21/08/2024
Waterproofing ဆိုတာဘယ်နေရာမှာ သုံးတယ်ဆိုတာ အင်ဂျင်နီယာတော်တော်များများသိပြီးသားဆိုပေမယ့် အိမ်ရှင်တို့တွေလည်းသိထားလို့ရအောင်မျှဝေပေးပါရစေ။🤗
Waterproofingတွေကို ဥပမာ roof slab , water tank , other tanks , toilet , swimming pool , pits,bath room ,wet area of kitchen room တို့တွေမှာသုံးကြပါတယ်။🤗
ဒါကိုမှ သူ့နေရာအလိုက် သတ်မှတ်ထားတဲ့ method အလိုက် သုတ်ရတဲ့ အလွှာအရေအတွက်တွေလည်း ကွဲသွားပါသေးတယ်။✅
Roof ဆိုရင် base coast အပါအဝင် လေးလွှာလောက် သုတ်ရပါတယ်။
Step 1 ➡️ ဆေးမသုတ်ခင် preparation အနေနဲ့ water proofing သုတ်မဲ့နေရာကို သန့်ရှင်ရေးလုပ်ရပါတယ်။ပြီးရင် wall Conner နဲ့ slab တွေကို plaster ပုံစံ touch up တွေ လုပ်ပြီး အပေါက်တွေ အခွက်တွေမရှိအောင် အရင် လုပ်ရပါတယ်။ အဲ့ဒါတွေပြီးသွားရင်တော့စစ်ဖို့လိုတယ်။
Step 2 ➡️ preparation cement ခြောက်ပြီး နောက်တနေ့မှာတော့ ပထမအလွှာကို စသုတ်ရပါတယ်။ ပထမအလွှာပြီးတဲ့နောက်မှာ အနည်းဆုံး ၄၅မိနစ်
လောက်စောင့်ပြီးမှ ဒုတိယအလွှာကို ထပ်သုတ်ရပါတယ်။
Step 3 ➡️ ဒုတိယအလွှာတွေပြီးကုန်ပြီး ၊ဆေးတွေလည်းခြောက်ကုန်ရင်တော့ water pounding test လုပ်ရပါတော့မယ်။ ဒီလိုလုပ်ဖို့အတွက်ဆိုရင် water proofing လုပ်ထားတဲ့ အခန်းရဲ ့အပြင်ကနေပြီးတော့ကန်သဘောမျိုးလေး cement motor pond လေးလုပ်ထားပြီး ရေထည့်ထားရပါမယ်။ ပြီးရင်တော့အနည်းဆုံး ၂၄ နာရီထားပေးသင့်ပါတယ်။အာ့ဒါတွေပြီးကုန်ရင်water leaking test စစ်ဆေးရပါတယ်။ ဒီနေရာမှာရေစိမ့်တာတွေရှိရင် water proofing အဆင့်ဆင့် ပြန်လုပ်ပြီး ထပ်စစ်ရပါတယ်။ရေစိမ့်တာ တွေလည်း မတွေ့တော့ဘူးဆိုရင် water proofing အလုပ်ကအောင်မြင်တယ်တယ်လို့မှတ်ယူလို့ရပါတယ်။
Step 4 ➡️ water ponding test ပြီးလို့ pass လည်းဖြစ်တယ်ဆိုရင် water proofing area ကို cement protection လုပ်ထားရပါမယ်။
ဒီလောက်ဆိုရင် နားလည်မယ်လို့ထင်ပါတယ်ဗျ။🤗
ကဲ ဒီတော့ အိမ်လေးဆောက်တော့မယ်ဆိုရင် ရေယို ၊ ရေစိမ့်နေတာေတွမဖြစ်အောင် သေချာတိကျပြီးဆောက်လုပ်ပေးတဲ့ Constructionတွေကိုရွေးချယ်သင့်ပါတယ်။🤗