Nyein Chan Air Con Sale & Service

Nyein Chan Air Con Sale & Service Air Con Servicing

အဲကွန်းနဲ့ပတ်သက်တာမေးလိုရာမေးpostမှာပါခင်ဗျာ userများအတွက်ပါ
21/08/2026

အဲကွန်းနဲ့ပတ်သက်တာမေးလိုရာမေးpostမှာပါခင်ဗျာ userများအတွက်ပါ

ကိုယ်က service နဲ့ ဝေးတဲ့အရပ်ကဖြစ်တယ်Serviceခေါ်ရင်  လာမဲ့သူက အဲကွန်းအကြောင်းမေးရင် ဘာဖြေရမှန်းမသိဖြစ်နေရင် အဲကွန်းတိုင်...
21/08/2026

ကိုယ်က service နဲ့ ဝေးတဲ့အရပ်ကဖြစ်တယ်
Serviceခေါ်ရင် လာမဲ့သူက အဲကွန်းအကြောင်းမေးရင် ဘာဖြေရမှန်းမသိဖြစ်နေရင်

အဲကွန်းတိုင်း အင်ဒိုးမှာရော အောက်ဒိုးမှာပါ ဒီ ဇယားကွက်လေးပါပါတယ် မသိတဲ့သူတွေအတွက်တော့ ပုံမှန်စာတွေဖြစ်ပေမယ့် လာစစ်ရမဲ့ serviceသမားအတွက်တော့ အများကြီး ကြိုတင်ပြင်ဆင်ခဲ့လို့ရပါတယ်
ဒီဇယားကွက်လေးကိုမြင်တာနဲ့ E3ပေါ်လို့လာပါဦးဆို သြော် chigoပဲဆိုပြီး chigo coil sensor အပိုဆောင်လာတာမျိုးလုပ်လို့ရပါတယ်
ကျွန်တော်တို့လို ဆိုင်ကယ်နဲ့ လာရမဲ့သူဆို ပိုတောင်အဆင်ပြေပါသေးတယ် Gasအိုးသယ်ခဲ့ရမယ်ဆို အာ R22ဟ ဒီတစ်အိုးပဲသယ်မယ်ဆိုတာမျိုးပေါ့ခင်ဗျာ
Service ခေါ်မယ်ဆို ဒီဇယားကွက်လေး ဓာတ်ပုံရိုက် viberကနေ ပို့ပေးလိုက် ဒါဆို နှစ်ဦးနှစ်ဘက် အဆင်ပြေတာပေါ့ခင်ဗျား
တစ်ခါတစ်လေ outdoorမှာ ကာလကြာလို့ ပျက်နေတတ်ပါတယ် အင်ဒိုးမှာတော့ မပျက်ပါဘူး အင်ဒိုးကနေ ရိုက်ပို့လိုက်ပေါ့

20/08/2026

အခုမ အဲကွန်း စဝယ်သုံးမဲ့ userတွေ သိထားသင့်တဲ့အချက်များ

ပထမဆုံး သိရမှာ ဘယ်နှစ်လနေရင် Gas ထည့်ရမလဲဆိုတာပါ ဘယ်နှစ်နေမှ မထည့်ရပါဘူး အကြောင်းတစ်စုံရာကြောင့် Gas ထွက်တာ မဟုတ်ရင် အဲကွန်းပျက်သည်အထိ မလိုပါဘူး

ပြီးတော့ စက်အသစ်ထဲမှာ Gas အပြည့်ပါပါတယ်

သိထားရမှာက ကြေးပိုက် အောက်ဒိုးဖရိန် ဆေ့ကဒ်တွေ မပါပါဘူး

ဘယ်အချိန် service လုပ်ရမလဲ နေ့တိုင်း ညတိုင်း သုံးနေတာမျိုး တိလေးတွေ များတာမျိုးဆို 6လ လောက်ဆိုလုပ်ရမှာ ဖြစ်ပြီး ညဘက်လောက်ပဲသုံးတယ် ဆောင်းတွင်းနားတယ်ဆို တစ်နှစ်တစ်ခါ 🤥၂နှစ်တစ်ခါ ဒီလောက်ပါပဲ အသုံးနည်းရင် သုံးနှစ်တစ်ကြိမ်ပေါ့ သေချာချင်ရင်တော့ မအေးမှဆေးပေါ့
အဲကွန်းဖွင့်ရင် 26 27လောက်ပဲဖွင့်ပါ
အဲကွန်းမသုံးဖြစ်တာ ကာလကြာမယ်ဆိုရင် ရီမုကနေ ဓာတ်ခဲဖြုတ်ထားပါ
ဒီလောက်ပါပဲ

ဘာလို့မှန်းမသိပျက်ပြီး ဘာလုပ်လိုက်လို့ကောင်းသွားမှန်း မသိတဲ့အခါအဲကွန်းတစ်လုံး ရေကျတယ်ဆိုလို့ သွားစစ်ပေးရပါတယ်အဲကွန်းက ကျ...
20/08/2026

ဘာလို့မှန်းမသိပျက်ပြီး ဘာလုပ်လိုက်လို့ကောင်းသွားမှန်း မသိတဲ့အခါ

အဲကွန်းတစ်လုံး ရေကျတယ်ဆိုလို့ သွားစစ်ပေးရပါတယ်
အဲကွန်းက ကျွန်တော်တို့ serviceလုပ်ပေးထားတဲ့အလုံး ခြောက်လ ရေကျ အာမခံပေးထားတော့ လာစစ်ပေးပါ့မယ်ဆိုပြီး သွားစစ်ပေးပါတယ်
ဂျီးဆို့တာလားဆိုတော့ မဟုတ်ပါဘူး ဘယ်ဟုတ်မလဲ ကျွန်တော်တို့ဆေးပေးထားတာကိုး 😁
ဒါနဲ့ ရေခဲလို့များကျတာလားဆိုတော့ မဟုတ်ပါဘူး
ရေလည်းမခဲပါဘူး coilများနာလို့လားဆိုပြီးမဟုတ်ပါဘူး မွိုက်ချာ ရိုက်လို့လားဆိုတော့လည်း မဟုတ်ပါဘူး ဒေါင့်နားကနေ တစ်စက်ချင်းလေးကျနေတာပါ
ဒါနဲ့ တပ်တာများ နေရာမကျလို့လားဆိုပြီး ရေခံဘန်းဖြုတ် ပြန်တပ် ကျတာပါပဲ ဒါနဲ့ ကွိုင်များ ကျော်ကျသလားဆိုပြီးကြည့်တော့လည်း မဟုတ် fan speedကလည်းကောင်းဆိုတော့
ဘာလုပ်ရမှန်းမသိတော့ပါဘူး
ဒါနဲ့ နှစ်နာရီလောက်ကြာလာတယ် အမှန်တိုင်းပြောရရင်
လူက ေချွးပြန်နေပါပြီး နောက်တစ်ခါ ရေခံဘန်းပြန်တပ် ပြန်မောင်းထပ်လုပ်လိုက်ပါတယ်
အဲ့ဒီမှာ မကျတော့ဘူးခင်ဗျာ ဟမ် ဘယ်လိုကြီးလဲပေါ့
ပိုင်ရှင်ကမေးရှာပါတယ် အကို ဘာလို့ကျတာလဲတဲ့
နောက် မဖြစ်တော့ဘူးမလားဆိုတော့
ဘာလို့ကျမှန်း မသိသလို၊ ဘာလို့ပြန်ကောင်းသွားမှန်းလည်းမသိဖြစ်နေတော့ အယ် အီး... အဲ မဖြစ်တော့ဘူးထင်တာပဲဆိုပြီး ဟေ့ကောင် ပစ္စည်းတွေ သိမ်း တော်ကြာ အဲကွန်းက စိတ်ဖောက်ပြီး ပြန်ကျနေမယ်ဆိုပြီး ပြန်ခဲ့ရပါတယ်
ခုထိ ေရပြန် မကျတော့ပါဘူးခင်ဗျာ😁😁

ဒါတစ်လုံးကို ငါးသောင်းကျော်ပါတယ် တစ်ချို့မြို့တွေဆို ရှစ်သောင်းပါတဲ့
20/08/2026

ဒါတစ်လုံးကို ငါးသောင်းကျော်ပါတယ် တစ်ချို့မြို့တွေဆို ရှစ်သောင်းပါတဲ့

အဲကွန်းထဲ Gas မှားထည့်မိရင် ဘာဖြစ်တတ်လဲဗျGas မှားထည့်တာမျိုးကြုံဖူးကြလား ဘယ်လို ဖြေရှင်းခဲ့ ကြလဲ
20/08/2026

အဲကွန်းထဲ Gas မှားထည့်မိရင် ဘာဖြစ်တတ်လဲဗျ

Gas မှားထည့်တာမျိုးကြုံဖူးကြလား
ဘယ်လို ဖြေရှင်းခဲ့ ကြလဲ

ပျက်တာခြင်းအတူတူ ပျက်တဲ့အဲကွန်းက Chigoဆိုအမောကိုပြေသွားတာပဲ
20/08/2026

ပျက်တာခြင်းအတူတူ ပျက်တဲ့အဲကွန်းက Chigoဆို
အမောကိုပြေသွားတာပဲ

အဲကွန်းနဲ့ ပတ်သက်တာ မေးလိုရ​မေး postပါခင်ဗျာ Userများအတွက်ပါ
19/08/2026

အဲကွန်းနဲ့ ပတ်သက်တာ မေးလိုရ​မေး postပါခင်ဗျာ
Userများအတွက်ပါ

အဲကွန်းစသုံးတဲ့userတွေ မေးတတ်တဲ့မေးခွန်းများမေး အကိုရေ အောက်ဒိုးကနေ ရေတစက်စက်ကျနေလိ​ြ့ ဘာဖြစ်တာလဲရှင့်ဖြေ ဘာမှ မဖြစ်ပါဘူ...
19/08/2026

အဲကွန်းစသုံးတဲ့userတွေ မေးတတ်တဲ့မေးခွန်းများ

မေး အကိုရေ အောက်ဒိုးကနေ ရေတစက်စက်ကျနေလိ​ြ့ ဘာဖြစ်တာလဲရှင့်

ဖြေ ဘာမှ မဖြစ်ပါဘူးခင်ဗျာ ကျပါတယ် မိုးတွင်းဆိုပိုတောင်ကျတတ်ပါသေးတယ်

မေး အောက်ဒိုးက ရပ်ရပ်သွားလို့ရှင့် အဲကွန်းကအေးပါတယ်

ဖြေ ဘယ်လောက်နဲ့ဖွင့်လဲဗျ 16နဲ့ဖွင့်ရင်မရပ်ရပါဘူး 26-27လောက်နဲ့ဖွင့်ရင် ရပ်ရပါမယ် မရပ်မှ ပုံမှန်မဟုတ်တာပါ

Rp- 26နဲ့ဖွင့်တာပါရှင်

ဖြေ.အဲ့ဒါဆိုပုံမှန်ပါပဲခင်ဗျာ၊ ပိုသေချာချင်ရင် 16နဲ့ နှစ်နာရီလောက်ဖွင့်ထားလိုက်ပါ ရပ်ရင်တော့ serviceသမားခေါ်ပြပေါ့ မရပ်ရင်အေးဆေးပဲ

မေး- ရပ်မရပ်က ထိုင်စောင့်နေရမှာလား

ဖြေ မလိုပါဘူး 16နဲ့ဖွင့်ပြီး ရပ်ရင် အခန်းထဲ မအေးတော့ဘူးပေါ့

19/08/2026

အခုနောက်ပိုင်း ဘာအဲကွန်းပဲ တပ်တပ် ဘာအမျိုးအစားပဲ ဖြစ်ဖြစ် တပ်ရင် ဖြုတ်ဆေးပြီးရင် vaccum ဆွဲကို ဆွဲရပါတယ်ခင်ဗျာ မဆွဲရင် ဘာဖြစ်မလဲဆိုတော့.....

Address

Pobba Thiri
Nay Pyi Taw
#NAYPYITAW

Telephone

+959751416002

Website

Alerts

Be the first to know and let us send you an email when Nyein Chan Air Con Sale & Service posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Nyein Chan Air Con Sale & Service:

Shortcuts

Share