YOMA YEZIN Co. Ltd.

YOMA YEZIN Co. Ltd. Move on

ဝင်ငွေတိုးလို့အေးချမ်းပါစေ
17/12/2025

ဝင်ငွေတိုးလို့
အေးချမ်းပါစေ

လန်းဆန်းကြပါစေ
04/10/2025

လန်းဆန်းကြပါစေ

Hybrid corn (HP909)
02/08/2025

Hybrid corn
(HP909)

ပြောင်းချို
14/02/2025

ပြောင်းချို

26/08/2024

မိတ်ဖက်အပင် “ညီအစ်မသုံးဖော်“

ရာသီဥတု ပြောင်းလဲလာမှုနဲ့အတူ သီးနှံများ စိုက်ပျိုးထုတ်လုပ်ရာမှာ မသေချာ၊ မရေရာမှုများနဲ့ ကြုံတွေ့နေကြရပါတယ်။ သတ်မှတ်ထားတဲ့ သီးနှံများကို တိုးတက် ထုတ်လုပ်ပေးနိုင်ဖို့နဲ့ လုပ်ငန်းများ လွယ်ကူစွာ ဆောင်ရွက်စေနိုင်ဖို့ “သီးနှံတစ်မျိုးတည်း သီးသန့်စိုက်
စနစ်“ (Monoculture) အဖြစ် သီးနံှမျိုး တစ်မျိုးကို တစ်ကွင်းတစ်စပ်တည်း စိုက်ပျိုးကြတဲ့ “စက်မှုစိုက်ပျိုးရေး“ (Industrial Agriculture) စနစ်ကို ကျင့်သုံးလာခဲ့ကြပါတယ်။

ထိုစနစ်မှာ မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပျိုခြင်း၊ ပိုးနဲ့ ရောဂါများ ကျရောက်ဖျက်ဆီးခြင်း စ
တဲ့ ဇီဝနဲ့အဇီဝဘေး အန္တရာယ်များ ကျရောက်ခဲ့သော် စိုက်ခင်းအားလုံး ပျက်စီးဆုံးရှုံးစေနိုင်ပါတယ်။ ယခုအခါ လေထုတွင်း မှန်လုံအိမ်ဓာတ်ငွေ့များ တိုးတက်များပြားလာမှုကြောင့် အပူချိန်မြင့်တက်လာနေပြီး ကမ္ဘာကြီးပိုမိုပူနွေးလာနေပါတယ်။ သို့အတွက် ရာသီဥတုဟာလည်း ပြောင်းလဲလာနေကာ ဒေသအလိုက် မိုးခေါင်ခြင်း၊ ရေကြီးခြင်း၊ မြေပျိုခြင်း၊ မုန်တိုင်းများကျရောက်ခြင်း စတဲ့ သဘာဝအဇီဝဘေး အန္တရာယ်များ နှစ်စဉ် တိုးတက်ဖြစ်ပေါ်နေပြီး သီးနှံများ ပျက်စီးဆုံးရှုံးကြတာကို တွေ့ရပါတယ်။

ထို့အတူ ပိုးနဲ့ရောဂါများ ကျရောက်ဖျက်ဆီးမှု စတဲ့ ဇီဝဖိစီးမှု များကြောင့်လည်း သီးနှံများ ပျက်စီး ဆုံးရှုံးနေကြရပါတယ်။ ထို့ကြောင့် လက်ရှိကျင့်သံုံးနေကြတဲ့စိုက်ပျိုးနည်း စနစ်များအစား ပြောင်းလဲလာနေတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေရှိနိုင်စေဖို့ သက်လျင်မျိုးများ မွေးမြူထုတ်လုပ်ပေးခြင်း၊ စိုက်ချိန်ပြောင်းလဲ စိုက်ပျိုးခြင်း၊ ထွန်ရေးမဲ့ သို့မဟုတ် အနည်းဆုံး ထွန်ရေးနဲ့ စိုက်ပျိုးခြင်း၊ သီးနှံသစ်တော ရောနှော စိုက်ပျိုးခြင်းစတဲ့ ဒေသအလိုက် ကိုက်ညီမယ့် စိုက်ပျိုး နည်းစနစ်များကို ပြောင်းလဲ ကျင့်သုံးလာကြတာကို တွေ့ရပါတယ်။

ပြောင်းလဲလာတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေရှိစေမယ့် စိုက်ပျိုး နည်းစနစ်များထဲမှာ သီးနှံနှစ်မျိုး သို့မဟုတ် သုံးမျိုးကို အတူတွဲဖက် စိုက်ပျိုးပေးတဲ့ သီးညှပ်စိုက်ခြင်း သို့မဟုတ် သီးရောစိုက်ခြင်းလို့လည်းခေါ်ကြတဲ့ “မိတ်ဖက် စိုက်ပျိုးရေးစနစ်“ (Companionfarming system) လည်း တစ်ခုပါဝင်ပါတယ်။ ပြောင်းလဲနေတဲ့ ရာသီဥတုအောက်မှာ သီးနှံတစ်မျိုးတည်းကိုသာ စိုက်ပျိုးပါကဖောက်ပြန်မှု တစ်ခုခုနဲ့ ကြုံတွေ့ရသော် သီးနှံပျက်စီးဆုံးရှုံးစေကာ တောင်သူများအတွက် များစွာထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။

မြေကွက် တစ်ခုပေါ်မှာ သီးနှံတစ်မျိုးတည်း သာမကဘဲ တခြားသင့်တော်ရာ သီးနှံများကို တွဲဖက်စိုက်ပျိုးထားသော် ရာသီဥတု ဖောက်ပြန်မှုကြောင့်ဖြစ်စေ တခြားဘေးအန္တရာယ်ကျရောက်၍ဖြစ်စေ၊ သီးနှံတစ်ခု ပျက်စီးဆုံးရှုံးသွားသည့်တိုင် ကျန်တဲ့သီးနှံမှ ထိုက်သင့်တဲ့ သီး
ထွက်ရရှိစေကာ တောင်သူအတွက် ဆုံးရှုံးမှုရဲ့ တစ်စိတ်တစ်ပိုင်းကို ကာမိစေနိုင်မှာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာလည်း မြေကွက်တစ်ခုပေါ်မှာ သီးနှံနှစ်မျိုး သို့မဟုတ် သုံးမျိုးကို အတူတွဲဖက် စိုက်ပျိုးနည်းစနစ်ကို လုပ်ကွက်ငယ်တောင်သူများနဲ့ အပူပိုင်း မိုးနည်းရေရှားဒေသက တောင်သူများ ရှေးကာလကတည်းကပင် ကျင့်သုံးဆောင်ရွက်နေခဲ့ကြတာကို တွေ့ရပါတယ်။
ယာသီးနှံများကို စိုက်ပျိုးကြရာမှာ အဓိက စိုက်ပျိုးတဲ့ သီးနှံကြား တခြားသီးနှံကို စိုက်ပျိုးပေးကြတဲ့ သီးညှပ်စနစ် ဖြစ်ပါတယ်။ ဥပမာ -ဝါသီးနှံကြား ပဲစင်းငုံညှပ်မှု၊ မြေပဲကြား ပဲစင်းငုံညှပ်မှု၊ မြေပဲကြား၊ နှံစားပြောင်းညှပ်မှု၊ ဝါနဲ့ ပဲတီစိမ်းညှပ်မှု၊ ပဲနဲ့ နေကြာညှပ်မှု စသည်တို့ဟာ တောင်သူများ ကျင့်သုံးနေတဲ့ စနစ်ဖြစ်ပါတယ်။ အပင်ပေါက်မစုံတဲ့ ဝါတန်းမှာ နှမ်းဖြင့်ဖာခြင်း၊ ပဲတီစိမ်းနဲ့ နှမ်းရော စိုက်ခြင်းများလည်း ရှိပါတယ်။ အဓိက စိုက်ပျိုးထားတဲ့ သီးနှံရဲ့ယာကန်သင်းမှာ ဆတ်၊ ကဆစ်ပင် စသည်တို့ စိုက်ခြင်းများကိုလည်း တွေ့ရပါတယ်။

အညာဒေသ ယာစိုက်ခင်းများမှာ သီးနှံ တစ်မျိုးထက်မက တွဲဖက်စိုက်ပျိုးနေကြတာကို တွေ့ကြရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအလယ်ပိုင်းဒေသများနဲ့ ရှမ်းပြည်နယ်ဒေသများမှာ စိုက်ခင်းမြေမှာ သီးနှံတစ်မျိုး သာမကဘဲ အတူစိုက်ပျိုးတဲ့စနစ်မှာ အခြေအနေ တစ်ခုခုကြောင့်
သီးနှံတစ်မျိုး ဆုံးရှုံးခဲ့သော် ကျန်တဲ့သီးနှံမှ ဝင်ငွေရရှိနိုင်ရေးအတွက် အဓိကထား စိုက်ပျိုးကြတာ ဖြစ်သော်လည်း တခြား ကောင်းကျိုးများကိုလည်း ရရှိနိုင်ပါသေးတယ်။ မိတ်ဖက် စိုက်ပျိုးရေး စနစ်ဆိုသည်မှာ သီးနှံမျိုးတစ်မျိုးကို တခြား သီးနှံတစ်မျိုး အနည်းမှာ အပင်ကြီး
ထွားဖွံ့ဖြိုးမှု ကောင်းစေရန်၊ အနံ့၊ အရသာပိုရှိလာစေရန် စတဲ့ရည်ရွယ် ချက်တစ်ခုခုနဲ့ စိုက်ပျိုးတာကို ခေါ်တာဖြစ်ပါတယ်။

သီးနှံနှစ်မျိုးသို့မဟုတ် သုံးမျိုးကို အတူစိုက်ပျိုးခဲ့ရာမှ တိုက်ဆိုင်မှုအဖြစ် မိတ်ဖက်စိုက်ပျိုးမှုမျိုး ဖြစ်လာစေတာကိုလည်းတွေ့ရပါတယ်။ လွယ်ကူရိုးရှင်းတဲ့ နည်းပညာများ ပျံ့နှံ့ဖို့လိုနေပြီဆိုတဲ့ ဆောင်းပါးမှာ ရေးသားခဲ့တဲ့အတိုင်း လုပ်ကွက်ငယ် တောင်သူများအနေနဲ့ ရှိနေတဲ့ မြေယာကို ပိုမိုအကျိုးရှိစွာ အသုံးချရေး၊ ဝင်ငွေပိုမိုရရှိစေရေး၊ သီးနှံတစ်မျိုး ပျက်စီးဆုံးရှုံးခဲ့သော် ကျန်သီးနှံများမှ ဝင်ငွေရရှိစေရေးစတဲ့ ရည်ရွယ်ချက်များနဲ့ စိုက်ပျိုးကြတာ ဖြစ်ပါတယ်။

တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မှာ ကျင့်သုံးနေတဲ့၊ စပါးပြီး ချင်ပေါင်၊ မတ်ပဲနဲ့နှမ်းသီးနှံသုံးမျိုးကို အတူတွဲဖက် စိုက်ပျိုးအောင်မြင်နေမှုဟာလည်း မိတ်ဖက် စိုက်ပျိုးနည်းစနစ်မှာ ထည့်သွင်းနိုင်မယ်ထင်ပါတယ်။ ရည်ရွယ်ချက်များပေါ် မူတည်ကာ မိတ်ဖက်
စိုက်ပျိုးနိုင်ကြတဲ့ အပင်များစွာ ရှိကြပါတယ်။ အပင်တစ်မျိုးက အတူစိုက်ပျိုးထားတဲ့ တခြားအပင်အပေါ် အကျိုးတစ်ခုခုပြုပေးနိုင်ရန်ရည်ရွယ် စိုက်ပျိုးကြသကဲ့သို့ အပြန်အလှန် အကျိုးပြုစေနိုင်ဖို့အတွက်လည်း စိုက်ပျိုးကြတာ ရှိပါတယ်။

ယခု တင်ပြလိုတဲ့ မိတ်ဖက်စိုက်ပျိုး နည်းစနစ်မှာ အမေရိကတိုက်မှာ မူရင်းနေထိုင်ခဲ့ကြတဲ့ ဌာနေဒေသခံ တိုင်းရင်းသားများရဲ့ ရှေးခေတ်ကတည်းက ကျင့်သုံးလာခဲ့တဲ့ မိတ်ဖက်စိုက်ပျိုးနည်း ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်း၊ ဗိုလ်စားပဲနဲ့ ရွှေဖရုံမျိုးများဟာ အမေရိကတိုက်ဌာနေ တိုင်းရင်းသားများကလွန်ခဲ့သော နှစ်ပေါင်း ၅၀၀၀ ကျော်ကတည်းကပင် မျိုးယဉ်ဖြစ်စေရန် စတင်စိုက်ပျိုး မွေးမြူခဲ့ကြတဲ့ သီးနှံမျိုးများဖြစ်ကြောင်း သိရပါတယ်။

ထိုသီးနှံသုံးမျိုးကို တစ်နေရာတည်းမှာ အတူစိုက်ပျိုးကြခြင်းကို “ညီအစ်မသုံးဖော်“ လို့ အမေရိကန်ဌာနေ တိုင်းရင်းသားများက ခေါ်ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းဟာ အပင်ရှည်ထွက် ကြီးထွားတဲ့ မြက်မျိုးဝင်အပင် ဖြစ်ပါတယ်။ ဗိုလ်စားပဲပင်က လေထဲမှာရှိနေ
တဲ့ နိုက်ထရိုဂျင်ဓာတ်ကို ဖမ်းယူပေးပါတယ်။

ရွှေဖရုံပင်ကတော့ မြေပေါ်မှာဖြန့်ပြီး ကြီးထွားတဲ့ အပင်ဖြစ်ပါတယ်။ ဒီအပင်သုံးမျိုးကို အတူ စိုက်ပျိုးပေးခြင်းဖြင့် သင့်တင့်ကိုက်ညီတဲ့ပတ်ဝန်းကျင်အဖြစ် ဖန်တီးပေးမှုနဲ့အတူ အချင်းချင်း အကျိုးပြုစေနိုင်ကြောင်း ဆယ်စုများစွာ ကတည်းကပင် သုတေသီများ လေ့လာသိရှိခဲ့ကြတာကို တွေ့ရပါတယ်။ သီးနှံသုံးမျိုးကို စတင်ကာ အတူတွဲဖက် စိုက်ပျိုးခဲ့တဲ့ ကာလကိုမူ တိကျစွာမသိပါ။ သီးနှံသုံးမျိုးရဲ့ မူလမျိုးရိုင်းများကို မျိုးယဉ်ဖြစ်လာစေရန် စတင်မွေးမြူ စိုက်ပျိုးခဲ့ကြတဲ့ သမိုင်းနောက်ခံနဲ့ ကာလများ မတူညီကြပါ။ ပဲကို အမေရိကတိုက်တောင်ပိုင်း တိုင်းရင်းသားများက ရှေးနှစ်ပေါင်း ၁၀၀၀၀ ခန့်က မွေးမြူ စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။

ရွှေဖရုံကိုလည်း ထိုကာလခန့်မှာပင်အမေရိကတိုက် အလယ်ပိုင်း တိုင်းရင်းသားများက မျိုးယဉ်ဖြစ်လာစေရန် စတင်မွေးမြူ စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ သို့သော် ပဲသီးနှံ
ဟာ အမေရိကတိုက် အလယ်ပိုင်းသို့ ရှေးနှစ်ပေါင်း ၇၀၀၀ ခန့်မှသာ ရောက်ရှိလာခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။ အစေ့ထုတ်ပြောင်းမှာမူမျိုးယဉ်ဖြစ်လာစေရန် နောက်ဆုံးမွေးမြူ စိုက်ပျိုးခဲ့တဲ့ သီးနှံဖြစ်တယ်လို့ သိရပါတယ်။ သီးနှံသုံးမျိုးကို အတူသီးညှပ်အဖြစ် စိုက်ပျိုးမှုကို
ခရစ်သက္ကရာဇ် ၁၃၀၀ ထိလာရောက် အခြေချကြတဲ့ ဥရောပ တိုက်သားများ မသိရှိသေးကြောင်း၊ ထိုကာလမှာ မြောက်အမေရိကတိုက်မှာ အစေ့ထုတ်ပြောင်းနဲ့ ရွှေဖရုံကို စိုက်ပျိုး စားသုံးနေကြသော်လည်း ဗိုလ်စားပဲကိုမူ မှတ်တမ်းတင်ထားမှု မရှိခဲ့ကြောင်း ဆိုပါတယ်။

သို့သော် ၁၅ ရာစုမှာ သီးနှံသုံးမျိုး အတူတွဲဖက် စိုက်ပျိုးမှုကို ဆောင်ရွက်နေကြပြီဖြစ်ကြောင်း သိရပါတယ်။ အမေရိကတိုက်ရှိ ဌာနေတိုင်းရင်းသားများရဲ့ သီးနှံသုံးမျိုးကို မိတ်ဖက်အဖြစ် စိုက်ပျိုးခဲ့တဲ့ နည်းစနစ်မှာ စိုက်ကျင်းတူးပြီးနောက် သီးနှံတစ်မျိုးစီမှ မျိုးစေ့တစ်စေ့ကို ကျင်းထဲမှာ အတူထည့်ပေးပြီး စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ အစေ့ထုတ်ပြောင်းမျိုးစေ့မှ ပထမအပင်ပေါက်လာကာ ရှည်ထွက်ကြီးထွားလာပြီးနောက်ပင်စည်ဟာ နောက်မှ အပင်ပေါက်လာတဲ့ ဗိုလ်စားပဲပင် တွယ်တက်ကြီးထွားလာစေရန် အမှီတိုင်အဖြစ် ထောက်ကူပေးပါတယ်။ ပဲပင်ဟာ အစေ့ထုတ်ပြောင်းပင်ပေါ် တွယ်တက်ပြီး နေရောင်ကိုရယူနိုင်တာ ဖြစ်ပါတယ်။ ရွှေဖရုံပင်
ကတော့ အပင်ပေါက်လာပြီးနောက် မြေပြင်ပေါ်မှာ ဖြန့်ကြက် ကြီးထွားလာကာ အစေ့ထုတ်ပြောင်းနဲ့ ဗိုလ်စား ပဲပင်အရိပ်အောက်မှာရှင်သန်ကြီးထွားနေပါတယ်။

မြေပေါ်မှာ ဖြန့်ကြက်နေတဲ့အတွက် မြေမှာ တခြားသောပေါင်းပင်များ မပေါက်နိုင်စေရန် ကာကွယ်ပေးပါတယ်။ ယခုအခါ ပြောင်းလဲလာနေတဲ့ ရာသီဥတုအပေါ် ကြံ့ကြံ့ခံနိုင်စေရန် သီးနှံ တစ်မျိုးတည်းအစား သီးနှံမျိုးစုံစိုက်ပျိုးခြင်းဖြင့် သီးနှံတစ်မျိုး ပျက်စီးဆုံးရှုံးခဲ့သော် ကျန်သီးနှံများမှ ထိုက်သင့်တဲ့ ဝင်ငွေရရှိစေမှာဖြစ်ကြောင်း ထောက်ခံအကြံပြုကြပါတယ်။

လုပ်ကွက်ငယ်တောင်သူများအတွက်လည်း ရှိတဲ့ စိုက်ပျိုးမြေပေါ်မှာ သီးနှံနှစ်မျိုးမှ အထက် ပူးတွဲစိုက်ပျိုးကြခြင်းဖြင့် သီးနှံအထွက်တိုးတက်ရရှိစေကာဝင်ငွေ တိုးတက်ရရှိစေနိုင်မှာ ဖြစ်သကဲ့သို့ မြေကိုလည်း အကျိုးရှိစွာ အသုံးချပြီးလည်း ဖြစ်စေပါတယ်။ ရှေးကာလကတည်းက ကျင့်သုံးခဲ့တဲ့ ညီအစ်မသုံးဖော် စိုက်ပျိုးရေး စနစ်ဟာအနီး ဝန်းကျင်မှာရှိနေတဲ့ ပတ်ဝန်းကျင် ရာသီဥတု အခြေအနေကို ပြုပြင်ပေးနိုင်တဲ့အတွက် အပင်များရှင်သန်ရေးကိုလည်း အထောက်အကူ ဖြစ်စေပါတယ်။

အစေ့ထုတ်ပြောင်းဟာ နိုက်ထရိုဂျင်ဓာတ်ကို စားသုံးမှုများပါတယ်။ ပဲပင်ကတော့ လေထဲက နိုက်ထရိုဂျင်ဓာတ်ကို ဆွဲယူပေးကာ မြေထဲကို ပြန်လည် ဖြည့်တင်းပေးပါတယ်။ထို့ကြောင့် အစေ့ထုတ်ပြောင်းနဲ့ ပဲကို အလှည့်ကျ စိုက်ပျိုးသကဲ့သို့ပင် အကျိုးသက်ရောက်စေတာ ဖြစ်ပါတယ်။ ရွှေဖရုံပင်ဟာ အရိပ်ကျတဲ့နေရာနဲ့ စိုထိုင်းဆရှိတဲ့နေရာမှာ ဖြစ်ထွန်းနိုင်တဲ့အတွက် ပဲပင်နဲ့ အစေ့ ထုတ်ပြောင်းပင်တို့က ရွှေဖရုံပင်အတွက် လိုအပ်တဲ့ပတ်ဝန်းကျင်ကိုအနီးကပ် ဖန်တီးပေးသကဲ့သို့ ဖြစ်စေပါတယ်။ ထို့ပြင် ရွှေဖရုံပင်ဟာ အစေ့ထုတ်ပြောင်း တစ်မျိုးတည်း သီးသန့်စိုက်တဲ့ စိုက်ခင်းမှာထက်ရေတိုက်စားမှုကို ကာကွယ်ပေးပါတယ်။

၂၀၀၆ ခုနှစ်မှာ ဆောင်ရွက်ခဲ့တဲ့ သုတေသနအရ အစေ့ထုတ်ပြောင်းနဲ့ ပဲကို အတူစိုက်ပျိုးခြင်းဖြင့်ပဲပင်မှာ မြစ်ဖု ဘက်တီးရီးယား အရေအတွက် ပိုမိုများပြားစေ သကဲ့သို့ ပဲစေ့ခြောက် အလေးချိန်လည်းပိုမိုတိုးတက်လာတာကို တွေ့ရတယ်လို့ဆိုပါတယ်။ အာဟာရဓာတ်များ ရရှိစေမှုမှာ အစေ့ထုတ်ပြောင်းက ကာဘိုဟိုက်ဒရိတ်ဓာတ်နဲ့ တချို့ အမိုင်နိုအက်စစ်ဓာတ်များ
ရရှိစေပါတယ်။ ပဲပင်က ကျန်ရှိနေတဲ့ အမိုင်နို အက်စစ်ဓာတ်များကို ဖြည့်ဆည်းပေးပါတယ်။
အမျှင်ဓာတ်၊ ဗီတာမင်ဘီ(၂) နဲ့ ဘီ(၆)၊ သွပ်နဲ့ သံဓာတ်များ၊ မဂ္ဂနီးစ်၊ အိုင်အိုဒင်း၊ ပိုတက်စီယမ်နဲ့ ဖော့စပရပ်စ်ဓာတ်များကိုလည်း ဖြည့်ဆည်းပေးပါတယ်။

ရွှေဖရုံကတော့ အထူးသဖြင့် ဗီတာမင်အေဓာတ်ကို ဖြည့်ဆည်းပေးပါတယ်။ သီးနှံသုံးမျိုးမှ အာဟာရဓာတ်များစွာကိုရရှိစေနိုင်မှာ ဖြစ်ပါတယ်။ ထို့ပြင် သီးနှံသုံးမျိုးကို အတူစိုက်ပျိုးခြင်းဖြင့် တူညီတဲ့ မြေဧရိယာပေါ်မှာ သီးနှံတစ်မျိုးတည်း သီးသန့်စိုက်ပျိုးမှုထက် စွမ်းအင်နဲ့ ပရိုတိန်းဓာတ်များ ပိုမိုရရှိစေနိုင်ကြောင်း သုတေသီများက ထောက်ပြကြပါတယ်။ မြန်မာနိုင်ငံ၊ ရှမ်းပြည်နယ်ရှိ ဒေသများမှာ ရှမ်းပြောင်းမျိုး စိုက်ခင်းများမှာ ပဲစောင်းလျား (ပဲမြစ်) ကို အတူတွဲဖက် စိုက်ပျိုးကြတဲ့အလေ့အထ ရှိပါတယ်။

အစေ့ ထုတ်ပြောင်းပင်စည်ကို ပဲစောင်းလျားပင်မှ တိုင်အဖြစ် အသုံးပြုတွယ်တက်ကာ အလင်းရောင်ရရှိစေပြီး အစာချက်လုပ်ကြီးထွားပါတယ်။ အစေ့ထုတ်ပြောင်း ရင့်မှည့်တဲ့အခါ အဖူးကိုသာ ခူးဆွတ်ရိတ်သိမ်းပေးပြီး ပြောင်းရိုးကို ချန်ထားခဲ့ပါတယ်။ သို့အတွက် ပဲစောင်းလျားပင်ဟာ ဆက်လက် ရှင်သန်စေနိုင်ကာ အသီးမှ မျိုးစေ့များ အောင်မြင်စွာ ရရှိစေနိုင်ပါတယ်။ ပဲစောင်းလျားအသီးကို ဟင်းသီးဟင်းရွက်အဖြစ် ရောင်းချမှု မပြုဘဲ အဓိကပဲမြစ်အဖြစ် စိုက်ပျိုးရန် မျိုးစေ့အဖြစ် ထုတ်လုပ်ကြတာ ဖြစ်ပါတယ်။

ယခုအခါ စပ်မျိုးပြောင်းများကို အစားထိုးစိုက်ပျိုးလာကြခြင်း၊ သီးသန့် စိုက်ခင်းများအဖြစ် စိုက်ပျိုးကြခြင်းတို့ကြောင့် ပဲစောင်းလျားနဲ့ မိတ်ဖက် စိုက်ပျိုးရေးစနစ် ဆက်လက်ကျင့်သုံးမှု
အခြေအနေကို မသိရပါ။ ရည်ရွယ်ချက်အလိုက် ကျင့်သုံးနိုင်တဲ့ တခြား မိတ်ဖက် စိုက်ပျိုးရေး စနစ်များကိုလည်း ဆက်လက်တင်ပြပါဦးမယ်ခင်ဗျာ။

ဒေါက်တာ စိန်လှဗိုလ်
မြန်မာတောင်သူကြီးများ ဂျာနယ်
---------
ဆောင်းပါးသစ်များအတွက် ထွက်တိုးကို Like, follow, share, Download https://htwettoe.com/download လုပ်ထားပါ။
စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ်။

18/08/2023

"ရွှေမန္တလာ" အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး(ရန်ကုန် ~ နေပြည်တော် မြို့မ၊ဘောဂ ~ မန္တလေး ~ ပြည်ဦးလွင် ~ ကျောက်မဲ ~ သီပေါ ~ လာရှိုး ~ မူဆယ် ~ တောင်ကြီး ~ ပခုက္ကူ ~ ကျောက်ပန်းတောင်း ~ ပုဂံ-ညောင်ဦး ~ မိထ္ထိလာ ~ ဘားအံ ~ မော်လမြိုင် )
=====================================
❤ မင်္ဂလာပါ ❤
🙏🙏"TNS"ခရီးသွားဝန်ဆောင်မှုကိုအစဉ်အမြဲအားပေးနေကြသောခရီးသွားမိဘပြည်သူများရှင်🙏🙏

🚍🚍"TNS"ခရီးသွားဝန်ဆောင်မှုတွင်"ရွှေမန္တလာ" အဆင့်မြင့်ခရီးသည်ပို့ဆောင်ရေး (ရန်ကုန် ~ နေပြည်တော် မြို့မ၊ဘောဂ ~ မန္တလေး ~ ပြည်ဦးလွင် ~ ကျောက်မဲ ~ သီပေါ ~ လာရှိုး ~ မူဆယ် ~ တောင်ကြီး ~ ပခုက္ကူ ~ ကျောက်ပန်းတောင်း ~ ပုဂံ-ညောင်ဦး ~ မိထ္ထိလာ ~ ဘားအံ~ မော်လမြိုင်) ခရီးစဉ်များအတွက်ကြိုတင်လက်မှတ်များကိုဝယ်ယူရရှိနိုင်ပြီဖြစ်ပါကြောင်းအသိပေးအကြောင်းကြားအပ်ပါတယ်ရှင့်။😘😘😘

🚍 ရန်ကုန် ~ မန္တလေး
⏱️ 07:00 AM - 30,000 ks (VIP)
⏱️ 08:00 AM - 25,000 ks (Normal) (လမ်းဟောင်း)
⏱️ 08:00 AM - 30,000 ks (VIP) (လမ်းဟောင်း)
⏱️ 08:30 AM - 30,000 ks (VIP)
⏱️ 09:00 AM - 25,000 ks (Normal)
⏱️ 09:00 AM - 30,000 ks (VIP)
⏱️ 02:00 PM - 25,000 ks (Normal) (လမ်းဟောင်း)
⏱️ 05:00 PM - 25,000 ks (Normal)
⏱️ 06:00 PM - 25,000 ks (Normal)
⏱️ 06:00 PM - 25,000 ks (Normal) (လမ်းဟောင်း)
⏱️ 07:00 PM - 25,000 ks (Normal)
⏱️ 07:00 PM - 35,000 ks (Royal Class)
⏱️ 07:00 PM - 30,000 ks (Royal Class)
⏱️ 07:00 PM - 30,000 ks (VIP)

🚍 ရန်ကုန် ~ ပြင်ဦးလွင်
⏱️ 07:00 AM - 33,000 ks (VIP)
⏱️ 06:00 PM - 25,000 ks (Normal)

🚍 ရန်ကုန် ~ နေပြည်တော်
⏱️ 10:00 AM - 22,000 ks (VIP)
⏱️ 08:00 PM - 18,000 ks (Normal)

🚍 ရန်ကုန် ~ တပ်ကုန်း
⏱️ 10:00 AM - 23,000 ks (VIP)
⏱️ 08:00 PM - 20,000 ks (Normal)

🚍 ရန်ကုန် ~ လာရှိုး
⏱️ 01:00 PM - 47,000 ks (VIP 1+1+1)
⏱️ 01:00 PM - 45,000 ks (VIP)
⏱️ 02:00 PM - 40,000 ks (Normal)
⏱️ 04:00 PM - 45,000 ks (VIP)

🚍 ရန်ကုန် ~ မူဆယ်
⏱️ 01:00 PM - 60,000 ks (VIP)
⏱️ 02:00 PM - 50,000 ks (Normal)
⏱️ 04:00 PM - 60,000 ks (VIP)

🚍 ရန်ကုန် ~ တောင်ကြီး
⏱️ 07:30 AM - 30,000 ks (VIP)

🚍 ရန်ကုန် ~ ဟိုပုန်း
⏱️ 07:30 AM - 35,000 ks (VIP)

🚍 ရန်ကုန် ~ ပခုက္ကူ
⏱️ 07:00 AM - 30,000 ks (VIP)
⏱️ 06:00 PM - 23,000 ks (Normal)

🚍 ရန်ကုန် ~ ပုဂံ-ညောင်ဦး
⏱️ 07:00 AM - 30,000 ks (VIP)
⏱️ 06:00 PM - 23,000 ks (Normal)

🚍 ရန်ကုန် ~ ကျောက်ပန်းတောင်း
⏱️ 07:00 AM - 28,000 ks (VIP)
⏱️ 06:00 PM - 22,000 ks (Normal)

🚍 ရန်ကုန် ~ မုံရွာ
⏱️ 05:00 PM - 25,000 ks (Normal)

🚍 ရန်ကုန် ~ မိထ္ထီလာ
⏱️ 08:00 AM - 28,000 ks (VIP)
⏱️ 08:00 AM - 22,000 ks (VIP)
⏱ 02:00 PM - 25,000 ks (Normal)
⏱️ 06:00 PM - 22,000 ks (Normal)

🚍 ရန်ကုန် ~ ကျောက်ဆည်
⏱️ 08:00 AM - 30,000 ks (VIP)
⏱️ 08:00 AM - 25,000 ks (VIP)
⏱ 02:00 PM - 25,000 ks (Normal)
⏱️ 06:00 PM - 25,000 ks (Normal)

🚍 ရန်ကုန် ~ မြဝတီ
⏱️ 08:00 AM - 22,000 ks (Normal)

🚍 မန္တလေး ~ ရန်ကုန်
⏱️ 07:00 AM - 30,000 ks (VIP)
⏱️ 08:01 AM - 30,000 ks (VIP)
⏱️ 08:30 AM - 30,000 ks (VIP)
⏱️ 10:00 AM - 30,000 ks (VIP)
⏱️ 04:00 PM - 25,000 ks (Normal) (လမ်းဟောင်း)
⏱️ 05:30 PM - 30,000 ks (VIP)
⏱️ 06:00 PM - 30,000 ks (Royal Class)
⏱️ 06:00 PM - 35,000 ks (Royal Class)
⏱️ 06:30 PM - 25,000 ks (Normal)

🚍 မန္တလေး ~ မူဆယ်
⏱️ 06:00 PM - 30,000 ks (Normal)

🚍 မန္တလေး ~ နေပြည်တော်
⏱️ 05:30 PM - 18,000 ks (Normal)

🚍 မန္တလေး ~ မိတ္ထီလာ
⏱️ 04:00 PM - 10,000 ks (Normal)

🚍 နေပြည်တော် ~ မန္တလေး
⏱️ 09:00 AM - 18,000 ks (Normal)

🚍 နေပြည်တော် ~ မူဆယ်
⏱️ 02:00 PM - 40,000 ks (Normal)

🚍 နေပြည်တော် ~ လားရှိုး
⏱️ 02:00 PM - 30,000 ks (Normal)

🚍 နေပြည်တော် ~ မော်လမြိုင်
⏱️ 07:30 PM - 25,000 ks (Normal)

🚍 နေပြည်တော် ~ ပြင်ဦးလွင်
⏱️ 02:0 PM - 23,000 ks (Normal)

🚍🧳🧳ကားလက်မှတ်စုံစမ်းရန်🧳🧳🚍
Hotline - 09756578346
Phone - 09740937943/ 09981058734
09740937944
Viber - 09740937944
တို့တွင်ဆက်သွယ်မေးမြန်း၀ယ်ယူနိုင်ပါသည်။

🔊ကားလက်မှတ်ဝယ်ယူရန်အတွက် Kpay, Wave pay, CBpay, KBZ Mobile Banking, AYA Mobile Banking များဖြင့်ပေးချေဝယ်ယူနိုင်ပါတယ်။
ကားလက်မှတ်များကိုဂိတ်ဈေးနှုန်းအတိုင်း%ပေးစရာမလိုဘဲပေးချေဝယ်ယူနိုင်ပါတယ်ရှင့်။ ငွေလွှဲဝင်ပြီး 10မိနစ်အတွင်း E-ticket၊ ကားလက်မှတ်ကို Customer ရဲ Viber/ Messenger ထဲသို့ပို့ပေးပါမယ်ရှင့်..😘😘။

🔊ကျန်းမာရေးအတွက် ခရီးသွားမိတ်ဆွေတို့ ကားစီးတဲ့အခါ ( Mask ) နှာခေါင်းစည်း ဝတ်ဆင်လာခဲ့ပါနော်……😷😷😷။

💟💟 ခရီးသွားမိဘပြည်သူအပေါင်း စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး ကပ်ကြီးသုံးပါးမှ ကျော်လွှားနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်ခင်ဗျာ🙏🙏🙏
TNS Travel Service မိသားစု
#ရွှေမန္တလာExpress



09756578346/09981058734

18/08/2023

Address

Buta Street, Anisakan
Maymyo

Telephone

+959952031900

Website

Alerts

Be the first to know and let us send you an email when YOMA YEZIN Co. Ltd. posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share