ARR THIT MAN Commercial Vehicle

ARR THIT MAN Commercial Vehicle Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ARR THIT MAN Commercial Vehicle, Commercial & Industrial, Milestone(389/4), Near Phaung Taw Oo Pagoda, Paleik.

🙏 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာ အခါတော်နေ့)ဆုတောင်းစကား 🙏ဝါဆိုလပြည့်နေ့၏ မြင့်မြတ်သော အခါသမယတွင်မြတ်စွာဘုရားရှင်၏ တရားတော်ကိ...
29/07/2026

🙏 ဝါဆိုလပြည့်နေ့ ( ဓမ္မစကြာ အခါတော်နေ့)ဆုတောင်းစကား 🙏

ဝါဆိုလပြည့်နေ့၏ မြင့်မြတ်သော အခါသမယတွင်မြတ်စွာဘုရားရှင်၏ တရားတော်ကို ကြည်ညိုလေးစား၍ ကုသိုလ်ကောင်းမှုအပေါင်း ပြုနိုင်ကြပါစေ။
ဤကုသိုလ်အဖို့ဖြင့် စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာကာ၊ မိသားစုအားလုံး ဘေးအန္တရာယ်ကင်းရှင်းပြီး၊ စီးပွားလာဘ်လာဘ တိုးတက်၍ လိုအင်ဆန္ဒမှန်သမျှ ပြည့်ဝကြပါစေ။
မင်္ဂလာအပေါင်းနှင့် ပြည့်စုံသော ဝါဆိုလပြည့်နေ့ ဓမ္မစကြာနေ့ ဖြစ်ပါစေလို့ အားသစ်မာန် လုပ်ငန်းသုံးကား ကုမ္ပဏီ မိသားစုမှ ဆုမွန်ကောင်း တောင်းလိုက်ရပါစေရှင့်..🙏🙏 #ဝါဆိုလပြည့်နေ့🙏🙏🙏 #ကားချစ်သူများ

အလုပ်ရှာနေလား? Career အသစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? အခွင့်အရေးက တံခါးခေါက်နေပါပြီ!ကုမ္ပဏီတစ်ခုတည်းကို CV ပို...
23/07/2026

အလုပ်ရှာနေလား? Career အသစ်တစ်ခုကို စတင်ဖို့ အဆင်သင့်ဖြစ်ပြီလား? အခွင့်အရေးက တံခါးခေါက်နေပါပြီ!
ကုမ္ပဏီတစ်ခုတည်းကို CV ပို့ပြီး အဖြေစောင့်နေမယ့်အစား ကုမ္ပဏီ (12) ခုက HR တွေနဲ့ “တစ်နေ့တည်း၊ တစ်ချိန်တည်း၊ တစ်နေရာတည်း”မှာ တွေ့ဆုံနိုင်မယ့် Arr Thit Man Group ရဲ့ Career Opportunities Day 2026 Event သို့ မလွတ်တမ်း လာရောက်လိုက်ပါ။

ဒီ Event မှာ Industry မျိုးစုံမှ အလုပ်အကိုင်အခွင့်အလမ်းများစွာကို ရှာဖွေနိုင်မှာဖြစ်ပြီး ပါဝင်မယ့် လုပ်ငန်းနယ်ပယ်များကတော့...
 Manufacturing
 Automotive
 Construction
 Transportation & Logistics
 Engineering
 Advertising & Marketing
 Trading & Distribution စတဲ့ Industry မျိုးစုံမှ ကုမ္ပဏီ (12) ခု ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဘာတွေပြင်ဆင်လာရမလဲ?**
✅ CV Form အပြည့်အစုံ
✅ ပညာအရည်အချင်း အထောက်အထားများ (Certificates)
✅ လုပ်ငန်းအတွေ့အကြုံ အထောက်အထားများ (ရှိပါက)
📌 **စာရွက်စာတမ်းများကို အဆင်သင့်ယူဆောင်လာရုံနဲ့ သင့်တော်တဲ့ Position များကို လျှောက်ထားပြီး Walk-in Interview ချက်ချင်း ဝင်ရောက်ဖြေဆိုနိုင်မှာ ဖြစ်ပါတယ်။**

ဘာကြောင့် ဒီ Event ကို လာသင့်တာလဲ?
✨ အလုပ်အကိုင်အခွင့်အလမ်းများစွာကို တစ်နေရာတည်းမှာ ရှာဖွေနိုင်မယ်။
✨ HR နှင့် Hiring Manager များကို တိုက်ရိုက်တွေ့ဆုံ မေးမြန်းနိုင်မယ်။
✨ မိမိရဲ့ အရည်အချင်းနဲ့ ကိုက်ညီတဲ့ Position တွေကို တစ်နေ့တည်း လျှောက်ထားနိုင်မယ်။
✨ Company Culture၊ Career Growth အကြောင်းတွေကို တိုက်ရိုက်သိရှိနိုင်မယ်။
✨ Networking အသစ်တွေရရှိပြီး Career လမ်းကြောင်းအသစ်တွေကို ဖန်တီးနိုင်မယ်။

ပြုလုပ်ကျင်းပမဲ့ အချိန်၊ နေ့ရက်နဲ့ နေရာကတော့ -
📍 Place : အားသစ်မာန် ကြံ့နှစ်ကောင်တာဝါ၊ 107 လမ်း၊ 64 x 65 လမ်းကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေး
📅 Date : 25.07.2026 (စနေနေ့)
🕘 Time : 09:00 AM – 03:00 PM

🎯 တစ်ခါတလေ...ဘဝကို ပြောင်းလဲပေးတာက ဆုံးဖြတ်ချက်အကြီးကြီးတွေ မဟုတ်ပါဘူး။
** အခွင့်အရေးတစ်ခု ** ကို မလွတ်သွားစေတာပဲ ဖြစ်ပါတယ်။
ဒီအခွင့်အရေးကို သင့်သူငယ်ချင်း၊ မိတ်ဆွေ၊ အလုပ်ရှာနေသူများကိုလည်း မျှဝေလိုက်ပါ။
Arr Thit Man Group Career Opportunities Day 2026 မှာ တွေ့ကြမယ်နော်!**

လုပ်ငန်းသုံးဖို့အတွက် တကယ့်ကို အကြမ်းခံပြီး စိတ်ချရတဲ့ Faw ကားတွေကို ရှာနေတယ်ဆိုရင်. မြို့တွင်းပဲပြေးပြေး၊ နယ်ဝေးပဲသွားသ...
04/07/2026

လုပ်ငန်းသုံးဖို့အတွက် တကယ့်ကို အကြမ်းခံပြီး စိတ်ချရတဲ့ Faw ကားတွေကို ရှာနေတယ်ဆိုရင်. မြို့တွင်းပဲပြေးပြေး၊ နယ်ဝေးပဲသွားသွား
⚙ အင်ဂျင်ပါဝါ ကောင်းမွန်ပြီး ကုန်းတက်/ကုန်းဆင်း လမ်းကြမ်းတွေမှာ အဆင်ပြေခြင်း၊📦 ကုန်အပြည့် တင်ဆောင်နိုင်လို့ အခေါက်ရေ လျှော့ချနိုင်ပြီး 🛠 အပိုပစ္စည်း ရှာဖွေရလွယ်ကူမှုတွေကြောင့် FAW 10 ft နဲ့ 12 ft ကားအသစ်စက်စက်တွေကို ကြိုတင် Order မှာယူလို့ ရနေပါပြီ။ 🥳
🔥 အစီးရေ အကန့်အသတ်ပဲ ရှိတာမို့ ဦးသူစနစ်နဲ့ Order လက်ခံပေးနေပါတယ် ခင်ဗျာ..... အခုပဲ စုံစမ်း မေးမြန်းနိုင်ပါတယ် ခင်ဗျာ .....
📞 ဆက်သွယ်မှာယူချင်ရင် 📞 𝐒𝐚𝐥𝐞𝐬 𝐇𝐨𝐭𝐥𝐢𝐧𝐞: 𝟎𝟗-𝟕𝟖𝟗𝟗𝟑𝟔𝟒𝟏𝟓,𝟎𝟗-𝟕𝟔𝟓𝟒𝟖𝟏𝟑𝟎𝟎,𝟎𝟗-𝟕𝟔𝟓𝟒𝟖𝟏𝟑𝟎𝟏 ကို ဆက်သွယ်မှာယူနိုင်ပါတယ် 🚛💨
ကားနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုတွေ၊ အပိုပစ္စည်းတွေအတွက် " 𝐀𝐑𝐑 𝐓𝐇𝐈𝐓 𝐌𝐀𝐍 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐕𝐞𝐡𝐢𝐜𝐥𝐞 𝐂𝐨𝐦𝐩𝐚𝐧𝐲 " ကို အမြဲသတိရလိုက်ပါနော်။ 🚛💨

မင်္ဂလာပါ ခင်ဗျာ🙏🏻🙏🏻🙏🏻ကျွန်တော်တို့ နေ့စဉ်မောင်းနှင်ဖြတ်သန်းနေတဲ့ လမ်းခရီးတွေ စိမ်းလန်းစိုပြည်ပြီး သာယာလှပနေဖို့ဆိုတာ......
05/06/2026

မင်္ဂလာပါ ခင်ဗျာ🙏🏻🙏🏻🙏🏻
ကျွန်တော်တို့ နေ့စဉ်မောင်းနှင်ဖြတ်သန်းနေတဲ့ လမ်းခရီးတွေ စိမ်းလန်းစိုပြည်ပြီး သာယာလှပနေဖို့ဆိုတာ... မိခင်ကမ္ဘာမြေကြီး ကျန်းမာစိုပြည်နေဖို့ လိုအပ်ပါတယ်။
ဒီနေ့ ၂၀၂၆ ဇွန်လ (၅) ရက်နေ့မှာ ကျရောက်တဲ့ World Environment Day (ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့) မှာ ARR THIT MAN Commercial Vehicle မိသားစုနဲ့အတူ ကမ္ဘာမြေကြီး ဆက်လက်လှပ တည်တံ့နေစေဖို့ ယခင်ကထက် ပိုမိုဂရုစိုက်ပြီး အောက်ပါအချက်လေးတွေကို အတူတူ လက်တွေ့ဖော်ဆောင်လိုက်ရအောင်ဗျာ။ 👇
🚯 ၁။ အမှိုက်များကို စနစ်တကျစွန့်ပစ်ပြီး လျှော့ချပါ။ခရီးဝေးမောင်းနှင်တဲ့အခါပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်ထဲမှာပဲဖြစ်ဖြစ် ပလတ်စတစ်နဲ့ အမှိုက်တွေကို လမ်းဘေးမှာ စည်းကမ်းမဲ့ မစွန့်ပစ်ဘဲ စနစ်တကျ စွန့်ပစ်ခြင်းဖြင့် အလှဆုံး ကမ္ဘာမြေကို ဖန်တီးနိုင်ပါတယ်။
🌱 ၂။ သစ်ပင်စိုက်ပျိုးခြင်းကို အားပေးပါ။သစ်ပင်တစ်ပင် စိုက်ပျိုးခြင်းဟာ အနာဂတ်အတွက် အသက်ရှူစရာ လေကောင်းလေသန့်နဲ့ အရိပ်အာဝါသကို ပေးစွမ်းနိုင်တာမို့ မိမိတို့ရဲ့ အိမ်တွင်း၊ လုပ်ငန်းခွင်နဲ့ ပတ်ဝန်းကျင်မှာ သစ်ပင်လေးတွေ စိုက်ပျိုးပြုစုကြပါစို့နော်။
🚛 ၃။ မော်တော်ယာဉ်များကို ပုံမှန်ထိန်းသိမ်းပါ။လုပ်ငန်းသုံး မော်တော်ယာဉ်ကြီးတွေရဲ့ အင်ဂျင်နဲ့ မီးခိုးထွက်ရှိမှုကို ပုံမှန်စစ်ဆေး ထိန်းသိမ်းပေးခြင်းဟာလည်း လေထုညစ်ညမ်းမှုကို လျှော့ချပေးရာ ရောက်ပြီး သဘာဝပတ်ဝန်းကျင်ကို တစ်ဖက်တစ်လမ်းက ကာကွယ်ရာ ရောက်ပါတယ်။
"လမ်းခရီးတွေ ဘယ်လောက်ပဲ ဝေးဝေး... စိမ်းလန်းတဲ့ ကမ္ဘာမြေကြီးရှိနေရင် ခရီးတိုင်းဟာ စိတ်အေးချမ်းမှုတွေနဲ့ ပြည့်နှက်နေမှာပါ။"
အဲ့တော့ ဒီနေ့ကစပြီး ကျွန်တော်တို့အားလုံးရဲ့ နေ့စဉ်လူနေမှုဘဝ သေးသေးလေးကနေ ပြောင်းလဲပြီး ကမ္ဘာမြေကြီးကို ပိုမိုချစ်ခင် ဂရုစိုက်ပေးကြပါစို့ခင်ဗျာ။

#စိမ်းလန်းစိုပြည်သောကမ္ဘာမြေ

⚙ အင်ဂျင်ထဲမှာ ပစ္စတင် (Piston) ရဲ့ အပေါ်အောက် လှုပ်ရှားမှုပြင်းအားကို ကရိုင်းရှပ် (Crankshaft) ဆီ ပို့လွှတ်ပြီး လည်ပတ်မ...
01/06/2026

⚙ အင်ဂျင်ထဲမှာ ပစ္စတင် (Piston) ရဲ့ အပေါ်အောက် လှုပ်ရှားမှုပြင်းအားကို ကရိုင်းရှပ် (Crankshaft) ဆီ ပို့လွှတ်ပြီး လည်ပတ်မှုစွမ်းအင်အဖြစ် ပြောင်းလဲပေးရတဲ့ အဓိကကျောရိုးအစိတ်အပိုင်းက ဘာလဲဆိုရင် Connecting Rod (လက်တံ) ပဲ ဖြစ်ပါတယ်။

ဒီနေ့မှာတော့ အရည်အသွေးမြင့် ကားအပိုပစ္စည်းတစ်ခုဖြစ်တဲ့ FAW Connecting Rod Assembly ရဲ့ နည်းပညာပိုင်းဆိုင်ရာနဲ့ ဘယ်လိုကားတွေမှာ အသုံးပြုလဲဆိုတာကို ဝေမျှပေးချင်ပါတယ်။

🚛 ဒီ Connecting Rod ကို ဘယ်လိုကား/အင်ဂျင်မျိုးတွေမှာ အသုံးပြုတာလဲ။
ဒီအစိတ်အပိုင်းနံပါတ် (Part Number) ကို အဓိကအားဖြင့် တရုတ်နိုင်ငံထုတ် နာမည်ကြီး လုပ်ငန်းသုံး မော်တော်ယာဉ်ကြီးတွေနဲ့ ကုန်တင်ကားကြီးတွေရဲ့ FAWDE (Wuxi Diesel Engine ) အင်ဂျင်စီးရီးတွေမှာ အသုံးများပါတယ်။

FAW J6 / J6P / JH6 / J7 စတဲ့ FAW ထရပ်ကားကြီးများ ၊ FAWDE 4DW91 / 6DM အစရှိတဲ့ နာမည်ကြီး ဒီဇယ်အင်ဂျင်မော်ဒယ်များ ၊ Heavy-Duty (လုပ်ငန်းသုံး ကားကြီး/မြေတူးကား) များတွင် အဓိက တပ်ဆင်အသုံးပြုကြပါတယ်။
✨ ထူးခြားတဲ့ အားသာချက်များ
Forged Steel ခံနိုင်ရည်မြင့်မားခြင်း၊ ပြင်းထန်လှတဲ့ အင်ဂျင်ပေါက်ကွဲမှုဒဏ်နဲ့ ဖိအားတွေကို ရေရှည်ခံနိုင်အောင် အရည်အသွေးမြင့် သတ္တုစပ်ကို ပုံသွင်းထုတ်လုပ်ထားလို့ ပုံပျက်ခြင်း၊ ကျိုးပဲ့ခြင်း လုံးဝမရှိစေရပါ။
တိကျသော Machining စံနှုန်း: ပစ္စတင်ပင် (Piston Pin) နဲ့ ကရိုင်းရှပ်တို့ ချိတ်ဆက်မယ့် အပေါက်ဝတွေကို Micro-level တိကျမှုနဲ့ ပွတ်တိုက်ထုတ်လုပ်ထားလို့ အင်ဂျင်ဝိုင် စီးဆင်းမှု ကောင်းမွန်ပြီး ပွတ်တိုက်မှု အပူဒဏ်ကို လျှော့ချပေးပါတယ်။
Heavy-Duty Rod Bolts: အောက်ခြေခွက်ကို ထိန်းချုပ်ပေးထားတဲ့ မူလီ (Bolts) များက အင်ဂျင်ရပီအမ် (RPM) မြင့်မားစွာ လည်ပတ်ချိန်မှာတောင် ခိုင်မြဲမှု ရှိစေပါတယ်။

💡 အကြံပြုချက်: Connecting Rod တွေ လဲလှယ်တဲ့အခါ အင်ဂျင်အတွင်း Balance ညီမျှစေဖို့နဲ့ တုန်ခါမှု ကင်းဝေးစေဖို့အတွက် စံချိန်မီ အလေးချိန်တူညီတဲ့ OEM အပိုပစ္စည်းစစ်စစ်တွေကိုသာ အမြဲတမ်း ရွေးချယ်အသုံးပြုသင့်ပါတယ်ခင်ဗျာ။
ကျွန်တော်တို့ 𝐀𝐑𝐑 𝐓𝐇𝐈𝐓 𝐌𝐀𝐍 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐕𝐞𝐡𝐢𝐜𝐥𝐞 page ကို Like & Follow လေး လုပ်ဖို့ဖိတ်ခေါ်ရင်း... ဒီ Knowledge Sharing Content လေးက ကားချစ်သူများ အတွက် အကျိုးရှိစေမယ်လို့ မျှော်လင့်ပါတယ်။
sharing
Rod

🚛 အင်ဂျင်တစ်လုံး ရေရှည်ခံဖို့နဲ့ ကောင်းမွန်စွာ လည်ပတ်ဖို့အတွက် အဓိက အကျဆုံးအစိတ်အပိုင်းက ဘာလဲဆိုတာ ကို ပြောပြပေးမှာ ဖြစ်...
27/05/2026

🚛 အင်ဂျင်တစ်လုံး ရေရှည်ခံဖို့နဲ့ ကောင်းမွန်စွာ လည်ပတ်ဖို့အတွက် အဓိက အကျဆုံးအစိတ်အပိုင်းက ဘာလဲဆိုတာ ကို ပြောပြပေးမှာ ဖြစ်ပါတယ်......
ဒီနေ့တော့ FAW Oil Pump Assembly ရဲ့ နည်းပညာပိုင်းဆိုင်ရာ အချက်အလက်တွေကို ဝေမျှပေးချင်ပါတယ်။ ဒီ Pump က အင်ဂျင်ရဲ့ အသက်သွေးကြောဖြစ်တဲ့ အင်ဂျင်ဝိုင်ကို လိုအပ်တဲ့ နေရာအားလုံးဆီကို ဖိအားနဲ့ ပို့ဆောင်ပေးတာပါ။
ဒီ FAW Oil Pump Assembly ရဲ့ အဓိက အားသာချက်တွေကတော့:
✅ ၁။ အကောင်းဆုံး ဆီစီးဆင်းမှုနှင့် ဖိအား (Optimized Oil Flow & Pressure): Internal Rotor & Stator Mechanism က ဆီဖိအားကို အမြဲတမ်း တည်ငြိမ်နေအောင် ထိန်းညှိပေးပြီး အင်ဂျင်အစိတ်အပိုင်းအားလုံးကို ချောမွေ့စေပါတယ်။
✅ ၂။ အင်ဂျင်သက်တမ်း ရှည်ကြာစေခြင်း (Reduced Wear & Extended Engine Life): တိကျတဲ့ tolerances တွေနဲ့ ထုတ်လုပ်ထားလို့ ဝတ်ဆင်မှု နည်းပါးပြီး အင်ဂျင်သက်တမ်းကို ပိုမိုရှည်ကြာစေပါတယ်။
✅ ၃။ မှန်ကန်သော တပ်ဆင်မှု (Correct Installation & Fitment): အရည်အသွေးမြင့် စံချိန်မီ ထုတ်ကုန်ဖြစ်လို့ တပ်ဆင်တဲ့အခါမှာလည်း စိတ်ချရပါတယ်။
✨ အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်ပေးခြင်းက Oil Pump ကို ပိုမိုသက်တမ်းရှည်စေပြီး အင်ဂျင်ကို အမြဲတမ်းအသစ်အတိုင်း ဖြစ်နေစေပါတယ်။
🚛ဒီ Oil Pump Assembly ကို အဓိကအားဖြင့် Heavy Truck (လုပ်ငန်းသုံး ကားကြီးများ) နှင့် နောက်ဆုံးပေါ် နည်းပညာသုံး အင်ဂျင်တွေဖြစ်တဲ့ Faw ထရပ်ကားကြီးများ ,Dongfeng လုပ်ငန်းသုံး မော်တော်ယာဉ်များ , Sinotruk / Howo စတဲ့ နာမည်ကြီး heavy-duty ကားအမျိုးအစားတွေမှာ အဓိက အံဝင်ခွင်ကျ တပ်ဆင်အသုံးပြုနိုင်အောင် ဒီဇိုင်းထုတ်ထားတာ ဖြစ်ပါတယ်။
✨ သတိပြုရန်: မိမိကားရဲ့ အင်ဂျင်မော်ဒယ်နဲ့ အပိုပစ္စည်းကုဒ်နံပါတ် တူညီမှု ရှိမရှိကိုတော့ မဝယ်ယူမီ သေချာစွာ တိုက်ဆိုင်စစ်ဆေးဖို့ အကြံပြုလိုပါတယ်။
ကျွန်တော်တို့ 𝐀𝐑𝐑 𝐓𝐇𝐈𝐓 𝐌𝐀𝐍 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐕𝐞𝐡𝐢𝐜𝐥𝐞 page ကို Like & Follow လေး လုပ်ဖို့ဖိတ်ခေါ်ရင်း... ဒီ Knowledge Sharing Content လေးက သင့်အတွက် အကျိုးရှိမယ်လို့ မျှော်လင့်ပါတယ်။

“ကဆုန်လပြည့်ဗုဒ္ဓနေ့ “"ဆု၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့" ဟူ၍ဆု - ဂေါတမမြတ်စွာဘုရားရှင် ဘုရားဆုပန်တော်မူသည်။ဖွ...
30/04/2026

“ကဆုန်လပြည့်ဗုဒ္ဓနေ့ “

"ဆု၊ ဖွား၊ ပွင့်၊ စံ ဤလေးတန်မှတ်ရန် ဗုဒ္ဓနေ့" ဟူ၍

ဆု - ဂေါတမမြတ်စွာဘုရားရှင် ဘုရားဆုပန်တော်မူသည်။

ဖွား - ဂေါတမမြတ်စွာဘုရားရှင် ဖွားမြင်တော်မူသည်။

ပွင့် - ဂေါတမမြတ်စွာဘုရားရှင် ဘုရားအဖြစ်ပွင့်တော်မူ သည်။

စံ - ဂေါတမမြတ်စွာဘုရားရှင် ပရိနိဗ္ဗာန်စံဝင်တော်မူသည်။

ဗုဒ္ဓဘာသာဝင်တို့အတွက် အဖိုးထိုက်တန်သောနေ့တစ်နေ့

ဖြစ်သည်။

ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်တွင် မြန်မာပြည်သူပြည်သားများ အားလုံး စိတ်ချမ်းသာကိုယ် ကျန်းမာကြပါစေ။ လိုအင်ဆန္ဒများလည်း ပြည့်ဝကြပါစေ….. လို့ ကျနော်များ ARR THIT MAN Commercial Vehicle Company မိသားစုဝင်များမှ ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ် 🙏🏻🙏🏻🙏🏻🙏🏻🙏🏻 #ကဆုန်လပြည့်နေ့ #ညောင်ရေသွန်းပွဲတော် #ဗုဒ္ဓနေ့

ကားမောင်းနေရင်း သီချင်းနားထောင်ရတာက စိတ်အပန်းပြေဆုံး အချိန်ထဲက တစ်ခုပဲနော်။ 🚗🎶တချို့ကျတော့လည်း လမ်းပိတ်နေရင် စိတ်မညစ်အော...
24/04/2026

ကားမောင်းနေရင်း သီချင်းနားထောင်ရတာက စိတ်အပန်းပြေဆုံး အချိန်ထဲက တစ်ခုပဲနော်။ 🚗🎶
တချို့ကျတော့လည်း လမ်းပိတ်နေရင် စိတ်မညစ်အောင် မြူးမြူးကြွကြွလေးတွေ နားထောင်တတ်ကြတယ်၊ တချို့ကျတော့လည်း အေးအေးဆေးဆေး Chill လို့ရမယ့် သီချင်းလေးတွေမှ ကြိုက်ကြတာ။
ကျွန်တော်တို့ 𝐀𝐑𝐑 𝐓𝐇𝐈𝐓 𝐌𝐀𝐍 𝐂𝐨𝐦𝐦𝐞𝐫𝐜𝐢𝐚𝐥 𝐕𝐞𝐡𝐢𝐜𝐥𝐞 page ကို Like & Follow လေး လုပ်ဖို့ဖိတ်ခေါ်ရင်း... ကားမောင်းရင် နားထောင်ဖို့ အကြိုက်ဆုံး သီချင်းတစ်ပုဒ် (ဒါမှမဟုတ်) အမျိုးအစား တစ်ခုခုကို 👇Comment မှာ တစ်လုံးချင်းစီ ရေးသွားပေးကျပါအုန်းခင်ဗျာ ။ 🎶🚗

Address

Milestone(389/4), Near Phaung Taw Oo Pagoda
Paleik
05141

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Alerts

Be the first to know and let us send you an email when ARR THIT MAN Commercial Vehicle posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share