MOE HTI KYAW -Mon Construction & Renovation

MOE HTI KYAW -Mon  Construction & Renovation Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from MOE HTI KYAW -Mon Construction & Renovation, Construction Company, No-196, Thu Kha Street, Thway Thouk Quarter, Mawlamyine.

 #ဒီပို့စ်postကအိမ်ရှင်တေကိုရည်ရွယ်ပါတယ်။▪အိမ်မဆောက်ခင်မှာ အိမ်ရှင်တွေ စုံစမ်းလေ့ရှိတဲ့ ပုံစံက...နီးစပ်ရာမိတ်ဆွေတွေဆီမှာ...
19/07/2024

#ဒီပို့စ်postကအိမ်ရှင်တေကိုရည်ရွယ်ပါတယ်။

▪အိမ်မဆောက်ခင်မှာ အိမ်ရှင်တွေ စုံစမ်းလေ့ရှိတဲ့ ပုံစံက...
နီးစပ်ရာမိတ်ဆွေတွေဆီမှာ စပ်မိစပ်ရာ မေးမြန်းကြသလို...
တချို့ကလည်း FB ပေါ်က ဆောက်လုပ်ရေး လုပ်ငန်း ဂရု တွေမှာ မေးမြန်းလေ့ရှိကြပါတယ်။

▪အပြင်မှာ အိမ်ဆောက်ထားတဲ့ မိတ်ဆွေတေဆီကို ဆောက်ထားတဲ့ အိမ် အကျယ်အဝန်းနဲ့ အထပ်ကို ဖြစ်စေ၊

ဆောက်ထားတဲ့ အိမ်ကို ကိုယ်တိုင်သွားကြည့် ထားပီးမှ "ဘယ်လောက် ကုန်ကျလဲ"
မေးပီး...မိမိဆောက်ချင်တဲ့ အကျယ်အဝန်း၊
အထပ်ကို ပြန်ချိန်ကြည့်ရင်း...
▪ကိုယ်ဆောက်ချင်တဲ့ ပုံစံ ဆိုရင် ဘယ်လောက်လောက် ကုန်နိုင်မလဲဆိုပီး
ရှေ့က ဆောက်ထားတဲ့ အိမ်ရဲ့ ကုန်ကျ စရိတ်နဲ့ နှိုင်းယှဉ် ခန့်မှန်းတာမျိုးက...

ကုန်ကျစရိတ် အနည်းငယ် နီးစပ်မှု ရှိပါမယ်။

#သို့ပေမယ့်.
ခေတ်စားနေသော.. PAE ဆိုသည့် နှုန်းထားတခုဖြင့် ကုန်ကျ စရိတ် ခန့်မှန်းမှု လုပ်မယ်ဆိုရင်....

ကုန်ကျ စရိတ်က နီးစပ်မှု မရှိနိုင်ပါဘူး။

ဉပမာ ရှင်းပြရရင်...

ပေ ၄၀ ပတ်လည် (40'×40') တစ်ထပ်အိမ်ကို PAE 40000၊45000၊ 50000 စသဖြင့်
အမျိုးမျိုး ကွဲပြားနိုင်ပါတယ်...

ဖြစ်လေ့ မေးလေ့ ရှိတာက...

အိမ်ပုံစံလည်း တူတယ် အထပ်လည်းတူတယ် ဧရိယာလည်းတူပေမယ့် ...

တချို့က သိန်း၃၀၀ နဲ့ ဆောက်ကြသလို
တချို့က ၄၀၀ ၊ ၅၀၀ စသဖြင့်ပေါ့ဗျာ

"ဘာလို့ စျေးနှုန်း ကုန်ကျစရိတ်တေ မတူလဲ"

#ပထမဆုံးက...
▪အကြမ်းထည်မှာပဲ...
အဆောက်ဉီး အမျိုးအစား(RC လား Steel structure လား) အိမ်အတွင်းက ခန်းဖွဲ့ပုံစံနဲ့ အရေအတွက် ၊ (foundation depth) မြေဝင် အုတ်မြစ် အနက်(အုတ်မြစ်အနက်နဲ့ အမျိုးအစားမှာလည်း RCအတွက် မြေဝင်အနက်နဲ့ steel structureအတွက်ဆိုပီး မတူညီပါဘူး)

ဲကွဲပြားမှုပေါ် မူတည်ပီး...အောက်ခံခုံမှာပဲ
ကုန်ကျစရိတ် စပီး မတူညီပါ...

တိုင်(column)၊ ဘင်း(beam) နဲ့ နံရံ (wall)၊
ခေါင်မိုး(roof)မှာလည်း(ဆလပ်မိုးလား သွပ်မိုးလားအပေါ်မူတည်ပီး)
ကုန်ကျစရိတ် မတူညီနိုင်ပါ။

#ဒုတိယအနေနဲ့က....

▪အချောပိုင်း(finishing work)

ပြတင်းပေါက်တပ်တာက စပြောပါမယ်

ပြတင်းမှာ သစ်သား၊ UPVC ၊ မော်ဒန် အလူမီနီယံ စသဖြင့် ရွေးချယ်စရာတွေ ရှိပါတယ်

အဝေးကကြည့်ရင် ပုံစံချင်း တူသလိုလိုရှိပီး
ကုန်ကျ စရိတ်မတူတာက အဲ့လို အသုံးပြုတဲ့ ပစ္စည်းအမျိုးအစားပေါ်
မူတည်သွားတာပါ။

(ယခုလက်ရှိမှာဆို UPVC ပြတင်းပေါက်ရဲ့ ကုန်ကျစရိတ်ထက် မော်ဒန် အလူမီနီယံ ပြတင်းရဲ့ ကုန်ကျစရိတ်က၃ဆနီးပါး ရှိပါတယ်။သစ်သားဆိုရင်တော့...ပိုမှာပါ)

အိပ်ခန်း တံခါးတေမှာ ဆိုလည်း အဲ့လိုပါပဲ

တန်ဖိုးသင့် ready made steel တံခါးက
7'×3' တပေါက်ကို ၂သိန်းခွဲလောက်နဲ့ ရနိုင်ပေမယ့် သစ်သားဘောင်ကျွန်းတံခါးရွက် သုံးရင်တော့ စရိတ်က ၂ဆ ရှိနေပါပီ

လျှပ်စစ်ပိုင်းမှာလည်း နံရံပေါ်က ကြိုးပြေးရင် သက်သာပေမယ့် ကြိုးပျောက်
နံရံထဲ မြုပ်ရင်တော့ ကုန်ကျ စရိတ် ကွာခြားမှာပါ သုံးမယ့် မီးလုံးတေကအစ အာမခံပါတာတပ်ခြင်း မတပ်ခြင်း စသဖြင့်ပေါ့ဗျာ
(အချို့အိမ်တေမှာ အပ် ဖမ်းတာတေ မိုးကြိုးလွှဲတေပါ ပါပါတယ်)

နောက် ကြွေပြား နဲ့ ပါကေးဗျာ
ပါကေး နောက်မှပြောမယ်

"ရေမီးဆေးကြွေပြားအပီး" ဆိုတဲ့
အသုံးအနှုန်းချင်း တူပေမယ့်

ကြွေပြားမှာပဲ တရုတ်ပြား၊ ယိုးဒယားပြား
၁'ချပ်လား ၂'ချပ်လား
အဲ့လို ကွာပါသေးတယ် (၁'ချပ်က ၁၀၀၀ ကျော်ပဲ ရှိပေမယ့် ၂'ချပ်က ၈၀၀၀ ကျော် ရှိပါတယ်)

▪ဆေးပိုင်းမှာလည်း....
ပတ်တီး (coating)အရေတွက် ၁ကြိမ်လား ၂ကြိမ်လား...
အရောင် (color)မှာရော ၂ကြိမ်လား ၃ကြိမ်လား..

သုံးမယ့် သုတ်ဆေးကရော...
United၊Orient၊Premier စသဖြင့် ရှိပါတယ်
(United ၁၈လီတာ တပုံးက ၇၀၀၀၀ဝန်းကျင်ရှိပေမယ့် Orientဆို
၁၅၀၀၀၀ ဝန်းကျင်၊ Premierဆို
၂၆၀၀၀၀ဝန်းကျင် ရှိတာမျိုးပါ) (ဆေးသုတ်ခလည်း မတူပါ)

ဆေးသုတ်အပီး ခြင်းတူပေမယ့်
Quality နဲ့ ကုန်ကျစရိတ် မတူပါ။

အထက်ကပြောပြခဲ့တဲ့....
အသုံးပြုမယ့်ပစ္စည်း အမျိုးအစားမတူညီရာကနေ.... မတူညီတဲ့ ပစ္စည်းအမယ်တေ
ပေါင်းလိုက်တော့...
စုစုပေါင်းကုန်ကျစရိတ်မှာပါ..ကွာခြားသွားပါတယ်။

🔹အဲ့တော့....
အိမ်ပုံစံတူတယ်... အထပ်တူတယ်
ဧရိယာတူတယ် "တချို့က သိန်း ၃၀၀နဲ့ ဆောက်နိုင်ပီး တချို့က မဆောက်နိုင်ဘူး"
"ဘာလို့လဲ ဘာကွာလို့လဲ" ဆိုတဲ့ အမေးတေအတွက်....
ဖြေရှင်းပေးလိုက်ပါတယ်

အတော်ခရီးရောက်ပေါက်နေပြီဖြစ်ပါသော စမ်းကြီးရပ်၊သရက်ကုန်းလမ်းမှ ချစ်စရာနှစ်ထပ်အိမ်လေးပါခင်ဗျ😍  09-967772441,09-255583833 က...
13/07/2024

အတော်ခရီးရောက်ပေါက်နေပြီဖြစ်ပါသော စမ်းကြီးရပ်၊သရက်ကုန်းလမ်းမှ ချစ်စရာနှစ်ထပ်အိမ်လေးပါခင်ဗျ😍

09-967772441,09-255583833 ကိုအဆောက်အဦးနဲ့ပက်သက်လို့သိရှိလိုသည်များ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

မော်လမြိုင်မြို့၊ကွင်းရပ်၊ တောင်ဝိုင်းလမ်းက ဂိုထောင်လေးရဲ့ သံလုပ်ကွက်နဲ့ ပန်းရံလုပ်ကွက်ပြီးစီးမှု့လေးတွေပါခင်ဗျ😍  09-967...
13/07/2024

မော်လမြိုင်မြို့၊ကွင်းရပ်၊ တောင်ဝိုင်းလမ်းက ဂိုထောင်လေးရဲ့ သံလုပ်ကွက်နဲ့ ပန်းရံလုပ်ကွက်ပြီးစီးမှု့လေးတွေပါခင်ဗျ😍

09-967772441,09-255583833 ကိုဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ

မော်လမြိုင်မြို့၊စျေးကြိုရပ်၊တောင်ဝိုင်းလမ်း ပေါ်ရှိကြိုးစားဆောက်လုပ်နေသော Warehouse Project လေးပါခင်ဗျ👷👷👷ပင်မဂိုထောင်အက...
27/06/2024

မော်လမြိုင်မြို့၊စျေးကြိုရပ်၊တောင်ဝိုင်းလမ်း ပေါ်ရှိကြိုးစားဆောက်လုပ်နေသော Warehouse Project လေးပါခင်ဗျ👷👷👷
ပင်မဂိုထောင်အကျယ် 33 ပေ x 84 ပေ ရှိပြီးနောက်ဖက်မြေပိုပေါ်တွင် လူနေခန်းတစ်ခန်း ၊ ရေချိုးခန်း၊အိမ်သာ လေးပါဝင်ပြီး Streel Structure Plan နဲ့ဆောက်လုပ်ဖို့တာဝန်ယူထားပါတယ်ခင်ဗျာ..
Jun,July ရဲ့မိုးစက်တွေနဲ့အပြိုင်ဆောက်လုပ်နေတဲ့အတွက် ချစ်သော Customer များ ရာသီဥတုသုံးပါးလုံး ဆောက်လုပ်ခြင်းအတွက်မပူရလေအောင် ကျွန်တော်တို့ Moe Hti Kyaw(Mon)Company မှတာဝန်ယူပေးပါရစေခင်ဗျ 👍👍👍
Office Address
No196,Thway Thauk Qtr,Thukha street, Mawlamyine.
09967772441,09255583833

Will Be With You All The Time

မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက် ၊ သရက်ကုန်းလမ်း ထဲရှိ Moe Hti Kyaw(Mon)Company မှတာဝန်ယူတည်ဆောက်ပေးနေသော ချစ်စရာ နှစ်ထ...
26/06/2024

မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက် ၊ သရက်ကုန်းလမ်း ထဲရှိ Moe Hti Kyaw(Mon)Company မှတာဝန်ယူတည်ဆောက်ပေးနေသော ချစ်စရာ နှစ်ထပ်အိမ်အလှလေးရဲ့ Project Detail Plan လေးတွေကို ချစ်မိတ်ဆွေ Customer များအတွက် တင်ပြပေးလိုက်ပါတယ်ခင်ဗျ👨‍💻👨‍💻👨‍💻
20' x 45' RC နှစ်ထပ်
Ground Floor Plan
👉 living Room
👉Master Badroom(1)
👉Dinning &Kitchen
👉Common bath& w/c
👉Clothes drying area
First Floor Plan
👉Shrine Room
👉 Master Badroom (2)
👉 Single Badroom
လေးများပါဝင်မှာဖြစ်ပြီး နေရာလွတ်မရှိဘဲPlan သေချာချ customer စိတ်တိုင်းကျဆောက်လုပ်ပေးထားသော အိမ်လေးပါခင်ဗျ...
ပိုင်ဆိုင်သော မြေအကျယ်ပေါ် မှာလှပတဲ့အိမ်လေးတစ်လုံးအတွက် စိတ်တိုင်းကျဖြစ်စေဖို့ဆိုရင်
Moe Hti Kyaw(Mon) Construction&Renovation ကိုသာဆက်သွယ်လိုက်ပါခင်ဗျာ👷👷👷‍♀️👷‍♀️

Contact Number
09967772441 ,09255583833

ချစ်စရာနှစ်ထပ်အိမ်လေးရဲ့ လုပ်ကွက်ကလဲ ဟောခနဲ ဟောခနဲ နဲ့ဆိုတော့လဲ အိမ်ရှင်ဦးဦးတို့အကြိုက်လေးဖြစ်နေရောပါဘဲနော် 😎😎😎 Contact ...
25/06/2024

ချစ်စရာနှစ်ထပ်အိမ်လေးရဲ့ လုပ်ကွက်ကလဲ ဟောခနဲ ဟောခနဲ နဲ့ဆိုတော့လဲ အိမ်ရှင်ဦးဦးတို့အကြိုက်လေးဖြစ်နေရောပါဘဲနော် 😎😎😎

Contact Number
09967772441 , 09255583833

မိုးထဲရေထဲ အပြိုင်လုပြီး လုပ်ဆောင်နေရပါသော Warehouse Project  တောင်ဝိုင်းလမ်းပေါ်ကဆိုဒ်လေး.. contact number09967772441, ...
25/06/2024

မိုးထဲရေထဲ အပြိုင်လုပြီး လုပ်ဆောင်နေရပါသော Warehouse Project တောင်ဝိုင်းလမ်းပေါ်ကဆိုဒ်လေး..

contact number
09967772441, 09255583833

Second lucky ဈေးကြိုအဝိုင်းနားက Warehouse site လေး 33’ x 90 ‘ ရှိသောဂိုထောင်လေးကလဲ အပြိုင်ကြဲနေတာနော် 🥰🥰Luck month လေးထဲ...
16/06/2024

Second lucky ဈေးကြိုအဝိုင်းနားက Warehouse site လေး 33’ x 90 ‘ ရှိသောဂိုထောင်လေးကလဲ အပြိုင်ကြဲနေတာနော် 🥰🥰
Luck month လေးထဲမှာ ယုံကြည်စွာလုပ်ငန်းအပ်နှံပေးပါသော ချစ်သောမိတ်ဆွေ Customer များ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် တစ်နေ့တာလုပ်ငန်းများကိုအောင်မြင်အဆင်ပြေစွာလုပ်ဆောင်နိုင်ပြီး မင်္ဂလာရှိသော နေ့ရက်တိုင်းနဲ့အတူ နိုးထနိုင်ပါစေ စီးပွားဥစ္စာများလဲ တိုးတက်ပိုင်ဆိုင်နိုင်ပါစေကြောင်း ကျွန်မတို့
Moe Hti Kyaw(Mon)Company limited မိသားစုမှဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင် 🤍

Lucky Month လေးဖြစ်တဲ့ Jun လအစမှစပြီးတာဝန်ယူဆောက်လုပ်ပေးနေတဲ့ မော်လမြိုင်မြို့ ၊ စမ်းကြီးရပ်ကွက်မှ 20’ x 45 ‘ RC နှစ်ထပ်...
16/06/2024

Lucky Month လေးဖြစ်တဲ့ Jun လအစမှစပြီးတာဝန်ယူဆောက်လုပ်ပေးနေတဲ့ မော်လမြိုင်မြို့ ၊ စမ်းကြီးရပ်ကွက်မှ 20’ x 45 ‘ RC နှစ်ထပ်အိမ်လေးကို Jun လရဲ့မိုးစက်တွေနဲ့အပြိုင် ဆောက်လုပ်ပေးနေကြောင်းပါရှင့်🥰🥰

Contact Number
09-967772441,09-255583833
Will be with you all the time 🤍🤍

အခက်ခဲလေး အနည်းငယ်ရှိသွားလို့ Page လေးကိုခတ္တခဏရပ်နားထားရတဲ့အတွက် Update မဖြစ်ခဲ့ရင်ချစ်မိတ်ဆွေအပေါင်းတို့ကို တောင်းပန်ပ...
16/06/2024

အခက်ခဲလေး အနည်းငယ်ရှိသွားလို့ Page လေးကိုခတ္တခဏရပ်နားထားရတဲ့အတွက် Update မဖြစ်ခဲ့ရင်ချစ်မိတ်ဆွေအပေါင်းတို့ကို တောင်းပန်ပါရစေ 🙏🙏🙏အခုကစပြီးပြန် Run တို့မှာမို့ စောင့်ကြည့်ရင်း အကြံဉာဏ်ကောင်းလေးများ ပေးနိုင်ပါတယ်ခင်ဗျာ

မြေနေရာလဲ အရမ်းမစားခေတ်မီ ဘိုဆန်တဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်သူများအတွက် Roof Slab နဲ့ နှစ်ထပ်၊ နှစ်ထပ်ခွဲ ဒီဇိုင်းဆန...
17/04/2024

မြေနေရာလဲ အရမ်းမစား
ခေတ်မီ ဘိုဆန်တဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင်ချင်သူများအတွက် Roof Slab နဲ့ နှစ်ထပ်၊ နှစ်ထပ်ခွဲ ဒီဇိုင်းဆန်းသောအိမ်ပုံစံလေးများကို စုစည်းတင်ပြပေးလိုက်ပါတယ်ရှင့်
မူရင်းပုံပိုင်ရှင်များကို လေးစားစွာဖြင့်

ကိုယ့်တန်ကြေးကို မတန်တဆ ဈေးဖြတ်မခံပါနဲ့အိမ်ရှင် - ကျွန်တော် ဒါလေး ပြင်ချင်လို့ ဘယ်လောက်လောက် ကျမလဲကန်ထရိုက် - ဒေါ်လာ ၂၈၀...
14/04/2024

ကိုယ့်တန်ကြေးကို မတန်တဆ ဈေးဖြတ်မခံပါနဲ့

အိမ်ရှင် - ကျွန်တော် ဒါလေး ပြင်ချင်လို့ ဘယ်လောက်လောက် ကျမလဲ
ကန်ထရိုက် - ဒေါ်လာ ၂၈၀၀ ကနေ ၃၅၀၀ ကြား ကုန်မယ်

အိမ်ရှင် - ဟာ များလှချည်လားဗျာ။
ကန်ထရိုက် - အစ်ကိုက ဘယ်လောက် မှန်းလို့လဲ

အိမ်ရှင် - အလွန်ဆုံး ဒေါ်လာ ၈၀၀ ပေါ့ဗျာ။ ဘာခက်တာမို့လို့လဲ။
ကန်ထရိုက် - အဲဒီလောက်တော့ မရဘူးဗျ

အိမ်ရှင် - ခင်ဗျားတို့ ကန်ထရိုက်တွေကလည်း အမြတ်ကြီးစားမယ်ဆိုတာချည်းပဲဗျာ။
ကန်ထရိုက် - သြော် အဲ့လိုလည်း မဟုတ်ပါဘူးဗျာ။ ဒီအလုပ်ကို အစ်ကို လုပ်တတ်နေရင် ဘာလို့ ကိုယ့်ဖာသာကိုယ် မလုပ်တာလဲဗျ။

အိမ်ရှင် - ကိုယ်တိုင် မလုပ်တတ်လို့ပေါ့ဗျာ။
ကန်ထရိုက် - ဒေါ်လာ ၉၀၀ ပေးရင် ဘယ်လို လုပ်ရမလဲဆိုတာ ကျွန်တော် သင်ပေးမယ်။ ဒေါ်လာ ၈၀၀ နဲ့ အစ်ကို ရအောင်လုပ်ပေါ့။ ၂ ခုပေါင်းမှ ဒေါ်လာ ၁၇၀၀ ပဲ ကျမယ်။ ဒါဆိုရင် အစ်ကို့အတွက် ဒေါ်လာ ၁၁၀၀ လောက် သက်သာမယ်။ ပြီးတော့ နောက်တစ်ခါဆိုရင် ကိုယ့်ဖာသာကိုယ် လုပ်တတ်သွားလိမ့်မယ်။ ဘယ်သူ့မှ ခေါ်လုပ်ခိုင်းစရာ မလိုတော့ဘူး။

အိမ်ရှင် - ဟုတ်ပါပြီ။ သဘောတူတယ်။
ကန်ထရိုက် - အိုကေ။ ဒါဆိုရင် အစ်ကို လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ဗျာ။ တူတွေ၊ ဖောက်စက်တွေ၊ ဘိလပ်မြေဖျော်တဲ့အိုးတွေနဲ့ တခြားတိုလီမိုလီပစ္စည်းလေးတွေလည်း လိုတယ်။

အိမ်ရှင် - ဟာ ဒါလေးတစ်ခုတည်း လုပ်ဖို့အတွက်တော့ အဲ့ပစ္စည်းတွေ မဝယ်ချင်ဘူးဗျ။
ကန်ထရိုက် -ဟုတ်ပြီဗျာ။ ဒါဆိုရင် ကျွန်တော် အဲဒီပစ္စည်းတွေ ငှားပေးမယ်။ ငှားခတော့ ဒေါ်လာ ၃၀၀ ထပ်ပေးပေါ့။ အစ်ကို့အတွက် ဒေါ်လာ ၈၀၀ လောက် သက်သာပါသေးတယ်။

အိမ်ရှင် - ဒါဆိုလည်း ငှားမယ်ဗျာ။
ကန်ထရိုက် - ဟုတ်ပြီဗျာ။ လာမယ့်စနေနေ့ စလုပ်ကြတာပေါ့။

အိမ်ရှင် - ဟ စနေနေ့ ကျွန်တော် မအားဘူးဗျ။ ဒီနေ့ပဲ အချိန်ရတာ။
ကန်ထရိုက် - ကျွန်တော်လည်း စနေနေ့မှပဲ သင်ပေးလို့ရမှာ။ ဒီကြားရက်တွေမှာ အခြားအလုပ်တွေ ရှိသေးတယ်။

အိမ်ရှင် - ဒါဆိုလည်း စနေနေ့ မိသားစုနဲ့ ခရီးသွားမယ့် အစီအစဉ်ကို ဖျက်ရတော့မှာပေါ့ဗျာ။
ကန်ထရိုက် - အော် ဒါနဲ့ အခုချိန်မှာ လိုတဲ့ပစ္စည်းတွေ ဝယ်ဖို့ နည်းနည်းခက်မယ်ဗျ။ ပစ္စည်းတွေ ပြတ်နေတယ်။ ဒီတော့ မနက် ၆ နာရီလောက် သွားတန်းစီပြီး ဝယ်ရမှာ။

အိမ်ရှင် - ဘာ !!! စနေနေ့နံနက် ၆ နာရီလောက်ကြီး သွားတန်းစီရမှာ ဟုတ်လား။ အစောကြီးပါလားဗျ။ ကျွန်တော့်မှာ ပစ္စည်းတိုက်ဖို့ ထရပ်ကားလည်း မရှိဘူး။
ကန်ထရိုက် - ဒါဆိုလည်း ကျွန်တော့် ထရပ်ကား ပေးသုံးမယ်ဗျာ။ ဒါနဲ့ ပစ္စည်းတွေ အတင်၊ အချလုပ်ဖို့ရော အလုပ်သမား ရှိလား။

အိမ်ရှင် - ထားလိုက်ပါတော့ဗျာ။ ခင်ဗျား ပြောတဲ့ ဈေးနဲ့ပဲ အလုပ်အပ်လိုက်တော့မယ်။ ကျွန်တော်လည်း အဲ့လောက် အလုပ်ရှုပ်မခံနိုင်ဘူး။
ကန်ထရိုက် - ကောင်းပါပြီဗျာ။ ဒါဆိုလည်း စာချုပ်ချုပ်လိုက်တာပေါ့။ ကျွန်တော့်ကို ၂၀ ရာခိုင်နှုန်းတော့ စရံချထားပေး။

သင်ခန်းစာ

သူတို့က ဒါလေးပဲ လုပ်ပြီး ပိုက်ဆံအများကြီး တောင်းရလားလို့ မြင်တဲ့သူတွေ ရှိပါတယ်။ ကျွန်တော်တို့ အလုပ်တစ်ခု လုပ်တဲ့နေရာမှာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ကျွမ်းကျင်မှု၊ အတွေ့အကြုံ၊ ဗဟုသုတ၊ လိုအပ်တဲ့ အခြေခံပစ္စည်းတွေ၊ သူတို့ရဲ့ကိုယ်ပိုင်အချိန်၊ သူတို့ရဲ့ မိသားစုဘဝနဲ့ တခြားတခြားသော အရာတွေကို ပေးဆပ်ထားရတယ်ဆိုတာလည်း တွေးမိဖို့ပါပဲ။ ကိုယ့်တန်ကြေးကို မတန်တဆ ဈေးဖြတ်မခံပါနဲ့။

Ref: ~ Texas Morgans LLC
Team ( ရိုးရာလေး)

Address

No-196, Thu Kha Street, Thway Thouk Quarter
Mawlamyine

Telephone

+959967772441

Website

Alerts

Be the first to know and let us send you an email when MOE HTI KYAW -Mon Construction & Renovation posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MOE HTI KYAW -Mon Construction & Renovation:

Share