Shwe Kaung Thit Construction Co.,Ltd

Shwe Kaung Thit Construction Co.,Ltd Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Shwe Kaung Thit Construction Co.,Ltd, Construction Company, No. (29), 8th Street, Thiri Myine Quarters, Mawlamyine.

Modernize ဖြစ်တဲ့ အိမ်တစ်လုံးမှာ Green Area လေးလဲ မပါမဖြစ်အရာတစ်ခုပါပဲလူကြီးမင်းတို့ရဲ့ ဘဝအမောတွေပြေစေဖို့ အေးချမ်းတဲ့နေ...
05/02/2024

Modernize ဖြစ်တဲ့ အိမ်တစ်လုံးမှာ Green Area လေးလဲ မပါမဖြစ်အရာတစ်ခုပါပဲ

လူကြီးမင်းတို့ရဲ့ ဘဝအမောတွေပြေစေဖို့ အေးချမ်းတဲ့နေအိမ်လေး ဖန်တီးဖို့အတွက် တာဝန်ယူဆောက်လုပ်ပေးနေပါတယ် ခင်ဗျာ

🏠စည်ပင်နယ်နိမိတ်အတွင်း အဆောက်အဦး ဆောက်တော့မယ်ဆိုရင်ပထမဆုံး ဆောက်လုပ်ခွင့်တင်ပြရပါတယ်။မြေယာဌာနမှာ---------------------- ...
17/09/2023

🏠စည်ပင်နယ်နိမိတ်အတွင်း
အဆောက်အဦး ဆောက်တော့မယ်ဆိုရင်

ပထမဆုံး ဆောက်လုပ်ခွင့်
တင်ပြရပါတယ်။

မြေယာဌာနမှာ
---------------------
- ​ပုံစံ ၁၀၅ / ၁၀၆ အရင်လျှောက်
- အဲဒါလျှောက်ဖို့ က
- မြေကွက်ပိုင်ဆိုင်မှု အထောက်အထား
(ဂရံ ၊ မြေပေးမိန့်)
- ဂရံရပြီးရင် မြေခွန် ၁ နှစ်စာ
ဆောင်ပြီးကြောင်း ပြေစာ
( အဲဒါမပါရင် မရဘူး)
သက်ဆိုင်ရာ မြို့နယ်စည်ပင်မှာ သွားဆောင်
- တစ်ဆင့် ပြန်ဝယ်ထားတယ်ဆိုရင်
GP ၊ SP ကိုယ်စားလှယ်လွှဲစာ၊ ဂရံ၊
အရောင်းအဝယ်စာချုပ်တွေ ပြ၊ မိတ္တူပေး
- လျှောက်မယ့်သူရဲ့ မှတ်ပုံတင်မိတ္တူ
- သန်းခေါင်စာရင်း၊ လိပ်စာ၊ ဖုန်းနံပါတ်
- စာရွက်စာတမ်း ပြည့်စုံရင် တင်ခဲ့
- ဌာနက M/S တင်
- တစ်ပတ်လောက်ရှိရင် ကွင်းဆင်း
- ၁၀၅ /၁၀၆ အတွက် ငွေသွင်း
(ဧက ကွက်မဟုတ်ရင် သောင်းဂဏန်းပါပဲ)
- အဲဒါပြီးရင် တစ်ပတ်စောင့် ၁၀၅/၁၀၆ ရ၏

----------------------------------------------------------

- ၁၀၅ / ၁၀၆ ရရင်
ဆောက်လုပ်ခွင့်အတွက်

အဆောက်အဦဌာနမှာ
-------------------------------
- လျှောက်လွှာထုတ်
- မိမိမြေကွက် တည်နေရာ ဓါတ်ပုံ ၄ ပုံ
- လျှောက်ထားသူရဲ့ လိုင်စင်ပုံ (၂)ပုံ
- မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူတွဲ
- မြေကွက်ပိုင်ဆိုင်ကြောင်း အထောက်အထား
ထပ်တွဲ တင် (အပေါ်က ပြောခဲ့သလို)
- အနားလေးရပ် ထောက်ခံချက်ယူ
- အုပ်ချုပ်ရေးမှူးထောက်ခံချက် (၃)နေရာထိုး
- အဆောက်အဦ Drawing (၃)စုံ
- Drawing မှာ စည်ပင်က လိုင်စင်ရ
အင်/ယာ လက်မှတ်ထိုးရတယ်။
လက်မှတ်ထိုးခက Sqft အတိုင်းပေးရတယ်။
(အခြား အင်/ယာ ထိုးလို့မရ)
- ၁၀၅/၁၀၆ မူရင်းပါ တွဲတင်
- မြိုနယ်စည်ပင် EO က လက်မှတ်ထိုး
ရုံးအပေါ်စာနဲ့ တင်
- အမှုတွဲစုံလို့ တင်ပြီးရင် တစ်ပတ်စောင့်
(Design က လိုအပ်တာရှိရင် ပြန်ပြင်ပေး)
- မြေကွက်နေရာကို ကွင်းလာဆင်းကြည့်
- ဌာနက M/S ရေး EC တင်
- EC က ပြန်ကျရင်
ဆောက်လုပ်ခွင့်အတွက် ငွေသွင်း
(သောင်းဂဏန်းပါပဲ)
- Green Board ထုတ် မြေကွက်မှာကပ်
- ဆောက်လုပ်ခွင့်ပြု အမိန့် စည်ပင်က
အကြောင်းကြားရင် သွားထုတ်
- တင်ပြထားတဲ့ Design အတိုင်း ဆောက်

----------------------------------------------------

၆ လ လောက်အကြာ
အဆောက်အဦ ဆောက်ပြီးရင်
ဆောက်လုပ်ပြီးစီးကြောင်း ထပ်တင်

- မူလက တင်ပြတဲ့ ဒီဇိုင်းမိတ္တူ
- ဆောက်လုပ်ခွင့်ပြုကြောင်းစာ မိတ္တူ
- ယခင်က ငွေသွင်းချလံမိတ္တူ
- လျှောက်လွှာပုံစံမှာ ဖြည့် ပြန်တင်
- ပြီးစီးကြောင်း အတွက် ငွေသွင်း
( မပြီးသေးရင် Ex ထပ်တိုးတင်)
- တစ်ပတ်စောင့် ကွင်းလာဆင်း
- EC မှာ ပြန်တင်
- ဆောက်လုပ်ပြီးစီးကြောင်း စာရွက်ထွက်
- ဌာနကို သွားယူ

အဲဒါမှ စည်ပင်နယ်နိမိတ်အတွင်း
မိမိ အဆောက်အဦ ဆောက်လုပ်မှူကိစ္စ
အဝဝ ပြီးမြောက်၏။



07/09/2023

#အုတ်နံရံကာဖို့အတွက်လိုအပ်သောကုန်ကျစရိတ်တွက်ချက်နည်း 💁

💁 လိုအပ်သောအချက်အလက်များ

၁. အုတ်နံရံ၏ထုတည် (volume of Wall)
၂. အုတ်တစ်လုံး၏ထုထည် (volume of brick)

- ပထမဦးစွာအုတ်နံရံ၏ထုထည်ကိုတွက်ပါ။

ဥပမာ ၁၀ ပေပတ်လည် အထူ ၄.၅ လက်မ (0.375 ft) ရှိအုတ်နံရံ၏ထုထည်ကိုတွက်လိုက

အုတ်နံရံ၏အလျား (the length of the wall) l = 10 ပေ
အုတ်နံရံ၏အမြင့် (the height of the wall) h = 10 ပေ
အုတ်နံရံ၏အထူ (thickness of the wall) b = 0.375 ပေ

အုတ်နံရံ၏ထုထည် = l x h x b = 10’ x 10’ x 0.375’ = 37.5 Cu.F

- အုတ်၏ထုထည်ကိုတွက်ပါ။

အုတ်၏အလျား (l) = 9 လက်မ = 228.6 mm
အုတ်၏အမြင့် (h) = 2.5 လက်မ = 63.5 mm
အုတ်၏အထူး (b) = 4.5 လက်မ = 114.3 mm

မဆလာ အထူ 10 mm ထပ်ပေါင်းပါ။

l = 228.6 mm + 10 mm = 238.6 mm = 0.78 ft
h = 63.5 mm + 10 mm = 73.5 mm = 0.24 ft
b = 114 mm + 10 mm = 124 mm = 0.41 ft

အုတ်တစ်လုံး၏ထုထည် (volume of brick) = l x h x b
= 0.78’ x 0.24’ x 0.41’ = 0.076 Cu.F

စုစုပေါင်းကုန်ကျသောအုတ်အလုံးရေ = အုတ်နံရံ၏ထုထည် / အုတ်တစ်လုံး၏ထုထည်

= 37.5 / 0.076
= 493 လုံး

မှတ်ချက် ။ ။ 10 % အုတ်အလေအလွင့်

-source internet

ခန်းခန်းနားနား Modernize များ ❤️စျေးနှုန်းသင့်တင့်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ် ခင်ဗျာ
07/09/2023

ခန်းခန်းနားနား Modernize များ ❤️

စျေးနှုန်းသင့်တင့်စွာ ဆက်သွယ်ဆောင်ရွက်နိုင်ပါတယ် ခင်ဗျာ

မြေဧရိယာ ကျဉ်းရင်ဒီလိုလေးဆောက်အရမ်းသန့် စျေးနှုန်းကုန်ကျစရိတ်လေးလဲ သက်သာစွာဆောက်လုပ်နိုင်ပါတယ် ခင်ဗျာ
06/09/2023

မြေဧရိယာ ကျဉ်းရင်ဒီလိုလေးဆောက်အရမ်းသန့်

စျေးနှုန်းကုန်ကျစရိတ်လေးလဲ သက်သာစွာဆောက်လုပ်နိုင်ပါတယ် ခင်ဗျာ

Address

No. (29), 8th Street, Thiri Myine Quarters
Mawlamyine

Telephone

+959758670686

Website

Alerts

Be the first to know and let us send you an email when Shwe Kaung Thit Construction Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share