14/08/2026
Engineering Documentation မရှိတဲ့ Construction Project တစ်ခုမှာ
ပြဿနာဖြစ်တဲ့အချိန်မှ “ဘယ်သူမှားလဲ” ဆိုတာ ရှာဖို့ခက်ပါတယ်။
Construction မှာ Documentation ဆိုတာ
စာရွက်စာတမ်းအတွက်ပဲ မဟုတ်ပါဘူး။
Project ကို ဘယ်လိုဆုံးဖြတ်ခဲ့လဲဆိုတာ ပြန်စစ်နိုင်ဖို့ Evidence ပါ။
ဥပမာ—
Drawing မရှိဘူးဆိုရင်
“ဒီနေရာကို ဒီလိုလုပ်ဖို့ ပြောထားတာပါ” ဆိုတဲ့ စကားပဲ ကျန်ပါမယ်။
BOQ / Quantity Record မရှိဘူးဆိုရင်
“ပစ္စည်း ဒီလောက်ပဲ သုံးခဲ့တာ” ဆိုတဲ့အချက်ကို ပြန်စစ်ဖို့ ခက်ပါမယ်။
Material Specification / Approval Record မရှိဘူးဆိုရင်
“ဒီပစ္စည်းက သတ်မှတ်ထားတဲ့ Quality နဲ့ ကိုက်ညီလား” ဆိုတာ ပြန်စစ်လို့မရပါဘူး။
Site Inspection / Progress Record မရှိဘူးဆိုရင်
ပြဿနာတစ်ခုဖြစ်လာတဲ့အခါ ဘယ်အချိန်က စတင်ခဲ့တာလဲဆိုတာတောင် ပြန်ရှာဖို့ ခက်ပါတယ်။
ဒါကြောင့် Documentation မရှိတဲ့ Project မှာ
ပြဿနာတစ်ခု ဖြစ်လာတိုင်း Memory နဲ့ ဖြေရှင်းရပါတယ်။
Documentation ရှိတဲ့ Project မှာတော့
Data နဲ့ Evidence ကိုကြည့်ပြီး ဆုံးဖြတ်နိုင်ပါတယ်။
ဒါက Engineer တစ်ယောက်အနေနဲ့ အရေးကြီးဆုံးကွာခြားချက်တစ်ခုပါ။
အိမ်တစ်လုံးကို ဆောက်ပြီးသွားတာနဲ့ Project က ပြီးသွားတာမဟုတ်ပါဘူး။
နောက်နှစ်တွေမှာ ပြန်ကြည့်တဲ့အခါ
“ဘာကြောင့် ဒီလိုဆုံးဖြတ်ခဲ့တာလဲ”
“ဘယ် Material ကို သုံးခဲ့တာလဲ”
“ဘယ် Specification အတိုင်း လုပ်ခဲ့တာလဲ”
ဆိုတာတွေကို ပြန်ရှာနိုင်ဖို့လည်း လိုပါတယ်။
ကောင်းမွန်တဲ့ Construction Project ဆိုတာ
တည်ဆောက်ထားတဲ့ Structure တစ်ခုတည်းမဟုတ်ပါဘူး။
ဆုံးဖြတ်ချက်တိုင်းရဲ့ Evidence ကိုပါ ချန်ထားခဲ့တဲ့ Project ဖြစ်ပါတယ်။
Ayeyar Prime Development