Northern Myanmar-Solar

Northern Myanmar-Solar Solar Sales & Service (Group of Company)

အတုတွေများလာရင် အစစ်လို့ထင်လာတတ်ကြပါတယ်။အတုကအစစ်ဖြစ်မလာပါ...လွန်ခဲ့တဲ့ (နှစ်ပေါင်း၂၀)ကျော်လောက်က စာရေးသူ အိန္ဒိယနိုင်ငံ(...
16/05/2026

အတုတွေများလာရင် အစစ်လို့ထင်လာတတ်ကြပါတယ်။

အတုကအစစ်ဖြစ်မလာပါ...

လွန်ခဲ့တဲ့ (နှစ်ပေါင်း၂၀)ကျော်လောက်က စာရေးသူ အိန္ဒိယနိုင်ငံ(Bangalore)ပြည်နယ်မှာ ကျောင်းသွားတက်တုံးကအဖြစ်ပျက်လေးတစ်ခုသတိရမိလို့ပါ။ အဲ့ခေတ်တုန်းက နည်းပညာ ခုလိုမဖွင့်ဖြိုးသေးပါဘူး။ကျောင်းရောက်တော့ ထုံးစံအတိုင်း မြန်မာပြည်က ကျောင်းနဲ့သက်ဆိုင်တဲ့ စာရွက်စာတမ်းတွေ ကျောင်းကိုပေးရပါတယ်။ဇတ်လမ်းကအဲ့မှာစတာပဲ နောက်တရက်နေတော့ ကျောင်းရုံးခန်းခေါ်ပီး ဆယ်တန်းအောင်လက်မှက်ကအတုကြီးဖြစ်နေပါတယ်တဲ့။ ဒီမှာကြည့်တဲ့ အရင်ကျောင်းသားတွေရဲ့ လက်မှတ်တွေထုတ်ပြပါတယ်။ ဆယ်တန်းအောင်လက်မှတ်က တကဲ့အမှန်အကန် စပယ်ရှယ် ကာလာတွေနဲ့။ မင်းဟာက black&white နဲ့ အတုဘဲတဲ့ ဒါကြောင့်မင်းကိုဒီကျောင်းက လက်မခံနိုင်ဘူးဆိုပီးငြင်းလိုက်တယ်။ အချိန်အနည်းစွံ့အသွားခဲ့တယ်။ နောက်ရက်အနည်းမှ emailကနေစာလှမ်းပို့လာတယ်။ We are glad to inform you that ဆိုတဲ့ စာလေးနဲ့ ကျောင်းကလက်ခံပီဆိုတဲ့အကြောင်း၊သက်ဆိုင်ရာတွေကို စုံစမ်းကြည့်တဲ့အခါ အရင်ကကျောင်းသားတွေရဲ့ စာရွက်စာတမ်းတွေကမှ အတု ဖြစ်နေပီး မင်းအောင်လက်မှတ်ကအစစ်ဖြစ်တဲ့အကြောင်းတောင်းပန်စာနှင့်တကွရေးလာတယ်။

​ဆိုလိုတဲ့အကြောင်းအရာက မိမိတို့ကိုယ်တိုင်လည်း နယ်ပယ်အသီးသီးမှာ တခါတလေကြီးမားတဲ့ဆုံးဖြတ်ချက်တွေကျရတဲ့အခါ အပေါ်ယံလေးတွေကိုကြည့်ပြီးရွှေးချယ်မူတွေ မှားခဲ့ကြဖူးပါတယ်။
အခုကဆိုလာ Grade A panel တွေကြားထဲမှာ Quality မမီတဲ့ panel တွေ၊ Reject တွေ၊ Refurbished တွေကို ရောရောင်းနေကြတာဗျ။ ဝယ်သူက အပြင်ပန်းကြည့်ရင် အတူတူပဲထင်ပေမယ့် နည်းပညာအရတော့ လုံးဝကို ကွာခြားသွားတာပါ။
ကျွန်တော်တို့ PVတွေမှာ 'Series' ချိတ်တယ်ဆိုတာ တကယ်သတိထားရမယ့် ကိစ္စဗျ။ ရေပိုက်တန်းနဲ့ ဥပမာပေးရရင် ပိုက်တစ်လုံးသာ ပိတ်သွားရင် ရေစီးကြောင်းတစ်ခုလုံး ထိခိုက်သွားသလိုမျိုးပဲ။ Panel တစ်ချပ်လောက်ပဲ Quality မကောင်းတာပါလို့ ထင်ရပေမယ့် အဲ့ဒီ Panel တစ်ချပ်ကြောင့် series တပ်ထားတဲ့ String တစ်ခုလုံးရဲ့ စွမ်းဆောင်ရည်တွေ ကျဆင်းသွားတတ်တယ်။ Current mismatch ဖြစ်တာ၊ Hotspot တွေ ဖြစ်တာ၊ အပူတွေ တက်လာတာ၊ Power loss ဖြစ်ပြီး System တစ်ခုလုံးရဲ့ သက်တမ်းပါ တိုသွားတာမျိုးတွေ ဖြစ်လာနိုင်တယ်။ 'နည်းနည်းပဲ ကွာမှာပါ' လို့ မထင်ပါနဲ့၊ အဲ့ဒီ 'Weak' ဖြစ်နေတဲ့ Panel တစ်ချပ်က တစ်ခုလုံးကို ဆွဲချသွားနိုင်တာပါ။

ဆိုလာနယ်ပယ်မှာလည်း Customer တွေရဲ့ စကားတွေကိုခနခနကြားနေရတယ်။ Page Messenger /Viber /Phone တို့ကနေမေးမြန်းဆက်သွယ်လာကြတယ်။အရင်ဝယ်ယူတပ်ဆင်ခဲ့တဲ့ ဆိုလာအဖွဲ့တွေက လူတွေအထင်ကြီးအောင် Showroom တွေဘာတွေနဲ့ ဆိုင်ဟိန်းနေအောင် ဖွင့်ထားလို့အထင်ကြီးပီးဝယ်တပ်လိုက်တာ။ နောက်ပိုင်း errorတွေဖြစ်လို့ ဖုန်းဆက်လည်းမကိုင် ကိုင်ပြန်တော့လည်း လာမယ်လာမယ်နဲ့ မနက်ဖြန်တဘက်ခါတွေနဲ့ပေါ်မလာလို့ ဆရာတို့လာကြည့်ပေးပါအုံး။ အဲ့ဒါနဲ့ မေးကြည့်တယ်After Sale Service (Warranty)တွေမပေးကြဘူးလားလို့မေးတော့ မသိဘူးတဲ့။ တချို့ကလည်း ရောင်းတုံးကတော့ အကုန်တာဝန်ယူတယ် ရောင်းလည်းပီးရော လည့်မကြည့်တော့ဘူးတဲ့။

အချုပ်အားဖြင့်ဆိုရလျင် အိမ်ရှင်တွေလည်း ဘယ်သူဈေးအချိုဆုံး ပေးနိုင်မလဲဆိုတာကို မပြိုင်ကြပါနဲ့။ ကျွန်တော်တို့ အားလုံး ဈေးနှုန်းထက် **Standard (စံချိန်စံညွှန်း)** ကို ပြိုင်ကြရအောင်ပါ။ တားလို့မရတဲ့ သဘာဝဘေးရှိပေမယ့်၊ တားလို့ရတဲ့ "လူလုပ်ဘေးအန္တရာယ်" ကိုတော့ အတူတူ ကာကွယ်ကြရမှာပါ။ အတုအရောင်တွေများတဲ့ခေတ်မှာ တပ်ဆင်တဲ့အဖွဲ့ (Company) များအနေနဲ့လည်း နည်းပညာအရ ဖြစ်စေ သတ်မှတ်ထားသော စံစည်းမျဉ်း၊ စည်းကမ်းဘောင်များထဲမှနေ၍ နှစ်၊ လ၊ နာရီနှင့်အမျှ လုပ်ငန်းခွင် ဘဝတစ်လျှောက်လုံး ထိန်းသိမ်းစောင့်ရှောက် နေထိုင်ရမည် ဖြစ်ပါတယ်။
နည်းပညာရှင်တွေဟာ သင်္ချာ၊ သိပ္ပံ၊ စီးပွားရေးနှင့် လူမှုရေးပညာရပ်တို့ကို လေ့လာ၊ သင်ကြား၊ လေ့ကျင့်မှု၊ အတွေ့အကြုံများမှ ရရှိလာသော အသိပညာ၊ အတတ်ပညာများကို အခြေခံကာ သဘာဝသယံဇာတနှင့် လူသား အရင်းအမြစ်များအား သဘာဝပတ်ဝန်းကျင် ထိခိုက်မှုအနည်းဆုံးဖြင့် အသုံးချပြီး၊ လူ့အဖွဲ့အစည်း အတွက် အကျိုးပြုသော အဆောက်အအုံများ၊ စက်၊ ယာဉ်၊ ယန္တရားများ၊ ကိရိယာတန်ဆာ ပလာများ၊ စွမ်းအားများ၊ ဝတ္ထုပစ္စည်းများ၊ ထုတ်လုပ်မှုနည်းစဉ်များကို ဒီဇိုင်းတွက်ချက်၊ တည်ဆောက်ထိန်းသိမ်းပေးနိုင်သည့် အသိဉာဏ် နှင့်ယှဉ်ပြီး အသုံးချရသော ပညာရပ်ဖြစ်သည်နှင့်အညီ နည်းပညာရှင် အားလုံးသည် မိမိတို့၏ ပညာရပ် ဂုဏ်သိက္ခာမညှိုးနွမ်းစေရန် အထူးဂရုစိုက်ပြီး၊ ဆောင်ရွက်ဘို့လိုကြောင်း တိုက်တွန်းအပ်ပါသည်။

ဖတ်ရူတဲ့အတွက်ကျေးဇူးတင်ပါတယ်။

Crd; AEG-Established-2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်...။

စာရေးပြီး knowledge sharing လုပ်တာ အလွန်ကောင်းပေမဲ့ တလွဲတွေ ရေးမိရင်တော့ မသိတဲ့ Customerတွေ နားလည်မှု လွဲမှားသွားနိုင်ပါ...
07/05/2026

စာရေးပြီး knowledge sharing လုပ်တာ အလွန်ကောင်းပေမဲ့ တလွဲတွေ ရေးမိရင်တော့ မသိတဲ့ Customerတွေ နားလည်မှု လွဲမှားသွားနိုင်ပါတယ်။

အခုရက်ပိုင်း တချို့ကလက်တွေ့ မလုပ်ဖူးပဲနဲ့ စာရေးဖတ်ပြီး ရေးတာတွေကတော်တော်များများလွဲနေတာတွေ တွေ့မြင်နေရပါတယ်။ တချို့Customer တွေသိတဲ့Knowledge တွေကိုကလည်း Knowledge အမှားဖြစ်နေတတ်ပါတယ်။ လျှပ်စစ်မှာ ဘယ်လောက် လုပ်ခဲ့ လုပ်ခဲ့ solar စနစ်ရဲ့ Power Electronic က ပြောင်းလဲမှု အရမ်း မြန်နေတာပါ။
စာရေးသူမိမိကိုယ်တိုင် တခြားဖွံ့ ဖြိုးပြီးနိုင်ငံတွေ စင်ကာပူ/ရှန်ဟိုင်း/မလေးရှား/ဗီယဒ်နမ်/India/ဂျပန်(အိုဆာကာ/တိုကျို)တို့မှာရောက်ခဲ့စင် လည့်လာတွေ့မြင်ရသလောက် အိမ်ခေါင်မိုးပေါ်မှာ frameအမြင့်ထိုးပီး ဆိုလာတပ်ထားဒါ တခုမှမတွေ့မမြင်ခဲ့ရပါ။ ရိုးရိုးလေး အမိုးပေါ်မှာဘဲ Rail ထိုးပီး အိမ်အလှလည်း မပျက်တပ်စင်ထားကြဒါကို တွေ့ခဲ့ရပါတယ်။ ဘာကြောင့်မီးမလောင်သလဲဆို သေချာစနစ်ကျပီး Safety အတွက်ဦးစားပေးလုပ်ဆောင်ထားကြခြင်းကြောင့်ဖြစ်တယ်လို့ဆိုရပါမယ်။
နှစ်ပေါင်း ၂၅ နှစ်ကျော်ခံတဲ့ Solar ပြားများကိုတပ်ဆင်တဲ့အခါပါဝင်တဲ့ ပစ္စည်းတိုင်းက အရေးကြီးပါတယ်။
(ဥပမာ) -
1. MC4 Connector
2.Solar cable (UV resistance, heat resistance )
3.Solar PV Module
ဒါတွေ အရေည်သွေးမီမှ ရည်ရှည်တခုနဲ့တခု အဆင်ပြေပြေ ချိတ်ဆက်နိုင်မှာပါ။
အခု မြန်မာပြည်မှာ တပ်ဆင်ရမဲ့ ဆိုလာ စနစ်တွေ တွက် ရတာတော်တော်လေး ရှုတ်ထွေးပါတယ်။ ဘာလို့လဲ ဆိုတော့ မြန်မာ ပြည်ရဲ့ လျပ်စစ် စနစ် အခြေခံ ကလုံးဝ မကောင်းလို့ပါ ။ အဲတော့ တပ်ဆင်မယ် ဆိုရင် ပထမဦးက ကျွမ်းကျင် တတ်မြောက်တဲ့ Engineering အဖွဲ့ လိုပါတယ်။ လက်ရှိစနစ်နဲ့ Solar စနစ် ကို ဘယ်လို အဆင်ပြေပြေ ပေါင်းစပ်ရမလဲ ။ ဘယ်လို optimize ဖြစ်အောင်လုပ်မလဲ ။ အန္တာရာယ် အနဲဆုံး ဖြစ်အောင် လုပ်မလဲ ။ စဉ်းစားတွေးခေါ် တွက်ချက်ရပါတယ် ။

တချို့ installation တွေမှာ Solar cable မသုံးဘဲ သာမန်လျှပ်စစ်ကြိုးတွေကို သုံးထားတာတွေ့ရပါတယ်။ အဲဒါက အချိန်တိုအတွက် အလုပ်လုပ်နိုင်ပေမယ့် ရေရှည်မှာ ပြဿနာပေးနိုင်ပါတယ်။
နောက်တစ်ခုက insulation ပါ။ Solar cable ဆိုတာ အိမ်ထဲထက် အပြင်နေပူထဲမှာပဲ အများဆုံးသုံးရတာပါ။ အဲဒီအတွက် UV resistance, heat resistance က မဖြစ်မနေလိုပါတယ်။ Solar panel တွေကို ၂၅ နှစ်ကျော် သုံးမယ်ဆိုရင် cable တွေကလည်း အဲဒီ lifespan(သက်တမ်း)ကို လိုက်နိုင်ရပါမယ်။
ဘယ်အဖွဲ့နဲ့ပဲ တပ်ဆင်လုပ်ကိုင်သည်ဖြစ်စေ လုပ်ငန်းခွင် နေရာတိုင်းမှာ Safety Officer (ကာကွယ်ရေး အရာရှိ) ကတော့ မပါမဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။

အချုပ်အားဖြင့်ဆိုလျှင် ဆိုလာပြားနဲ့အိမ်ခေါင်မိုးကပ်ရပ်တပ်စင်ဒါဟာ မီးလောင်ခြင်းရဲ့အကြာင်းရင်းမဟုတ်ပါ။အဲတော့ တပ်ဆင်မယ် ဆိုရင် ပထမဦးက ကျွမ်းကျင် တတ်မြောက်တဲ့ Engineering အဖွဲ့ လိုပါတယ်။ မှန်ကန်သော Solar PV /DC Cable အမျိုးအစားကို အသုံးပြုခြင်းကသာ ပြင်ပရာသီဥတုအလိုက်၊ မှန်ကန်သော တပ်ဆင်မှု၊ အဆိုးရွားဆုံးအခြေအနေအတွက် လုံလောက်သော မီးဘေးအန္တရာယ်ကာကွယ်မှုတို့ဖြင့် သက်ဆိုင်ရာ Project သက်တမ်းတစ်လျှောက် စိတ်ချကောင်းမွန်စွာ အလုပ်လုပ်နိုင်မည် မဟုတ်ပါလားဗျာ။

ဖတ်ရူပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။


Crd; AEG-Established-2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

Photos Crd & Respect to the Owner

မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း(Site Survey)မလုပ်ဘဲ ဆိုလာတပ်ဆင်မှု မပြုလုပ်ပါနဲ့။ဆိုလာစနစ်တစ်ခု တပ်ဆင်ဖို့ စဉ်းစားတဲ့အခါ "ဘယ...
05/05/2026

မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း(Site Survey)မလုပ်ဘဲ ဆိုလာတပ်ဆင်မှု မပြုလုပ်ပါနဲ့။

ဆိုလာစနစ်တစ်ခု တပ်ဆင်ဖို့ စဉ်းစားတဲ့အခါ "ဘယ်လောက်ကျမလဲ" ဆိုတဲ့ [ကုန်ကျစရိတ်ဘက်ဂျတ်Quotation ]ကို အရင်ဆုံး မေးလေ့ရှိကြပါတယ်။ Customer တစ်ဦးနဲ့တွေ့ဆုံဖူးတယ် သူ့အသိတယောက်ဆိုလာတပ်ဒါ သိန်း(...) လောက်ကုန်တယ် အဲ့တိုင်းတပ်ပေးပါတဲ့။ဆိုလာဆိုတာ အိမ်တိုင်းအတွက် ပုံစံတူ မဟုတ်ပါဘူး။ အိမ်တိုင်းရဲ့ Load သုံးစွဲပုံ မတူညီတဲ့အတွက် သေချာတွက်ချက်ဖို့ လိုအပ်ပါတယ်။ ဘယ်အရာမဆို စနစ်တကျလုပ်ဆောင်မှသာ ရေရှည်တည်တံ့တဲ့ စိတ်ချမ်းသာမည့်ပတ်ဝန်းကျင်စနစ်ကောင်းကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျား။

၁။ လက်ရှိ EPC လိုင်း (မီးကြိုး) အခြေအနေကို စစ်ဆေးခြင်း။
၂။ ဆိုလာပြားတင်မယ့် အိမ်ခေါင်မိုး/နေရာရဲ့ ခိုင်ခံ့မှုနဲ့ နေရောင်ခြည်ရရှိမှု စစ်ဆေးခြင်း။
၃။ အန္တရာယ်ကင်းဖို့ Earthing System စစ်ဆေးခြင်း။
၄။ အိမ်တွင်း Load များနဲ့ လျှပ်စစ်ပစ္စည်းများကို စစ်ဆေးခြင်း။
၅။ အိမ်နဲ့ အကိုက်ညီဆုံး KW ပမာဏကို တွက်ချက်ပေးခြင်း။
၆။ နောက်ဆုံးမှသာ ပစ္စည်းအရည်အသွေးနဲ့ ကုန်ကျစရိတ်ကို ရှင်းလင်းပြသခြင်းလုပ်ဆောင်ရမှာပါ။
🙅‍♂️👉ဒီအဆင့်တွေကိုကျော်ပီး လုပ်ရင် Riskအရမ်းများပါတယ်။ အဆင့်ချင်း လုပ်ဆောင်မှသာ ရေရှည်တည်တံ့တဲ့ စိတ်ချမ်းသာမည့်ပတ်ဝန်းကျင်စနစ်ကောင်းကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်ခင်ဗျား။

ကျေးဇူးတင်လျက်,

Crd;AES
-Established 2013-
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
- Product of Germany -

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂ ၁၉၉၄၂။

မိုးရွာလို့ လျှပ်စီးလက်တာ မိုးချိန်းတာမျိုး ကြုံလာရင် ☔️⚡တနေ့က မိမိတို့တာဝန်ယူတပ်ဆင်ပေးထားတဲ့ Customer တစ်ဦး စိုးရိမ်တကြ...
03/05/2026

မိုးရွာလို့ လျှပ်စီးလက်တာ မိုးချိန်းတာမျိုး ကြုံလာရင် ☔️⚡

တနေ့က မိမိတို့တာဝန်ယူတပ်ဆင်ပေးထားတဲ့ Customer တစ်ဦး စိုးရိမ်တကြီး ဖုန်းဆက်လာလို့ ကိုင်လိုက်တော့ မိုးတအားရွာပြီး လျှပ်စီးလက်လို့ ဘာလုပ်ရမလဲတဲ့။

⚠️ အရေးပေါ် ပိတ်ရန်လိုအပ်ပါက
၁။ Inverter ၏ AC Output ကို ပိတ်ပါ (Inverter Output Breaker).
၂။ Inverter ၏ AC Input ကို ပိတ်ပါ (Inverter Input Breaker)
၃။ Inverter Power Switch ကို OFF လုပ်ပါ
၄။ ဘက်ထရီ ရှိ ON/OFF switch ကို ပိတ်ပါ
၅။ ဘက်ထရီ Breaker ပိတ်ပါ
၆။ နောက်ဆုံးမှသာ Solar DC Breaker/Isolator ကို OFF လုပ်ပါ

- ပထမဆုံး Inverter output နှင့် input ကို အရင်ပိတ်ခိုင်း ရသည့် အကြောင်းရင်းမှာ load သုံးနေလျှင် battery သို့မဟုတ် solar မှ လျှပ်စစ်ကို inverter က ယူသုံးနေမည်ဖြစ်သောကြောင့် output breaker ကို အရင်ပိတ်ရခြင်းဖြစ်ပါသည်။
- ဒုတိယ အနေနှင့် EPC breaker ကို ပိတ်ခိုင်းရခြင်းမှာ EPC နှင့် battery ကို အားသွင်းနေနိုင်သောကြောင့် ဖြစ်ပါသည်။
- တတိယအနေနှင့် inverter ပိတ်ခိုင်းရခြင်းမှာ တချို့သော inverter များသည် inverter မပိတ်ပဲ battery ပိတ်လိုက်လျှင် inverter ပျက်စီးတတ်သော ကြောင့်ဖြစ်ပါသည်။

DC Breaker ကို Inverter ကို စနစ်တကျ မပိတ်ဘဲ (သို့မဟုတ်) လျှပ်စီးကြောင်း စီးဆင်းနေတဲ့အချိန်မှာ ပိတ်လိုက်ခြင်းဟာ လျှပ်စစ်မီးပန်းပေါက်ကွဲမှု (Arc Flash) ဆိုတဲ့ ကြောက်စရာကောင်းတဲ့ အန္တရာယ်ကို ဖြစ်စေနိုင်ပါတယ်။

*** SPD ကို DC ဘက် နဲ့ AC ဘက် နှစ်ဘက်စလုံးမှာ တပ်ဆင်ပါ။

*** မြေဓာတ်ချခြင်း (Earthing)
လျှပ်စစ်ဓာတ်အား စီးဆင်းမှုအတွက် ခုခံမှုအနည်းဆုံးဖြစ်အောင် earthing ကောင်းကောင်း လုပ်ထားပါ။ မြေဓာတ်ချခြင်း (Earthing) ကို ပညာရှင်ဖြင့် တပ်ဆင်ပါ။

Solar DC Breaker ကို ပိတ်ခြင်း/ဖြုတ်ခြင်း မပြုပါနှင့်!
"အရင်လုပ်ဖူးတာ ဘာမှမဖြစ်ဘူး" ဆိုပြီး စမ်းသပ်မှုမပြုပါနှင့်!
အရေးပေါ်ပိတ်ရန် အထက်ပါအဆင့် (၁-၆) ကို စနစ်တကျ လိုက်နာပါ။

***တန်ဖိုးကြီးတဲ့ မိမိရဲ့ပိုင်ဆိုင်တဲ့အရာတွေကိုကာကွယ်ဖို့ လုပ်ဆောင်ချက်တွေထက် စနစ်ကျတဲ့ ကာကွယ်မှုတည်ဆောက်ခြင်းက ပို၍ အရေးကြီးလှပါတယ်။***

ကျေးဇူးတင်လျက်,
Crd;FEG

-Established 2013-
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
- Product of Germany -

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂ ၁၉၉၄၂။

Morning Vitamins...         (၁၃)နှစ်အလွန်ဒီမနက် ထိုင်နေကျကော်ဖီဆိုင်မှာ ကော်ဖီသောက်နေချိန် လွန်ခဲ့တဲ့  ၁၃နှစ်ကျော်တုန်းက...
02/05/2026

Morning Vitamins... (၁၃)နှစ်အလွန်

ဒီမနက် ထိုင်နေကျကော်ဖီဆိုင်မှာ ကော်ဖီသောက်နေချိန် လွန်ခဲ့တဲ့ ၁၃နှစ်ကျော်တုန်းက မီးမရသေးတဲ့ ကျေးလက်ဒေသဖွင့်ဖြိုးရေးကျောင်းတစ်ခုမှာ ဆိုလာမီးတပ်ဆင်ပေးခဲ့တဲ့ မိတ်ဆွေကျောင်းဆရာနဲ့ မထင်မှတ်ဘဲ ပြန်ဆုံတွေ့ဖြစ်ခဲ့တယ်။ဒါနဲ့ဘဲ မိမိတို့အဖွဲ့မှတပ်ဆင်ပေးခဲ့တဲ့ ဆိုလာတွေခုထိ အဆင်ပြေစွာ အသုံးပြုနေရကြောင်းပြောလာတော့ စိတ်ထဲအင်မတန်ဝမ်းသာပီပိဖြစ်မိပါတယ်။(ဘက်ထရီတော့ ၇နှစ်ကျော်လောက်မှာ အသုံးပြုချိန်လျော့သွားလို့အသစ်လှဲလိုက်တယ်)။အဲ့ချိန်က ဘက်ထရီ(၇)နှစ်ကောင်းကောင်းသုံးနိုင်တယ်ဆိုရင်ကိုအရမ်းကိုတန်နေပါပီ။
ပြောချင်တာကဘာလဲဆို "ရွေးချယ်မှုတိုင်းက တကယ်ပဲကိုယ့်ကို စိတ်ချမ်းသာစေပြီလား”
ဒါကြောင့် ဘာပဲလုပ်လုပ် " ကိုယ်တကယ် စိတ်ချမ်းသာ‌မယ့် အလုပ်ကိုသာ
ရွေးလုပ်ပါ " ဆိုတဲ့ ဆိုရိုးစကားအတိုင်းပဲ ကျနော်တို့ မိတ်ဆွေတို့ရဲ့ နေ့စဥ်ဘ၀မှာ ရွေးချယ်မှုပေါင်းများစွာကို ဆုံးဖြတ်ချက်ချရတက်ပါတယ် ဒီလိုဆုံးဖြတ်ချက်တိုင်းမှာလည်း မှန်ကန်နေဖို့ အရေးကြီးသလို တန်ဖိုးကြီးတဲ့ ပစ္စည်း နဲ့ ၀န်ဆောင်မှုတွေ အတွက် ဆုံးဖြတ်ရပြီဆိုရင် ရေရှည်စိတ်ချမ်းသာဖို့ကလည်း ပို၍ အရေးကြီးလှပါတယ်။

အားလုံးကို ကျေးဇူးတင်လျက်;
ကိုလတ်(ဝမန)

အဲ့ချိန်ကအသုံးပြုခဲ့တယ့်ပစည်းများ -
၁။ SANYO PV Module 230Watt - 10Nos
၂။ Everexceed Controller
၃။ Everexceed battery
၄။Everexceed Inverter
***( ဒီတံဆိပ်သုံးခဲ့ဘူးတဲ့ ဖိတ်ဆွေများဆိုရင်တော့ အဲ့ခေတ်မှာဆရာကြီးဘဲ)🤓🤓
ပုံကဈေးကွက်မှာမတွေ့ရတော့လို့ google ပြန်ခေါက်ရတယ်ဗျာ။

-Established 2013-
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
- Product of Germany -

အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့ ၊ ကချင်ပြည်နယ်။
ဖုန်း - ၀၉ ၄၂၅၂ ၁၉၉၄၂

Solar Panel နဲ့ Inverter အရေးကြီးသလို Solar Cable Quality ကိုပါ အလေးထားပါ။ တချို့ installation တွေမှာ Solar cable မသုံးဘ...
28/04/2026

Solar Panel နဲ့ Inverter အရေးကြီးသလို Solar Cable Quality ကိုပါ အလေးထားပါ။

တချို့ installation တွေမှာ Solar cable မသုံးဘဲ သာမန်လျှပ်စစ်ကြိုးတွေကို သုံးထားတာတွေ့ရပါတယ်။ အဲဒါက အချိန်တိုအတွက် အလုပ်လုပ်နိုင်ပေမယ့် ရေရှည်မှာ ပြဿနာပေးနိုင်ပါတယ်။

Solar cable ဘာကြောင့် အရေးကြီးလဲ။
ပထမဆုံးပြောရမယ်ဆိုရင် Solar system မှာ လျှပ်စစ်စီးဆင်းမှုက DC ဖြစ်ပြီး Low Voltage, High Current ဖြစ်ပါတယ်။ ဒီအခြေအနေမှာ
Conductor quality မကောင်းရင် resistance တက်မယ်
Resistance တက်တာနဲ့ power loss ဖြစ်မယ်။
အဲဒီမှာပဲ efficiency ကျသွားပြီ။
ဒါကြောင့် ကြေးနီအစစ် (pure copper) သုံးထားတဲ့ cable ဖြစ်ဖို့ အရေးကြီးပါတယ်။ မဟုတ်ရင် alloy mix တွေဆို resistance များပြီး line loss များပါတယ်။
နောက်တစ်ခုက insulation ပါ။ Solar cable ဆိုတာ အိမ်ထဲထက် အပြင်နေပူထဲမှာပဲ အများဆုံးသုံးရတာပါ။ အဲဒီအတွက် UV resistance, heat resistance က မဖြစ်မနေလိုပါတယ်။ Solar panel တွေကို ၂၅ နှစ်ကျော် သုံးမယ်ဆိုရင် cable တွေကလည်း အဲဒီ lifespan(သက်တမ်း)ကို လိုက်နိုင်ရပါမယ်။

ကျေးဇူးတင်ပါတယ်။
Crd; ASE
Established 2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942
Viber: 09 44000 2276

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

အခုလိုမီးပျက်တဲ့ချိန်မှာ မီးအားသွင်းရင် သတိပြုရမယ့်အချက်။အခုလိုမီးပျက်တဲ့ချိန်မှာ Generator မီးစက်တွေနှိုးပီး အများသူဌါအ...
23/04/2026

အခုလိုမီးပျက်တဲ့ချိန်မှာ မီးအားသွင်းရင် သတိပြုရမယ့်အချက်။

အခုလိုမီးပျက်တဲ့ချိန်မှာ Generator မီးစက်တွေနှိုးပီး အများသူဌါအဆင်ပြေဘို့ရန် မီးအလှူပြုနေဒါအင်မတန်မှကြည်နှုးစရာပါ။

ဒါဘယ်သိ အဲ့လိုမီးအားသွင်းရင် သတိပြုရမယ့်အချက်။
- လူတွေမှာမတူညီတဲ့ frequency (ကြိမ်နူန်း အတက်/ကျ)နှလုံးခုန်နှုန်းအရန်းမြန်ရင် Heart attackတွေရှိသလို လျှပ်စစ်စနစ်တွေမှာလည်း ( ကြိမ်နှုန်းအတက်/ကျ)မငြိမ်ဒါတွေ ရှိတယ်ဗျာ။အတိုချုပ်ပြောရရင် မတူညီတဲ့frequency ( ကြိမ်နှုန်းအတက်/ကျ)မငြိမ်တဲ့ (ဥပမာ)Generatorမီးစက်တွေနဲ့ အားသွင်းခြင်းတွေ ပြုလုပ်ရင် သတိပြုရမှာဖြစ်ပါတယ်။ အခန့်မသင့်ရင် ကိုယ့်ရဲ့တန်ဖိုးရှိတဲ့ ပစည်းတွေ အလွယ်တကူပျက်ဆီးဆုံးရှုံးနိုင်ပါတယ်ဗျာ။

အချိန်ရရင်စာတို ထပ်တင်ပေးပါမယ်ဗျာ။

(မည်သူတစ်ဦးတယောက်ကိုမှထိခိုက်လိုစိတ်မရှိပါဗျ/အားလုံးကိုအဆင်လေးစားလျက်)

Established in 2013
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

Solar ရဲ့တန်ဖိုးအမှန်က မီးတာခတခုတည်းတော့မဟုတ်ဘူးဗျာ။ဥပမာ—မီးပျက်တဲ့ခုအချိန်မှာ aircon ဖွင့်လို့ရတာက စျေးနှုန်းနဲ့ တိုင်း...
22/04/2026

Solar ရဲ့တန်ဖိုးအမှန်က မီးတာခတခုတည်းတော့မဟုတ်ဘူးဗျာ။

ဥပမာ—မီးပျက်တဲ့ခုအချိန်မှာ aircon ဖွင့်လို့ရတာက စျေးနှုန်းနဲ့ တိုင်းလို့မရတဲ့အရာပါ။ အပူဒဏ်မခံရတော့ လူလည်း အိပ်ရေးဝတယ်၊ ကျန်းမာရေးလည်း ပိုကောင်းလာတယ်။အလုပ်တွေလဲတွင်ကျယ်ပါတယ်။

၁။ ခုလိုမီးမလာချိံန်မှာ ဆိုလာတပ်ပြီး AC အမြဲဖွင့်နိုင်တဲ့အချိန်မှ စပြီး ကျန်းမာရေးတိုးတက်လာတယ် ဒီလို health impact ကို မီတာခနဲ့ မတွက်နိုင်ဘူး။

၂။ နောက်တစ်ခု—ရေခဲသေတ္တာ မပျက်တော့ အစားအသောက်တွေ မပျက်စီးတော့ဘူး။ အရင်လို မီးပျက်ရင် ပစ်ရတာတွေ မရှိတော့တာတင်ပဲ အကုန်အကျကို တော်တော်လျော့ချပေးတယ်။

၃။ မီးပျက်လို့ အလုပ်ရပ်တာ၊ အိမ်မှာ စိတ်ဖိစီးရတာ၊ နေထိုင်မှု အဆင်မပြေတာ—ဒီလိုအရာတွေကိုလည်း တန်ဖိုးတစ်ခုအနေနဲ့ တွက်ကြည့်ရမယ်။ Solar တပ်ပြီးနောက်မှာ ဒီပြဿနာတွေ မရှိတော့တာက quality of life တက်လာတာပါ။

ဒီအချက်တွေက ကျွန်တော် ကိုယ်တိုင်ခံစားခဲ့ရတာတွေပါ။ အဲ့ဒါကြောင့် Solar ကို renewable energy အနေနဲ့ ပိုမိုတိုးတက်အသုံးပြုနိုင်အောင် အမြဲ promote လုပ်နေပါတယ်။

နောက်တစ်ခု အရေးကြီးတာကSolar သုံးပြီး grid လျပ်စစ်ကို မသုံးတော့တဲ့အချိန်မှာ၊ အဲဒီလျပ်စစ်ဟာ တခြား မတပ်နိုင်သေးတဲ့သူတွေ၊ လျပ်စစ်မလုံလောက်တဲ့နေရာတွေကို ပိုမိုရောက်ရှိနိုင်ပါတယ်။

နောက်ပြီး generator တွေမသုံးရတော့ ပတ်ဝန်းကျင် ကို အနှောက် အယှက်ကင်းစေတယ်.ပတ်ဝန်းကျင် ညစ်ညမ်း မီးခိုးထွက်တာနဲလာတယ်။

တစ်နည်းအားဖြင့် ကြည့်မယ်ဆိုရင် ဒါဟာ လျပ်စစ်ကို မျှဝေပေးနေတဲ့ အလှုတစ်ခုလိုပါပဲ။
အဆုံးသတ်ပြောရရင် Solar ဆိုတာ “မီတာခသက်သာမလား” ဆိုတာတစ်ခုတည်းနဲ့ မတွက်သင့်ဘူး။
လူနေမှုဘဝကို upgrade လုပ်ပေးတဲ့ system တစ်ခုလည်း ဖြစ်တယ်၊ လူမှုအသိုင်းအဝိုင်းကိုပါ အကျိုးပြုတဲ့ investment တစ်ခုပါ။
လျပ်စစ်မီး မပျက်ရင်တော့ အကောင်းဆုံးပေါ့။ ဒါပေမယ့် မပျက်ရင်တောင် ဒီဈေးနဲ့ လျပ်စစ်မရနိုင်ပါဘူး။
ဒါကြောင့်ပဲ မီးမပျက်တဲ့၊ နေရောင်ပေါများတဲ့နိုင်ငံတွေမှာတောင် Solar ကို တပ်နေကြတာပါ။

ကျေးဇူးတင်ပါတယ်။

Crd; ASE
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

လုပ်ငန်းခွင်မှာ ခဏခဏ ကြုံရတဲ့ အဖြစ်အပျက်လေးတချို့ပါ။၁။ ပထမတစ်စုက... စေတနာနဲ့ အမှန်အတိုင်း အကြံပေးတာကို လက်မခံတဲ့သူတွေပါ။...
20/04/2026

လုပ်ငန်းခွင်မှာ ခဏခဏ ကြုံရတဲ့ အဖြစ်အပျက်လေးတချို့ပါ။

၁။ ပထမတစ်စုက... စေတနာနဲ့ အမှန်အတိုင်း အကြံပေးတာကို လက်မခံတဲ့သူတွေပါ။ Solar ပဲဖြစ်ဖြစ်၊ လျှပ်စစ်ပိုင်းပဲဖြစ်ဖြစ် ကာကွယ်ရေးကို အမြဲ ဦးစားပေးရပါတယ်။ ဆိုလာတပ်ရင် Lighting မပါရင် မရပါဘူး။

နောက်ဆုံး Inverter ကြီးပဲ တပ်ရင်တောင် Grounding ကတော့ ပါကိုပါရပါမယ်။ ဒီအတိုင်းလုပ်ရင် မီးလောင်နိုင်တယ်၊ အန္တရာယ်ရှိတယ်လို့ သေချာရှင်းပြရင် လက်မခံကြဘူး။ ဒါကြောင့်မို့လို့လည်း ကျွန်တော်တို့ဆီက Full Package ထဲမှာ ဒီလို Safety နဲ့ ပတ်သက်တဲ့ လိုအပ်ချက်တွေ အားလုံးကို အပြည့်အစုံ ထည့်သွင်းပေးထားတာ ဖြစ်ပါတယ်ခင်ဗျာ။
နောက်ဆုံးတော့ သူများဆီမှာ သွားတပ်ကြတယ်။ ပြဿနာက သိပ်မကြာပါဘူး တစ်ခုခုလည်း ဖြစ်ရော၊ Short တွေဖြစ်ပြီး ပြောထားတဲ့အတိုင်း သုံးမရတော့တဲ့အခါကျမှ ပြန်ရောက်လာကြတယ်။ အဲ့ဒီအခါမျိုးမှာ ကျွန်တော် ဘာပြောပေးရမလဲ?

၂။ နောက်တစ်စုကကျတော့... (Quotation)Idea တွေ၊ Concept တွေကို အသေးစိတ် မေးကြတယ်။ သေချာဆွေးနွေးပြီးသွားရင် အဲ့ဒီ Design နဲ့ Conceptတွေကိုယူ၊ တခြား ဈေးချိုတဲ့(အောက်ကြေး)သူဆီသွားပြပြီး "ဒီလိုလေး လုပ်ပေး" ဆိုပြီး သွားအပ်ကြတဲ့အဖွဲ့ပါ။
အဲ့တပ်တဲ့အဖွဲ့ကလည်း ကိုယ့်မိတ်ဆွေဖြစ်တော့ ကိုယ့်ဆီပြန်ရောက်လာတယ်။

၃။ဒီအဖွဲ့ကတော့ အဆိုးဆုံးလို့ပြောရမယ်ဗျ။ အိမ်ကို Site survey သွားကြည့်ပေးတာ အိမ်ပြင်တောင်မရောက်သေးဘူး အောက်မှာနောက်တဖွဲ့စောင့်နေပီ။ အချိန်လေး ခွာပီး managed မလုပ်နိုင်ဒါရှင်းရှင်းပြောရရင် Ethic မရှိဒါပါ။ အချိုအဖွဲ့ဆို ကိုယ့်ဂျူနီယာတွေ။

ဘယ်အဖွဲ့နဲ့ပဲ တပ်ဆင်လုပ်ကိုင်သည်ဖြစ်စေ လုပ်ငန်းခွင် နေရာတိုင်းမှာ Safety Officer (ကာကွယ်ရေး အရာရှိ) ကတော့ မပါမဖြစ် ပါဝင်မှာ ဖြစ်ပါတယ်။အခုတော့ အဲ့ဒီလို အဖွဲ့တွေဆိုရင် ရှင်းပါတယ်။ လေးစားစွာနဲ့ပဲ ဝေးဝေးကနေ ရှောင်ပါရစေ။

ကျွန်တော်ကတော့ အလုပ်လုပ်ရင် Ethic ရှိပြီး Professional ပီသတဲ့ သူတွေနဲ့ပဲ အလုပ်တွဲလုပ်ချင်ပါတယ်။ ကျွန်တော်နဲ့ လက်တွဲလုပ်တဲ့ သူတိုင်းကိုလည်း Professional & Ethical ဖြစ်တဲ့ လူမျိုးတွေနဲ့ပဲ ဆက်ဆံစေချင်တယ်။

"ကုမ္ပဏီကြီးမို့လို့ ဦးညွှတ်ပေးရမယ်" ဆိုတဲ့ သူမျိုးတွေကိုတော့ လေးစားစွာနဲ့ပဲ ဝေးဝေးကနေ ရှောင်ပါရစေခင်ဗျာ။

အားလုံးကိုအဆင်လေးစားလျက်

**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

ဘက္ထရီတွေ သုံးပေးဖို့လိုပါတယ်---------------------------အိမ်မှာ ဆိုလာအပါ အင်ဗာတာ/ဘက္ထရီ တပ်ထားရင် နေ့ဘက် ဆိုလာအဓိကအသုံးပ...
20/04/2026

ဘက္ထရီတွေ သုံးပေးဖို့လိုပါတယ်
---------------------------

အိမ်မှာ ဆိုလာအပါ အင်ဗာတာ/ဘက္ထရီ တပ်ထားရင် နေ့ဘက် ဆိုလာအဓိကအသုံးပြုပါ။
ညဘက် ဘက္ထရီကနေ 50% လောက် သုံးပေးရင် မီတာခလည်း သက်သာလို
ဘက္ထရီလည်း သုံးဖြစ်ပါတယ်။ ထားရမယ့် setting က
1. Growatt အင်ဗာတာ ဆိုရင် SBU mode ထားပြီး
Battery to grid setting မှာ 50% လောက် ပေးပါ။
2. Deye မှာဆိုရင်တော့ Time of use ကို ရွေးပြီး 50% ထားပါ။
3.Solis ဆိုရင် Storage mode, Battery reserve Switch ကို
On ပြီး Battery reserved ကို 50 ထားပါ။
သုံးသူ ကိုယ်တိုင်မလုပ်တတ်လည်း installer ကို လုပ်ခိုင်းပါ။ wifi ချိတ်ထားရင်
အိမ်ကို လာစရာမလိုပါဘူး။ အဝေးကနေ setting ပြောင်းလို့ရပါတယ်။

အိမ်မှာ တပ်ဆင်ထားတဲ့ Lifepo4 battery တွေဟာ အားသွင်း/အားထုတ်
လုပ်ပေးဖို့ လိုပါတယ်။ မီးမှန်တဲ့နေရာတွေမှာ သုံးထားတဲ့ ဘက္ထရီတွေက
အားလည်းမသွင်း၊အားလည်းမထုတ်ဖြစ်တာ ကြာရင် SOC အားမမှန်တာ၊
Volt မမှန်တာတွေ ဖြစ်တတ်တယ်။ ခုရက်ပိုင်းမှာ မီးပြန်ပျက်တော့မှ ဘက်ထီကို သုံးဖြစ်တော့ အင်ဗာတာပိတ်ကျတာတွေ ရှိတတ်ပါတယ်။

ဆိုလာမတပ်ထားရင်
--------------------
ဆိုလာမပါဘဲ အင်ဗာတာ/ဘက္ထရီပဲ တပ်ထားရင်တော့ တစ်လ တစ်ခါလောက်
EPC အဝင် ဘရေကာ ချပြီး ဘက္ထရီကနေ 20/30% ကျန်တဲ့အထိ သုံးလိုက်ပါ။
ဘက္ထရီကို ကြာကြာမသုံးဖြစ်ပဲ ပိတ်ထားမယ်ဆိုရင် အားပြည့်အောင် မသွင်းပါနဲ့။
60/70% လောက် ထားပြီး ပါဝါတွေ အကုန် ပိတ်ထားရင် ရပါတယ်။
အင်ဗာတာ /ဘက်ထီ back up တပ်ထားပြီး ဆိုလာမတပ်ရသေးရင် ခုချိန် တပ်ရင်တော့
အကျိုးရှိမှာ သေချာအမှန်ပါ။

Crd;ASE
**** Approved Partner SSP ****
(LORENTZ မှတရားဝင်အသိမှတ်ပြုကိုယ်စားလှယ်)
အသေးစိတ်သိလိုသော အချက်များနှင့် ပတ်သက်ပြီး

Hot-line : 09 4252 19942

လိပ်စာ။ ။ အမှတ်(၃၆၇)၊ ကျွန်းပင်သာရပ်ကွက်၊ မြစ်ကြီးနားမြို့။
သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါသည်....။

Address

Office Road
Myitkyina
1011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959440002276

Alerts

Be the first to know and let us send you an email when Northern Myanmar-Solar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Northern Myanmar-Solar:

Share