19/10/2025
FYI
SMEs Owners
ACCESS 2025 ပရိုဂရမ်ကို လျှောက်ထားနိုင်ရန် (၁၀) ရက်သာကျန်ပါတော့တယ်။
ရွေးချယ်ခံရတဲ့ လုပ်ငန်း (၁၀)ခုကို သိန်းပေါင်း ၄၅၀ ကျပ်စီခန့် အထောက်အပံ့ပေးမဲ့ ဒီ လုပ်ငန်းအရှိန်အဟုန်မြှင့်တင်ရေးပရိုဂရမ်မှာ အားလုံးသိလိုကြတဲ့ ဘယ်လိုလုပ်ငန်းတွေလျှောက်ထားနိုင်မှာလဲ❓ ဆိုတဲ့ ပရိုဂရမ်လိုအပ်ချက်တွေကို ဝေမျှပေးလိုက်ပါတယ်။
ပထမဆုံးအနေနဲ့ သင်က စီးပွားရေး၊ လူမှုရေးစိန်ခေါ်မှုများကြား နေ့စဥ်လူမှုဘဝကို အပြုသဘောဆောင်တဲ့ သက်ရောက်မှုများပေးစွမ်းဖို့ စိတ်အားထက်သန်တဲ့ စွန့်ဦးတီထွင်နဲ့ လုပ်ငန်းတစ်ခု ဖြစ်တယ်ဆို Accelerating Co-creation and Empowerment of Startup Solutions (ACCESS 2025) ပရိုဂရမ်ကနေ ပံ့ပိုးကူညီဖို့ ကြိုဆိုလျက်ရှိပါတယ်။
စိတ်ပါဝင်စားတဲ့ လုပ်ငန်းရှင်များအတွက် လျှောက်ထားရန်လိုအပ်ချက်များကတော့
၁။ မြန်မာနိုင်ငံတွင် တရားဝင်မှတ်ပုံတင်ထားပြီး Active ဖြစ်သော အသုံးပြုသူ/အားပေးသူများဖြင့် သတ်မှတ်ထားသော ကဏ္ဍများတွင် လက်ရှိ လည်ပတ်လျက်ရှိရပါမယ်။
၂။ လုပ်ငန်းဦးဆောင်သူ/စီမံခန့်ခွဲသူ အနည်းဆုံး (၂)ဦးရှိရပါမယ်။
၃။ အရည်အသွေးမြင့်မားပြီး တန်ဖိုးသင့်တင့် တတ်နိုင်သော ထုတ်ကုန်များ၊ ဝန်ဆောင်မှုများ စားသုံးသူလူထုကို ပေးစွမ်းရန် အထူးစိတ်အားထက်သန်ရပါမယ်။
၄။ လူမှုရေးဆိုင်ရာ စိန်ခေါ်မှုများကို ဖြေရှင်းနိုင်သော၊ နေ့စဥ်ဘဝ၏ တိုးတက်မှုကို အထောက်အကူပြုနိုင်သော လုပ်ငန်းဖြစ်ရပါမယ်။
ဒါ့အပြင် အထက်ပါ အချက်အလက်တွေနဲ့ ကိုက်ညီတဲ့ ငလျင်ဒဏ်သင့် လုပ်ငန်းတွေ နဲ့ သဘာဝဘေးအန္တရာယ်သင့် လုပ်ငန်းတွေကိုလည်း အားပေးကူညီဖို့ အထူးကြိုဆိုလျက်ရှိပါတယ်။
အောက်ပါနယ်ပယ်အသီးသီးမှ လူမှုရေးဆိုင်ရာ စွန့်ဦးတီထွင်လုပ်ငန်းများ နဲ့ အသေးစားအလတ်စားစီးပွားရေးလုပ်ငန်းများကို ပါဝင်လျှောက်ထားရန် ဖိတ်ခေါ်အပ်ပါတယ်။
➢ ကျန်းမာရေးစောင့်ရှောက်မှု - အရေးပေါ်ကျန်းမာရေးစောင့်ရှောက်မှု၊ အွန်လိုင်းကျန်းမာရေးအကူအညီ၊ ရွေ့လျားဆေးခန်း၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှု၊ စိတ်ဒဏ်ရာကုစားမှု၊ ရောဂါရှာဖွေမှု၊ ဆေးဖက်ဆိုင်ရာ ဒေတာလုံခြုံရေး၊ ဆေးဝါး နဲ့ စက်ပစ္စည်းဖြန့်ဖြူးမှု အစရှိသည်
➢ ပညာရေးဝန်ဆောင်မှု - သက်မွေးပညာသင်ကြားရေး အဝေးရောက်သင်ကြားရေး စသည်
➢စားသောက်ကုန်နှင့် စိုက်ပျိုးမွေးမြူရေး - စားသောက်ကုန်ထုတ်လုပ်ရေး၊ လယ်ယာကုန်ထုတ်စွမ်းအားတိုးတက်ရေး၊ ကုန်စည်ဖြန့်ဖြူးရေးတို့အတွက် နည်းပညာ နှင့် ဒစ်ဂျစ်တယ် စနစ်သုံးစိုက်ပျိုးရေး ဖြေရှင်းချက်များ စသည်
➢ ထောက်ပံ့ပို့ဆောင်ရေး - မြို့ပြကူသန်းသွားလာရေးစီမံခန့်ခွဲမှု၊ပို့ဆောင်ခြင်းဝန်ဆောင်မှု စသည်တို့
➢ ဘဏ္ဍာရေး - ဒစ်ဂျစ်တယ် ငွေလွှဲပြောင်း/ပေးချေမှု၊ အသေးစားအလတ်စားလုပ်ငန်းများ ချေးငွေ/အာမခံဝန်ဆောင်မှု စသည်တို့ နှင့်
➢ စွမ်းအင်- နေရောင်ခြည်စွမ်းအင်၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ စွန့်ဦးတီထွင်မှုများ၊ အရေးပေါ်စွမ်းအင်ထောက်ပံ့မှု စသည်
➢ ဘေးအန္တရာယ်လျော့ချရေး၊ အရေးပေါ်တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေးကဏ္ဍများ- အရေးပေါ်ဝန်ဆောင်မှုများ၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ဖြန့်ဖြူးရေးနှင့် ကယ်ဆယ်ရေး စသည်တို့၊
➢ အခြားနယ်ပယ်များ - ဆောက်လုပ်ရေးနှင့် အင်ဂျင်နီယာလုပ်ငန်းများ၊ အသေးစားစီးပွားရေးဝန်ဆောင်မှုများ၊ ဝန်ဆောင်မှုလုပ်ငန်းများ စသည်တို့ ပါဝင်ပါတယ်။
မြန်မာနိုင်ငံအတွင်း မည်သည့်ဒေသမှ မဆိုလျှောက်ထားနိုင်ပြီးတော့ အထက်ပါ လိုအပ်ချက်များ ကိုက်ညီတယ်ဆိုရင်တော့ ACCESS 2025 ပရိုဂရမ်မှာ တက်ကြွစွာပါဝင်ရင်း လုပ်ငန်းအရှိန်အဟုန် မြှင့်တင်ဖို့ လျှောက်လွှာတင်ချိန် (10) ရက်သာကျန်ပါတော့တယ်နော်။
Impact Hub Yangon နဲ့ Myanmar Japan Centerမှ သင်တန်းများ၊ လမ်းညွှန်မှုများ၊ Funding Support များဖြင့် လုပ်ငန်းကို နောက်ထပ်တစ်ဆင့်မြှင်တင်ရင်း နေ့စဥ်ဘဝအတွက် ပိုမိုကောင်းမွန်သော သက်ရောက်မှုများ ပေးစွမ်းကြပါစို့။
လူတွေ့သင်တန်းများကို (လျာထား)ဒီဇင်ဘာလ အလယ်မှာ စတင်သွားမှာ ဖြစ်ပြီး စိစစ်ရွေးချယ်မှုများ ပြုလုပ်ရန် လျှောက်လွှာများ နောက်ဆုံးပေးပို့နိုင်မည့်ရက်ကတော့ ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၄) ရက် (သောကြာနေ့) ဖြစ်ပါတယ်။
လျှောက်လွှာတင်ရန် လင့်ခ် - [https://forms.gle/22MwWQbrkqhmm1448]
(အင်္ဂလိပ်ဘာသာဖြင့် ဖြည့်စွက်ရန်)
လေ့လာရန်လျှောက်လွှာနမူနာ- (https://shorturl.at/V67Rf )
ယခု ပရိုဂရမ်နှင့် စပ်လျဥ်း၍ အသေးစိတ်အချက်အလက်များကို ဤလင့်ခ်
(https://shorturl.at/pzVGW) တွင် ဒေါင်းလုတ်ဆွဲဖတ်ရှုပါရန်။
[English]
‼️10 Days until ACCESS 2025 program's deadline
We would like to start sharing the essential program requirements that everyone is eager to know.
Are you an entrepreneur or business owner committed to providing creative services/products that positively impact the livelihoods of Myanmar's people under the current socio-economic challenges ❓
If so, Accelerating Co-creation and Empowerment of Startup Solutions (ACCESS 2025 , brought to you by Impact Hub Yangon and the Myanmar Japan Center, welcomes you with offers of business acceleration training, 24 Hours of mentoring sessions with experts and Funding support of up to 45 million Kyats.
Eligibility requirements to be part of this transformative opportunity are as follows:
🔰ELIGIBILITY CRITERIA
1.Operating a duly registered business in Myanmar with active users/traction in specified sectors.
2. Have a strong management team (minimum of two members)
3. Have a strong commitment to providing quality and affordable products/services to the people.
4. Provide products or services that can address the social challenges or contribute to the improvement of people's livelihood.
We welcome applications from businesses affected by the earthquake or natural disasters that meet the above criteria.
🔰The application is also open for social startups and SMEs which are included in the following sectors ( but not limited to ):
➢ Healthcare: Emergency medical care, Telemedicine, mobile clinic, Psychosocial support, trauma response services, disease testing, medical data security, drug/equipment distribution, etc.
➢ Education: Vocational training, remote learning, etc.
➢ Food & Agriculture: Food production, distribution tech, digital Agri-solution, etc.
➢ Logistics: Urban mobility, delivery systems, etc.
➢ Finance: Digital Payments, micro-insurance, SME lending, etc.
➢ Energy: Solar, renewable energy, emergency energy supply,etc.
➢Disaster mitigation, response and recovery sectors: Emergency services, distribution of humanitarian aid & relief etc.,
➢ Others: Construction and engineering, micro-business services, service industries etc.
Applicants from any part of Myanmar are welcome to apply.
Only (10) days left to apply for the program. So, let’s be sure to submit your application on time.
Are you ready to take your business to the next level and make a positive impact on the daily lives of consumers?
Training is tentatively scheduled to start by the mid of December , and applications will close on Friday, October 24, 2025.
Apply here - [https://forms.gle/22MwWQbrkqhmm1448]
(Please fill out the form in English only.)
Sample application to observe: (https://shorturl.at/V67Rf )
For further details, the program information document is available for download here:(https://shorturl.at/pzVGW)