သာကီဆွေ Co.ltds

သာကီဆွေ Co.ltds အိပ်မက်တွေကိုအကောင်အထည်ဖော်ဖို့
"သာကီဆွေ TKS လာပီလေ😘"

🙏🙏🙏
17/04/2026

🙏🙏🙏

သ​ကြင်္န်အတက်နေ့နေပြည်တော် ပျဥ်းမနား​ပန်းခင်း၂ ရပ်ကွက်ဓမ္မာရုံမှာ မုန့်ဟင်းခါးစတုဒိသာကျွေးမွေးမှာဖြစ်လို့ လာရောက်သုံးဆော...
13/04/2026

သ​ကြင်္န်အတက်နေ့နေပြည်တော် ပျဥ်းမနား​ပန်းခင်း၂ ရပ်ကွက်ဓမ္မာရုံမှာ မုန့်ဟင်းခါးစတုဒိသာကျွေးမွေးမှာဖြစ်လို့ လာရောက်သုံးဆောင်ပေးပါရန်ဖိတ်ခေါ်ပါတယ်🙏🙏🙏
#သာကီဆွေဆောက်လုပ်ရေးကုမ္ပဏီ
#သာကီဆွေ

ဒီပုံကို အလုံးစုံမှန်တယ် လို့ တော့ မဆိုလိုပါသို့သော်…“ကွန်ကရိ အရည်အသွေးညံ့ရင် ဒီလိုမျိုး ပျက်စီးနိုင်တယ်” ဆိုတဲ့ Concept...
22/03/2026

ဒီပုံကို အလုံးစုံမှန်တယ် လို့ တော့ မဆိုလိုပါ
သို့သော်…

“ကွန်ကရိ အရည်အသွေးညံ့ရင်
ဒီလိုမျိုး ပျက်စီးနိုင်တယ်” ဆိုတဲ့ Concept ကတော့ မှန်ပါတယ်

ကျနော်တို့ အင်ယာလောကမှာ အရေးအကြီးဆုံး Concept တစ်ခု ရှိပါတယ်
အဲဒါကတော့….
“ကြွတ်ဆတ်လွယ်တဲ့ ပျက်စီးမှုမျိုး Brittle failure လုံးဝ မဖြစ်စေရဘူး” ဆိုတဲ့ Concept ပါ
အလွယ်နမူနာ ပြောရရင်တော့ Skyvilla လိုမျိုး မပြိုစေရ ဆိုတဲ့ သဘောတရားပါပဲ

အဲသည်လို မပြိုရအောင်—-
၁- သံချောင်းတွေ အများကြီး မထည့်ရဘူး (compression failure ကို ရှောင်ရမယ်)
၂- Column တိုင်တွေ မပျက်စီးစေရဘူး ငလျင်လာရင် beam ထုတ်တွေပဲ အရင်ကျိုးစေရမယ်
(Strong Column-Weak Beam ဖြစ်ရမယ်)

မန္တလေးမှာတော့ ငလျင်ကြောင့် Column တိုင်တွေ ပုံထဲကလို ကျိုးကြေပျက်စီးတာ အတွေ့ရများပါတယ်
သံချောင်းဆက်လေ့ မရှိတဲ့ Column တိုင်အဖျားမှာ ကျိုးရတာတွေကို အတွေ့ရများပါတယ်

အဖြေကတော့ အင်မတန်မှ ရိုးရှင်းပါတယ်
“Column တိုင် လောင်းခဲ့တဲ့ ကွန်ကရိ အရည်အသွေး အရမ်းကို ညံ့ဖျင်းတယ်”
ငလျင်ဒဏ်ခံဖို့ လိုအပ်တဲ့ Psi 3000 နဲ့အထက် မရခဲ့ကြဘူး

Why???
ဘာ့ကြောင့်ပါလဲ
ဘာ့ကြောင့် Column တိုင်တွေရဲ့ ကွန်ကရိအရည်အသွေး ညံ့ဖျင်းကြရတာပါလဲ

 #သာကီဆွေကုမ္ပဏီ ရဲ့ နေပြည်တော် ယုဇနစျေးအနီးကပေ၈၀လမ်းပေါ်မှာရှိတဲ့ beauty salonဆိုင်အချောထည်လုပ်ငန်းပြီးစီးခါနီးအခြေအနေ ...
05/10/2025

#သာကီဆွေကုမ္ပဏီ ရဲ့ နေပြည်တော် ယုဇနစျေးအနီးကပေ၈၀လမ်းပေါ်မှာရှိတဲ့ beauty salonဆိုင်အချောထည်လုပ်ငန်းပြီးစီးခါနီးအခြေအနေ မကြာမှီလာမှီ😊😊

အဆောက်အဦး တစ်ခု ဆောက်တဲ့အခါ Skill Worker ဆိုတာ အဓိကပဲလေ Skill Worker တွေကို ပြန် train တဲ့ သူတွေက အင်ဂျင်နီယာတွေပါ အင်ဂ...
01/10/2025

အဆောက်အဦး တစ်ခု ဆောက်တဲ့အခါ
Skill Worker ဆိုတာ အဓိကပဲလေ

Skill Worker တွေကို ပြန် train တဲ့ သူတွေက
အင်ဂျင်နီယာတွေပါ

အင်ဂျင်နီယာတွေက လုပ်ငန်းခွင်ထဲ skill worker
တွေလို လိုက်လုပ်စရာမလိုဘူး။
Instruction ပေးရတဲ့ သူတွေပါ။

Weekly plan ချရတယ်။ Manpower ဘယ်လောက်
သုံးမလဲ ၊ အသုံးပြုမယ့် plant & equipment
မှနိကန်စွာ ရွေးချယ်တတ်ရမယ်၊ တစ်ပတ်အတွင်း လုပ်မယ့်
Activities တွေသိရမယ် ၊ resources တွေ နားလည်ရမယ်၊
Method Statement နားလည်ရမယ်၊ Before
Start work, permission တွေ နားလည်ရမယ်
Safety work procedure နားလည်ရမယ်
အဲဒီ plan တွေအားလုံးကို Skill worker တွေကို
ဘယ်လို လုပ်ရမလဲ ညွှန်ပြပေးရတယ်

အဲဒီမှာ မြန်မာပြည်က အလုပ်သမားတွေက
ဥပမာ အဆောက်အဦးတစ်ခု ကို အင်ဂျင်နီယာအောက်မှာ
သူလုပ်ဖူးတယ်ပေါ၊ လုပ်ဖူးရင် ကျွမ်းကျင်မှုရှိတယ်ပေါ
ပြသာနာက နောက် အဆောက်အဦးတွေမှာ အင်ယာမလိုပါဘူး
သူအကုန် သိတယ်ဆိုပြီး ကိုယ့်ဘာသာဆောက်ချပါလေရော

အဆောက်အဦးတစ်ခုနဲ့တစ်ခုရဲ့ Design ချင်းသာတူလိမ့်မယ်
Structural design တွေ ၊ Ground condition
Site condition တွေ တစ်ခုမှ မတူတာ သူတို့ မသိပါဘူး

အင်ဂျင်နီယာတွေက ဒါကို သိပါတယ် ၊ အင်ယာတိုင်းမဟုတ်ပါ.
တကယ် professional တွေက သိပါတယ် ၊
ဘယ်လို ညွှန်ကြားရမလဲ ကောင်းကောင်းသိပါတယ်
အလုပ်သမား တွေကို ဒီအတိုင်းမလွတ်ထားပဲ
သေချာ ကြပ်မတ်တတ်ပါတယ်..

ပြသာနာက တကယ် Professional Engineer မပါပဲ
ဆောက်ရင် ဘာဖြစ်မှာလဲ.

မန်းလေးတိုင်း ရဲ့ ၈၀% သော အဆောက်အဦးတိုင်းဟာ
တကယ့် building code အတိုင်း ဆောက်ထားတာမဟုတ်
သလို တကယ့် သူဌေးတွေကိုယ်တိုင်က budget ကို
ချွေတာချင်တာနဲ့ တကယ့် တတ်ကျွမ်းတယ်ထင်တဲ့
အလုပ်သမားတွေနဲ့ ဆောက်စေခဲ့တာပါပဲ
မန်းလေးမှမဟုတ်ပါဘူး။ ရန်ကုန်တိုင်းလည်း ထိုနည်းအတိုင်းပဲ.
တခြား တိုင်းနဲ့ ပြည်နယ် အသီးသီးမှာလည်း ထိုနည်းအတိုင်းပါပဲ

အဓိက ပြသာနာက စျေးကြီးတာကိုပဲ ခဏတာကြည့်ပြီး
မမြင်နိုင်တဲ့ သဘာဝဘေး အန္တရာယ်ကို ကြိုတင် မစဥ်းစား
ခဲ့တာပါပဲ

တချို့သူတွေရဲ့ စိတ်ထဲ မှာ သေတစ်နေ့ မွေးတစ်နေ့
သတ်မှတ်ထားတဲ့သူတွေက သေချိန်မတန်ပဲ သေရတဲ့
Risk ကို ကြိုတင်မစဥ်းစားခဲ့လို့ပါ

အပြစ်ပြောနေခြင်းမဟုတ်ပါ။ ငလျင်နောက်ဆက်တွဲ တွေက
အခုချိန်ထိ မပြီးနိုင်သေးတာကြောင့် ကိုယ်နေထိုင်မယ့်
နေရာလေးကိုတော့ တကယ့် Professional တွေနဲ့
တိုင်ပင်စေချင်တယ်

Skill Worker တွေကို အပြစ်ထိုင်ပြောခြင်းလည်းမဟုတ်ပါ၊
တကယ့် PF Engineer တွေဆီကနေ သင်ယူ ပါ ၊ လေ့လာပါ
အလုပ်သမားမရှိပဲ အဆောက်အဦးဆောက်လို့မရသလ်ု
အငိယာမပါပဲ အဆောက်အဦး Design တစ်ခု မထွက်လာပါဘူး
Credit
Sandar
Civil Engineer (QS)

အင်မတန် ပြင်းအားကြီးတဲ့ မန်း 7.7 ငလျင်ကြီး 28th March 2025 မှာ လှုပ်လိုက်တာ က ​တော်​တော်ကြီး ​ကြောက်စရာ ​ကောင်းပါတယ် ......
26/06/2025

အင်မတန် ပြင်းအားကြီးတဲ့ မန်း 7.7 ငလျင်ကြီး 28th March 2025 မှာ လှုပ်လိုက်တာ က ​တော်​တော်ကြီး ​ကြောက်စရာ ​ကောင်းပါတယ် ...

ပုံမှာ မြင်ရတဲ့ အတိုင်း ​ဒေါင်လိုက် Fault Line ကြီးက ​အရှေ့ နဲ့ အ​နောက် ကန့်လန့်ကြီး ပိုင်းထားတာပါ ...

(Edit:

ပုံ မှာပြတဲ့ Epicenter က အရင်က လှုပ်ခဲ့တဲ့ သပိတ်ကျင်း ငလျင် ရဲ့ ဗဟိုချက်ကို ပြထားတာပါ။
Fault line ရှင်းရှင်းလင်းလင်း ဆွဲပြထားတာ​ ပြချင်လို့ ထည့်လိုက်တာ ဖြစ်ပါတယ်။)

​နေပြည်​တော်မှာ​ ...

အ​ပေါ်​အောက် လှုပ်တာ ​ကမ္ဘာမြေဆွဲအားထက် ​ကျော်တဲ့ 1g+ နဲ့ လှုပ်​သွားခဲ့တယ် ...

​ဘေးတိုက် လှုပ်တာက ကမ္ဘာမြေဆွဲအား ရဲ့ ထက်ဝက်​ကျော် 0.5g/ 0.6g နဲ့ လှုပ်တယ်လို့ ငလျင် တိုင်းတာ​ရေး စခန်း​​တွေမှာ ဖမ်းယူ သိရတယ် ဆိုပါတယ် ...

ငလျင် ဗဟိုချက်နားက စစ်ကိုင်း မန္တ​လေး မဟုတ်​သေးဘူး ...

နေပြည်​တော် မှာ​တောင် လှုပ်တဲ့ ဒီလှုပ်နှုန်းမျိုးဟာ မြန်မာပြည် မှာ နှစ်တရာ​ကျော် အတွင်း မကြုံစဖူး ကြုံရတဲ့ အ​နေအထားပါ ...

ဒါ​ကြောင့် အသစ်​ဆောက်မဲ့ အ​ဆောက်အဦး​တွေ ငလျင် ခံနိုင်ရည် ရှိ​စေဖို့ Structural Design ​လုပ်​ပေးရတာမှာ ​တော်​တော်ကြီး Challenging များလာပါတယ် ...

* ငလျင်ဒဏ် ခံနိုင်ရည် ရှိ​တဲ့ အ​ဆောက်အဦး​တွေ ဖြစ်ဖို့ရယ် ...
* လှပ ဆန်းသစ်တဲ့ ဗိသုကာ ဒီဇိုင်း​တွေလဲ ရဖို့ရယ် ...
* လိုအပ်တာထက် ပို မကုန်ကျ​စေဖို့ရယ် ဆိုရင် ...

Architectural Conceptual Design စ ကထဲက ကျွမ်းကျင်တဲ့ Structural Engineer က Involved ဖြစ်ဖို့ လိုပါတယ် ...
(ကျ​နော် ဖြစ်မှလို့ ဆိုလိုတာ မဟုတ်ပါ၊ ဘယ်သူနဲ့ ဖြစ်ဖြစ်ပါ)

အိမ်ရှင် နဲ့ အာခီတက် အကြာကြီး အပြန်ပြန် အလှန်လှန် ညှိနှိုင်းပြီး ဆွဲထားကြတဲ့ ဒီဇိုင်း တခုက ...

Structural Engineer ဆီ ​ရောက်မှ Major Structural Deficiency ​တွေ ရှိ​နေလို့ အစက ပြန်စ ရရင် ...

Design Stage မှာတင် အချိန်​တွေ ​နှောင့်​နှေး ကြန့်ကြာတာမျိုး​၊ မလိုအပ်ဘဲ ပိုကုန်ကျတာမျိုး တွေ ဖြစ်လာနိုင် လို့ပါ ...

ဖြစ်လဲ ဖြစ်​နေခဲ့ပါတယ် ...

Column size ​တွေ၊ Beam Size ​တွေ ကြီးလိုက်မယ်၊ သံ​ချောင်း​တွေ ပြွတ်သိပ်​နေ​အောင် ထည့်လိုက်မယ် ...

ဆိုရုံနဲ့ အင်အားကြီး ငလျင်ဒဏ် ခံနိုင်တဲ့ အ​ဆောက်အဦး ​မဖြစ်ပါဘူး ...

Project ကြီး​လေ၊ Structural Engineer က Conceptual stage ထဲက Involved ဖြစ်ဖို့ ပိုလို​လေပါ ...

တကယ်​တော့ Design Stage တင် မကဘဲ၊ Construction stage မှာပါ ဆက်ပါဖို့ လိုတာပါ ...

Construction stage မှာ​လဲ ...

Structural Design Concept နဲ့ လွဲ သွားတာ​တွေက နိုင်ငံကြီးက Site ​တွေမှာ​တောင် ရှိတတ်တာမျိုးပါ ...

Primary beam နဲ့ Secondary beam သံ ကို မှန်​အောင် install မလုပ်တတ်တဲ့ Site Engineer ​တွေ ​တွေ့ဖူးပါတယ် ...

Concreting Sequence ​တွေ က အစ လိုတာပါ ...

​နောက်ဆုံး အုတ်နံရံ စီတာမှာကို Design ​ရော/ Quality Control မှာပါ စဥ်းစားလုပ်ကိုင်ဖို့ လိုပါတယ် ...

အုတ်နံရံကို Column/ Beam structural main frame ရဲ့ အပြင်ဖက် အလွတ်ကြီး ထုတ်စီထားရင် ငလျင် လှုပ်တဲ့ အခါ ရမ်းခါပြီး ပြိုကျမယ် ဆိုတာမျိုးက ...

အင်ဂျင်နီယာ ဖြစ်စရာ မလိုပါဘူး၊ Common Sense နဲ့​တောင် ​တွေးကြည့်လို့ ရတာပါ ...

ဒီငလျင်မှာ အုတ်နံရံ ပြိုကျလို့ ​ခေါင်းထိပြီး ​အသက် ဆုံးရှုံးသွားရတဲ့ သူ​တွေ မနည်းပါဘူး ...

Construction အဆင့်ဆင့်တိုင်း ...Stages တိုင်း ဟာ အ​ရေးကြီးပါတယ် ...

မှားလို့ ပြန်ပြင်ရရင် ကုန်ကျစရိတ် က အဆမတန်ကြီး ပါတယ် ...

အစကထဲက မှန်​အောင် လုပ်ဖို့ လိုပါတယ် ...

ဆို​တော့ကာ ...

ဒီငလျင်ဟာ မြန်မာပြည် ဆောက်လုပ်​ရေး ​လောက ​ပြောင်းလဲဖို့ အတွက် New Chapter တခု စ ​ပြီလို့​တော့ ​ပြောရမယ် ထင်တာပါဘဲ ...

_အင်မတန် ပြင်းအားကြီးတဲ့ မန်း 7.7 ငလျင်ကြီး 28th March 2025 မှာ လှုပ်လိုက်တာ က ​တော်​တော်ကြီး ​ကြောက်စရာ ​ကောင်းပါတယ် ...

ဒီငလျင်ဟာ မြန်မာပြည် ဆောက်လုပ်​ရေး ​လောက ​ပြောင်းလဲဖို့ အတွက် New Chapter တခု စ ​ပြီလို့​တော့ ​ပြောရမယ် ထင်တာပါဘဲ ..
Credit.

_

10/06/2025

Footing ကို ထိခိုက်မှုရှိသလား မစစ်ချင်ကြဘူး၊ ပြန်တူးရမှာ ၀န်လေးကြတယ်ဆိုလို့...

အိမ်ရှင်တွေအနေနဲ့ ထိခိုက်ပျက်စီးမှုကို မျက်မြင်မတွေ့ရတာရယ်၊ ကြွေပြားပါ‌ကေး စသဖြင့်အလှဆင်ထားတဲ့ ကြမ်းခင်းကို ပြန်လည်ဖောက်ထုတ်ဖို့ နှမြောကြတာရယ်ကြောင့် အိမ်အတွင်းပိုင်း column footing တွေကို စစ်ဆေးဖို့ လက်တွန့်ကြပါတယ်။

သာမန်လူနေအိမ် footing တွေရဲ့ အနက်က အကြမ်းဖျင်း~5 ပေ~6 ပေ ခန့်သာပြုလုပ်ကြပါတယ်။ ပြန်တူးထုတ်စစ်ဆေးရမယ့် ပမာဏက သိပ်မများပါဘူး။

ကျနော်တို့ မိတ္ထီလာ နှင့် ထားဝယ် TU ကျောင်းတွေ ပြန်လည်ပြုပြင်စဉ်က ပြန်တူးရတဲ့ Footing အနက်ဟာ 16 ပေ~20 ပေလောက်အထိ ရှိပါတယ်။ ဝါးကပ်နှင့် မျှောတိုင်တွေသုံးပြီး တဆင့်ခြင်း ကာလိုက်တူးလိုက်နဲ့ ပြင်ဆင်ရမယ့် Footing ပေါ်အောင်တူးရပါတယ်။ Structural design အတိုင်း ဘေးကို ဗျက်ချဲ့ရသလို ဗျက်ရော၊ ထုပါ ပိုးလောင်းရတဲ့ footing တွေလည်းရှိပါတယ်။ Footing ထပ်ပိုးလောင်းပြီးလျှင် short column အပိုင်းကိုလည်း concrete jacketing, CFRP wrapping နည်းလမ်းတွေနဲ့ ပြုပြင်ရပါသည်။ (ဆရာကြီးဦးခင်မောင်တင့် KMT Design ဖြင့်ပြန်လည်ပြုပြင်ခြင်းပါ)

ပြောချင်တာက Main building floor အောက်ကို အနက်ကြီး ပြန်လည်တူးထုတ်ခဲ့ရပါသည်။ အောက်ထဲမှာ အလင်းရောင်ရအောင် လျှပ်စစ်မီးထွန်းပြီး တူးခဲ့ရပါသည်။ တခါသား မြေပြိုလို့ တူး‌နေတဲ့ လုပ်သားလေး ထိခိုက်ဒဏ်ရာရမှုဖြစ်သွားဖူးသည်။ Hard hat ဆောင်းထားလို့သာ ထိခိုက်မှု မပြင်းထန်ခဲ့ပဲ ကိုယ်လက်နာကျင်ရုံလောက်ဖြစ်သွားခဲ့တယ်။ Meikhtila TU က footing ကျင်းတွေပိုနက်တယ်၊ Backfilling လုပ်ထားတာလည်း လိုအပ်မှုရှိပုံရပါတယ်။
Dawei TU ကတော့ မြေသားပိုမိုကောင်းလို့ Footing ကျင်းတွေသိပ်အနက်ကြီး မတူးရပဲ ပြင်ဆင်ရတာ ပိုမိုလွယ်ကူခဲ့ပါတယ်။

ဒါကတော့ လွန်ခဲ့တဲ့ ၁၂နှစ်ကျော်က အတွေ့အကြုံလေးပါ။ Damage repair တော့မဟုတ်ပါဘူး။ Structural strengthening အားဖြည့်တဲ့အပိုင်းပါ။

Thu Ra Moe Win Bo Lone Lone Nay Linn

ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)

အဆောက်အဦ တခုလုံး ဖျက်ချဖို့ လို / မလိုအပိုင်း (၁) Column( ကော်လံတိုင်)  နှင့် ( နံရံ)  Wall အဆက်နေရာ အက်ကြောင်းများ ( J...
08/06/2025

အဆောက်အဦ တခုလုံး ဖျက်ချဖို့ လို / မလို

အပိုင်း (၁)

Column( ကော်လံတိုင်) နှင့် ( နံရံ) Wall အဆက်နေရာ အက်ကြောင်းများ ( Joint Cracking) အကြောင်းကို ကျွန်မသိထားသလောက်လေး အနည်းငယ်ပြောပြပေးသွားပါမယ်။

အခြေခံ အမျိုးအစားများ နှင့် အကြောင်းအရင်းများကို လေ့လာကြည့်ရအောင်ပါ။

အမျိုးအစားတွေကတော့

1.Hairline Cracking
သေးငယ်သောအက်ကြောင်းများ ဖြစ်ပြီး ကွန်ကရစ်ကျုံ့ခြင်း (Shrinkage) ဖြစ်တက်ပြီးပြင်းထန်မှု နည်းသော အဆင့်အဖြစ် သက်မှတ်လေ့ရှိကြပါတယ်။

2.Vertical Cracking
ဒေါင်လိုက်အက်ကြောင်း
အပူရှိန်ပြောင်းလဲခြင်းThermal movement ကြောင့်ဖြစ်တက်ပြီး အလတ်စား အဆင့်အဖြစ် သက်မှတ်လေ့ရှိကြပါတယ်။

3.Horizonal Cracking
အလျားလိုက်အက်ကြောင်း
အလေးချိန် Loading မညီခြင်း၊ ဘေးတိုက်တွန်းအားများ ( excessive lateral force) နှင့် သို့ရေစိမ့်ဝင်မှုကြောင့် ဖြစ်ပေါ်တက်ပြီး အလတ်စား-ပြင်းထန် တဲ့အဆင့်ဖြင့် သက်မှတ်လေ့ရှိကြပါတယ်။

4.Diagonal Cracking
ဘေးတိုက်တစောင်းအက်ကြောင်း
ငလျင်ဒဏ် နှင့် အင်အားပြင်းထန်သော excessive
OverLoading များကြောင့် အားမျှခြေပျက်ပြီး ဖြစ်ပေါ်လာတက်ပါတယ်။

အရေးပေါ် အခြေအနေအဖြစ် သက်မှတ်လေ့ရှိကြပါတယ်။

Cracking ဖြစ်စေတဲ့ အခြားအကြောင်းအရာတွေလဲရှိပါတယ်။ဆောက်လုပ်နေစဥ်ကာလအတွင်း အမှားများဖြစ်တဲ့
(က) ကျွမ်းကျင်လုပ်သားများ မပါဝင်ခြင်း
(ခ) ဘိလပ်မြေ အရောအစပ် မမှန်ခြင်း
(ဂ) ရေလိုအပ်ပြည့်ဝအောင် မရရှိခြင်း

(ဃ) Beams Column joint များကို အလွယ်တွဲထားခြင်း
(င)Drill ဖောက်ခြင်း ကဲ့သို့ Vibration များ ဖြစ်ခြင်း
(စ)Building Codes များကို အသုံးမပြုခြင်း
တို့ကြောင့်လဲ Cracking တွေ ဖြစ်တက်ပါတယ်။

Cracking (အက်ကြောင်းများ) ကို ပြုပြင်ဖို့အတွက်
ဖော်ပြပါနည်းလမ်းတွေကိုသုံးပြီးလုပ်လို့ရပါတယ်

(က) အသေးစားအက်ကြောင်းများ (5mm)..........................................................
**Columns နဲ့ Beams အတွက် အရေးကြီးပါတယ်။**
5mm ထက် ပိုကြီးတဲ့ Cracking တွေကို ပြုပြင်တဲ့နေရာမှာတော့ အသုံးပြုတဲ့ Materialsတွေ ရှေရှည်အသုံးခံမယ့် Quality Productတွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။

လုပ်ဆောင်ရမယ့်နည်းလမ်းတွေက Steel Jacket System SJS (Retro Fitting) စနစ်ဆိုပိုကောင်းပါတယ်။
ဒီနည်းလမ်း ပျက်စီးသွားတဲ့ Columns, Beams နဲ့ load-bearing elements ကို အားပြန်ဖြည့် ခိုင်ခံ စေပြီး ရေရှည်အသုံးပြုလို့ ရနိုင်မယ့် နည်းပညာ တစ်ခုဖြစ်ပါတယ်။

အဆောက်အဦး သက်တမ်းကြာလာခြင်း၊ Structure ထဲမှာ အသုံးပြုထားတဲ့ သံချောင်းတွေ သံချေးတက်လာခြင်း၊ Quality မမှန်ခြင်း နဲ့ အခြားသော အကြောင်းအရာများကြောင့်လဲဲ Beams, Columns နဲ့ load-bearing Structural elements တွေ ဟာ အားနည်းလာတက်ပါတယ်။

Columns နဲ့ Beams တွေဟာလဲ Foundation ရဲ့ တစ်စိတ်တပိုင်းဖြစ်ပါတယ်။ SJS ကို ပြုလုပ်ထားခြင်းဖြင့် မူလ ရှိပြီးသား Structure ကို ပျက်စီးခြင်းမှ ပိုမို၍ကာကွယ်ပေးနိုင်ပါတယ်။

ပြုလုပ်ရမယ့်နည်းလမ်းဖြစ်ပါတယ်။

၁။ အဆောက်အဦ စစ်ဆေးခြင်း ( Site Inspection and Preparation )

ပထမအဆင့် အနေဖြင့် ပျက်စီးနေသော (သို့မဟုတ်) အားနည်းသောယိုယွင်းသွားတဲ့ Structural Members အကုန်လုံး၏ ပျက်စီးမှုအတိုင်းအတာကို အကဲဖြတ် အသေးစိတ် စစ်ဆေးရန်လိုအပ်ပါတယ်။

ဒုတိယအဆင်အနေဖြင့် အပျက်အစီးများ၊ သံချေးများ နဲ့ ကွန်ကရစ်ဟောင်းများကို ဖယ်ရှားရန် လိုအပ်ပါတယ်။မူလရှိပြီးသား Beams Columns နဲ့ load-bearing elements များ SJS စနစ်နဲ့ ခိုင်မြဲစွာ တွယ်အားကောင်းစေရန်အတွက် သန့်ရှင်းရေး သေသေချာချာ လုပ်ရပါမယ်။

၂။ SJS Installation and Concrete injection

Structural Elements များ ပျက်းစီးယိုယွင်းမှုအခြေအနေရ ပုံစံမျိုးစုံ တပ်ဆင်အသုံးပြုတပ်ဆင်နိုင်ပါတယ်။

အပျက်အစီးအရမ်းများသော Columns များအတွက် SJS အပြင် steel shell တပ်ဆင်ခြင်း၊Reinforcing bars (Rebar) ထည့်ခြင်းလုပ်သင့်ပါတယ်။ကြားနေရာများကိုConcrete or Grouting Cement (အဂ်တေ မဆလာ) တို့ လောင်းထည့်ပေးရပါမယ်။

၃။Structure ​ကြံ့ခိုင်မှုကို ပြန်လည်ရရှိခြင်း

SJS စနစ် ကို အသုံးပြုခြင်းဖြင့် ပျက်စီးယိုယွင်းသွားသော အားနည်းသွားသော အဆောက်အဦ ကို အလုံးစုံဖျက်စရာမလိုအပ်ပဲ မူလ Strength နီးပါး ပြန်လည်ရရှိစေနိုင်ပါတယ်.

*** ပျက်စီးမှု ရာခိုင်နူန်းအရ လုံးဝ ဖြိုချရနိုင်သော အဆောက်အဦ များလည်းရှိနိုင်ပါတယ်***
အဆောက်အဦ တခုလုံး ဖြိုချ ခြင်းထက်ကုန်ကျစရိတ် များစွာသက်သာပါတယ်။

အချုပ်အားဖြင့်ပြောရမယ်ဆိုရင်SJS သည် ပျက်စီးသွားသော အဆောက်အဦများနှင့် တံတားများ ကို ခိုင်ခံ့စေရန် နှင့် ပြန်လည်ထူထောင်ရေးအတွက် အလွန်ထိရောက်သော နည်းလမ်းတခုဖြစ်ပါတယ်။

***ပြုပြင်မှုများကိုတော့ အင်ဂျင်နီယာအဖွဲ့များနဲ့ တိုင်ပင်ပြီး လုပ်ဆောင်တာ အကောင်းဆုံးဖြစ်ပါတယ်။***

ဆရာမဆု (BE (Civil))

မိသားစုများအားလုံး ဘေးအန္တာရယ်အပေါင်းမှ အမြန်ဆုံး ကင်းဝေးကြပါစေ 🙏
Crd

Address

ပန်းခင်း-ပန်းခင်း၂(၃)လမ်း Feel စားသောက်ဆိုင်အနီး
Pyinmana

Telephone

+959794993287

Website

Alerts

Be the first to know and let us send you an email when သာကီဆွေ Co.ltds posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share