21/03/2026
#ကမ္ဘောဇထိပ်ထား_ဆောက်လုပ်ရေး
#မြဝတီမြို့
Building Area - 24ft x 45ft (2.5Stry), RC Building
Building Type - Residential Building
Foundation Type - Isolated Footing
Location - ကျောက်လုံးကြီး၊ အမှတ်(၄)ရပ်ကွက်၊ မြဝတီမြို့၊ ကရင်ပြည်နယ်။
___________________________________________
မိမိတို့ကုမ္ပဏီအနေဖြင့် အဆောက်အဉီးများတည်ဆောက်ရာတွင် ဆောင်ရွက်ရမည့် အချက်အလက်များကို အောက်ပါအတိုင်း ဆောင်ရွက် တည်ဆောက်ပေးလျှက်ရှိပါသည်။
- အဆောက်အဉီးစတင်မတည်ဆောက်မှီ
▪️ မြေပြင်ကွင်းဆင်း တိုင်းတာခြင်း (Surveying) ပြုလုပ်ခြင်း၊ ခြံကွက်အတွင်း အဆောက်အဉီးအတိုင်းအတာ နေရာချထားခြင်း၊
▪️ အထပ်မြင့်အဆောက်အဉီးများအတွက် မြေသားအခြေအနေ စမ်းသပ်ခြင်း (Soil Test)
▪️ Architecture Drawing ဖြစ်သော အခန်းဖွဲ့များနေရာချခြင်း၊ အထပ်အလိုက် floor height အမြင့်များသတ်မှတ်ခြင်း၊
▪️ အဆောက်အဉီးပြင်ပ အလှပုံများတိုင်ပင်ဆွေးနွေးခြင်း၊
စသည့်အချက်အလက်များရရှိပြီးမှ Structure Design ပြုလုပ်၍ မြေစမ်းသပ်ခြင်း အချက်အလက်မှ ရရှိသော မြေအခြေအနေနှင့် အဆောက်အဉီးစုစုပေါင်းတန်ချိန်အား ချိန်ညှိ၍ အဆောက်အဉီး၏ Foundation လုပ်ငန်းကို ကုန်ကျစရိတ် အသက်သာဆုံးဖြစ်မည့် ဒီဇိုင်းရေးဆွဲဆောင်ရလျှက်ရှိပါတယ်။
- အဆောက်အဉီး စတင်တည်ဆောက်ခြင်း၊ တည်ဆောက်ဆဲ ကာလတွင်
▪️ Foundation စတင်လုပ်ဆောင်ရာတွင် မြေသားစပ်သပ်မှုနှင့် Structure Design လိုအပ်ချက်ပေါ်မူတည်၍ လိုအပ်သလို မြေဝင်သတ်မှတ်ခြင်း။
▪️ ဆိုဒ်အင်ဂျင်နီယာများမှ အနီးကပ်ကြီးကြပ်မှုအပါအဝင် QC အင်ဂျင်နီယာ၊ ပရောဂျက်အင်ဂျင်နီယာများ မှ Structure အင်ဂျင်နီယာ၏ ဒီဇိုင်းနှင့် အရည်အသွေးပြည့်မှီအောင် ဆောင်ရွက်ခြင်း။
▪️ အခြေခံအချက်များဖြစ်သော စစ်ဆေးမှုပြုလုပ်ထားပြီးသည့် (Rebar Test) သံချောင်းများကို Structrue Design အတိုင်း အသုံးပြုခြင်း၊ သံချောင်းအဆက်များအား Design Code အတိုင်း လိုက်နာဆောင်ရွက်ခြင်း၊ သတ်မှတ်ပေပြည်မှီစေရန်စစ်ဆေးခြင်း၊ သံချောင်းဆိုဒ်အရွယ်အစားများအား ဒီဇိုင်း အင်ဂျင်နီယာသတ်မှတ်ချက်အတိုင်း သံဆိုဒ်များကိုအသုံးပြုခြင်း။ (Accordign to MNBC Code)
▪️ ကွန်ကရစ်လောင်းရာတွင်လည်း အသုံးပြုသည့် ကွန်ကရစ်အားလုံးကို Structure Design ပါအတိုင်း ကွန်ကရစ်ခံနိုင်အား PSI ပြည်မှီစေရန် စစ်ဆေး၊ လုပ်ဆောင်ခြင်း။ ကွန်ကရစ်မလောင်မှီ လိုအပ်သော စစ်ဆေးမှုများပြုလုပ်ခြင်း။
စသည့်အဆင့်ဆင့်တိုင်းကို တိကျစွာဆောင်ရွက်ပေးနေပါတယ်။
မိမိတို့ရဲ့ နေအိမ်၊ စီပွါးရေးအဆောက်အဉီးများကို ရင်နှီမြှပ်နှံမှုပြုလုပ်ရာတွင် အရည်အသွေးပြည့်မှီသော အဆောက်အဉီးများရရှိနိုင်ဖို့အတွက် မိမိတို့ ကုမ္ပဏီနှင့် လက်တွဲဆောင်ရွက်ရန်ဖိတ်ခေါ်လိုက်ပါတယ်။
__________________________________________
(မိမိတို့ ကမ္ဘောဇထိပ်ထား ဆောက်လုပ်ရေး ကုမ္ပဏီ အနေဖြင့် မိမိတို့ ကုမ္ပဏီဖြင့်ဆောက်လုပ်သော အဆောက်အဉီးများအား ဒီဇိုင်းရေးဆွဲခြင်း၊ မြေပြင်ကွင်းဆင်းခြင်း၊ တိုင်ပင်ဆွေးနွေးပေးခြင်း နှင့် ခန့်မှန်းကုန်ကျစရိတ်တွက်ချက်ပေးခြင်းများကို မြဝတီမြို့တွင်း မေတ္တာလက်ဆောင်အနေဖြင့် ဆောင်ရွက်ပေးနေပါတယ်)
မိမိတို့ကုမ္ပဏီမှ အခြားဝန်ဆောင်မှုများအနေဖြင့်….
- အဆောက်အဉီးဆောက်လုပ်ရေးလုပ်ငန်းများ (Construction)
- ဗိသုကာဒီဇိုင်းများရေးဆွဲပေးခြင်း (Architecture Design 3D)
- ခိုင်ခန့်မှုပိုင်းဆိုင်ရာဒီဇိုင်းများရေးဆွဲပေးခြင်း (Structure Design)
- ရေ၊ မီး သွယ်တန်းခြင်းလုပ်ငန်းများ (M & E)
- ရေ၊ မီး သွယ်တန်းခြင်း ဒီဇိုင်းများရေးဆွဲပေးခြင်း (M & E Design)
စသည့် အင်ဂျင်နီယာဝန်ဆောင်မှုများ (Engineering Services) များကိုလည်း ဆောင်ရွက်ပေးလျှက် ရှိပါတယ်…..
ဆက်သွယ်ရန်ဖုန်း - 09759318230, 09458041155, 09453906099
Email – [email protected]
ရုံးလိပ်စာ - အောင်မြေရွှေဘုံ (၁)လမ်း၊ အမှတ်(၄) ရပ်ကွက်၊ မြဝတီမြို့။
Company Registration No. 124824982