Aung Moe Thant Construction

Aung Moe Thant Construction Build Your Dreams With Our Construction

Quality is our Priority

“ဘိလပ်မြေအိတ်ပေါ်က မှတ်သားဖွယ်(၁၇)ချက်”1. Lean Concrete လောင်းရင် 1:3:5:1။2. Structure Concrete လောင်းရင် 1:2:4:1/2 or 1...
13/08/2023

“ဘိလပ်မြေအိတ်ပေါ်က မှတ်သားဖွယ်(၁၇)ချက်”

1. Lean Concrete လောင်းရင် 1:3:5:1။

2. Structure Concrete လောင်းရင် 1:2:4:1/2 or 1:2:4:1 လို့ ရေးထားပါတယ်။

3. အက်ကြောင်းမပေါ်အောင် ၁-ရက်ကနေ ၃-ရက်လောက် ရေဖြန်းပေးပါ။

4. ဘိလပ်မြေကို အိတ်ဖောက်ပြီးရင် တစ်ရက်ထဲနဲ့ ကုန်အောင်သုံးပါ။ မကုန်ရင် သေသေချာချာ ပိတ်ထားပါ။

5. ဘိလပ်မြေကို ဝယ်ပြီးရင် အမိုးအကာအောက်မှာထားပါ။ စွတ်စိုထိုင်းမှိုင်း ရေရှိရာနဲ့ ဝေးဝေး ထားပါ။ မြေကြီးပေါ်တင်မထားပါနဲ့။ အနည်းဆုံး Pallet ဆိုတဲ့ ခုံလေး ခုထားပါ။

6. ဘိလပ်မြေဟာ မျက်စိရဲ့ ရန်သူဖြစ်တယ်ဆိုတာကို အလေးအနက်ထားပါ။

7. ဘိလပ်မြေရည်ဖြစ်စေ၊ ကွန်ကရစ်တို့ မော်တာတို့ ဖျော်ပြီးကာစဖြစ်စေ ဘိလပ်မြေဝဲစားတတ်ပါတယ်။

8. Chromium (VI) ပါသည့်အတွက်ကြောင့် Allergic လည်း ဖြစ်တတ်ပါတယ်။

9. ဘိလပ်မြေကိုင်ရင် မျက်စိကာမျက်မှန်၊ မျက်နှာကာ မျက်နှာဖုံး၊ Waterproof အင်္ကျီ၊ လည်ရှည် ဖိနပ်၊ လက်အိတ်စတာတွေကို အသုံးပြုပါ။

10. ဘိလပ်မြေမှုန့် ဘိလပ်မြေရည် မျက်စိထဲဝင်ရင် ရေသန့်သန့်နဲ့ မြန်မြန်ဆေးပြီး ဆရာဝန်ဆီ သွားပါ။

11. ဘိလပ်မြေမှုန့်ကို အသက်ရှူတဲ့အထဲ ပါမသွားစေနဲ့။ ရှူမိရင် လေကောင်း လေသန့်ရှိတဲ့ နေရာ ကို မြန်မြန်ပြေးပါ။ လိုအပ်ရင် အသက်ရှူကိရိယာ တပ်ပေးလိုက်ပါ။ ပြီးရင် ဆရာဝန်ဆီကို ပို့ဆောင်ရပါမယ်။

12. ဘိလပ်မြေ လည်ချောင်းထဲဝင်သွားလို့ မြိုချမိရင် ရေများမျာသောက်ရပါမယ်။ အန်ထွက်အောင် လည်ချောင်းထဲ လက်ညှိုးထိုးမထည့်ပါနဲ့။ ဆရာဝန်ဆီ မြန်မြန်ခေါ်သွားရပါမယ်။

13. ဘိလပ်မြေအိတ်ကို မ ရင် ခါးကုန်းပြီး မ မ ပါနဲ့။ ဒူးညွှတ်ပြီးမှ မ ရပါမယ်။

14. ကလေးနဲ့ လက်လှမ်းမမီတဲ့နေရာမှာ ဘိလပ်မြေကို ထားရပါမယ်။ မော်တာရော ကွန်ကရစ်ရောပေါ့ဗျာ။

15. ဘိလပ်မြေအိတ်ပေါ်မှာတော့ ထုတ်လုပ်တဲ့ရက်စွဲ မပါဘူးဗျ။ ပါတာရှိရင် ပြောပြကြပါဦး။
မြန်မာပြည်မှာပါလို့ မကောင်းသေးဘူးပေါ့ဗျာ။ ယှဉ်ပြိုင်မှု အားနည်းနေသေးတာပေါ့။

16. Type of Cement ဘိလပ်မြေ ၉-မျိုး
16.1 type I. ကို ရေလုံဖို့ အမြန်မာဖို့ စတဲ့ လိုအပ်ချက်တွေ မရှိဘူးဆိုရင် သုံးပါ။
16.2 type IA. ကို လေရောကွန်ကရစ်ဖျော်ရင် သုံးပါ။
16.3 type II. ကို Sulfate ပါတဲ့မြေမှာ Foundation ချရင် သုံးပါ။
16.4 type IIA. ကို ဆာလဖိတ်နဲ့ ဆက်စပ်တဲ့နေရာမှာ လေရောကွန်ကရစ်ဖျော်ရင် သုံးပါ။
16.5 type IIMH ကို ထုကြီးထည်ကြီး ကွန်ကရစ်လောင်းတဲ့အခါနဲ့ ဆာလဖိတ်နဲ့ မကင်းတဲ့နေရာမှာ ကွန်ကရစ်လောင်းရင် အသုံးပြုပါ။
16.6 type III High Early Strength မြန်မြန်မာချင်ရင်၊ Formwork မြန်မြန်ခွာချင်ရင်၊ ကားမြန်မြန်မောင်းချင်ရင် အသုံးပြုပါ။
16.7 type IIIA လေရော၊အမြန်မာ ကွန်ကရစ် ဖျော်ရင် သုံးပါ။
16.8 type IV Low Heat Hydration အပူနည်းနည်းပဲ ထွက်ချင်ရင် သုံးပါ။
16.9 type V ဆာလဖိတ်ကို ရှောင်လို့ မလွတ်ရင် သုံးပါ။

17. က Document တွေဗျို့။ ပုံအမှတ် ၆ - မှာ စာ (၄) စောင်တွေ့လိမ့်မယ်။
A. ACI 301 ဘယ်လိုအဆောက်အဦ၊ ဘယ်လို Memberကို၊ ဘယ်လို ကွန်ကရစ်ကို အသုံးပြုရမယ် ဆိုတာကို ရေးထားပါတယ်။
B. ACI 304R ဆိုတာက ကွန်ကရစ်ကို ဖျော်စပ်မယ်ဆိုရင် ဘယ်လိုတိုင်းထွာပါ။ ဖျော်ပြီးလို့ သယ်မယ်ဆိုရင် ဘယ်လိုသယ်ပါ။ လောင်းတဲ့အခါ ဘယ်လိုလောင်းပါလို့ ရေးထားကြောင်းပါ။
C. ASTM C33 ဆိုတာက ကွန်ကရစ်ဖျော်တဲ့ ကျောက်စရစ်တွေ သဲတွေဟာ ဘယ်လိုစံချိန်စံညွှန်းရှိရမယ် ဆိုတာကို ရေးထားတာပါ။
D. ASTM C-150 ဆိုတာက Portland Cement ရဲ့ စံချိန်စံညွှန်းတွေကို ရေးထားတာပါ။ သူ့ဘိလပ်မြေအိတ်ပေါ်မှာ ဒီစာပါရင် ဒီစံချိန်စံညွှန်းနဲ့ ပြည့်စုံတယ်လို့ ဖော်ပြထားတာပါ။



Credit_SayarKyawlwinHtun

 #ကွန်ကရစ်လောင်းပြီးဘာကြောင့်ရေဖြန်းရတာလဲ?==================================== ကွန်ကရစ်ကိုသုံးပြီး လမ်းတွေခင်းတဲ့အခါအိမ်...
09/08/2023

#ကွန်ကရစ်လောင်းပြီးဘာကြောင့်ရေဖြန်းရတာလဲ?
====================================
ကွန်ကရစ်ကိုသုံးပြီး လမ်းတွေခင်းတဲ့အခါ

အိမ်တွေ၊ အဆောက်အဦးတွေ ဆောက်တဲ့အခါ

လမ်းတွေ ၊ ကွန်ကရစ်တိုင်တွေ ၊ သမံတလင်း တွေကို နေ့တိုင်း ရေလောင်းတာ မြင်ဖူးကြပါလိမ့်မယ်...

ဒါကို ဆောက်လုပ်ရေးလောကမှာတော့
ကွန်ကရစ်အသားနှပ်ခြင်း (Concrete Curing) လို့ခေါ်ကြပါတယ်...

Concrete Curing မှာ နည်းလမ်းမျိုးစုံရှိတဲ့အထဲက
မြန်မာနိုင်ငံမှာတော့ ရေဖြန်းတဲ့နည်း (Spraying Water) ကို အများဆုံးအသုံးပြုကြပါတယ်...
တခြားနည်းလမ်းတွေကိုလည်း အသုံးပြုကြတာတော့ ရှိပါသေးတယ်..

ဘာကြောင့်ဒီလို လုပ်ပေးရတာလဲ?

အဓိကအကြောင်းအရင်းကတော့
ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကြောင့်ပါပဲ

သွန်းလောင်းလိုက်တဲ့ ကွန်ကရစ်ရဲ့
ဖြစ်တည်မှု အဆင့်တိုင်းမှာ
သတ်မှတ် အချိန်အတိုင်းအတာအတွင်း
လိုအပ်တဲ့ စိုထိုင်းဆ နဲ့ အပူချိန်ကို ထိန်းသိမ်းထားပြီး ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကို အထောက်အကူပေးနိုင်ဖို့ပါပဲ...

ကွန်ကရစ်မှာပါတဲ့ ဓာတ်တွေက အပူကိုထုတ်လွှတ်ပေးတာကြောင့်
ဒီအပူကို ထိန်းသိမ်းနိုင်ဖို့ကိုလည်း ရည်ရွယ်ပါတယ်...

ကွန်ကရစ်မှာ အက်ကြောင်းတွေမဖြစ်စေဖို့နဲ့ ကွန်ကရစ်ရဲ့ အကြမ်းခံမှုတွေ ၊ ကြာရှည်ခံမှုတွေက 'Curing' ဂရုတစိုက်လုပ် ၊ မလုပ်ပေါ်မှာ မူတည်နေပါတယ်

'Concrete Curiလုပ်တဲ့နေရာမှာ..

14 ကွန်ကရစ်လောင်းပြီးစ (၁၄)ရက် (နှစ်ပတ်)အတွင်းကတော့ အရေးအကြီးဆုံးအချိန်တွေ ဖြစ်ပါတယ်...

7 အနည်းဆုံး (၇)ရက်လောက် 'Curing' လုပ်ပေးသင့်ပါတယ်

ရာသီဥတုပူပြီးခြောက်သွေ့ချိန်တွေမှာတော့ (၁၀)ရက်လောက်ထိကို 'Curing' လုပ်ပေးတာ အကောင်းဆုံးပါ...

အပူချိန် (၅၀) ဒီဂရီဖာရင်ဟိုက် ကနေ (၇၅) ဒီဂရီဖာရင်ဟိုက် လောက် မှာရှိစေတာက အကောင်းဆုံးထိန်းသိမ်းမှုတစ်ခုပါပဲ

တိုင်းတာနေဖို့မလိုပေမယ့် 'Curing' လုပ်တဲ့အနေနဲ့ နေ့တိုင်းရေဖြန်းပေးတာက ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်းတစ်ခုဖြစ်စေမှာပါ...

Curing ကောင်းကောင်းမလုပ်ရင်ဘာဖြစ်နိုင်လဲ?

Curing ကောင်းကောင်း မလုပ်ထားရင်တော့ ကွန်ကရစ်ရဲ့ ကြံ့ခိုင်မှုကိုအများကြီးထိခိုက်နိုင်ပါတယ်...

အက်ကြောင်းတွေပေါ်လာပြီး အကြမ်းခံနိုင်မှာမဟုတ်သလို
ကွန်ကရစ်ရဲ့ သက်တမ်းကိုပါ လျော့ကျစေပါတယ်..

(Curing သေချာမလုပ်ပဲ အသုံးပြုနေတဲ့ ကွန်ကရစ်လမ်းတွေ ရက်ပိုင်းနဲ့ အက်ကြောင်းတွေပေါ်လာတာကို လက်တွေ့မြင်ဖူးကြမှာပါ)

'Concrete Curing' ကို ဂရုတစိုက်လုပ်ပြီး တည်ဆောက်တဲ့အဆောက်အဦး ၊ လမ်းတံတားတွေက ကြံ့ခိုင်မှု နဲ့ တာရှည်ခံမှုအပိုင်းမှာ
'Concrete Curing' မလုပ်ထားတဲ့ နေရာတွေထက် ပိုမိုသာလွန်နေမှာဖြစ်ပါတယ်...




ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု===========================အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အ...
29/07/2023

ရေကန်အလေးချိန် နှင့် အမိုးဆလပ်ခိုင်ခံ့မှု
===========================
အခုပြောချင်တဲ့အကြောင်းအရာလေးကတော့ မိတ်ဆွေတို့ရဲ့RC အာစီ (သို.မဟုတ်) steel structureလို့ခေါ်တဲ့သံထည်အဆောက်အဦးရဲ့ အမိုးဆလပ်ပြင်ပေါ်မှာ တင်ထားတဲ့ ရေကန်အလေးချိန်အကြောင်းပါ။

အိမ်ဆောက်ကတည်းက အမိုးဆလပ်ပေါ် ရေကန်တင်မဲ့နေရာကို ကြိုစဉ်းစားသင့်ပါတယ်။အိမ်ဆောက်ပီးမှ သင့်ရာထားမယ်လို့စိတ်ကူးနေတယ်ဆို စာဆုံးအောင်ဖတ်ပေးပါ။
အမိုးဆလပ်မှာ အုတ်ရေကန်ဘဲဆောက်ဆောက်၊ စတီးကန်ဘဲတင်တင်၊ ပလတ်စတစ်ကန်ဘဲထားထား မိမိတင်မဲ့ရေရဲ့ အလေးချိန်ကို သိပါသလား။

ရေတစ်ဂါလံဟာ 8ပေါင်ကနေ ၁၀ပေါင်အထိလေးပါတယ်။(မိမိတို့တင်ထားတဲ့ ရေဂါလံကို အခုဘဲ ၁၀ပေါင်နဲ့မြှောက်ကြည့်ပါ)
တစ်ပေပတ်လည် တစ်ပေအမြင့်ရှိတဲ့ရေရဲ့အလေးချိန်က 62ပေါင် ရှိပါတယ်။

ပိုရှင်းအောင်ပြောရရင် ၃ပေ ပတ်လည် ၃ပေအမြင့်ရှိတဲ့ရေကန်ရဲ့ရေအလေးချိန်က တန်ဝက်(ဘိလပ်မြေ ၁၀အိတ်အလေးချိန်) နီးပါးရှိပါတယ်။
ဒါတောင် အုတ်စီထားတဲ့ အလေးချိန်ထည့်မတွက်ရသေးပါဘူး။

အမိုးဆလပ်မှာ ရေဂါလံ ဘယ်လောက်ထားမယ်ဆိုတာ အိမ်မှာရှိမဲ့ လူဦးရေအရေအတွက်နဲ့ ပျှမ်းမျှတွက်ချက်ပီးတင်ကြပါတယ်။ ရေကန်ကြီးလေ အလေးချိန်ပိုများလေပါ။
ရေကန်တင်ဖို့နေရာရွေးပီးရင် ထိုနေရာမှာရှိတဲ့
ဆလပ်ပြင်ထမ်းနိုင်အား၊
သူ့အောက်က ထုပ်ရဲ့ Size၊
ထည့်မဲ့ သံချောင်းအရေအတွက် လုံလောက်ရဲ့လား အသေးစိတ်တွက်ချက်ရပါတယ်။ ဒါမှသာ တင်မဲ့ရေအလေးချိန်ကို အန္တရာယ်ကင်းကင်းနဲ့ အဆောက်အဦးက သက်တမ်းတစ်လျောက် ထမ်းထားနိုင်မှာပါ။

ရေကန်ထားမဲ့နေရာကို အလွယ်တကူမပြောင်းသင့်ပါဘူး။ ရေရဲ့အလေးချိန်က အထက်မှာပြောထားသလို ၃ပေ ပတ်လည်လေးတောင် တန်ဝက်(ပေါင် ၁၁၀၀) ရှိနေလို့ပါ။ နေရာပြောင်းလိုက်ရင် ပြောင်းထားမဲ့နေရာရှိ ဆလပ်၊ ထုပ် size လုံလောက်ရဲ့လား ပြန်စစ်ရပါမယ်။

ရေရဲ့အလေးချိန်က အရှင်ဖြစ်ပါတယ်။ ဆိုလိုတာက ကန်ပေါ်ရေတင်နေတုန်း ရေဟာ လှုပ်ရှားနေပါတယ် ။မြင်အောင်ပြောရရင် ဝက်တစ်ကောင်ကို အသေထမ်းထားတာနဲ့ အရှင်ထမ်းထားရတာ ဘယ်ဟာ ပိုအားသုံးရပါသလဲ။ အရှင်က ရှုန်းကန်နေတာပါ။
ဆိုတော့ အထက်ကပြောခဲ့သလို size မလုံလောက်ရင် အန္တရာယ်ကြီးပါတယ်။

ချိန်ကိုက်ဗုံးကို ခေါင်းပေါ်တင်ထားရသလိုပါဘဲ။ (ခုလိုပြောလို့ ခြောက်တယ်မထင်ပါနဲ့ ရေကန်ဝိတ်မနိုင်လို့ အိကျနေတဲ့ ဆလပ်ပြင်တွေ ရှိပါတယ်၊ ပြိုကျသွားခဲ့တဲ့အဆောက်အဦးတွေလည်းရှိပါတယ်)
အမိုးပေါ် အပင်စိုက်တဲ့ အိမ်ရှင်တွေလည်းရှိနေပြန်ပါသေးတယ်။ အစောကတည်းက အစီအစဥ်ရှိရင် ကန်ထရိုက်(သို့) အင်ယာကို ကြိုပြောပါ။ အပင်စိူက်မယ်ဆိုမြေကြီးတင်ရပါတယ်။

မြေကြီးရဲ့အလေးချိန်ဟာ တစ်ပေပတ်လည် တစ်ပေအမြင့် မှာ ပေါင်၁၂၀ရှိပါတယ်။ ဒါတောင် ရေလောင်းလိုက်လို့ မြေကြီးစိုသွားရင် ရေရဲ့ အလေးချိန်ပေါင်းထည့်ရတော့မှာပါ။
အိမ်မှာ မိသားစု၅ယောက်နေတယ်ဆိုရင်တောင် အလေးချိန် ပေါင် ၁၀၀၀လောက်ဘဲရှိတာပါ။
အမိုးဆလပ်ပေါ်မှာတော့ ရေဝိတ်၊ အပင်ဝိတ်၊ မြေကြီးဝိတ် ထမ်းထားရတာ ပိုများနေပါတယ်။ ဒီကြားထဲ မိုးများလို့ ရေဆင်းပိုက်က ရေချက်ချင်းမစီးနိုင်ရင် အဲ့မိုးရေ ဝိတ်ပါ ယာယီထမ်းရပါသေးတယ်။

ဒါပေမဲ့ ကန်ထရိုက်က အမိုးဆလပ်မို့ လူမနေဘူး၊ အခန်းမဖွဲ့ဘူး ဆိုပီး size၊ ထည့်မဲ့သံချောင်း လျော့ပီး ဆောက်သွားပေးတယ်ဆို တွေးကြည့်ရုံနဲ့ လန့်ရပါတယ်။
ပြောချင်တာက အိမ်ရှင်တွေက အမိုးဆလပ်ပေါ် ဘာတင်မယ် ဘာလုပ်မယ်ဆိုတာ စဥ်းစားမိသလောက် ကန်ထရိုက် or အင်ယာ ကိုသေချာပြောပြထားပေးပါ။ ပုံဆွဲကတည်းက မြင်သာအောင် ထည့်ဆွဲထားပါ။

သေချာ တွက်ချက်ဆောက်ခိုင်းပါ။
ပိုသေချာချင်ရင် နည်းလမ်းရှိပါတယ်။အင်ယာအခေါ် (load test) စမ်းတယ်ခေါ်ပါတယ်။
မိမိတို့တင်မဲ့ ရေဂါလံနဲ့ ၁၀ နဲ့မြှောက်ပါ။ ဥပမာဆိုပါစို့
ဂါလံ ၃၀၀တင်တယ်ဆိုပါစို့။ ၃၀၀x၁၀=၃၀၀၀ပေါင်
(ဘိလပ်မြေတစ်အိတ်က ၁၁၂ပေါင်လေးတယ်)
၃၀၀၀ကို ၁၁၂နဲ့စား= ၂၆.၇ အိတ်စာအလေးချိန်နဲ့ညီမျှတယ် ။

ပို အန္တရာယ် ကင်း (safe ) ဖြစ်အောင် ၂ဆတိုးရပါမယ်။ အဆောက်အဦးက ရေရှည်မှာ ခံနိုင်အားကျလာတတ်လို့ နောင်တစ်ချိန်မှာ အန္တရာယ်ကင်းအောင်ပါ။ အိတ်၅၀ လောက် ရေကန်တည်မဲ့နေရာကိုဘဲ ကွက်တင်ကြည့်လိုက်ပါ။ (အမိုးဆလပ်တစ်ပြင်လုံး ဖြန့်မတင်ရ ၊ ရေကန်ထားမဲ့ဧရိယာလေးအတိုင်း ဘိလပ်မြေအိတ် စီပီးထပ်တင်ကြည့်ရမယ်)
ဘာမှမဖြစ်ရင် ok ပီ

Credit : Phyo Pyae Kyaw BE (Civil) MDY

အုတ်စီရာတွင် ဘိလပ် မြေနှင့် အုတ်ကုန်ကျတာလေးတွေကို ဝါသနာပါတဲ့ စိတ်ဝင်စားသူ များအတွက် ပြန်တင်ပေးတာပါ။၉'' လက်မ အုတ်ရှိးစီရာ...
26/01/2023

အုတ်စီရာတွင် ဘိလပ် မြေနှင့် အုတ်ကုန်ကျတာလေးတွေကို ဝါသနာပါတဲ့ စိတ်ဝင်စားသူ များအတွက် ပြန်တင်ပေးတာပါ။

၉'' လက်မ အုတ်ရှိးစီရာတွင် (၁၀×၁၀) ပတ်လည် တစ်ကျင်း စီရာတွင် အုတ်အလုံးရေ = ၁၀၄၀ ခဲ

အလျား = ၂၆ ခဲ
အနံ = ၄၉ ခဲ

၂၆×၄၀ = ၁၀၄၀ ခဲ ကုန်ပါတယ်။ (၄''လက်မခွဲ ) အုတ်စီရာတွင် ကုန်ကျ နည်းပါ တစ်ခါတည်း တင်ပေးလိုက်ပါတယ်။
(၁၀×၁၀) ပတ်လည် ၄''လက်မခွဲ အုတ်စီရာတွင် အလျား....=၁၃ခဲ ၅မူး ၅မူးဆိုတာကတော့ အုတ်တစ်လုံးကို တစ်ကျပ်လို့ သဘောထားပြီး တစ်ကျပ် ရဲ နှစ်ပိုင်း တစ်ပိုင်းကို ၅မူးလို့ သက်မှတ်ပါတယ်။

အနံ (မြင့်) ၄၀ ခဲ
၁၃/၅×၄၀ = ၅၄၀ ကုန်ပါတယ်။

၉'' လက်မအုတ် ရိုးနစ်ကျင်းစီရာတွင် ဘိလပ်မြေ ၁×၄ အချိုး ၆ အိပ် ကုန်ပါတယ်။
၄''လက်မခွဲ တစ်ကျင်း အုတ်စီရာတွင် ၁×၄ အချိုး ဘိလပ်မြေ ၂အိပ်နှစ်အိပ်တစ်ပိုင်း ကုန်ပါတယ်။

၉'' လက်မအုတ် ရိုးစိရာတွင် အလွှားမထက်ရာအောင် 'စုံ,မ ခွဲခြားစီတတ်ဖို့လိုပါတယ်။ ဒါမှ ဒမ် နှစ်လွှား = စုံနစ်လွှား ထပ်မှာမဟုတ်ပါ။
၃-၅-၇-၉ မ, ဂဏန်း များတွင် ဒမ်စီပြီးသွားရရပါမည်။
၂-၄-၆-၈,စုံ ဂဏန်း များတွင် အကွက်ဖော်ပြီးစီးသွားရပါမည်။
အုတ်တွေကြားမှာ မာဆလာ ၅ မူး ပုံမှန်ရှိရပါမည်။ ဒါမှခိုင်ခန့်ပြီးကြည့်လိုက်ရုံနှင့် အမြင်ကောင်းကောင်းရှိပါသည် နောက်ပြီး ဂျပန်ကွက် တရုပ်ကွက်လို့ အကွက်ရိုက်ကြတာ နှစ်မျိုးခွဲခြားထားပါတယ်။ ဂျပန် ကွက်တွင် အလျား ၂ခဲ အနံ၂ခဲ ပုံမှန် သွားရပါသည်။

တရုပ်ကွက်တွင် အဲလိုမဟုတ်တော့ပါ အလျား ၂ ခဲ အနံ ၁ခဲဖြစ်ပါတယ် ခိုင်ခံနိုင်ခြင်းကတော့ ဂျပန်ကွက် နှင့် စီသွားပြီး

အလျား ၂ ခဲ
အနံ ၂ခဲ စီရင်ပိုခိုင်ပာတယ်။

ပညာဆက်လက်မျှဝေပေးနိုင်သည်။

to original writer
#အုတ်စီနည်း
#အုတ်တွက်နည်း


 #အိမ်‌‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ  #တွက်နည်း အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံမျ...
24/12/2022

#အိမ်‌‌သုတ်ဆေးဘယ်လောက်ဝယ်ရမလဲ

#တွက်နည်း

အခန်းတစ်ခန်း၏နံရံများကို ဆေးသုတ်ရန် လိုအပ်သောဆေးပမာဏကိုတွက်ဆမည်ဆိုလျှင် နံရံများ၏အလျားအရှည်‌ပေများအားလုံးကိုပေါင်းပါ။ ထို့နောက်ရလာသောအ‌ဖြေကို အခန်း၏အမြင့်ပေ(ကြမ်းခင်းမှမျက်နှာကြတ်ထိ)ဖြင့်မြှောက်ပါ။ ရလာသောအ‌ဖြေသည်ယင်းအခန်း၏ square footage ဖြစ်ပါသည်။
-ထို့နောက် ဆေးသုတ်ရမည့် square footage မည်မျှရှိသည်ကိုတွက်ဆကြည့်ကြပါစို့။ တံခါးရွက်နှင့်ပြူတင်းပေါက်များကို မတူညီသောဆေးအမျိုးအစားသုတ်ရမည်ဖြစ်၍ ယင်းဧရိယာများကိုနုတ်ပေးရပါမည်။ ယေဘူယျအားဖြင့် တံခါးတချပ်ချင်းစီအတွက် 20 square feet ပြူတင်းပေါက်တခုချင်းစီအတွက် 15 square feet နုတ်လိုက်ရုံပါဘဲ။ ရလာသောအဖြေသည်‌ ဆေးဖုံးအုပ်ရန်သုတ်ရမည့် အနီးစပ်ဆုံးနံရံဧရိယာဖြစ်ပါလိမ့်မည်။
-ယင်းဧရိယာကို 350 ဖြင့်စားလိုက်ပါက နံရံအတွက်လိုအပ်သောဆေးပမာဏ(ဂါလံ)ကိုရပါမည်။ အဖြေတွင် စားကြွင်းက .5 ထက်နည်းပါက ကွာတား2ဗူးဖြင့်လုံလောက်နိုင်သော်လည်း .5 ထက်များပါက 1ဂါလံဝယ်သင့်ပါသည်။
Example
-14x20 ပေအခန်း အမြင့် 8ပေ တံခါး2ပေါက်၊ ပြူတင်းပေါက်2ခုရှိသောအခန်းကိုတွက်ကြည့်ကြပါစို့။

Ceilingဆေးတွက်ဆမှု
1. Ceiling ၏အလျား‌ပေxအနံပေ= Ceiling area
14x20=280 square feet
2. 350ဖြင့်စားပြီးဘယ်နှစ်ဂါလံလိုမလဲတွက်ကြည့်ကြပါစို့။
280÷350=0.8
ထို့ကြောင့် ceiling ဆေးတထပ်သုတ်ရန်1ဂါလံလိုအပ်ပါမည်။2ထပ်သုတ်လျင်2ဂါလံလိုအပ်ပါမည်။

နံရံဆေးတွက်ဆမှု
1. နံရံတချပ်ချင်းစီ၏အ‌လျားပေကိုပေါင်းပါ။
14+20+14+20=68 ပေ
2. နရံဧရိယာတွက်ရန်အ‌ဖြေကိုနံရံအမြင့်ပေဖြင့်မြှောက်ပါ။
68x8=544 square feet
3. ဆေးတကယ်သုတ်ရန်လိုသောနံရံဧရိယာကိုရှာရန် တံခါး1ချပ်စီတိုင်းအတွက် 20 square feetနုတ်ပါ(20x2=40)၊ ပြူတင်းပေါက်တခုချင်းစီတိုင်းအတွက် 15 square feet နုတ်ပါ (15x2=30)
544-70=474 square feet
4. ယင်းအ‌ဖြေကို 350ဖြင့်စားပြီးဝယ်ယူရမည့်ဆေးဂါလံကိုတွက်ကြပါစို့။
474÷350=1.4
ထို့ကြောင့် ဆေး1ထပ်သုတ်ရန် 1ဂါလံ 2ကွာတားလိုအပ်ပါမည်။ 2ထပ်သုတ်မည်ဆိုပါက ဆေး2ဆဝယ်ရန်လိုအပ်ပါမည်။

တံခါး၊ ပြူတင်းပေါက် ဆေးတွက်ဆမှု
1. 20 square feet= တံခါး1ချပ်
တံခါးအရေအတွက်ကို 20 ဖြင့်မြှောက်ပါ။
2x20=40 square feet
2. ပြုတင်းပေါက်အရေအတွက်ကို 7.5 ဖြင့်မြှောက်ပါ။
2x7.5=15 square feet
3. ယင်းအဖြေများကိုပေါင်းပါ။
40+15=55
4. 350 ဖြင့်စားပါ။
54÷350=0.16
ထို့ကြောင့် ဆေး1ကွာတားဝယ်ဖို့လိုအပ်ပါမည်။ တံခါး၊ ပြူတင်းပေါက် တို့အားနှစ်ဖက်စလုံးသုတ်မည်ဆိုလျင် အဖြေကို2ဖြင့်မြှောက်ပါ။

မိမိစိတ်ကူးထဲကအိမ်လေးအတိုင်းဆေးရောင်လှလှခြယ်သနိုင်ကြပါစေ။🏡🏡🏡
Credit

18/11/2022
မြေဧက ဘယ်လိုတွက်မလဲ ? *****************၁ ဧက   =   ၂၀၈.၇၁၁  ပေ ×  ၂၀၈.၇၁၁ ပေ၁ ဧက   =   ၄၀၄၇  စတုရန်းမီတာ၁ ဧက   =   ၄၃၅၆၀ ...
16/11/2022

မြေဧက ဘယ်လိုတွက်မလဲ ?
*****************
၁ ဧက = ၂၀၈.၇၁၁ ပေ × ၂၀၈.၇၁၁ ပေ
၁ ဧက = ၄၀၄၇ စတုရန်းမီတာ
၁ ဧက = ၄၃၅၆၀ စတုရန်းပေ

၁ ပေ(sqft)= ၀.၀၉၂၉ Square metre
၁ မီတာ = ၃.၂၈၁ ပေ
၁ စတုရန်းမီတာ = ၁၀.၇၆၄ စတုရန်းပေ
၁ ဟက်တာ = ၂.၄၇၁ ဧက

Square feet မှ ဧကပြောင်း
Sqft ÷ 43560= ( ) ဧက
ဥပမာ 20000 Sqft ကိုဧကဖြင့်သိလိုရင်
20000 ÷ 43560 = 0.459 ဧက

ဧကမှ Sqft ပြောင်း
ဧကအကျယ် × 43560 = ( ) Sqft
ဥပမာ 0.5 ဧကကို Sqft ဖြင့်သိလိုရင်
0.5 × 43560 = 21780 Sqft

၁ ဧက = ၄၃၅၆၀ စတုရန်းပေ
၄၃၅၆၀ စတုရန်းပေ ဘယ်ကရလဲ ဆိုတော့
လက်မ (inch), ပေ (feet), ကိုက် (yard), သံကြိုး (Chain), ဖာလုံ (Furlong), မိုင် (Mile) စတဲ့အတိုင်းအတာ ယူနစ်များဟာ Imperial units ဖြစ်ပါတယ်။

၃ ပေ = ၁ ကိုက်
၂၂ ကိုက် = ၁ သံကြိုး = ၆၆ ပေ
၁၀ သံကြိုး = ၁ ဖာလုံ = ၆၆၀ ပေ
၈ ဖာလုံ = ၁ မိုင် = ၅၂၈၀ ပေ

၁ သံကြိုး (အလျှား) × ၁ ဖာလုံ (အနံ) = ၁ ဧက လို့သတ်မှတ်ပါတယ်

ဒါ့ကြောင့်
၆၆ ပေ × ၆၆၀ ပေ = ၄၃၅၆၀ စတုရန်းပေ
ဖြစ်ပါတယ်

၁ သံကြိုး အကျယ် နဲ့ ၁ ဖာလုံ အရှည်မြေကွက်ဟာ
တစ်ဧက (၄၃၅၆၀ စတုရန်းပေ) ဖြစ်ပါတယ်

၁ စတုရန်းမိုင် = ၆၄၀ ဧက
၁ စတုရန်းဖာလုံ = ၁၀ ဧက
၄၃၅၆၀ စတုရန်းပေ = ၁ ဧက
၂၀၈.၇၁ ပေ × ၂၀၈.၇၁ ပေ = ၁ ဧက
၂၀၀ ပေ × ၂၀၀ ပေ = ၁ ဧကခန့်
၁၀၀ ပေ × ၁၀၀ပေ = ဧက ၁ မူးခန့်
၅၀ ပေ × ၁၀၀ ပေ = ဧက ၁ မတ်ခန့်
၄၀ ပေ × ၆၀ ပေ = ၀.၀၅၅ ဧက
၂၀ ပေ × ၆၀ ပေ = ၀.၀၂၇၅ ဧက

🍃Hard Core  WorkHard Core ရိုက်တာနဲ့ ပတ်သက်ပြီး မေးထားတာလေးကို ဖြေပေးလိုက်ပါတယ်။🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃အဆောက် အဦးတွေ မှာ Foundat...
14/11/2022

🍃Hard Core Work

Hard Core ရိုက်တာနဲ့ ပတ်သက်ပြီး မေးထားတာလေးကို ဖြေပေးလိုက်ပါတယ်။

🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃🍃

🍃အဆောက် အဦးတွေ မှာ Foundation အောက်မှာ Hard Core တွေ ခံကြတယ်။ အောက်ခံ မြေသား အမာခံ ရအောင်ပေါ့။ တစ်ချို့ဆို Retaining Wall မှာပါ ခံပေးကြတာလည်း တွေ့ပါတယ်။

🍃 တစ်ချို့ဆို ခြောက်လက်မ၊ တစ်ချို့ဆို ကိုးလက်မ ၊ တစ်ပေ အထိတောင် ခင်းပေးကြပါတယ်။

🍃 Hard Core အကြောင်းကို အရင်ပျက်သွားတဲ့ post မှာ အသေးစိပ် ရေးပေးဖူးပါတယ်။

🍃 Drawing တစ်ခု စ ဖတ်ပြီ ဆိုတာနဲ့ မြေကြီး တူးဖို့ လုပ်တဲ့ အခါ

🍃NGL Level စမှတ် ပြီးပြီ ဆိုတာနဲ့ Survey စပေးပြီး ၊ Plinth Level မှတ်ပါ။ သူက အရေးကြီးတဲ့ Level ပါ။ Grid Line တွေခွဲ၊ တူးရမည့် နေရာတွေ မှတ်ပါ။

(Survey အကြောင်း အသေးစိတ် မပြောတော့ပါဘူး။)

🍃ပြီးရင်တော့ ကိုယ်ဖတ်ထားတဲ့ Drawing မှာ Foundation က ဘယ်လောက် အနက်တူးရမယ်။ အောက်မှာ Lean Concrete နဲ့ Hard Core ထု ကြည့်ပြီး မြေကြီး တူးပါမယ်။

🍃တူးတဲ့ အခါမှာ Footing ကျင်းတွေ ကို Level အမှန်ရဖို့ Plinth Level ခေါ်ထားတဲ့ Level ကနေ Dimension တိုင်းယူပါ။ အဲဒီ‌‌ နေရာ ကပဲ အမှန်ရပါတယ်။

🍃 အဲလို တူးတဲ့ အခါ Footing အောက်က Lean Bed Level အထိပဲ အလုပ်လုပ်လို့ ကောင်းအောင် မြေကို ချဲ့တူးပါ။ စက်နဲ့ တူးရင်လည်း Level သေချာစစ်ပေါ့။ချဲ့လည်း အလွန်ဆုံး တစ်ပေ စီပေါ့။

🍃Hard Core ကို လုံး၀ ချဲ့ မတူးသင့်ပါဘူး။ သူက အကာအရံ မလုပ်ကြတဲ့ အတွက် Footing Concrete လောင်းတုန်း ကျောက်တွေ ဘေးကို ထွက်မသွား အောင်ပါ။

🍃သူ့ကိုတော့ လူအားလေးနဲ့ပဲ ကိုယ် လိုသလောက် အနက်နဲ အကျယ် ရအောင် တူးပြီး အောက်ခြေမြေလေးကို သိပ်သည်းအောင် သေချာ ဒင်စောင့် ၊ ပြီးရင် ကျောက် Size အကြီး အသေး သေချာလေး စီ၊ လွတ်သွားတဲ့ Area နည်းနိုင် သမျှ နည်းအောင်ပေါ့။

🍃 ပြီးရင် သဲထည့် ရေလောင်း၊ဒင်စောင့်။ သဲကတော့ ကျောက်တွေ လွတ်သွားတဲ့ နေရာတွေကို ရေနဲ့ အတူ မျောပါပြီး သိပ်သည်းမှု အားကောင်းအောင် ဖြည့်ပေးပါတယ်။

👉ဒီနေရာ အထိက အိုကေတယ်။ ဘာမှ ပြောစရာ မရှိဘူး။

🌺 ပြောစရာ ရှိတာက Building တစ်ခုလုံး အတွက် အမာခံရအောင် လုပ်ပေးရတဲ့ Hard Core ကတော့ အမာခံအားကောင်းဖို့တော့ အလွန် အရေးကြီးပါတယ်။

🌺အကောင်းဆုံး ကတော့ Hill Gravel ပေါ့။ ကျောက်တောင်တွေ က ရတဲ့ကျောက် ပေါ့။
သူက ဈေးကြီးတယ်။ နေရာတိုင်းမှာ အလွယ် တကူ မရနိုင်ဘူး။

🌺ဒါဆိုရင်တော့ Hard Core ရဲ့ Material ကို သေချာရွေးချယ်ရပါမယ်။

🌺ကိုယ်က ဘယ်ဟာသုံးမှ အမာခံ ရမှာလဲပေါ့လေ။

🌺ယနေ့ခေတ် မြင်နေရတဲ့ ဈေးကွက်က အုတ်ကျိုး သုံးမယ်ဆို ရင်တော့ သတိထားပါ။ တစ်ချို့ အုတ်တွေက နှာချေ သံကြားရင်တောင် ကွဲအက်တက်တဲ့ အမျိုး၊ ရေစိမ်ဖို့ မပြောနဲ့ ရေသံကြာရင်တောင် မူလပထမ မြေကြီးဘ၀ ကိုအောင်းမေ့ပြီး ရွံ့ ဖြစ်တက်တဲ့ အမျိုးတွေ အများကြီးပဲ။

🌺အောက်ခံ‌ မြေမကောင်းလို့ အမာခံ အတွက် သုံးပါတယ် ဆိုမှ သူက အမာခံမဖြစ်ရင် Footing settlement ဖြစ်နိုင်ပါတယ်။

🌺 Hard Core သည် ထည့်တိုင်းမကောင်းပါ။( ဒီနေရာမှာ လူတော်တော်များများနဲ့ ကိုယ်က သဘောထား ကွဲလွဲ နိုင်တယ်ဆိုတာ သိပါတယ်။ )

🌺နည်းစနစ်မှန်၊ ပစ္စည်းမှန်မှ အိုကေ တာပါ။

🌺Hard Core ကြောင့် အဆောက် အဦး ပြိုနိုင်ပါတယ်။ ပေါ့သေးသေး မထင်ပါနဲ့။

🌺လုပ်ပြီဆို အတိအကျ လုပ်မှ ရပါတယ်။

🌺တစ်ချို့ နေရာတွေ ဂဝံဆန်တဲ့ မြေနေရာတွေမှာဆို Footing ကို Lean Bed Level အထိတူးပြီး မြေကောင်းရင် Designer ကိုပြပြီး Hard Core မလိုရင် လျှော့လိုက်တယ်။ သူက ကိုယ်ထည့်မည့် Hard Core ထက် ပိုကောင်းနေတာကိုး။

🌺Footing ရဲ့ Bed Level ကလည်း မြေကြီးက အပေါ်က အလေး၀န်ကို ခံနိုင်တဲ့ အထိ ခေါ်ထားတာ ဆိုတော့ အိုကေတယ်လေ။

🌺 Construction မှာ ဘယ်ဟာမှ အပို လုပ်ကွက် မဟုတ်လို့ ဘာပဲလုပ်လုပ် သေချာလုပ်ပါ။ Hard Core ပဲကွာဆိုပြီး ပစ်ထားဖို့ မစဉ်းစားပါနဲ့ ။ သူက စ ရမှာပါ။
Credit
Daw Aye Aye Win

Steel structure အဆောက်အဦးတွေ မီးဒဏ် မခံနိုင်ဘူးဆိုတော့ RC ကကော ခံနိုင့်လို့လား ❓❓❓ ✅ဟုတ်ကဲ့ ။ RC ကတော့ မီးလောင်ရင် ရေဖြ...
21/09/2022

Steel structure အဆောက်အဦးတွေ မီးဒဏ် မခံနိုင်ဘူးဆိုတော့ RC ကကော ခံနိုင့်လို့လား ❓❓❓

✅ဟုတ်ကဲ့ ။ RC ကတော့ မီးလောင်ရင် ရေဖြန်းတဲ့ ဒဏ် မခံနိုင်ပါဘူးး။
ဘာကြောင့်လဲ ဆိုတာ့ အရာဝတ္တုတွေမှာ အပူ အအေးကြောင့် ပွခြင်း ကျုံခြင်းဆိုတဲ့ တန်ဖိုးရှိတယ် ၊ ဒါက နိယာမတစ်ခုပါ။
အပူရှိန်ကြောင့် ပွလာခြင်းတန်ဖိုး ၊ အအေးကြောင့် ကျုံ့ခြင်း တန်ဖိုးပေါ့။ ရှင်းရှင်းပြောရင် ပုံသဏ္ဍန် ပြောင်းလဲခြင်းပေါ့။
RC အဆောက်အဦး တွေဟာ မီးလောင်တဲ့ခါ သံချောင်းနဲ့ ကွန်ကရစ်ဟာ တန်ဖိုးခြင်း မတူဘူး၊ တည်ငြိမ်မှု့ မတူဘူး။
မီးလောင်တော့ ကွန်ကရစ်ကော သူ့ထဲက သံချောင်းကော ပုံသဏ္ဍန် ပြောင်းလဲနေတယ်။
ပြောင်းလဲမှု့မှာ ကွန်ကရစ်ထဲက သံတွေက မြန်နေတယ်။ မီးလောင်တော့ ပွသွားလိုက် ရေဖြန်းတော့ ကျုံ့သွားလိုက်ပေါ့။ သံတွေရဲ့ တည်ငြိမ်မှု့ တန်ဖိုးကို ကွန်ကရစ်က လိုက်မမှီတော့ဘူးး၊ ကွန်ကရစ်က နှေးလို့လေ ။
အဲ့အချိန်မှာ ရေကဖြန်းလိုက်၊ မဖြန်းလိုက် ၊ မီးက ပူလိုက်မပူလိုက်နဲ့ သံတွေရဲ့ တည်ငြိမ်မှု့ တန်ဖိုးကို ကွန်ကရစ်က လိုက်မမှီတော့ Bond ပြုတ်ထွက်ပြီး ပြိုကျတော့ တာပါပဲ ။
( ဒါကြောင့်လဲ နိုင်ငံ တစ်ကာမှာ ကွန်ဒိုတွေ မီးလောင်တဲ့ခါ လူတွေ အကုန်ထွက်ခိုင်းပြီးမှ ရေဖြန်းကျတာပါ)
I


အိမ် ဆိုသည်မှာ

ဆောက်လုပ်ရေးသမား တိုင်း သိဖို့အဆောက်အဦး တွက်ချက်မှုအတွက် အလွယ်မှတ်နည်းလေးတွေပါ။(1:2:4) ကွန်ကရစ် 100 ကုဗပေမှာဘိလပ်မြေ - 1...
19/08/2022

ဆောက်လုပ်ရေးသမား တိုင်း သိဖို့

အဆောက်အဦး တွက်ချက်မှုအတွက်
အလွယ်မှတ်နည်းလေးတွေပါ။

(1:2:4) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 18.48 အိတ်ကုန်တယ်
အလုပ်မား - 10ယောက်
ပန်းရံဆရာ - 1ယောက်

(1:3:6 ) ကွန်ကရစ် 100 ကုဗပေမှာ
ဘိလပ်မြေ - 12.85 အိတ်
အလုပ်သမား - 8 ယောက်
ပန်းရံ - 1ယောက်
42.5 Class ဘိလပ်မြေ နဲ့52.5 Class ဘိလပ်မြေ အမျိုးအစားများအလိုက် ဘယ်လိုကွာခြားသလဲ ?
====================================
ဘိလပ်မြေအမျိုး အစားများကို ယေဘူယျအားဖြင့် 32.5 Class ဘိလပ်မြေ , 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေ ဆိုပြီး အမျိုးအစားအလိုက် သတ်မှတ်ထားပါတယ် ။ မြန်မာနိုင်ငံတွင် 42.5 Class ဘိလပ်မြေ နှင့် 52.5 Class ဘိလပ်မြေကို အများဆုံး အသုံးပြုနေကြပါတယ် ...
အဆောက်အဦများ၊ လမ်းတံတားများကို ဆောက်လုပ်တဲ့အခါမှာ ဆောက်လုပ်မယ့် အမျိုးအစားအလိုက် 42.5 Class နဲ့ 52.5 Class ဘိလပ်မြေအမျိုးအစားတွေကို လိုအပ်သလို ရွေးချယ်အသုံးပြုသင့်ပုံကို မျှဝေပေးလိုက်ပါတယ်...
42.5 Class ဘိလပ်မြေ
----------------------------
42.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (6162.5 PSI) Grade 42.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
42.5 Class ဘိလပ်မြေ ရဲ့ ခံနိုင်ဝန်အားသည် သတ်မှတ်စံချိန်စံညွှန်းအရ စတင်မာခဲချိန်နဲ့ နောက်ဆုံးမာခဲချိန် နှေးတတ်သော သဘာဝရှိပါသည်။.
42.5 Class ဘိလပ်မြေ ကို အုတ်စီလုပ်ငန်းများ၊ နံရံအချောကိုင်လုပ်ငန်းများ၊ ရိုးရိုးအုတ်တိုက်၊ နံရံကပ်တိုက်များ ၊လုံးချင်းအဆင့်မြင့် အဆောက်အဦများ ဆောက်လုပ်မယ်ဆိုပါက 4 2.5 Class ဘိလပ်မြေကို အသုံးပြုနိုင်ပါသည်။........
52.5 Class ဘိလပ်မြေ
-----------------------------
52.5 Class ဘိလပ်မြေ ဆိုသည်မှာ ကွန်ကရစ်လာင်းပြီး(၂၈) ရက်အကြာတွင် Strength Test (ခံနိုင်ဝန်အား) စမ်းသပ်ပါက (7612.5 PSI) Grade 52.5 နှင့်ညီမျှသော ခံနိုင်ဝန်အားကို အပြည့်အဝ ရရှိတဲ့ ဘိလပ်မြေအမျိုးအစားဖြစ်ပါသည်။
52.5 Class ဘိလပ်မြေသည် ခံနိုင်ဝန်ကို အချိန်တိုအတွင်းမှာ ရရှိစေနိုင်ပြီး စတင်မာခဲချိန် နှင့် နောက်ဆုံးမာခဲချိန် မြန်သော သဘာဝရှိတဲ့အတွက် ထုထည်ကြီးမားသော လမ်းတံတားများ အဆင့်မြင့် ကွန်ဒိုတိုက်ခန်းများ ၊အထပ်မြင့် အဆောက်အဦများ ဆောက်လုပ်ရာတွင် အသုံးပြုနိုင်ပါသည်။

ရေနှင့်အမြဲထိတွေ့နေသောနေရာများ၊ အစိုဓါတ်များသောနေရာများ၊ ငလျင်ဒဏ်၊ သဘာဝဘေးအန္တရာယ်တို့နှင့် အနီးကပ်ဆုံးနေရာဒေသများတွင်လည်း 52.5 Class ဘိလပ်မြေကိုသာ အသုံးပြုသင့်ပါသည်။
................

#သစ်တွက်နည်း တင်ပေးပါပြောလိုတင်ပေးလိုက်တာပါ။

သစ်လုံးကို ကုဗပတွက်နည်း> သစ်တန်တွက်နည်း> သစ် ၁ တန် စျေးနှုန်းတွက်နည်း ✍

သစ်လုံးကို ကုဗပနှင့် တန်ဖွဲ့ရာတွင် လက်မကိုတည် ၄ နှင့်စား ရလဒ်သည် အဒု ဗြက် လက်မ ဖြစ်ပါသည် ဒုနှင့် ဗြက် ကိုမြှောက် သစ်လုံ အလျား နှင့် ဆက်မြှောက် ရသောအဖြေ ကိုတည်၍ ၇၂၀၀ နှင့် စားလျှင်
အဖြေသည် သစ်တန်ရ၍ ၁၄၄ နှင့်စားလျှင် ကုဗပေ ရပါသည်။

ဥပမာ.......သစ်လုံပတ် ၆၀လက်မ အရှည် ၃၂ပေ ရှိသောသစ်လုံးကို
တန်ဖွဲ့လိုလျှင်

တွက်နည်း (1)

15×15×32 7200
----------------- ----------
144 144. =50ကုဗေပ

၅၀ ကုဗပေ = ၁ တန်

သစ်တန်တွက်နည်း

( သစ် ၁ တန် = ၁'' × ၁'' ပတ်လည် ၇၂၀၀'ပေ)

သိလိုသော သစ်အရွယ်အစား ဒု နှင့် ဗြက် ကိုမြှောက်၍ ရသော ရလဒ်နှင့် ၇၂၀၀ ကို စားရသော အဖြေသည် သစ် ၁ တန်၏ဖြေဖြစ်သည်။

တွက်နည်း

၄''×၂'' = သစ်တစ်တန် ရှိပေရှည် ကိုသိလိုလျှင်
၄''×၂'' = ၈
၇၂၀၀ = ၉ ၀၀'ပေ
(၄''×၂'') သစ် ၁တန်၌ရှိသော ပေရှည် =၉၀၀ပေ

သစ်တန်တွက်နည်း

ဗျက် ၄''×၂'' ပေရှည် ၂၀ ပေ ၊ ချောင်းရေ ၃၀ ဆိုပါစို့
ဗျက်ရယ် ၊ ဒုရယ် ၊ ပေရှည် ရယ် ၊ ချောင်းရေရယ်မြှောက် ၁၄၄ နဲ့စားရပါမည်။ ရတဲ့အဖြေဟာ ကုဗပေ ပဲရှိသေး၍ သစ် ၁ တန်လျှင် ၅၀ ကုဗပေ ရှိ၍ ၅၀ ဖြင့်စားလျှင် တန်ရလာပါမည်။

ဗျက် × ဒု × ပေရှည် × အချောင်းရေ
၄''×၂''×၂၀'×၃၀÷၁၄၄= ၃၃.၃၃ ကုဗေပ

၃၃.၃၃ ကုဗပ = ၀.၆၆၆ တန်
၅၀ ကုဗပေ. ဆိုပါစို့ =၀.၆၇တန်

အမြန်ဆုံး သစ်စျေးနှုန်းတွက်နည်း

ဥပမာ... သစ် ၁ တန် ၆၅၀,၀၀၀ စျေးဖြင့်
၄''×၂'' လေးနှစ် ၁၈ ပေ တစ်ချောင်းကိုတွက်ကြည့်မယ်
စျေးနှုန်း ကိုတည် ဒသမ သုညသုည နှစ်ငါးဖြစ်
မြှောက်(၆၅၀,၀၀၀×.၀၀၂၅)
ရလဒ်ကိုသစ်ချောင်း၏ ဒု×ဗျက် (၄''×၂'') ရလဒ်ဖြင့်ပြန် မြှောက်လိုက်ပါ။

ဒါဆို ၄''×၂'' လေးနှစ် ၁၈ပေ တစ်ချောင်း၏ တန်ဘိုးရမည်။

၆၅၀,၀၀၀×.၀၀၂၅=၁၆၂၅

၄ × ၂ = × ၈
------------------
၁၃,၀၀၀

လေးနှစ် ၁ ချောင်း တန်ဘိုး = ၁၃,၀၀၀ ks
ဖြစ်သည်။
မည်သည့် ဒု ဗျက် မည်သည့် စျေးနှုန်း မဆိုတွက်ကြည့်နိုင်ပါသည်။
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
လိုအပ်ရင်ကြည့်လို့ရအောင်ပါ✍️
သံချောင်းတွက်နည်း
1ချောင်း=12 m=40 ft(39'4'')

10mm = 3/8''= 3မူး = 135 ချောင်း

12mm = 1/2 ''= 5မူး = 88ချောင်း

14mm = 9/16''= 5မူး1ပဲ=70ချောင်း

16mm = 5/8''= 6မူး=53ချောင်း

18mm = 3/4''= 3မတ်=41ချောင်း

20mm = 3/4''= 3မတ် = 33ချောင်း

22mm = 7/8''= 1လက်မမူးတင်း =27ချောင်း

25mm =1ကျပ်လုံး=1''= 21ချောင်း
________________________________________
1 Ton မှာရှိသော အချောင်းရေ

★ diameter (mm)
1000/0.006167d²×12m ( or )
13517÷d ÷d (12mm diameter မှလွဲ၍)

★ diameter (in)
2204.62/2.67d²×39.37 ft
________________________________________
သံချောင်း( Rebar ) အလေးချိန် တွက်ရန်ပုံသေနည်း

★ diameter (mm)
0.006167d²×သံချောင်း အရှည် ( m 😞 Kg

★ diameter (in)
2.67d² × သံချောင်းအရှည် (ft) = Lb
_______________________________________
Binding wire
6.5mm--------->8mm coil
1 m=0.26kg---->0.395kg
1ton=3834m--->2531m
1Viss=20´3´´--->13´4´´
________________________________________
Rebar 1Ton = 1000 Kg
Metric ton >>> 2204.62 lb
UK ( long ton ) >>> 2240 lb
US ( short ton ) >>> 2000 lb
Steel unit weight=490 lb per cu ft
________________________________________
ACI code
Main steel = 25 to 32mm
Ties & stirrups=10mm (min)
18 G Binding wire 40 coils
________________________________________
1 Kg =2.2 Lb
1Lb=0.22kg
1 in=25.4 mm
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔
Site တစ်ခု အတွတ် Overhead Tank
အကြောင်းစဉ်းစားရင် ပေါ်လာလို့.
ရေဝင်ဆန့် တွတ်ပုံလေ ချရေးကြည့်တာ

1 ကုဗပေ = 6.25 ဂါလံ
အလျား×အနံ×အမြင့် = ကုဗပေ

ဥပမာ
4' × 4' × 2' = 32 ကုဗေပ
32 × 6.25 = 200 ဂါလံ ဝင်ဆန့်မယ်

လီတာ နဲ့ သိချင်ရင်တော့

1 ဂါလံ = 3.785 နဲ့ ညီမျှတယ်
200 ဂါလံ ဆိုတော့
200 × 3.785 = 757 လီတာ

ဒါကြောင့် 4 × 4 × 2 ရှိတဲ့ Tank တစ်လုံးမှာ
ဂါလံ 200 (သို့မဟုတ်) လီတာ 757
ဝင်ဆန့် မယ် 🙂
✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔✔

SEPTIC TANK
***************

Septic tank ( မိလ္လာပိုးစားကန်)
ဆိုတာ လူကစွန့်ပစ်တဲ့ မိလ္လာ(sewage)ကို
Bacteria ပေါက်ပွါးစေပြီး ဓါတ်ပြုတဲ့စနစ်
(Septic Action) ဖြစ်ပေါ်စေတဲ့ကန် ဖြစ်ပါ
တယ်။

Inlet pipe က ဝင်လာတဲ့ မိလ္လာ
(sewage)ဟာ Chamber 1 ထဲကို
ကျရောက်ပြီး ၃ ရက်မှ ၇ ရက်ခန့်အတွင်း
Anaerobic လို့ခေါ်တဲ့ Bacteria တစ်မျိုး
ပေါက်ပွါးလာပါတယ်။ Anaerobic
Bacteria ဟာ "လေမလို အလင်းမလိုပိုး"
ဖြစ်ပြီး Oxygen နဲ့ အလင်းရောင် မရှိမှ
ရှင်သန်နိုင်ပါတယ်။ Anaerobic Bacteria
က Sewage ကို ချေဖျက် (စားသုံး) ပြီး
နောက် သူတို့က စွန့်ထုတ်လိုက်တဲ့ စွန့်ပစ်
ပစ္စည်းဟာ Inlet pipe က ဝင်ရောက်လာ
တဲ့ ရေအရှိန်နဲ့ တရွေ့ရွေ့ Chamber 2
ဘက်ကို ရောက်ရှိသွားပြီး Aerobic
Bacteria ဆိုတဲ့ ပိုးတစ်မျိုးထပ်မံပေါက်ပွါး
လာပါတယ်။ Aerobic Bacteria ဟာ
"လေလို အလင်းလိုပိုး" ဖြစ်တဲ့အတွက်
Oxygen နဲ့ Light ရရှိမှ ရှင်သန်နိုင်ပါတယ်။

Aerobic Bacteria ဟာ Anaerobic
Bacteria ကစွန့်ထုတ်လိုက်တဲ့ စွန့်ပစ်ပစ္စည်း
ကို ဓါတ်ပြု(စားသုံး)ပြီး သူကစွန့်ထုတ်လိုက်
တဲ့ စွန့်ပစ်ပစ္စည်းဟာSludge (အနှစ်)အဖြစ်
ထွက်ပေါ်လာပါတယ်။Sludge ဟာကတ္တရာ
စေးလို မည်းနက်တဲ့ အစေး ဖြစ်ပါတယ်။
Bacteria ပေါက်ပွါးဖို့ ဖန်တီးပေးရန်မလိုပါ။
သူ့အလိုလို ပေါက်ပွါးပါတယ်။

Chamber 1 ထဲ ဝင်ရောက်လာတဲ့
Sewage ဟာ တဖြည်းဖြည်း အဆီများ
ထွက်လာပြီး Chamber 1 ထဲရှိ ရေမျက်
နှာပြင်အပေါ်ကိုတက်လာပြီး မိလ္လာဆီ
အလွှာ( Scum Layer)အဖြစ် ဖုံးပိတ်သွား
ပါတယ်။ ဒီ Scum Layer ဟာ အပေါ်မှာ
ရှိတဲ့နေရာလွတ်(Free Board)မှOxygen
ကို ရေထဲပျော်ဝင်မသွားစေရန် ကာကွယ်
ပေးထားတဲ့အတွက် Anaerobic Bacteria
များကို ပေါက်ပွါးရှင်သန်စေပါတယ်။

ဒါကြောင့် Scum Layer မပျက်စီးစေ
ရန်အတွက် Chamber 1 အတွင်း Inlet
Pipe အဝင်မှာ Tee ခံပြီး အောက်မှ1'~1'6"
အရှည်ရှိ Pipe ကိုဆက်ပေးပြီး Sewage ကို
ကျစေရပါတယ်။Tee ခံထားခြင်းဖြင့် မိလ္လာ
အတုံးအခဲများဟာ Tee အတွင်းမျက်နှာပြင်
ကိုရိုက်ပြီးအပိုင်းအစများအဖြစ်ကျေပျက်ကာ
ဓါတ်ပြုမှုလျင်မြန်စေမှာဖြစ်ပါတယ်။အောက်
မှာ Pipe ရှည်ကိုဆက်ထားတဲ့အတွက် ကျ
လာတဲ့ ရေအရှိန်ဟာ Scum Layer ကို ငြိမ့်
ငြိမ့်လေးသာ လှုပ်ရှားစေမှာဖြစ်ပါတယ်။
Tee နှင့် Pipe မခံဘဲ Inlet မှ directly ကျ
စေလျှင်Scum Layer ကွဲအက်ပြီး Oxygen
ဝင်ရောက်တဲ့အတွက်Anaerobic Bacteria
များမရှင်သန်နိုင်သဖြင့် Septic Action မရ
ရှိနိုင်ပါ။

Chamber1 မှ Sewage များ
Chamber 2 ဘက်မရောက်သွားစေရန်
အောက်ခံအခင်းမျက်နှာပြင်ကိုChamber 1
ဘက်တွင်နှိမ့်၍ Slope 1:10 to 1:20
အချိုးဖြင့် စောင်းပေးထားရပါတယ်။
Chamber2 ထဲရောက်လာတဲ့ Anaerobic
Bacteria ရဲ့ စွန့်ပစ်ပစ္စည်းတွေကိုAerobic
Bacteria တွေကဆက်လက်စားသုံးဓါတ်ပြု
ပြီး စွန့်ပစ်ပစ္စည်းအဖြစ် Sludge တွေဖြစ်
ပေါ် လာပါတယ်။

ဒီလို Complete Seption Actionဖြစ်
ဖို့ Baffle Wall ဟာ အောက်ပိုင်းမှာ တိုးလျှို
ပေါက်ဖြစ်နေဖို့ လိုပါတယ်။ရေကူးပေါက်ကို
အမြင့်မှာထားပြီး အောက်ခြေပိတ်ထားရင်
Septic Action အပြည့် မဖြစ်နိုင်ပါ။

Aerobic Bacteria တွေရှင်သန်နိုင်ဖို့
Oxygen နဲ့ Light လိုတဲ့အတွက် Chamber
2 အပေါ် Cover Slab မှာ Swan Neck ကို
တပ်ဆင်ထားရပါမယ်။ Swan Neck ဟာ
လေနဲ့အလင်း ဝင်ရောက်စေရန် အကျိုးပြု
ပါတယ်။Chamber 2 မှာ Scum Layer
မရှိတဲ့အတွက် ရေမှာ Oxygen ပျော်ဝင်
ပြီး Aerobic Bacteria တွေကိုရှင်သန်စေ
ပါတယ်။

Chamber 1 မှ Sewage တချို့ဟာ
Chamber 2 ဘက်ပါလာပြီးရေထက်ပေါ့တဲ့
အတွက် Chamber 2ရေမျက်နှာပြင်ပေါ်မှာ
ပေါ်နေတာတွေ ရှိနိုင်ပါတယ်။ဒါတွေ အပြင်
ကို ပါမသွားစေဖို့ Outlet Pipe အဝမှာTee
ခံထားဖို့ လိုပါတယ်။

Chamber1 အတွင်းရှိ Scum Layer
ရဲ့ levelကိုထိန်းထားရန် Chambers1&2
ဟာ ရေလုံရပါမယ်။ Wall ချင်းဆုံရာ or
Wall & Floor ဆုံရာCornerတွေမှာဖြစ်စေ
Wall & Pipe ထိနေတဲ့ အဆက်တဝိုက်မှာ
ဖြစ်စေ 1:2 Cement Mortar နဲ့ ထောင့်
ချုပ်ထားမှသာ ရေလုံမှာ ဖြစ်ပါတယ်။

Septic Tank အတွင်းသို့ အပြင်ရေ
ဝင်လျှင်Inlet မှမဝင်နိုင်တော့သလို အတွင်း
ရေ ထွက်သွားလျှင် Scum Layer နိမ့်ကျ/
အက်ကွဲပြီး Septic Action ပျက်စီးမှာဖြစ်
ပါတယ်။

Septic Action ဖြစ်နေစဉ်မှာဓါတ်ပြု
ပြီး Gas တွေထွက်ပါတယ်။ ထွက်တဲ့ Gas
တွေဟာToxicဖြစ်ပြီးလေထက်ပေါ့ပါတယ်။
ဒီ Gas တွေဟာ Free Board မှာ အောင်း
နေရင် Inlet မှ Sewage နဲ့ Waste Water
တွေ မဝင်နိုင်တော့ပါဘူး။ ( အရပ်အခေါ်
လေတင်းတယ်/လေခံတယ် လို့ခေါ်ပါတယ်)
Air Circulationဖြစ်အောင်AirOutletPipe
( about 2"or1 1/2" dia.)ကို Scum Layer
အထက်နံရံ or အဖုံးCoverSlab မှာတပ်ဆင်
ပေးပြီးအဆောက်အဦးမှာရှိတဲ့ AirVentPipe
နဲ့ ဆက်သွယ်ရပါတယ်။

လေဟာ အနိမ့်မှာရှိတဲ့ Swan Neck
မှဝင်ပြီး Baffle Wall ကိုဖြတ်၍ Air Outlet
Pipe မှတဆင့် Vent Pipe အတွင်းသို့ Gas
တွေနဲ့အတူရောက်ရှိပြီး အမြင့်မှာထွက်သွား
အောင်လုပ်ရပါမယ်။ဒါကြောင့် Baffle Wall
ကို အထက် (Slab အောက်) မှာ 6" ခန့်
လွှတ်ထားပေးရပါမယ်။

စတင်အသုံးပြုတဲ့ အချိန်မှာကန်တွင်းရှိ
ရေ Level ဟာ Inlet မှ ချထားတဲ့ Pipe နှုတ်
ခမ်း အထက် 3" ခန့်အထိ ရေဖြည့်ထားပြီး
သုံးမှသာ Septic Action ဖြစ်ပေါ်မှာ ဖြစ်ပါ
တယ်။Cover Slab မဖုံးမီမှာ ကန်ရေလုံမလုံ
စစ်ဆေးဖို့ လိုပါမယ်။Septic Action မဖြစ်ရင်
အဲဒီကန်ဟာ Septic Tank မဟုတ်ဘဲ
Sewage Storage Tank သာ ဖြစ်နေပါလိမ့်
မယ်။

Manhole အပေါက်ကို ပိုက်ဆက်များ
ရှိသည့်နေရာအနီးတွင် ထားမှသာ အဖုံးဖွင့်
ပြီး ပိုက်ဆက်များ ပြုပြင်ရန် လွယ်ကူမှာ
ဖြစ်ပါတယ်။

Septic Tank ကို Black Cotton Soil
( ဆားနယ်ဖွတ်ချေးမြေ) တွင် တည်ဆောက်
ရပါက Tank ၏ အပြင်ပတ်လည်မှာ သဲဖြင့်
Back filling လုပ်ရပါမယ်။Black Cotton
Soil ဟာ ရေအစိုဓါတ်ရှိတဲ့ အချိန်မှာ ပွလာ
ပြီး ဘေးနံရံ အပေါ် Compressive Force
(ဖိအား) သက်ရောက်ပြီး ခြောက်သွေ့ချိန်
ကျုံ့သွားပါက Tensile Force (ဆွဲအား)
သက်ရောက်စေနိုင်သဖြင့် Septic Tank
နံရံများ အက်ကွဲနိုင်ပါသည်။ထိုအခါ Water
level ကိုမထိန်းနိုင်ဘဲ Septic Action
ပျက်သွားမှာဖြစ်ပါတယ်။နံရံနှင့် မြေအကြား
Sandဖြင့် ပိုင်းခြားထားခြင်းဖြင့်Compression
ခံရသော်လည်း Tension မခံရသဖြင့် နံရံ
အက်ကွဲခြင်းမှထိုက်သင့်သလောက်ကာကွယ်
နိုင်မှာ ဖြစ်ပါတယ်။

များသောအားဖြင့် Free Board (h 2)
ကို 0.3 metre(1 ပေခန့်)ထားလေ့ရှိပါတယ်။
Septic Action ဖြစ်ရန်ကြာချိန်(Detention
Period) မှာ 12 hrs. ခန့်ဖြစ်ပြီး Sludge
ထွက်ရှိမှုနှုန်းဟာ လူတစ်ဦး တစ်နှစ်လျှင်
10 litres နှုန်းဖြင့် တွက်လေ့ရှိပါတယ်။

ဒါကြောင့် သုံးစွဲသူဦးရေနဲ့ လိုအပ်သော
ကန်အရွယ်အစား တွက်ချက်မှုအတိုင်း မှန်
ကန်စွာတည်ဆောက်ပြီး Septic Action Fail
မဖြစ်ပါက ထွက်ရှိမည့် Sludge ထုထည်ကို
တွက်ထုတ်နိုင်ပြီး မိမိတည်ဆောက်ထားတဲ့
ကန်အနက်ရဲ့ ဘယ်နေရာလောက်အထိ
Sludge ဖြင့်ပြည့်နေပြီ ဆိုတာ ခန့်မှန်းနိုင်ပြီး
စုပ်ထုတ်ခြင်း( Withdrawal)လုပ်နိုင်မှာဖြစ်
ပါတယ်။

Outlet Pipe ထားရမဲ့ Level ကိုတော့
တည်ဆောက်မဲ့နေရာရဲ့ မိုးရာသီရေဝပ်တဲ့
Level နှင့် မြေအောက်ရေ ရှိ/ မရှိ တို့ အပေါ်
မူတည် တွက်ချက်ရမှာ ဖြစ်ပါတယ်။ Inlet
Pipe ဟာ Outlet ရဲ့ အထက် 3" မှ 6" ခန့်
ပိုမြင့်နေမှသာ အဆင်ပြေပါမယ်။

Sewer Pipe Line ရဲ့ Slope အချိုးနဲ့
တွက်ချက်ပြီး အဆောက်အဦးအတွင်းရှိ
W.C.( Ground Floor) မှ ထွက်တဲ့ Outlet
Level ကို ချိန်မှ ရာသီ မရွေး သုံးလို့ အဆင်
ပြေပါ့မယ်။

Septic Tank for 50 users
-----------------------------------------

According to table
100 user = 240 lpm
150 user = 360 lpm
200 user = 480 lpm
300 user = 720 lpm

10 lpm = 0.92 M^2

100 user = 240 lpm
for 50 user = ?
= 120 lpm

10 lpm = 0.92 m^2
120 lpm = ?
= 11.04 m^2

1 အနည်ထိုင်မည့်စွန်ပစ်အနက်
(Sedimentation) = 0.3 m
2 အလိုထားကျင်းအမြင့်
(Free board) = 0.3 m
3 ကြေသွားမည့်အချိန်အတွက်အနက်
(Disgestion) = 0.032 m
4 အညစ်အကြေးစု့ကန်အနက်
(Storage volume) = 0.073 m

To fine total volume -
1 Sedimentation = Area × Depth
= 11.04 × 0.3 = 3.312 m^3
2 Free board = Area × Depth
= 11.04 × 0.3 =3.312 m^3
3 Disgestion = Depth × User
= 0.032 × 50 = 1.6 m^3
4 Storage volume = Depth × User
= 0.073 × 50 = 3.65 m^3
Total volume = 11.874 m^3

Depth of Spetic Tank = Volume ÷ Area
= 11.874 ÷ 11.04
= 1.08 m

Assume = L/B = 2.5
L = 2.5B
Area = L × B =11.04
2.5B × B = 11.04
2.5 B^2 = 11.04
B^2 = 11.04/ 2.5
B = 2.1 m ,L = 5.25 m

Depth = 1.08 m
Length = 5.25 m
Width = 2.1 m

မှတ်ချက်-----
အညစ်အကြေးများသာကန်ထဲစု့စေပြီးရေများကို
မြေကြီးထဲပြန်စုတ်ဝင်စေပါသည်။(Soil Absorption System)
# CREDIT

Address

MyintZuu Street
Pathein
112233

Telephone

+959428572735

Website

Alerts

Be the first to know and let us send you an email when Aung Moe Thant Construction posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share