13/03/2023
95 သုံးချင်တယ် စျေးမတက်နိုင်ဘူး ၊ 95 နဲ့ 92 ရောသုံးလိုက်မယ် အဆင်ပြေလား ?
+++++++++++++++++++++++++++++++
မကြာမကြာ မေးနေတဲ့ မေးခွန်းလေးတစ်ခုပါ။ ဒီမေးခွန်းလေးက ကျွန်တော်မိတ်ဆွေ တစ်ယောက် သူရဲ့ ဝင်းဂလုတ် (Nissan wingroad) ကားလေး အရင်က 95 ထည့်တာ 95 မရလို့ 92 ရောသုံးမယ် အဆင်ပြေလား ၊ ဒါမှမဟုတ် 95 တစ်သောင်းခွဲဖိုး ၊ 92 ကတစ်သောင်းခွဲဖိုး ရောပြီး မောင်းလိုက်မယ်။ ရေတို ရေရှည် ဘာဖြစ်နိုင်မလဲ? သိသလောက် ဖြေကြားပေးပါ့မယ်ခင်ဗျ။ 95 နဲ့ 92 ပေါင်းရင် 93.5 Ron ပေါ့။ ဒီနေရာမှာ 95 က 95 ရှိရမယ်လို့ အတိအကျ စစ်ပေးနိုင်တဲ့ စက်မရှိသလို 95 ကွာလတီ အပြည့် မမှီရင် မသွင်းရဘူးဆိုတဲ့ ဥပဒေလဲ မရှိတော့ 95 လို့ ပြောရောင်း ထည့်ရတာပါဘဲ။ ကျွန်တော်တို့ 95 ဆိုရင် 92 ထက် စျေးများတယ်။ ဆီဆိုင်မှာ 95 ထည့်မယ်လို့ပြောလိုက်ရင် 95 စာကပ်ထားတဲ့ ဆီဂေါက်နဲ့ ထည့်ပေးလိုက်တာပါဘဲ။ 92 ဆိုရင်တော့ 92 စာကပ်ထားတဲ့ ဆီဂေါက်နဲ့ တေ့လွှတ်ထည့်လိုက်တာပါဘဲ။ တခါတလေ ထည့်နေကျ 95 မရလို့ 92 ထည့်လိုက်တဲ့ အခါမှာ ကားက မီးသံခေါက်ချင်တယ် အဆွဲအရုံးကျတယ် ဒါလေးတွေ သိသာစေတယ်။ ဒီတော့ 95 နဲ့ 92 ရောနှောသုံးလိုက်ပေမဲ့ ကိုယ့်ကားက ရှယ်မိုက်နေသေးရင် ဘာမှ သိသာစေမှာ မဟုတ်ဘူး။ အင်ဂျင်ပါဝါနဲ့လည်း ဆိုင်ပါသေးတယ်။ အင်ဂျင်ပါဝါကြီးနဲ့ ကားတွေမှာ ကားက တကယ်လိုအပ်တဲ့ မြင်းကောင်ရေထက် ပိုမိုများပြားတဲ့ မြင်းကောင်ရေအားကို ပိုပိုလျံလျံ ထုတ်ပေးနိုင်ကြလို့ အဆွဲအရုန်းပိုင်းမှာ အရမ်းကြီးမသိသာစေပါဘူး။ ဒါပေမဲ့ အင်ဂျင်ပါဝါသေးတဲ့ 660cc တန်း 1000cc တန်း ကားလေးတွေမှာ အခုလို ဆီအရောအနှော ၊ အပြောင်းအလဲ သုံးတာတွေက တော်တော်လေး သိသာစေပါတယ်။ ကာဗွန်ဂျိုးတွေ တက်နေတာမျိုး ၊ ပလပ်တွေ သိပ်မကောင်းဘူးဆိုရင် အင်ဂျင်က ပါဝါအပြည့်မရတာကြောင့် ကားမောင်းမကောင်းပါဘူး။ ဆီအရည်အသွေးမကောင်းရင် detonation လို့ခေါ်တဲ့ မီးသံခေါက်တာမျိုးတွေ ကြုံရမှာပါ။ နောက်ပိုင်း ကျောက်ဇကာကို ထိခိုက်စေပါတယ်။ ကားတွေမှာ ဆီရဲ့ အရည်အသွေးကို စစ်ပေးနိုင်တဲ့ ဆင်ဆာ မပါရှိပါဘူး။ ဒါ့ကြောင့် ဘာဆီထည့်ထည့် သူကတော့ မောင်းမှာဘဲ ကျန်တာကတော့ သူ့ကိစ္စမဟုတ်ဘူးပေါ့။ 95 နဲ့ 92 ရောသုံးခြင်းက ဘာဖြစ်ပါတယ်လို့ တိကျတဲ့ အဖြေမရှိပါဘူး။ ဘာလို့ဆိုတော့ တိကျတဲ့ ဥပဒေ နဲ့ တိကျ reserch မရှိလို့ပါ။ ဒါ့ကြောင့် ကျွန်တော်တို့က ကားတစ်စီးချင်းစီကိုဘဲ individual fault နဲ့ သွားကြရမှာဘဲ ဖြစ်ပါတယ်။ အကြမ်းဖျင်းပြောရတာတော့ 95 သုံးနေတဲ့သူက 92 ပြောင်းသုံးရင် မီးသံ ပါလိမ့်မယ် ၊ အဆွဲအရုန်းကျပါမယ် ၊ ကျောက်ဇကာထိမယ် ၊ အင်ဂျက်တာတွေ ထိမယ် စတဲ့ အချက်တွေဖြစ်ပါလိမ့်မယ်။
စက်ဆရာများ ဘေးကင်းချမ်းသာကြပါစေ 😍🙏
#ဝပ်ရှော့ဆရာညီအကိုတွေ အားလပ်တဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၄)အုပ်၀ယ်ယူနိင်ပါတယ်ခင်ဗျာ 🙏
စက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ
& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
https://www.facebook.com/100064755550366/posts/551421737026340/
#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398
& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/
#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/
မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476
09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ
🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏
အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)