MYO PYA Construction

MYO PYA Construction Replace Better Version

သင်ဟာ အိမ်ဆောက်ဖို့ စီစဉ်ထားရင်၁။ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။၂။အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။၃။...
27/06/2024

သင်ဟာ အိမ်ဆောက်ဖို့ စီစဉ်ထားရင်

၁။ရိုးရာဓလေ့နဲ့ ကာလ ဒေသကိုချင့်ချိန်ပါ။
၂။အလင်းအမှောင်အတွက် နေဝင် နေထွက်ကို ချိန်တွက်ပါ။
၃။အပူအအေးအတွက် လေဝင်လေထွက်ကို ချိန်တွက်ပါ။
၄။အိမ်တန်ဖိုးနှင့်ညီမျှသောဒီဇိုင်းကိုစနစ်တကျ ဆွဲပြီး ပုံဖော်ပါ။

၅။(အိမ်ဆောက်နည်းအခြေခံသဘောတရားများ)

မြေကြီးပုံသည့်အခါ တူးသည့်ကျင်း၏ ၂ပေ ၃ပေအကွာတွင် မြေကြီးပစ်ပုံထားရမည်။မြေကြီးပြန်လည်ဖို့သည့်အခါ တစ်ကြိမ်လျှင် ၆လက်မ အလွှာလိုက်ဖို့ပြီး သိပ့်သည်းအောင် ရေဖြန်းဒင်ဆောင့် လိုအပ်သည့် သိပ့်သည်းမှု့ အနေအထားရအောင် ဆောင်ရွက်ပေးရမည်။

* အဆောက်အဦအတွက် ပတ်တန်းရိုက်သည့်အခါ တောင့်တင်းခိုင်မာအောင်ရိုက်၍ ပတ်တန်းတိုင်အား မြေအဝင် ၃ပေ၄ပေ ဝင်အောင်ရိုက်ထားသင့်ပါသည်။
အဆောက်အဦ ကျင်တွယ်ဖမ်းသည့်အခါ အဆောက်အဦတစ်ခု၏ သုံးချိုးတစ်ချိုးတွင်ဖမ်းရမည်။ကျင်တွယ်ဖမ်းနည်းကို အမျိုးမျိုးဖမ်းယူတတ်ကြသည်။ဥပမာ(၃၊၄၊၅)(၆၊၈၊၁၀) (၁၅ ၊ ၂၀၊ ၂၅) တို့ဖြင့် အမျိုးမျိုးဖမ်းယူတတ်ကြသည်။

* အုတ်မစီခင် အုတ်ကို နှစ်နာရီ ကြိုတင်၍ ရေစိမ်ထားရမည်။(သို့မဟုတ်)ရေလောင်းပေးရမည်။

* (၇)ပေအမြင့်ရှိသော ၊ (၇)ပေထက်ကျော်သော Slabဆိုလျှင် အနည်းဆုံး(၁၀)ရက်ထားပြီးမှ ဖြုတ်ရပါမည်။

* Slabလောင်းပြီး ( ၂ ) ရက်အတွင်း ကွန်ကရစ် အစိတ်အပိုင်းအပေါ် မည်သည့် ဝန်မျှမတင်ရ။

* Slabအပြင်သို့ အဝဲထုတ်သည့်အခါ Slab၏ အဝဲထုတ်မည့်အတွင်းခွင်ပေ၏ (၅) ဆ (၁) ဆ ထုတ်ခွင့်ရှိသည်။ လူတို့သောက်သုံးနိုင်သောရေသည် ကွန်ကရစ်လုပ်ငန်း၌သုံးရန်သင့်တော်သည်။
ငန်ပျပျ အရသာရှိသောရေသည် ကွန်ကရစ်လုပ်ငန်း၌ သုံးရန်မသင့်သောရေဖြစ်သည်။
သံကူကွန်ကရစ်များအတွက် ပင်လယ်ရေကို သုံးရန်မသင့်။ အက်ဆစ်အနည်းငယ်ပါဝင်သောသဘာဝရေသည်ကွန်ကရစ်လုပ်ငန်းများတွင်သုံးနိုင်သောရေဖြစ်၏။ရေ၌ဆာလဖိတ်ဓာတ်(၀.၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၄)ရာခိုင်နှုန်းကျဆင်းမည်။ထို့အတူရေ၌ရိုးရိုးဆား(၅)ရာခိုင်နှုန်းပါဝင်လျှင်ကွန်ကရစ်၏ဝန်ခံနိုင်အား(၃၀)ရာခိုင်နှုန်းကျဆင်းပေမည်။
* အုတ်စီလုပ်ငန်းပြီးစီးသွားသည့်အခါ နေ့စဉ်တစ်နေ့လျှင်(၃)ကြိမ်၊(၇)ရက်အထိ ရေဖြန်းပေးရပါသည်။

* အုတ်စီနံရံ အမြင့်အားတစ်နေ့လျှင်(၃)ပေသာစီပြီးD.P.C(Damp Proof Course)ကျောက်လောင်းထားခြင်းကပိုကောင်းပါသည်။

* ဝါးငြမ်းများဆင်သောအခါ အဆောက်အဦ အပြင်နံရံမှ (၃)ပေအကွာတွင်တိုင်ထောင်ခိုင်းပြီး ဝါးလုံးတစ်လုံးနှင့်တစ်လုံး (၂) ပေခွဲသာခြားခြင်းဖြင့် ငြမ်း၏ တောင့်တင်းခိုင်မာမှု့ကို ရစေပါသည်။

* သံကိုဖြတ်တောက်သည့်အခါ (၄၅) ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် ( ၂)လက်မပိုဖြတ်ရမည်။(၉၀)ဒီဂရီချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက် (၉)လက်မပိုဖြတ်ရမည်။ (၁၃၅) ဒီဂရီ ချိုးချင်သော သံချောင်းကို မိမိလိုချင်သော ပေထက်(၁၄)လက်မ ပိုဖြတ်ပါ။(မှတ်ချက်။R.C column သံနှင့် Beam သံတို့အတွက်ဖော်ပြခြင်းဖြစ်ပါသည်။)

* တံခါးရွက်များကို အဆောက်အဦတစ်ခုလုံး၊ အခြားလုပ်ငန်းများပြီးစီးသည့်နေ့မှ တပ်ဆင်ရပါမည်။

* အုတ်ရိုးနှင့်ထိတွေ့မည့် သစ်သားမျက်နှာပြင်အားလုံးကို ဆေးကတ္တရာဖြင့် သုတ်ထားရပါမည်။

* အခန်း၏အမြင့်ကို မူတည်၍ တံခါး၏ အချိုးအစားကို တွက်ယူလိုလျှင် တံခါး၏ အမြင့်သည် အခန်းအမြင့်၏ ၁/၄+၄ပေ၆လက်မ ရှိရမည်။ တံခါး၏ အကျယ်သည် တံခါး၏ အမြင့်ထက် (၄)ပေလျော့နည်းရမည်။

* လှေကားပြုလုပ်ရာတွင် လှေကားထစ်အရေအတွက်ကို "ရာဇ'' ၊
"မရဏ '' ၊ ''လာဘ'' ဟူ၍ အစဉ်လိုက် မှတ်ယူသွားရာ ''မရဏ''ကျသည့်
လှေကားထစ်များကို ရှောင်ကျဉ်ကျသည်။
ဥပမာ - ရာဇ. ၁ ၊ ၄ ၊ ၇ ၊ ၁၀
မရဏ. ၂ ၊ ၅ ၊ ၈ ၊ ၁၁
လာဘ. ၃၊ ၆ ၊ ၉ ၊ ၁၂
အထက်ပါ '' မရဏ '' လှေကားထစ်များဖြစ်ကြသော ၂ ၊ ၅ ၊ ၈၊ ၁၁
စသည်တို့သည် ရှောင်ကျဉ်ရမည့် လှေကားထစ် အရေအတွက်များဖြစ်သည်ဟု ဆိုလိုသည်။လှေခါး Landing သည် ခြေနင်းအလျားထက်ပိုကျယ်ရမည်။

* နံရံမချောမီ အုတ်နံရံကို ရေလောင်းပါ ။ အုတ်နံရံတွင် ကျောက်ထုပ်များရှိပါက spotရိုက်၍ ဗြုတ်ထအောင် ဘိလပ်မြေအရည်ဖျော်၍
ကြိုတင်တစ်ရက် ရိုက်ထားပါက လေခိုခြင်းကင်းဝေးပါမည်။ နံရံချောပြီးသည့်နေမှစ၍ တစ်နေ့တွင်ခုနှစ်ရက်ရက်တိတိ နံရံကို ရေဖြန်းပေးရပါမည်။

* ဆေးသုတ်သည့်အခါ သုတ်ဆေးကို တစ်ထပ်ထက်ပို၍ သုတ်မည်ဆိုပါက မူလသုတ်ဆေးကောင်းစွာခြောက်မှ နောက်တစ်ထပ်ကို သုတ်ရပါမည်။ သုတ်ဆေးကို အသုံးမပြုသေးပါက လေ လုံအောင် ပိတ်ထားရပါမည်။ ရောစပ်ပြီး မွှေထားသော သုတ်ဆေးတို့ကို တစ်ဝက်တစ်ပျက် အသုံးပြုပြီးဖြစ်လျှင် ပုံးထဲတွင် ကျန်ရှိနေသည့် သုတ်ဆေးအပေါ်မှ ရေဖြည့်ထားရပါမည်။

မြေကြီးကျင်းထဲသို့ concrete မလောင်းမီ Level ပေး၍ မျက်နှာပြင်ညီအောင် ညှိပေးရမည်။ Concrete လောင်းရာတွင်သုံးပေထက်မြင့်သောအမြင့်မှတိုက်ရိုက်လောင်းမချပဲ ၎င်းထက်နှိမ့်ချ၍လောင်းခြင်းကပိုမိုကောင်းပါသည်။ Concreteလောင်းချိန်vibrator အသုံးပြုရာတွင်rodတံကိုတည့်မတ်စွာထိုးရပါမည်။Rod တံကိုပြန်ထုတ်သည့်အခါRod တံထိုးသည့်နေရာသို့ကွန်ကရစ်အစားဝင်နိုင်ရေန်သတိပြုရမည်။Rod တံထိုးထည့်ထားရမည့်အချိန်မှာတစ်နေရာလျှင်အနည်းဆုံး(၁၅)စက္ကန့်မှအများဆုံး(၂၅)စက္ကန့်ထက်မကျော်စေရ။Rod တံကိုအချိန်ကြာကြာထိုးစိုက်ထားလျှင်ကွန်ကရစ်များတစ်နေရာထဲတွင်မာခြင်းဖြစ်တတ်သည်ကိုသတိပြုရမည်။Rod တံကိုကိုင်တွယ်အသုံးပြုသူသည်အတွေ့အကြုံရှိပြီးကျွမ်းကျင်နားလည်သူဖြစ်ရမည်။ကွန်ကရစ်လောင်းပြီးသည့်အခါအမြဲတမ်းစိုစွတ်နေစေရန်ရေကိုအနည်းဆုံး တစ်နေ့သုံးကြိမ်လောင်းပေးသင့်ပါသည်။ရေကန်ငယ်ပြုလုပ်ပေးခြင်း၊စိုစွတ်သောအရာဝတ္ထုဖြင့်ကာရံဖုံးအုပ်ထားခြင်းတို့ဖြစ်ပါသည်။

*သံချောင်းဆက်ရာတွင် အချင်း၏လေးဆယ်ဆ (40D)အနည်းဆုံးရှိရပါမည်။သံချောင်းများအသုံးပြုသည့်အခါသံချေးများ၊အမဲဆီများ၊မြေကြီးများ၊ဆီများကင်းစင်စေရန်လိုအပ်ပါသည်။ Concrete RC Column တိုင်လောင်းရာတွင်တစ်နေ့
(12') အမြင့်ထိသာ လောင်းသင့်ပါသည်။

*အမိုးသွပ်မိုးသည့်အခါတစ်ချပ်နှင့်တစ်ချပ်ထပ်သည့်သွပ်ကိုနှစ်တွန့်တိတိထပ်စေရမည်။သွပ်ထိပ်ခြင်းဆက်သည့်အခါအနည်းဆုံး ခြောက်လက်မထပ်သင့်ပါသည်။

#မူရင်းရေးသားသူအား လေးစားမှုဖြင့် Creditပေးပါသည်။

အိမ်တစ်လုံးကဘယ်အရာတွေကိုပေးဆောင်သလဲ ❓​​မြက်​ခင်းရယ် ၊ ခြံဝန်းရယ်နဲ့ နေအိမ်တစ်လုံးက ဘာတွေပေးဆောင်တယ်လို့ထင်ကြလဲအိမ်သူ အိမ...
24/06/2024

အိမ်တစ်လုံးကဘယ်အရာတွေကိုပေးဆောင်သလဲ ❓

​​မြက်​ခင်းရယ် ၊ ခြံဝန်းရယ်နဲ့ နေအိမ်တစ်လုံးက ဘာတွေပေးဆောင်တယ်လို့ထင်ကြလဲ

အိမ်သူ အိမ်သားတစ်ယောက်ချင်းစီတိုင်းအပေါ် နွေးထွေးလုံခြုံမှုဆိုတဲ့ ခံစားချက်ကို ပေးဆောင်တယ်ဆိုတာအားလုံးသိကြမှာပါ။

ဒါကြောင့်မလို့ လူသားအစမှာ ဒီအတိုင်းနေထိုင်ရာကနေ လုံခြုံနွေးထွေးမှုအတွက်

အပင်တွေနဲ့အိမ်တွေဆောက်ပြီး နေထိုင်လာကြတာ ယနေ့ခေတ် မိုး‌မျှော်တိုက်တွေပေါ်ပေါက်လာတဲ့အထိပဲဖြစ်ပါတယ်။

အိမ်တစ်လုံးကပေးတဲ့ လုံခြုံမှုဟာ ဘယ်လောက်တောင်အရေးပါလဲဆိုရင်

အပြင်မှာအိပ်စက်ရတာနဲ့ ကိုယ့်အိမ်ကိုယ်ယာမှာပြန်အိပ်ဆက်ရတဲ့ ခံစားမှုနဲ့ တူနိုင်မှာမဟုတ်ပါဘူး။

မိသားစုတွေရဲ့ပျော်ရွှင်စရာအခိုက်အတန့်တွေဟာလည်း ဒီအိမ်ထဲမှာပဲရှိတာပါ။

ဒါကြောင့် မိသားစုနဲ့လုံခြုံနွေးထွေးစွာနေထိုင်ဖို့အိမ်ဆောက်တော့မည်ဖြစ်စေ ၊ အခုမဆောက်သေးရင်တောင် နောက်နောင်ဆောက်ဖို့ရှိသည်ဖြစ်စေ တိုင်ပင်‌ဆွေးနွေးမှုလေးတွေ အခမဲ့ ရယူထားကြည့်လို့ရပါတယ်။

ဒါဆို ပိုကောင်းတဲ့အိမ်လေးတစ်လုံးဖြစ်ဖို့ ကြိုပြင်ဆင်ရာရောက်တာပေါ့။

အခမဲ့ တိုင်ပင် ဆွေးနွေးမှုများအတွက်

Facebook Messenger (or)
Viber-09770911620 နှင့်

☎️ Ph.09770911620/09457939225 တို့ကိုဆက်သွယ်နိုင်ပါသည်။။

PYA Construction
Better Version

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။စည်းလုံးမှုကို သိချင်ရင်တော့ထမင်းဝိုင်းကို ကြည်...
23/06/2024

အိမ်တစ်အိမ်ရဲ့စည်းကမ်းကိုသိချင်ရင်
ရေချိုးခန်း အိမ်သာ ထိုင်ခွက်ကိုကြည့်ပါ။

စည်းလုံးမှုကို သိချင်ရင်တော့
ထမင်းဝိုင်းကို ကြည့်ရပါမယ်တဲ့။

လူတစ်ယောက်ရဲ့စည်းကမ်းကိုသိချင်ရင်တော့
ဖိနပ်ချွတ်ပုံကိုကြည့်ရင်သိနိုင်တယ်။

လူမှုအဆင့်အတန်းကိုသိချင်ရင်
အိပ်ခန်း နဲ့ အိပ်ယာကိုကြည့်ပါ တဲ့။

စာနာမှုနဲ့ ကြင်နာတရားသိချင်ရင်တော့
စကားအပြောအဆို စကားလုံးနဲ့ ဆက်ဆံမှုကို
ကြည့်နိုင်ပါတယ်။

ယဉ်ကျေးမှုကို သိချင်ရင်
ကိုယ်ဟန်မူယာကနေသိနိုင်ပါတယ် တဲ့။

အိမ်တအိမ်ရဲ့ ကျန်းမာရေးအတွက်ကိုတော့
မီးဖိုချောင်ကို ကြည့်ပါ။

မေတ္တာတရားနဲ့ပျော်ရွှင်မှုကိုသိချင်ရင်တော့
အိမ်ရှင်မရဲ့အဆင်းရူပကာ ကိုကြည့်ပါတဲ့။

ဒါ တကယ့်ကို အမှန်တရားတွေပါ။။

#မူရင်းရေးသားသူအားလေးစားမှုဖြင့်Creditပေးပါသည်။

အိမ်ဆောက်တဲ့အခါ လက်ရာသေသပ်ပြီးလှပမှုရှိတဲ့ အိမ်မျိုးရချင်သူတွေအတွက် 🏘️အိမ်တစ်လုံးရဲ့ လက်ရာသေသပ်မှုဘယ်လောက်ရှိလဲသိချင်ရင်...
22/06/2024

အိမ်ဆောက်တဲ့အခါ လက်ရာသေသပ်ပြီးလှပမှုရှိတဲ့ အိမ်မျိုးရချင်သူတွေအတွက် 🏘️

အိမ်တစ်လုံးရဲ့ လက်ရာသေသပ်မှုဘယ်လောက်ရှိလဲသိချင်ရင် မဆောက်ခင်ပုံထဲက ဒီဇိုင်းနဲ့ အပြင်မှာ‌ဆောက်ပြီးထွက်လာတဲ့ပုံနဲ့ကို မျက်ဝါးထင်ထင် ယှဉ်ကြည့်ရင် သိနိုင်ပါတယ်။

တထပ်တည်းကျပြီးတူညီတယ်ဆိုရင်တော့ ဒီဇိုင်းနဲ့အညီဆောက်နိုင်တာကြောင့် လက်ရာသေသပ်တယ်လို့ပြောလို့ရပါတယ်။

မှန်းထားတဲ့ပုံနဲ့ ထွက်လာတဲ့ပုံနဲ့ ထပ်တူမကျရင်တော့ "မှန်းချက်နဲ့နှမ်းထွက်မကိုက်ဘဲ" စိတ်မချမ်းမသာဖြစ်ရနိုင်ပါတယ်။

အဲ့တာကြောင့် Construction အပ်တဲ့အခါ စိတ်ကူးထဲက ဒီဇိုင်းအတိုင်းပေါ်ထွက်အောင် သေချာတိုင်ပင်ဆွေးနွေးမှုတွေ လုပ်ပြီးမှ အပ်သင့်ပါတယ်။

မိတ်ဆွေတို့ရဲ့ တန်ဖိုးရှိတဲ့အိမ်တစ်လုံးအတွက် စိတ်ကူးထဲကပုံစံအတိုင်း တူညီအောင် ကျွန်တော်တို့ MYO PYA Construction ကတာဝန်ယူတည်ဆောက်ပေးနိုင်ပါတယ်။

အိမ်ဆောက်တဲ့အခါကုန်ကျစရိတ်သက်သာစွာနဲ့ လက်ရာကောင်းမွန်ပြီးလှပတဲ့အိမ်မျိုးရဖို့အတွက် ကြိုတင်တိုင်ပင် ဆွေးနွေးမှုလေးတွေ အခမဲ့ ရယူထားကြည့်နိုင်ပါတယ် 🤗

အခမဲ့ တိုင်ပင် ဆွေးနွေးမှုများအတွက်

Messenger (or) Viber-09770911620 နှင့်

☎️ Ph.09770911620/09457939225 တို့ကိုဆက်သွယ်ပြီး အခမဲ့ဆွေးနွေးမှုများရယူနိုင်ပါတယ်

PYA Construction
Better Version

လုံခြုံစိတ်ချမ်းသာစွာနေနိုင်ဖို့ အိမ်တစ်လုံးဆောက်တော့မယ်ဆို ဒီအချက်တွေသိထားဖို့ လိုပါမယ်...ကိုယ်နေမဲ့အိမ်အတွက် မဆောက်ခင်...
21/06/2024

လုံခြုံစိတ်ချမ်းသာစွာနေနိုင်ဖို့ အိမ်တစ်လုံးဆောက်တော့မယ်ဆို ဒီအချက်တွေသိထားဖို့ လိုပါမယ်...

ကိုယ်နေမဲ့အိမ်အတွက် မဆောက်ခင်မှာ သိသင့်သိထိုက်တာတွေသိထားရင် ပိုမိုကောင်းမွန်တဲ့အိမ်တစ်လုံးရနိုင်မယ်ဆိုတာ အားလုံးသိကြမှာပါ

အဲ့အတွက်ကြောင့် အိမ်တစ်လုံးဆောက်မယ်ဆိုသိထားသင့်တဲ့ အချက် (၅) ချက်ကိုပြောပြပေးပါမယ်

1. ရှိတဲ့မြေအကျယ်အဝန်းပေါ်မှာ ဘယ်နှပေအိမ်အကျယ်အဝန်းဆောက်မှာလဲ

2. တစ်ထပ်လား ( or ) နှစ်ထပ်လား

3. အိမ်သူ၊ အိမ်သားဘယ်နှယောက်နေမှာလဲ၊
အခန်းဘယ်နှခန်းဖွဲ့မှာလဲ

4. ခြံကွက်အနေအထားအရ နေဝင်နေထွက်ပုံစံ၊အလင်းချိန်ခြင်းနဲ့

5. နောက်ပိုင်းကျရင် နောက်တထပ် တင်ဦးမှာလား

စတဲ့အချက်တွေကို သိထားပြီး ကိုယ့်ကိုယ်ကိုယ်ပြန်မေးကာ အရင်ဖြေထားကြည့်ဖို့လိုမယ်ထင်ပါတယ်

•••••••

အိမ်ဆောက်ချင်တဲ့ ဆန္ဒတစ်ခုထဲနဲ့တော့ အိမ်ဖြစ်လာမှာမဟုတ်လို့ ဆောက်ချင်တဲ့ပုံစံကို အရင်ဆုံး စိတ်ကူးပုံဖော်ကြည့်ဖို့လိုအပ်ပါတယ်

ဒါမှသာ စိတ်ကူးကိုလက်တွေ့အကောင်အထည်ဖော်ပြီး ဆောက်လုပ်နိုင်မှာမဟုတ်လား

အိမ်ဆောက်မည်ဖြစ်စေ၊ အခုမဆောက်သေးဘူးဆိုရင်တောင် နောက်နောင်ဆောက်ဖို့ ရှိသည်ဖြစ်စေ
တိုင်ပင် ဆွေးနွေးမှုလေးတွေ အခမဲ့ ရယူထားကြည့်နိုင်ပါတယ် 🤗

အခမဲ့ တိုင်ပင် ဆွေးနွေးမှုများအတွက်

Facebook Messenger (or)
Viber-09770911620 နှင့်

☎️ Ph.09770911620 / 09457939225 တို့ကိုဆက်သွယ်နိုင်ပါတယ် ခင်ဗျာ။

PYA Construction
Better Version

အမိုးသွပ်တွက်နည်း ~~~~~~~~~~~~~~~အမိုးသွပ်တွက်နည်းအမျိုးမျိုးရှိတဲ့အထဲကနေ တစ်ခုကို အရင်တွက်ပြပါမယ် ..ပထမဦးစွာစိတ်ထဲမှတ်ရ...
18/06/2024

အမိုးသွပ်တွက်နည်း
~~~~~~~~~~~~~~~

အမိုးသွပ်တွက်နည်းအမျိုးမျိုးရှိတဲ့အထဲကနေ
တစ်ခုကို အရင်တွက်ပြပါမယ် ..

ပထမဦးစွာစိတ်ထဲမှတ်ရမှာက သွပ်သည်
2.5' အနံရှိပီး အရှည်မှာ ကိုယ့်စိတ်ကြိုက်ဝယ်
ရတယ်လို့ တွေးလိုက်ပါ

နောက်တစ်ခုက ကိုယ်အမိုးမိုးမဲ့နေရာရဲ့
အလျား နဲ့ အနံ သိရပါမယ်
အဲ့တာသိတာနဲ့အကုန်ရပါပီ
သွပ်အနံက 2.5' ဆိုတာသိပီးသားမလို့
ကိုယ်မိုးမဲ့အမိုးက 10' ရှည်တယ်ဆိုရင်
2.5' x 10' တစ်ချပ်မိုးရမှာပါ

သွပ်အချပ်ရေတွက်ရအောင်
အမိုးဧရိယာ - 10' x 10' = 100 sqft
သွပ်တစ်ချပ်ဧရိယာ - 2.5'x10' = 25 sqft

ထို့ကြောင့် #

10'x10' ရှိသောအမိုးကိုမိုးရန်
2.5'အနံx10'အရှည်ရှိသောသွပ်အချပ်ရေ = 100sqft÷25sqft = 4 ချပ် လိုပါသည် #

ဒီနည်းလေးကတော့အမိုးဒိုင်းဧရိယာအပေါ်ကမိုးရမဲ့သွပ်ကိုပျမ်းမျှတွက်ပြခြင်းသာ

*ဒီ formula ထဲကို ကိုယ်မိုးမဲ့အမိုး
အတိုင်းအတာထည့်ပီး တွက်နိုင်ပါတယ် ...

* ဒီ post လေးက မိတ်ဆွေအတွက်အကျိုး
တစ်စုံတစ်ရာရသွားတယ်ဆိုရင် "Yes" လို့
မန့်ခဲ့ပေးပါအုန်းခင်မျာ

လိုအပ်​ချက်များ Comment​မှာဖြည့်စွက်ရေးသားအကြံပြုနိုင်ပါတယ်ခမျာ

#မူရင်းရေးသားသူကို လေးစားသောအားဖြင့် Creditပေးပါသည်။

ရွာမြေဆိုတာ ဘာလဲ?ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက် အပြည့်စုံဖော်ပြ ပေးလိုက်ပါပြီနော်။တနည်းအားဖြင့် ရ...
17/06/2024

ရွာမြေဆိုတာ ဘာလဲ?

ပိုင်ဆိုင်မှု အထောက်ထားဘယ်လိုရှိလဲ မေးထားသူများ အတွက် အပြည့်စုံဖော်ပြ ပေးလိုက်ပါပြီနော်။

တနည်းအားဖြင့် ရွာမြေသည် အခွန်ကင်းလွတ် ခွင့်ရှိတယ်လို့ အကြမ်းဖျင်းမှတ်ယူထားပါ။

ဒါဆို...ကျေးရွာမြေကို ပိုင်ဆိုင်မှုခိုင်မာအောင် ဘယ်လို
လုပ်ထားရမလဲ?

ကျေးရွာအတွင်းမှ အိမ်ကွက်များကို တစ်ကွက်ချင်း နယ်နိမိတ်ခွဲခြားပြီး တိုင်းတာ ပုံထုတ်ထားခြင်း၊ မှတ်တမ်းထားခြင်း မြေစာရင်းဌာနမှာ မရှိပါဘူး။

ဆိုလိုတာက မြို့မြေလို ကွက်စိတ် ကွက်ကြဲ တိုင်းတာပြီး မြေပုံထုတ် မှတ်တမ်းတင်ထားခြင်း မရှိတာပါ။ ဒါကလဲ ခေတ်အဆက်ဆက် ကျေးရွာမြေတွေကို အခွန်ကင်းလွတ် ပေးထားပြီး ရွာနယ်နိမိတ် လောက်ကိုသာ မြေပုံရေးဆွဲ ထားကြလို့ပါနော်။

ရွာအတွင်း တစ်ကွက်ခြင်း မြေတည်နေရာ မြေရာဇဝင် ကွင်းအမှတ် အကွက်အမှတ် မြေကွက်အကျယ် အသေးစိတ် မြေပုံနဲ့ စာရင်း မရှိပါဘူး။ ပိုင်ဆိုင်မှု ခိုင်မာဖို့ ဆိုတာ ဂရန်ချထားပေးတဲ့ သဘောပါ။ ဂရန်ချထား ပေးဖို့ကလဲ အဲဒီလို မြေပုံ နဲ့ စာရင်းတွေ အတိအကျ အသေးစိတ်ရှိမှသာ ပေးနိုင်တာပါ။ ကျေးရွာအတွင်းက မြေများသည် သာမန်အားဖြင့် ဦးပိုင်ခွဲ မထားသလို ဦးပိုင်လိုက် မြေရာဇ၀င် မှတ်တမ်း (၁-က) မထားပါဘူး။ မြေတစ်ကွက်ချင်းအတွက် ဧရိယာစာရင်း(၁-ခ) လည်း မရှိပါဘူး။

မြေစာရင်းလက်စွဲဥပဒေ အပိုဒ် ၆၇၁ မှာ အောက်မြန်မာနိုင်ငံရှိ ရွာမြေများအတွက် အခွန်စည်းကြပ်မှု မှတ်ပုံစာရင်း၊ သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်းများကို ပြုလုပ်ရန် မလိုချေ။ အထက်မြန်မာနိုင်ငံရှိ ရွာမြေများတွင် စိုက်ပျိုး လုပ်ကိုင်မှုရှိလျှင် နှစ်စဉ်မြေခွန်စည်းကြပ်မှု မှတ်ပုံစာရင်းတခု ပြုလုပ်ထားရှိရမည်။ သို့သော် ဦးပိုင်မှတ်ပုံစာရင်း သို့မဟုတ် မြေကွက်များ မှတ်ပုံစာရင်း ထားရှိရန် မလိုချေ..ဟု ပြဌာန်း ထားချက်အရ ဖြစ်ပါတယ်။
သို့ဖြစ်၍ ကျေးရွာ မြေတစ်ခုကို ပိုင်ဆိုင်မှု ခိုင်မာအောင် ပိုင်ဆိုင်မှု မှတ်တမ်း ရရှိရန် မည်သို့ လုပ်ထားသင့်သလဲ ဆိုပါက ဆောင်ရွက်နိုင်သည့် အချက် ၂ ချက် ရှိနေတာ တွေ့ရပါတယ်။ ပထမအချက်က ကျေးရွာဂရန် ရရှိရေး ဖြစ်ပါတယ်။ ဥပဒေမှာတော့ ရွာမြေတိုးချဲ့ခြင်း၊ ရွာသစ်တည်ခြင်းများ အတွက်သာ ဂရန်ပေးရန် ပြဌာန်းထားပေမဲ့ ဒီဘက်ခေတ်မှာ တစ်မြို့မှာ တစ်ရွာ ဂရန်ပေးရေး Village Grant လုပ်ငန်းစီမံချက်အရ တစ်ရွာလုံးရှိ အိမ်ကွက်များကို ကျေးရွာ ဂရန်ပေးသည့် စီမံချက် ရှိပါက ပိုင်ဆိုင်မှု မှတ်တမ်းဂရန် တစ်ခုကို ရရှိနိုင်ပါတယ်။

ဂရန်ရရင် မြေပိုင်ဆိုင်မှု တိကျပြီး ခိုင်မာတယ်၊ ဘဏ်မှာ အပေါင်ထားလို့ရတယ်၊ သို့သော် အရင်က မြေခွန်လွတ်ပေမဲ့ ဂရန်နဲ့ဆိုရင် မြေခွန်ဆောင်ရပါမယ်၊ စီမံချက်မရှိသေးရင် ဂရန်ရဖို့ မလွယ်သေးပါဘူး။ အထက်မှာ တင်ပြခဲ့တဲ့ မြေရာဇဝင်၊ မြေပုံ စာရင်းတွေ အသေးစိတ် တိုင်းတာ တွက်ချက် ရေးဆွဲဖို့ အချိန်ပေးရတာနဲ့ ရွာများအားလုံးအတွက် တိုင်းတာဖို့ မလွယ်သေးတာပါ။

ဒုတိယ အချက်က လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက်လက်မှတ် ကို ရယူခြင်းဖြစ်ပါတယ်။ ဒါကလဲ လယ်ယာမြေ မဟုတ်ဘူး အခြားနည်း သုံးနေတဲ့မြေ၊ အိမ်ဆောက်နေတဲ့ မြေလို့ပဲ ဆိုလိုတာပါ၊ အရင်ကတော့ 3 B Certificate လို့ခေါ်ပါတယ်။

၁၉၅၃ လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေး အက် ဥပဒေ ပုဒ်မ ၃(ခ)တွင် လယ်ယာမြေဟု သတ်မှတ်ထားသော မြေအမျိုးအစားတွင် ရွာမြေ အ၀န်းအပိုင်းထဲမှ ဖေါ်ပြပါ အလားလေးရပ်အတွင်း ယင်းဥပဒေ မပြဌာန်းမီကပင် မိမိ စိုက်ပျိုးမှု လုပ်ငန်း မဟုတ်ဘဲ အိမ်ရာ အဆောက်အဦး စက်ရုံအဖြစ် လက်ရှိထား အသုံးပြု နေသော မြေကွက် မပါကြောင်းဟု မြေစာရင်းဌာနမှ ထုတ်ပေးသည့် လယ်ယာမြေ မဟုတ်ကြောင်း သက်သေခံ လက်မှတ် လျှောက်ထားရယူခြင်း ဖြစ်ပါတယ်။

ယခု ၂၀၁၂ လယ်ယာမြေဥပဒေ ပုဒ်မ ၃(က) ပါ (ပုဒ်မ ၃၊ (က)။ လယ်ယာမြေဟူသော စကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ရာများ၊ ဘာသာရေးအဆောက်အအုံနှင့် ပရ၀ဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသောမြေများ မပါ၀င်) ဟူသော စကားရပ်အရ ဆိုပါက လယ်ယာမြေမှ ကင်းလွတ်ကြောင်း ၀န်ခံချက် လက်မှတ် ကို 3 (A )လို့သုံးရမှာ ဖြစ်ပါတယ်။

သို့သော် 3 A Certificate ထုတ်ပေးရန် ရန်ကုန်မြို့တော် စည်ပင်ယာရေးကော်မတီမှလုပ်ထုံးလုပ်နည်း ထုတ်ပြန် ဆောင်ရွက်နေသော်လည်း ကျန်ဒေသများအတွက် ဗဟိုလယ်စီအဖွဲ့မှ ယနေ့ထိ ညွှန်ကြားချက် ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။ ဒါကြောင့် ညွှန်ကြားချက်ရမှသာ ရရှိနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

Credit : DVB
ဗဟုသုတရစေရန်ကူးယူဖော်ပြပါသည်။

ဆောက်လုပ်ရေးမှာ ဈေးဆစ်လို့ရပါသလား။ရပါတယ် ဆစ်လို့ရသလို ဆစ်တဲ့အတိုင်း လက်သင့်ခံရပါမယ်။တစ်ရာတန်ကို 95ကျပ်နဲ့ဝယ်ပြီး တန်ဖိုး...
15/06/2024

ဆောက်လုပ်ရေးမှာ ဈေးဆစ်လို့ရပါသလား။

ရပါတယ် ဆစ်လို့ရသလို
ဆစ်တဲ့အတိုင်း လက်သင့်ခံရပါမယ်။

တစ်ရာတန်ကို 95ကျပ်နဲ့ဝယ်ပြီး
တန်ဖိုးမရှိဘူး အရည်အသွေးမပြည့်ဘူးလို့ ပြောလို့တော့မရပါဘူး။

တစ်ထောင့်ငါးရာတန်မုန့်ဟင်းခါးမှာပြီး ဟင်းရည်ကို နှစ်ပွဲစာတောင်းလို့မရပါဘူး။ အနည်းအကျဉ်း နံနံပင်ပိုထည့်ပေးလို့ရပေမယ့် ငံပြာရည်ထည့်တာမကြိုက်လို့ ဈေးလျော့ခိုင်းလို့မရပါဘူး။

အဲ့လိုပါပဲ ဆောက်လုပ်ရေးလောကဆိုတာ ဈေးလျော့ရတဲ့အမျိုးအစားမဟုတ်ပါဘူး။
ဒါက ကျွန်တော့်ခံယူချက်ဖြစ်ပါတယ်။

ဒါမဲ့ မြန်မာနိုင်ငံရဲ့ ဆောက်လုပ်ရေးလောကက
ပျက်စီးနေတာ အတော်ကြာပါပြီ။ ဌာနဆိုင်ရာလည်း ဌာနဆိုင်ရာအလျောက် ပုဂ္ဂလိကလည်း သူ့ဟာနဲ့သူ ပျက်စီးနေကြတာပါ။

ဘာကြောင့်လည်း
သက်မွေးပညာအဆင့်က လုပ်ငန်းရှင်လုပ်ပြီး
ကျွမ်းကျင်ပညာရှင်က လခစား လုပ်နေရလို့ပါပဲ။

ဒုတိယအချက်က ပညာရှင်ကို ပညာရှင်လို တန်ဖိုးထားရကောင်းမှန်းသိနိုင်ဖို့ ပညာအရည်အချင်းအားနည်းကြတာပါပဲ။

ဆေးခန်းပြရင် ဘယ်သူမှ ဈေးမဆစ်ပါဘူး
ဘာကြောင့်ကိုယ့်အကာအရံ လုံခြုံမှုပေးမယ့် အဆောက်အဦအတွက် ဈေးဆစ်ကြတာလဲ။

ဆောက်လုပ်ရေးလောကမှာ အောက်ဈေးနှိုက်တယ်ဆိုတဲ့စကားရှိမှန်း ကျွန်တော်နားလည်တာ မကြာသေးပါဘူး။ ဒါကလည်း နှစ်ဦးနှစ်ဖက် ကြိုက်ဈေး သင့်ဈေးနဲ့ လုပ်ကြရမှာပါပဲ။ ရှေ့ကပြောသလို အောက်ဈေးနဲ့ပေးရင် အောက်ဈေးအဆင့်ကိုပဲရပါမယ်။ အောက်ဈေးကို ကြိုက်ပြီး အထက်တန်းလိုချင်လို့ မရပြန်ပါဘူး။

အလုပ်ဆိုတာ အဖြစ်လုပ်တဲ့သူရှိသလို
အဆင့်အတန်းရှိရှိလုပ်တဲ့သူရှိပါတယ်။

အထက်တန်းလိုချင်ရင် အထက်တန်ဈေးပေးရပြီး
အဖြစ်လိုချင်ရင် ဖြစ်စလောက်လေးပေးလိုက်ရုံပါပဲ။

ဆောက်လုပ်ရေးဆိုတာ သက်မွေးပညာရှင်တွေနဲ့ ကျွမ်းကျင်ပညာရှင်တွေပူးပေါင်းဆောင်ရွက်မှသာလျှင် အောင်မြင်တာဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ နှစ်ဖွဲ့ကွဲပြီး လမ်းကြောင်းကိုယ်စီနဲ့ ဝင်တိုးနေကြပါပြီ။

အဲ့ဒီမှာ ပြသနာတွေ တက်ကြတော့တာပါပဲ။

ဒီလောက်ဆို ကိုယ်စီမြင်​လောက် ကြပါလိမ့်မယ်လို့ ယူဆပါတယ်။ စကားလုံးအသုံးအနှုန်းတွေကို အတတ်နိုင်ဆုံး ယဉ်ကျေးအောင်သုံးနှုန်းထားပါတယ်။

ကိုယ်စီဝမ်းစာရှာကြတာဖြစ်ပေမယ့်
ကိုယ်စီကျင့်ဝတ် မပျက်သင့်ပါကြောင်း..။

#မူရင်းရေးသားသူအား လေးစားမှုဖြင့်Creditပေးပါသည်။

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ-------------------------------------------အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ ...
14/06/2024

အခန်းအလိုက် မသုံးသင့်တဲ့ အိမ်သုတ်ဆေးအရောင်များ
-------------------------------------------

အိမ်တစ်လုံးကို အလှဆင်တဲ့အခါမှာ
အရောင်ရွေးချယ်မှုက အဓိကကျပါတယ်။ လတ်ဆတ်ပြီးစိတ်ခံစားမှုကို ပြောင်းပေးနိုင်တဲ့ အိမ်သုတ်ဆေးအရောင်တွေဟာ သင့်အခန်းရဲ့ ဒီဇိုင်းနဲ့ သင့် Mood ကိုပါ လုံးဝအသစ် ဖြစ်သွားစေမှာပါ။

ကိုယ့်အိမ်ထဲက အခန်းတွေ ဆေးသုတ်ဖို့ စဉ်းစားနေရင် ဒီဆေးရောင်တွေကို ဒီအခန်းတွေမှာ မသုတ်ဖို့ ကျွမ်းကျင်သူတွေက အကြံပေးထားပါတယ်။

(၁) အိပ်ခန်းကို အနီနဲ့ ခရမ်းရောင်ဆေး မသုံးပါနဲ့

အနီရောင်ကို ကြိုက်တယ်ဆိုရင်တောင် သင့်အိပ်ခန်းနံရံကို အနီရောင် မသုတ်ပါနဲ့လို့ House Wire တည်ထောင်သူ ဂျီနီဗာ အာရွန်က ပြောပါတယ်။လူ့ဦးနှောက်ဟာ အနီရောင်ကို သွေးလို့ မှတ်ယူထားပြီး အန္တရာယ်နဲ့ တွဲမှတ်ထားတာပါ။

ဒီတော့ အခန်းထဲမှာ အနီရောင်ကို မြင်ရခြင်းဟာ
နှလုံးခုန်နှုန်းကိုမြန်စေပြီး အိပ်လို့မရဖြစ်စေပါတယ်။
ခရမ်းရောင်ဆေးသုတ်ထားတဲ့ အိပ်ခန်းမှာ အိပ်သူတွေဟာ ပျမ်းမျှ တစ်နေ့ကို ၅ နာရီ ၅၆ မိနစ်ပဲ အိပ်ပျော်တယ်လို့ လေ့လာချက်တွေက ပြောပါတယ်။ နောက်တစ်ခုက ခရမ်းရောင်ခန်းထဲမှာ အိပ်ခြင်းဟာ အိပ်မက်ဆိုးတွေလည်း မက်နိုင်ခြေပိုများတယ်လို့ ဆိုပါတယ်။

(၂) ရေချိုးခန်းနဲ့ Home Office မှာ အဖြူရှောင်ပါ

နံရံဖြူဖြူတွေဟာ ရေချိုးခန်းနဲ့ အလိုက်ဖက်ဆုံးထဲမှာ ပါပါတယ်။
အဖြူရောင်ဟာ ကြည့်လိုက်ရင် အသစ်စက်စက်လို့ မြင်စေရပေမယ့် နံရံဖြူတွေဟာ အစွန်းပေရင် မြင်လွယ်တဲ့ ပြဿနာ ရှိပါတယ်။ သင့်အ​နေနဲ့ ရေချိုးခန်းကို ခဏခဏ သန့်ရှင်းရေးမလုပ်နိုင်ရင်လည်း အဖြူမသုံးသင့်ပါဘူး။

အိမ်ကို ရုံးလုပ်နေရသူတွေအတွက် စိတ်ပိုပြီး
သက်တောင့်သက်သာ ရှိချင်ရင် အလုပ်လုပ်နေတဲ့
အခန်းနံရံကို အဖြူဆေးမသုတ်ဖို့ MyRoofingPal ရဲ့
လုပ်ငန်းလည်ပတ်မှု ဒါရိုက်တာ ကော်တနီကီးန်က ဆိုပါတယ်။
အဖြူက မျက်လုံးကြိမ်းပြီး ဒဏ်ဖြစ်စေလို့ ကွန်ပျူတာနဲ့တစ်နေကုန် အလုပ်လုပ်သူတွေအတွက် မကောင်းဘူးလို့ သူမက ပြောတာပါ။

(၃) အပြင်နံရံနဲ့ ဧည့်ခန်းကို အညိုမသုံးနဲ့

The Golden ရဲ့ အိမ်ဒီဇိုင်းကျွမ်းကျင်သူနဲ့ အယ်ဒီတာ ဆန်ဝစ်တိတ်ကာကတော့ သင့်အိမ်ပြင်ပနံရံမှာ အညိုဆေး ဘယ်တော့မှ မသုံးဖို့ ဆိုပါတယ်။ အညိုရောင်ဟာသင့်အိမ်ရဲ့ တန်ဖိုးကို ကျဆင်းစေပြီး တစ်ဆင့်ပြန်ရောင်းရင် ဈေးကောင်းမရ ဖြစ်တတ်လို့ပါတဲ့။

ဧည့်ခန်းမှာ အနက်ရောင်ပြေးတို့ အညိုတို့ကို
မသုံးသင့်တာက အခန်းကို ကျဉ်းသွားတယ်ထင်စေလို့ပါ။နဂိုကတည်းက ဧည့်ခန်းသေးရင် ပိုပြီး သေးသွားတယ်လို့တောင် ထင်စေရနိုင်လို့ ဖြစ်ပါတယ်။

(၄) မီးဖိုချောင်မှာ မီးခိုးရောင် အရင့်ပြေး ရှောင်ပါ

မီးခိုရောင်ဟာ စိတ်ဓါတ်ကျခြင်း ၊ ဆုံးရှုံးခြင်းနဲ့
မဖော်ရွေခြင်းတွေ ဖြစ်စေတဲ့ အရောင်လို့ ဆိုပါတယ် ။
ပြတင်းပေါက်မရှိတဲ့ မီးဖိုးချောင်သေးသေးတွေဆို
မီးခိုးရောင် သုတ်ထားရင် ပိုပြီး စိတ်ကျဉ်းကြပ်စေနိုင်ပါတယ်။

(၅) ဘယ်အခန်းမှာမှ အစိမ်းနဲ့ အညိုစပ် မသုံးနဲ့

အရောင်အစပ်အဟပ်ကလည်း အရေးကြီးပါတယ်။
အစိမ်းနဲ့ အညိုကာလာနှစ်ရောင်စပ်ပြီး ထွက်လာတဲ့
Opaque Couche ဆိုတဲ့ အရောင်ကတော့ ဘယ်အခန်းမှာမှ မသုံးသင့်တဲ့ အရောင်လို့ ဆိုပါတယ်။ ဒီအရောင်ကို ရုပ်အဆိုးဆုံးအရောင်လို့တောင် ခေါ်ကြလို့ ဖြစ်ပါတယ်။

အိမ်အပြင်ဘက် နံရံတွေမှာ မသုံးဘဲ ရှောင်သင့်တဲ့
အရောင်က အဝါရောင်ဖြစ်ပြီး အိမ်ကို တန်ဖိုးလျော့စေတာကြောင့်လို့ ဆိုပါတယ်။

#မူရင်းရေးသားသူအားလေးစားသောအားဖြင့် Creditပေးပါသည်။

ရှင်းရှင်းလင်းလင်းနဲ့အလုပ်ပြီးဖို့ ကောင်းမွန်တဲ့ဆွေးနွေးမှုလေးတွေကနေ စပြုပါ။Facebook Messenger (or) Viber-09770911620 နှ...
12/06/2024

ရှင်းရှင်းလင်းလင်းနဲ့အလုပ်ပြီးဖို့ ကောင်းမွန်တဲ့
ဆွေးနွေးမှုလေးတွေကနေ စပြုပါ။

Facebook Messenger (or)
Viber-09770911620 နှင့်
Ph.09770911620 / 09457939225 တို့ကို
အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ

PYA Construction
Better Version

အိမ်ဆောက်ချင်တဲ့မိတ်ဆွေများအတွက် လှပမှုနဲ့ခိုင်ခံ့မှုကိုဦးစားပေးပြီး ဘက်ဂျက်အသက်သာဆုံးဖြစ်အောင်ညှိနှိုင်းဆွေးနွေးပေးပါမယ...
11/06/2024

အိမ်ဆောက်ချင်တဲ့မိတ်ဆွေများအတွက်

လှပမှုနဲ့ခိုင်ခံ့မှုကိုဦးစားပေးပြီး ဘက်ဂျက်အသက်သာဆုံးဖြစ်အောင်ညှိနှိုင်းဆွေးနွေးပေးပါမယ်

မိသားစုနဲ့နေဖို့ပဲဖြစ်ဖြစ်၊တိုက်ခန်းများဆောက်ပြီးပြန်ဌားရမ်းဖို့ပဲဖြစ်ဖြစ်

မိတ်ဆွေတို့ရဲ့ စိတ်ကူးအိမ်မက်ထဲက ပုံစံ ဒီဇိုင်းအတိုင်း လက်ရာသေသပ်စွာဆောက်လုပ်ပေးနိုင်ကြောင်း အပြောနဲ့မဟုတ်ပဲ လက်တွေ့သက်သေပြချင်ပါတယ်

ကျွန်တော်တို့ရဲ့ MYO PYA Construction ဟာ ဒါလုပ်ရမယ်၊ ဒီလိုလုပ်ရမယ်လို့ တစ်ဖက်သတ်ပြောမှာမဟုတ်ပဲ

မိတ်ဆွေတို့လိုချင်တဲ့အတိုင်း စိတ်ကျေနပ်မှု အပြည့်အဝရအောင် Customize လုပ်ပေးမှာဖြစ်ပါတယ်

-------

ဒါ့အပြင် အတွေ့အကြုံရှိ အင်ဂျင်နီယာတွေနဲ့ အလုပ်စီမံခန့်ခွဲမှုအားကောင်းတဲ့ Project Manager တို့နဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာဖြစ်လို့ အကောင်းဆုံးဝန်ဆောင်မှုတွေပေးနိုင်ပါတယ်

အဲ့တာကြောင့် အိမ်ဆောက်မည်ဖြစ်စေ၊ အခုမဆောက်သေးဘူးဆိုရင်တောင် နောက်နောင်ဆောက်ဖို့ရှိသည်ဖြစ်စေ ကျွန်တော်တို့ MYO PYA Construction နဲ့ တိုင်ပင်ဆွေးနွေးမှုလေးတွေ အခမဲ့ ရယူထားကြည့်နိုင်ပါတယ်

အခမဲ့ တိုင်ပင် ဆွေးနွေးမှုများအတွက်

Facebook Messenger (or)
Viber-09770911620 နှင့်

Ph.09770911620 / 09457939225 တို့ကို
အခုပဲ ဆက်သွယ်လိုက်ပါခင်ဗျာ

PYA Construction
Better Version

လူကြီးမင်းတို့အနေနဲ့ ရေရှည်အကျိုးအမြတ်ကောင်းတွေ ရစေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်ဖို့စဉ်းစားနေပြီလား ?မြန်မာနိုင်ငံ...
07/06/2024

လူကြီးမင်းတို့အနေနဲ့ ရေရှည်အကျိုးအမြတ်ကောင်းတွေ ရစေမယ့် ရင်းနှီးမြှုပ်နှံမှုမျိုး လုပ်ဖို့စဉ်းစားနေပြီလား ?

မြန်မာနိုင်ငံအိမ်ခြံမြေလောကမှာ ခေတ်အဆက်ဆက် မှန်ကန်ခဲ့သလို
ခုထိလည်းမှန်ကန်နေဆဲ စကားပုံတစ်ခုရှိပါတယ်။

ဟုတ်ပါတယ် "မြေဝယ်မကျပါ"

မြေဝယ်မကျဆိုသလို အိမ်ကိုကြိုဝယ်ထားရင်လည်း လက်ရှိမှာရော ၊ ရေရှည်မှာ‌ပါ အကျိုးမြတ်ကောင်းတွေရရှိလာနိုင်ဖို့ အခြေအနေကောင်းနေဆဲဖြစ်တုန်းပါ။

-------

ဒါကြောင့်မလို့ ရှိတဲ့မြေနေရာမှာ အိမ် ၊ တိုက်ခန်း ၊ အဆောက်အဦးတွေ ဆောက်ထားပြီး ရင်းနှီးမြှုပ်နှံဖို့ နောက်မကျသေးဘူးထင်ပါတယ်ခင်ဗျာ 😊

လူကြီးမင်းတို့ရောဘယ်လိုထင်ကြလဲ ?

အိမ်ဆောက်မည်ဖြစ်စေ၊ အခုမဆောက်သေးဘူးဆိုရင်တောင် နောက်နောင်ဆောက်ဖို့ရှိသည်ဖြစ်စေ ရလဒ်ကောင်းတွေရဖို့ တိုင်ပင် ဆွေးနွေးမှုလေးတွေ အခမဲ့ ရယူထားကြည့်နိုင်ပါတယ် 🤗

အခမဲ့ တိုင်ပင် ဆွေးနွေးမှုများအတွက်

Facebook Messenger (or)
Viber-09770911620 နှင့်

☎️ Ph.09770911620/09457939225 တို့ကိုဆက်သွယ်ပြီး အခမဲ့ဆွေးနွေးမှုများရယူနိုင်ပါတယ်

PYA Construction
Better Version

Address

No. (54)Myae Myint Quarter
Myitkyina
01011

Telephone

+959770911620

Website

Alerts

Be the first to know and let us send you an email when MYO PYA Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to MYO PYA Construction:

Share