Myanmar Northern Power Grid

Myanmar Northern Power Grid Trading

11/07/2023

"Generator kVA/kW တွက်ချက်ခြင်း''

ကျွန်တော်တို့ Generator တစ်လုံးဝယ်ရင် kVA/kW ကိုအနီးစပ်ဆုံး အဆင်ပြေအောင် ဘယ်လိုတွက်ချက်ကြမလဲ??

Generator ဆိုတာကတော့ လူတိုင်းသိပြီးသား ပစ္စည်းတစ်ခုဖြစ်ပါတယ်။ Mechanical Energy ကို Electrical Energy အဖြစ်ပြောင်းပေးတဲ့ ပစ္စည်းတစ်ခုပါ။ တစ်နည်းအားဖြင့် Electricity ကို generate လုပ်ပေးတဲ့အတွက် Generator လို့ ခေါ်ကြခြင်းလဲ ဖြစ်ပါတယ်။

Generator တွေမှာ output power ကို kVA တွေနဲ့ ပြလေ့ ရှိပါတယ်။ kVA တန်ဖိုးကြီးလာတာနဲ့အမျှ Generator ရဲ့ စျေးလဲ ကြီးလာမှာ ဖြစ်ပါတယ်။ ဥပမာ 20kVA၊ 45kVA အစရှိသဖြင့်ပေါ့လေ။ 45kVA မို့လို့ သူ့ရဲ့Output Power ကို 45kW ထွက်မယ်လို့ အမှတ်မှားတတ်ကြပါတယ်။ တကယ့်လက်တွေ့မှာတော့ 45kVA မီးစက်တစ်လုံးဟာ 45kW မထွက်ပါဘူး။ 45kVA ကို Apparent Power လို့ခေါ်ပါတယ်။

Power factor = Effective Power ÷ Apparent Power
ဆိုတဲ့ ပုံသေနည်းနဲ့ ရှင်းမှ တကယ်သုံးနိုင်မဲ့ kW ထွက်လာမှာပါ။

သူပေးထားတဲ့ 45kVA ကို power factor တန်ဖိုး 0.8 နဲ့ မြှောက် (×) လိုက်မယ်ဆိုရင်တော့ တကယ်အသုံးပြုနိုင်မဲ့ kW ကိုရမှာဖြစ်ပါတယ်။

45kVA × 0.8 = 36kW ကိုသာ တကယ်အသုံးပြုနိုင်မှာပါ။ 36kW ကိုတော့ Effective Power လို့ခေါ်ကြပါတယ်။

အချို့ 50Hz, 60Hz နှစ်မျိုးသုံးနိုင်တဲ့ မီးစက်တွေမှာဆိုရင် တစ်မျိုးပြန်တွက်ရမှာ ဖြစ်ပါတယ်။ ဥပမာ 45kVA မီးစက်ဆိုရင် 60Hz မှာမှ 45kVA ရတယ်လို့ ဆိုလိုတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာနိုင်ငံဟာ 50Hz ကိုသာ သုံးတဲ့အတွက် 50Hz အတွက် kVA ကိုရအောင် အရင်တွက်ရပါမယ်။ သုံးချက်တွက်နည်းနဲ့ တွက်လို့ရပါတယ်။
For 60Hz >>> 45kVA
For 50Hz >>> ???
(50×45) ÷ 60 = 37kVA ထွက်လာပါတယ်
အဲ့ဒီ 37kVA ကိုမှ Power Factor တန်ဖိုး 0.8 နဲ့ ထပ်မြှောက်ပေးရမှာပါ။
37kVA × 0.8 = 29.6kW

50Hz တစ်မျိုးတည်းသာ သုံးနိုင်တဲ့ 45kVA မီးစက်ဝယ်မယ်ဆိုရင်တော့ 36kW ကို အမှန်တကယ် သုံးနိုင်မှာ ဖြစ်ပါတယ်။

50Hz နဲ့ 60Hz နှစ်မျိုးသုံးနိုင်တဲ့ 45kVA မီးစက်တစ်လုံးကို ဝယ်မယ်ဆိုရင်တော့ 29.6kW သာ အမှန်တကယ် အသုံးပြုနိုင်မယ်လို့ဆိုလိုပါတယ်။

အိမ်သုံး/လုပ်ငန်းသုံးပစ္စည်းတွေရဲ့ Watt တန်ဖိုးတွေကို ပေါင်းပြီး Generator တစ်လုံးကိုရွေးချယ်တဲ့အခါမှာလည်း အချို့သော ပစ္စည်းများဟာ ရှိရင်းစွဲ Watt တန်ဖိုးထက် ပိုပြီးတွက်ပေးရတာကို သိထားရပါမယ်။

Fluorescent Light (အိမ်သုံးမီးချောင်း)တွေဆိုရင် မူလတန်ဖိုးရဲ့ ၂ဆ (သို့) ၃ဆ နဲ့တွက်ရပါတယ်။
အုတ်ဖောက်တဲ့ Gun ( Drilling Machine) တွေဟာလဲ ၂ဆ (သို့) ၃ဆနဲ့ တွက်ပေးရမှာပါ။
Motor, Compressor တို့လို Starting Ampere များတဲ့ ပစ္စည်းတွေကိုတော့ မူလ Watt တန်ဖိုးထက် ၃ဆ (သို့) ၅ဆ ပိုတွက်ပေးရပါတယ်။

ဥပမာ - ၄ပေမီးချောင်းဆယ်ချောင်း၊ မော်တာ 10000 Watt သုံးလုံး အတွက် သင့်တော်မဲ့ kVA ကိုတွက်ပါဆိုရင်
* ၄ပေ မီးချောင်း မူလ Watt - 40W × 2 = 80W
တစ်ချောင်းကို 80W နဲ့ အနည်းဆုံးတွက်ပေးသင့်ပါတယ်။ ဆယ်ချောင်းဆို 800W ရပါမယ်
* 10000W မော်တာတစ်လုံးအတွက် အနည်းဆုံး 30000W တွက်ပေးရပါမယ်။ သုံးလုံးဆိုရင် 90000W ရပါမယ်

90000W + 800W = 90800W ~ 91kW

91kW ÷ 0.8 (power factor) = 113.75kVA

၄ပေမီးချောင်းဆယ်ချောင်းနဲ့ 10000W မော်တာသုံးလုံးအတွက် သင့်တော်မဲ့ kVA ကတော့ 113.75 kVA လို့ပြောနိုင်ပါတယ်။
သိုပေမဲ့ ဒီ kVA ပမာဏဟာ safe မဖြစ်သေးပါဘူး။ Generator ရောင်း/ငှါး လုပ်ကြတဲ့ ကုမ္ပဏီတွေက safe ဖြစ်စေဖို့အတွက် 113.75 kVA ရဲ့ 20%ကို ထပ်မံပေါင်းထည့်လေ့ ရှိကြပါတယ်။

20% of 113.75 kVA = 22.75kVA

113.75 + 22.75 = 136.5kVA

နောက်ဆုံးအနေနဲ့ ၄ပေမီးချောင်း ဆယ်ချောင်းနဲ့ 10000W မော်တာ သုံးလုံးအတွက် သင့်လျော်သော မီးစက်မှာ 136.5 kVA မီးစက်ဖြစ်ပါတယ်။

ဆရာများ၊ Senior များနဲ့ လူတော်များကို အစဉ်လေးစားလျက်

Crd to original uploader

Diesel Engine တလုံးအားပြစ်ချက်ရှာဖွေခြင်းEngine နှိုး၍မရခြင်း* (Fuel system) တွင်a. လောင်စာဆီ အရည်အသွေးနိမ့်ကျသောကြောင့်...
25/06/2023

Diesel Engine တလုံးအားပြစ်ချက်ရှာဖွေခြင်း

Engine နှိုး၍မရခြင်း

* (Fuel system) တွင်
a. လောင်စာဆီ အရည်အသွေးနိမ့်ကျသောကြောင့်
b. ဆီလိုင်းအတွင်း လေခိုနေသောကြောင့်
c. ဆီလိုင်းပိတ်ဆို့နေသောကြောင့်
d. Injector(nozzle) ဆီပေါက်များပိတ်ဆို့နေသောကြောင့်
e. Injector(nozzle) body(or)cup ကွဲနေသောကြောင့်
f. ဆီထဲတွင် ရေပါနေသောကြောင့်
g. Injector O ring ပျက်စီးနေသောကြောင့်
h. Injector(nozzle) ဆီပန်းမှုမရှိသောကြောင့်
i. fuel return line ပိတ်နေသောကြောင့်
j. Injector(nozzle) cup မကောင်းသောကြောင့်

*( Operating and maintenance practises ) ပိုင်းတွင်
a. Engး အား သာမန်စက်လည်နှုန်းဖြင့်အချိန်ကြာမြင့်စွာမောင်းနှင်ထားသောကြောင့်

*( Mechanical adjustments OR repair ) ပိုင်းတွင်
a. Gasket ပြတ်နေသောကြောင့်
b. valve ဟာနေသောကြောင့်(သို့)
valve ချိန်ညှိပုံ မမှန်သောကြောင့်
c. piston ring ကျို း/ပဲ့နေသောကြောင့်
d. Injector(nozzle) ချိန်ညှိရန်လိုနေသောကြောင့်
*****************************

Engine power မရခြင်း

*(Air system) တွင်
a. Exhaust back pressure များနေသောကြောင့်
b. လေလိုင်းပိတ်ဆို့နေသောကြောင့်
c. ပူပြင်းသောရာသီဥတုတွင် လေထုထည် ပါးနေသောကြောင့်
d. Air cleaner နှင့် engine အကြား လေယိုစိမ့်နေသောကြောင့်
e. Turbocharger ၏ compressor ညစ်ပတ်နေသော
ကြောင့်

*( Fuel system ) တွင်
a. လောင်စာဆီအရည်အသွေး နိမ့်ကျသောကြောင့်
b. ဆီလိုင်းထဲတွင် လေခိုနေသောကြောင့်
c. ဆီလိုင်းပိတ်ဆို့နေသောကြောင့်
d. fuel return line ပိတ်ဆို့နေသောကြောင့်
e. Engine အတွင်း/အပြင် ဆီလိုင်းများ ယိုစိမ့်နေသောကြောင့်
f. Injector(nozzle) ပေါက်ပိတ်ဆို့နေသောကြောင့်
g. ဆီ pump ၏ gear အသွားပွန်းစားနေသောကြောင့်
h. Injector(nozzle) cup ပျက်စီးနေသောကြောင့်
i. Injector(nozzle) cup (သို့) body ကွဲနေသောကြောင့်
j. Injector O ring seal ပျက်စီးနေသောကြောင့်
k. Lever ချိတ်ဆက်တံမကောင်းသောကြောင့်(သို့) ချိန်ညှိရန်လိုနေသောကြောင့်
l. Governor ချိန်ညှိထားမှု နဲနေသောကြောင့်
m. ဆီထဲတွင် ရေပါသောကြောင့်
n. ဆီ pump မှ ဆီပေးသွင်းမှုပမာဏ မမှန်သောကြောင့်
o. Injector(nozzle) ဆီပန်းသွင်းပုံမကောင်းသောကြောင့်

*( Lubricating system ) တွင်
a. ချောဆီပမာဏ များလွန်းနေသောကြောင့်

*(Operating and maintenance practises ) ပိုင်းတွင်
a. oil filter ညစ်ပတ်နေသောကြောင့်
b. Engး အား သာမန်စက်လည်နှုန်းဖြင့်အချိန်ကြာမြင့်စွာမောင်းနှင်ထားသောကြောင့်
c. engine ဝန်ပိနေသောကြောင့်

*( Mechanical adjustment or repair ) ပိုင်းတွင်
a. Gasket ပြတ်နေသောကြောင့်
b. valve ဟာနေသောကြောင့် (သို့) valve ချိန်ညှိပုံ မမှန်သောကြောင့်
c. piston ring ကျိုးနေသောကြောင့်(သို့)ပွန်းစားနေသောကြောင့်
d. bearing clearance မမှန်သောကြောင့်
e. Engine အား Overhaul ပြုလုပ်ရန်လိုနေသောကြောင့်
f. valve timing နှင့် ဆီ timing မမှန်သောကြောင့်
g. liners နှင့် piston များတွင် အစင်းရာများ အခြစ်ရာများဖြစ်ပေါ်နေသောကြောင့်
h. Injectos(nozzle) ချိန်ညှိရန် လိုနေသောကြောင့်
*****************************

Governor ၌လိုအပ်သောစက်လည်နှုန်းသို့ တင်မရခြင်း

*( Fuel system ) တွင်

a. Lever ချိတ်ဆက်တံမကောင်းသောကြောင့်(သို့) ချိန်ညှိရန်လိုနေသောကြောင့်
b. Governor ချိန်ညှိထားမှု နဲနေသောကြောင့်
c. ဆီထဲတွင် ရေပါသောကြောင့်
d. ဆီ pump မှ ဆီပေးသွင်းမှုပမာဏ မမှန်သောကြောင့်
e. Injector(nozzle) ဆီပန်းသွင်းပုံမကောင်းသောကြောင့်

*( Operating and maintenance practises ) ပိုင်းတွင်
a. oil filter ညစ်ပတ်နေသောကြောင့်
b. engine ဝန်ပိနေသောကြောင့်

*( Mechanical adjustment or repair ) ပိုင်းတွင်
a. Gasket ပြတ်နေသောကြောင့်
b. Injectos(nozzle) ချိန်ညှိရန် လိုနေသောကြောင့်
*****************************

Engine စက်လည်နှုန်းနှေးကွေးခြင်း

*( Fuel system ) တွင်
a. ဆီလိုင်းထဲတွင် လေခိုနေသောကြောင့်
b. ဆီလိုင်းပိတ်ဆို့နေသောကြောင့်
c. ဆီထဲတွင် ရေပါသောကြောင့်
d. ဆီ pump မှ ဆီပေးသွင်းမှုပမာဏ မမှန်သောကြောင့်
e. Injector(nozzle) ဆီပန်းသွင်းပုံမကောင်းသောကြောင့်
f. ဆီ pump မှ plunger, barrelပျက်စီးနေသောကြောင့်
g. ဆီ pump မှ ဆီပေးသွင်းမှုပမာဏ မမှန်သောကြောင့်
h. Injector(nozzle) ဆီပန်းသွင်းပုံမကောင်းသောကြောင့်

*( Mechanical adjustment or repair ) ပိုင်းတွင်
a. Gasket ပြတ်နေသောကြောင့်
b. Injectos(nozzle) ချိန်ညှိရန် လိုနေသောကြောင့်
*****************************

Engine လေငတ်ခြင်း

*(Air system) တွင်

a. လေလိုင်းပိတ်ဆို့နေသောကြောင့်
b. ပူပြင်းသောရာသီဥတုတွင် လေထုထည် ပါးနေသောကြောင့်
c. Air cleaner နှင့် engine အကြား လေယိုစိမ့်နေသောကြောင့်
d. Turbocharger ၏ compressor ညစ်ပတ်နေသော
ကြောင့်
*****************************

Engine သာမန်စက်လည်နှုန်း ပုံမှန်မဟုတ်ခြင်း

*( Fuel system ) တွင်
a. လောင်စာဆီအရည်အသွေး နိမ့်ကျသောကြောင့်
b. ဆီလိုင်းထဲတွင် လေခိုနေသောကြောင့်
c. ဆီလိုင်းပိတ်ဆို့နေသောကြောင့်
d. Lever ချိတ်ဆက်တံမကောင်း
သောကြောင့်(သို့) ချိန်ညှိရန်လိုသောကြောင့်
e. Idle speed setting ချိန်ညှိပုံ မမှန်သောကြောင့်
f. Governor weight တုံးတပ်ဆင်ပုံမမှန်သောကြောင့်
g. ဆီထဲတွင် ရေပါသောကြောင့်
h. ဆီ pump မှ ဆီပေးသွင်းမှုပမာဏ မမှန်သောကြောင့်

*( Mechanical adjustment or repair ) ပိုင်းတွင်
a. Gasket ပြတ်နေသောကြောင့်
*******************************************
ဆက်လက် ဖော်ပြပေးပါမည်။

ပညာရှင်အားလုံးအားလေးစားလျက်

====================

ကူးယူမျှဝေခြင်းသာ
Car Chit Thu

respectfully credit >>>
အောင်မြင်သူ - ဆားဗစ် အင်ဂျင်နီယာ

5KW GeneratorFor Sale ရောင်မည်။Diesel Generatorစျေးနှုန်းအသက်သာဆုံးနဲရောင်းချပေးပါမည်။Price 3,290,000 MMKမိုးတွင်းကာလဖြင...
20/06/2023

5KW Generator
For Sale ရောင်မည်။

Diesel Generator

စျေးနှုန်းအသက်သာဆုံးနဲရောင်းချပေးပါမည်။

Price 3,290,000 MMK

မိုးတွင်းကာလဖြင့်လို့စျေးနူန်းအသက်သာဆုံးနဲရောင်းချပေးနေပါသည်။လိုအပ်တယ်မိတ်ဆွေ့များကိုလဲအိမ်တိုင်ယာရောက်ထိပိုဆောင်ပေးနေပါသည်။နယ်​ဝေးမိတ်ဆွေ့များကိုလဲကားဂိတ်ထိတာဝန်ယူပြီးပိုဆောင်ပေးနေပါသည်။

Ph09-421092137

သို့ဆက်သွယ်မေးမြန်နိင်ပါသည်။

ဆိုင်လိပ်စာ////Tha-11(50-51),62×116, ပြည်ကြီးတံခွန်မြို့နယ်,မန္တလေးမြို့

Hot line ph no 09 421092137 09-794262570
15/06/2023

Hot line ph no 09 421092137
09-794262570

Coming soon🥰Hot Line 09-794262570                09-421092137
31/05/2023

Coming soon🥰
Hot Line 09-794262570
09-421092137

Address

Muse
Muse

Telephone

+959447928285

Website

Alerts

Be the first to know and let us send you an email when Myanmar Northern Power Grid posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share