲ မကြည့်ဘဲ...

"Nutrition Facts" ပါရှိတဲ့ နောက်ဘက်နဲ့

"Ingredient List- ပါဝင်ပစ္စည်း"

ကိုပါ ကြည့်ကြဖို့လိုပါတယ်။

အထူးသဖြင့်...

"Serving Size"

"Total Sugars"

"Added Sugars"

"Caffeine"

စတာတွေကိုလည်း ဂရုတစိုက် ကြည့်ကြပါဦးဗျာ။

အရေးကြီးတာက...

“Serving Size” ကို မကြည့်ဘဲ sugar number တစ်ခုတည်းကို မယူဆသင့်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့...တချို့ အချိုရည်ဗူးတွေက

Label ပေါ်မှာ ဖော်ပြထားတဲ့ ပမာဏက "တစ်ဘူးလုံးအတွက်မဟုတ်ဘဲ serving တစ်ခုအတွက်"သာ ဖြစ်နိုင်လို့ပါပဲ။

ပြီးတော့...

"Total Sugars" နဲ့ "Added Sugars" တို့ဟာလည်း တစ်မျိုးနဲ့ တစ်မျိုးက အဓိပ္ပါယ်မတူကြပါဘူး။

FDA ရဲ့ ဖော်ပြချက်အရ Total Sugars ဆိုတာ အစားအစာနဲ့ သောက်စရာအရည်အတွင်း သဘာဝအလျောက်ရှိနေတဲ့ sugar တွေနဲ့ ထပ်ထည့်ထားတဲ့ sugar တွေ ၂မျိုးလုံး ပါဝင်နိုင်တာကို ရည်ညွှန်းပြီး၊ Added Sugars ကတော့ processing လုပ်စဉ် ထပ်မံထည့်သွင်းထားတဲ့ sugars တွေကို ရည်ညွှန်းပါတယ်။

ဒါကြောင့်...

Nutrition Label နားလည်ခြင်းဟာလည်း အစားအသောက်ရွေးချယ်မှုအတွက် တကယ့်အသုံးဝင်တဲ့ Life Skill တစ်ခုပါဗျာ။

---
ကဲ...
ဒါဆို ကလေးက အားဖြည့်အချိုရည်၊ Energy Drink အချိုရည်တွေသောက်ပြီးတိုင်း “ပိုတက်ကြွ” လာတာ ဘာကြောင့်လဲ? လို့ မိဘတွေ မေးလာကြမယ်ဆိုရင်တော့...

ဒီနေရာမှာ...

မိဘတော်တော်များများကိုယ်တိုင် သတိထားမိတဲ့ ကလေးများ အချိုရည်သောက်ပြီးစ၊ သောက်ပြီး အချိန်အတန်ကြာတဲ့ အခါမှာ ပြောင်းလဲနေတတ်တဲ့ အခြေအနေတစ်ခု ရှိပါတယ်။

“အချိုရည်သောက်ပြီးရင် ကလေးက အရမ်းဆော့တယ်...”

“စိတ်လှုပ်ရှားလာတယ်...”

“ခဏကြာတော့ ပြန်ဂျီကျလာတယ်...”

ဆိုတာမျိုးပါ။

ဒီအတွေ့အကြုံကို...

“Sugar သောက်လိုက်လို့ ကလေးက hyper ဖြစ်သွားတာ”

လို့ တစ်ချက်တည်းနဲ့ မရှင်းသင့်ပါဘူး။

အချိုပါတဲ့ သောက်စရာတွေဟာ သွေးတွင်း glucose ကို အမြန်တက်စေနိုင်ပေမယ့်...

ကလေးတွေရဲ့ behavior change ကို သကြားတစ်မျိုးတည်းနဲ့ တိုက်ရိုက်ဖြေရှင်းလို့ မရပါဘူး။

ကလေးစားသောက်ထားတဲ့ အရာ၊ အဲဒီအချိန်မှာရှိတဲ့ အခြေအနေ၊ အိပ်ရေး၊ လှုပ်ရှားမှု၊ အခြားအစားအစာတွေနဲ့ တစ်ဦးချင်းကွာခြားမှုတွေကလည်း အရေးပါနိုင်ပါတယ်။

ဒါကြောင့်...

“အချိုရည်သောက်ပြီး စိတ်လှုပ်ရှားလာတယ်”

ဆိုတဲ့ အတွေ့အကြုံကို မိဘက သတိထားလို့ရပါတယ်။

ဒါပေမယ့်...

“ဒါဟာ Sugar Crash ကြောင့် မဖြစ်မနေ ဖြစ်တာ”

လို့ ချက်ချင်းသတ်မှတ်မထားသင့်ပါဘူး။

ကျွန်တော်တို့အတွက် ပိုခိုင်မာတဲ့ အချက်ကတော့...

"သကြားများတဲ့ သောက်စရာတွေကို မကြာခဏ သောက်စေခြင်းဟာ အာဟာရအရည်အသွေးနိမ့်စေနိုင်ပြီး၊ ရေရှည်မှာ မကျန်းမာတဲ့ ကိုယ်အလေးချိန်တိုးမှုနဲ့ သွားပိုးစားခြင်းလို အန္တရာယ်တွေ တိုးလာစေနိုင်တာ" ဖြစ်ပါတယ်။ WHO ကလည်း free sugars ကို တစ်သက်တာလုံး လျှော့ချဖို့ အကြံပြုထားပါတယ်ဗျာ။

---
တကယ်တော့...
“Energy Drink” ဆိုတာ “ကလေးအတွက် အားဖြည့်အချိုရည်” မဟုတ်ပါဘူး

ဒီအပိုင်းကတော့...

မိဘတွေအနေနဲ့ အထူးသတိထားဖို့ လိုပါတယ်။

တချို့က...

“သားလေး အားကစားလည်းလုပ်တယ်”

“စာလုပ်ရင် ပင်ပန်းတယ်”

“အားနည်းနေတာလားမသိဘူး”

ဆိုပြီး Energy Drink ကို “အားဖြည့်ပေးမယ့်အရည်” လို့ ထင်တတ်ကြပါတယ်။

ဒါပေမယ့်...

Energy Drink နဲ့ ရိုးရိုး အာဟာရသောက်စရာကို ဂုဏ်သတ္တိ အတူတူလို့ မထင်သင့်ပါဘူး။

Energy Drink တွေမှာ အများအားဖြင့်...

"Caffeine"

နဲ့

အခြား stimulant ပစ္စည်းတွေ ပါဝင်နိုင်ပါတယ်။

CDC ရဲ့ ကျောင်းသားအာဟာရဆိုင်ရာ လမ်းညွှန်ချက်မှာ energy drinks တွေဟာ caffeine ပမာဏများစွာ ပါဝင်နိုင်ပြီး
guarana,
taurine,
L-carnitine စတဲ့ အခြား stimulant ပစ္စည်းတွေနဲ့ added sugars တွေလည်း ပါနိုင်တယ်လို့ ဖော်ပြထားပါတယ်။
Caffeine နဲ့ stimulants တွေဟာ နှလုံးခုန်နှုန်းနဲ့ သွေးဖိအားကို တိုးစေနိုင်သလို anxiety နဲ့ အိပ်မပျော်ခြင်းလို ပြဿနာတွေလည်း ဖြစ်စေနိုင်ပါတယ်။
CDC က AAP ရဲ့ အကြံပြုချက်အရ ကလေးနဲ့ ဆယ်ကျော်သက်တွေရဲ့ အစားအစာထဲမှာ caffeine/stimulant ပါဝင်တဲ့ energy drinks တွေအတွက် နေရာမရှိဘူးလို့လည်း ဖော်ပြထားပါတယ်။

American Academy of Pediatrics ရဲ့ clinical report ကလည်း energy drinks နဲ့ stimulant ပါဝင်တဲ့ ထုတ်ကုန်တွေကို children and adolescents အတွက် မသင့်လျော်ကြောင်း ရှင်းလင်းစွာ ထောက်ပြထားပါတယ်။

ဒါကြောင့်...

“Energy Drink”

ဆိုတဲ့ နာမည်ကြောင့်...

“အားရှိလာမယ်”

လို့ မယူဆလိုက်ပါနဲ့။

တစ်ခါတလေ...

“Energy” ဆိုတာ Calories လို့ မဟုတ်ဘဲ Stimulant effect ကို ရည်ညွှန်းနေတာ ဖြစ်နိုင်ပါတယ်။

---
ဒါဆို
Taurine ဆိုတာကရော?

Taurine ကို ကြားရင်...အရင်ဆုံးပြေးမြင်မိကြမှာက Lippo-လစ်ပို ပုလင်းလေးတွေပါပဲ၊၊

“ဒါလည်း အားဆေးတစ်မျိုးပဲ”

လို့ ထင်မိနိုင်ပါတယ်။

တကယ်တော့ Taurine ဟာ ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်ရှိနေတဲ့ compound တစ်မျိုးပါ။

ဒါပေမယ့်...

“ခန္ဓာကိုယ်ထဲမှာ သဘာဝအလျောက်တောင်ရှိတယ်”

ဆိုတာနဲ့...

“Taurine ပါတဲ့ Energy Drink ကို ကလေးတိုင်း သောက်လို့ရတယ်”

လို့ မဆိုနိုင်ပါဘူး။

အထူးသဖြင့် Energy Drink ဆိုတာ Taurine တစ်မျိုးတည်းမဟုတ်ပါဘူး။

Caffeine၊ sugar နဲ့ အခြား stimulant ingredients တွေပါ ပေါင်းစပ်ပါဝင်နိုင်ပါတယ်။

ဒါကြောင့်...

"Taurine တစ်မျိုးကိုပဲ ကြည့်ပြီး ဆုံးဖြတ်တာထက် Energy Drink တစ်ခုလုံးရဲ့ ပါဝင်ပစ္စည်းနဲ့ ကလေးအသက်အရွယ်ကို တွဲပြီး တိုက်သင့်၊ မသင့် စဉ်းစားဖို့လိုပါတယ်။"

အဓိကအချက်ကတော့...

"ကလေးနဲ့ ဆယ်ကျော်သက်တွေအတွက် Energy Drink ကို ပုံမှန်သောက်စရာတစ်ခုအဖြစ် မထားသင့်ပါဘူး။" ဆိုတာကိုပါပဲဗျာ၊၊

---

“Fruit Drink” နဲ့ “100% Fruit Juice” က အဓိပ္ပါယ်တူသလို ထင်ရပေမယ့် တကယ်တော့ မဟုတ်ပါဘူး

ဒီနေရာမှာလည်း...

ဘူးပေါ်က “Fruit” ဆိုတဲ့ စကားလုံးကြောင့် မိဘတွေ မျက်စိလည်လွယ်ပါတယ်။

"Fruit Drink"

နဲ့

"100% Fruit Juice"

ဟာ တူညီတဲ့ အရာမဟုတ်ပါဘူး။

“Fruit Drink” ဆိုတာ ထုတ်ကုန်တစ်မျိုးချင်းအလိုက် ပါဝင်ပစ္စည်းကွာနိုင်ပြီး...

သကြားထည့်ထားတာလည်း ရှိနိုင်ပါတယ်။

“100% Fruit Juice” ဆိုတာကတော့ အသီးကလာတဲ့ juice ဖြစ်နိုင်ပေမယ့်...

“100% juice ဖြစ်တယ်” ဆိုတာ “အသီးအစစ်တစ်လုံးကို အဖတ်နဲ့စားတာ” နဲ့ တူတယ်လို့တော့ မဆိုနိုင်ပြန်ပါဘူး။

FDA ကလည်း ကလေးတွေအတွက် juice ထက် အသီးစစ်ကို ပိုရွေးဖို့ အကြံပြုထားပြီး အသီးစစ် မှာ ကလေးအတွက် လိုအပ်တဲ့ fiber ရှိတယ်လို့ ဖော်ပြထားပါတယ်။ ၁၂ လနှင့်အထက်ကလေးတွေဆိုရင်တော့ juice ပေးမယ်ဆိုရင်လည်း 100% juice ကို ပမာဏသေးသေးပဲ ပေးဖို့ အကြံပြုထားပါတယ်။

WHO ကလည်း fruit juice—even without added sugar—မှာ free sugars အများအပြား ပါနိုင်တာကြောင့် စားသုံးမှုကို ကန့်သတ်ဖို့ အကြံပြုထားပါတယ်။

ဒါကြောင့်...

"အသီးစားတာ"

နဲ့

"အသီးဖျော်ရည်သောက်တာ"

ကို တစ်ထပ်တည်း အကျိုးအာနိသင် တူတူရနိုင်တယ်လို့ မမြင်လိုက်ပါနဲ့။
ကလေးအတွက်တော့
အသီးကို အဖတ်အတိုင်း စားတာက အမျှင်ဓာတ် ပိုရနိုင်တာရယ်၊ အသီးမှာ ပါဝင်တဲ့ သကြားဓါတ်ကိုလည်း လျော့ချပေးလို့ ပိုကောင်းတဲ့ ရွေးချယ်မှုတစ်ခု ဖြစ်နိုင်ပါတယ်။

---

ဒါဆို... မိဘတွေ ကလေးကို တိုက်ဖို့အတွက် အချိုရည်တစ်ဗူးကို ကိုင်လိုက်တဲ့အခါ ဘာကို အရင်ကြည့်သင့်လဲ?
ဗူးရှေ့က...

“Vitamin C”

“Fruit”

“Natural”

“Energy”

ဆိုတဲ့ စကားလုံးတွေကို အရင်မကြည့်ပါနဲ့။

"ဗူးနောက်ကျောက Nutrition Factsကို အရင်ကြည့်ပါ။"

ပြီးတော့ ..

“Serving Size ဘယ်လောက်လဲ?”

“Added Sugar ဘယ်လောက်လဲ?”

“Caffeine ပါသလား?”

“Ingredient List ထဲမှာ ဘာတွေပါသလဲ?”

လို့ ဖတ်ကြည့်ပါ။

အဲဒီနောက်...

“ဒီအချိုရည်က ကလေးရဲ့နေ့စဉ်အစားအသောက်ထဲမှာ တကယ်ရောလိုအပ်တဲ့အရာလား?”

လို့ ထပ်မေးကြည့်ပါ။

ဒီမေးခွန်းက အရေးကြီးပါတယ်။

ဘာဖြစ်လို့လဲဆိုတော့...

ကလေးတစ်ယောက်အတွက် အာဟာရကောင်းတယ်ဆိုတာ...

“ပါဝင်ပစ္စည်းတစ်မျိုး ပါတယ်”

ဆိုတာထက်...

“နေ့စဉ်စားသောက်မှုပုံစံတစ်ခုလုံး မျှတရဲ့လား”

ဆိုတာနဲ့ ပိုသက်ဆိုင်လို့ပါပဲဗျာ။

---
နိဂုံးချုပ်ရရင်တော့...

အပိုင်း (၁) မှာ ကျွန်တော်တို့ပြောခဲ့သလို...

မိဘတိုင်းဟာ...

ကိုယ့်ကလေးကို အန္တရာယ်ပေးချင်လို့ အချိုရည်ဝယ်တိုက်ကြတာတော့ မဟုတ်ကြပါဘူး။

"ချစ်လို့ပါ။"

"ကလေးပျော်စေချင်လို့ပါ။"

"ရာသီဥတုပူလို့ပါ။"

"အားရှိစေချင်လို့ပါ။"

"ကောင်းတယ်လို့ ထင်လို့ပါ။"

ဒါပေမယ့်...

ဒီနေ့ခေတ် စျေးကွက်မှာက မိဘများ သိကြတဲ့အတိုင်း...

"ကောင်းတဲ့အချက်တစ်ခုကို ရှေ့တန်းတင်ပြပြီး ထုတ်ကုန်တစ်ခုလုံးကို ကောင်းတယ်လို့ ထင်စေတဲ့ ပစ္စည်းတွေ အများကြီးရှိနေပါတယ်။"

ဒါကြောင့်...

"မေတ္တာနဲ့ ဝယ်ပေးတာ" ဆိုတဲ့ စိတ်တစ်ခုတည်း မလုံလောက်ပါဘူး။

"ရွေးချယ်တတ်တဲ့ အသိလည်း လိုပါတယ်။"

---

“မိဘတစ်ယောက်ရဲ့ မေတ္တာဟာ... ရွေးချယ်မှုမှန်ကန်ဖို့ ပိုမိုလိုအပ်ပါတယ်”

ကလေးကို ချစ်တာက...

သူတောင်းသမျှ ဝယ်ပေးတာ မဟုတ်ပါဘူး။

တစ်ခါတလေ...

“ကလေးကြိုက်တာ”

နဲ့

“ကလေးအတွက် သင့်လျော်တာ”

ကြားမှာ...

ရွေးချယ်ပေးရပါတယ်။

အဲဒီရွေးချယ်မှုက...

အကောင်းဆုံးသောအရာတွေ ဖြစ်စရာမလိုပါဘူး။

ရေတစ်ခွက်လည်း ဖြစ်နိုင်ပါတယ်။

အသီးတစ်လုံးလည်း ဖြစ်နိုင်ပါတယ်။

အာဟာရမျှတတဲ့ မနက်စာတစ်ပွဲလည်း ဖြစ်နိုင်ပါတယ်။

ဒါမှမဟုတ်...

အရောင်လှလှ အချိုရည်းတစ်ဗူးကို ဝယ်မပေးဘဲ...

“ဒီနေ့ ကျန်းမာရေးနဲ့ ညီညွတ်အောင် ရေသောက်ကြမယ်နော်”

လို့ ပြောလိုက်တဲ့ ဆုံးဖြတ်ချက်လေးတစ်ခု ဖြစ်နိုင်ပါတယ်။

---

ကျွန်တော်တို့ မိဘတွေ အမှတ်ထားစေချင်တာကတော့...

"Vitamin C ပါတယ်ဆိုတာနဲ့လည်း Healthy Drink မဖြစ်ပါဘူး။"

“Energy” လို့ ရေးထားတာနဲ့လည်း ကလေးအတွက် အားဖြည့်အချိုရည် မဖြစ်ပါဘူး။

“Fruit” လို့ ရေးထားတာနဲ့လည်း အသီးအစစ်ရဲ့ အကျိုးကျေးဇူးအားလုံး မရနိုင်ပါဘူး။

“100% Juice” ဆိုတာတောင်မှ အသီးစစ်နဲ့ မတူပါဘူး။

ပြီးတော့...

"ဗူးရှေ့က စကားလုံးတွေထက်
ဗူးနောက်ကျောက Nutrition Label ကို ပိုမိုကြည့်ကြဖို့ လိုပါတယ်။

ကျွန်တော်တို့ မိဘတွေ...

ကလေးအတွက် ဘာဝယ်ပေးမလဲဆိုတာ ဆုံးဖြတ်တဲ့အခါ...

ကြော်ငြာက ပြောတာကိုပဲ မယုံဘဲ...

"ကိုယ်တိုင် ဖတ်ပါ။
ကိုယ်တိုင် စစ်ပါ။
ကိုယ်တိုင် ရွေးပါ။"

ဘာဖြစ်လို့လဲဆိုတော့...

"ကလေးတစ်ယောက်ရဲ့ အနာဂတ်ကျန်းမာရေးကို ပြောင်းလဲပေးတာဟာ ကြီးမားတဲ့ ဆုံးဖြတ်ချက်တွေချည်း မဟုတ်ပါဘူး။

"နေ့စဉ်သောက်တဲ့ ရေတစ်ခွက်၊
ကိုယ်ရွေးချယ်ပေးလိုက်တဲ့ အချိုရည်တစ်ဗူးကလည်း
သူ့ကျန်းမာရေးအတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်ဗျာ။"

🌱 **Victory Learning Corner**

**Where Smart Heads Meet Kind Hearts**

30/08/2026

အိမ်ထောင်သက်ကြာလာတာနဲ့
အချစ်က ပျောက်သွားရမယ်လို့ မဆိုလိုပါဘူး…

တချို့အမျိုးသားတွေမှာ အိမ်ထောင်သက်ကြာလာတဲ့အခါ
အမျိုးသမီးအပေါ်…

စိတ်မရှည်တော့ဘူး။
တန်ဖိုးမထားတော့ဘူး။
ဂရုမစိုက်တော့ဘူး။

အရင်က သူမပြောတဲ့စကားကို နားထောင်ပေးခဲ့တယ်။
သူမ ပင်ပန်းရင် သတိထားမိခဲ့တယ်။
သူမ ဝမ်းနည်းရင် ဘာဖြစ်တာလဲလို့ မေးခဲ့တယ်။

ဒါပေမယ့် အချိန်တွေကြာလာတဲ့အခါ…

“သူက ဒီလိုပဲ”
“ဒါတွေက သူ့တာဝန်ပဲ”
“ဒီလောက်ကိစ္စလေးနဲ့ ဘာဖြစ်နေတာလဲ”
ဆိုပြီး သူမရဲ့လုပ်ပေးခဲ့မှုတွေ၊
ကြိုးစားမှုတွေ၊
သူမရဲ့ခံစားချက်တွေ၊
သူမရဲ့လိုအပ်ချက်တွေကို
သာမန်ကိစ္စတစ်ခုလို မြင်လာတတ်ပါတယ်။

ရင်းနှီးလာတာနဲ့ တန်ဖိုးမထားတော့တာ မတူပါဘူး။

အိမ်ထောင်သက်ကြာလာလို့
ချော့တာတွေ လျော့သွားနိုင်တယ်။
Romantic ဖြစ်တာတွေ လျော့သွားနိုင်တယ်။
ဒါပေမယ့်…
လေးစားမှု မလျော့သင့်ပါဘူး။
ဂရုစိုက်မှု မပျောက်သင့်ပါဘူး။
တာဝန်ယူမှု မလျော့သင့်ပါဘူး။

အထူးသဖြင့်…

အပြင်ကလူတွေအပေါ်တော့ စိတ်ရှည်တယ်၊
နားထောင်ပေးတယ်၊
ယဉ်ကျေးတယ်၊
ဂရုစိုက်တယ်…

အိမ်က အမျိုးသမီးနဲ့ ကလေးတွေအပေါ်မှာပဲ အမြဲစိတ်တိုတယ်၊
စကားမပြောချင်ဘူး၊
သေချာမနားထောင်ချင်ဘူး၊
ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးဆိုရင်…

ဒါကို “အိမ်ထောင်သက်ကြာလို့ပါ” ဆိုပြီး မဖုံးကွယ်သင့်ပါဘူး။

တစ်ခါတလေ
အချစ်ပျောက်သွားတာထက်
တစ်ယောက်နဲ့တစ်ယောက် စိတ်ချင်းဆက်သွယ်မှု ပျောက်သွားတာ ဖြစ်နိုင်ပါတယ်။

မပြောဖြစ်ခဲ့တဲ့ မကျေနပ်ချက်တွေ စုပုံလာတာလည်း ဖြစ်နိုင်ပါတယ်။
စိတ်ပင်ပန်းမှုတွေကို မဖြေရှင်းဘဲ ထားခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ဒါကြောင့် အိမ်ထောင်ရေးတစ်ခုမှာ
“ငါသူ့ကိုချစ်သေးလား” ဆိုတာတစ်ခုတည်း မမေးသင့်ပါဘူး။

“ငါသူ့ကို လေးစားနေသေးလား?”
“သူ့ခံစားချက်ကို ဂရုစိုက်ပေးနေသေးလား?”
“သူနာကျင်တဲ့အခါ ငါ့စိတ်ထဲမှာ အရေးပါသေးလား?”
“ငါ့ကြောင့် သူမလုံခြုံတော့တဲ့အခါ ပြန်ပြင်ဖို့ ကြိုးစားနေသေးလား?”

ဒါတွေကိုပါ ပြန်မေးသင့်ပါတယ်။

ဘာကြောင့်လဲဆိုတော့…

အိမ်ထောင်တစ်ခုကို နှစ်တွေကြာအောင် ထိန်းထားပေးတာက အချစ်တစ်ခုတည်းမဟုတ်ပါဘူး။

🧡လေးစားမှု၊
🧡ဂရုစိုက်မှု၊
🧡နားလည်ပေးမှု၊
🧡တာဝန်ယူမှုနဲ့
🧡တစ်ယောက်ကိုတစ်ယောက် မနာကျင်အောင် ကြိုးစားပေးနေမှုတွေပါ။

အိမ်ထောင်သက်ကြာလာလေလေ
“သူက ကိုယ့်လူပဲ” ဆိုပြီး ပေါ့ပေါ့ဆဆ မဆက်ဆံသင့်ပါဘူး။

ကိုယ့်လူဖြစ်လေလေ
ပိုတန်ဖိုးထားသင့်ပါတယ်။

ဘာလို့လဲဆိုတော့
အပြင်ကလူတစ်ယောက်ကို မဆုံးရှုံးချင်လို့ ဂရုစိုက်တတ်ပြီး
ကိုယ့်ဘေးမှာ နှစ်တွေကြာအောင် ရပ်တည်ပေးခဲ့တဲ့သူကိုတော့
မဆုံးရှုံးနိုင်ဘူးလို့ ထင်ပြီး မဂရုစိုက်တော့ရင်…

တစ်နေ့မှာ
“သူမ ဘာလို့ပြောင်းလဲသွားတာလဲ” လို့ မေးရနိုင်ပါတယ်။

တကယ်တော့
သူမက တစ်နေ့တည်း ပြောင်းလဲသွားတာ မဟုတ်ပါဘူး။

ဂရုစိုက်မခံရတဲ့နေ့တွေ၊
တန်ဖိုးထားမခံရတဲ့အချိန်တွေ၊
တစ်ယောက်တည်းခံစားခဲ့ရတဲ့ညတွေက
သူမကို တဖြည်းဖြည်း ပြောင်းလဲသွားစေတာပါ။

အိမ်ထောင်ရေးမှာ
တစ်ယောက်ကိုတစ်ယောက် အမြဲတမ်း အဖြေရှာပေးနိုင်ဖို့ထက်
တစ်ယောက်ပင်ပန်းတဲ့အခါ တစ်ယောက်က နားလည်ပေးနိုင်ဖို့ ပိုအရေးကြီးပါတယ်။

အမျိုးသားက ပင်ပန်းနေတဲ့အခါ
“ဒါလေးနဲ့ပဲ စိတ်ညစ်နေတာလား” လို့ မပြောဘဲ
“ဒီနေ့ တော်တော်ပင်ပန်းနေတယ်ထင်တယ်… ပြောချင်ရင် ကိုယ်နားထောင်ပေးမယ်” လို့ ပြောပေးနိုင်တာ။

အမျိုးသမီးက ဝမ်းနည်းနေတဲ့အခါ
“ဒါလေးနဲ့ပဲ ငိုနေတာလား” လို့ မပြောဘဲ
“မင်းအတွက် ဒီကိစ္စက တော်တော်နာကျင်နေတာပဲ… ကိုယ်နားလည်ချင်တယ်” လို့ ပြောပေးနိုင်တာ။

ဒါဟာ အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ Emotional Support ပါ။

တစ်ခါတလေ ကိုယ့်အိမ်ထောင်ဖက်က
အကြံဉာဏ်တောင်းနေတာမဟုတ်ပါဘူး။

နားထောင်ပေးမယ့်သူတစ်ယောက်၊
နားလည်ပေးမယ့်သူတစ်ယောက်၊
ကိုယ့်ဘက်မှာ ရှိနေသေးတယ်ဆိုတာ ခံစားချင်တာပါ။

ပြီးတော့ ကလေးတွေရှေ့မှာလည်း
မိဘနှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လေးစားပြီး
ခံစားချက်တွေကို ကျန်းမာတဲ့နည်းလမ်းနဲ့ ထောက်ပံ့ပေးနိုင်တာက
ကလေးတွေအတွက် အကောင်းဆုံး Emotional Intelligence သင်ခန်းစာတစ်ခု ဖြစ်လာပါတယ်။

ချစ်ခြင်းဆိုတာ “ချစ်တယ်” လို့ ပြောတာတင်မဟုတ်ပါဘူး။
တစ်ယောက်ရဲ့ခံစားချက်ကို တစ်ယောက်က နေရာပေးနိုင်တာလည်း ချစ်ခြင်းပါ။

မိသားစုထဲမှာ
စိတ်မတိုခင် နားထောင်တတ်ဖို့၊
အပြစ်မတင်ခင် နားလည်တတ်ဖို့၊
ပြဿနာဖြေရှင်းမပေးခင် ခံစားချက်ကို လက်ခံပေးတတ်ဖို့ လိုပါတယ်။

ဒါတွေဟာ ကလေးတွေအတွက်သာမက
မိဘနှစ်ယောက်ရဲ့ ဆက်ဆံရေးအတွက်ပါ Emotional Intelligence လိုအပ်တဲ့အကြောင်းရင်း ဖြစ်ပါတယ်။

💛 Emotionally Intelligent Parent ဖြစ်ချင်ရင် အရင်ဆုံး ကိုယ့်အိမ်ထဲမှာ Emotional Safety တည်ဆောက်ကြည့်ပါ။

မိဘတစ်ယောက်နဲ့တစ်ယောက်
ပိုနားလည်ပြီး ပိုကောင်းမွန်စွာ ဆက်သွယ်နိုင်ဖို့ လေ့လာချင်တယ်ဆိုရင်
“EQ” လို့ Comment မှာ ရေးခဲ့ပါ။
အသေးစိတ်အချက်အလက်တွေ မျှဝေပေးပါမယ်။










#အိမ်ထောင်ရေး
#အိမ်ထောင်ဖက်

30/08/2026

မိဘတွေပေးနိုင်တဲ့ စိတ်ဒဏ်ရာ (၂၅) မျိုး…

မိဘတိုင်းက ကိုယ့်ကလေးကို နာကျင်စေချင်လို့ ပြုစုပျိုးထောင်တာ မဟုတ်ပါဘူး။

အများစုက
“ကလေးကောင်းစားဖို့”
“လူတော်တစ်ယောက်ဖြစ်ဖို့”
“ဘဝမှာ အဆင်ပြေဖို့” ဆိုတဲ့ စေတနာနဲ့ပဲ ဆုံးမကြတာပါ။

ဒါပေမယ့်…
စေတနာကောင်းတာနဲ့ ကလေးရဲ့စိတ်ထဲမှာ ထိခိုက်မှုမရှိဘူးလို့တော့ မဆိုလိုပါဘူး။

ကလေးဘဝမှာ ထပ်ခါတလဲလဲ ကြုံရတဲ့အရာတွေက အရွယ်ရောက်လာတဲ့အခါ သူတို့ရဲ့ ကိုယ့်ကိုယ်ကိုမြင်ပုံ၊ လူတွေအပေါ် ယုံကြည်ပုံ၊ အချစ်ကို လက်ခံပုံနဲ့
Emotion တွေကို ကိုင်တွယ်ပုံတွေအပေါ် များစွာသက်ရောက်နိုင်ပါတယ်။

မိဘတွေပေးနိုင်တဲ့ စိတ်ဒဏ်ရာ ၂၅ မျိုးကိုဖော်ပြပေးလိုက်ပါတယ်။

၁။ နှိုင်းယှဉ်ခံရခြင်း
“သူများကလေးကိုကြည့်…” → “ငါမလုံလောက်ဘူး” လို့ ခံစားလာရနိုင်တယ်။

၂။ အမြဲဝေဖန်ခံရခြင်း
→ ကိုယ့်ကိုယ်ကို မယုံကြည်နိုင်တော့ခြင်း။

၃။ လူရှေ့မှာ အရှက်ခွဲခံရခြင်း
→ Shame နဲ့ ကိုယ့်တန်ဖိုးကို မေးခွန်းထုတ်လာခြင်း။

၄။ ချစ်ခြင်းကို အခြေအနေတစ်ခုနဲ့ ချိတ်ထားခြင်း
“တော်မှချစ်မယ်”→ “ငါဖြစ်နေလို့ ချစ်ခံရတာမဟုတ်ဘူး” လို့ ယုံလာခြင်း။

၅။ ခံစားချက်ကို ပယ်ချခံရခြင်း
“မငိုနဲ့” “ဒါလေးနဲ့ ဘာဖြစ်တာလဲ”
→ ကိုယ့်ခံစားချက်ကို ကိုယ်တိုင် ဖိနှိပ်လာခြင်း။

၆။ လျစ်လျူရှုခံရခြင်း
→ “ငါ့ခံစားချက်က အရေးမကြီးဘူး” လို့ ခံစားလာခြင်း။

၇။ အိမ်မှာ လုံခြုံမှုမရှိခြင်း
→ အမြဲသတိထားနေရတဲ့စိတ် ဖြစ်လာခြင်း။

၈။ စွန့်ပစ်မယ်လို့ ခြိမ်းခြောက်ခံရခြင်း
→ စွန့်ပစ်ခံရမှာကို အလွန်ကြောက်လာခြင်း။

၉။ ရိုက်နှက်အပြစ်ပေးခံရခြင်း
→ ကြောက်ရွံ့မှုနဲ့ ပြဿနာဖြေရှင်းတတ်လာခြင်း။

၁၀။ Perfect ဖြစ်ဖို့ ဖိအားပေးခံရခြင်း
→ ကျရှုံးမှုကို အလွန်ကြောက်လာခြင်း။

၁၁။ ကိုယ်ပိုင်ဆုံးဖြတ်ခွင့် မရှိခြင်း
→ ကိုယ့်ဆုံးဖြတ်ချက်ကို ကိုယ်မယုံကြည်နိုင်ခြင်း။

၁၂။ အလွန်အကျွံ ထိန်းချုပ်ခံရခြင်း
→ ကိုယ့်ဘဝကို ကိုယ်ပိုင်ဆုံးဖြတ်ဖို့ ခက်လာခြင်း။

၁၃။ အသက်မပြည့်ခင် လူကြီးတာဝန် ထမ်းရခြင်း
→ အရာရာကို ကိုယ်တိုင်ပဲ တာဝန်ယူရမယ်လို့ ခံစားလာရခြင်း။

၁၄။ မိဘရဲ့အိပ်မက်ကို ကိုယ့်ဘဝပေါ် တင်ပေးခံရခြင်း
→ ကိုယ်တကယ် ဘာလိုချင်လဲ မသိတော့ခြင်း။

၁၅။ သားသမီးတွေထဲမှာ အချစ်မမျှတခြင်း
→ “ငါက ရွေးချယ်မခံရတဲ့သူ” လို့ ခံစားလာရခြင်း။

၁၆။ မိဘရဲ့ လျှို့ဝှက်ချက်တွေကို ထမ်းပိုးရခြင်း
→ ကလေးဘဝမရှိဘဲ လူကြီးတစ်ယောက်လို နေရခြင်း။

၁၇။ မိဘရဲ့ Emotion ကို တာဝန်ယူခိုင်းခံရခြင်း
→ သူများစိတ်ကောင်းဖို့ ကိုယ်က တာဝန်ရှိတယ်လို့ ယုံလာခြင်း။

၁၈။ မိဘရဲ့အချစ် မတည်ငြိမ်ခြင်း
→ ဆက်ဆံရေးတွေမှာ မလုံခြုံမှု ဖြစ်လာခြင်း။

၁၉။ “မင်းက အသုံးမကျဘူး” ဆိုတဲ့စကားတွေ ကြားရခြင်း
→ အဲဒီအသံက ကိုယ့်ရဲ့ Inner Voice ဖြစ်လာခြင်း။

၂၀။ အမှားလုပ်ခွင့် မရှိခြင်း
→ အသစ်တစ်ခု စမ်းလုပ်ဖို့တောင် ကြောက်လာခြင်း။

၂၁။ မိဘက မှားပေမယ့် တောင်းပန်ခြင်းမရှိခြင်း
→ အမှားဝန်ခံဖို့ ခက်လာခြင်း။

၂၂။ စကားနဲ့ လုပ်ရပ် မကိုက်ညီခြင်း
→ လူတွေကို ယုံကြည်ဖို့ ခက်လာခြင်း။

၂၃။ ကိုယ်ပိုင် Boundaries မရှိ လေးစားမခံရခြင်း
→ Healthy Boundaries တည်ဆောက်ဖို့ ခက်လာခြင်း။

၂၄။ လူတွေကို ကြောက်အောင် သင်ပေးခံရခြင်း
→ လူတွေနဲ့ နီးကပ်ဆက်ဆံဖို့ ခက်လာခြင်း။

၂၅။ ကလေးကို မိဘပိုင်ဆိုင်မှုလို သဘောထားခြင်း
→ ကိုယ့်ဘဝကို ကိုယ်ပိုင်အဖြစ် ခံစားဖို့ ခက်လာခြင်း။

ဒါတွေဖတ်ပြီးနောက်
“ငါ့မိဘက ဒီလိုလုပ်ခဲ့တယ်” လို့ပဲ မတွေးပါနဲ့။

ဒီထက်ပိုအရေးကြီးတဲ့ မေးခွန်းတစ်ခုရှိပါတယ်။

“ငါကရော…
ဒီအရာတွေထဲက ဘယ်အရာကို
မသိမသာနဲ့ ကိုယ့်ကလေးဆီ ပြန်ပေးနေမိပြီလဲ?”

မိဘတော်တော်များများဟာ
ကိုယ်မကြိုက်ခဲ့တဲ့ Parenting Pattern ကို
ကိုယ့်ကလေးဆီ ပြန်မပေးချင်ကြပါဘူး။

ဒါပေမယ့် မသိရင် မပြောင်းလဲနိုင်ပါဘူး။

ကိုယ့် Emotion ကို နားမလည်ရင်
ကလေးရဲ့ Emotion ကိုလည်း နားလည်ဖို့ ခက်ပါတယ်။

ကိုယ့်ဒေါသကို မထိန်းနိုင်ရင်
ကလေးရဲ့ဒေါသကို သင်ပေးဖို့ ခက်ပါတယ်။

ကိုယ့်မှာရှိတဲ့ အနာဟောင်းတွေကို မသိရင် ကလေးရဲ့အပြုအမူတချို့က
ကိုယ့်အတွက် Trigger ဖြစ်နေတတ်ပါတယ်။

ဒါကြောင့် Parenting ရဲ့ အရေးကြီးဆုံးအပိုင်းတစ်ခုက..

ကလေးကို ဘယ်လိုပြောင်းမလဲဆိုတာထက် မိဘကိုယ်တိုင်က ကိုယ့် Emotion ကို ဘယ်လိုနားလည်မလဲ၊ ဘယ်လိုထိန်းမလဲ၊ ကလေးရဲ့ Emotion ကို ဘယ်လိုတုံ့ပြန်မလဲဆိုတာ သင်ယူခြင်းပါ။

တစ်ခါတလေ
ကလေးကို ပိုကောင်းလာအောင် ကြိုးစားနေတာထက် မိဘကိုယ်တိုင် ပိုနားလည်လာတာက ကလေးအတွက် အကြီးမားဆုံးပြောင်းလဲမှု ဖြစ်လာနိုင်ပါတယ်။

အဲဒီအကြောင်းတွေကို လေ့လာရင်း
“ကျွန်မ/ကျွန်တော်က ဘယ်လိုမိဘမျိုးဖြစ်ချင်လဲ?” ဆိုတဲ့မေးခွန်းကို ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။

ကလေးရဲ့ Emotion ကို နားလည်တတ်တဲ့မိဘ၊ ကိုယ့် Emotion ကို ထိန်းချုပ်တတ်တဲ့မိဘ၊ ဒေါသနဲ့မဟုတ်ဘဲ နားလည်မှုနဲ့ ဆုံးမတတ်တဲ့မိဘ၊
မှားရင် တောင်းပန်တတ်တဲ့မိဘ၊
ကလေးအတွက် Emotionally Safe ဖြစ်တဲ့ မိဘ…

ဒီလိုမိဘဖြစ်လာဖို့ဆိုတာ
မွေးရာပါအရည်အချင်းမဟုတ်ပါဘူး။
လေ့လာပြီး လေ့ကျင့်ယူလို့ရတဲ့ Skill တစ်ခုပါ။ 💛

အဲဒီ Skill တွေကို စနစ်တကျ လေ့လာချင်တဲ့ မိဘတွေအတွက် Emotional Intelligence for Parents Program လိုမျိုး Parenting Education ကို Victory Learning Corner မှာစတင်လေ့လာကြည့်နိုင်ပါတယ်။

မိဘက ပြောင်းလဲလာတဲ့အခါ
ကလေးနဲ့ဆက်ဆံရေးကလည်း တဖြည်းဖြည်း ပြောင်းလဲလာနိုင်ပါတယ်။

စာဖတ်သူမိတ်ဆွေရော ဘယ်လိုမိဘမျိုး ဖြစ်ချင်ပါသလဲ?

Comment မှာ စကားတစ်ခွန်းတည်းနဲ့ ရေးခဲ့ပါ။

“My Child Should Feel ______ Around Me.”

ဥပမာ …
“Safe.”
“Loved.”
“Heard.”
“Understood.” ❤️

ဒီစာကို ဖတ်ပြီး
“ငါ့ကလေးကို ပိုနားလည်ချင်တယ်” လို့ ခံစားမိတဲ့ မိဘတစ်ယောက်ရှိရင် မျှဝေပေးလိုက်ပါ။

တစ်ခါတလေ မိဘတစ်ယောက်ရဲ့ သတိထားမိခြင်းတစ်ခုက ကလေးတစ်ယောက်ရဲ့ အနာဂတ်ကို ပြောင်းလဲပေးနိုင်ပါတယ်။

Victory Learning Corner 💛









Address

Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00
Sunday 08:00 - 17:00

Telephone

+959740844096

Website

Alerts

Be the first to know and let us send you an email when Victory Social Emotional Learning Corner posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Victory Social Emotional Learning Corner:

Shortcuts

Share