10/09/2022
" "
Site မှာ footing တွေ ကွန်ကရစ် လောင်းခါနီး သွားကြည့်တယ်။
တော်တော်များများက footing ကို Formwork မဆင်ပဲ မြေတူးထားတဲ့ ကျင်းထဲ သံချောင်းဆင်ပြီး ကွန်ကရစ် လောင်းချမယ် လုပ်တာ တွေ့ရတယ်။ ကျွန်တော်က footing ကို အသားနှင့် လေးဒေါင့်ပုံစံ Formwork ဆင်ပြီးမှ လောင်းဖို့ ပြောရတယ်။
မြေသားက ခြောက်သွေ့မာကြောလို့ တူးထားတာလဲ သပ်သပ်ရပ်ရပ် ရှိတယ်ဆို တော်သေးတယ်။ ရေတွေထွက် ရွံ့တွေဖြစ် မြေတွေပြိုလို့ တူးထားတဲ့ကျင်းက လေးထောင့်ပုံစံ မကျတာတောင် footing ကို formwork မပါပဲ လောင်းချင်ကြတယ်။
တခါတလေ လောင်းလိုက်တဲ့ footing pad က လေးဒေါင့်ပုံမဟုတ်တော့ပဲ ပန်းပွင့်ပုံတောင် ဖြစ်သွားမယ်။ အဲဒီမှာ footing formwork နှင့် ပတ်သက်ပြီး သေသေချာချာ ရှာဖတ်ကြည့်တယ်။
ACI 301 Specifications for structural Concrete for Buildings စာအုပ် Chapter 4 Formwork အခန်းမှာ Earth cuts shall not be used as forms for vertical surfaces, unless required or permitted လို့ဆိုထားပါတယ်။
တူးထားတဲ့မြေကြီးကို Formwork သဖွယ်လုပ်ပြီး ကွန်ကရစ်လောင်းလို့ မရပါတဲ့။ ဆိုးကျိုးတွေ ရှိလို့ နေမှာပေါ့။ ဒါပေမယ့် လိုအပ်လို့ သို့မဟုတ် ခွင့်ပြုရင် ဆိုတာလေးနှင့် ဟ ထားပေးတယ်။
အကြမ်းဖျင်းအားဖြင့် စဉ်းစားရင်တောင် ခြောက်သွေ့တဲ့ မြေကြီးဆို ကွန်ကရစ်က ရေကို စုပ်ယူတာနှင့်ကို water/cement ratio အောက်ပြီ။
ကျွန်တော်ကတော့ Footing pad တွေ ကွန်ကရစ်လောင်းရာမှာ Formwork တွေဆင်ပြီးမှ လောင်းဖို့ အမြဲတန်းပြောပါတယ်။ မြေတော့ နည်းနည်း ပိုကျယ်တူးရမှာပေါ့။
Special Credit to U Kyithar Myint.
=======================
" Formwork & Falsework "
***************************
Formwork ကိုတော့ သိတယ် Falsework ဆိုတာ ဘာလဲလို့ လာမေးတဲ့ လူရှိပါတယ်။
ရှင်းရှင်းပြောရရင် ကျွန်တော်တို့လဲ ဆောက်လုပ်ရေး လုပ်ငန်းတွေ စလုပ်ကထဲက Formwork ဆိုတဲ့ အသုံးအနူန်းနှင့် ရင်းနှီး ကျွမ်း၀င်ခဲ့ရပေမယ့် falsework ဆိုတဲ့ အသုံးအနူန်းနှင့် စတင်ထိတွေ့ရတာ သိပ်မကြာသေးပါဘူး။
Formwork နှင့် Falsework ဆိုတာ ဘာလဲ။
Formwork နှင့် Falsework ဆိုတာ တည်ဆောက်နေတဲ့ အဆောက်အုံရဲ့ တစ်စိပ်တစ်ပိုင်း သို့မဟုတ် အဆောက်အအုံ တခုလုံး ခိုင်မာတောင့်တင်းစွာ သူ့ဟာသူ မရပ်တည်နိုင်ခင် တည်ဆောက်စဉ် ကာလမှာ ယာယီ ပုံစံဆင် ထောက်မထားတဲ့ အစိပ်အပိုင်းတွေ ဖြစ်ပါတယ်။
Fromwork နှင့် Falsework အများစုဟာ ယာယီဆိုပေမယ့် တစ်ခါတလေမှာတော့ Permanent ဖြစ်သွားတဲ့ အစိပ်အပိုင်းတွေလဲ ရှိပါတယ်။
Formwork ဆိုတာက ကွန်ကရစ်လုပ်ငန်းများ တည်ဆောက်ချိန်မှာ သွန်းလောင်းလိုက်တဲ့အခါ ရချင်တဲ့ ကွန်ကရစ်အစိပ်အပိုင်းရဲ့ ပုံစံအတိုင်း ယာယီ ပုံစံဆင်တည်ဆောက်ထားတဲ့ မျက်နှာပြင်အခင်းတွေ၊ ထောက်တိုင်တွေ၊ ဘောင်တွေ စသဖြင့်ဖြစ်ပါတယ်။
အဲဒီ ယာယီပုံစံဆင်ထားတဲ့ formwork နှင့် falsework တွေက သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်အစိပ်အပိုင်း သူ့ဟာသူ တောင့်တင်းခိုင်မာစွာ မရပ်တည်နိုင်ခင် အန္တရာယ်ကင်းစွာ ထောက်မထားမှာ ဖြစ်ပါတယ်။
Formwork မှာပါ၀င်တာတွေက ကွန်ကရစ်သွန်းလောင်းထားတဲ့ Form ပုံစံခွက်၊ အဲဒီ ပုံစံခွက်နှင့် ကွန်ကရစ်တွေကို ထောက်မထားတဲ့ Support ထောက်တွေ၊ အဲဒီထောက်တွေကို တည်ငြိမ်စွာ ချုပ်နှောင်ထားမယ့် Bracing တန်းတွေ ဖြစ်ပါတယ်။ လိုအပ်ပါက ယာယီဖောင်ဒေးရှင်းတွေ ပါပါမယ်။ အဲဒါတွေ အားလုံးကို စုပေါင်းပြီး formwork assembly လို့ ခေါ်ပါတယ်။
အဲဒီ Formwork assembly ထဲက ပုံစံခွက် Formwork ကို ယာယီ ထောက်မ၊ ချုပ်နှောင်၊ ထမ်းမထားတဲ့ Support တွေ Bracing တွေ Foundation တွေကို Falsework လို့ခေါ်ပါတယ်။ အကြမ်းအားဖြင့် ပုံစံဆင်အစိပ်အပိုင်းတွေကို Formwork လို့ခေါ်ပြီး ပုံစံဆင်အစိပ်အပိုင်းတွေကို ထောက်မထားတာတွေကို falsework လို့ခေါ်ပါမယ်။
Formwork and Falsework နှင့် ပတ်သက်ပြီး နိုင်ငံတကာ ဆောက်လုပ်ရေး အင်ဂျင်နီယာပညာရပ် နယ်ပယ်မှာ မတူညီ ကွဲပြားတာလေး တွေတော့ ရှိပါတယ်။ ဥပမာအားဖြင့် ACI က Falsework ကို Formwork ထဲထည့်ထားပေမယ့် CDOT က Formwork နှင့် Falsework ကို Separate လို့ ပြောပါတယ်။
အဲဒါကြောင့် International Construction လို နိုင်ငံတကာ ဆောက်လုပ်ရေးလုပ်ငန်း မဂ္ဂဇင်းတွေမှာ Formwork and Falsework Section ဆိုပြီး ပူးတွဲဖေါ်ပြပါတယ်။
နိုင်ငံတကာက ဆောက်လုပ်ရေး လုပ်ငန်းကြီးတွေမှာ တည်ဆောက်တဲ့ အဆောက်အအုံကြီးတွေရဲ ့ Formwork နှင့် Falsework လုပ်ငန်းကို construction Structure တစ်ခုအနေနှင့် စဉ်းစားပြီး သေသေချာချာ structural analysis လုပ် တွက်ချက်ပုံစံထုတ် တည်ဆောက်ပါတယ်။
ဒီနေရာမှာ Formwork နှင့် Falsework ကို Scaffolding ငြမ်းနှင့် ရောထွေးတတ်ကြပါတယ်။ ငြမ်းဆိုတာက ဆောက်လုပ်ရေး လုပ်ငန်းခွင်မှာ လုပ်သားတွေ ပစ္စည်းတွေ သွားလာသယ်ယူ အလုပ်လုပ်နိုင်အောင် ယာယီတည်ဆောက်ထားတဲ့ တိုင်တွေ၊ စင်တွေ၊ လျှောက်လမ်းတွေ ဖြစ်ပါတယ်။
Special Credit to U Kyithar Myint.
=======================
" "
***************************
အဆောက်အဦး၊ အစိတ်အပိုင်းအလိုက်၊formwork ၅ - မျိုးရှိပါသည်။
၎င်းတို့မှာ_
1. Foundation Formwork
2. Wall Formwork
3. Ceiling Formwork
4. Beam Formwork, and
5. Column Formwork တို့၊
ဖြစ်ကြပါသည်။
များသောအားဖြင့်၊ မြေအောက် Foundation Formwork ကို၊ အုတ်ဖြင့်၊ တကြိမ်သုံး ပြုလုပ်ကြပြီး၊ pile cap ကဲ့သို့၊ မြေပေါ် Foundation Formwork ကို၊ ပြန်လည်အသုံးပြုနိုင်သော ပစ္စည်းများဖြင့် ပြုလုပ်ကြပါသည်။
1. (fast)
***********************
တထပ်တိုင်း တထပ်တိုင်းအတွက်၊ မြန်-ကောင်း-သက်သာ၊ စံနှုန်း တခုကိုယူကာ၊ တည်ဆောက်ချိန်ကို၊
4 days cycle
8 days cycle နှင့်
15 days cycle ဆိုပြီး၊
Formwork များကို၊ ဖြစ်အောင်၊ တွက်ချက်ရပါသည်။
2. (cheap)
****************************
Project period ပေါ်မူတည်ပြီး၊ တထပ်လျင်၊ one operation ပြုလုပ်မည်။ သို့မဟုတ်၊ two operation ပြု လုပ်မည်ကို၊ ဆုံးဖြတ်ကာ၊ ရင်းနှီးမတည်ရမည့်၊ Formwork တန်ဘိုး၊ cost ကို၊ တွက်ယူရပါသည်။
အဆိုပါ ရင်းနှီးမတည်ထားသော၊ formwork များသည်၊ condominium များတွင်၊ ၁၅ ထပ်ရှိက၊ ၁၅ထပ်လုံးအတွက်၊ အဆင်ပြေချောမွေ့စွာ၊ အသုံးပြု နိုင်အောင်၊ Formwork panel size တွက်ချက်သတ်မှတ်ခြင်းကို၊ ဟု၊ ခေါ်ဆိုပါသည်။
3.
************
Formwork ကို၊ ဖြုတ်လို့တပ်လို့ လွယ်ကူအောင် Design ရေးဆွဲခြင်း၊ Concrete သားမျက်နှာပြင် ကောင်းကောင်းရရှိစေသော material ကိုရွေးချယ်ခြင်း၊ ကြံ့ခိုင်အောင် စီမံခြင်းတို့ဖြင့် quality ကို ရယူပါသည်။
4. #မနောကံနဲ့၊ #ကာယကံ။
***********************
4.1 formwork ဟူသည်၊ သွန်းလောင်းထားသော ကွန်ကရစ်၊ မာသွားသောအခါ၊ ပြန်ခွာရသည်ဟု၊ Formwork တပ်ဆင် ကတည်းက၊ စိတ်ဝယ်မှတ်သား လျှက်လည်းကောင်း။
4.2 Formwork ကို၊ လိုအပ်သလောက်သာ၊ တောင့်တင်းကြံ့ခိုင်အောင်၊ ဆောင်ရွက်ရသည်ဟု၊ စိတ်ဝယ် မှတ်သား လျှက်လည်းကောင်း။
a. သံတေကို၊ အများကြီးမရိုက်ပါနဲ့။ - Do not drive in too many nails.
b. လိုအပ်ချက်ကို၊ ပြည့်မှီအောင်၊ သတ်၊ ဒေါက်၊ bolt၊ ချုပ်တန်းများကိုထည့်ပါ။
b. Formwork ဆင်သောအချိန်တွင်၊ ဖြုတ်သောအခါ၊ ဘယ်ဟာကို၊ အရင်ဖြုတ်မလဲလို့၊ သတ်မှတ်ပြီး၊ ၎င်းကို ဆေးနီ သုတ်ထားပါ။
- Use only as many timbers, braces, tie wires, etc. as necessary.
- Consider, which board, panel or squared timber is to be stripped first, to fix them so as to permit easy removal in the proper sequence.
5. of
***********************************
Horizontal formwork ဆိုသည်မှာ၊ ceiling ဟုခေါ်သော၊ slab သွန်းလောင်းရန်၊ ပြုလုပ်ထားသော၊ Formwork နှင့်၊ Beam သွန်းလောင်းရန် ပြုလုပ်ထားသော၊ အောက်ခံဧရာပြားကို၊ ခေါ်ဆိုပါသည်။ အဆိုပါ horizontal formwork များပေါ်သို့၊ သက်ရောက်သော၊ Vertical load များမှာ _
5.1. the concrete mix weight in the specified height -
သွန်းလောင်းသောအမြင့်မှ၊ သွန်ကျလာသော၊ ကွန်ကရစ်က၊ သက်ရောက်သော အား-အလေးချိန်။
( w=mgh, gravitational work, or potential energy)
5.2. reinforcements - rebar များ။
5.3. concrete cones on the concrete pouring spot - ကွန်ကရစ်ပုံ။
5.4. concrete pouring impact on the formwork -
ကွန်ကရစ် ပန့်က တွန်းမှုတ်လိုက်သော အားကြောင့်၊ ကွန်ကရစ်က formwork ကို၊ ရိုက်ခတ်သောအား= impact force = 1/2 mv square per h, v = pump velocity ။
5.5. persons and working tools -
လုပ်သားများနှင့်လက်သုံးကိရိယာများ။
5.6. Dead load of the Formwork -
ပုံစံခွက်၏ own weight
6.
*********************
ကွန်ကရစ်မသွန်းလောင်မီ၊ formwork သည်၊ သန့်ရှင်းနေရမည်ဖြစ်ပြီး၊ သန့်ရှင်းမှု ရှိမရှိကိုလည်း၊ စစ်ဆေး နေရမည်ဖြစ်ပါသည်။ Column Formwork များ၊ wall formwork များ၊ တည်ဆောက်သောအခါ၊ အောက်ချေတွင်၊ Cleaning hole ကို၊ တပ်ဆင်ထားရှိရပါမည်။ concrete ၏၊ pressure သည်၊ အဆိုပါ formwork များ၏၊ အောက်ချေ နေရာတွင်၊ အများဆုံးဖြစ်သောကြောင့်၊ သန့်ရှင်းရေး ဆောင်ရွက်ပြီးသောအခါ၊ အဆိုပါ အပေါက်များကို၊ ကြပ်နေအောင် ပြန်ပိတ်ထားဘို့ လိုပါသည်။
7. #မလောင်းခင်ရေဖြန်းခြင်း။
***********************
ကွန်ကရစ်သွန်း လောင်းကာနီးတွင်၊ ကွန်ကရစ်သားနှင့်၊ ထိတွေ့မည့် Formwork ၏၊ မျက်နှာပြင်ကို၊ ရေဖြန်းပေး ခြင်းအားဖြင့်၊ Formwork သည် ကွန်ကရစ်အစိုအတွင်းမှရေကို၊ စုတ်ယူမှုနဲသွားစေသည့်အပြင်၊ ပုံစံခွက်ခွာသည့်၊ အချိန်တွင်လည်း၊ ပုံစံခွက်နှင့် ကွန်ကရစ်သား၊ စွဲကပ်နေတာမျိုး၊ မဖြစ်တော့သောကြောင့်၊ ပုံစံခွက်ခွာရတာ၊ လွယ်ကူသွားကာ၊ ထောင့်စွန်းများကျိုးပဲ့ခြင်းသည်လည်း၊ မဖြစ်ပေါ်တော့ပါ။
8.
***************************
Formwork ခွာတဲ့အခါ၊ ဝုန်းကနဲ၊ ပြိုကျစေမဲ့ဒေါက်ကို၊ နောက်ဆုံးမှ၊ ခွာပါ။
Emergency columns are the last to be removed.
9.
*********
Formwork ခွာပြီးတဲ့အခါ၊ သံအားလုံးကိုနှုတ်၍၊ သန့်ရှင်းရေးပြု လုပ်ပြီး၊ စီထပ်ထားပါ။
Special Credit to U Kyawlwin Htun.
=======================
" "
**********************
အဆောက်အဦးများကို RC (Reinforced Concrete) သံကူကွန်ကရစ်ဖြင့် အများဆုံး ဆောက်ကြသည်။
သံက ဆန့်အား (tensile force) ကို ခံနိုင်သည်။ ကွန်ကရစ်က ဖိအား (compressive force) ကို ခံနိုင်သည်။ ထို့ကြောင့် ဖိအားရော ၊ ဆန့်အားပါ ခံနိုင်စေရန် သံနှင့် ကွန်ကရစ်ကို တွဲသုံးခြင်းဖြစ်သည်။
ကွန်ကရစ်လောင်းသည့်အခါ သံချောင်းများကို ကွန်ကရစ်ထဲတွင် မြုပ်ပြီး လောင်းသည်။ ထို့ကြောင့် Formwork ဆင်ပြီးသွားသည်နှင့် အားဖြည့်သံချောင်းများကို အင်ဂျင်နီယာက တွက်ချက် ပေးထားသော Design အတိုင်းဆင်ရပါသည်။
အရပ်အခေါ် အားဖြည့်သံချောင်းများကို Rebar ဟု ခေါ်သည်။ Reinforced Bar ကို Rebar ဟု အတိုကောက် ခေါ်ခြင်းဖြစ်သည်။
ကွန်ကရစ်လောင်းသည့် အဆောက်အဦ မှန်သမျှ Formwork ရိုက်ရပါသည်။ Formwork ရိုက်ရာတွင် အထပ်သား နှင့် ၃”x ၂” , ၄” x ၂” သစ်သားများကို သုံးပါသည်။ Formwork ကို ထောက်ပေးထားသည့် ငြမ်းစင်ကိုမူ သစ်သားဖြင့် သုံးသလို သတ္တု (သံ ၊ ဒန်) များဖြင့်လည်း သုံးတတ်ကြပါသေးသည်။
Formwork = အဆောက်အဦ တခုဆောက်လုပ်ခြင်း၌ ကွန်ကရစ် လောင်းရာတွင် လိုအပ်သော ပုံသဏ္ဍန် ရစေရန် သစ်သားများဖြင့် ဆင်ထားသော ပုံလောင်းခွက်
ကြမ်းခင်းလောင်းရန်အတွက် Table Form ,
တိုင်လောင်းရန်အတွက် Column Form ,
ဓာတ်လှေခါး နံရံများလောင်းရန်အတွက် Jump Form ,
နံရံများ လောင်းရန်အတွက် Wall Form များကိုသုံးကြပါသည်။
Formwork ကို ထောက်ပေးထားသော အောက်ဘက်မှ ငြမ်းစင်ကို False Work or Shoring ဟု ခေါ်ပါသည်။
Credit to Lwin Mar.
=======================
" "
************************
တိုင် (ကော်လံ - Column) များကို ကွန်ကရစ်လောင်းရန် Column Formwork ကိုသုံးသည်။
ဤ Column Formwork အတွက် အဆင်သင့်ဆင်ထားသော System Fromwork များကို သုံးနိုင်ပါသည်။
ထိုသို့သုံးခြင်းဖြင့် အချိန်ကုန်သက်သာပါသည်။ ပစ္စည်းအပျက်အစီးလည်း နည်းပါသည်။
Column Fromwork များတွင် သစ်သားပြားများကို ထိန်းထားမည့် Waller များ ၊ Form များကို တခုနှင့် တခု ချုပ်ပေးထားရန် နှင့် လိုအပ်သော တိုင်အထူကို ရအောင် ချဲ့ထားပေးမည့် ချုပ်တန်းများ (Tie Rod) ၊ Fromwork လဲပြိုမသွားအောင် ထိန်းထားမည့်ဒေါက်များ (Brace and Struts) စသည်တို့ပါဝင်ပါသည်။
Credit to Lwin Mar.
======================
ကွန်ကရစ်လောင်းရာမှာ အခြေခံ (၁၂) ချက်မှ တတိယမြောက် အချက်
(3) Formwork preparation
Prepare a form - ပုံစံခွက်၊ ပြုလုပ်တပ်ဆင်ခြင်း
A well-built form - ကောင်းစွာ တည်ဆောက်ထားသော၊ ပုံစံခွက်သည်၊ (ပုံ စံ ခွက် ကောင်း တ ခု သည်) concrete အသားကောင်းကောင်းကို၊ ရရှိစေပါသည်။
ပုံစံခွက်ကောင်းတခုသည်၊ အတိုင်းအထွာ- ထောင့် (ထောင့်ကျဉ်း ထောင်ကျယ်၊ ထောင့်မှန်) မှန်ကန်ရမည် ဖြစ်သကဲ့သို့၊ အနိမ့်အ မြင့် level လည်း၊ မှန်ကန်ဘို့ လိုအပ်ပါသည်။
အတိုင်းအတာ မှန်ကန်အောင် မှန်ကန်သော ပေကြိုးကိုလည်းကောင်း ထောင့်ကျဉ်း ထောင့်ကျယ် မဖြစ်ရလေအောင် diagonal method ကို လည်းကောင်း၊ အနိမ့်အမြင့် မှန်ကန်အာင် ပေကြိုးကိုလည်းကောင်း အတိန်းအစောင်း မဖြစ်အောင် ချိန်သီး ရေချိန်ပိုက် ပန်းရံရေချိန် တို့ကို လည်းကောင်း၊ အသုံးပြုရမည် ဖြစ်ပါသည်။
လူတွေဟာ အသက်ရှူနေကြသည့်အတွက်၊ တမတ် တမူး 1/4" - 1/8" မှားယွင်းမှုကိုတော့ ခွင့်ပြုရမည်သာဖြစ်ပါသည်။
MT Construction Group
#ဆောက်လုပ်ရေးဝန်ဆောင်မှု့