11/03/2026
⚠️ "စျေးသက်သာတာထက်... တန်ရာတန်ကြေးနဲ့ စိတ်အေးရဖို့က ပိုအရေးကြီးပါတယ်"
ဒီနေ့မှာ အိမ်ရှင်မတစ်ဦးရဲ့ ရင်ဖွင့်သံလေးတစ်ခုကို ဖတ်လိုက်ရလို့ အားလုံးအတွက် သင်ခန်းစာရအောင် ပြန်လည်မျှဝေပေးပါရစေ။ သူကတော့ အိမ်ဆောက်ရင်း (၃) ခါတောင် အလိမ်ခံခဲ့ရတယ်တဲ့ရှင်။
✍ ဘာကြောင့် အိမ်ရှင်တွေ အလိမ်ခံရတာလဲ?
အဓိကကတော့ "စျေးသက်သာတာ" တစ်ခုတည်းကို ကြည့်ပြီး အပ်နှံလိုက်မိလို့ပါပဲ။ စျေးအနိမ့်ဆုံးပေးတဲ့ ကန်ထရိုက်ကို ရွေးလိုက်တယ်၊ တကယ်တမ်း ဆောက်တဲ့အခါ ကန်ထရိုက်က မနိုင်တော့ဘဲ ထွက်ပြေးသွားရော။ နောက်ဆုံးမှာတော့-
အိမ်ရှင်မှာ ငွေ ၂ ခါ၊ ၃ ခါ ပြန်ကုန်ရတယ်။
မူလကုန်ကျစရိတ်ထက် ပိုကုန်သွားတဲ့အပြင် အချိန်တွေလည်း ကြာသွားတယ်။
ငွေကုန်ရုံတင်မကဘဲ စိတ်ဆင်းရဲမှုကတော့ အဆိုးဆုံးပါပဲ။
✍ သိထားသင့်တဲ့ လက်ရှိစျေးကွက်ပေါက်စျေး
အခုခေတ်မှာ RC (သံကူကွန်ကရစ်) တစ်စတုရန်းပေ စျေးနှုန်းဟာ အသုံးပြုမယ့် ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး 120,000 - 150,000 - 180,000 ဝန်းကျင်အထိ ရှိနေပါတယ်။ ဒါကြောင့် အရမ်းစျေးပေါနေရင် "ဘာကြောင့်လဲ" ဆိုတာကို အရင်ဆုံး သံသယရှိရှိနဲ့ စစ်ဆေးဖို့ လိုပါတယ်။
💡 အိမ်ဆောက်တော့မယ့်သူတွေအတွက် အကြံပြုချက်
၁။ Online က စျေးနှုန်းသက်သက်နဲ့ မဆုံးဖြတ်ပါနဲ့: ဖုန်းထဲကနေ မေးတာထက် အဲ့ဒီကုမ္ပဏီ/ကန်ထရိုက် ဆောက်ပြီးစီးသွားတဲ့ အိမ်တွေကို ကိုယ်တိုင်သွားကြည့်ပါ။ လက်ရာကို မျက်မြင်စစ်ဆေးပါ။
၂။ တန်ဖိုးကို နားလည်ပါ: မိမိဆောက်မယ့်အိမ်က ၁၀ တန်း၊ ၂၀ တန်း မဟုတ်ပါဘူး။ သိန်းရာဂဏန်း၊ ထောင်ဂဏန်း ခက်ခက်ခဲခဲ စုဆောင်းထားရတာမို့ တစ်သက်စာအတွက် သေချာလေ့လာပြီးမှ အပ်နှံပါ။
၃။ ပညာရှင်နဲ့ တိုင်ပင်ပါ: Maha Bithuka မှာဆိုရင် အစကတည်းက စျေးနှုန်းကို အတိအကျ (Itemized Costing) နဲ့ တွက်ချက်ပေးလို့ ကန်ထရိုက်ပြေးမှာ၊ စျေးနှုန်းထပ်တက်မှာတွေကို စိုးရိမ်စရာမလိုတော့ပါဘူး။
"စေတနာရှေ့ထားပြီး တင်ပြပေးရခြင်းဖြစ်ပါတယ်။ လူအများ လှည့်ပတ်ခြင်းကင်းဝေးပြီး မိမိတို့ရဲ့ အိမ်မက်အိမ်လေးတွေကို စိတ်အေးချမ်းသာစွာ တည်ဆောက်နိုင်ကြပါစေရှင်။" 🙏🙏🙏
🍏Maha Bithuka 🍏မှာ
စိတ်ချရတဲ့ လက်ရာ၊ မှန်ကန်တဲ့ စျေးနှုန်းနဲ့ အိမ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်မတို့ဆီကို လှမ်းလာခဲ့ပါရှင်။
📞 အသေးစိတ်စုံစမ်းရန် -
09 766463498,09666003206