Chit Ko Ko Construction & Services

Chit Ko Ko Construction & Services ဆောက်လုပ်ရေး နှင့် ဝန်ဆောင်မှု

08/12/2022
ပန်းရံသမား .............ချစ်သူ.👷👷‍♀️။ မဆလာဗန်း  မေကရွက် 😌   မောင် လည်း ထမ်းလို့ တက်။ 🙂။ အုတ်စီတော့လဲ အတူတူပဲ 😉   မောင့် ...
12/08/2022

ပန်းရံသမား .............ချစ်သူ.👷👷‍♀️
။ မဆလာဗန်း မေကရွက် 😌
မောင် လည်း ထမ်းလို့ တက်။ 🙂

။ အုတ်စီတော့လဲ အတူတူပဲ 😉
မောင့် ရဲ့ ဘေးမှာ အမြဲ ။ 😙

။ အိမ်ပြန်တော့လဲ အတူတူကွယ် 😍
လက်တွဲပြုံပျော်တယ် ။ 😍

။ ရုန်းကန်ကြိုးစား ဒို့ဘဝ များ
နှစ်ကိုတူ သစ္စာတရား
ထာဝရ ချစ်လို့သွား။ 💛❤️

ကွန်ကရစ်ကို ဆားက အမာမြန်စေပီး သကြားက နှောင့်နှေးစေပါတယ်။
12/08/2022

ကွန်ကရစ်ကို ဆားက အမာမြန်စေပီး သကြားက နှောင့်နှေးစေပါတယ်။

ကင်ဆာလို့အမည်တပ်ခံရရင်ဘာမှလုပ်မနေနဲ့တော့ကြက်ဟင်းခါးသီးသာစားပေတော့       ****************ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော်...
09/08/2022

ကင်ဆာလို့အမည်တပ်ခံရရင်
ဘာမှလုပ်မနေနဲ့တော့
ကြက်ဟင်းခါးသီးသာစားပေတော့
****************

ကင်ဆာဆဲလ် ၉၈% ရာခိုင်နှုန်းကျော် .
သေစေတဲ့ ကြက်ဟင်းခါးသီး
==========
ကြက်ဟင်းခါးသီးပင်လေးဟာ အာရှတိုက်မှာဆိုရင် .
သာမန်အပင်လေး တစ်ပင်လောက်ပါပဲ။ .
ဂျပန်နိုင်ငံ ဝစ်ကီနာဝါက နှစ်ပေါင်းကြာရှည်အသက်ရှင်တဲ့ လူဦးရေတွေကြား အတော်လေး လူသိများပါတယ်။

ရေပါဝင်မှု ပမာဏ (၅%) ရာခိုင်နှုန်းသာရှိတဲ့
ကြက်ဟင်းခါးသီးရည်က အစာကြေမှုအတွက်
အနှောက်အယှက်ပေးတဲ့ ကင်ဆာဆဲလ်တွေရဲ့
လမ်းကြောင်းလေးခုကို ဖျက်ဆီးပေးပါတယ်။
ကြက်ဟင်းခါးသီးက ကင်ဆာဆဲလ်လမ်းကြောင်းနှစ်ခုရဲ့ ဆောင်ရွက်ချက်ကို ၉၀% ရာခိုင်နှုန်းလျော့ချပေးပြီး တခြားလမ်းကြောင်းနှစ်ခုကိုလည်း
မယုံကြည်နိုင်လောက်အောင် ၉၈%ရာခိုင်နှုန်းအထိ
ဖျက်ဆီးပေးပါတယ်။

ဒီကုသနည်းက ထိန်းချုပ်ရခက်တဲ့
ကင်ဆာဆဲလ်တွေကို ဖြေရှင်းပေးတဲ့
သဘာဝနည်းလမ်းပဲဖြစ်ပါတယ်။
ပိုပြီးကောင်းမွန်တဲ့ အချက်က ကြက်ဟင်းခါးသီးက
ကင်ဆာဆဲလ်တွေရဲ့ ကလိုးကို့စ် အစာချေဖျက်မှုစနစ်ကို ရပ်တန့်စေတဲ့ လမ်းကြောင်းတွေကိုလည်း ပြန်လည် အလုပ်လုပ်စေပါတယ်။
နောက်တနည်းပြောရမယ်ဆိုရင်
ဆဲလ်တွေအတွက် ဆက်လက်အသက်ရှင်နိုင်ဖို့ လိုအပ်တဲ့ .သိကြားဓာတ်ရရှိမှုကို ရပ်တန့်ပေးလိုက်ပါတယ်။
ဒီအကျိုးသက်ရောက်မှု အတိုင်းအတာဟာ
အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့
ကင်ဆာရောဂါ ကုသတဲ့ တခြားဓာတုဆေးများထက် များစွာထိရောက်မှုရှိပါတယ်။

Credit: Trend Myanmar

ဘမစခဘောမစခန်း😁
09/08/2022

ဘမစခ
ဘောမစခန်း😁

🏡အိမ်ဆောက်ရန်ကောင်းသောလများ 🏠 👉တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊ နတ်တော်လ၊ ပြာသိုလနှင့်တပေါင်းလများဖြစ်သည်။👈 🏠တန်ခူးလမှာ အိမ်ဆေ...
09/08/2022

🏡အိမ်ဆောက်ရန်ကောင်းသောလများ 🏠

👉တန်ခူးလ၊ ကဆုန်လ၊ ဝါခေါင်လ၊
နတ်တော်လ၊ ပြာသိုလနှင့်
တပေါင်းလများဖြစ်သည်။👈
🏠တန်ခူးလမှာ အိမ်ဆောက်ခါ..ချမ်းသာကြွယ်ဝလှ၊
🏠ကဆုန်လကား ဆန်စပါး...
ပေါများကြွယ်တတ်လှ၊
🏠ဝါခေါင်လမှာ အိမ်ဆောက်ခါ ..ဥစ္စာတိုးပွားရ၊
🏠နတ်တော်လတွင် အိမ်ဆောက်လျှင်..ပေါ်ထင်ကျော်စောစွ၊
🏠ပြာသိုလမှာ လူတကာ...
များစွာ ချီးမွမ်းရ၊
🏠တပေါင်းလဝယ် ချမ်းသာကြွယ်..ဆောက်ဖွယ် ဤခြောက်လ၊
_____________________________
💥တန်ခူးလ။ ။ တန်ခူးလတွင်
အိမ်ဆောက်လျှင် ဥစ္စာဓနကြွယ်ဝခြင်း၊
အိမ်တွင်နေထိုင်သူများချမ်းသာ
သုခနှင့်ပြည့်စုံပြီး လိုအင်ဆန္ဒပြည့်စုံခြင်း
များရရှိစေမည်။

💥ကဆုန်လ။ ။ ကဆုန်လတွင်
အိမ်ဆောက်လျှင် တစ်ပါးသူများ
အကူအညီပေးခြင်း
အိမ်ဆောက်ပြီးကာလတွင် စီးပွားရေးများ
တိုးတက်လာခြင်း၊
စားနပ်ရိက္ခာပြည့်စုံခြင်းများရရှိစေမည်။

💥ဝါခေါင်လ။ ။ ဝါခေါင်လတွင်
အိမ်ဆောက်လျှင် ချမ်းသာခြင်း၊
ကြွယ်ဝခြင်း၊ အိမ်တွင်နေထိုင်သူများ
ကျန်းမာရေးကောင်းပြီး
ဉာဏ်ပညာထက်မြက်မည်။
တစ်ပါးသူများ အားကိုယ်အားထား
ပြုရခြင်းများခံစားရမည်။

💥နတ်တော်လ။ ။ နတ်တော်လတွင်
အိမ်ဆောက်လျှင်
နာမည်ကျော်ဇော်ခြင်း၊
အလုပ်အကိုင်များပြုလုပ်ရာတွင်တိုးတက်မည်။
ထိုနေအိမ်တွင် နေထိုင်သူများ
ကျော်ကြားမှုများကိုရရှိစေမည်။

💥ပြာသိုလ။ ။ ပြာသိုလတွင်
အိမ်ဆောက်လျှင် တစ်ပါးသူများ
ချီးမွမ်းခြင်းခံပြီး ဥစ္စာဓနတိုးလာခြင်း၊
ဆွေမျိုးမိတ်သင်္ဂဟများပေါများလာခြင်း၊
စားနပ်ရိက္ခာပြည့်စုံခြင်းများရရှိစေမည်။

💥တပေါင်းလ။ ။ တပေါင်းလတွင်
အိမ်ဆောက်လျှင် ချမ်းသာကြွယ်ဝခြင်း
၊အိမ်ဆောက်သည့်နေမှစ၍ ဆွေမျိုးမိတ်ဆွေ
သင်္ဂဟများခြင်း၊ စီးပွားရေးတိုးတက်လာခြင်း၊
အိမ်တွင်နေထိုင်သူများ အရာရာပြည့်စုံခြင်းများ
ခံစားရမည်။
🏠တနည်း အိမ်ဆောက်လ🏠
ကဆုန်၊ဝါဆို၊ပြာသို၊တပေါင်း၊
လေးလကောင်း အိမ်ကျောင်းဆောက်ကုန်ကြ
၊ ကြင်းရှစ်လတွင် ဆောက်ခဲ့လျှင်
မရွှင်စိတ်သောက။
🏠တနည်း အိမ်ဆောက်လ🏠
တန်ခူး ၊ဝါဆို ၊ တန်ဆောင်ကို၊ ပြာသို ၊
တပေါင်း ၊အိမ်နှင့်ကျောင်း ၊
ဆောက်ကောင်း။

Credit - သရစုံ

 #သားသားမီးမီးများအတွက် 👶👶📲( လက်တွေ့တိုင်းရင်း ဆေးနည်းများ ) #ကလေးနှာစီး.. 👶📲ကွမ်းရွက်အပေါက်ဖေါက် မီးနည်းပြပြီး အုန်းဆီး...
09/08/2022

#သားသားမီးမီးများအတွက် 👶👶📲
( လက်တွေ့တိုင်းရင်း ဆေးနည်းများ )

#ကလေးနှာစီး.. 👶📲

ကွမ်းရွက်အပေါက်ဖေါက် မီးနည်းပြပြီး အုန်းဆီးလူးပြီး ခလေးငယ်ထိပ်ကပ်ပေးပါ ။

မုန့်ညှင်းဆီကို ခြေဖုဝါးမှာလူးပေးပါ မုန်ညှင်းဆီမရှိရင် ရေနံဆီလူးပေးပါ ။

နံသာဖြူသွေးပြီးနှာခေါင်းကြာင်းပေးငယ်ထိပ်လိမ်းပေး သက်သာပါတယ် ။

#မှတ်ချက် -
ကွမ်းရွက်ကိုရေစင်ကြယ်စွာဆေးပါ

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးချောင်းဆိုး ..👶📲

-ခရေပွင့်အစိုတကျပ်ရှစ်ပဲသား။ရေသုံးမတ်သားနှင့်တညလုံးစိမ်၍မနက်မိုးလင်းလျှင်ထိုစိမ်ရည်ကိုစစ်၍ကလေးအားတိုက်ပါဤနည်းဖြင့်ခုနှစ်ရက်ခန့်ဆက်၍တိုက်သော်ကလေးများချောင်းဆိုးပျောက်၏ ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#မက္ခရုနာ..👶📲

- ခရေခေါက်။ဆီးဖြူခေါက်ရှားခေါက်တို့ကိုပြုတ်၍နေ့အခါတွင်လေးငါးခါမျှငုံ၍ထွေးပစ်ခြင်းဖြင့်မက္ခရုနာ ပျောက်၏ ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးချွဲကျဆေး..👶📲📲

- ရက်သား/လသားအရွယ် ကလေး ချွဲကြပ်ပါက ကွမ်းရွက် မျက်နှာပြင် အချောဘက်ကို ဆားအနည်းငယ် သုတ် လိမ်းပါ။ လေးညှင်းပွင့် တစ်ပွင့် ထည့်ပြီး မိခင်စားပါ နို့စို့ကလေး ချွဲကျသည်။

(တစ်နည်း)

- မြင်းခွါရွက် သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်း တိုက်ပါက သလိပ်ကျ၏။ သလိပ်နှင့် ပတ်သက် သမျှ ကောင်း၏။

(တစ်နည်း)

- ကျောပူ/ ခေါင်းပူဖြစ်ခြင်း (သို့) ချွဲထခြင်း အတွက် ကြိတ်မှန်ရွက်၊ ခွေးသေးပန်းတွင် ရှိန်းခို အနည်းငယ် ထည့်ပြီး ကြိတ်။ ၎င်းအရည်ကို ငယ်ထိပ်မှ နေ၍ လိမ်းပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကျောက်/ဝက်သက်/ရေကျောက်/ပဲသီတာပေါက်ခြင်း/ညှော်နံ့ဝင်ခြင်း

-အထက်ပါ ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက်၊ ရှိန်းခို အနည်းငယ် ထည့်ကြိတ်ပြီး အရည်အနှစ်ကို မိခင် နို့ရည် နှင့် ဖျော်ပြီး ကလေးကို အနည်းငယ်စီ တိုက်ပေးပါ။

( တစ်နည်း )

(သို့) မိခင်နို့အုံကို သုတ်လိမ်း၍ ကလေးကို နို့တိုက်ပါ။ ပျောက်ကင်း၏။ တစ်ပတ်ခန့် ပြုလုပ်ပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးတက်ခြင်း..👶📲

- ရက်/လသားအရွယ် ကလေးတက်သော် ကြက်သွန်နီ တစ်ဥအား အထက်အောက်ဖြတ်၍ ကလေးငယ်၏ ငယ်ထိပ်ပေါ် တင်။ မီးပြောင်းနှင့် မှုတ်ချလိုက်သလိုတစ်အား မှုတ်ချလိုက်ပါ။ အတက်ကျသွား ပါမည်။

(တစ်နည်း)

- ဗုဒ္ဓံ သရဏံပင် ရိုးနီ/ ရွက်နီ (ပင်ရိုင်း) အပွင့်နီ၏ ဥကို ကျောက်ပျဉ်မှာ သွေးပါ။ လူကြီး လက်ဖဝါး နှစ်ဘက်မှာ ပွတ်၍ ကလေး ဦးခေါင်းမှစပြီး အနံ့ရအောင် အုပ်ပေးပါ။ လိမ်းရန်မလို။ အတက် ချက်ခြင်း ကျမည်။

( တနည်း)

- ရှဉ့်မတက်ဥကို အိမ်သုံးဆား အနည်းငယ်နှင့် ကျောက်ပျဉ်မှာ ခပ်ပျစ်ပျစ်သွေးပြီး တက်နေသော ကလေးငယ်ကို ကော်ဖီဇွန်း တဇွန်းတိုက်ပေးပါ။

( ၃ ) ( ၄ ) ကြိမ်တိုက်ပေးပါက ကလေးငယ် အတက်ရောဂါ တစ်သက်လုံးပျောက်ကင်း သွားမည် ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးငယ်အူကျ ( ဘောရောင် )..👶📲

- ခရမ်းသီးအနေတော်တစ်လုံးကို လူကြီးမှကိုင်၍ အသက်အောင့်ပြီး ၇ ချက် ကလေးငယ် ရောင်နေသော ဘောကိုတို့ပြီး မီးဖိုအပေါ် ကြိုးဖြင့်ချီပြီးချိပ်ဆွဲထားပေးပါ ။

ခရမ်းသီးရှုံ့လျှင် ရောင်နေသော ဘောမှာ မိမွေးတိုင်းပြန်ကောင်းသွားပါမည် ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးထိတ်လန့်ခြင်း...👶📲

- ကလေးငယ်လေးများ ထိတ်လန့် တတ်ပါက ကျားရိုး အစစ်အား သွေး၍ လျှာ၌ ပွတ်ပေးပါက ထိတ်လန့်ခြင်း ကင်းဝေးစေပါ၏။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ဆီးချုပ်ခြင်း...👶📲

- ကလေးငယ် ဆီးချုပ်သော် မီးဖုတ်ထားသော ကြက်သွန်နီကို ခွဲ၍ ဆီးအိမ်ပေါ်၌ ပူပူနွေးနွေး ကပ်ပေး ခဲ့သော် ကလေး ဆီးချုပ်ခြင်း ပျောက်ကင်းပါ၏။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#သူငယ်နာကင်းရန်/ လေဆန်နာ..👶📲

- ဖီးကြမ်း ငှက်ပျောသီးကို အခွံပါ မီးဖုတ်၍ အသားကို ကျွေးပေးပါ။ (သို့) မိခင်က ကြိတ်မှန်ရွက်ကို ငါးကြင်းသား နှင့် ဟင်းချက်စားပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးငယ်များ ဇက်စောင်း/ခေါင်းယိုင်ခြင်း 👶📲

- လသား/ နှစ်သားအရွယ် ကလေးများ ဇက်စောင်း/ခေါင်းယိုင်ခြင်း ဖြစ်ပါက အရှေ့တောင်ဘက်သို့ ထွက် သော ဇီးကိုင်းကို ခုတ်၍ အပင်အောက်၌ ထမင်းချက် ယောင်းမ ပုံစံတစ်ခု ခုတ်ပိုင်း ယူဆောင်ပါ။

ယာဘက်သို့ လည်ပင်းနှင့် ခေါင်းယိုင်ပါက ဘယ်ဘက် ပခုံးပေါ်သို့ ယောင်းမဖျားတင်ကာ နာရီဝက်ခန့် အသင့်အတင့် ဖိနှိပ် ပေးပါ။

#ဘယ်ဘက်သို့ လည်ပင်း ခေါင်းယိုင်ပါက အထက်ပါ အတိုင်း ယာ ပခုံးပေါ်တင်၍ ပြုလုပ်ပေးပါ။

- နေ့လည် (၁၂) နာရီတိတိတွင် ဆောင်ရွက်ပေးပါက ပိုမို အကျိုး သက်ရောက်ပါသည်။

တစ်ပတ်ခန့် ပြုလုပ်ပေးပါ က ဇက်စောင်းခြင်း/ ခေါင်းယိုင်ခြင်း မဖြစ်တော့ပါ ။

https://m.facebook.com/story.php?story_fbid=325585667849438&id=100011940212942

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးချွဲထပျောက် ဆေးနည်း...👶📲📲

- မြင်းခွာရွက်သတ္တုရည်ကို လက်ဖက်ရည်ဇွန်းငယ် တစ်ဇွန်းခန့် တိုက်ပါ။ ချွဲ သလိပ်များ ကျဆင်းပါသည်။

(တစ်နည်း)

- ကြိတ်မှတ်ရွက်၊ ခွေးသေးပန်းရွက်တို့တွင် ရှိန်းခိုးအနည်းငယ်ထည့်၍ ကြိတ်ပြီးအရည်ကို ငယ်ထိမ်မှနေ၍ ရင်ဘတ်အထိ လူးပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးဆီးရောဂါပျောက် ဆေးနည်း..👶📲

- ကြက်သွန်နီကို မီးဖုတ်၍ ခွဲပြီး ဆီးအိမ်ပေါ်၌ ပူပူနွေးနွေးကပ်ပေးပါ။ ကလေး ဆီးချုပ်ပျောက်၏။

(တစ်နည်း)

- ကလေးဆီးအောင့်လျှင် ဒန့်ကျွဲပင်အမြစ်ကို ဆန်ဆေးရည်နှင့် သွေး၍ ရင်ညွှန့်ကစပြီး ဆီးစပ်အထိ လိမ်းပေးပါ။

(တစ်နည်း)

- လိပ်ကျောက်မြီးကို ရေနှင့်သွေး၍ ချက်အောက်မှ ဆီးစပ်အထိ လိမ်းပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးထိပ်အုံ ဆေးနည်း...👶📲

- ပန်းညိုရွက်၊ လင်းလေးရွက်၊ ကွမ်းရွက်၊ ကုလားပင်စိမ်းရွက်၊ ပင့်ကူမြှေးထည့်၍ကြိတ်ပြီး နှမ်းဆီနှင့်ဖျော်၍ ထိပ်မှာအုံပေးပါ။ နှာစေး ချောင်းဆို ပျောက်ကင်း၏။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးနို့မျက်ပျောက် ဆေးနည်း..👶📲

- ဖီးကြမ်းငှက်ပျော်သီးအလုံးကို မီးဖုတ်၍ အခွံခွာပြီး အသားကို ကျွေးပါ၊ အားလည်းရှိ စေသည်။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးသူငယ်နာကင်းရန် ဆေးနည်း..👶📲

- ငှက်ပျောသီးကို မီးဖုန်၍ မကြာခဏ ကျွေးပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကလေးသန်ကျ ဆေးနည်း..👶📲

- ဆေးရွက်ကြီးကို ရေဆွတ်၍ ကလေးဗိုက်ပေါ်မှာ စည်းထားပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကြက်ညှာချောင်းဆိုးပျောက် ဆေးနည်း..👶📲

- ကြက်သွန်ဖြူကို ထောင်းထု၍ နှမ်းဆီနှင့် သမအောင်နယ်ပြီး ရင်ဘတ်နှင့်ကျောကို လိမ်းကျံပေးပါ။

ခြေဖဝါးကို ကြိတ်နယ်ထားသော အဖတ်များဖြင့် ကပ်ပြီး ပတ်တီးစည်းထားပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကြက်ညှာ ဆေးနည်း...👶📲📲

- ဟင်းနုနယ်ပြာ၊ ထန်းနို့ပြာ၊ ၎င်းနှစ်မျိုးကို ဆီးကင်းခန့် တိုက်ကျွေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကင်းကိုက် ကင်းဆိပ်နိုင် ဆေးနည်း..👶📲

- ကဆော့မြစ်ကိုဖြစ်စေ၊ ကြောင်ပန်းမြစ်ကိုဖြစ်စေ၊ သမန်းမြက်ကိုဖြစ်စေ၊ ပေါင်းမြက်ကိုဖြစ်စေ ရရာကို ညက်စွာဝါး၍ နား၌ သုတ်လိမ်းပေးပါ ။

ကင်းဆိပ်မျိုးနိုင်၏။ ကင်းကိုက်ပျောက်ကင်း၏။

(တစ်နည်း)

- သပြေရွက်ကိုကြိတ်၍ အရည်ကို ကင်းကိုက်ခံရသောနေရာတွင် လူးပေးပါ။

(တစ်နည်း)

- မန်ကျည်းစေ့ကို သွေး၍ လိမ်းပေးပါက ပျောက်၏။

(တစ်နည်း)

- မြင်းခွာရွက်သတ္တုရည်နှင့်ကင်းကိုက်သော နေရာအား လိမ်းပေးပါ။

(တစ်နည်း)

- ခွေးလှေးယားသီး အစေ့ကို ကြီတ်၍ ကင်းကိုက်ခံရသော နေရာအား လိမ်းပေးပါ။

(တစ်နည်း)

- မန်ကျည်းရွက်ကို ကြိတ်၍ အုံပေးပါ။

(တစ်နည်း)

- ငဖြူကြီးမြစ်ကို သွေး၍ ကင်းကိုက်ခံရသောနေရာအား လိမ်းပေးပါ။

(တစ်နည်း)

- တမာရွက်ကို ကြိတ်၍ အုံပေးပါ။

(တစ်နည်း)

- ကင်းမြီးကောက်ကိုက်ပါက တမာပွင့်ကို ရူပေးပါ။

(တစ်နည်း)

- ကြေးဖလားကို ကင်းကိုက်ခံရသူကြားအောင် တီးပေးပါ။ (တစ်နည်း)

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကျပ်တီးနာပျောက် ဆေးနည်း...👶📲

- လည်ပင်းတွင် အဖုအစေ့ ကလေးများအဖြစ် ပေါက်သော ကျပ်တီးနာကို မြန်မာကုက္ကိုစေ့ ကြိတ်၍ လိမ်းပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကြွက်နို့ပျောက် ဆေးနည်း...👶📲

- ချင်းတက်ကို ထိပ်ဘက်မှ ဓားဖြင့်လှီးပါ။

ထိပ်ကို ထုံးအနည်းငယ်ဖြင့်တို့ပြီး ကြွက်နို့ပေါ်မှာတဖြည်းဖြည်းချင်း ချင်းတက်ဖြင့် ပွတ်ပေးပါ။

ကြွက်နို့ ပါသွားပါလိမ့်မည်။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကိုယ်ရောင်ရောဂါပျောက် ဆေးနည်း..👶📲

- ခံတက်ခေါက်၊ ဖျောက်ဆိတ်မြစ်၊ နနွင်းစိမ်း ၎င်းဆေးသုံးပါးကို အညီအမျှ သွေး၍ လိမ်းပေးပါ။ (တစ်နည်း)

- နန်းလုံးကြိုင်မြစ်၊ ငရံ့ပတူမြစ်၊ ဘုမ္မရာဇာမြစ်၊ ပဲစင်းငုံမြစ်၊ ၎င်းဆေးလေးပါးကို တောအရက်ဖြင့် သွေးလိမ်းပေးပါ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကျောပူခေါင်းပူထ ဆေးနည်း...👶📲

- ကြိတ်မှန်ရွက်၊ ခွေးသေးပန်းရွက် ရှိန်းခိုအနည်းငယ်ထည့်၍ ကြိတ်၍ အရည်ကို ငယ်ထိပ်မှနေ၍ အောက်သို့ လူးပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကြက်မျက်သင့်ရောဂါပျောက် ဆေးနည်း..👶📲

- ကြက်သွန်နီအရည်တွင် ဆားအနည်းငယ်ထည့်၍ မျက်စဉ်းခတ်ပေးပါ။

(တစ်နည်း)

- တမာရွက် သတ္တုရည် နှစ်ကျပ်ခွဲသားကို နံနက်စောစော နေ့စဉ်သောက်ပေးပါ၊ ရက်မကြာခင် ပျောက်ကင်းပါလိမ့်မည်။

(တစ်နည်း)

- လေညှင်းကို ဆိန်ကျင်ငယ်ရည်ဖြင့် သွေး၍ မျက်စဉ်းခတ်ပေးပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကျင်ငယ်တစ်စက်တစ်စက်ကျရောဂါပျောက် ဆေးနည်း...👶📲

- ဆီးဖြူသီးပြုတ်ရည်ကို ပျားရည်နှင့် သောက်ပါ။ ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

#ကျွဲအသားမာပျောက် ဆေးနည်း..👶📲

- ထမင်းနှင့် ဆားကိုကြိတ်၍ မီးဖုန်ပြီး အုံထားပေးပါ။

(တစ်နည်း)

- ပြောင်းဖူးစေ့ကို ကြိတ်ပြီး အမူန့်လုပ်ပါ။ ၎င်းအမူန့်ကို ဆားအနည်းငယ်ထည့်၍ ဖျော်ပြီး လိမ်းပေးပါ။ အနာပေါ်တွင် ပိန်းရွက်အုံးပေးပါ။

👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦👨‍👩‍👦‍👦

👶သားသားမီးမီးများအားလုံး ကျန်းမာကြပါစေ📲

📲*ညွှန်း..၈/၉၃ ဆရာကြီးမကွေးဝင်း
မြင့်၏ ဆေးသမားပီတိစာ
အုပ် )

( ၈/၂၀၀၈ သူရဇ္ဇမဂ္ဂဇင်း)

(ဆရာကြီး ဦးလှခင်၏ ရွက်
ခေါက်*မြစ်*သီး ဆေးနည်း
တစ်ထောင် စာအုပ်မှ )
ကောင်နုတ်ဖော်ပြပါသည်*

via...Sai Min Thant
https://royalthazin.net/archives/1151

Address

Pyapon

Alerts

Be the first to know and let us send you an email when Chit Ko Ko Construction & Services posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Chit Ko Ko Construction & Services:

Share