Paingpyaephyo Engineering Group Constriction and Consultant

  • Home
  • Myanmar
  • Myeik
  • Paingpyaephyo Engineering Group Constriction and Consultant

Paingpyaephyo Engineering Group Constriction and Consultant Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Paingpyaephyo Engineering Group Constriction and Consultant, Myeik.

04/05/2024

မဟာဗောဓိမြိုင်ဆရာတော်ဘုရားကြီးကို
ပုဂ္ဂိုလ်ထူးတစ်ဦး လှူဒါန်း ချီးမြှင့်သည့် #ရေသောက်နည်း 🙏🙏🙏
**************************************
{ မဟာဗောဓိမြိုင်ဆရာတော်ကြီးရဲ့
အနန္တော အနန္တငါးပါးရေသောက်နည်းနဲ့
ပတ်သက်ပြီး အွန်လိုင်းမှာ လိုတာ
လွဲတာတွေ့လို့ ပြန်တင်ပေးပါတယ် }

**************************************

ရေသောက်ပါ။ ရေသောက်လျှင်ရောဂါပျောက်

၁၃၄၈ ခုနှစ်၊ နယုန် လဆန်း ၇ ရက်နေ့။

နေ့လည် ၁ ချက်တီးလောက်တွင်
ပုပ်ပါးတောငျကလပျမှ စတင်ထွက်ခဲ့ရာ
ပုဂံမှ ကျောက်ပန်းတောင်း၊တစ်ဖန် ကျောက်ပန်းတောင်းမှ မိတ္ထီလာသို့ကူးရာ မုံတိုင်ဆည်အလွန် ကြက်ပင်ဆိုသော ရွာအနီးရှိ မန်ကျည်းပင်ငယ်လေးအရိပ်တွင် ကားစစ်ဆေးရင်း ရပ်နားနေကြ၏။

ထိုစဉ် ရွာဘက်လောက်ဆီမှ
အရွယ်အားဖြင့် (၄၀) ခန့်မျှရှိပြီး
အသားဖြူဖြူ မျက်နှာကားဝိုင်းစက်
ငယ်ရုပ်ပင်မပျက်သေးသူ ပုဂ္ဂိုလ်တစ်ဦး
ငါတို့ဆီ တန်းမတ်စွာလာနေသည်ကို တွေ့ရ၏။
ဝါးခမောက်နှင့် ပေါက်ပြားနှင့်။

ငါတို့အနီးရောက်သည်နှင့် ဂါရဝပြုဦးချပြီး
တစ်ဖန် မတ်တတ်ရပ်လိုက်၏။

"အရှင်ဘုရား၊ မြေတို့မည်သည်
ရေနှင့် မကင်းရပါဘုရား။
အရှင်ဘုရား၏ ကိုယ်မှာလည်းပဲ
မြေဓါတ် (၂၀) တို့ကို အမာခံထားပြီး တည်ဆောက်ထားတာ ဖြစ်လေတော့
ရေကို များများ သောက်ပေးပါဘုရား။

စ. ဓ. ဗ. ဝ လေးမျိုးတို့တွင်....

#စ - ဆိုသည်မှာ...
စကြာဝဠာတစ်တိုက်လုံးကို
ပိုင်ကျုံးအစိုးရတော်မူသော
မြတ်စွာဘုရားပါ ဘုရား၊

#ဓ - ဆိုသည်မှာ....
ဓမ္မစကြာကို တရားဦးအဖြစ်
ဟောကြားတော်မူသော
မြတ်စွာဘုရားပါ ဘုရား၊

#ဗ - ဆိုသည်မှာ...
ဗောဓိပင်နှင့် ရွှေပလ္လင်ကို
အောင်မြင်တော်မူသော
မြတ်စွာဘုရားပါ ဘုရား၊

#ဝ - ဆိုသည်မှာ...
ဝသုန္ဒြေနတ်သမီး၏
သက်သေပြုခြင်းကို
ခံယူရရှိတော်မူသော
မြတ်စွာဘုရားပါ ဘုရား၊

သို့ကြောင့်....

အရှင်ဘုရား သောက်သုံးမည့် ရေအိုး၏ဖင်မှာ
#ဝ အက္ခရာ ကွင်းပေးထားပါဘုရား။

သို့မှသာ.... မြေကို ရေထိန်း၊
ရေကို နတ်သိမ်းထားသည့်
နတ်ပေးရေ ဖြစ်ပါလိမ့်မည် ဘုရား။

၎င်းရေကို သောက်သုံးလေသောအခါ -

- #ပထမတစ်ကျိုက်သောက် -
ဗုဒ္ဓဂုဏော အနန္တော စိတ်ကပွား၊
အရဟံဂုဏ်ကို အာရုံထုံထားပေးပါဘုရား။

- #ဒုတိယတစ်ကျိုက်သောက် -
ဓမ္မဂုဏောအနန္တော စိတ်ကပွား၊
သွက္ခာတောဂုဏ်ကို အာရုံထုံထားပေးပါဘုရား။

- #တတိယတစ်ကျိုက်သောက် -
သံဃဂုဏောအနန္တော စိတ်ကပွား၊
သုပ္ပဋိပန္နဂုဏ်ကို အာရုံထုံထားပေးပါဘုရား။

ရှေ့ဆုံးမှ တင်ထားသော ဂုဏ်တော်မှန်သမျှ
အထွဋ်ဆုံး အမြတ်ဆုံးမို့လို့ တင်ထားခြင်းပါဘုရား။

- #စတုတ္ထတစ်ကျိုက်သောက် -
မိဘနှစ်ပါး ကွယ်လွန်သွားပြီးသော်မှ
၎င်းတို့မျက်နှာကို မြင်အောင်ကြည့်ပီး
သောက်ပါဘုရား။

- #ပဉ္စမမှာလည်း-
မိမိအား အကျိုးများစေသော ဆရာသမား ကွယ်လွန်သော်မှ သူ့မျက်နှာမြင်အောင်ကြည့်၍ သောက်ပါဘုရား။

တစ်နေ့ တစ်နေ့ ဝင်သလောက်သောက်၊
ဆန့်သလောက်သောက်သုံးပါဘုရား ။
ရေကိုသောက်သဖြင့် ဒုက္ခမရောက်ပါ။

တပည့်တော် နေ့ဆို ရွက်အိုး နှစ်လုံးကုန်အထိ သောက်သုံးနေပါသည်၊

တပည့်တော်မျက်နှာကို သေသေချာချာကြည့်ပါ"ဟု ခိုင်းသဖြင့် ကြည့်မိရာ မျက်နှာသည် လန်းဆန်းခြင်း၊ သွေးတို့ဖြင့် နီသန်းခြင်းများကို တွေ့ရ၏

ပြီးသော် -

ရေများများသောက်လျှင်
ကျင်ငယ်များများ သွားရ၏။
အသွား မပျင်းနှင့်။

ထိုကျင် ငယ် ရေ နောက်သို့
သင့်ခန္ဓာတွင်းရှိ အပူဓာတ်များလည်း
လိုက်ပါရကား ခန္ဓာဘုံ
အပူကုန်စေလိမ့်မည်။

ရေများများ သောက်လျှင်
ဝမ်းသွားလာရ၏။
များ သ လောက် ဝမ်းပျော့ပြောင်းခြင်း
အချိန်စောစီးစွာ ထုတ်ပေးရခြင်းများ
ပြုလုပ်ပေးရ၏။
အပူစဲသဖြင့် အ အေး ဓာတ်
ကဲလာခြင်း၏ သ င်္ကေတ ပေကလား။

ထိုအခါ သင့်ခန္ဓာကိုယ် ရှိ
သင့်အသား သင့် အ ရေ များကို
ကိုင်ကြည့် အချိန် မ ရွေး
အေးမြ နေသည်ကို တွေ့ရ ပေလိမ့်မည်။

ဤကား အ တွေ့ ရေက
အ တွေ့မြေကို လက်တွေ့
ကုစားပြခြင်းတည်း။

တစ်ဖန်
ထို ရေ သောက် နည်းကို
ကြာကြာသောက်လာသော်
ရေ သောက် ရာ ၌
ကုသိုလ်စိတ်သက်သက်ချည်း
တည်ချေပြီ။
ငြိမ်သောစိတ် ငြိမ်းသောစိတ်ချည်း
နားသက်၍ နေ ချေ ပြီ။

အနန္တ တန်ခိုးရှင် ငါးဦးတို့၏
မေတ္တာဓာတ် ရည်ကား
ငါ့စိတ်ကို အေးမြ စေ၏။

မြေမှထွက်၍ မြေသို့ပြန်လည်
သက်ကျလာသော
ပကတိဓာတ် ရည်ကား
ငါ့ကိုယ်ကို အေးမြ စေ၏။

"အရှင်ဘုရားလို
သာသနာပြု ပုဂ္ဂိုလ်တစ်ဦးလည်း
သည်နည်း ဆက်သွားလျှင်
သည်ရေသောက်နည်းကား
ကမ္ဘာအထိ ပျံ့နှံ့သွားနိုင်ပါသည် ဘုရား" ဟူ၍လည်း ငါတို့ကို သာသနာပြု ပုဂ္ဂိုလ်ကြီးဟူ၍ တပ်အပ်စွဲနေချေသည်ကော။

၎င်းနှင့်ပတ်သက်၍လည်း
"တပည့်တော်ယခင်က အရက်သမားပါ၊
သည်နယ်မှာ သာသနာပြုရဟန်းတစ်ပါး
ကြွလာပြီး ဘုရားတည်လာရာမှ တပည့်တော်လည်း ဘုရားတည်တဲ့ထဲ ပါလာရတာပါဘုရား" ဆို၏။

ထိုစဉ်က ငါတို့သည်လည်
ရဟန်းဘဝ (၁၃၄၁ ခု၊ ဝါတွင်းဝါကို ပယ်နှုတ်ထားသော်)၆ ဝါမျှသာရသေး၏

မဟာစည်၏ ရင်ငွေ့တော် မခိုလှုံရမီ
ယခင်က သမထဆို သမထမှ
တဇွတ်ထိုးကျင့်ဆဲမျှသာ။

ထိုသို့လျှောက်ထားပြီး ဆက်လက်၍လည်း
ရေအကျိုးညွှန်သေး၏။

"အရှင်ဘုရားက သက်တမ်းတိုကာလ
လူလာဖြစ်ရတာ အရှင်ဘုရားရဲ့ သက်တမ်းနဲ့ အင်းဝိဇ္ဇာနှစ်သောင်း ကစားသွားတဲ့
အင်းပညာကိုလည်း လိုက်မမှီနိုင်ပါ၊

ဓါတ်ဝိဇ္ဇာတွေ မြောက်များစွာ
ကစားသွားတဲ့ ဓါတ်ပညာတို့ကိုလည်း
လိုက်မမှီနိုင်ပါ၊ ဆေးဝိဇ္ဇာများ စီရင်သွားတဲ့
ဆေးအတတ်ကိုလည်း လိုက်မမှီနိုင်ပါ။
သည်ရေကို သည်လိုသာ
အမြဲအစွဲသောက်သုံးနေပါလျှင်

ဆေးမလို -
အင်းမလို -
ဓါတ်မလို
ရှေးပုဂ္ဂိုလ်တို့၏ အရည်အသွေး
အလိုလိုပင် ပြည့်မီလာပါလိမ့်မည်ဘုရား၊

သည်နည်းဟာ ဆေးပါင်းချုပ်၊ အင်းပေါင်းချုပ်ပါဘုရား" ဟု လျှောက်ထားသွား၏။

ထို့နောက် ၎င်းလည်း ခမောက်နှင့် ပေါက်တူး (ပေါက်ပြား) ကိုင်၍ ထွက်သွားတော့၏။

* ခမောက်ကား သူ့အတွက် လုံခြုံဖို့ အေးချမ်းဖို့။
* ပေါက်တူးကား မြေကိုတူးဆွ စိုက်ပျိုးဖို့၊ လမ်းပြင်ဖို့။

ရည်ညွှန်းကိုးကား/-

(၁) မဟာဗောဓိမြိုင် ဆရာတော်ဘုရားကြီး၏
ဘဝကန္တာရ သင်္ကေတ ကထာစာအုပ် (နှာ ၃၀၆)

သန်းလှိုင်ဉီး

Address

Myeik

Telephone

+95941005869

Website

Alerts

Be the first to know and let us send you an email when Paingpyaephyo Engineering Group Constriction and Consultant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share