Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛

  • Home
  • Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛

Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 ● Dᴇsɪɢɴ
● Esᴛɪᴍᴀᴛᴇ
● Cᴏɴsᴛʀᴜᴄᴛɪᴏɴ Sᴇʀᴠɪᴄᴇ

အင်းတော်ကြီးဒေသ၊  နန့်မွန်းမြို့၊ မိုင်းနောင်ကျေးရွာတွင်တာ၀န်ယူတည်ဆောက်မည့် ( 24' × 38') RC နှစ်ထပ်အဆောက်အဦးလေးဖြစ်ပါတယ...
14/06/2024

အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့၊ မိုင်းနောင်ကျေးရွာတွင်
တာ၀န်ယူတည်ဆောက်မည့် ( 24' × 38') RC နှစ်ထပ်
အဆောက်အဦးလေးဖြစ်ပါတယ်ခင်ဗျ။

ယခုလိုယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပေးခဲ့ပါသောအိမ်ရှင်မိသားစုကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ စီးပွားရေး၊အလုပ်အကိုင်များလည်း ယခုထက်ပိုမို အောင်မြင်ပါစေခင်ဗျာ။☺️🙏🙏🙏

Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛
Phone - 09455881600
- 09449016308
Email - [email protected]

2 storey RC building Location  - Mandalay Design by - Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 မန္တလေးမှ လာရောက်အပ်နှံသွာ...
22/05/2024

2 storey RC building

Location - Mandalay
Design by - Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛

မန္တလေးမှ လာရောက်အပ်နှံသွားတဲ့ ဒီဇိုင်းသီးသန့် ပရောဂျက်လေးပါ။

သပ်ရပ်လှပသော အိမ် Design လှလှလေးများကို လူကြီးမင်းတို့စိတ်တိုင်းကျသည်အထိ Design ရေးဆွဲပေးခြင်း Estimate တွက်ချက်ခြင်းတို့ကိုလည်းဆောင်ရွက်ပေးနေပါပီ။

Contacts : Phone : 09455881600
Email : [email protected]


အိမ်တစ်အိမ်ဖြစ်လာဖို့ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။ဒီအိမ်လေးမှာဆို အိမ်ရှင်များ  အစဥ်ပြေပြေနေထိုင်ဖို့ အခန်းဖွဲ့၊ကျန်းမာရ...
12/05/2024

အိမ်တစ်အိမ်ဖြစ်လာဖို့ဆိုတာ တကယ်မလွယ်ကူတဲ့ ကိစ္စပါ။
ဒီအိမ်လေးမှာဆို အိမ်ရှင်များ အစဥ်ပြေပြေနေထိုင်ဖို့ အခန်းဖွဲ့၊ကျန်းမာရေးအတွက် လေ၀င်လေထွက်၊ အလင်းရောင်ရရှိမှုတို့နှင့် ယခုကာလမှာ အထူးဂရုပြုနေရတဲ့ ကုန်ကျစရိတ် တို့ကိုအထူးစဥ်းစားပီး ရေးဆွဲထားတဲ့ပုံလေးကိုတင်ပေးလိုက်ပါတယ်။

အိမ်လေးမှာတော့ -
* အိမ်ခန်းအနေနဲ့ (၃)ခန်း
* ဘုရားခန်း
* ဧည့်ခန်း
* မီးဖိုချောင်နှင့် ထမင်းစားခန်း တို့ပါ၀င်ပါသည်။

ကုန်ကျစရိတ်ကတော့ သိန်း ၅၀၀ ၀န်းကျင်ကုန်ကျပါမယ်ထင်ဗျ။(ကချင်ပြည်နယ်)

လိုအပ်သောမိတ်ဆွေများ လာရောက်ဆက်သွယ်နိုင်ပါတယ်။
09455881600
09449016308
[email protected]

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင်တည်ဆောက်ပီးစီးခဲ့သောအိမ်ကလေးကို အိမ်ရှင်မိသားစုထံသို့ ပျော်ရွှင်၀မ်းမြှောက...
23/04/2024

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဟိုပင်မြို့တွင်တည်ဆောက်ပီးစီးခဲ့သော
အိမ်ကလေးကို အိမ်ရှင်မိသားစုထံသို့ ပျော်ရွှင်၀မ်းမြှောက်စွာနဲ့ အပ်နှံနိုင်ပါခဲ့ပီနော် 🏡🏡

ဒီအိမ်လေးဟာဆိုရင် ခြံ၀န်းအကျယ် ၆၀×၈၀မြေကွက်ပေါ်မှာ 32×35အကျယ်အဝန်းနဲ့ တည်ဆောက်ပေးထားတဲ့အိမ်လေးဖြစ်ပါတယ်။

အိမ်လေးမှာဆိုရင်
-Shrine room
-Master Bedroom ၁ ခန်း
-Single Bedroom ၃ ခန်း
-Living Room
-Dinning & Kitchen
-Common B&WC တို့ပါ၀င်တည်ဆောက်ထားခြင်းဖြစ်ပါတယ်။

ယခုလိုယုံကြည်စွာဖြင့် လုပ်ငန်းအပ်နှံပေးခဲ့ပါသောအိမ်ရှင်မိသားစုကိုလည်းကျေးဇူးအထူးတင်ရှိပါတယ်ဗျ။ စီးပွားရေး၊အလုပ်အကိုင်များလည်း ယခုထက်ပိုမို အောင်မြင်ပါစေခင်ဗျာ။☺️🙏🙏🙏

Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛
Phone - 09455881600
- 09449016308
Email - [email protected]

"မြန်မာ့ရိုးရာ အိမ်ဆောက်လ နှင့် အိမ်ဆောက်ရက် ၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း" #အိမ်ဆောက်လရွေးနည်း ▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪"အိ...
23/09/2023

"မြန်မာ့ရိုးရာ အိမ်ဆောက်လ နှင့် အိမ်ဆောက်ရက်
၊ကြိုးကိုင်ပန္နက်ချနေ့သား ရွေးနည်း"
#အိမ်ဆောက်လရွေးနည်း

▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် လ ရွေးနည်း"
*************************
"လင်္ကာ"
~~~~~
လတန်ခူးမှာ၊အိမ်ဆောက်ခါ၊ချမ်းသာပြည့်ကြွယ်ဝ။
လကဆုန်ကား၊ဆန်စပါး၊ပေါများကြွယ်တက်လှ။
ဝါခေါင်လမှာ၊အိမ်ဆောက်ခါ၊ဥစ္စာတိုးပွားရ။
နတ်တော်လတွင်၊အိမ်ဆောက်လျှင်၊ပေါ်ထင်ကျော်စောစွ။
ပြာသိုလမှာ၊လူတကာ၊များစွာချီးမွမ်းရ။
တပေါင်းလဝယ်၊ချမ်းသာကြွယ်၊ဆောင်ဖွယ်ဤခြောက်လ။ လို့ဆိုပါတယ်။

တန်ခူး လ မှာအိမ်ဆောက်လျှင်ချမ်းသာကြွယ်ဝမည်။

ကဆုန် လ မှာအိမ်ဆောက်လျှင်ဆန်ရေစပါးပေါကြွယ်ဝမည်။

ဝါခေါင် လ မှာအိမ်ဆောက်လျှင်ပစ္စည်းဥစ္စာပေါကြွယ်ဝမည်။

နတ်တော် လ မှာအိမ်ဆောက်လျှင်ပေါ်လွင်ထင်ရှားကျော်ကြားမည်။

ပြာသို လ မှာအိမ်ဆောက်လျှင်လူအများ၏ချီးမွမ်းခြင်းခံရမည်။

တပေါင်း လ မှာအိမ်ဆောက်လျှင်ကြွယ်ဝချမ်းသာမည်။

တချို့ကျမ်းတွေမှာ"ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊လေးလကောင်း၊အိမ်ကျောင်းဆောက်ကုန်ကြ၊ကြွင်းရှစ်လတွင်၊ဆောက်ခဲ့လျှင်၊မရွှင်စိတ်သောက"။လို့ဆိုပါတယ်။
~~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"အိမ်ဆောက် ရက် ရွေးနည်း"
***************************

တနင်္ဂနွေ နေ့မှာအိမ်ဆောက်လျှင် ဆင်းရဲဒုက္ခကြုံရတက်သည်၊စိတ်သောကရောက်တက်သည်။

တနင်္လာ နေ့မှာအိမ်ဆောက်လျှင် ( ၂ )လကျော်ရင်ချမ်းသာသုခရရှိမည်။

အင်္ဂါ နေ့မှာအိမ်ဆောက်လျှင်ပျက်စီးတက်သည်။

ဗုဒ္ဓဟူး နေ့မှာအိမ်ဆောက်လျှင်ရတနာတိုးပွားမည်။

ကြာသပတေး နေ့မှာအိမ်ဆောက်လျှင်အနာရောဂါကင်းပြီးစီးပွားရေးတိုးတက်မည်။

သောကြာ နေ့မှာအိမ်ဆောက်လျှင်ချမ်းသာသုခပြည့်စုံမည်။

စနေ နေ့မှာအိမ်ဆောက်လျှင်အနာရောဂါများ၍စီးပွားရေးအဆင်မပြေဖြစ်တက်သည်။

ရက်၏စင်ကြယ်မှုကိုအိမ်ဆောက်မည့် လ တွင် သေချာရွေးချယ်ရန်လိုပေမည်။
~
▪▪▪▪▪▪▪▪▪▪▪▪▪▪▪▪

"ကြိုးကိုင်ပန္နက်ချနေ့သားရွေးနည်း"
**********************************
တနင်္ဂနွေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ကြာသပတေးသားနှင့်သောကြာသားကို ကြိုးကိုင်စေပါ၊စနေသားကိုပန္နက်နှက်စေပါ။

တနင်္လာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက သောကြာသားနှင့်စနေသားကို ကြိုးကိုင်စေပါ၊တနင်္ဂနွေသားကိုပန္နက်နှက်စေပါ။

အင်္ဂါသားသမီးတို့အိမ်ဆောက်မည်ဆိုပါက စနေသားနှင့်တနင်္ဂနွေသားကို ကြိုးကိုင်စေပါ၊တနင်္လာသားကိုပန္နက်နှက်စေပါ။

ဗုဒ္ဓဟူးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္ဂနွေသားနှင့်တနင်္လာသားကို ကြိုးကိုင်စေပါ၊အင်္ဂါသားကိုပန္နက်နှက်စေပါ။

ကြာသပတေးသားသမီးတို့အိမ်ဆောက်မည်ဆိုပါက တနင်္လာသားနှင့်အင်္ဂါသားကို ကြိုးကိုင်စေပါ၊ဗုဒ္ဓဟူးသားကိုပန္နက်နှက်စေပါ။

သောကြာသားသမီးတို့အိမ်ဆောက်မည်ဆိုပါက အင်္ဂါသားနှင့်ဗုဒ္ဓဟူးသားကို ကြိုးကိုင်စေပါ၊ကြာသပတေးသားကိုပန္နက်နှက်စေပါ။

စနေသားသမီးတို့အိမ်ဆောက်မည်ဆိုပါက ဗုဒ္ဓဟူးသားနှင့်ကြာသပတေးသားကို ကြိုးကိုင်စေပါ၊သောကြာသားကိုပန္နက်နှက်စေပါ။

အထက်ပါနေ့သားသမီးအလိုက် ကြိုးကိုင်ပန္နက် နှက်ပါက စည်းစိမ်ချမ်းသာရခြင်း၊အနာရောဂါကင်းခြင်း၊အသက်ရှည်ခြင်း၊မျက်နှာပွင့်လန်းခြင်းစသည့်ကောင်းကျိုးချမ်းသာများရရှိပါမည်။
~~

မိမိတို့အိုးအိမ်တိုက်တာများဆောက်လုပ်ရာတွင် လ နှင့်ရက်များ သေချာစီစစ်ရွေးချယ်၍ဆောက်လုပ်နေထိုင်ခြင်းဖြင့် စီးပွားဥစ္စာများဖြစ်ထွန်းပြီး အနာရောဂါကင်း၍သက်ရှည်ကျမ်းမာစွာမိသားစုများအေးချမ်းစွာနေထိုင်ရမည်ဖြစ်ပေသည်။

Credit: ဆရာအောင်စေဗေဒင်သုတေသီ

Tʜᴇ Cᴀғᴇ Sʜᴏᴘ ☕ 𝐎𝐮𝐫 𝐨𝐟𝐟𝐞𝐫 𝐭𝐡𝐞 𝐟𝐨𝐥𝐥𝐨𝐰𝐢𝐧𝐠 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬: ☕︎ 2𝑫 𝑳𝒂𝒚𝒐𝒖𝒕 𝑷𝒍𝒂𝒏 ☕︎ 3𝑫 𝑽𝒊𝒔𝒖𝒂𝒍𝒊𝒛𝒂𝒕𝒊𝒐𝒏 ☕︎ 𝑰𝒏𝒕𝒆𝒓𝒊𝒐𝒓/𝑬𝒙𝒕𝒆𝒓𝒊𝒐𝒓 𝑫𝒆𝒔𝒊𝒈𝒏 𝑰𝒅𝒆𝒂...
12/09/2023

Tʜᴇ Cᴀғᴇ Sʜᴏᴘ ☕

𝐎𝐮𝐫 𝐨𝐟𝐟𝐞𝐫 𝐭𝐡𝐞 𝐟𝐨𝐥𝐥𝐨𝐰𝐢𝐧𝐠 𝐬𝐞𝐫𝐯𝐢𝐜𝐞𝐬:
☕︎ 2𝑫 𝑳𝒂𝒚𝒐𝒖𝒕 𝑷𝒍𝒂𝒏
☕︎ 3𝑫 𝑽𝒊𝒔𝒖𝒂𝒍𝒊𝒛𝒂𝒕𝒊𝒐𝒏
☕︎ 𝑰𝒏𝒕𝒆𝒓𝒊𝒐𝒓/𝑬𝒙𝒕𝒆𝒓𝒊𝒐𝒓 𝑫𝒆𝒔𝒊𝒈𝒏 𝑰𝒅𝒆𝒂𝒔
☕︎ 𝑪𝒐𝒏𝒔𝒕𝒓𝒖𝒄𝒕𝒊𝒐𝒏

( 𝐼𝑓 𝑦𝑜𝑢 𝑛𝑒𝑒𝑑 ℎ𝑒𝑙𝑝, 𝑝𝑙𝑠 𝑐𝑜𝑛𝑡𝑎𝑐𝑡 𝑢𝑠 )
PƜ : +95 9449016308, +95 9777457240

သေသပ်လှပပီး အဆင့်အတန်းမြင့်မားတဲ့ အိမ်ဒီဇိုင်းလေးတွေကြည့်ရှု့နိုင်ရန် ကျနော်တို့ Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 page လေးကို like လုပ်ထားပါဦးနော်


အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကိုဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။အကယ်၍ ဖြစ်စဉ်တူများ ကြုံလာခဲ့ရင် လုပ်ဆောင်ရမည့် လုပ်ဆ...
08/09/2023

အိမ်ခြံမြေနဲ့ပတ်သက်လို့ ကြုံဖူးတာလေးကို
ဗဟုသုတအဖြစ် ပြောပြချင်ပါတယ်။

အကယ်၍ ဖြစ်စဉ်တူများ ကြုံလာခဲ့ရင် လုပ်ဆောင်ရမည့် လုပ်ဆောင်ချက်လေးတွေကို သိရှိနိုင်အောင် မျှဝေလိုတဲ့ စေတနာနဲ့ပါ ဆရာကြီးလုပ်တာတော့ မဟုတ်ရပါဘူးခင်ဗျ။
----------

တလောက အိမ်နဲ့ခြံလေး အဝယ်လိုက်ကြည့်ရင်း
ကြိုက်တဲ့အိမ်လေးတွေ့တာနဲ့ ဈေးစကားပြောကြတယ်။

အိမ်က တထပ်ခွဲတိုက် မြေကတော့ ပေ ၃ဝ၊ ၆၅ပေဗျ။
သူတို့ခေါ်တာက သိန်း ၃၂ဝဝ။
ဈေးဆစ်ရင်းနဲ့ သိန်း ၃ဝဝဝ နဲ့ဈေးတည့်တယ်။
စရံ သိန်း ၇ဝဝ ချတယ် စရံပေးစာချုပ်ချုပ်တယ်၊

အပြီးချေမယ့်ရက်ကိုတော့ သူတို့လဲအိမ်ရှာရအုံးမှာမို့
တလခွာချိန်းတယ် ကျနော်ကလဲ ရပါတယ်ပေါ့။
အဲ့လိုနဲ့နေလာရင်း အပြီးချေရမယ့်ရက်နီးလာလို့
ဖုန်းဆက်တော့လဲ အေးအေးဆေးဆေးပဲ။
သူတို့ပစ္စည်းတွေပြောင်းပြီးပြီ အဆင်သင့်ပဲလို့ပဲပြောတယ်။

ငွေချေရမယ့်နေ့ရောက်လို့ အဲ့အိမ်ကိုသွားတော့
အပြင်ကနေတံခါးကိုသော့ခတ်ထားတယ်။
ပတ်ဝန်းကျင်မေးကြည့်တော့ ပစ္စည်းတွေဘာတွေ
ပြောင်းတာလဲ မတွေ့ဘူးလို့ပြောကြတယ်။
တစ်ခုခုတော့ မှားနေပြီလေ။

အဲ့ဒါနဲ့ ဖုန်းဆက်ကြည့်လိုက်တော့
ယောက်ျားဖုန်းကမကိုင်ဘူး။
သူ့မိန်းမဖုန်းကိုဆက်တော့ သူ့အမေက
အသဲအသန်ဖြစ်နေလို့ ဆေးရုံရောက်နေတယ်
တရက် နှစ်ရက်လောက် စောင့်ပေးပါလို့ပြောတယ်။

ကျနော်က ရတယ် ဆေးရုံလိုက်လာပြီး
အဲ့မှာပဲ စာချုပ်ချုပ်မယ် ငွေချေဖို့က
တယောက်ဘဏ်ကိုခဏလိုက်လာခဲ့လို့ပြောတာလဲမရဘူး။

အဲ့တော့ ကျနော်က စရံပေးစာချုပ်ချုပ်တုန်းက
သက်​သေ လက်မှတ်ထိုးပေးခဲ့တဲ့ ရာအိမ်မှူးဆီသွားပြီး အကျိုးအကြောင်းပြောပြတော့။

ရာအိမ်မှူးက "သူ့အမေက လွန်ခဲ့တဲ့ ၃နှစ်လောက်ကတည်းကဆုံးသွားပြီလေ" လို့ပြောတော့ သူတို့မရိုးသားဘူးဆိုတာ ပိုသိသွားတယ်ဗျ။

ရာအိမ်မှူးကိုအကူအညီတောင်းပြီး
အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အုပ်ကြီးကို
အကျိုးအကြောင်းပြောပြတယ်။

အုပ်ကြီးရှေ့မှာပဲ ခုနက အမျိုးသမီးကိုဖုန်းဆက်ပြတယ်။
သူပြောတဲ့စကားတွေကိုလဲ record ယူထားလိုက်တယ်ဗျ။
အုပ်ချုပ်ရေးမှူးကလဲ အကြောင်းအရာကို ရုံးမှတ်တမ်းမှာရေးပေးတယ်။
အဲ့နေ့တော့ ဒီအတိုင်းပဲပြန်လာခဲ့ရတယ်။

နောက်ရက်တွေဖုန်းဆက်တော့ မကိုင်ဘူး။
အိမ်ကိုသွားကြည့်တော့လဲ တံခါးပိတ်ထားတယ်
ပြန်မလာဘူး။

၃ ရက်မြောက်နေ့ကျတော့

အဲ့အမျိုးသမီးဖုန်းကိုဆက်တော့ ဖုန်းကိုင်တယ်။
လေသံမာမာနဲ့"ဘာကိစ္စလဲ "လို့မေးတယ်။
"အိမ်အရောင်းအဝယ် ငွေအပြီးချေဖို့ကိစ္စပါ"လို့ပြောတော့

"စာချုပ်ပြန်ကြည့်လိုက်လေ အပြီးချေရမယ့်ရက်
လာမချေလို့ စရံဆုံးပြီလေ စာချုပ်နဲ့ပဲ စကားပြောမယ်"
လို့ပြောပြီး ဖုန်းချသွားတယ်။

အဲ့တော့ကျနော်က အုပ်ချုပ်ရေးမှူးရုံးကိုသွားပြီး အကျိုးအကြောင်းပြောပြတော့ သူတို့လင်မယားကို
ရုံးကိုခေါ်လိုက်တယ်။
ရုံးရောက်လာတော့လဲ ကျနော့်ဘက်က ပျက်ကွက်တာမို့
စရံဆုံးပြီဆိုတာကိုပဲပြောနေတယ်။

အဲ့တော့ အုပ်ချုပ်ရေးမှူးက အဲ့ရက်က ငွေအကြေချေ
အိမ်လက်ရောက်ယူဖို့ ကျနော်လာတယ်။
သူတို့မရှိလို့ ရာအိမ်မှူးကိုအကြောင်းကြားတယ်။
ရုံးကိုအကြောင်းကြားတယ်။

ဖုန်းဆက်တုန်းက record လုပ်ထားတာတွေကို
ပြန်ဖွင့်ပြပြီး ရုံးမှာ အဲ့နေ့က ရေးထားတဲ့
ရုံးမှတ်တမ်းကို သူတို့ကိုပြလိုက်တယ်။

ပြီးတော့မှ ဝယ်သူဘက်မှာ ပျက်ကွက်တာမရှိဘူး။
အဲ့တော့ ရောင်းချင်ရင်ရောင်း မရောင်းချင်ရင်
စရံငွေ ၂ ဆသိန်း ၁၄ဝဝ ပြန်ပေးရမှာပဲ။

တရားတဘောင်ဖြစ်လို့ ရုံးက သက်​သေခေါ်ရင်လဲ
မှန်ကန်တဲ့ဘက်ကပဲ ထွက်ဆိုရမှာပဲ ဆိုတာပြောမှ လင်မယား၂ယောက်လုံး ငြိမ်သွားတယ်။

အုပ်ကြီးက ဘယ်လိုလုပ်မယ်စဉ်းစားလဲ မေးတော့မှ
သူတို့ရောင်းပါ့မယ် တလလောက် အချိန်စောင့်ပေးပါလို့ထပ်ပြောတော့ ကျနော်က တလ မစောင့်နိုင်ဘူးဆိုတာ
ဝင်ပြောတယ်။

နောက်ဆုံးမှာ ၁ဝ ရက်စောင့်ဖို့ သဘောတူပြီးတော့
အချက်အလက်အကြောင်းအရာ တွေရေးပြီး
စာချုပ်ထပ်ချုပ်တယ်။

သတ်မှတ်တဲ့ ၁ဝ ရက်ပြည့်တဲ့နေ့မှာတော့ ငွေအပြီးချေ
အိမ်လက်ရောက်ရတယ်ဗျ။

ဒီဖြစ်စဉ်လေးမှာ အပြီးချေတဲ့ရက် သူတို့မရှိတာနဲ့ သူတို့ပြောစကားကို နားယောင်ပြီး ရပ်ကွက်အကြီးအကဲတွေကို သတင်းမပို့ထားဘူးဆို စရံဆုံးမှာနော်။

အဲ့တော့အခုလိုအဖြစ်အပျက်မျိုးကြုံလာတဲ့အခါ
ကိုယ့်ဘက်က ပျက်ကွက်တာမဟုတ်ပါဘူးဆိုတာ
ခိုင်ခိုင်မာမာ သက်သေထူထားဖို့ အင်မတန်အရေးကြီးတယ်၊

ကိုယ့်ဘက်က တချက်လေး လစ်ဟင်းသွားတာနဲ့ ကိုယ့်ပိုက်ဆံကို လူလိမ်တွေက အသာလေးကောက်စားသွားမယ် ဆိုတဲ့အကြောင်း ဗဟုသုတအဖြစ်မျှဝေလိုက်ပါတယ်။

Org

ပုံဆွဲပြီး(အိမ်)ဆောက်ခြင်း ကောင်းကျိုးနဲ့.. ပုံမဆွဲပဲ(အိမ်)ဆောက်ခြင်းဆိုးကျိုးးး============================          အရ...
03/09/2023

ပုံဆွဲပြီး(အိမ်)ဆောက်ခြင်း ကောင်းကျိုးနဲ့..
ပုံမဆွဲပဲ(အိမ်)ဆောက်ခြင်းဆိုးကျိုးးး
============================
အရပ်ထဲ အိမ်ဆောက်တဲ့အခါ အိမ်ရှင်တွေအနေနဲ့ ပုံဆွဲခပျမ်းမျှ လေးငါးသိန်းး ဝန်းကျင်ပေးရမှာ အလွန်နှမျှောကြပါတယ်။ သူတို့အနေနဲ့ စက္ကူပေါ် ပုံလေးဆွဲတာ အဲ့လောက်ငွေ ပေးစရာလားးလို့ အယူရှိတတ်ပါတယ်။ အဲတော့ fb ပေါ်က အိမ်ပုံလေးတွေ ကန်ထရိုက်တာကို ပြပြီးဆောက်ခိုင်းပါတယ် ။ ကန်ထရိုက်တာက အလုပ်ရရှိရေးတွက် ဖြစ်တယ်ဆိုပြီးး ဆောက်ပေးတာ တွေ့နေရပါတယ်။
အဲတော့ ဆိုးကျိုးတွေ အများကြီး ထွက်ပေါ်လာတတ်ပါတယ်။
- ပုံစံ မရှိတဲ့အတွက် ပစ္စည်းဒေသပေါက်စျေးနဲ့ တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို မရနိုင်ပါဘူးး။ အဲ့တော့ ကိုယ်က သိန်းတစ်ရာ မှန်းထားပေမယ့် နှစ်ရာလဲ ဖြစ်သွားတတ်ပါတယ်။ အိမ်က မပြီးတပြီးနဲ့ တန်းလန်းတွေ ဖြစ်တတ်ပါတယ်။
- တိကျတဲ့ ပုံစံ မရှိတဲ့အတွက် ဖြတ် ညှပ် ဆက် တွေများနိုင်ပါတယ်။ ပစ္စည်းအလေအလွင့်တွေများမယ်၊ မကုန်သင့်တာတွေ ပိုကုန်မယ်၊ အဆောက်အဦး အရည်အသွေးတွေ ကျဆင်းမယ်၊ အခန့်မသင့်ရင် မိမိတို့ သိန်းရာချီ အကုန်အကျခံပြီးး ဆောက်ထားတဲ့အိမ် အဟောသိကံ ဖြစ်နိုင်ပါတယ် ။
- ပြီးတော့ ကိုယ်လိုချင်တဲ့ အခန်းအကျယ်၊ အရည်အတွက် ရချင်မှ ရနိုင်မယ် ၊ ရအောင် လိုက်လုပ်မယ်ဆိုလဲ ဖြတ်ညှပ်ဆက်တွေ များနိုင်ပြီးး အန္တရာယ် များတဲ့ အခြေအနေ ရောက်သွား နိုင်ပါတယ်။
- အိမ်ပြီးသွားတော့လဲ fb ပေါ်က ကိုယ်ပြထားတဲ့ အိမ်ပုံစံမျိုးထွက်မလာပဲ ကိုယ်လိုချင်တာတစ်ခြား ဖြစ်လာတာတစ်ခြားး ဖြစ်လာပြီး တစ်သက်လုံးး စိတ်မချမ်းမြေ့ဖွယ် နေထိုင်သွားရတတ်ပါတယ်။
- ပြီးတော့လဲ ကန်ထရိုက်ရဲ့ ဂျင်းပါမက ကြက်သွန်ဖြူ နဲ့ မိတ်သလင်ပါ ပေါင်းထည့်ခြင်း ခံရတတ်ပြီးး ကိုယ့်ပိုက်ဆံနဲ့ကိုယ် သူပြုသမျှ နုရ ၊ သူပြောသမျှ ခေါင်းညိမ့်ရတဲ့ အခြေအနေ ရောက်သွားနိုင်ပါတယ်။ ပုံစံ မရှိတဲ့ အတွက် သူက အမှားလုပ်နေလဲ ကိုယ်ကမပြောနိုင်ပဲ ကြည့်နေရမယ့် အခြေအနေ ပါ။
ပုံံစံ မရှိတဲ့ အတွက် အခြားဆိုးကျိုး အများကြီးရှိနိုင်ပြီးး ပုံဆွဲခလေး နှမျောမိတာနဲ့ ပုံဆွဲခထက်ပိုပြီး သိန်းပေါင်းများစွာ ပိုကုန်သွားတက်ပါတယ်။ ပိုကုန်သွားတတ်တာမဟုတ်ဘူးး ကြိမ်းသေ ပိုကုန်မှာပါ။ တိကျတဲ့ ပုံစံမရှိတဲ့အတွက် structure ပိုင်းး အရမ်းအားနည်းသွားမှာ ကြိမ်းသေပါ ။
ဒါက ပုံမဆွဲ ခြင်းရဲ့ ဆိုးကျိုးတွေပါ ။

ပုံဆွဲပြီးး အိမ်ဆောက်မယ်ဆို တိကျတဲ့ ခန့်မှန်းတွက်ချက်မှုကို ရရှိမှာပါ။ မိမိလက်ရှိငွေနဲ့ ချိန်လို့ရပါတယ်။
- မိမိစိတ်ကြိုက် ပုံဖော်လို့ ရတာမို့ အိမ်မပြီးခင်ကတည်းက ကျေနပ်တဲ့ စိတ် ခံစားရပြီးး မကျေနပ်သေးရင် ပုံဆွဲအင်ယာနဲ့ တိုင်ပင်ပြီးး ပြင်လို့ရပါသေးတယ်။
- ဖြတ် ညှပ် စပ် တွေမရှိသလောက်ဖြစ်သွားပြီးး အားကောင်းတဲ့ structure တစ်ခုကို ရရှိမှာပါ။
- ပစ္စည်း အလေအလွင့်တွေနည်းသွားပြီးး မကုန်သင့်တဲ့ ငွေကြေးအချို့ဟာ အိပ်ထဲ ပြန်ဝင်လာမှာပါ။
- တိကျတဲ့ပုံစံရှိတဲ့အတွက် ကန်ထရိုက်လဲ ဂျင်းထည့်လို့မရတော့သလို သူအမှားလုပ်ရင်လဲ ဝင်ပြောလို့ရပြီးး စာချုပ် ချုပ်ထားလျှင်လျော်ခိုင်းလို့ရပါတယ်။
- အိမ်ပြီးသွားတဲ့အခါ မိမိလိုချင်တဲ့ အိမ်ပုံစံလေး ကြိမ်းသေ ရရှိလာမှာဖြစ်ပြီး သားစဉ်မြေးဆက် ကျေနပ်တဲ့စိတ်နဲ့ နေထိုင်သွားရမှာပါ ။
အဲ့တော့ အိမ်ကို ပုံစံဆွဲပြီးး ဆောက်သင့် မဆောက်သင့် ကိုယ်တိုင် စဉ်းစားကြပါခဗျာ

သေသပ်လှပပီး ခေါတ်မှီဆန်းသစ်သော အိမ်ဒီဇိုင်းများကို ကြည့်ရှု့နိုင်ရန် ကျနော်တို့ Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 page လေးကို like လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။



Crd to the Original uploader
Image by Gʀᴀɴᴅ Wɪɴɴᴇʀs 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛

ခမ်းနားထည်၀ါပီး လူနေမှု့အဆင့်အတန်းမြင့်မားတဲ့ အိမ်ဒီဇိုင်းလေးကိုShwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 မှတာ၀န်ယူဆောက်ရွ...
01/09/2023

ခမ်းနားထည်၀ါပီး လူနေမှု့အဆင့်အတန်းမြင့်မားတဲ့ အိမ်ဒီဇိုင်းလေးကို
Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 မှ
တာ၀န်ယူဆောက်ရွက်ပေးနေပါပီ။

လူကြီးမင်းရဲ့ စိတ်ကူးထဲက အနာဂါတ်အိမ်ကလေးနဲ့ လုပ်ငန်းဆိုင်ရာ
အဆောက်အဦး ဒီဇိုင်းလေးများကို ကူညီပုံဖော်ပေးမည့်
Gʀᴀɴᴅ Wɪɴɴᴇʀs 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 ကို သတိရလိုက်ပါ။

Contact us : 09449016308, 09777457240
: [email protected]

ဆန်းသစ်လှပသောအိမ်ဒီဇိုင်းများကို ကြည့်ရှု့နိုင်ရန် page ကို like လုပ်ထားဖို့မမေ့ပါနဲ့ဦးနော်။


 #ရေဂါလံတွက်နည်း(UK)ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။ရေ(၁)ဂါလံ      = ၁၀ပေါင် လေးသည်ရေ(၁)ကုဗပေ  = ၆.၂၂၉ဂါလံ ရှိသည်။၄.၅လီတာ...
15/06/2023

#ရေဂါလံတွက်နည်း(UK)

ရေ (၁)ကုဗပေ = ၆၂.၄ပေါင် လေးသည်။
ရေ(၁)ဂါလံ = ၁၀ပေါင် လေးသည်
ရေ(၁)ကုဗပေ = ၆.၂၂၉ဂါလံ ရှိသည်။
၄.၅လီတာ = (၁)ဂါလံ
တစ်တန် = ၂၂၄၀ပေါင်
၁ပီပါ = (၅၀)ဂါလံ

ဥပမာ။ ။၄'x၄'x၄' အုတ်ကန်ရေဂါလံဘယ်လောက်ဆန့်လဲသိရှိလိုလျှင်

4'×4'×4' = 64cuft (၆၄ကုဗပေရမည်)
၆၄ကု/ပေ ကို ရေ(၁)ကုဗပေမှာရှိတဲ့
၆.၂၂၉ဂါလံနဲ့ မြှောက်ရင်

64cuft ×6.229gal/ cuft = 398.656gal
အဲ့တော့ (၄၀၀)ဂါလံပေါ့ဗျာ

၁ဂါလံ ကို ၁၀ပေါင်လေးတော့ ၄၀၀ဂါလံဆိုတော့
400gal x 10 lb/gal = 4000lb

ပေါင် ၄၀၀၀ ပေါ့နော်။ တန် သိချင်ရင် ၂၂၄၀ နဲ့ထပ်စား။
4000lb á 2240 lb/ton = 1.79 Ton
ရေရဲ့ သီးသန့်အလေးချိန်ကိုက ၂တန်ဘဲ ဆိုကျပါစို့။

ထို့ကြောင့် ၄ပေ ပတ်လည်အမြင့်၄ပေ ရေကန်ရဲ့ အလေးချိန်ဟာ ၂တန် နီးပါး ရှိပါတယ်ဗျ။အဲ့ဒါကို ခေါင်မိုးပေါ်တင်ပီး အုတ်ကန်လုပ်တော့ အုတ်ရဲ့ အလေးချိန် ကန်ရဲ့ အကျယ်ကြောင့် အလေးချိန်များပီး ဟိုနေ့ကလို ပွင့်ထွက်တာတွေ ဖြစ်ကုန်တာပါ။

လီတာသိချင်ရင်လွယ်ပါတယ်
ရလာတဲ့(၄၀၀)ဂါလံနဲ့ 1galမှာရှိတဲ့ ၄.၅လီတာမြှောက်

400gal x 4.5 lit/gal = 1800lit
(၁၈၀၀)လီတာပေါ့ဗျာ

တခြားစက်ဝိုင်းပုံသဏ္ဌာန်ဖြစ်တဲ့ဟာတွေဆိုရင် circleရဲ့areaကိုရှာပြီးအမြင့်နဲ့မြှောက် ကု‌ဗပေ(volume)ကိုရရင်၆.၂၂၉နဲ့မြှောက်လိုက်ရင်လိုချင်တဲ့ဂါလံရပါလိမ့်မည်။အဓိကကတော့ဘယ်ပုံသဏ္ဌာန်ဖြစ်ပါစေ အဲ့ပုံသဏ္ဌာန်ရဲ့ကုဗပေ(volume) ကိုရအောင်ရှာပြီး၆.၂၂၉နဲ့မြှောက်လိုက်ရုံပါပဲ။
ပေါင်တို့တန်တို့လိုချင်ရင်လဲအပေါ်ကပေးထားတဲ့ပုံသေနည်းနဲ့မြှောက်သွားယုံပါပဲဗျာ။
Volume ရှာတဲ့ ပုံသေနည်းလေးလဲ ထည့်ပေးထားပါတယ်ဗျ။
တခု သတိပြုရမှာက Unit အသုံးပြုရာမှာ
US နဲ့ UK အသုံးပြုမှုကွာတာကို သတိပြုရပါမယ်။

US 1 gallon မှာ 3.785 liter နဲ့
1cu ft of water = 7.481gallon ရှိပါတယ်ခင်ဗျာ။

ကျွန်တော်တို့ နိုင်ငံမှာ အသုံးပြုနေတာ UKရဲ့
imperial gallon ဆိုတာကို လဲ မသိသေးသူများအတွက် ဗဟုသုတ အလို့ငှာ တင်ပြပေးလိုက်ရပါတယ်။
1 imperial gallon = 1.2 US gallon

Crd

 #အိမ်‌သုတ်ဆေးတွက်နည်း~~~~~~~~~~~~~~~~~~အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံမ...
08/06/2023

#အိမ်‌သုတ်ဆေးတွက်နည်း
~~~~~~~~~~~~~~~~~~
အခန်းတစ်ခန်း၏ နံရံများကို ဆေးသုတ်ရန် လိုအပ်သော ဆေးပမာဏကို တွက်ဆမည်ဆိုလျှင် နံရံများ၏ အလျားနှင့် အရှည်‌ပေများ အားလုံးကို ပေါင်းပါ၊ ထို့နောက် ရလာသော အဖြေကို အခန်း၏အမြင့်ပေ (ကြမ်းခင်းမှ မျက်နှာကြတ် အထိ)ဖြင့် မြှောက်ပါ၊ ရလာသော အဖြေသည် ယင်းအခန်း၏ 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 ဖြစ်ပါသည်။

ဆေးသုတ်ရမည့် 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐨𝐨𝐭𝐚𝐠𝐞 တွက်နည်း
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
တံခါးရွက်နှင့် ပြူတင်းပေါက်များသည် မတူညီသော ဆေးအမျိုးအစား သုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကို နုတ်ပေးရပါမည်၊ ယေဘူယျအားဖြင့် တံခါးတစ်ချပ်ချင်းစီ အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နှင့် ပြူတင်းပေါက် တစ်ခုချင်းစီအတွက် (𝟏𝟓) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ရမည် ဖြစ်ပါသည်။

ရလာသော အဖြေသည်‌ ဆေးသုတ်ရမည့် အနီးစပ်ဆုံး နံရံဧရိယာ ဖြစ်ပါသည်၊ ယင်းဧရိယာကို တစ်ဂါလံမှာ (𝟑𝟓𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 ရှိတဲ့အတွက် (𝟑𝟓𝟎) ဖြင့် စားလိုက်ပါက နံရံအတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)ကို ရရှိပါမည်၊ အဖြေတွင် စားကြွင်းက (𝟎.𝟓) ထက်နည်းပါက ကွာတား (𝟐) ဗူးဖြင့် လုံလောက်နိုင်သော်လည်း (𝟎.𝟓) ထက်များပါက (𝟏) ဂါလံ ဝယ်ရပါမည်။

𝟏𝟒 𝐱 𝟐𝟎 ပေအခန်း အမြင့် (𝟖) ပေ တံခါး (𝟐) ပေါက်၊ ပြူတင်းပေါက် (𝟐) ခုရှိသော အခန်းကို ဥပမာ အနေနဲ့ တွက်ပြပေးပါမည်။

𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~
𝐂𝐞𝐢𝐥𝐢𝐧𝐠 ၏ အလျား‌ပေ x အနံပေ = 𝐂𝐞𝐢𝐥𝐢𝐧𝐠 𝐀𝐫𝐞𝐚
𝟏𝟒 𝐱 𝟐𝟎 = 𝟐𝟖𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

𝐂𝐞𝐢𝐥𝐢𝐧𝐠 အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟐𝟖𝟎 ÷ 𝟑𝟓𝟎 = 𝟎.𝟖

ထိုအဖြေအရ 𝐂𝐞𝐢𝐥𝐢𝐧𝐠 ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ လိုအပ်ပါမည်၊ (𝟐) ထပ်သုတ်လျင် (𝟐) ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
~~~~~~~~~~~~
နံရံတစ်ချပ်ချင်းစီ၏ အ‌လျားပေကို ပေါင်းပါ။
𝟏𝟒 + 𝟐𝟎 + 𝟏𝟒 + 𝟐𝟎 = 𝟔𝟖 ပေ

နံရံဧရိယာ တွက်ရန် အဖြေကို နံရံအမြင့်ပေဖြင့် မြှောက်ပါ။
𝟔𝟖 𝐱 𝟖 = 𝟓𝟒𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ဆေးတကယ်သုတ်ရန် လိုအပ်သောနံရံ ဧရိယာကို ရှာရန် တံခါး (𝟏) ချပ်စီတိုင်း အတွက် (𝟐𝟎) 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟐𝟎 𝐱 𝟐 = 𝟒𝟎)၊ ပြူတင်းပေါက် တစ်ခုချင်းစီတိုင်း အတွက် 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 နုတ်ပါ (𝟏𝟓 𝐱 𝟐 = 𝟑𝟎)
𝟓𝟒𝟒 - 𝟕𝟎 = 𝟒𝟕𝟒 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

နံရံ အတွက် လိုအပ်သော ဆေးပမာဏ(ဂါလံ)
𝟒𝟕𝟒 ÷ 𝟑𝟓𝟎 = 𝟏.𝟒

ထိုအဖြေအရ နံရံ ဆေးတစ်ထပ် သုတ်ရန် (𝟏) ဂါလံ (𝟐) ကွာတားနှင့် (𝟐) ထပ်သုတ်လျင် (𝟐) ဆ လိုအပ်ပါမည်။

တံခါးနှင့် ပြူတင်းပေါက် ဆေးတွက်ဆမှု
~~~~~~~~~~~~~~~~~~~~~~~~~~~~
𝟐𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭 = တံခါး (𝟏) ချပ်
တံခါးအရေအတွက်ကို (𝟐𝟎) ဖြင့် မြှောက်ပါ။
𝟐 𝐱 𝟐𝟎 = 𝟒𝟎 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ပြုတင်းပေါက် အရေအတွက်ကို (𝟕.𝟓) ဖြင့်မြှောက်ပါ။
𝟐 𝐱 𝟕.𝟓 = 𝟏𝟓 𝐒𝐪𝐮𝐚𝐫𝐞 𝐅𝐞𝐞𝐭

ထိုနောက် ရလာတဲ့ အဖြေများကို ပေါင်းပါ။
𝟒𝟎 + 𝟏𝟓 = 𝟓𝟓

ပြီးလျှင် 𝟑𝟓𝟎 ဖြင့်စားပါ။
𝟓𝟒 ÷ 𝟑𝟓𝟎 = 𝟎.𝟏𝟔

ထိုအဖြေအရ တံခါးနှင့် ပြူတင်းပေါက် အတွက် ဆေး (𝟏) ကွာတား ဝယ်ဖို့ လိုအပ်မည် ဖြစ်ပြီး တံခါးနှင့် ပြူတင်းပေါက် တို့အား နှစ်ဖက်စလုံး သုတ်မည်ဆိုပါက အဖြေကို (𝟐) ဖြင့် မြှောက်ရမည် ဖြစ်ပါသည်။

ဆောက်လုပ်ရေးနဲ့ ပတ်သက်တဲ့ ဗဟုသုတလေးတွေကို ထပ်ဖတ်ချင်တယ်ဆိုရင်တော့ 𝐏𝐚𝐠𝐞 လေးကို 𝐋𝐢𝐤𝐞 & 𝐅𝐨𝐥𝐥𝐨𝐰 လုပ်ခဲ့ဖို့ မမေ့ပါနဲ့နော်🙋‍♀️🙋‍♂️

# crd original post

SiteEngineerတို့ သိမှတ်ဖွယ်ရာ  #သစ်တန်တွက်နည်းအင်ဂျင်နီယာဖြစ်လျှင် သစ်မှာယူဝယ်ခြင်း ပြုလုပ်သည့်အခါ ဒါလေးတွေ လိုပါလိမ့်မည...
06/06/2023

SiteEngineerတို့ သိမှတ်ဖွယ်ရာ #သစ်တန်တွက်နည်း

အင်ဂျင်နီယာဖြစ်လျှင် သစ်မှာယူဝယ်ခြင်း ပြုလုပ်သည့်အခါ ဒါလေးတွေ လိုပါလိမ့်မည်

ကျွန်တော်တို့ နိုင်ငံမှာ သစ်ခွဲသား သစ်လုံးတို့ ဝယ်မယ်ဆိုရင် ပေ လက်မ တွေနဲ့ တိုင်းတာပြီး ကုဗတန်(cubic ton)ဖြင့် စျေးသတ်မှတ်ကြပါတယ်
သစ်ရဲ့ Volume 50cu-ft = 1 ကုဗတန်
ဒီနေရာမှာ တန်(ton) အကြောင်း နည်းနည်းပြောချင်ပါတယ်
ခဏခဏ ကြားရလေ့ရှိတဲ့ တန်(ton) သုံးမျိုးရှိတယ်
မက်ထရစ်တန် (Metric ton)
တန် (Ton)
ကုဗတန် (Cubic ton)
မက်ထရစ်တန် ကို သဘာဝပတ်ဝန်းကျင် ဌာနတွေမှာ ဓာတ်ငွေ့တွေရဲ့ ပမာဏတိုင်းတာရာမှာ သုံးတယ်
တန် ကို ကုန်ပစ္စည်းအများစုရဲ့ အလေးချိန်တိုင်းတာရာမှာ သုံးတယ်
ကုဗတန်ကို သစ်ခွဲသား နဲ့ သစ်လုံးတွေ တိုင်းတာရာမှာ သုံးတယ်
ပြောချင်တာက သစ်အကြောင်းဆိုတော့ သစ်အကြောင်း ပြောကြမယ်
ကဲ မေးစရာရှိတာ က ဘာတွေလဲ ?
သစ်သား ရဲ့ volume က 50cu-ft ရှိတာနဲ့
ဘာကြောင့် တစ်တန်ရှိရတာလဲ?
သစ်အမျိုးအစား တစ်ခုနဲ့တစ်ခု အလေးချိန်မတူဘဲနဲ့
ဘာကြောင့် သစ်အမျိုးအစားတိုင်းကို 50cu-ft ရှိရင် တစ်တန်လို့ သတ်မှတ်ရတာလဲ?
ကိုင်း.....ဆိုတော့ကာ
သစ်တန်ဖွဲ့နည်း ဥပမာတွက်ချက်မှုနဲ့ အတူ ဆက်လိုက်ရအောင် (အယ်လယ့်....)
ဗြိတိသျှခေတ်က သစ်ထုတ်လုပ်ခြင်း /ကူးသန်းရောင်းဝယ်ခြင်းတို့မှာ အလေးချိန် တန်(ton) ဖြင့် သတ်မှတ်ခဲ့တယ် သို့သော် သစ်လုပ်ငန်းအတွက်မှု ချိန်ခွင် ကတ္တား တို့နှင့် ချိန်တွယ်ခြင်းမဟုတ်ခဲ့ပါ
သစ်လုံးဆိုလျှင် ခါးလုံးပတ်နှင့် အလျားတို့ကို တိုင်းတာပြီး (Quarter Grith Square formula) လို့ ခေါ်တဲ့
(ခါးလယ်လုံးပတ်/၄) square x အလျား
ဟုသော် လည်းကောင်း
သစ်ခွဲသားဆိုလျှင်
ဗြက် xဒု x အလျား တို့ကို တိုင်းတာပြီး ထုထည်ကို
တွက်ချက်ခြင်းဖြင့် လည်းကောင်း
ပေ(foot) ကို အခြေခံ၍ ယူနစ်မှာ ကုဗပေ (Cu-Ft) ဖြစ်ပါတယ်
1/သစ်လုံးတွက်ချက်မှု အတွက် နမူနာ-
ခါးလုံးလုံးပက် 7 ပေ နှင့် အလျား 20 ပေရှိသည့် သစ်လုံးအတွက် တန်ဖွဲ့လျှင်
(7/4)square x 20 = 61.25 cu-ft
If, 50 cu-ft. = 1 cubic ton
61.25 cu-ft =61.25á50
=1.225 ကုဗတန်
2/ သစ်ခွဲသားတွက်ချက်မှု နမူနာ-
ပေး20 ရှည်သော 5x2 သစ်သားချောင် အချောင်း 80 ကို တန်ဖွဲ့လျှင်
5/12 x 2/12 x 20x 80 = 111.42 cu-ft
If, 50 cu-ft. = 1 cubic ton
111.42 cu-ft. = 111.42á50
=2.23 ကုဗတန်
ဗြိတိသျှတို့က သစ်ကုဗပေ 50 ကို တစ်တန် ဟု သတ်မှတ်ခဲ့ခြင်းမှာ အကြောင်းမဲ့ သတ်မှတ်ခဲ့ခြင်း မဟုတ်ပါ သစ်၏ သိပ်သည်းခြင်း (Density of wood)သည် သစ်မျိုးနှင့်သစ်သားတွင် ပါဝင်သည့်ရေအနည်းအများကို လိုက်၍ 23 per cubic foot မှ 72 lb per cubic foot အထိ ရှိသည်
အစိုဓာတ်ပါဝင်မှု 12% အထိရှိသော မြန်မာသြစ်မျိုးအချို့၏ သစ်သည်းခြင်း ကို ဖော်ပြပေးလိုက်ပါသည်
၁/ ကြို့. -72 lb per cubic foot
၂/သင်းဝင် -61 lb per cubic foot
၃/ပျဉ်းကတိုး -56 lb per cubic foot
၄/အင် -56 lb per cubic foot
၅/ပိတောက် -54 lb per cubic foot
၆/ထောက်ကြံ့ -53 lb per cubic foot
၇/သဒီ -51 lb per cubic foot
၈/သင်္ကန်း -47 lb per cubic foot
၉/ကညင် -44 lb per cubic foot
၁၀/ကျွန်း -42 lb per cubic foot
၁၁/ဘင်္ဂ -41 lb per cubic foot
၁၂/ပျဉ်းမ. -38 lb per cubic foot
၁၃/ထင်းရှူး -35 lb per cubic foot
၁၄/ယမနေ -30 lb per cubic foot
၁၅/ခူသန် -28 lb per cubic foot
၁၆/လက်ထုတ် -25 lb per cubic foot
၁၇/လက်ပံ -23 lb per cubic foot

-စသည့်ဖြင့် မြန်မာ့သစ် (၇၅)မျိုးရှိသည့်အနက်
ကြို့သစ် သည် အလေးဆုံးဖြစ်ပြီး လက်ပံသစ်သည် အပေါ့ဆုံးဖြစ်သည်ကို တွေ့ရသည်
ဖေါ်ပြပါ တန်ဖိုးများအရ မြန်မာသစ်မျိုးအားလုံး၏ သိပ်ဆခြင်း (density of wood) သည်
45 lb per cubic foot ပျှမ်းမျှ ရှိသည် ဟု သတ်မှတ်ကာ
ဗြိတိသျှစနစ်အရ 2240 lb = 1 ton ရှိသည်
ထို့ကြောင့်
2240á45. = 49.8~ 50 Cubic foot
နိုင်ငံတကာ ယူနစ် (SI) အရ
မြန်မာသစ် 1tonလျှင် = 1.416 cubic meter

နိုင်ငံတကာတွင် ကုဗတန် မသုံးပါ Cubic meter ဖြင့်သာ အရောင်းအဝယ်လုပ်ပါသည်

Credit to Original uploader

Address


Telephone

+959455881600

Website

Alerts

Be the first to know and let us send you an email when Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Shwe Zabu Htake 𝐷𝑒𝑠𝑖𝑔𝑛 𝑎𝑛𝑑 𝐶𝑜𝑛𝑠𝑡𝑟𝑢𝑐𝑡𝑖𝑜𝑛:

  • Want your business to be the top-listed Engineering Company?

Share